၁၅၅။ အာဏာရှိသည့်အစိုးရကို သဘောထားသည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ
(၁) အာဏာရှိသည့်အစိုးရသည် ဘုရားသခင်၌ ယုံကြည်သူများ သို့မဟုတ် မယုံကြည်သူများ ပါဝင်ခြင်းရှိမရှိကို ထိုးထွင်းသိမြင်ဖို့ လိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံပါက၊ ၎င်းတို့သည် မကောင်းဆိုးဝါးများဖြစ်ကြပြီး မနာခံသင့်ပေ။
(၂) ပြည်တွင်း မူဝါဒများနှင့် ဥပဒေများကို ထိန်းသိမ်းရမည်။ ယင်းတို့ကို မချိုးဖောက်ရ။ သို့ရာတွင် ယင်းတို့သည် ယုံကြည်မှု၏ အခြေခံသဘောတရားများကို ဆန့်ကျင်လုပ်ဆောင်ပါက၊ တစ်စုံတစ်ဦးသည် ယင်းတို့ကို မနာခံသင့်ပေ။
(၃) ဒီမိုကရက်တစ်နိုင်ငံတော်၏ မူဝါဒများနှင့် ဥပဒေများ အားလုံးကို နာခံသင့်သည်၊ လူများအား ဘုရားသခင်ကို ဆန့်ကျင်၍ အပြစ်ကျူးလွန်စေပြီး သူ့ကို ပုန်ကန်ပြစ်မှားစေသောသူများကမူ ချွင်းချက်ဖြစ်ပြီး ၎င်းတို့ကို မည်သည့်အခါမျှ မနာခံရပေ။
(၄) တစ်စုံတစ်ယောက်သည် အာဏာရှင်စနစ်၏ ဖောက်ပြန်သော မူဝါဒများနှင့် ဥပဒေများနှင့်စပ်လျဉ်း၍ ထိုးထွင်းသိမြင်နိုင်မှုကို လေ့ကျင့်သင့်သည်။ ၎င်းတို့၏သမ္မာတရားနှင့် အနှစ်သာရကို ရိပ်စားမိလော့။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။” (ရှင်မဿဲခရစ်ဝင်ထု ၁၂:၃၀)
“လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။” (တမန်တော်ဝတ္ထု ၅:၂၉)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်သော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ
ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-
နိုင်ငံတော် ဥပဒေများကို ကျွန်ုပ်တို့ မည်သို့ ချဉ်းကပ်သင့်သနည်း။ ဤအရာကို သမ္မာတရားအတိုင်း သိမြင်ရမည်။ ဥပဒေများသည် သမ္မာတရား မဟုတ်ပေ၊ ယင်းတို့သည် အစိုးရစနစ် တည်ငြိမ်မှုကို နိုင်ငံများက ထိန်းသိမ်းသည့် စည်းမျဉ်းများမျှသာ ဖြစ်သည်။ ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ကျွန်ုပ်တို့ ယူရမည်။ အရာရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံသင့်သည်။ ခရစ်ယာန်များသည် နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားသည့် ယုတ္တိတန်ပြီး လက်ခံနိုင်ဖွယ်ဖြစ်သော ဥပဒေများကို လေးစားသင့်သော်လည်း၊ အကျင့်ပျက်ပြီး မတရားသော ဥပဒေများ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို ချိုးဖောက်သော ဥပဒေများ- အထူးသဖြင့် ယုံကြည်ခြင်းကို ဆန့်ကျင်သည့် ဥပဒေများ၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချသည့် ဥပဒေများကို လုံးဝ မလေးစားရ။ ထိုသို့သော ဥပဒေများကို လိုက်နာရန်မှာ ဘုရားသခင်ကို သစ္စာဖောက်ပြီး စာတန်ဘက်တွင် နေရန် ဖြစ်သည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်ရန်မှာ ကောင်းကင်ဘုံက စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားကာ နိုင်ငံတော် အစိုးရများက ဖိနှိပ်ပြီး ကန့်သတ်ချုပ်ချယ်ကြသည့်အခါ၊ ထိုဆိုးယုတ်သော ဥပဒေများကို ဆန့်ကျင်ခြင်းတွင် ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ချက်ရှိသင့်ပေသည်။ အကျင့်ပျက်ကာ မတရားသော ဥပဒေများကို မလေးစားရဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်။
အလုပ်အစီအစဉ်များ မှ
ပြည်နယ် အစိုးရ အရာရှိများနှင့်ပတ်သက်၍ မည်သည့် ချဉ်းကပ်မှုကို ကျွန်ုပ်တို့ ယူသင့်သနည်း။ ဤအရာကို သမ္မာတရားအတိုင်း သိမြင်ရမည်။ အရာရှိကောင်းနှင့် မကောင်းသော အရာရှိများရှိပြီး စေတနာရှိသော အရာရှိများနှင့် ဆိုးယုတ်သော အရာရှိများ ရှိသည်။ အရာရှိကောင်းများနှင့် ပြည်သူများအတွက် စစ်မှန်သော ထူးခြားမှုတစ်ခု ပြုလုပ်သူများကို ကျွန်ုပ်တို့ လေးစားသင့်သည်။ ဘုရားသခင်ကို ဆန့်ကျင်၊ ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်သော အရာရှိများသည် ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်ပြီး၊ ၎င်းတို့ကို ကျွန်ုပ်တို့ စက်ဆုပ်ကာ ကျိန်ဆဲသင့်သည်။ သို့သော်၊ ယနေ့တွင်၊ ကျွန်ုပ်တို့သည် ဆိုးယုတ်၊ မှောင်မိုက်သော စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့ ပါးနပ်ချက်ချာသင့်သည်- ပါးနပ်ချက်ချာစွာ ကျွန်ုပ်တို့ ပြုမူပြီး မည်သည့်အရာက မည်သည့်အရာဖြစ်သည်ကို သိသင့်သည်။ ဘုရားသခင်ကို ယုံကြည်ရန်နှင့် မှန်သော လမ်းခရီးကို လက်ခံရန် လိုလားနေသည့် အစိုးရ အရာရှိများနှင့် ဝန်ထမ်းအချို့ ရှိပါက၊ ၎င်းတို့ထံ ဧဝံဂေလိတရား ကျွန်ုပ်တို့ ဟောပြောသင့်ပြီး၊ ၎င်းတို့ ကယ်တင်ခြင်း ရရှိနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ကို ခေါ်ဆောင်သင့်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ အညီဖြစ်ပေသည်။
အလုပ်အစီအစဉ်များ မှ
“စာတန်၏ စည်းမျဉ်းနှင့် စွမ်းအား”ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ မတူကွဲပြားသော နိုင်ငံများ၏ အုပ်စိုးနေသည့် ပါတီများသည် ဘုရားသခင်ကို ကျိုးနွံနာခံကြသလော သို့မဟုတ် စာတန်ကို ကျိုးနွံနာခံကြသလော။ စာတန်ကို ကျိုးနွံနာခံသည့် မည်သည့်အရာမဆိုသည် စာတန်၏ စွမ်းအားအောက်တွင် ရှိ၏။ စာတန်၏ အုပ်စိုးဆဲ ပါတီကို သင်၏ နာခံမှုသည် အကြွင်းမဲ့ပြီး၊စာတန်နှင့် သက်ဆိုင်သည့် ခေါင်းဆောင်များနောက် သင် လိုက်ပါက၊ သင်သည် စာတန်နှင့်သက်ဆိုင်သည်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပေသည်။ ဥပမာအားဖြင့်၊ အဆင်းနီသော နဂါးကြီးက တရုတ်နိုင်ငံကို အုပ်စိုး၏။ အဆင်းနီသော နဂါးကြီးကို သင် အားပေးပါက၊ အဆင်းနီသော နဂါးကြီးကို ကိုးကွယ်ပြီး အဆင်းနီသော နဂါးကြီးကို ကျိုးနွံနာခံကာ၊ “သက်တော်ရှည်ပါစေ” ဟု အဆင်းနီသော နဂါးကြီးထံ ဟစ်အော်ပါက၊ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပေသည်။ မည်သည့် လူမှုစနစ်ကို သင် ကိုးကွယ်သည်ဖြစ်စေ၊ သို့မဟုတ် ကျိုးကြောင်းမမြင်သော ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ စာတန်၏ အုပ်စိုးနေဆဲ ပါတီများနှင့် နိုင်ငံရေးသမားများကို သင် ကိုးကွယ်၊ လိုက်လျှောက်ပြီး နာခံပါက၊ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤနိုင်ငံရေးသမားများသည် စာတန်နှင့် သက်ဆိုင်သည်၊ ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသကဲ့သို့ မကိုးကွယ်ပေ၊ ထို့ကြောင့် ၎င်းတို့ကို ကိုးကွယ်ရာတွင် သင်သည် စာတန်နောက်လိုက်ကာ ကိုးကွယ်လေသည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးက စာတန်၏ အုပ်စိုးဆဲ ပါတီကို ပူးပေါင်းပါက၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ စွမ်းအားကို ကိုးကွယ်သည်၊ စာတန်နောက်လိုက်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် အယောင်ဆောင်ဖြစ်သည်ဟု ဆိုလိုပေသည်။
အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ
အဆင်းနီသော နဂါးကြီးက ဖန်တီးသည့် မူဝါဒများသည် နိုင်ငံ၏ အစိုးရအတွက် သို့မဟုတ် ပြည်သူများအတွက် အမှန်တကယ် မဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်ကို လုံးလုံးလျားလျား ဆန့်ကျင်ခြင်းတွင် ရှိပြီး၊ သမ္မာတရားကို လုံးဝ ဆန့်ကျင်ကာ၊ ထိုသို့ဖြင့် မလျော်ကန်သကဲ့သို့ ကောင်းကင်ဘုံနှင့် ဆန့်ကျင်ကွဲလွဲသည့် အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော အနှစ်သာရကို ထုတ်ဖော်ပြလေသည်။ အဆင်းနီသော နဂါးကြီးမှာ အောက်ပါရေးအင်အားစုများ၏ ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင် ရှင်းလင်းပါက၊ ယင်းကို မည်သို့ ဆက်ဆံရမည်ကို သင် သိလိမ့်မည်။ ယင်းက သင့်ကို မုန်းသည့်အခါ၊ တိုက်ခိုက်ပြီး သတ်ဖြတ်သည့်အခါ၊ ယင်း၏ အနှစ်သာရမှ နတ်ဆိုးတစ်ပါး၏ အနှစ်သာရဖြစ်ပြီး ဆိုးယုတ်လေသည်။ ယင်းက သင့်အဖို့ ကောင်းသည့်အခါ၊ သင့်အတွက် အကူအညီ အနည်းငယ် လုပ်ဆောင်သည့်အခါ၊ ယင်းက သင့်ကို အမျိုးမျိုးသော နည်းလမ်းများဖြင့် အကျိုးပြုသည့်အခါ၊ ယင်း၏ အနှစ်သာရသည် နတ်ဆိုးတစ်ပါး၏ အနှစ်သာရဖြစ်နေဆဲဖြစ်ပြီး ဆိုးယုတ်ဆဲ ဖြစ်သည်။ ယင်း၏ အနှစ်သာရသည် သင့်အဖို့ ရှင်းလင်းသိသာလာသည့်အခါ၊
သင်သည် ယင်းက သင့်ကို အပေါ်ယံအားဖြင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာအားဖြင့် ဘောင်ခတ်မခံရတော့ပေ။ အဆင်းနီသော နဂါးကြီး၏ စစ်မှန်သော အနှစ်သာရနှင့် စစ်မှန်သော မျက်နှာကို မြင်နိုင်ဖို့ရန် သင်သည် ၎င်း၏ လူသိရှင်ကြား ကြေညာမှုများအားဖြင့် ၎င်းကို မဝေဖန်ရဘဲ၊ ၎င်း၏ လုပ်ရပ်များနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုအားဖြင့် ဝေဖန်ရမည်ဖြစ်သည်။ အခြေခံသဘောတရား အရေးပါမှုမှာ ၎င်းက ဘုရားသခင်ကို ဆက်ဆံပုံနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံး၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်သူများအား ၎င်းက ဆက်ဆံပုံတို့ကို ကြည့်ရန် ဖြစ်သည်- ထိုအခါမှသာ ၎င်း၏ အကျည်းတန်သော မျက်နှာကို သင်ရိပ်စားမိလိမ့်မည်။ အဆင်းနီသော နဂါးကြီးနှင့်သက်ဆိုင်၍ ချင့်ချိန်နိုင်စွမ်းရှိရန်၊ သင်သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးအတိုင်း ၎င်းကို လေ့လာရမည်။ သမ္မာတရားကို သိနားလည်ခြင်း မရှိဘဲနှင့် ဤသည်မှာ မည်သည့်အခါတွင်မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ