၁၂၈။ မိမိ၏ ညီအစ်ကိုများ နှင့် ညီအစ်မများကို ဆက်ဆံရမည့် နည်းလမ်း နိယာမများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လေ့ရှိသူများအားလုံး၊ သမ္မာတရားကို လက်ခံနိုင်သူများအားလုံး နှင့် သူတို့တတ်နိုင်သမျှ အကောင်းဆုံး မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများအားလုံးတို့သည် ညီအစ်ကိုများ နှင့် ညီအစ်မများဖြစ်ကြပြီး၊ သူတို့ကို ထိုအတိုင်း ဆက်ဆံသင့်သည်။

(၂) ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများ၌ အခက်အခဲများရှိသောအခါတိုင်း သို့မဟုတ် အဖျက်သဘော နှင့် အားနည်းမှုကို ရင်ဆိုင် ကြုံတွေ့ရချိန်တိုင်း၊ သူတို့ထံသို့ လည်ပတ်ကာ ဖေးမကူညီသင့်ပါသည်။ သူတို့နှင့်အတူ သမ္မာတရား၌ မေတ္တာဖြင့် မိတ်သဟာယဖွဲ့သင့်သည်၊ တတ်နိုင်သမျှ အကောင်းဆုံး သူတို့၏ ပြသနာများကို ကူညီဖြေရှင်းပေးသင့်သည်။

(၃) စုံစမ်းခြင်းများ နှင့် နှောက်ယှက်ခြင်းများ အလယ်တွင် ရှိသူ ညီအစ်ကိုများ နှင့် ညီအစ်မများထံသို့ လည်ပတ်ကာ သူတို့နှင့်အတူ အားလုံး သာ၍ မကြာခဏ သမ္မာတရား၌ မိတ်သဟာယဖွဲ့သင့်သည်။ တစ်ဦးတစ်ဦး ပံ့ပိုးကာ အခြားသူကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းရန် ကူညီလော့။

(၄) ပစ်မှားခြင်းကို ကျူးလွန်ပြီး ဆင်းရဲသော လူ့သဘာ၀တွင် ရှိသော ညီအစ်ကိုများ နှင့် ညီအစ်မများ ရင်ဆိုင်ကြုံတွေ့ရသော လက်တွေ့ကျသည့် အခက်အခဲများနှင့် စပ်လျဉ်းပြီး ခြားနားခြင်းမရှိဘဲ မပြုမူသင့်ပါ။ သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တတ်နိုင်သမျှအားလုံးကို ပြုသင့်သည်။

(၅) သင်၏ ညီအစ်ကိုများ နှင့် ညီအစ်မများကို ခေါ်ဖိတ်ခြင်းသည် သူတို့၏ ဘဝဝင်ရောက်ခြင်း၏ ကိစ္စများကို ဖြေရှင်းရန် သက်သက်မဟုတ်ပေ၊ သူတို့၏ အိမ်ထောင်စုများတွင် ကြုံတွေ့ရသော အခက်အခဲများကို တွေ့ကြုံရသည့် အခါတိုင်း သူတို့ကို အကူအညီပေးသင့်သည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့်ယှဉ်သော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ခြင်းဆိုသည်မှာ ၄င်းကို ဆိုလိုသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“သမ္မာတရားကို ချစ်မြတ်နိုးသည့်လူများ အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။” သမ္မာတရားကို ချစ်မြတ်နိုးသူများသာလျှင် ဘုရားသခင်၏ မိသားစုနှင့် သက်ဆိုင်ပေသည်။ ၎င်းတို့သာလျှင် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ဘုရားသခင်၏အိမ်တော်ရှိလူများ အားလုံးနှင့် ဘုရားသခင်ကို ယုံကြည်နိုင်သူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု သင်တွေးထင်သလော။ မည်သည့်လူများက ညီအစ်ကိုမောင်နှမများ မဟုတ်သနည်း။ သမ္မာတရားကို လက်မခံသည့်သူများနှင့် စက်ဆုပ်ရွံရှာသည့်သူများ၊ ဆိုးညစ်သောသူများ၊ ပြီးလျှင် ဆိုးရွားသော လူ့သဘာဝဆိုးဖြင့် လူအချို့တို့သည် ညီအစ်ကို မောင်နှမများ မဟုတ်ပေ။ အပေါ်ယံတွင် လူ့သဘာဝကောင်း ရှိပုံရသည့်သူအချို့ပင် ရှိသော်လည်း၊ အသက်ရှင်ခြင်းအတွက် လောကအမြင်များဖြင့် စိတ်မပါ့တပါ စဉ်းစားရာတွင် ထူးချွန်သူများလည်း ရှိသည်။ ဤလူများက ပါးနပ်သော လှည့်ကွက်များကို အသုံးပြုပြီး သူတစ်ပါးကို အသုံးပြုကာ၊ မြှောက်ပင့်၍ လိမ်လည် ကြလိမ့်မည်။ တစ်စုံတစ်ဦးက သမ္မာတရားကို ပြောသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် စိတ်မဝင်စားဘဲ၊ ယင်းကို ၎င်းတို့က စက်ဆုပ်ကာ၊ ယင်းနှင့်ပတ်သက်ပြီး ကြားဖို့ ၎င်းတို့ သည်းမခံနိုင်ကြပေ၊ သမ္မာတရားသည် ပျင်းရိဖွယ်ကောင်းသည်ဟု ၎င်းတို့ခံစားရပြီး၊ ဂနာမငြိမ်နိုင်ကြပေ။ ဤလူမျိုးများသည် မယုံကြည်သူများ ဖြစ်ပြီး သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် တကယ်ကို သဘောမထားရပေ။ သင့်ကို အကျိုးအမြတ် တစ်မျိုးမျိုးဖြင့် ၎င်းတို့က လာဘ်ထိုးနိုင်သည်၊ သို့မဟုတ် သင့်အပေါ် အခွင့်အရေး အနည်းငယ် ပေးနိုင်သည်။ သို့သော် သင်က သမ္မာတရားနှင့် ပတ်သက်၍ ၎င်းတို့နှင့် စတင် မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သာမန် အမှုအရာများ အကြောင်းသာ စတင် စကားစမြည် ပြောတော့သည်။ ၎င်းတို့က ဇာတိပကတိ၏ အရေးကိစ္စများ၊ အလုပ်ကိစ္စများ၊ လောကီရေးရာများ၊ မယုံကြည်သူများ၏ အလားအလာများနှင့် သက်ဆိုင်သည့် ကိစ္စများ၊ ခင်တွယ်မှုများနှင့် မိသားစု အရေးကိစ္စအကြောင်းကိုသာ အမြဲ ပြောကြသည်။ ၎င်းတို့က ဤအပြင်ပန်းအမှုအရာများအကြောင်းသာ စကားစမြည်ပြောဆိုကြသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ သမ္မာတရား၊ ဘုရားသခင်၌ ယုံကြည်မှုရှိြခင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် မည်သည့်လူမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့သည် အယုံအကြည် မရှိသူများနှင့် မယုံကြည်သူများ ဖြစ်ကြသည်။) ဤလူအချို့သည် ၎င်းတို့၏ တာဝန်များကိုပင် လုပ်ဆောင်နေကြဆဲ ဖြစ်ပြီး အချို့က တိတ်တဆိတ်ဖြင့် ကာယလုံ့လ အချို့ကို သုံး၍ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းထက် မပိုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်သကဲ့သို့၊ သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုကြပေ။ ထိုသို့သော လူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်သလော။ ဤသည်တို့မှာ ညီအစ်ကို မောင်နှမများ တကယ်ကို မဟုတ်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏” မှ

သင်တို့သည် သန့်ရှင်းသူတစ်ဦးဖြစ်ခြင်း၏ ခံစားချက်နှင့် အခြေခံသဘောတရားများကို ရှာမတွေ့သေးပါက၊ သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်ပေါ့တန်ကြောင်းနှင့် သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်းကို ဤအရာက သက်သေပြနေသည်။ ဤသည်က နေ့စဉ် သင်အသက်ရှင်သည့် အပြုအမူနှင့် ပတ်ဝန်းကျင်၌၊ သင်တို့ကို ပျော်မွေ့ခံစားဖို့နှင့် တွေးဆဖို့၊ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယပြုဖို့၊ တစ်ဦးနှင့်တစ်ဦး အားပေးဖို့၊ တစ်ဦးနှင့်တစ်ဦး သတိပေးနှိုးဆော်ဖို့၊ တစ်ဦးနှင့်တစ်ဦး ကူညီဖို့နှင့် စောင့်ရှောက်ဖို့၊ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးဖို့နှင့် ထောက်ပံ့ဖို့ လိုအပ်လေသည်။ သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင့်ကိုယ်သင် ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင့်အသက်တာများ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ၊ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာသည်- မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း သို့မဟုတ် ရက်စက်ခြင်း မရှိပေ။ သင်သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှိီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင် သေးခြင်း သို့မဟုတ် ပမာမထားခြင်းတို့ကို သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း တစ်ယောက်မျှ မနာခံခြင်း အခြေအနေ တစ်ခုနှင့် သဘောထားတစ်ခုထက်၊ အချင်းချင်း ထောက်ပံ့ပြီး စောင့်ရှောက်ကြသည်။ ထိုသို့သော အနေအထားများ သို့မဟုတ် အခြေအနေများတွင် အသက်ရှင်ခြင်းသည် လူများကြားတွင် ဆိုးရွားသည့် ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ ယင်းက သင့်အပေါ်တွင် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး၊ သင့်ကို ထိခိုက်စေရုံသာမက၊ တစ်ပါးသူများကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ အပျက်သဘောဆောင်စွာ လွှမ်းမိုးမှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ ဤသည်ကို လူများ အောင်မြင်ကျော်လွှားဖို့အတွက် ယေဘုယျအားဖြင့် အလွန် ခက်ခဲသည်- လူများက သင့်ကို တလွဲမြင်သည့်အခါ၊ သင်စိတ်ဆိုးသည် သို့မဟုတ် ၎င်းတို့က သင်၏ဆန္ဒနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို ပြောသည့်အခါ၊ ပြီးလျှင် သင်၏အရည်အချင်းပြဖို့ အခွင့်အရေးကို တစ်စုံတစ်ဦးက ပိတ်ပင်ဖို့ တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါ၊ သင်သည် ၎င်းတို့ကို မကျေမချမ်းနိုင်ဖြစ်ပြီး ကသိကအောက်ဖြစ်ကာ၊ စိတ်မချမ်းမြေ့ဖြစ်ရသည်၊ ပြီးလျှင် သင်၏ဂုဏ်သတင်းကို မည်သို့ နဂိုအတိုင်းပြန်ဖြစ်စေဖို့ကိုသာ သင်တွေးနိုင်သည်။ အမျိုးသမီးများနှင့် လူများသည် ဤသည်ကို အထူးသဖြင့် အောင်မြင်ကျော်လွှားနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဤသေးသိမ်သော စိတ်သဘောထားများ၊ ဤဒေါထခြင်းများ၊ ဤသေးသိမ်သော စိတ်ခံစားချက်များ၌ မိနေကြပြီး ၎င်းတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာဖို့ ခက်ခဲကြလေသည်။ ဤရှုပ်ထွေးသော ပင့်ကူအိမ်ကဲ့သို့ ဆက်ဆံရေးများတွင် ငြိနေကာ၊ ယင်းတို့၌ ရစ်ပတ်ခြင်း ခံရလျက်၊ လူများအတွက် ဘုရားသခင် ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေဖို့ ခက်ခဲကြပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေဖို့ ခက်ခဲကြသည်။ ထို့ကြောင့် သင်သည် သင်၏ညီအစ်ကိုမောင်နှမများနှင့် မည်သို့သင့်မြတ်ဖို့ကို ပထမဦးစွာ သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်သည့် ထူးခြားချက်သည် မည်သည့်အရာ ဖြစ်သည်ကို၊ အချင်းချင်း၏ အားသာချက်များသည် မည်သည့်အရာဖြစ်သည်ကို မြင်နိုင်ရမည်- ပြီးလျှင် အချင်းချင်း၏ ထင်မြင်ချက်များကို လက်ခံရန် နှင့် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းကို ဆောင်ရွက်ဖို့ သင်ကိုယ်တိုင်၏ ရပ်တည်ချက်ကို နက်ရှိုင်းစွာ ပြင်ဆင်ပြောင်းလဲရန် သင်ယူရမည်။ သင့်ကိုယ်သင် စိတ်အလိုမလိုက်ရ သို့မဟုတ် သင်၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ဇက်ကုန် မလွှတ်ရ သို့မဟုတ် သင်၏ အားသာချက်မျှဖြင့်ပင်၊ အခြားသူများက သင့်ကို နားထောင်ဖို့၊ သင်ပြောသည့်အတိုင်း လုပ်ဆောင်ဖို့၊ သင့်ကို ကြည်ညိုဖို့ နှင့် သင့်ကို ပင့်ထားဖို့ အတင်းစေခိုင်းသော်လည်း၊ သူတစ်ပါး၏ ချွတ်ယွင်းချက်များကို အဆက်မပြတ် လူသိရှင်ကြား ပြောကာ၊ သိမ်ငယ်စေပြီး အထင်အမြင် သေးလျက်၊ ၎င်းတို့၏ချွတ်ယွင်းချက်များကို ချုပ်တည်းမှု မရှိဘဲ ချဲ့ကားပြောပြီး ပုံကြီးချဲ့သော်လည်း၊ ၎င်းတို့၏ အားသာချက်များကို သတိမမူမိသည်မှာ သို့မဟုတ် သူတစ်ပါးကို နာကျင်စေဖို့နှင့် နှောင့်ယှက်ဖို့ စကားများနှင့် အခြားနည်းလမ်းများကို သုံးသည်မှာ သင်သည် ၎င်းတို့ကို သင့်အား နာခံစေပြီးဖြစ်လိမ့်မည်၊ အရေးထားစေပြီး ဖြစ်လိမ့်မည်၊ ကြောက်စေပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် သင့်ထံမှ ပုန်းကွယ်စေပြီးဖြစ်လိမ့်မည်အထိပင် ဖြစ်လေသည်။ လူများအကြား ထိုသို့သော ဆက်ဆံရေးတစ်ခု ဖြစ်လာခြင်း သို့မဟုတ် တည်ရှိခြင်းကို သင်တို့ မြင်လိုသလော။ ယင်းမှာမည်သို့ရှိသည်ကို သင်တို့ ခံစားလိုမည်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။...လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

အခြေခံသဘောတရားအတိုင်း ပြုမူခြင်းတွင် အထူးသဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အခြားသူများကို မည်သို့ဆက်ဆံရမည်နှင့်စပ်လျဉ်း၍ ဂုဏ်ဒြပ်ရှိသူများနှင့် မရှိသူများအပြင်၊ သာမန် ညီအစ်ကိုမောင်နှမများနှင့် အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို သင်ဆက်ဆံသည့်ပုံစံ၏ နောက်ကွယ်မှ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ညီအစ်ကိုမောင်နှမများကို မယုံကြည်သူများက လူများကို ဆက်ဆံသည့်ပုံစံအတိုင်း တစ်ထေရာတည်း ဆက်ဆံ၍ မရနိုင်ပေ။ သင်သည် တရားမျှတပြီး အကျိုးအကြောင်း ဆီလျော်ရမည်။ သင်သည် ဤတစ်ယောက်နှင့် ရင်းနှီး၍ မရသကဲ့သို ထိုတစ်ယောက်နှင့်လည်း ရင်းနှီး၍မရပေ၊ သို့မဟုတ် သင်သည် ဂိုဏ်းများ သို့မဟုတ် အဖွဲ့ဖွဲ့ခြင်းများ မပြုသင့်ပေ။ သင်သည် လူများကို မနှစ်သက်သောကြောင့်၊ ၎င်းတို့ကို အနိုင်ကျင့်၍ မရနိုင်သကဲ့သို့၊ ရှိန်လောက်သော သူများကို ဖော်လံဖားလုပ်၍လည်း မရနိုင်ပေ။ ဤသည်မှာ အခြေခံသဘောတရားများအတိုင်း ဟူသည့်အရာကို ဆိုလိုခြင်းဖြစ်သည်။ အခြားလူများနှင့် သင်ဆက်ဆံသည့် နည်းလမ်း၌ သင်သည် ကိုယ်ကျင့်တရားကောင်းရမည်။ သင်သည် ၎င်းတို့အားလုံးကို မျှတစွာ ဆက်ဆံရမည်။ သင်က အလွန်ကောင်းသည်ဟု ထင်မြင်သည့်သူများကို သင့်ဖက်သို့ ဆွယ်ထားသော်လည်း၊ သင်ချဉ်းကပ်ဖို့ ခက်ခဲသည့်သူများကို ကြဉ်ထားပါက၊ သင်သည် အခြေခံသဘောတရားများ မကင်းမဲ့သလော။ ဤသည်မှာ ကမ္ဘာပေါ်တွင် ရှင်သန်ဖို့အတွက် မယုံကြည်သူများ၏ ဒဿနအမြင်ဖြစ်ပြီး၊ ယင်းက ၎င်းတို့ အခြားသူများကို ဆက်ဆံသည့် နည်းလမ်းနောက်ကွယ်မှ အခြေခံသဘောတရား ဖြစ်သည်။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားရော၊ စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှု စနစ်ပါ နှစ်ခုလုံး ဖြစ်ပေသည်။ မည်သည့်အခြေခံသဘောအရ ဘုရားသခင်၏ မိသားစုဝင်များကို သင် ဆက်ဆံသင့်သနည်း။ (ညီအစ်ကို မောင်နှမ အယောက်စီတိုင်းကို မျှမျှတတ ဆက်ဆံရပါမည်။) သူတို့ကို သင်တို့ မျှမျှတတ မည်သို့ ဆက်ဆံကြသနည်း။ အယောက်တိုင်းက အသေးအဖွဲ အမှားများနှင့် အားနည်းချက်များ ရှိကြသည့်အပြင်၊ တစ်ဦးချင်းစီအလိုက် ထူးခြားမှုများအချို့ ရှိကြသည်၊ လူအားလုံးက မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်မှု၊ အားနည်းချက်နှင့် သူတို့ ချို့တဲ့သည့် နယ်ပယ်များ ရှိကြသည်။ သူတို့ကို ချစ်ခင်သော စိတ်နှလုံးတစ်ခုဖြင့် သင် ကူညီသင့်ပြီး၊ စိတ်ရှည်ကာ သည်းခံသင့်သလို သေးငယ်သော အသေးစိတ်အချက်အလက်တိုင်းအပေါ် လွန်စွာ မကြမ်းတမ်းသင့် သို့မဟုတ် အရေးမပေးလွန်းသင့်ပါ။ ငယ်ရွယ်သောသူ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးသူ၊ သို့မဟုတ် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် များမကြာမီကသာ အစပြုရုံပြုကြပြီး၊ သီးသန့် တောင်းဆိုမှုအချို့ ရှိကြသည့် လူတို့နှင့် ပတ်သက်၍၊ သင်က ဤအရာများကို စွဲကိုင်ကာ ၎င်းတို့ကို အဆိုးမြင်ပါက၊ ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ သင်က ထိုအယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ ပြုလုပ်သည့် မကောင်းမှုကို မသိကျိုးကျွန်ပြုသော်လည်း၊ သင်၏ ညီအစ်ကို မောင်နှမများထဲက သေးငယ်သော အားနည်းချက်များနှင့် အမှားများကို ရှာတွေ့သောအခါ သူတို့ကို ကူညီဖို့ သင်ငြင်းပယ်၏၊ ယင်းအစား ထိုအရာများအပေါ် သင် အရေးပေးလွန်းပြီး သူတို့ကွယ်ရာတွင် သူတို့ကို ဝေဖန်သည်၊ ထိုသို့အားဖြင့် သာ၍ပင်များပြားသော လူများက သူတို့ကို ဆန့်ကျင်၊ ဖယ်ထုတ်ပြီး ဝိုင်းပယ်ဖို့ပင် ဖြစ်စေလေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံပြီး အမှုအရာများကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ လူတို့ကို မျှမျှတတ မဆက်ဆံနိုင်ခြင်း ဖြစ်သည်၊ ဤအရာက ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားတစ်ခုကို ဖော်ပြ၏။ ဤသည်မှာ အပြစ်တစ်ခု ဖြစ်သည်။ လူတို့က အမှုအရာများကို လုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေ၏၊ မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ မည်သို့ သင် စဉ်းစားပါစေ၊ သူ မြင်၏။ ဤအခြေခံသဘောတရားများကို သင်သဘောပေါက်လိုလျှင်၊ သမ္မာတရားကို ဦးစွာ သင်နားလည်ရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့် တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်ကို သင် သဘောပေါက်နိုင်သည်၊ သမ္မာတရားကို သင် နားမလည်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို သေချာပေါက် နားလည်လိမ့်မည် မဟုတ်။ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သမ္မာတရားက သင့်အား ပြောပြပြီး၊ ဤအရာကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သင် သိလိမ့်မည်။ အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းရှင်းလင်းလင်း ပြသထားပြီး ညွှန်ပြထား၏။ အခြားသူများကို မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် မရင့်ကျက်သည့် ဝိညာဉ်ရေးအသက်တာကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ ဘုရားသခင်သည် ဤလူတို့ကို သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးသည်ဟု မြင်ကောင်းမြင်လိမ့်မည်မဟုတ်သကဲ့သို့၊ မလိုမုန်းထားသည်ဟုလည်း မြင်ကောင်းမြင်လိမ့်မည်မဟုတ်ပေ။ ယင်းမှာ သူတို့က အတိုင်းအတာတစ်ခုအထိ မသိနားမလည်ကြ သို့မဟုတ် အရည်အချင်း ချို့တဲ့ကြခြင်း သက်သက်ဖြစ်သည်၊ သို့မဟုတ် လူမှုအဖွဲ့အစည်းအားဖြင့် သူတို့ အလွန်များစွာ ဆိုးညစ်မှုခံရပြီးခြင်း ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာအချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်အချို့ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ထိုကိစ္စရပ်များမှာ အရေးမကြီးပေ၊ သူက လူတို့၏ စိတ်နှလုံးများကိုသာ ကြည့်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ ၎င်းတို့ စိတ်ဆုံးဖြတ်လျှင်၊ မှန်သော ဦးတည်ချက်ကို သူတို့ ဦးတည်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည်၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ယင်းမှာ ဘုရားသခင်က သူတို့ကို ရိုက်ချက်တစ်ချက်ဖြင့် ထိုးလှဲလိုက်ခြင်းမဟုတ်သကဲ့သို့ တစ်ကြိမ် သူတို့ ကျူးလွန်မိခဲ့သည့် ချိုးဖောက်မှုတစ်ခုကို ဖမ်းဆုပ်ကာ လက်လွှတ်ရန် ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဤသို့ လုံးဝ မဆက်ဆံဖူးပေ။ ဤသို့ဆိုသော်ငြားလည်း၊ လူတို့က အချင်းချင်း ထိုသို့သော ပုံစံဖြင့် အချင်းချင်း ဆက်ဆံကြလျှင်၊ ဤအရာက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ မတူညီသော လူတို့ကို ဆက်ဆံနည်း အမျိုးမျိုး ဘုရားသခင်တွင် ရှိပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤအရာများ၏ သမ္မာတရားကို သင် နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို သင် ယခု တွေ့ကြုံနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

လူနှစ်ဦးသည် ကောင်းစွာသင့်မြတ်လိုပါက၊ ၎င်းတို့ အချင်းချင်း ၎င်းတို့၏ပြဿနာများနှင့် လျှို့ဝှက်ချက်များကို ပြောပြရမည်။ ဤသည်မှာ အတူတကွ သဟဇာတဖြစ်စွာ အလုပ်လုပ်မည့်လူနှစ်ဦးကြားတွင် သာ၍ပင် လိုအပ်လေသည်။ တစ်ခါတစ်ရံတွင်၊ လူနှစ်ဦး အပြန်အလှန် ဆက်ဆံသည့်အခါ၊ ၎င်းတို့သည် ထိပ်တိုက်ဆန့်ကျင်မှုများ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့၏မိသားစု ပတ်ဝန်းကျင်များ၊ နောက်ခံသမိုင်းကြောင်းများ သို့မဟုတ် စီးပွားရေးအခြေအနေများ မကိုက်ညီကြပေ။ သို့ရာတွင် ဤလူနှစ်ဦးသည် ၎င်းတို့အချင်းချင်း ၎င်းတို့၏ ပြဿနာများနှင့် လျှို့ဝှက်ချက်များကို ပြောပြနိုင်ပြီး ၎င်းတို့၏ အရေးကိစ္စများနှင့်ပတ်သက်၍ လုံးလုံး ရင်ဖွင့်နိုင်ကာ၊ မုသားများ သို့မဟုတ် လှည့်စားခြင်း တစ်ခုမျှ မရှိဘဲ ဆွေးနွေးပြောဆိုသကဲ့သို့၊ ၎င်းတို့အချင်းချင်း ၎င်းတို့၏စိတ်နှလုံးများကို ဖွင့်ပြနိုင်ပါက၊ ဤနည်းဖြင့် ၎င်းတို့သည် စစ်မှန်သော မိတ်ဆွေများ ဖြစ်လာနိုင်သည်၊ ယင်းက ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာဖို့ကို ဆိုလိုသည်။ အခြားသူတစ်ဦး၌ အခက်အခဲရှိသည့်အခါ၊ ၎င်းတို့က သင့်ကိုရှာပြီး မည်သူ့ကိုမျှ မရှာခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့အား အပြစ်ဖော် ဆုံးမလျှင်ပင်၊ သင်သည် စိတ်ရင်းအမှန်နှလုံးသားတစ်ခုဖြင့် ရိုးသားသောလူတစ်ယောက် ဖြစ်သည်ကို ၎င်းတို့က သိသောကြောင့်၊ သင်သည် အမှန်တကယ် ပြောသည်ကို ၎င်းတို့ သိကြသည်။ သင်တို့သည် ထိုသို့သောလူများ ဖြစ်နိုင်သလော။ သင်တို့သည် ထိုသို့သော လူများ ဖြစ်သလော။ မဟုတ်ပါက၊ သင်တို့သည် ရိုးသားသောလူများ မဟုတ်ပေ။ သင်သည် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါ၊ ၎င်းတို့ကို သင်၏စစ်မှန်သော စိတ်နှလုံးနှင့် မှန်ကန်မှုဖြင် ဦးစွာ သိမြင်သိမှတ်ရမည်။ အခြားသူများနှင့်ဆက်သွယ်ပြောဆိုပြီး အတူတကွ အလုပ်လုပ်ရာ၌ တစ်စုံတစ်ဦး၏ စကားများသည် ဝတ်ကျေတမ်းကျေဖြစ်သည်၊ စကားကြီးစကားကျယ်များ ဖြစ်သည်၊ အာလာပသလ္လာပ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးများ ဖြစ်သည်၊ တာဝန်မဲ့ပြီး စိတ်ကူးသက်သက် ဖြစ်သည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် အခြားသူများ၏ အခွင့်အရေးပေးခြင်း ရရှိရန် ကြိုးစားဖို့သက်သက်သာ ပြောပါက၊ ၎င်းတို့၏ စကားများသည် ရိုးသားမှုကင်းမဲ့လေသည်၊ ပြီးလျှင် ၎င်းတို့သည် အနည်းငယ်မျှပင် မရိုးသားကြပေ။ ထိုအခြားသူများသည် မည်သူဖြစ်ပါစေ၊ ဤသည်မှာ ၎င်းတို့၏ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသည့် ပုံစံဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် ရိုးသားသော နှလုံးသား ရှိသလော။ ဤသည်မှာ ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် ချို့ယွင်းချက်အချို့ ရှိပြီး ၎င်းတို့က သင့်အား “ကျွန်ုပ်သည် အဘယ့်ကြောင့် အလွန် အပျက်သဘောဆောင်ရသည်ကို ပြောပါဦး။ ကျွန်ုပ် သဘောကို မပေါက်နိုင်ပါ။” ဟု ရိုးသားစွာနှင့် စိတ်ရင်းအတိုင်း ပြောသည်။ ပြီးလျှင် အမှန်တွင် သင်သည် သင်၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ ပြဿနာကို နားလည်သော်လည်း ၎င်းတို့ကို မပြောဘဲ၊ ထိုအစား “ဘာမျှမဟုတ်ပါ။ ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်။” ဟု ပြောသည်ဟု ဆိုကြပါစို့။ ဤစကားများသည် ယင်းတို့ကို ကြားရသူအဖို့ ကြီးစွာ နှစ်သိမ့်မှုတစ်ခုဖြစ်သော်လည်း၊ သင်၏ သဘောထားသည် စိတ်ရင်းအတိုင်း ဖြစ်သလော။ မဟုတ်ပေ၊ စိတ်ရင်းအတိုင်း မဖြစ်ပေ။ သင်သည် ၎င်းတို့အား သာ၍ သက်တောင့်သက်သာရှိပြီး နှစ်သိမ့်ခြင်း ခံရစေရန်အလို့ငှာ၊ အခြားသူတစ်ဦးနှင့် ဝတ်ကျေတမ်းကျေ ဆက်ဆံနေခြင်း ဖြစ်သည်၊ သင်သည် ယင်းတို့နှင့် ရိုးသားစွာ စကားပြောခြင်းမှ ရှောင်ကြဉ်နေသည်။ ၎င်းတို့သည် ၎င်းတို့၏အပျက်သဘောဆောင်ခြင်းကို စွန့်ခွာနိုင်ဖို့အလို့ငှာ သင်သည် ၎င်းတို့ကို အလွန်စိတ်ထက်သန်စွာ ကူညီနေခြင်း မဟုတ်ပေ။ ၎င်းတို့ကို နှစ်သိမ့်ဖို့ကြိုးစားပြီး သင်တို့ကြားတွင် မည်သည့် စိတ်ဝမ်းကွဲခြင်း သို့မဟုတ် ပဋိပက္ခမျှ မရှိစေဖို့ သေချာစေဖို့အလို့ငှာသာ၊ သင်သည် ၎င်းတို့နှင့် ပြဿနာနည်းနိုင်သမျှ နည်းအောင် ကြိုးစားနေခြင်းသာ ဖြစ်သည်- ပြီးလျှင် ဤသည်မှာ ရိုးသားသည့်လူတစ်ယောက် ဖြစ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် ရိုးသားသည့်လူတစ်ယောက် အနေဖြင့် ဤအခြေအနေမျိုး ကြုံတွေ့သည့်အခါ၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်တွေ့ပြီးဖြစ်သည့်အရာကို ၎င်းတို့အား ပြောပြီး ဖော်ထုတ်လော့။ “ကျွန်ုပ်တွေ့ပြီးဖြစ်သည့်အရာနှင့် ကျွန်ုပ် တွေ့ကြုံပြီးဖြစ်သည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ် ပြောသည့်အရာသည် မှားသည် သို့မဟုတ် မှန်သည်ကို သင်ဆုံးဖြတ်ပါ။ ယင်းကမှားယွင်းပါက၊ ယင်းကို သင် လက်ခံဖို့ မလိုပါ။ ယင်းက မှန်ပါက၊ သင်လက်ခံမည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ သင်ကြားရခက်သည့်အရာနှင့် သင့်ကို နာကျင်စေသည့် အရာတစ်စုံတစ်ခုကို ကျွန်ုပ် ပြောပါက၊ သင်သည် ဘုရားသခင်ထံမှ လက်ခံနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကိုကူညီဖို့သာ ဖြစ်သည်။ ပြဿနာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း တွေ့မြင်သည်။ သင်သည် စော်ကားခံရသည်ဟု ခံစားရပြီးဖြစ်သည်။ မည်သူမျှ သင့်ကို မြှောက်ပင့်မပေးပေ၊ ပြီးလျှင် လူတိုင်းက သင့်ကို အထင်သေးသည်ဟု လည်းကောင်း၊ သင်သည် တိုက်ခိုက်ခြင်း ခံရနေရသည်ဟုလည်းကောင်း၊ သင်သည် တစ်ခါမျှ ထိုသို့မတရားသဖြင့်အပြုမခံရဖူးဟုလည်းကောင်း သင်တွေးထင်သည်။ ယင်းကို သင်သည်းမခံနိုင်ဘဲ၊ အပျက်သဘောဆောင်လာသည်။ သင်မည်သည့်အရာကို တွေးထင်သနည်း- ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာဖြစ်သလော။” ပြီးလျှင် ဤသည်ကို ကြားလျက်၊ ယင်းမှာ အမှန်ပင်ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ၌ အမှန်တကယ် ရှိသည့်အရာဖြစ်သော်လည်း၊ သင်သည် ရိုးသားသည့်သူတစ်ဦး မဟုတ်ပါက၊ ယင်းကို သင် ပြောလိမ့်မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်။” ဟု ပြောလိမ့်မည် ဖြစ်ပြီး၊ လူတိုင်းသည် အပျက်သဘောဆောင်တတ်သည်ဟု အခြားသူတစ်ဦးက ကြားသည့်အခါ၊ ၎င်းတို့က ဤသည်မှာ ပုံမှန်ဖြစ်သည်ဟု တွေးထင်ကြသည်၊ ပြီးလျှင် အဆုံး၌ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ခွာကြပေ။ သင်သည် ရိုးသားသည့်လူတစ်ယောက် ဖြစ်ပြီး ၎င်းတို့ကို ရိုးသားသော သဘောထားတစ်ခုနှင့် ရိုးသားသော စိတ်နှလုံး တစ်ခုတို့ဖြင့် ကူညီပါက၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ သင်ကူညီနိုင်လိမ့်မည် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

အရှေ့သို့- ၁၂၇။ အခြားသူများကို မေတ္တာဖြင့် ကူညီခြင်း နိယာမများ

နောက်တစ်ခုသို့- ၁၂၉။ အခြားသူများထံတွင် အမှားပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်း နိယာမများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်