၈၈) ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်ကို ချစ်သည့် နှလုံးသားတစ်ခု ပိုင်ဆိုင်ဖို့၊ ဘုရားသခင်၏ အလိုတော်အတွက် အရေးထားမှု ပြသနိုင်စွမ်းရှိဖို့နှင့် ကိစ္စရပ်အားလုံးတွင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကာကွယ်လျက် ပြဿနာများကို ဖြေရှင်းဖို့အလို့ငှာ သမ္မာတရားကို ရှာဖွေနိုင်ရန် လိုအပ်သည်။

(၂) သမ္မာတရားကို ချစ်သောသူနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံနိုင်ကာ အမှန်တကယ် နောင်တရနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူတစ်ဦး ဖြစ်ရန် လိုအပ်သည်။

(၃) ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားတစ်ခု ရှိဖို့နှင့် အချိန်တိုင်း အသက်တာ ကြီးထွားမှုကို စွမ်းဆောင်ရရှိနေသည်အထိ ပြစ်မှားခြင်းများနှင့် အမှားများကို တွေ့လျှင်တွေ့ချင်း ပြုပြင်လျက် ကိစ္စရပ်အားလုံးတွင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိဖို့ လိုအပ်သည်။

(၄) အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ကျင့်ဝတ်သိက္ခာအရ တာဝန်ယူဖို့နှင့် သတ်မှတ်ပိုင်းခြားပေးထားသော သင်၏ တာဝန်နှင့် သက်ဆိုင်သည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့၊ ထိုသို့ဖြင့် သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လာဖို့ရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အလိုကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ အလိုကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်- သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို အစွမ်းကုန် ဂရုစိုက်သူများနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သူများသာလျှင် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆက်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။

အကယ်၍ သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်မည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ဘုရားသခင်ကို အမှန်တကယ် အစေခံသူတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူနှင့် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းအား ထိရောက်စေလိုပါက၊ သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ကာ အရာရာတိုင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန် သာ၍ပင် လိုအပ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူတစ်ဦးက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဤအသိမရှိပါက၊ သင် အစေခံသည်နှင့်တစ်ပြိုင်နက်၊ သင်သည် အနှောင့်အယှက်နှင့် အတားအဆီးများ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ သင်၏ အယူအဆများကို ဆက်လက်စွဲကိုင်ထားပါက၊ သင် မည်သည့်အခါမျှ ပြန်မထဖို့၊ ဘုရားသခင်က သင့်ကို မလွဲဧကန် ရိုက်ချလိမ့်မည်။ ဥပမာအနေဖြင့် လက်ရှိအချိန်ကို ကြည့်လော့- ယနေ့၏ မိန့်မြွက်ချက်များနှင့်အမှု များစွာသည် သမ္မာကျမ်းစာနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ယခင်က ဘုရားသခင် ပြုခဲ့သည့်အမှုနှင့် သဟဇာတမဖြစ်ပေ၊ ပြီးလျှင် သင်သည် နာခံရန် ဆန္ဒမရှိပါက၊ အချိန်မရွေး ပြိုလဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ရမည် ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ အမြင်များကို ပြုပြင်ရမည်။ ပြောဆိုမည့်အရာ များစွာသည် အတိတ်၌ ပြောခဲ့သောအရာနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် ယခု နာခံရန် လိုအင်ဆန္ဒမရှိပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုပြုခြင်း နည်းစနစ်များထဲမှ တစ်ခုသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ သင်သည် ထိုအရာကို မည်သည့်အခါမျှ လက်မလွှတ်ပါက၊ ဤနည်းစနစ်သည် သင်၏ ဘာသာရေးအယူအဆ ဖြစ်သွားလိမ့်မည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏အသက် ဖြစ်လာနိုင်စွမ်းရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ သင်၌ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ပိုင်ဆိုင်သူများသည် မည်သည့်အယူအဆမျှ ရှိကြလိမ့်မည်ဟုတ်သကဲ့သို့၊ အယူဝါဒကိုလည်း လိုက်နာလိမ့်မည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” မှ

ယနေ့မှ စ၍၊ ဘုရားသခင်သည် ဘာသာရေးအယူအဆများ လုံးဝမရှိသူများ၊ မိမိတို့၏ ဇာတိဟောင်းကို ဘေးဖယ်ထားရန် လိုလားနေသူများနှင့် ရိုးသားပွင့်လင်းသည့်နည်းလမ်းဖြင့် ဘုရားသခင်ကို နာခံသောသူများအား စနစ်တကျ စုံလင်စေမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တသူများကို သူ စုံလင်စေလိမ့်မည်။ ဤလူများသည် ထရပ်ကာ ဘုရားသခင်အား အစေခံသင့်ကြသည်။ ဘုရားသခင်၌ မဆုံးနိုင်သော ကြွယ်ဝမှုနှင့် အကန့်သတ်မဲ့ ဉာဏ်ပညာရှိ၏။ သူ၏ အံ့သြဖွယ်သော အမှုနှင့် အဖိုးတန်သော နှုတ်ကပတ်တော်များသည် သာ၍ပင် များပြားသော လူများ၏ မွေ့လျော်ခြင်းကို ခံရရန် အသင့်ကြိုလင့်နေပေသည်။ လက်ရှိအခြေအနေအရ၊ ဘာသာရေးအယူအဆများ ရှိသည့်သူများ၊ သက်ကြီးဝါကြီးများနှင့်၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်မထားနိုင်သူများသည် ဤအသစ်သောအရာများကို လက်ခံရန် ခက်ခဲသည်ကို တွေ့ရှိရကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤလူများကို စုံလင်စေရန် အခွင့်အရေး လုံးဝမရှိပေ။ အကယ်၍ လူတစ်ဦးသည် နာခံဖို့ သန္နိဋ္ဌာန်မချရသေးသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း မရှိပါက၊ ၎င်းတို့သည် ဤအသစ်သော အရာများကို လက်ခံရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် တကယ့်ကို သာ၍ သာ၍ ပုန်ကန်တတ်လာကြကာ၊ သာ၍ သာ၍ ပါးနပ်ကောက်ကျစ်လာကြပြီး၊ ထိုသို့ဖြင့် မှားယွင်းသည့် လမ်းကြောင်း ပေါ်တွင်သာ အဆုံးသတ်ရလိမ့်မည်။ သူ၏ အမှုကို ယခု လုပ်ဆောင်ရာတွင်၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်ကာ အသစ်သော အလင်းကို လက်ခံနိုင်သော သူများအား ချီးမြှောက် လိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ဝါရင့်မှုကြောင့် ရောင့်တက်တတ်သော ဘာသာရေး အရာရှိများကို ဘုရားသခင်သည် လုံးဝဖြတ်ချလိမ့်မည်။ ပြောင်းလဲမှုကို ခေါင်းမာစွာ ငြင်းဆန်သောသူများထဲမှ မည်သူ့ကိုမျှ ဘုရားသခင် အလိုမရှိပေ။ သင်သည် ဤလူများထဲမှ တစ်ဦး ဖြစ်ချင်သလော။ သင်သည် သင်၏ အစေခံခြင်းကို သင်ကိုယ်တိုင်၏ အကြိုက်များအတိုင်း သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အရာအတိုင်း ဆောင်ရွက်ပါသလော။ ဤသည်မှာ သင်ကိုယ်တိုင်အတွက် သင်သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် ဘာသာရေး အရာရှိတစ်ဦးလော၊ သို့မဟုတ် ဘုရားသခင် စုံလင်စေသော မွေးကင်းစ ကလေးငယ်တစ်ဦးလော။ သင်၏ အစေခံခြင်းထဲမှ မည်မျှကို သန့်ရှင်းသော ဝိညာဉ်တော်က ချီးကျူးသနည်း။ ထိုအရာထဲမှ မည်မျှကို ဘုရားသခင်သည် စိတ်ရှုပ်ခံပြီး အမှတ်ရ နေမည်နည်း။ သင်၏ နှစ်များစွာကြာ အစေခံမှုအားလုံး၏ အကျိုးဆက်အနေဖြင့် သင့်အသက်တာတွင် မည်မျှကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်သနည်း။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင် ရှင်းသလော။ သင်သည် အမှန်တကယ် ယုံကြည်ခြင်းရှိပါက၊ သင်၏ ယခင်က ဘာသာရေး အယူအဆဟောင်းများကို သင် ဘေးဖယ်ထားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အသစ်သော နည်းလမ်းဖြင့် သာ၍ကောင်းမွန်စွာ အစေခံပေလိမ့်မည်။ ယခုထရပ်ရန် နောက်မကျလွန်းသေးပေ။ ဘာသာရေး အယူအဆဟောင်းများသည် လူတစ်ဦး၏ဘဝကို အဆုံးခံရစေနိုင်သည်။ လူတစ်ဦး ရရှိသည့် အတွေ့အကြုံသည် ဘုရားသခင်ထံမှ ၎င်းကို သွေဖည်စေနိုင်ပြီး အမှုအရာများကို မိမိကိုယ်တိုင်၏ နည်းလမ်းဖြင့် လုပ်ဆောင်စေနိုင်သည်။ ထိုသို့သောအရာများကို သင် ဘေးဖယ်မထားနိုင်ပါက၊ ယင်းအရာများသည် သင့်အသက်တာ ကြီးထွားမှုအဖို့ ခလုတ်တံသင်းများ ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် သူ့ကို အစေခံသောသူများကို အမြဲ စုံလင်စေပြီး၊ ၎င်းတို့ကို ပေါ့ပေါ့တန်တန် မစွန့်ပစ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံပါက၊ သင်၏ ဘာသာရေး ကျင့်ကြံမှုအဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို ဘေးဖယ်ထားနိုင်ကာ ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို အကဲဖြတ်သည့်အရာအဖြစ် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်နိုင်ပါက၊ ထိုအခါမှသာ သင့်အတွက် အနာဂတ်တစ်ခု ရှိလိမ့်မည်။ သို့သော် ဟောင်းသောအရာများကို သင် ဖက်တွယ်ပါက၊ ယင်းအရာများကို သင် တန်ဖိုးထားဆဲဖြစ်ပါက၊ သင်သည် ကယ်တင်ခံရဖို့ နည်းလမ်းမရှိပေ။ ထိုသို့သော လူများကို ဘုရားသခင်သည် အရေးမထားပေ။ သင်သည် စုံလင်ခံရဖို့ အမှန်တကယ် ဆန္ဒရှိပါက၊ ယခင်က အရာအားလုံးကို လုံးဝ စွန့်လွှတ်ဖို့ရန် သင် စိတ်ဆုံးဖြတ်ရမည်။ ယခင်က လုပ်ဆောင်ခဲ့သည့် အရာသည် မှန်ကန်လျှင်ပင်၊ ယင်းသည် ဘုရားသခင်၏ အမှု ဖြစ်ခဲ့လျှင်ပင်၊ သင်သည် ထိုအရာကို ဘေးဖယ်ထားနိုင်ဆဲ ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို ဖက်တွယ်ထားခြင်းအား ရပ်တန့်နိုင်ရမည်ဖြစ်သည်။ ယင်းသည် သိသာထင်ရှားစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့လျှင်ပင်၊ သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့လျှင်ပင်၊ ယနေ့တွင် ထိုအရာကို သင် ဘေးဖယ်ထားရမည်။ သင်သည် ထိုအရာကို ကိုင်စွဲမထားသင့်ပေ။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့် အရာဖြစ်သည်။ အရာရာတိုင်း အသစ်ပြုပြင်ခံရမည်။ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သူသည် ယခင်က ဖြစ်ခဲ့သည့် အမှုအရာ ဟောင်းများကို ရည်ညွှန်းခြင်းမရှိ၊ သူသည် နှစ်ချုပ်စာအုပ်ဟောင်းကို မတူးဆွပေ။ ဘုရားသခင်သည် အမြဲ သစ်လွင်ပြီး၊ မည်သည့်အခါတွင်မျှ အိုဟောင်းခြင်း မရှိသော ဘုရားသခင်ဖြစ်သကဲ့သို့၊ အတိတ်က သူကိုယ်တိုင်၏ နှုတ်ကပတ်တော်များကိုပင် ဖက်တွယ်ခြင်း မရှိပေ- ယင်းက ဘုရားသခင်သည် မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာသည်ကို ပြသ၏။ ထို့ကြောင့် ဘုရားသခင်သည် ယခင်က သူအသုံးပြုခဲ့သည့် နည်းလမ်းကိုအသုံးပြုလျက် အမှုမပြုတော့စဉ်တွင်၊ လူသား တစ်ဦးအနေဖြင့် သင်သည် အတိတ်က အရာများကို အမြဲ ဖက်တွယ်ပါက၊ ယင်းတို့ကို လက်လွှတ်ဖို့ သင် ငြင်းဆန်ပြီး၊ ပုံသေကားကျ ပုံစံတစ်ခုဖြင့် ယင်းတို့ကို တင်းကျပ်စွာ အသုံးပြုပါက၊ သင်၏ စကားများနှင့် အပြုအမူများသည် အနှောင့်အယှက်ဖြစ်စေသည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်လာပြီ မဟုတ်လော။ သင်သည် သင်၏ ဘဝတစ်ခုလုံးကို ဤဟောင်းသောအရာများနှင့်ပတ်သက်၍ ပျက်စီးဆုံးပါးသွားစေဖို့ လိုလားနေသလော။ ဤဟောင်းသော အရာများသည် သင့်ကို ဘုရားသခင်၏ အမှုအား တားဆီးသောသူတစ်ဦး ဖြစ်စေလိမ့်မည်- သင် ဖြစ်ချင်သည်မှာ ထိုသို့သော လူစားမျိုး ဖြစ်သလော။ သင်သည် ထိုသို့ အမှန်တကယ် မဖြစ်ချင်ပါက၊ သင်လုပ်ဆောင်နေသည့် အရာကို အလျင်အမြန် ရပ်တန့်ပြီး၊ ပြန်လှည့်လော့။ အရာအားလုံးကို တစ်ဖန် ပြန်၍စတင်လော့။ ဘုရားသခင်သည် သင်၏ အတိတ်မှ အစေခံမှုကို အမှတ်ရလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏အလိုကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏အလိုနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို အမြစ်ဖြတ်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းစိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏အလိုကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ဘုရားသခင်ကို လူတို့အစေခံရာတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ သိကြသလော။ ခေါင်းဆောင်များအဖြစ် အစေခံကြသောလူအချို့သည် အမြဲတစေ ကွဲပြားခြားနားဖို့ ကြိုးစားလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်အချို့ကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ အချို့က “ဤအရာကို ကျွန်ုပ် ပြုလုပ်ပါက၊ ဘုရားသခင်သည် အလွန်ဝမ်းမြောက်စေမည်မှာ ကျွန်ုပ် သေချာသည်၊ သူသည် ၎င်းကို အမှန်တကယ်ပင် နှစ်သက်လိမ့်မည်။ ဤအကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ် မြင်စေမည်ဖြစ်၍ သူ့ကို ကောင်းသော အံ့ဖွယ်တစ်ခုကို ပေးမည်” ဟူ၍ပင် ဆိုကြသည်။ ဤ “အံ့ဖွယ်”၏ ရလဒ်ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ဆုံးရှုံးကြပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပေသည်။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင် ပြစ်မှားမိပြီး သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီးနောက် ပယ်ရှင်းခံရသည့်အခါ၊ သင် ပြောစရာ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည်မဟုတ်။ သင်၏ အကြံမည်သည့်အရာဖြစ်စေ၊ ပြီးလျှင် ယင်းကို သင် တမင်သက်သက် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ စိတ်သဘောထားကို သို့မဟုတ် သူ၏ အလိုတော်ကို သင် နားမလည်လျှင်၊ သူ့ကို သင် သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိလိမ့်မည်၊ ဤသည်မှာ လူတိုင်း သတိထားသင့်သည့်အရာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို အပြင်းအထန် ချိုးဖောက်မိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် တမင်တကာ လုပ်ဆောင်သည် မလုပ်ဆောင်သည် သို့မဟုတ် မတော်တဆ လုပ်မိသည် မလုပ်မိသည်ကို သူ ထည့်တွက်စဉ်းစားလိမ့်မည်မဟုတ်၊ ဤသည်မှာ သင် ရှင်းရှင်းလင်းလင်း မြင်ဖို့လိုအပ်သည့် ကိစ္စတစ်ခု ဖြစ်၏။ ဤကိစ္စရပ်ကို သင် နားမလည်နိုင်လျှင်၊ သင်၌ ပြဿနာတစ်ခု ဖြစ်စေဖို့ရန် သေချာ၏။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းဖို့ ဆန္ဒရှိကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်မိပေလိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူတို့သည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် မလိမ္မာ၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိဘဲ၊ ဘုရားသခင်ကို သင်၏အစေခံခြင်း၌ ဖြောင့်မတ်ခြင်း၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်းမရှိပါက သင်သည် သူ၏စိတ်သဘောထားကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံနေခဲ့သူများနှင့် လူသားတို့အပေါ် အမှုတော်ဆောင်နေခဲ့ သူများသည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှု အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး၊ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာ နှင့်ဆိုင်သော ကိုယ်ပိုင်အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ သတ်မှတ်မည့်အစား၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကရသည့် ဉာဏ်အလင်းပေးခြင်းကို အခြားသူများကို သင်ကြားပေးရန်အတွက် အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြပြီး၊ ဤနည်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို ထွက်လာ စေသည်။ ဤအချိန်၌၊ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတွေ့အကြုံကဲ့သို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ ကျေနပ်နေကြသည်။ သူတို့ ပြောနေသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အဖြစ် သူတို့ ခံစားရသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် သူတို့ မည်သည့်အရာ ပြောမည်ကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အတွင်း၌ အလုပ်လုပ် သောအခါ သူတို့၏စကားများသည် သူတို့ထံမှ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးချိန်တွင် သင်၏ ဝိညာဉ်အသက်တာအစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရပြီး၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခြေအနေတွင်ကဲ့သို့ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် သင်၏ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အစဉ်အမြဲ တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်၊ သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်ပြီး၊ သင်ကိုယ်တိုင်၏ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝ သဘောမထားဘဲ နေလာတတ်သည်။ ဤအကြောင်းကြောင့် သင်သည် အခြားသူတို့အပေါ် အမှုတော်ဆောင်သောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည် ဖြစ်ပြီး သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့ကိုယ်တိုင်၏ အတွေ့အကြုံအဖြစ် သတ်မှတ်သောအခါ ယင်းသည် ဆုတ်ယုတ်မှု၏ အစဖြစ်သွားသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်ဟု ငါပြောခြင်း ဖြစ်သည်။

လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။ ယေရှု၏သာဓကနှင့် နှိုင်းယှဉ်ပါက၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နေသည်ဟု အရဲစွန့်၍ဆိုဝံ့သလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ အစေခံနေသည်ဟု အရဲစွန့်၍ပြောရဲသလော။ ယနေ့ ဘုရားသခင်အား အဘယ်သို့ အစေခံရမည်ကို သင်နားမလည်ပါ၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ပြောပါက၊ သူ့ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤအရာကို စဉ်းစားကြည့်လော့- သင်သည် ဘုရားသခင်ကို အစေခံနေသလော၊ သို့တည်းမဟုတ် သင့်ကိုယ်သင် အစေခံနေသလော။ သင်သည် စာတန်ကို အစေခံသော်ငြားလည်း၊ ဘုရားသခင်ကို အစေခံနေပါသည်ဟု ခေါင်းမာစွာ သင်ပြောသည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်သလော။ ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ပေတရုသည် ယေရှု၏အမှုကို မည်သို့တွေ့ကြုံခံစားသည်ကို စဉ်းစားဆင်ခြင်လော့။ အစတွင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိခဲ့ပြီး “ကိုယ်တော်သည် ခရစ်တော်တည်း။” ဟု ပြောလျက် ယေရှုကို စကားပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ဉာဏ်အလင်းပေးပြီးသောအခါ သူသည် ထိုးထွင်းအမြင်အချို့ကို ရရှိသွားပြီး သူ၏စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သွားသည်။ ထိုအချိန်က အရေးကိစ္စကို သာ၍ နက်ရှိုင်းသော နားလည်မှု သူ့မှာ မရှိခဲ့သော်လည်း ဘုရားသခင်ကို နားလည်ဖို့ သူကြိုးစားပြီး ဘုရားသခင်ကို အစေခံခြင်း၏ မှန်ကန်သော လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့သည်။ ဘုရားသခင်ကို အစေခံခြင်းသည် အမွန်မြတ်ဆုံးသောအရာဖြစ်ပြီး အန္တရာယ် အကြီးဆုံးအရာလည်း ဖြစ်သည်၊ အကြောင်းမှာ လူများသည် ဖောက်ပြန်ပျက်စီးပြီး ပုန်ကန်တတ်သောကြောင့်ဖြစ်၏— ၎င်းတို့သည် လမ်းလွဲသွားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ခုခံကြ၏။ လူများသည် ဘုရားသခင်ကို အစေခံကြခြင်းဖြစ်သည်၊ အခြားသူများကို မဟုတ်။ ပေတရုလျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး သူအစေခဲ့ခံသည့်သူသည် သခင်ယေရှုဖြစ်သည်၊ မရေရာသည့် ဘုရားသခင်တစ်ပါး မဟုတ်ပေ။ သို့သော် ပေါလုမှာမူ ကွဲပြားခြားနား၏။ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု သူ အသိအမှတ်မပြုခဲ့ချေ။ ယေရှု၏ တပည့်တော်များကို မရပ်မနား သူလိုက်ဖမ်းခဲ့သည်။ ကြီးစွာသောအလင်း ပေါ်ပေါက်လာသည်ကို သူမျက်မြင်တွေ့ကာ ဒဏ်ခတ်ခံရပြီးသည့်နောက်တွင်ပင် ပေါလုက ဘုရားသခင်သည် အရာခပ်သိမ်း၏ သခင်ဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏ သရုပ်သကန်ဖြစ်သည်ကိုလည်းကောင်း သဘောမပေါက်ခဲ့သကဲ့သို့ လူတို့အနေဖြင့် ဘုရားသခင်ကို မည်သို့ နာခံသင့်သည်ကိုလည်း သူမသိခဲ့ပေ။ သူ့ထံတွင် သာမန်ဆင်ခြင်နိုင်စွမ်း အသိစိတ် မရှိခဲ့ပေ။ အစမှ အဆုံးထိ သူသည် အလွန် မာနထောင်လွှားသည့် စိတ်နေစိတ်ထားတစ်ခုကို သိုထားခဲ့သည်။ “ကိုယ်တော့်ကို ကျွန်ုပ်ပေးသည့် ပမာဏအတိုင်း ကိုယ်တော်ကျွန်ုပ်ကို ပေးရမည်။ ကျွန်ုပ်ပေးဆပ်သည့် အဖိုးအခအတိုင်းအတာအတိုင်း နစ်နာကြေးအနေဖြင့် ကိုယ်တော်ကျွန်ုပ်ကို ဆုချီးမြှင့်ရမည်။” အစမှ အဆုံးအထိ သူ၏အလုပ်သည် ဤသို့သော အတွေးအခေါ်၏ စိုးမိုးခြင်းကို ခံထားရသောကြောင့် သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် ရိုသေလေးမြတ်မှု မည်သည့်အခါမျှ မရှိခဲ့သကဲ့သို့ သူ့ကို ကြောက်စိတ်လည်း မရှိခဲ့ပေ။ သူ့စကားများ၏ လေသံကို သုံးသပ်ဆင်ခြင်ကြည့်လော့။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။”— ကျွန်ုပ်ကို ကိုယ်တော်တိုက်ခိုင်းသည့် တိုက်လှန်ခြင်းကို ကျွန်ုပ်ပြုပြီးပြီ။ “ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ”— ကိုယ်တော်ပြေးခိုင်းသည့် လမ်းကို ကျွန်ုပ်ပြေးခဲ့ပြီ။ “ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”—ထိုတရားကို ကျွန်ုပ်အား စောင့်ရှောက်ခိုင်းခဲ့သူမှာ ကိုယ်တော်ဖြစ်သည် မဟုတ်လော။ ယင်းကို ကျွန်ုပ်စောင့်ရှောက်ခဲ့ပြီးဖြစ်သောကြောင့် အသရေတင့်သော သရဖူကို ကျွန်ုပ်အတွက် သိုမှီးထားသင့်သည် မဟုတ်လော။ ဤသည်မှာ သူ၏လေသံ မဟုတ်လော။ ဩဝါဒစာစောင်ထဲတွင် သူ့အနေဖြင့် အလွန်တဲ့တိုးပြော၍ မရနိုင်ခဲ့သည်ကား အမှန်ပင်။ သူသည် အတော်အတန် စကားအလှသုံးပြီး အဓိပ္ပာယ်မပေါ်လွင်စွာ ပြောထားခဲ့သော်လည်း ဤခံယူချက်များသည် သူ၏ အရေးအသားအတွက် စေ့ဆော်မှုဖြစ်ခဲ့သည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူ့ကို အပြစ်ဒဏ်ပေးဖို့ လိုအပ်နေဆဲသာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို အစေခံခြင်းလမ်းကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် လူတို့လုပ်သင့်သည် ရွေးချယ်မှုများကို သင်သည် ရှင်းလင်းစွာ သိမြင်ရမည်— ဘုရားသခင်ကို မည်သည့် အစေခံခြင်းနည်းလမ်းများက ပေါလု၏ နည်းလမ်းများဖြစ်သည်၊ မည်သည့်ယုံကြည်ခြင်းနည်းလမ်းများက ပေါလု၏ နည်းလမ်းများ ဖြစ်သည်၊ ပြီးလျှင် ပေတရု၏ ဘုရားတရားကိုင်းရှိုင်းမှုဖြင့် ဘုရားသခင်ကို မည်သို့အစေခံလာနိုင်သည်တို့ကို သင်သည် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်ကို ဖန်ဆင်းခံ သတ္တဝါများ၏ ဝတ်ပြုကိုးကွယ်ခြင်း၌ ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းကြောင်းတစ်ခုရှိသည်။ သင်သည် မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ရမည်ဖြစ်ပြီး မှန်ကန်သည့် ရည်မှန်းချက်ပန်းတိုင်ကို ရည်မှန်းရမည်။ နားဝေတိမ်တောင် မဖြစ်လေနှင့်၊ ထိုအစား ခိုင်မာသောမြေပေါ်တွင် ကြည်လင်ပြတ်သားသော ရူပါရုံဖြင့် စိတ်အားထက်သန်စွာ လျှောက်လော့။ စဉ်းစားဉာဏ်မရှိစွာ ရှေ့ဆက်လျှောက်ခြင်းသည် သင့်အတွက် အန္တရာယ်များသည်။ ထိုသို့လုပ်ဆောင်လျှင် သင်သည် တစ်နေ့တွင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားမိရန်သော်လည်းကောင်း၊ မကျေနပ်ချက် စကားများကို ထုတ်ဖော်ပြောမိရန်သော်လည်းကောင်း သေချာပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် အစေခံရန် လူတစ်ဦးသည် ပေတရု၏ လမ်းကြောင်းကို လျှောက်သင့်သည်” မှ

အရှေ့သို့- ၈၇) ခေါင်းဆောင်များ၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၉) အစေခံမှုတွင် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်