၈၁) ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ယုံကြည်သူအားလုံးသည် ဧဝံဂေလိ ဖြန့်ဝေရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် တာဝန်ရှိပြီး ၎င်းတို့အနေဖြင့် ထိုသို့လုပ်ဆောင်ဖို့ ကောင်းကင်ဘုံက ချမှတ်ဆုံးဖြတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားသည်ကို နားလည်ရန် လိုအပ်သည်။ ၎င်းတို့သည် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေလုပ်ရမည် ဖြစ်သည့်အတွက် ဤအရာကို ၎င်းတို့ကျိုးနွံနာခံသင့်ပြီး လက်ခံသင့်ပေသည်။

(၂) ဘုရားသခင်၏ အမှုတော်ကို နောက်ဆုံးသော ကာလတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ သက်သေခံရန် လိုအပ်သည်။ ထိုသို့သော သက်သေသည် အဓိကကျသော သမ္မာတရားများကို မိတ်သဟာယပြုခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို လူသားလက်မခံအောင် တားဆီးထားသည့် အဓိက အယူအဆများနှင့် အခက်အခဲများကို ဖယ်ရှင်းသုတ်သင်ခြင်းတို့အပေါ် အာရုံစိုက်ခြင်းဖြင့် အမှုတော်ကို ရှင်းလင်းကာ သိသာစေသောကြောင့်တည်း။

(၃) ဧဝံဂေလိဟောပြောရမည့် ပစ်မှတ်အသီးသီးတို့ကို သေချာစိစစ်ပြီး သုတေသနပြုရမည်ဖြစ်ကာ ဖြစ်နိုင်သော အစီအစဉ်များကို ချမှတ်ရမည်။ နယ်ပယ်သစ်ကို ထိုးဖောက်ရန် တတ်နိုင်သမျှ အထိရောက်ဆုံး ကြိုးပမ်းလော့။

(၄) ဧဝံဂေလိဖြန့်ဝေခြင်းအတွက် မှန်ကန်သော ပစ်မှတ်များကို ရွေးချယ်ဖို့ လိုအပ်သည်။ အမြော်အမြင်ရှိသည့် နည်းစနစ်မျိုးစုံကို ပြောင်းလွယ်ပြင်လွယ်ရှိစွာ အသုံးပြုလော့၊ တရားမဝင် မဖြစ်သကဲ့သို့ မပြစ်မရှိသရွေ့ သာ၍ များသော လူတို့ကို ရရှိဖို့ သင်လုပ်ဆောင်ရမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။

(၅) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လေးစားဖို့နှင့် သူ၏ လမ်းပြမှုနောက်ကို လိုက်ဖို့ လိုအပ်သည်။ နိုင်ငံအသီးသီးတွင် ဒေသန္တရ စနစ်များ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် သင့်တော်သည့် နည်းစနစ်များကို ခံယူကျင့်သုံးလော့၊ ထိုနည်းစနစ်များထဲ၌ တိုက်ရိုက် ဧဝံဂေလိဖြန့်ဝေခြင်း၊ အလိုအလျောက်ဖြစ်သော ဧဝံဂေလိဖြန့်ဝေခြင်း၊ သို့မဟုတ် “အုပ်စုလိုက် ဧဝံဂေလိပြုခြင်း” တို့ ပါဝင်ကောင်း ပါဝင်နိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” မှ

လောက၌ရှိသည့် ငါ့အလုပ်၏ရည်ရွယ်ချက်များကို လူအားလုံး သိဖို့လိုသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ငါ့အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ အဆုံးတွင် ငါရယူလိုသည့်အရာနှင့် ဤအလုပ်တွင် မည်သည့်အဆင့်အထိ အောင်မြင်အောင် လုပ်ဆောင်ရမည်ကို လူအားလုံး နားလည်ဖို့လိုသည်။ လူတို့သည် ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလာခဲ့ပြီးနောက် ငါ့အလုပ်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်လျှင် ၎င်းတို့သည် ငါနှင့်အတူ အချည်းနှီး လျှောက်လှမ်း နေခဲ့ကြခြင်းပင်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ့နောက်သို့ လိုက်လျှင် ငါ့အလိုကို သိသင့်သည်။ ငါသည် မြေကြီးပေါ်၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်ပြီး၊ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အမှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။ ငါ့အမှုထဲတွင် ပါဝင်သည့် စီမံကိန်းများမှာ များပြားလှသော်လည်း ယင်း၏ ရည်ရွယ်ချက်သည် မပြောင်းမလဲ ရှိနေသေး၏။ ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း၊ ဥပမာအားဖြင့် ငါပြုသမျှမှာ လူသားကို စုံလင်စေပြီးသောအခါ၌ သူ့ကိုငါ ကယ်တင်ဖို့နှင့် ငါ၏သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏အမှုကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးအကြား၌ ချဲ့ထွင်ဖို့အတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် လူများစွာ ပိုမိုတုန်လှုပ် ချောက်ချားလျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ် အချိန်တွင် ငါသည် ငါ၏အမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့် အမှုကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် အရာကို စိတ်ကုန်နေပြီဖြစ်သော်လည်း၊ ငါ၏အမှု၌ ပါဝင်ပတ်သက် လိုစိတ် သူ့တွင် လုံးဝမရှိသော်လည်း၊ ငါသည် ငါ၏တာဝန်ကို ဆက်လက်လုပ်ဆောင်လျက်ပင် ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ငါ့အမှု၏ရည်ရွယ်ချက်သည် မပြောင်းလဲသည့်အပြင် ငါ၏မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါ၏တရားစီရင်ခြင်း၏အလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမို နာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင် ဆုံးမမှု၏အလုပ်သည် လူသားအနေနှင့် ပို၍ ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများ ကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။ ယခုသော်မှ လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည် ကြသေးပေ။ ဤကဲ့သို့သောအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြ သောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ သူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ စိတ်ဝင်စားမည့်အစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအထိ ရောက်ဖို့အတွက်၊ လူကြီးများနှင့်ကလေးများတို့ တူညီစွာ ငါ၏နာမတော်ကို ထင်ရှားစေဖို့နှင့် လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်များက ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” မှ

သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” မှ

ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အမှု၏ ဤအဆင့် စတင်သည့်အချိန်ကတည်းက အဆက်မပြတ် ပြောပြီး ဖြစ်သည်နှင့်အညီ၊ ဘုရားသခင်သည် ခေတ်သစ် တစ်ခုကို စဖို့၊ ခေတ်သစ်တစ်ခုကို မိတ်ဆက်ဖို့နှင့် ခေတ်ဟောင်း တစ်ခုကို အဆုံးသတ်ဖို့ ဤအချိန်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာပြီး ဖြစ်သည်မှာ ယခုအခါ ဤနေရာတွင် ကျွန်ုပ်တို့ တွေ့မြင်နိုင်သည့်၊ ပြီးလျှင် ပြည့်စုံနှင့်ပြီးဖြစ်သည့် အမှန်တရား တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အမှုတော်အသစ်ကို ဆောင်ရွက်နေပြီး၊ ဤနေရာရှိ လူများသည် ဤအမှုတော်အသစ်ကို လက်ခံနှင့်ပြီး ဖြစ်ကာ၊ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့မှ ထွက်လာနှင့်ပြီးဖြစ်သည်၊ သမ္မာကျမ်းစာကို မဖတ်တော့ဘဲ၊ ကားတိုင် အောက်တွင် မရှင်သန်တော့ဘဲ၊ ကယ်တင်ရှင် သခင်ယေရှု၏ နာမတော်ကို အော်မခေါ်တော့ဘဲ၊ လက်ရှိအချိန်၏ ဘုရားသခင်၏ နာမတော်ကို အားလုံးတစ်ပြိုင်တည်း ဆုတောင်းပြီး ယခုလက်ရှိ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို လက်ခံကာ ထိုနှုတ်ကပတ်တော်များကို ရှင်သန်မှု၏ အခြေခံသဘောတရားများ၊ နည်းစနစ်များနှင့် လူသားအသက်တာ၏ ရည်ရွယ်ချက်များအဖြစ် မှတ်ယူနေကြသည်။ ဤသဘောတရားအရ၊ ဤနေရာရှိလူများသည် ခေတ်သစ်တစ်ခုကို ဝင်ရောက်နှင့်ပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ဤဧဝံဂေလိတရားနှင့် ဤနှုတ်ကပတ်တော်များကို လက်မခံသည့် သာ၍များသောသူများသည် မည်သည့်ခေတ်တွင် ရှင်သန်နေသနည်း။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေဆဲဖြစ်သည်။ ယခုအခါ ဤလူများကို ကျေးဇူးတော်ခေတ်ထဲမှ ခေါ်ဆောင်ဖို့နှင့် ခေတ်သစ်ထဲသို့ ၎င်းတို့ကို ဝင်ရောက်စေဖို့မှာ သင်တို့၏ မွေးရာပါတာဝန် ဖြစ်ပေသည်။ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နာမတော်ကို ခေါ်ဆိုခြင်းမျှဖြင့်သာ ဤတာဝန်ပေးစေခိုင်းချက်ကို သင် ပြီးမြောက်နိုင်သလော။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော် အနည်းငယ်ကို ဟောကြားရုံမျှဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ပေ။ ဤသည်က သင်တို့အားလုံး ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ပြန့်ပွားစေခြင်း၊ ထိုနှုတ်ကပတ်တော်များကို ရှေ့ဆက် ဖြန့်ဝေပြီး၊ ထိုနှုတ်ကပတ်တော်များ၏ ဆိုက်ရောက်ခြင်းကို တိုးချဲ့ခြင်းတို့နှင့် သက်ဆိုင်သည့် ဝတ္တရားအတွက် တာဝန်ထမ်းယူရန် လိုအပ်ပေသည်။ “ထိုနှုတ်ကပတ်တော်များ ဆိုက်ရောက်ခြင်းကို တိုးချဲ့” ဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်၏ ဧဝံဂေလိတရားကို ဤနေရာတွင် ရှိသည့် လူများကိုပင် ကျော်လွန်ပြီး ဖြန့်ဝေဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်အသစ်ကို ပို၍များပြားသော လူများ သတိပြုမိအောင် လုပ်ဆောင် ပြီးနောက်၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟောကြားဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့နှင့် ၎င်းတို့ကို ခေတ်သစ်ထဲသို့လည်း ခေါ်ဆောင်ဖို့ သင်တို့၏ အတွေ့အကြုံကို အသုံးပြုရန်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သင်တို့ကဲ့သို့ တစ်ထေရာတည်း ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အတော်အတန် သိသာထင်ရှား ပေသည်— သူ၏နှုတ်ကပတ်တော်များကို ကြားကာ၊ လက်ခံပြီး၊ ခေတ်သစ်ထဲသို့ သူ့နောက် စတင် လိုက်လျှောက်ပြီးသူများဖြစ်သည့် သင်တို့ကိုသာ သူ ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ သူက လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြ လိုသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး၊ ဤသည်မှာ လက်ရှိအချိန်တွင် ဘုရားသခင် နောက်ကို လိုက်နေသောသူတိုင်း နားလည် သဘောပေါက်သင့်သည့် သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ခေတ်သစ်ထဲသို့ လူတစ်သိုက် သို့မဟုတ် လူနည်းစုတစ်စုကိုသာ ဦးဆောင်လမ်းပြနေခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက် ပြည့်ဝဖို့ ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေရန် လိုအပ်ပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် နည်းစနစ် များစွာနှင့် လမ်းကြောင်းများစွာတို့ကို အသုံးပြုဖို့ လိုအပ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်” မှ

သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လိုပါက၊ ဘုရားသခင်၏ အမှုကို သင်သိရမည်၊ ယခင်က (ဓမ္မသစ်နှင့် ဓမ္မဟောင်းထဲက) သူပြုခဲ့သည့် အမှုကို သိရမည်ဖြစ်ပြီး၊ ထို့အပြင်၊ သူ၏ ယနေ့အမှုကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀၀၀ ကျော်ကြာ ဆောင်ရွက်ခဲ့သည့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကို သိရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိတရားကို ဖြန့်ဝေရန် စေခိုင်းခံရပါက၊ သင်သည် ဘုရားသခင်၏ အမှုကို မသိဘဲ ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သမ္မာကျမ်းစာ၊ ဓမ္မဟောင်းကျမ်းနှင့် ထိုအချိန်က ယေရှု၏အမှုနှင့် နှုတ်ကပတ်တော်တို့နှင့်ပတ်သက်၍ သင်တို့၏ ဘုရားသခင် အဘယ်အရာပြောဆိုထားသည်ကို တစ်စုံတစ်ယောက်က သင့်အား မေးကောင်းမေးနိုင်သည်။ အကယ်၍ သင်သည် သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်းကို မပြောနိုင်ပါက၊ ၎င်းတို့သည် လက်ခံယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ထိုအချိန်က၊ ယေရှုသည် သူ၏ တပည့်တော်များနှင့်အတူ ဓမ္မဟောင်းကျမ်းနှင့်ပတ်သက်၍ များစွာ ပြောဆိုခဲ့ပေသည်။ ၎င်းတို့ဖတ်သမျှတိုင်းသည် ဓမ္မဟောင်းကျမ်းမှ ဖြစ်၏။ ဓမ္မသစ်ကျမ်းကို ယေရှု ကားစင် တင်ခံခဲ့ရသည့်နောက်၊ ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့ပေသည်။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ရန်၊ သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်း သမ္မာတရားနှင့် ဣသရေလနိုင်ငံ၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ဘုရားသခင်၏ အမှုတို့ကို အဓိကအားဖြင့် သဘောပေါက်သင့်ပြီး၊ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကိုလည်း သင်တို့ နားလည်ရမည် ဖြစ်သည်။ ဤအရာများမှာ လူအားလုံး အလေးထားဆုံးသော ကိစ္စရပ်များဖြစ်ပြီး အမှု၏ အဆင့်နှစ်ဆင့်နှင့် သက်ဆိုင်သည့် အတွင်းဇာတ်လမ်းမှာ ၎င်းတို့ မကြားဖူးသည့်အရာ ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါတွင်၊ ပထမဦးစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နှင့်သက်ဆိုင်သည့် ပြောဆိုခြင်းကို ဘေးဖယ်ထားလော့။ သင်တို့ လိုက်စားရှာဖွေသည်မှာ အားလုံးထဲတွင် အမြင့်မားဆုံးအရာ- ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်သည့် အသိပညာ- ဖြစ်သကဲ့သို့၊ ဤအရာနှစ်ခုထက် မည်သည့်အရာမျှ သာ၍ အဆင့်မြင့်သောအရာ မရှိသောကြောင့်၊ အမှု၏ဤအဆင့်သည် ၎င်းတို့လက်လှမ်းမမီသည့်အရာဖြစ်သည်။ မြင့်မားသည့်အရာကို သင်တို့ပထမဦးစွာပြောဆိုပါက၊ မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သော အမှုကို မတွေ့ကြုံဖူးကြသည့်အတွက်၊ ယင်းသည် ၎င်းတို့အတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ ယင်းသည် အစဉ်အလာ မရှိသကဲ့သို့၊ လူသားအတွက် လက်ခံရန် မလွယ်ကူပေ။ ထိုသူတို့၏အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ရံဖန်ရံခါဖြစ်သည့် လုပ်ဆောင်ချက်အချို့နှင့်အတူ အတိတ်က ဟောင်းနွမ်းသော အရာများဖြစ်သည်။ ၎င်းတို့ တွေ့ကြုံသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ လုပ်ဆောင်ချက် သို့မဟုတ် ဘုရားသခင်၏ ယနေ့အလိုတော် မဟုတ်ချေ။ ၎င်းတို့သည် အလင်းသစ်မရှိသကဲ့သို့ အသစ်သော အရာများမရှိဘဲ၊ အလေ့အကျင့်ဟောင်းများအတိုင်း လုပ်ဆောင်ကြဆဲ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍” မှ

မှန်ကန်သော စိတ်နှလုံးဖြင့် ရှာဖွေသူအားလုံးသည် ယနေ့တွင် လုပ်ဆောင်သည့် အမှုနှင့်ဆိုင်သည့် အသိပညာကို ရရှိစေနိုင်ရန်နှင့် လုံးလုံးလျားလျား လက်ခံယုံကြည်နိုင်ရန်အလို့ငှာ၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ သင်သည် ခေတ်အသီးသီးတွင် လုပ်ဆောင်သည့် အမှု၏ အတွင်းပိုင်း ဇာတ်လမ်း၊ အနှစ်သာရနှင့် အရေးပါမှုတို့ကို ရှင်းလင်းသည့် သိနားလည်မှုတစ်ခုသို့ ရောက်ရှိရမည်။ သင်၏ မိတ်သဟာယကို ကြားနာခြင်းအားဖြင့် အခြားသူတို့သည် ယေဟောဝါ၏ အမှု၊ ယေရှု၏ အမှုနှင့် ထို့ထက်ပို၍ ယနေ့ ဘုရားသခင်၏ အမှုအားလုံးအပြင်၊ အမှု၏ အဆင့် သုံးဆင့်ကြားက ဆက်နွှယ်မှုများနှင့် ကွာခြားချက်များကို နားလည်လာနိုင်ရန်အလို့ငှာ ယင်းကို ပြုလော့။ ၎င်းတို့ နားထောင်ပြီးသည့်အခါတွင်၊ အဆင့်သုံးဆင့်သည် အချင်းချင်း မနှောင့်ယှက်ကြဘဲ၊ အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်ကို အခြားသူတို့ မြင်ကြဖို့အလို့ငှာ ယင်းကို ပြုလော့။ ၎င်းတို့သည် မတူကွဲပြားသည့် ခေတ်များတွင် အမှုပြုခဲ့ကြသော်လည်း၊ ၎င်းတို့ ဆောင်ရွက်သည့် အမှု၏ ပါဝင်သည့်အကြောင်းအရာ ကွဲပြားပြီး ၎င်းတို့ ပြောဆိုသည့် စကားများက မတူကွဲပြားကြသော်လည်း၊ ၎င်းတို့ အမှုပြုသည့် အခြေခံသဘောတရားများက တစ်ခုတည်းပင် ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်နောက်လိုက်သော လူအားလုံး နားလည်သင့်သည့် အကြီးမားဆုံးသော ရူပါရုံများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ စစ်မှန်မှု၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။ သင်သွားသည့် နေရာတိုင်းတွင်၊ သင်က၊ “ကျွန်ုပ်တို့ ဘုရားသခင်သည် အမှုပြုဖို့ ကြွလာပြီဖြစ်ပြီး သူ၏ အမှုသည် အစစ်အမှန်ပင် လက်တွေ့ကျသည်။ သဘာဝလွန် လုပ်ဆောင်ချက်များ မရှိဘဲ၊ မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ လုံးဝမရှိဘဲ ကျွန်ုပ်တို့ကို သူ ရယူပြီးဖြစ်သည်” ဟု ဟစ်အော်ပါက၊ အခြားသူတို့က၊ “သူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မလုပ်ဟု သင် ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ နိမိတ်လက္ခဏာများ နှင့် အံ့ဖွယ်ရာများ မရှိဘဲ သင့်ကို သူ မည်သို့ သိမ်းပိုက်နိုင်မည်နည်း” ဟု မေးကြလိမ့်မည်။ ပြီးလျှင် သင်က၊ “သူ စကားပြောဆိုသည်၊ ပြီးလျှင် မည်သည့် အံ့ဖွယ်ရာများ သို့မဟုတ် နိမိတ်လက္ခဏာများ တစ်ခုမျှ ပြသခြင်းမရှိဘဲ၊ ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီးဖြစ်သည်။ သူ၏ အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီးဖြစ်သည်” ဟု ဆိုသည်။ နောက်ဆုံးတွင်၊ အနှစ်သာရရှိသော အရာတစ်ခုမျှ သင် မပြောနိုင်ပါက၊ အသေးစိတ် အချက်အလက်ကို သင် မဆွေးနွေးနိုင်ပါက၊ ဤသည်မှာ မှန်ကန်သော သက်သေခံချက်လော။ လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို သိမ်းပိုက်သည့်အခါ၊ ထိုသို့လုပ်ဆောင်သည်မှာ သူ၏ ဘုရားသဘာဝ နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်က ဤအရာကို မပြီးမြောက်နိုင်ပေ။ သူ၏ ဘုရားသဘာဝသည် မည်သည့် အဖန်ဆင်းခံထက်မဆို မြင့်မားသည့်အတွက်၊ ယင်းမှာ မည်သည့် သေမျိုးကမျှ ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ သာမန်လူတို့ကြားက အမြင့်မားဆုံးသော အရည်အချင်းရှိသည့် သူတို့ပင်လျှင် ဤအရာကို မစွမ်းနိုင်ချေ။ ဤသည်မှာ လူတို့အဖို့ သာမန်ထက်ထူးခြားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် မည်သည့် အဖန်ဆင်းခံမဆိုထက် မြင့်မားပေသည်။ အဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ထက် သာ၍ မမြင့်မားနိုင်ပေ။ သင်သည် သူ့ထက် သာ၍ မြင့်မားပါက၊ သင့်ကို သူ သိမ်းပိုက်နိုင် လိမ့်မည်မဟုတ်ချေ၊ ပြီးလျှင် သူသည် သင့်ထက် မြင့်မားသောကြောင့်သာ သင့်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ သူသာလျှင် ဤအမှုကို ပြုနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များသည် “သက်သေခံချက်” ဖြစ်သည်- သင် သက်သေခံသင့်သည့် သက်သေခံချက်မျိုးဖြစ်သည်။ သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ ဤအသိပညာကို အသုံးပြုရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

ဧဝံဂေလိတရား ဖြန့်ဝေခြင်းကို လူတော်တော်များများနားလည်သည့်ပုံစံတွင် သွေဖည်ခြင်း များစွာရှိသည်။ လူအချို့က “ကျွန်ုပ်သည် အထူးတာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် ကျွန်ုပ်၏ကိစ္စ မဟုတ်ပါ။ ထို့အပြင် ဧဝံဂေလိတရား ဖြန့်ဝေဖို့အလို့ငှာ နားလည်ရမည့် အခြေခံသဘောတရားများ၊ သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် ကျွန်ုပ်နှင့် လားလားမျှ မသက်ဆိုင်ပါ၊ ထို့ကြောင့် ကျွန်ုပ်သည် ယင်းတို့ကို နားလည်ဖို့ မလိုအပ်ပါ။” ဟု တွေးထင်ကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားနှင့်သက်ဆိုင်သည့် ဤရှုထောင့်ကို မိတ်သဟာယပြုသည့်အချိန်တွင်၊ ၎င်းတို့သည် အိပ်ပျော်ကြသည် သို့မဟုတ် ၎င်းတို့၏ အာရုံက ပျံ့လွင့်လေသည်။ ၎င်းတို့ကြားသမျှ အရာသည် နားတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်မှ ထွက်သည်၊ ပြီးလျှင် ၎င်းတို့ နားထောင်ပြီးသည့်နောက်တွင်၊ မည်သည့်အရာ ပြောသွားသည်ကို ၎င်းတို့ မသိကြပေ။ “ဘုရားသခင်ကို စတင်ယုံကြည်ပြီးကတည်းက၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပြီး ဖြစ်သည်။ ကျွန်ုပ်တွင် အစွမ်းအစရှိပြီး စွမ်းဆောင်နိုင်စွမ်းရှိသည်၊ ပြီးလျှင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ကြိုတင်ပြဌာန်းခြင်း ခံရပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်၏ဘုရားပေးတာဝန်နှင့် ကျွန်ုပ်၏ရာသက်ပန် သာသနာသည် ခေါင်းဆောင် တစ်ဦးဖြစ်ဖို့ ဖြစ်သည်။” ဟု ပြောသည့်သူများလည်း ရှိကြသည်။ ဤစကားတွင် သွယ်ဝိုက်သည့်အရာမှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်သည် ၎င်းတို့နှင့်လားလားမျှ မသက်ဆိုင်ဟု ဖြစ်သည်။ ထိုအကြောင်းကြောင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို ပြောသည့်အခါ၊ ၎င်းတို့သည် နားထောင်နေသည့် ပုံပေါက်ကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးများ၌ ယင်းကို အရေးကြီးသည်ဟု ထည့်မတွက်ပေ။ ဤသည်တွင် သမ္မာတရားနှင့်စပ်လျဉ်း၍ လူများ ထားရှိသည့် သဘောထားတစ်ခုကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် လူအမျိုးအစားတစ်ခု သို့မဟုတ် လူတစ်စု၏ မွေးရာပါတာဝန် မဟုတ်သည်ကို လူများအားလုံးကို ငါသတိပေးပြီး၊ ၎င်းတို့အားလုံးကို ငါ အသိပေး ထားသည်။ ယင်းက ဘုရားသခင်၏နောက်ကို လိုက်သည့် လူတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ ဤအရာကို လူများ နားလည်အောင် ငါ အဘယ့်ကြောင့် ပြုသင့်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အဘယ့်ကြောင့် သိဖို့ လိုအပ်သနည်း။ ယင်းက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဖန်ဆင်းခံ သတ္တဝါတိုင်းနှင့် ဘုရားသခင်၏ နောက်လိုက်တိုင်း လက်ခံရမည့် သာသနာနှင့် မွေးရာပါတာဝန် ဖြစ်သည်။ သင့်ထံ သာသနာ ရောက်လာပြီး သင်၏ခန္ဓာကို ပူဇော်ဆက်ကပ်ဖို့၊ သင့်ကိုယ်သင် အသုံးခံဖို့နှင့် အဖိုးအခပေးဖို့ လိုအပ်ပါက၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင် တာဝန်ယူ ဆောင်ရွက်ဖို့ ကျလာသည့် တာဝန်ကို သင် လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး၊ ယင်းသည် သင်နားလည်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ အနှစ်သာရမဲ့သည့် ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် မသက်ဆိုင်သကဲ့သို့၊ စကားကြီး စကားကျယ်နိုင်သော လေလုံး တစ်လုံးတစ်လေမျှသာလည်း မဟုတ်သည့်အပြင်၊ ထင်မြင်ယူဆချက်တစ်ခုလည်း မဟုတ်ချေ။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် ယင်းကို မည်သည့်အရာက သမ္မာတရား ဖြစ်စေသနည်း။ အကြောင်းမှာ အချိန်ကုန်လွန်ခြင်း အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် ပြောင်းလဲမှု သို့မဟုတ် ခေတ်ပြောင်းလဲပုံ သို့မဟုတ် ပထဝီအနေအထားနှင့် နေရာပြောင်းလဲပုံတို့ မည်သို့ပင်ဖြစ်ပါစေ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့သည် ထာဝရ အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်လေသည်။ ယင်း၏ အဓိပ္ပာယ်၊ ယင်း၏ တန်ဖိုး နှင့် ယင်း၏ ဖော်ထုတ်ခြင်းတို့သည် မပြောင်းလဲပေ။ ယင်းသည် အချိန်ကုန်လွန်ခြင်း သို့မဟုတ် ပထဝီအနေအထားတို့နှင့် မပြောင်းလဲပေ။ ယင်းသည် ထာဝရ တည်ရှိနေပြီး၊ ယင်းသည် သင် လက်ခံသင်သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ နှင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် သင် ရှင်သန်သည့်နည်းလမ်းတွင် ထင်ရှားသင့်သည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ လူအချို့က သမ္မာတရား၏ ဤရှုထောင့်နှင့် မကြုံဆုံဖူးဘဲ၊ ၎င်းတို့၏ တစ်သက်တာလုံး ကုန်ဆုံးသွားနိုင်ဖွယ်ရှိသည်ဟု ဆိုကြသော်လည်း၊ ယင်းသည် လူများနားလည်ရမည့် သမ္မာတရား၏ ရှုထောင့်တစ်ခု ဖြစ်ဆဲပင်တည်း။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ ပုံသေအချိန် တစ်ခု၊ ပုံသေပထဝီဝင် အနေအထားတစ်ခု ရှိသလော။ ယင်းကို ပုံသေအမှုထမ်းတစ်ယောက်အားဖြင့် ဆောင်ရွက် ရမည်လော။ မဟုတ်ပေ။ ထို့ကြောင့် ဤသမ္မာတရားကို သင်နားလည်သည်နှင့် တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးထဲတွင်၊ “လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော် အသစ်ကို ဟောကြားခြင်းနှင့် သူ၏အမှုတော်နှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဟောကြားခြင်းသည် ကျွန်ုပ်၏ မွေးရာပါတာဝန် ဖြစ်သည်။ နေရာသို့မဟုတ် အချိန် မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်၏ ရာထူးအဆင့်အတန်း သို့မဟုတ် ကျွန်ုပ်၏ အခန်းကဏ္ဍ သို့မဟုတ် လက်ရှိတွင် ကျွန်ုပ် ထမ်းဆောင်နေသည့် တာဝန် မည်သို့ပင်ရှိပါစေ၊ ဘုရားသခင်၏ အမှုတော်အသစ်နှင့် သက်ဆိုင်သည့် သတင်းကောင်းကို သွားပြီး ဖြန့်ဝေဖို့ ကျွန်ုပ်တွင် တာဝန်တစ်ခုရှိသည်။ ယင်းသည် ကျွန်ုပ်တွင် အခွင့်အရေးရတိုင်း သို့မဟုတ် အချိန်ပေးနိုင်တိုင်း လက်ဆင့်ကမ်းပြောပြရမည့် ကျွန်ုပ် ဆောင်ရွက်ရန် ရှိသည့်တာဝန်ဖြစ်သည်။” ဟု သင် သိလိမ့်မည်။ ဤအတွေးများသည် လက်ရှိအချိန်တွင် လူအများစု၏ အတွေးများ ဖြစ်သလော။ (မဟုတ်ပါ။) လူအများစုက “ကျွန်ုပ်၌ လက်ရှိအချိန်တွင် ပုံသေတာဝန် တစ်ခုရှိသည်။ ကျွန်ုပ်သည် လက်ရှိအချိန်တွင် ပုံသေ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု နယ်ပယ်တစ်ခုကို လေ့လာခြင်းနှင့် အသေအချာ ဆန်းစစ်ခြင်းတို့တွင် အာရုံစိုက်နေသောကြောင့်၊ ဧဝံ‌ဂေလိတရားကို ဖြန့်ဝေခြင်းသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။” ဟု တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မိမိ၏ တာဝန်နှင့် မိမိ၏သာသနာကို ခေါင်းရှောင်ခြင်းနှင့် သက်ဆိုင်သည့် သဘောထားတစ်ခုဖြစ်ပြီး၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်း တာဝန်နှင့် စပ်လျဉ်းသည့် အပျက်သဘောဆောင်သည့် သဘောထား တစ်ခု ဖြစ်သည်။ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်သည့် ဤတာဝန်ပေးစေခိုင်းချက်၏ ဝန်ကို လူများက မထမ်းရွက်ဘဲ၊ အလေးဂရု မပြုသည့်အခါ၊ ၎င်းတို့သည် အသိစိတ်တစ်ခု သို့မဟုတ် လူ့သဘာဝကို ထင်ရှားနေစေသလော။ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ အစွမ်းကုန် အရေးထားခြင်း သို့မဟုတ် တာဝန်ယူခြင်းတို့တွင် အားမာန်မပါသလို တက်ကြွခြင်းလည်း မရှိပါက၊ သင်သည် အပျက်သဘောဆောင်ပြီး မလှုပ်မယှက် တုံ့ပြန်နေရုံမျှသာ ဖြစ်လေသည်။ ဤသည်မှာ အမြော်အမြင်ကင်းမဲ့သော သဘောထား တစ်ခု ဖြစ်သည်။ သင်သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ သို့မဟုတ် မည်သည့်တာဝန်တွင် ပါဝင်ဆောင်ရွက်နေပါစေ၊ ပြီးလျှင် သင်၏တာဝန်တွင် မည်သည့် အလုပ်အကိုင် သို့မဟုတ် မည်သည့် ကျွမ်းကျင်မှု ပါဝင်နေပါစေ၊ သင့်အလုပ်၏ အကျိုးများ အားလုံးထဲမှ အရေးအကြီးဆုံး တစ်ခုမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်ခြင်းနှင့် သက်သေခံနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် အနေဖြင့် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်” မှ

ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း၌၊ ယင်းကို သင်ဖြန့်ဝေသည့်လူတိုင်းဖြင့် ရိုးသားစွာ ဆက်ဆံဖို့ သင်၏တာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်သည်။ မည်သူ တစ်ယောက်ကိုမျှ ပေါ့ဆစွာ မသိကျိုးကျွန်မပြုနှင့်။ ဤသည်မှာ သင်ဧဝံဂေလိတရားတော် ဝေမျှသည့် လူတိုင်းကို နားလည်ဖို့ တာဝန်သိတတ် အသိဉာဏ် ရှိရှိလုပ်ဆောင်ဖို့ ကြိုးစားရမည်ဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ သင်သည် ၎င်းတို့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားသင့်သည်။ သင်သည် ၎င်းတို့ကို မည်သို့ စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားမည်နည်း။ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ ဖြစ်နိုင်သမျှ နည်းလမ်းများကို တွေးရမည်၊ သင်သည် အဖိုးအခကို ပေးဆပ်ရမည်၊ ပြီးလျှင် နည်းနိဿယအချို့နှင့် စည်းစနစ်အချို့တို့ဖြင့် သင့်ကိုယ်သင် အသုံးချသင့်သည်။ အချုပ်အားဖြင့်၊ သင်၏ တွန်းအားသည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လိပ်ပြာသန့်သော နည်းလမ်းတစ်ခု၌ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သင့်သည်။ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်တွင်၊ သင် ဧဝံဂေလိတရားတော် ဝေမျှခဲ့သည့် လူတစ်ဦးကို သတိရသည့်အခါ၊ သင်သည် သင်၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်ကို ခံစားရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့က ယင်းကို လက်မခံခဲ့လျှင်ပင်၊ သင်သည် လိပ်ပြာသန့်လိမ့်မည် ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် စိတ်မအေးသေးဘဲ၊ ၎င်းတို့ကို စည်းရုံး သိမ်းသွင်းနိုင်ပြီး ဖြစ်သင့်သည်ဟု ခံစားရသေးသော်လည်း၊ သင်၏ကိုယ်ပိုင် ခဏတာ လျစ်လျူရှုခြင်း သို့မဟုတ် ပျင်းရိခြင်းတို့ကြောင့် သို့မဟုတ် ခဏတာ ခံစားချက်တစ်ခု သို့မဟုတ် ကိုယ်ပိုင် ဆန္ဒတို့ကြောင့် သို့မဟုတ် သင်သည် အခွင့်အရေးကို မလွှတ်တမ်း အသုံးမချသောကြောင့်၊ ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားသည့်သူကို ဆုံးရှုံးရပါက၊ ဤသည်မှာ သင့်ကို အမည်းစက် ထင်စေသည့် အစွန်းအထင်းတစ်ခု ဖြစ်ပေလိမ့်မည်။ အမည်းစက်ထင်ခံရခြင်း၊ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရသလော။ ဘုရားသခင်သည် သင့်အား ဤအသေးစား ပြဿနာအတွက် ပြစ်တင်ရှုတ်ချဖို့အထိ မလုပ်ဆောင်သေးပေ။ သူက မရောင်ရာ ဆီလူးသည်အထိ လုပ်ဆောင်မည် မဟုတ်သော်လည်း၊ ဤကိစ္စက သမ္မာတရားနှင့် နှိုင်းယှဉ်အကဲဖြတ်ခြင်းအားဖြင့် ဤပြဿနာသည် ပြေလည်သွားပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏တာဝန်ကို မဖြည့်ဆည်းခဲ့သောကြောင့်၊ ယင်းမှာ ဘုရားသခင်၏ စီရင်ခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ ပြစ်တင်ရှုတ်ချခြင်းနှင့် မတူမျှသော်လည်း၊ ဘုရားသခင်က သင်၏ လွန်ကျူးခြင်း အပြစ်များနှင့် အမှားများကို ထိုအတိုင်း စီရင်လိမ့်မည်။ ထို့ကြောင့် ဤအမှားမျိုးကို လျှော့ချဖို့ သို့မဟုတ် ရှောင်ရှားဖို့ လူများသည် ၎င်းတို့ ကြုံတွေ့ရသည့် ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားသည့် သူတိုင်းဖြင့် ရင်ဆိုင်ရာတွင် သာ၍ တက်ကြွသော ချဉ်းကပ်နည်းကို ယူသင့်သည်။ ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားသည့်သူက မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးပါက၊ သင်သည် မည်သို့ ဖြေကြားသင့်သနည်း။ သင်သည် ၎င်းတို့ကို ဖြေကြားဖို့၊ ၎င်းတို့ နားလည်ပြီး ထပ်မမေးတော့သည်အထိ ၎င်းတို့၏ မေးခွန်းကို ဖြေရှင်းပေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံကို တွေးဖို့၊ အချိန်ကုန်လူပင်ပန်းခံရန် စိတ်အနှောင့်အယှက် မဖြစ်သင့်ပေ။ သို့ပါက သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းပြီး၊ သင်၏စိတ်နှလုံးသည် လိပ်ပြာ လုံလိမ့်မည်။ ဤသည်မှာ သင်က ယင်းတို့နှင့်ပတ်သက်ပြီး အပြစ်ရှိသောစိတ် ကင်းသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ ဤတာဝန်၊ ဤဝတ္တရားသည် သင့်ကို ဘုရားသခင်က ပေးအပ်ထားခြင်း ဖြစ်သောကြောင့်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ အပြစ်ရှိသော စိတ်ကင်းလိမ့်မည် ဖြစ်သည်။ သင်လုပ်သမျှအရာ အားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် လုပ်ဆောင်ပြီး၊ ဘုရားသခင်ကို ရင်ဆိုင်ပြီး လုပ်ဆောင်သည့်အခါ၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်သည့်အခါ၊ သမ္မာတရား အခြေခံသဘောတရားအတိုင်း လုပ်ဆောင်သည့်အခါ၊ သင်၏အတွင်းပိုင်း စံနှုန်းသည် မြင့်မားသော အဆင့်တစ်ခုသို့ တိုးတက်လာလိမ့်မည်။ သင်၏စံနှုန်းများ တိုးမြှင့်လာသည်နှင့်တစ်ပြိုင်နက် လူများက သင်လုပ်သည့်အရာများနှင့် သင်ပြောသည့် စကားများကို အတည်ပြုပြီး အလွယ်တကူ လက်ခံလိမ့်မည် ဖြစ်သည်။ သင်ပြောသည့် စကားများသည် အလင်းပေးပြီး လက်တွေ့ကျပါက၊ သင်သည် ယှဉ်ပြိုင်မှုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းတို့ကို ရှောင်နိုင်လိမ့်မည် ဖြစ်ပြီး၊ သင်ရှောင်နိုင်သည် နှင့်အညီ သင်သည် အခြားသူများကိုလည်း တည်ဆောက်ပေးလိမ့်မည်။ သင်သည် ဧဝံဂေလိတရားကို သက်သေခံခြင်းနှင့် ဖြန့်ဝေခြင်းတို့ အပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှုကိုလည်း ရှောင်ရှားလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

သင်သည် လက်တွေ့ကျဖို့လိုသည်၊ သင်၏တာဝန်များကို ဖြည့်ဆည်းပြီး သင်၏ဝတ္တရားများကို ကောင်းစွာ ထမ်းဆောင်ဖို့လိုသည်။ တစ်နေ့တွင် သင်သည် ဘုရားသခင် ရှေ့မှောက်သို့သွားကာ “ဘုရားသခင်၊ လူဆယ်ယောက်ကိုသာ ကျွန်ုပ်ရရှိပါသည်။ ဤလူဆယ်ယောက်ကို ရရှိဖို့ ကျွန်ုပ်သည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး အစွမ်းကုန် ကြိုးစားခဲ့ပါ၏၊ ယင်းမှာ ကျွန်ုပ်လုပ်နိုင်စွမ်း အကုန်သာ ဖြစ်ပါသည်။ ဧဝံဂေလိတရားကို ကျွန်ုပ်ဖြန့်ဝေသည့်အခါ ပထမအနေဖြင့် ကျွန်ုပ်သည် လက်မလျှော့ပါ၊ ဒုတိယအနေဖြင့် ကျွန်ုပ် စိတ်ခံစားချက်များ၏ စိုးမိုးခြင်းကို ကျွန်ုပ်ခွင့်မပြုခဲ့ပါ။ တတိယအနေဖြင့် ကျွန်ုပ်သည် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ မကြိုးစားခဲ့ပါ။ စတုတ္ထအနေဖြင့် ဧဝံဂေလိဝေမျှဖို့ ရည်မှန်းထားသူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်သည် မသေးနုပ်စေခဲ့သကဲ့သို့ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်၏ကိုယ်ပိုင် ကြွယ်ဝမှု၊ သာယာမှု၊ သို့မဟုတ် အကျိုးစီးပွားများကို ထောက်ပံ့ဖို့ မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ၊ သို့မဟုတ် ခုတုံးများအဖြစ် အသုံးမပြုခဲ့ပါ။ သို့ရာတွင် ဧဝံဂေလိဝေမျှဖို့ ဤရည်မှန်းထားသူများကို တရားဟောကြားသည့်အခါ ကျွန်ုပ်သည် ၎င်းတို့၏ ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်း၊ အထင်လွဲခြင်းနှင့် ၎င်းတို့၏တံခါးဝမှ နှင်လွှတ်ခြင်းနှင့် အပြင်သို့ မောင်းထုတ်ခြင်းတို့ကိုပင် ခံခဲ့ရပါသည်။ ကျွန်ုပ် ဒုက္ခခံခဲ့ရသော်လည်း ကျွန်ုပ်၏တာဝန်များကို ဖြည့်ဆည်းခဲ့ပြီး ဖြစ်သောကြောင့် ကျွန်ုပ်၏ လိပ်ပြာလုံပါသည်။ ကျွန်ုပ် ဧဝံဂေလိတရားဖြန့်ဝေခဲ့သည့် အချိန်ကို ပြန်ကြည့်ပါက ချို့ယွင်းချက်များ ဧကန်ရှိသော်လည်း ယင်းတို့သည် ပြစ်မှားခြင်းများနှင့် သဘောမညီမျှခဲ့သကဲ့သို့ ကိုယ်တော်ကို အရှက်ရစေမည့် မည်သည့်အမည်းစက်ကိုမျှလည်း ကျွန်ုပ်မချန်ခဲ့ပါ၊ ဘုရားသခင်” ဟု သင်ပြောသည်။ မိမိတာဝန်များကို အမှန်တကယ် ဖြည့်ဆည်းခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ ဧဝံဂေလိတရား ဖြန့်ဝေသည့် တာဝန်ကို ထမ်းဆောင်သည့်သူ တစ်ဦးအနေဖြင့် တစ်နေ့တွင် သင်သည် ဘုရားသခင်ရှေ့သို့သွားပြီး သင်၏လုပ်ရပ်များကို လိပ်ပြာလုံလုံဖြင့် စစ်ကြောခြင်း ခံရမည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါ လူများစွာတို့ကို သင်ကြုံခဲ့ကြုံရသော်လည်း အနည်းငယ်ကိုသာ ရရှိခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၏လုပ်နိုင်စွမ်းအရ၊ သင်၏အစွမ်းအစအရ၊ ပြီးလျှင် သင်တတ်နိုင်သမျှ လုပ်ဆောင်ပြီးခြင်းအရလည်း သင်သည် ထိုမျှလောက်သော လူများကိုသာ ရရှိနိုင်ခြင်းမျိုး ဖြစ်နိုင်သည်။ သင့်အပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် သင်၏တာဝန်များကို လုံလောက်စွာ ထမ်းဆောင်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် စိတ်နှလုံးအကြွင်းမဲ့နှင့် ခွန်အားရှိသမျှကို ပေးထားပြီး ဖြစ်လိမ့်မည်။ တစ်စုံတစ်ဦးကို ဧဝံဂေလိတရား ဖြန့်ဝေဖို့အလို့ငှာ သင့်ကိုယ်သင် သမ္မာကျမ်းစာဆိုင်ရာ အသိပညာဖြင့် ပြင်ဆင်ပြီးဖြစ်လိမ့်မည်၊ သမ္မာကျမ်းစာနှင့် အကျွမ်းဝင်အောင် လုပ်ထားပြီး ဖြစ်လိမ့်မည်၊ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ပြီးဖြစ်လိမ့်မည်၊ အလွတ်ကျက်မှတ်ခြင်းကို ငြီးငွေ့လာသည့်နောက်တွင်ပင် ထိုခံစားချက်ကို သင်အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ ဧဝံဂေလိတရား ဝေမျှဖို့ ရည်မှန်းထားသူတစ်ဦးကို ရရှိရန်၊ ပို၍များသော လူများကို ရရှိရန်၊ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်နှင့် သင်၏တာဝန်များကို ဖြည့်ဆည်းဖို့အလို့ငှာ သင်သည် အနာရောဂါ၊ ချို့ယွင်းချက်များ၊ စိတ်နေစိတ်ထားများ၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကဲ့သို့ သင်၏ကိုယ်ပိုင် ကျော်လွှားရန်ရှိသည့် အခက်အခဲများစွာကို အောင်မြင်ကျော်လွှားပြီးဖြစ်မည်။ သင်သည် ဤအရာများ အားလုံးကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းကို လုပ်ဆောင်ရင်း အချိန်များစွာ ကုန်ဆုံးပြီး ဖြစ်လိမ့်မည်။ ဤအရာများသည် လူများအနေဖြင့် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သည် မဟုတ်လော။ ထိုအရာများအပြင် ပို၍များသော ဘုရားသခင်၏ အလိုတော်ကို ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူတို့ နားလည်အောင် ကူညီပေးဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ဧဝံဂေလိ သမ္မာတရားနှင့် သက်ဆိုင်သည့် ပို၍ တိကျပြီး ခြေခြေမြစ်မြစ်ရှိသော နားလည်မှုကို ရရှိနိုင်ဖို့အလို့ငှာ သင်သည် မှတ်စုများ ရေးထားနိုင်သည်၊ သမ္မာတရားဆိုင်ရာ ရူပါရုံများကို သီးသန့် လက်တွေ့လုပ်ဆောင်ပြီး ဆွေးနွေးနိုင်သည်၊ သို့မဟုတ် ဧဝံဂေလိတရားဝေမျှဖို့ ရည်မှန်းထားသူ၏ လှောင်ပြောင်ခြင်း၊ စော်ကားခြင်းများနှင့် အထင်လွဲခြင်းများကို သည်းခံနိုင်သည်။ ဤအရာများအတွက် သင်သည် ကြိုးပမ်းအားထုတ်မှုများစွာ စိုက်ထည့်ပြီး အဖိုးအခကြီးစွာ ပေးဆပ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်ကာ သင်၏တာဝန်ကို လုံလောက်စွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

ဧဝံဂေလိ ဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ငါတို့ မည်သည့်အရာကို ကြားသည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ သို့မဟုတ် မည်သို့သော ဆက်ဆံမှုမျိုးကို ကြုံရသည်ဖြစ်စေ ဤ ဧဝံဂေလိ ဖြန့်ဝေခြင်း တာဝန်ကို အမြဲ မလျှော့တမ်း လုပ်ဆောင်ရမည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကြောင့် ဤ တာဝန်ကို စွန့်လွှတ်၍ မရပေ။ ဤ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်သည် အဆင်ပြေ ချောမွေ့သော ခရီးလမ်းမဟုတ်ဘဲ အန္တရာယ်ဖြင့် ပြည့်နေသည်။ သင်တို့သည် ဧဝံဂေလိ ဖြန့်ဝေသောအခါတွင် ကောင်းကင်တမန်များ သို့မဟုတ် ဂြိုဟ်သားများ သို့မဟုတ် စက်ရုပ်များနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ အသက်ရှင်သန်နေသော နတ်ဆိုးများ၊ သားရဲများနှင့်သာ သင်တို့ ရင်ဆိုင်ရမည်။ ၎င်းတို့အားလုံးသည် ဤဆိုးယုတ်သည့်နေရာတွင် ရှင်သန်နေသော၊ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရပြီး ဘုရားသခင်ကို ခုခံသော လူသားမျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေခြင်း လုပ်ငန်းစဉ်တွင် သိမ်ဖျင်းသော အသေရေဖျက်မှု၊ လှောင်ပြောင်မှုများ၊ အထင်လွဲမှုများကို မဆိုထားနှင့်၊ ပို၍ပင်များပြားသော အန္တရာယ်မျိုးစုံ ဧကန်မုချ ရှိသည်။ သင်သည် ဧဝံဂေလိ ဖြန့်ဝေခြင်းကို တာဝန်တစ်ခု၊ ဝတ္တရားတစ်ခု၊ သင်၏အလုပ်တစ်ခုအဖြစ် အမှန်တကယ် မှတ်ယူလျှင် ဤ အရာတို့ကို သင် မှန်ကန်စွာ သဘောထားနိုင်မည် ဖြစ်ပြီး မှန်မှန်ကန်ကန်ပင် ကိုင်တွယ်နိုင်လိမ့်မည်။ ဤအရာတို့ကြောင့် သင်၏ တာဝန်နှင့် ဝတ္တရားကို သင် အချိန်မရွေး စွန့်လွှတ်မည်မဟုတ်သလို ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံဖို့ဖြစ်သည့် သင်၏ မူလ ရည်ရွယ်ချက်မှ သွေဖည်မည်မဟုတ်ပေ။ ဤသည်မှာ သင်၏ တာဝန် ဖြစ်သောကြောင့် ဖြစ်သည်။ ဤတာဝန်ကို မည်သို့ နားလည်သင့်သနည်း။ သင် အသက်ရှင်သည့် ဤဘဝ၏ တန်ဖိုးနှင့် မူလတာဝန်သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော် သတင်းကောင်းကို ဖြန့်ဝေရန်နှင့် ဘုရားသခင်၏အမှုတော်၏ ဧဝံဂေလိ တရားကို ဖြန့်ဝေရန်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်ကို အသိအမှတ်ပြုပါက ဧဝံဂေလိတရား ဖြန့်ဝေဖို့နှင့် သင်၏တာဝန်ကို လျော်ကန်စွာ လုပ်ဆောင်ဖို့ဟူသည့် သင်၏ဝတ္တရားကို ဖြည့်ဆည်းခြင်းအတွက် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ရန် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အဖိုးအခဆိုသည်မှာ ကိုယ်ခန္ဓာ အပယိကဖျားနာမှုတစ်ခုခုကိုဖြစ်စေ၊ အခက်အခဲ တစ်ခုခုကိုဖြစ်စေ ခံစားရခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်၏ပတ်ဝန်းကျင်မှ ပေါ်ထွက်လာသည့် ညှဉ်းပန်းနှိပ်စက်မှုများကိုဖြစ်စေ၊ လောကီလူများ၏ အထင်လွဲခြင်းများကိုဖြစ်စေ ခံစားရခြင်း ဖြစ်နိုင်သည့်အပြင် ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသူများ၏ ရိုက်နှက်မှုကို ခံရခြင်း၊ ကြိမ်းမောင်းခံရခြင်းနှင့် စွန့်ပယ်ခံရခြင်းတို့ ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အပြင်းထန်ဆုံးသော အခြေအနေများတွင် သင်၏အသက်ကို ဘေးသင့်စေခြင်း ဖြစ်နိုင်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ကာလတစ်လျှောက်တွင် ဘုရားသခင်၏ အမှုတော်မပြီးဆုံးမီ သင်သေဆုံးသွားခြင်းနှင့် ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကို မမြင်လိုက်ရဘဲ သင်သေဆုံးသွားခြင်းတို့ ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ သို့သော် ငါသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီဖြစ်ပြီး သင်တို့သည်လည်း နားလည်ပြီး ဖြစ်သည့်အတွက် သင်တို့၌ ဤပြင်းပြသောဆန္ဒ ရှိနေသေးကာ ထိုဆန္ဒက မပြောင်းလဲသေးပါက သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ယင်းက သက်သေပြနေ၏။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး လုပ်သမျှက ချောမွေ့လိမ့်မည်ဖြစ်ကြောင်း၊ အားလုံး၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများရှိပြီး သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့က အတူပါရှိနေမည်ဖြစ်ကြောင်း မယူဆနှင့်။ ဤသည်မှာ လူ့စိတ်ကူးထဲမှလာသည့်အရာ ဖြစ်သည်။ ဉာဏ်ပညာမရှိဘဲ ဧဝံဂေလိတရားကို ဖြန့်ဝေ၍ မရနိုင်ပေ၊ မသိနားမလည်သူများ၌ ကံခေခြင်းများ မကြာခဏ ဖြစ်ပျက်လေ့ရှိ၏။ ဖာရိရှဲများကလည်း ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်ပင်၊ သို့သော် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ ယနေ့ ဘာသာရေးလောကသည် ထိုသို့သော ဆိုးဆိုးရွားရွား ကိစ္စကို လုပ်လိမ့်မည် မဟုတ်ဟု သင်ထင်သလော။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများဖြစ်သည်ကို မမေ့နှင့်။ ဤသို့သော ကိစ္စမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ မယုံကြည်သူများသည် ထိုအရာများကို ဂရုမစိုက်ကြပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် တပည့်တော်များသည် မည်သို့သေဆုံးသွားကြသနည်း။ တပည့်တော်များထဲတွင် ခဲဖြင့် ပေါက်သတ်ခံရသူများ၊ မြင်းဖြင့် တရွတ်တိုက် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် အပေါင်အလက် ဖျက်ခံရသူများရှိကြသည်— သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့၏။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းအရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး လောကီသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့် စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ကြိမ်းမောင်းခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်အကြောင်း မပြောကြစို့နှင့်၊ သို့မဟုတ် ၎င်းတို့၏ အပြုအမူကို ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းအကြောင်း မပြောကြစို့နှင့်၊ ထိုအစား ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ ၎င်းတို့ဘဝနိဂုံးချုပ်သွားပုံသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ လူသား အယူအဆများ၏ အမြင်ရှုထောင့်မှဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ဤအဖိုးအခမျိုးကို ပေးပါက အနည်းဆုံးအနေဖြင့် အသေကောင်းကို ရသင့်လေသည်။ သို့ရာတွင် ဤလူများသည် ၎င်းတို့ အချိန်မကျမီတွင် အဖြစ်ဆိုးနှင့် သေဆုံးခဲ့ကြသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီပေ၊ သို့သော်လည်း ဘုရားသခင်က ထိုအရာအတိအကျကို လုပ်ဆောင်ခဲ့သည်— ဘုရားသခင်က ယင်းကို ဖြစ်ခွင့်ပြုခဲ့သည်။ ဘုရားသခင်က ဤအရာကို ဖြစ်ခွင့်ပေးခြင်း၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်ဆဲခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ထိုအရာတစ်ခုမျှ မဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခုအခါတွင် လူများသည် ၎င်းတို့၏ သေဆုံးခြင်းများကို စိတ်နှလုံးပူဆွေးခြင်းအတိဖြင့် ပြန်လည် သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့်ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြပြီး ယင်းက လူတို့၏စိတ်နှလုံးများကို ကြေကွဲစေခဲ့သည်။ ဤအရာကို မည်သို့ရှင်းပြမည်နည်း။ ဤအကြောင်းအရာကို ငါတို့ထည့်သွင်းဆွေးနွေးသည့်အခါ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်ကြသည်။ ထို့နောက်တွင် သင်တို့၏စိတ်နှလုံးများ ဝမ်းနည်းကြသလော၊ ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို ခံစားရသလော။ “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ဟူသည့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြ၍ ၎င်းတို့ကို လူကောင်းများအဖြစ် မှတ်ယူသင့်၏၊ သို့ဖြစ်လျှင် ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခု၊ ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်သွားကြသနည်း” ဟု သင်တို့တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ၎င်းတို့၏ အဆုံးသတ်သည်လည်း ထိုသို့ပင်ဖြစ်သည်ဟု မဆိုလိုပေ။ မည်သည့်အရာပင် ဖြစ်ပါစေ၊ မည်သို့ပင် ဖြစ်ပျက်ခဲ့ပါစေ ၎င်းတို့သေဆုံးပြီး ထွက်ခွာသွားသည့် နည်းလမ်းများမှာ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင်ရှင်းလင်းစွာ သိမြင်ရမည့်အရာ ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက အဖိုးအတန်ဆုံးဖြစ်သည့် ၎င်းတို့၏အသက်ကို အသုံးပြုခဲ့သည်— ဘုရားသခင်၏လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံ သွေးသားခန္ဓာဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကအား ကြေညာဖို့ ၎င်းတို့သည် ၎င်းတို့ဘဝ၏ နောက်ဆုံး အခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ဘဝ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို တစ်ခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး ဖြစ်သည် မဟုတ်လော။ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ သွေးသားခန္ဓာဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူဆောင်ကြဉ်း ပေးလာသည့် ရွေးနုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက်ရှင်သန်ခွင့်ပြုကြောင်း လောကကြီးကို ကြေညာဖို့၊ လူသားတို့အား အတည်ပြုပေးဖို့ ၎င်းတို့၏ အသက်ကို အသုံးပြုခဲ့သည်— ဤအမှန်တရားသည် ထာဝရ မပြောင်းလဲပေ။ ၎င်းတို့၏တာဝန်ကို မည်သည့် အတိုင်းအတာအထိ ၎င်းတို့ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ ၎င်းတို့က ၎င်းတို့၏အသက်ဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ မိမိအတွက် အတွင်းကျသည့် တစ်ခုတည်းသောအရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသောအရာ၊ အဖိုးအတန်ဆုံးသောအရာဖြစ်၏၊ အမှန်တော့ ဤလူများသည် ဘုရားသခင်၏ အမှုတော်ကို လူများအသိအမှတ်ပြုစေရန် အလဲအလှယ်အနေနှင့် ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို အတည်ပြုချက်အနေဖြင့် ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအမှန်တရား တည်ရှိမှုကို သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်— ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့်ပုံစံဖြစ်သည် မဟုတ်လော။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ အဆုံး၌ ၎င်းတို့၏အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ မိမိ၏တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်ပေသည်။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုခိုင်းဖို့ ငါဆိုလိုသလော။ ထိုသို့ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန်ဖြစ်ကြောင်း၊ သင်ထိုသို့ပြုရန် ဘုရားသခင်က လိုအပ်ပါက ယင်းကို ကျင့်ဝတ်ဆိုင်ရာ ဝတ္တရားတစ်ခုအနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့ လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ရှိကြသည်၊ သို့သော်လည်း ထိုခံစားချက်များသည် မည်သည့် အသုံးတည့်မှုရှိသနည်း။ သင်ဤသို့လုပ်ဆောင်ဖို့ ဘုရားသခင်က လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့်အသုံးတည့်မှုရှိသနည်း။ သင်ဤသို့လုပ်ဆောင်ဖို့ ဘုရားသခင်က လိုအပ်လျှင် သင်သည် ဤတာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ သူသည် စာတန် ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ၎င်း၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဆိုလျှင် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်၏။ လူများသည် ဘုရားသခင်ထံမှ လာပြီး ဘုရားသခင်ထံသို့ပင် ပြန်ကြရသည်— ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းဟူသည့် မိမိ၏တာဝန်ကို ထမ်းဆောင်ရာ၌ တစ်စုံတစ်ဦးက နားလည်သင့်သော နောက်ဆုံး သမ္မာတရားဖြစ်သည်— လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိအသက်ကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်ပါက ယင်းမှာ အံ့ချီးဖွယ်ရာဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုးကို သင်မပိုင်ဆိုင်သေးပါက အနည်းဆုံးအနေဖြင့် သင်သည် ကျန်သည့်အရာများကို ဘုရားသခင်ထံ အပ်နှံထားလျက် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်သည်။ သို့ဆိုလျှင် လများ၊ နှစ်များ ကုန်ဆုံးပြီး သင်၏အတွေ့အကြုံနှင့် အရွယ်ရောက်ခြင်းတို့ တိုးပွားလာကာ သမ္မာတရားနှင့်သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အမျှ ဘုရားသခင်၏ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုအဖို့ သင့်ဘဝနောက်ဆုံးအချိန်တိုင်အောင် သင်၏အသက်ကို ဆက်ကပ်ဖို့ဟူသည့် ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခု သင်၌ ရှိသည်ကို သင်သတိပြုမိကောင်း ပြုမိလိမ့်မည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

အရှေ့သို့- ၈၀) အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်များကို ချင့်တွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၂) လူသစ်များကို ရေလောင်းပေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်