ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် ကြိုးစားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားအပေါ် သူ၏ သတ်မှတ်ချက်များ၌ သမ္မာတရား ရှာဖွေရန် အသုံးပြုသင့်သည်။ ယုံကြည်အားထားရသော ဟန်ချက်တစ်ခုကို ရှာလော့၊ လူသား အယူအဆများ သို့မဟုတ် စိတ်ကူးများကို သင့်အား မည်သည့်အခါတွင်မျှ လမ်းညွှန်ခွင့်မပေးနှင့်။

(၂) တစ်ဦးတစ်ယောက်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အယူအဆများနှင့် နားလည်မှုလွဲခြင်းများ ရှိသည့်အခါ၊ ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်ပြီး မာနမထောင်လွှားသင့်သကဲ့သို့ မိမိကိုယ်ကိုယ် မှန်သည်ဟု မမှတ်ယူသင့်ပေ။ လူသားသည် မည်သည့် သမ္မာတရားမျှ မရှိဘဲ ဖောက်ပြန်ပျက်စီးခြင်းသာ ရှိသည်။

(၃) သမ္မာတရား အခြေခံသဘောတရားနှင့် တာဝန် ထမ်းဆောင်ခြင်းတို့ဖြင့် နှီးနွှယ်သည့် ကိစ္စရပ်များတွင် သမ္မာတရားကို နားလည်ဖို့ ကြိုးစားလော့၊ ပြီးလျှင် လူသား အယူအဆများနှင့် စိတ်ကူးများကို ပြုပြင်လော့။ ထိုသို့ဖြင့်သာ ဘုရားသခင်၏ အလိုတော်ကို မှန်ကန်တိကျစွာ သဘောပေါက်နိုင်သည်။

(၄) စမ်းသပ်မှုများနှင့် စစ်ဆေးမှုအလယ်တွင်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံ ဆုတောင်းကာ သူ၏ အလိုတော်နှင့် သတ်မှတ်ချက်များကို နားလည်ဖို့ ကြိုးစားသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လာလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏အလိုကို သင်ရှာတွေ့နိုင်ပြီး သူ့အလိုနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ အလိုကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်မှာ မှားယွင်းပေသည်၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

ဘုရားသခင်နှင့်လူသားကို တန်းတူပြောဆို၍မရပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏အမှုသည် လူတို့အဖို့ ဉာဏ်မမီနိုင်ဆုံးသော အရာနှင့် နားမလည်နိုင်ဆုံးသော အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုပါက၊ လူသားသည် ဘုရားသခင်၏အလိုကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံကြပြီးဖြစ်သည့် သူတို့ပင်လျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အကြံအစည်များသည် လူသား၏ စိတ်ကူးအကြံအစည်များထက် အမြဲမြင့်မားနေမည်ဖြစ်ကာ ဘုရားသခင်၏ ဉာဏ်ပညာသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သောကြောင့်၊ လူသားသည် မည်မျှကောင်းစွာ လုပ်ဆောင်သည် ဖြစ်စေ၊ ဘုရားသခင်သည် အားကြိုးမာန်တက် အမှုမပြုပါက၊ အားလုံး အချည်းနှီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “အပြည့်အဝ သိသည်” ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်မျှပင် အရေးမပါပေ။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဤသို့မလုပ်ပါ၊ ဒါမှမဟုတ် ထိုသို့မလုပ်ပါ။” သို့မဟုတ် “ဘုရားသခင်သည် ဤကဲ့သို့ သို့မဟုတ် ထိုကဲ့သို့ ဖြစ်သည်။” ဟု လေကြောရှည်ရန် နှစ်သက်သူများ- ၎င်းတို့သည် မာနထောင်လွှားစွာ စကားပြောနေကြသည် မဟုတ်လော။ ဇာတိပကတိနှင့် သက်ဆိုင်သော လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ငါတို့အားလုံး သိသင့်သည်။ လူသားမျိုးနွယ်၏ တကယ့် သဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တန်းတူ မဖြစ်နိုင်ပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုကို အကြံပေးရန် မျှော်လင့်ဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ လူသားကို ဘုရားသခင်က မည်သို့လမ်းပြသည် ဆိုသည့်အတွက်မူ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ် ဖြစ်ပေသည်။ လူသားသည် ဖုန်မှုန့်သာ ဖြစ်သည့်အတွက်၊ ဟိုဟိုသည်သည် အမြင် ဖွင့်ဟခြင်းမရှိဘဲ၊ ကျိုးနွံနာခံသင့်သည်မှာ သင့်တော်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်မှာ ငါတို့၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ငါတို့၏ အယူအဆများကို ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ထပ်မဆင့်သင့်ပေ၊ ဘုရားသခင်၏အမှုကို တမင်တကာ အစွမ်းကုန် ဆန့်ကျင်ရန် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါတို့ အသုံးပြုဖို့ သာ၍ပင်မသင့်တော်ပေ။ ယင်းက ငါတို့ကို အန္တိခရစ်များ ဖြစ်စေမည် မဟုတ်လော။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ၏အလိုကို ဖြည့်ဆည်းကာ သူ့ကို ငါတို့ တွေ့မြင်လိုသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ဤအရာကို ကျွန်ုပ် မည်သို့ လုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင်ထံ သင် တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပုံ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ တစ်စုံတစ်ရာကို သင် လုပ်ဆောင်နေသောအခါ ယင်းကို သင် လိုချင်သည့်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်၊ ဤသို့သော ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များနောက်ကွယ်က အခြေခံသဘောတရားများနှင့် သမ္မာတရားအပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သင် မည်သည့်အရာ လုပ်ဆောင် သည်ဖြစ်စေ ဘုရားသခင်ထံမှ လမ်းမလွဲဖို့ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏။ ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း တကယ့်အခြေအနေ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ ဟိုဒင်း ဒီဒင်းကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသကဲ့သို့၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းက သင့်တော်သည် မသင့်တော်သည်၊ သို့မဟုတ် ယင်းက သမ္မာတရားနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို ပဓာနမထားဘဲ၊ သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသည်ဟု ပုံမှန်အားဖြင့် ထင်ကောင်း ထင်ရနိုင်သော်လည်း၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည့်အချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ လူအချို့က၊ “ကျွန်ုပ် လုပ်ဆောင်သည့် အရာများတွင် ဘုရားသခင်ထံ ကျွန်ုပ် မချဉ်းကပ်နိုင်ပါ။ အတိတ်တွင်၊ ကျွန်ုပ်သည် ဘာသာရေး ဟိတ်ဟန်များကို ဆောင်ရွက်ခြင်းနှင့် နေသားကျခဲ့ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကျွန်ုပ် ကြိုးစားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သူ့ထံ ကျွန်ုပ် တိုးဝင်ချဉ်းကပ်၍ မရနိုင်ခဲ့ပါ။” ဟု ဆိုကြလေသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

အမှုအရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် အလွန် ကျေနပ်မှုမရှိခဲ့ချေ။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ “ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ စက်ဆုပ်ရွံရှာမည်လော။” ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်လုပ်ဆောင်ခဲ့သည့် ဤအရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ကြီးမားသည့် အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ သင်သည် ဆောင်ရွက်ခြင်း မရှိမီ ရှာဖွေကာ ဆန်းစစ်ခဲ့ပြီးဖြစ်ကာ ကိစ္စရပ်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင် ရှင်းလင်းစွာ နားလည်ပြီးဖြစ်မည် မဟုတ်လော။ တစ်ခါတစ်ရံ လူတို့သည် ကောင်းမွန်သော အခြေအနေတစ်ခုတွင် မရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခြင်းငှာ စီစဉ်နေကြသည့် အရာရာတိုင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေခြင်းအတွက် ဘုရားသခင်၏ ရှေ့မှောက်သို့ တည်ကြည်စွာ ယူဆောင်ပါက၊ မည်သည့် ကြီးမားသော အမှားများကိုမျှ ၎င်းတို့ ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုသင့်ပေသည်။ ကိစ္စရပ်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မြင်နိုင်သကဲ့သို့ မခံစားရပါက၊ သင်သည် အထိုက်သင့်ဆုံးသော ဖြေရှင်းချက်ကို ဆောင်ရွက်သင့်ပေသည်။ သို့သော်၊ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ တကယ်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက “ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။” ဟု ပြောနိုင်မည်လော။ သင် ကြုံရသည့် ကိစ္စရပ်တိုင်းကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ ၎င်းတို့အသီးသီးနှင့်ပတ်သက်၍ သင်သည် တည်ကြည်လေးနက်ပြီး စေ့စပ်နိုင်သလော။ သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သည့် နည်းလမ်းအား ဘုရားသခင် စက်ဆုပ်သည် မစက်ဆုပ်သည်၊ အခြားအယောက်တိုင်းက သင်၏ နည်းစနစ်များနှင့် ပတ်သက်၍ မည်သို့ ခံစားရသည်၊ ပြီးလျှင် ယင်းကို သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် အခြေခံ၍ သင် လုပ်ဆောင်နေခြင်း ရှိ မရှိ သို့မဟုတ် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ သင် လုပ်ဆောင်နေခြင်း ရှိ မရှိဆိုသည်ကို သင် တွေးဆနိုင်ပါသလော။ သင်သည် ထိုအရာကို သာ၍ တွေးတောဆင်ခြင်ရမည်ဖြစ်ပြီး သာ၍ ကြိုးစားရမည်ဖြစ်ကာ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို သမ္မာတရား တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ ၎င်း၌ရှိသည့် သမ္မာတရားကိုရှာဖွေရန်နှင့် နာခံရန် သင်ယူရမည်။ သင်သည် သမ္မာတရားနှင့်အညီ ပြုမူနေသရွေ့ မှန်ကန်စွာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကယ်၍ ဤအရာကို အဆိုပြုသောသူသည် ကလေးတစ်ယောက် သို့မဟုတ် မထင်ရှားသော ညီငယ်၊ ညီမငယ် ဖြစ်ခဲ့သည့်တိုင် သူ၏ပြောဆိုမှုသည် သမ္မာတရားနှင့်ကိုက်ညီသ‌ရွေ့ သင်၏လုပ်ဆောင်မှုသည် ကောင်းမွန်သည့်အကျိုးရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်လည်း ကိုက်ညီလိမ့်မည်။ ကိစ္စတစ်ခုကိုကိုင်တွယ်ခြင်းသည် သင်၏ပြင်းပြသောဆန္ဒနှင့် ၎င်းကိုကိုင်တွယ်ရန် သင်၏အခြေခံသဘောတရားများအပေါ်၌ မူတည်၏။ သင်၏အခြေခံသဘောတရားသည် လူ၏လိုအင်ဆန္ဒ၊ လူ၏အတွေးခေါ်များ၊ လူ၏အယူအဆများနှင့် စိတ်ကူးများမှ ပေါ်ပေါက်လျှင် သို့မဟုတ် လူသား၏ခံစားချက်များနှင့် ရှုထောင့်များမှပေါ်ပေါက်လျှင် ကိစ္စတစ်ခုအပေါ်၌ သင်၏ကိုင်တွယ်ပုံသည် မှားယွင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အရင်းအမြစ်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်၏အမြင်များသည် သမ္မာတရား၏ အခြေခံသဘောတရားများ၌ အခြေခံလျှင် ကိစ္စရပ်များကို သမ္မာတရားအခြေခံသဘောတရားနှင့်အညီ သင်ကိုင်တွယ်ပြီး ဖြစ်ပေါ်နေသည့် ထိုကိစ္စကို မှန်ကန်စွာဖြင့် သင်ကိုင်တွယ်ရန် သေချာပေသည်။ တစ်ခါတစ်ရံ အခြားသောလူတို့သည် ထိုကိစ္စအပေါ် သင်၏ကိုင်တွယ်မှုအား လောလောဆယ် လက်မခံနိုင်ဘဲ နေလိမ့်ဖြစ်ပြီး ထိုသို့သောအချိန်များတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ယူဆချက်များ ရှိနိုင်သဖွယ်ရှိသည်၊ သို့မဟုတ် ၎င်းတို့၏ နှလုံးသားများသည် နေရခက်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခဏကြာအတွင် သင်မှန်ကန်ကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့်ကိစ္စရပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြည့်ကောင်းလာမည်ဖြစ်သည်၊ ဘုရားသခင်၏အလိုတော်နှင့်မကိုက်ညီသည့် ကိစ္စရပ်များ၊ လူသား၏ အလိုဆန္ဒနှင့် လူသားလုပ်ဆောင်သည့် ကိစ္စရပ်များသည် မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ပိုမို ဆိုးရွားလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည်လည်း ထိုသို့ဖြစ်ကြောင်း ထင်ရှားလာလိမ့်မည်။ သင်ပြုမူလုပ်ဆောင်သည့်အခါ မည်သူ၏လမ်းက သင့်ကိုဦးဆောင်သင့်သည် သို့မဟုတ် ဦးမဆောင်သင့်ဟူသည်ကို မပူပန်လေနှင့်။ ထို့အပြင် သင်၏ထင်မြင်ချက်များလည်း မပြုလေနှင့်။ ပထမဦးဆုံးအနေဖြင့် သင်သည် ရှာဖွေပြီး ဆုတောင်းသင့်သည်။ ထို့အပြင် သင်၏ရှေ့ခရီးကို စမ်း၍သွားပြီး လူတိုင်းနှင့် အတူတကွ မိတ်သဟာယဖွဲ့လော့။ မိသဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းသည် လူတစ်ဦးအား အမှုအရာများကို ဘုရားသခင်၏အလိုတော်နဲ့အညီ ရှင်းလင်းတိကျစွာ လုပ်ဆောင်စေပြီး ဘုရားသခင်၏အလိုတော်နဲ့ညီအောင် ပြုမူစေသည်။ ဤသည်မှာ ဤအရာအား အတော်ကလေး ကြီးကြီးကျယ်ကျယ် ပြောခြင်းဖြစ်သည်။ ဤအရာသည် အရေးကိစ္စများကို သမ္မာတရားအခြေခံသဘောတရားများနှင့်အညီ အတိအကျ ကိုင်တွယ်တတ်စေနိုင်သည်ဟု ဆိုကြပါစို့။ ဤသည်မှာ ပိုပြီးလက်တွေ့ကျလေသည်။ ဤအရာကို သင်ရရှိနိုင်မည်ဆိုလျှင် ယင်းသည် လုံလောက်ပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

တကယ့်ဘဝတွင်၊ သင့်အား မည်သည့်အရာမဆို ဖြစ်ပျက်သည့်အခါတိုင်း သင် ဆုတောင်းရမည်။ ပထမဦးစွာ၊ သင်သည် ဒူးထောက်ကာ ဆုတောင်းရမည်၊ ဤသည်မှာ အရေးပါလှပေသည်။ ဆုတောင်းခြင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို သူ၏ မျက်မှောက်တွင် ထင်ရှားစေသည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် မရှိခဲ့ပါက သင်သည် ထိုအရာကို လုပ်ဆောင်မည် မဟုတ်ပေ။ လူအချို့က၊ “ကျွန်ုပ် ဆုတောင်းသော်လည်း၊ ဘုရားသခင်က ကျွန်ုပ်ကို အသိဉာဏ် မပွင့်လင်းစေသေးပါ”ဟု ဆိုကြသည်။ သင် ဤသို့မပြောရ။ ပထမဦးစွာ ဆုတောင်းခြင်းအတွက် သင်၏ အရင်းခံအကြောင်းများ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပါက၊ သင် နားလည်နိုင်ဖို့အလို့ငှာ သူသည် ကိစ္စရပ်အချို့တွင် သင့်ကို ကောင်းကောင်း အသိဉာဏ်ပွင့်လင်းကောင်း ပွင့်လင်းစေနိုင်သည်၊ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် သင့်ကို နားလည်စေလိမ့်မည်။ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဘဲနှင့်၊ သင်သည် မိမိဘာသာ နားလည်နိုင်မည်မဟုတ်ပေ- သင်သည် အမြင်ထက်မြက်မှု ကင်းမဲ့သည်၊ ယင်းအတွက် ဦးနှောက်မရှိသကဲ့သို့၊ ဤအရာကို လူသား အသိဉာဏ်ဖြင့် ကြိုးပမ်းမရရှိနိင်ပေ။ သင်နားလည်သည့်အခါ၊ ယင်းသိနားလည်မှုသည် သင်၏ ကိုယ်ပိုင်စိတ်မှ အခြေခံ၍ပေါ်ပေါက်လာသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်းစေခြင်း မခံရပါက၊ သင် မေးမြန်းသည့်သူ မည်သူမျှက ဝိညာဉ်တော် အလုပ်၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသည်ကို သိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို အဓိပ္ပာယ်ပြောပြသည့်အခါမှသာ သင် သိလိမ့်မည်။ ထို့ကြောင့်၊ သင့်ကို တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ပထမဦးဆုံး လုပ်ဆောင်ရမည့် အရာမှာ ဆုတောင်းဖို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ရှာဖွေတတ်သော သဘောထားဖြင့် စူးစမ်းခြင်းနှင့် သင်၏ အတွေးများ၊ အယူအဆများနှင့် သဘောထားများကို ဖော်ပြခြင်းတို့ လိုအပ်သည်၊ ဤသည်မှာ ပါဝင်သင့်သည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြခြင်း သက်သက်က အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း မပြုသည့်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ကို အပြစ်မတင်နှင့်။ ဘုရားသခင်၌ လူအချို့၏ ယုံကြည်ခြင်းတွင်၊ ၎င်းတို့သည် ဆက်လက်ယုံကြည်ကြသော်လည်း ဘုရားသခင်သည် ၎င်းတို့၏ နှုတ်ခမ်းများပေါ်တွင်သာ ရှိလေသည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မရှိ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ အလုပ်ကို ငြင်းပယ်ကြပြီး၊ ဆုတောင်းခြင်းကိုလည်း ငြင်းပယ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ကြပြီး၊ ယင်းထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆိုနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းမှ ဘုရားသခင် လုံးလုံး ပျောက်ဆုံးသွားသည်အထိ မရပ်မနား ယုံကြည်မြဲ ယုံကြည်နေကြလေသည်။ အထူးသဖြင့်၊ ယေဘုယျအရေးကိစ္စများကို မကြာခဏ ကိုင်တွယ်ပြီး၊ ၎င်းတို့ အလွန်အလုပ်များကြကာ ၎င်းတို့၏ အားထုတ်မှုများအားလုံးအတွက် မည်သည့်အရာမျှ မရရှိဟု ခံစားရသူများ ရှိသည်။ ဤသည်မှာ ဘုရားသခင်အား ၎င်းတို့၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းကို လူတို့ မလျှောက်လှမ်းခြင်း ကိစ္စတစ်ခု ဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း၌ လျှောက်လှမ်းခြင်းသည် ခက်ခဲသည့်အလုပ် မဟုတ်လော။ ၎င်းတို့သည် အယူဝါဒများစွာ နားလည်ပြီးနောက်တွင်ပင် ဤလမ်းခရီးကို မလျှောက်နိုင်ကြသေးသကဲ့သို့၊ တောင်ဆင်းလမ်းကြောင်းကို လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် သင့်တို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင်တို့သည် ဆုတောင်းရင်းနှင့် ရှာဖွေရင်း အချိန် သာ၍ကုန်ဆုံးရမည်၊ ဤသည်မှာ သင်တို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အလိုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များအား မည်သို့ ရှာဖွေရမည်ဆိုသည်ကို သင်ယူခြင်းသည် အဓိကအချက် ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ကြသည့် လူများသည် ထိုသို့ တွေ့ကြုံနိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ ၎င်းတို့ မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်ခြင်းသည် မည်သည့်အရာအတွက်မျှ အရေးပါမည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

ကားတိုင်တွင် သံမှိုရိုက်နှက်ခြင်းမခံရမီတွင်၊ သခင်ယေရှုက ဆုတောင်းချက်တစ်ခု ပူဇော်ခဲ့သည်။ ယင်းသည် မည်သို့ အတိအကျ စကားလုံးရွေးချယ်သုံးနှုန်းထားသနည်း။ (“အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” “ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၉၊ ၄၂) အဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့်၊ ၎င်းတို့က ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြသောကြောင့်၊ လူအားလုံးသည် ထိုသို့သော ရှာဖွေမှု ဖြစ်စဉ်တစ်ခုကို ကြုံသင့်ပေသည်။ ဤသည်မှာ ပုံမှန် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော်၊ သင် မည်သို့ ရှာဖွေသည်ဖြစ်စေ၊ ရှာဖွေခြင်း ဖြစ်စဉ်က မည်မျှ ရှည်ကြာသည်ဖြစ်စေ၊ မည်မျှ ခက်ခဲကြမ်းတမ်း သို့မဟုတ် ခက်ခဲသည်ဖြစ်စေ၊ တကယ့် အစအဦးမှ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့် မည်သည့်အရာမျှ မပြောင်းလဲဖူးသကဲ့သို့၊ ယင်းကို ပြောင်းလဲရန်လည်း သူ မဆုံးဖြတ်ဖူးပေ။ လူတို့သည် ရှာဖွေကာ စောင့်ဆိုင်းကောင်း စောင့်ဆိုင်းနိုင်ကာ ဘုရားသခင်က အမှန်တကယ် မှန်ကန်သည့် အရာနှင့်ပတ်သက်၍ သိနားလည်မှု၊ အသိပညာနှင့် ရှင်းလင်းပြတ်သားမှုတို့ ရရှိဖို့ ဖြစ်စဉ်တစ်ခုဖြင့် ၎င်းတို့အား ခွင့်ပြုသော်လည်း၊ သူသည် ဆုံးဖြတ်ချက်တစ်ခုတစ်လေကို လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့်၊ အမှုအရာများက သင့်ထံ ကြုံရာကျပန်း ဖြစ်ပျက်သည် သို့မဟုတ် သင်သည် တစ်နည်းနည်းဖြင့် ကပ်ဘေးနှင့် သေဘေးတစ်ခုခုကို လွတ်မြောက်သည့်အခါ၊ ယင်းသည် မိုက်မဲသော ကံတရားဖြစ်ကာ အကြောင်းတိုက်ဆိုင်မှုဖြစ်သည်ဟု သင် မခံစားသင့်ပေ။ ဘုရားသခင်သည် အကြီးဆုံးမှ အငယ်ဆုံးထိ၊ ပကတိမျက်စိခြင့်မြင်ရသောအရာမှ သေးငယ်သောအရာ၊ အဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် အဏုဇီဝရုပ်များအထိ အဖန်ဆင်းခံ သတ္တဝါတိုင်းအတွက် ကြိုတင်ချိန်ကိုက်ထားသော အစီအစဉ်တစ်ခုနှင့် တိကျသော အစီအစဉ်များ ရှိလေသည်။ ဤသည်မှာ ဖန်ဆင်းရှင် အမှုပြုပြီးသည့်အရာ ဖြစ်သည်။ လူအချို့သည် နာမကျန်းဖြစ်ကာ ၎င်းတို့၏ နာမကျန်းမှုသာ အချို့သော လှုပ်ရှားသွားလာမှုနှင့်သက်ဆိုင်သည့် ခြေကုန်လက်ပန်းကျခြင်းမှ လာသည် သို့မဟုတ် မမှန်ကန်သော အရာကို မတော်တဆ စားမိခြင်းမှ လာသည်ဟု ပြောတတ်ကြသည်။ ထိုသို့သော အကြောင်းပြချက်များကို မရှာနှင့်။ ယင်းတို့သည် အပျက်သဘောဆောင်ပြီး ခုခံတတ်သော သဘောထားများသာ ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ပြီးဖြစ်သည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အပြုသဘောဆောင်ခြင်းဖြင့် ရင်ဆိုင်သင့်သည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို ရှာရန် မလိုအပ်ပေ။ ထို့ထက်၊ သင်သည် သင့်အား ဤဖြစ်ရပ်ကို ပေးရာတွင် ဖန်ဆင်းရှင်၏ အလိုတော်နင့် သဘောထားက မည်သည့်အရာ အတိအကျဖြစ်သည်ဆိုသည်နှင့် ယင်းကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် မည်သည့် သဘောထား သင် ရှိသင့်သည်ဆိုသည်တို့ကို အပြုသဘောဆောင်သော ဘက်မှ သင် နားလည်သင့်ပေသည်။ ဤသည်မှာ သင် ရှာဖွေရမည့် လမ်းကြောင်း ဖြစ်သည်။ လူတစ်ဦး ရှင်သန်သည့်အခါ၊ ယင်းသည် မည်သည့်အခါတွင်မျှ ကြုံရာကျပန်း မဟုတ်သကဲ့သို့၊ လွဲရှောင်မရနိုင်ပေ။ ဖန်ဆင်းရှင်၏ အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် အချုပ်အခြာအာဏာတို့ အမြဲ ရှိလေသည်။ မည်သည့်အရာမျှ အနှစ်မမဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အလိုတော်နှင့် သမ္မာတရာတို့အားလုံး အနှစ်မဲ့သည်ဟု သင် ထင်သလော။ အနှစ်မမဲ့ပေ။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို သဘောမပေါက်သည့်အခါ၊ ၎င်းတို့သည် အချို့သော အယူအဆများနှင့် စိတ်ကူးများ ရှိတတ်ပြီး၊ ထိုအယူအဆများနှင့် စိတ်ကူးစိတ်သန်းများက အတော်အတန် မှန်ကန်ပြီး ဘုရားသခင်၏ အလိုတော်ဖြစ်ရမည်ဟု ၎င်းတို့ ခံစားတတ်ကြသည်။ အမှန်တွင်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ဤသည်မှာ လုံးဝ မဟုတ်ပေ။ လူတို့က၊ ကျွန်ုပ်၏ ဤအတွေးများ မှန်ကန်ပါသည်။ ကျွန်ုပ်သည် ယုံကြည်ခြင်းများစွာရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သည်။ ကျွန်ုပ် ကျိုးနွံနာခံပြီးဖြစ်သည်။ ကျွန်ုပ် သူ့ကို ချစ်သည်” တွေးကြသည်။ အမှန်တရားမှာ ဘုရားသခင်သည် သင်၏ ဤအတွေးများနှင့် လုပ်ရပ်များကို လုံးဝ အလေးဂရုမပြုပေ။ သင်သည် မှန်ကန်သည့်ဘက်တွင်ရှိသည်ဟု သင် ခံစားရချိန်တွင်၊ သမ္မာတရားကို သင် အမှန်တကယ် လုံးဝ နားမလည်သကဲ့သို့ ယင်းကို သင် ရရှိနေခြင်း မရှိသေးပေ။ ဤအရာအားလုံးကို သင် နားလည်ကာ နောင်ဆုံး စိစစ်မှုတွင် အရာရာမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုနှင့် ကြိုတင်ခွဲခန့်မှတ်သားခြင်းတို့အားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်ကို ၎င်းတို့ သိမြင်လာသည်နှင့်တစ်ပြိုင်နက်၊ ထိုအခါမှသာ သင် ရင်ဆိုင်ပြီးဖြစ်သည့် အကျိုးတရားအားလုံးသည် အမှန်တကယ် စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် အမှန်တကယ် ကိုက်ညီလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာ ယင်းကို သင် အမှန်တကယ် နားလည်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် မယုံကြည်သူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ကို စွန့်ခွာသည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ မိသားစုတွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ယခင်က၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ သင် လုပ်ဆောင်နိုင်သည့်အရာကို ဖော်ပြပြောဆိုခြင်း ရှိခဲ့သည်။ ဘုရားသခင်ထံမှ လက်ခံမှုသည် သင် ပထမဦးဆုံး စဉ်းစားသင့်ကာ ယင်းအတွက် အလုပ်လုပ်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်၊ ယင်းကို သမ္မာတရား၏ နယ်ပယ်ကို ချိုးဖောက်ခြင်းအဖြစ် မယူဆသကဲ့သို့၊ ဤကိစ္စရပ်တွင် ဘုရားသခင်က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်လျက်ရှိခဲ့သည်မှာ သင်သည် ဘုရားသခင်၏ မိသားစု အလုပ် သို့မဟုတ် သင် လုပ်ဆောင်ခဲ့သည့်အရာက ယင်းအား မည်သို့ ထိခိုက်မည်ကို ထည့်တွက်စဉ်းစားခြင်းမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝနှင့် ပတ်သက်သည့် ကိစ္စများ ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်းရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ အဘယ်ကြောင့်ဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

အရှေ့သို့- သမ္မာတရားကို လိုက်စားခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- သမ္မာတရားကို ရှာဖွေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်