မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအား အာရုံစိုက်ဖို့၊ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာ ရှိဖို့နှင့် ရူပါရုံကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ရင်ဆိုင်နေချိန်တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိလိမ့်မည် ဖြစ်သည်။

၂။ ယောဘ၏ ယုံကြည်ခြင်းဖြင့်သာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို အပြစ်တင်ကာ သစ္စာဖောက်ဖို့ထက် မိမိကိုယ်ကိုယ် ကျိန်ဆဲရန် သာ၍ နှစ်သက်ရင်း၊ စမ်းသပ်မှုများ၏ ဆင်းရဲဒုက္ခကို သည်းခံနိုင်ပေသည်။

၃။စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏‌ ရှေ့မှောက်တွင် ငြိမ်သက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို ရှာဖွေရမည်ဖြစ်ပြီး သူ့အပေါ် မှီခိုဖို့ သင်ယူရမည်ဖြစ်သည်။ ထိုအခါမှသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပေသည်။

၄။စာတန်သည် သင့်ကို မည်သို့ လှည့်ဖြားသည်ဖြစ်စေ၊ သင့်ကို မည်သို့ စုံစမ်းနှောင့်ယှက်သည်ဖြစ်စေ သို့မဟုတ် သင့်ကို မည်သို့ ညှဉ်းပန်းနှိပ်စက်သည်ဖြစ်စေ၊ ဘုရားသခင်ထံ သင် ဆုတောင်းနိုင်ပြီး သင်၏ အသက်ကို စွန့်လွှတ်နိုင်ပါက၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိကာ သစ္စာစောင့်သိနိုင်စွမ်း ရှိလိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို စွန့်ပယ်သင့်သည့်အခါ၊ ဇာတိပကတိကို သင် စွန့်ပယ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း- ဤသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားဆိုသည်မှာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်နိုင်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ကာ နောက်ဆုံးတွင် သူ၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ရယူခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤမိန့်မြွက်ချက်များက သင့်ကို သိမ်းပိုက်ပြီး၊ သူ့ကို အပြည့်အဝနာခံစေသည့်အခါ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလေသည်။ ဤအရာမှတစ်ဆင့် သူသည် စာတန်ကို အရှက်ရစေပြီး သူ၏ အမှုကို ပြည့်စုံစေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင်- ယင်းမှာ သင်သည် ဤစမ်းသပ်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီးသည့်အခါ- သင်သည် ဤသက်သေခံချက်ကို ကောင်းကောင်း သက်သေခံပြီးဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် ပြည့်ဝသော သိနားလည်မှုရှိပြီး၊ ပေတရုကဲ့သို့ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်သောနေ့တစ်နေ့ ရှိလာပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီး စုံလင်စေခြင်း ခံရလိမ့်မည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သင့်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သင်၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းမှာ သင့်အနေဖြင့် ဆင်းရဲဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် အလွန်လက်တွေ့ကျပြီး သင်၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသောကြောင့်၊ သင့်အနေဖြင့် ထိုသို့သော အယူအဆများကို လက်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယင်းသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူအားလုံး စမ်းသပ်မှုများအလယ်တွင် ရှိကြသည်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အမှုသည် လက်တွေ့ကျ၏၊ သဘာဝလွန်ခြင်း မရှိပေ။ မည်သည့် အယူအဆမျှ မရှိဘဲ၊ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် သူ၏လက်တွေ့ကျသော မိန့်မြွက်ချက်များကို အပြည့်အဝ နားလည်ခြင်းနှင့် သူ၏ အမှုက ယခင်ထက် တိုး၍ လက်တွေ့ကျသည်နှင့်အမျှ သူ့ကို သာ၍ စစ်မှန်စွာ ချစ်နိုင်ခြင်းအားဖြင့်၊ သင်သည် သူ၏ ရယူခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရယူမည့် လူစုမှာ ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်သည်။ ယင်းမှာ သူ၏ လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်၏။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအမှုကို ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန်ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လူအချို့က ၎င်းတို့သည် လက်ရှိအတိုင်းသာ လိုက်လျှောက်ပြီး အသက်ကို ရခြင်းငှာ တတ်စွမ်းနိုင်သည်၊ မတတ်စွမ်းနိုင်သည်နှင့် ပတ်သက်ပြီး စိတ်မဝင်စားကြပါဟု ဆိုကြသည်၊ ၎င်းတို့သည် အသက်ကို လိုက်မရှာပေ၊ သို့သော် ၎င်းတို့သည် ဆုတ်ခွာခြင်းလည်း မရှိပေ။ အမှု၏ ဤအဆင့်ကို ဘုရားသခင်က ဆောင်ရွက်တော်မူသည်ကိုသာ ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ သက်သေခံချက်၌ ကျရှုံးခြင်း မဟုတ်သလော။ ဤကဲ့သို့သောလူတို့သည် သိမ်းပိုက်ခံရပြီးခြင်းကိုပင် သက်သေမခံကြ။ သိမ်းပိုက်ခြင်း ခံရပြီးသူများသည် အခြားအရာများ မည်သို့ပင်ဖြစ်နေပါစေ လိုက်လျှောက်ကြပြီး အသက်အား လိုက်ရှာခြင်းငှာလည်း တတ်နိုင်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်သာမကဘဲ ဘုရားသခင်၏စီစဉ်ခြင်းများ အားလုံးကိုလည်း လိုက်လျှောက်ရန် သိကြသည်။ ယင်းသို့သော သူများသည် သက်သေခံသောသူများ ဖြစ်ကြသည်။ သက်သေမခံသော သူများသည် အသက်ကို မည်သည့်အခါမျှ လိုက်မရှာခဲ့ဖူးကြဘဲ တော်စွလျော်စွ ကြုံရာကျပန်းနေခြင်းဖြင့် လိုက်လျှောက်ဆဲ ဖြစ်ကြသည်။ သင်သည် လိုက်လျှောက်ကောင်း လိုက်လျှောက်သော်လည်း ယင်းမှာ သင်သည် သိမ်းပိုက်ခြင်းခံရပြီးကြောင်း မဆိုလိုပေ၊ အကြောင်းမှာ သင်သည် ယနေ့ ဘုရားသခင်၏ အမှုကို လုံးဝနားမလည်သောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရရန်အလို့ငှာ အချို့သော သတ်မှတ်ချက်များနှင့် ပြည့်မီရမည်။ လိုက်လျှောက်သောသူအားလုံး သိမ်းပိုက်ခံရသည် မဟုတ်၊ အကြောင်းမှာ သင်၏ စိတ်နှလုံးတွင် ယနေ့၏ ဘုရားသခင်နောက်ကို အဘယ်ကြောင့် သင်သည် လိုက်လျှောက်ရမည်နှင့် ပတ်သက်၍ သင်အဘယ်အရာကိုမျှ နားမလည်သကဲ့သို့၊ သင်သည် ယနေ့အထိ မည်ကဲ့သို့ ရောက်လာခဲ့သည်နှင့် မည်သူသည် သင့်အား ယနေ့ထိတိုင် ထောက်မပေးနေသည်ကို သင် မသိသောကြောင့် ဖြစ်သည်။ အချို့သူများ၏ ဘုရားသခင်အား ယုံကြည်သက်ဝင်ခြင်းအပေါ် လက်တွေ့လုပ်ဆောင်မှုသည် အမြဲနားဝေတိမ်တောင်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေကြ၏။ ထို့ကြောင့် လိုက်လျှောက်ခြင်းက သင့်တွင် သက်သေခံခြင်းရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ စစ်မှန်သော သက်သေခံချက်သည် အတိအကျအားဖြင့် အဘယ်နည်း။ ဤနေရာတွင် ပြောသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းဖြစ်ပြီး၊ အခြားတစ်ပိုင်းမှာ စုံလင်စေခြင်း ခံရပြီးသည်ကို သက်သေခံခြင်းဖြစ်သည် (ယင်းမှာ အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများ နောက်လိုက်သည့် သက်သေခံချက်ပင် ဖြစ်လိမ့်မည်မှာ မှန်ပေသည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲက္ခများနှင့် စမ်းသပ်မှုများ အတောအတွင်း ခိုင်ခံ့စွာရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည်ဆိုပါလျှင်၊ သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ပေးခဲ့ပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် အရေးပါလှသော အရာမှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်မှုများ ဖြစ်စဉ်တိုင်းအတောအတွင်း၌ မြဲမြံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်းဟူသည့် သက်သေခံချက်၏ ပထမအဆင့် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံနေရခြင်း၏ သက်သေခံချက် ဖြစ်သည်။ ယင်းမှာ ယနေ့သည် သိမ်းပိုက်ခြင်း အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ (မျက်မှောက်အချိန်သည် ဘုရားသခင်၏ ကမ္ဘာပေါ်၌အမှု၏ အချိန်ဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏ ကမ္ဘာပေါ်၌ အဓိကအမှုသည် သူ့နောက်လိုက်သော ကမ္ဘာပေါ်ရှိ ဤလူစုအား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် သိမ်းပိုက်ခြင်း ဖြစ်သည်)။ သင်သည် သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာမကဘဲ၊ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို စစ်မှန်စွာ နားလည်နိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအမှုတစ်ခုလုံးကို စစ်မှန်စွာ သဘောပေါက်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ တကယ့်အဆုံးတိုင်အောင် လိုက်လျှောက်ရုံမျှနှင့် သင်သည် လွတ်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်း၏ အတောအတွင်း၌ သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အမှု၏ အဆင့်အသီးသီးကို စစ်မှန်စွာ နားလည်နိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းနှင့် နာခံခြင်းတို့ကို တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရန် လိုအပ်သည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းသည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းထံသို့ ဖြစ်သည်မှာ အထူးအရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက် သို့မဟုတ် အာဏာစွဲကိုင်သူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်သည် သို့မဟုတ် ပြောဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏အမှုအားလုံးကို နာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများအားလုံး— ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင်ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် လူ့ဇာတိသို့ ဘုရားသခင် ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် နတ်ဆိုးများနှင့် ရန်လိုသူများကို ရည်ရွယ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြသော ရန်သူများ အားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်စေခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက်ပြီးနောက် သင်သည် ဘုရားသခင် အကြောင်း အသိပညာကို ပိုင်ဆိုင်လာပြီး သူ့အကြောင်း ယုံမှားမရှိ ဖြစ်လာကာ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ပေတရု၏ အမူအရာနှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်၊ ဤသို့ဖြစ်သည်မှာ သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ သူ့ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက်နှင့်ညီသော လူသား၏ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်စေခြင်းတို့ ခံရပြီးသော တစ်စုံတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဤသည်မှာ ယင်းမှာ အန္တိမ သက်သေခံချက် ဖြစ်သည်၊ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ပေးသင့်သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ၎င်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်းသည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့်ထံမှ ယနေ့ငါလိုအပ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိတို့အားဖြင့် ယင်းကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အရှိတရားအဖြစ် မရှိဘဲနှင့်၊ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်လာသောအခါတွင်၊ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ထုတ်ဖော်ပြခံရလိမ့်မည်။ သို့သော် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားသူများသည် စမ်းသပ်မှုများနှင့် ဝန်းရံဖိစီးခံရသည့်အခါ၊ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရား ပိုင်ဆိုင်သောသူနှင့် ဘုရားသခင်ကို ဆာငတ်သောသူသည် ဘုရားသခင်အား သူ၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်သင့်သည်။ လက်တွေ့အရှိတရား မပိုင်ဆိုင်သူများသည် အသေးအဖွဲ ကိစ္စလေးများကိုပင် ရင်ဆိုင်ရာတွင် ခိုင်ခိုင်မြဲမြဲ မရပ်တည်နိုင်ပေ။ ယင်းမှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူများနှင့် မရှိသူများကြားက ခြားနားချက်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက် ကြသော်လည်း၊ စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော်လည်း၊ အချို့က အဘယ်ကြောင့် ထွက်ပြေးကြသနည်း။ သိသာထင်ရှားသော ခြားနားမှုမှာ အချို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသကဲ့သို့၊ ၎င်းတို့အတွင်းတွင် သူ၏ နှုတ်ကပတ်တော်များက အမြစ်မတွယ်သေးပေ။ ၎င်းတို့ မောပန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လမ်းကြောင်း အဆုံးသို့ ရောက်ကြလေသည်။ သို့ဆိုလျှင် စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို သိနားလည်ပြီး ရူပါရုံ ရှိကြကာ ဘုရားသခင်၏ အလိုနှင့် သူ၏ သတ်မှတ်ချက်များကို နားလည်သောကြောင့် ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြပေသည်။ ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်ပြီး၊ အသက်လည်း ဖြစ်သည်။ အချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း၊ လက်တွေ့ မလုပ်ဆောင်ကြပေ၊ ယင်းတို့ကို လေးလေးနက်နက် သဘောမထားကြပေ။ ယင်းတို့ကို လေးလေးနက်နက် သဘောမထားသူတို့သည် လက်တွေ့လုပ်ဆောင်ဖို့ အလေးမထားကြချေ။ ၎င်းတို့၏ လက်တွေ့ အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသူတို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသကဲ့သို့၊ ထိုသို့သော လူများသည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ- သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းတွင် တိုက်ပွဲတစ်ခုရှိသည့်အခါ၊ သင်၏ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုနှင့် စစ်မှန်သော ဆင်းရဲဒုက္ခခံစားရခြင်းတို့ကြောင့် သင့်အတွင်းတွင် ဘုရားသခင် အမှုပြုပေသည်။ အဆုံး၌ သင့်အတွင်းမှာ ပြဿနာကို ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ အလိုတော်ကို နားလည်စေသော်လည်း၊ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့ လုပ်ဆောင်သည့်အခါ၊ သူ့ထံ သင် ဆုတောင်းနိုင်ဆဲဖြစ်သင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံသည့်အခါ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အေးစက်သွားသည့် ခံစားမှုအရိပ်အယောင် လုံးဝမရှိဘဲ၊ သူ့ရှေ့မှောက်သို့ သင်လာပြီး၊ ရှာဖွေသင့်ကာ သူ၌ ယုံကြည်စိတ်ချမှုအပြည့် ဖြစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသူများသည် ဝတ်ပြုစည်းဝေးပွဲများအတွင်းတွင် အားအင်အပြည့် ဖြစ်ကြသော်လည်း၊ အိမ်ပြန်သွားကြသည့်အခါ အမှောင်ထဲသို့ ကျရောက်ကြလေသည်။ အတူတကွ မစုဝေးချင်ကြသော သူအချို့ပင် ရှိလေသည်။ ထို့ကြောင့် လူတို့ ဖြည့်ဆည်းသင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏အလိုတော်သည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။ ဘုရားသခင်သည် ကွယ်ဝှက်သည့်နည်းလမ်းဖြင့် အမှုပြုသည့်အခါ၊ သင်သည် မရှာဖွေပါက ပြဿနာဖြစ်ပေသည်။ အစည်းအဝေးများအတွင်း ဘုရားသခင်စကားပြောကာ ဟောပြောသည့် အချိန်တွင်၊ သင်သည် စိတ်အားထက်သန်မှုဖြင့် နားထောင်သော်လည်း၊ သူစကားမပြောသည့်အခါ သင်သည် အားအင်မဲ့ကာ နောက်ဆုတ်လေသည်။ မည်သည့်လူစားမျိုးသည် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ လူအုပ်သွားရာနောက် မည်သည့်နေရာမဆို လိုက်သည့်သူတစ်ဦးသာ ဖြစ်ပေသည်။ ၎င်းတို့သည် ရပ်တည်ချက်မရှိ၊ သက်သေခံချက် မရှိသကဲ့သို့၊ ရူပါရုံ မရှိကြချေ။ လူအများစုသည် ဤသို့ဖြစ်၏။ သင်သည် ဤနည်းအတိုင်း ဆက်သွားပါက၊ ကြီးမားသော စမ်းသပ်မှုကို သင် ကြုံရချိန်တစ်နေ့တွင် ပြစ်ဒဏ်ပေးခြင်းထဲသို့ သင်ကျရောက်လိမ့်မည်။ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ၏ အခြားတောင်းဆိုချက်များ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက၊ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ သဘောတူသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။...သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် နာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်-သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

အရှေ့သို့- ခရစ်တော်နောက်လိုက်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- မိမိ၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၈၂ အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်