၁၄၉။ အားလပ်ရက်များနှင့် လူမှုရေးထုံးစံများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ရိုးရာလူမှုရေးထုံးစံများသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်မှ ဆင်းသက်လာသည်။ ၎င်းတို့သည် လူတို့အပေါ် စာတန် သွေးဆောင်ဖြားယောင်းသည့် လှည့်ကွက်များဖြစ်ပြီး၊ ဘုရားသခင်က စီမံထားခြင်း မဟုတ်ပေ။

(၂) ဘုရားသခင်၌ ယုံကြည်သူများသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လူမှုရေးထုံးစံများ နောက်ကို မလိုက်သင့်သကဲ့သို့၊ များစွာ အရေးမထားသင့်ပေ။ ထိုအစား ၎င်းတို့သည် အပြုသဘောဆောင်သည့် အမှုအရာများကို အားပေးသင့်ပြီး သမ္မာတရားကို အောင်မြင်ထမြောက်ခွင့် ပေးသင့်ကာ ယင်း၏ခံ့ညားထည်ဝါမှုကို ထုတ်ဖော်သင့်သည်။

(၃) အားလပ်ရက်တစ်ခု ကျင်းပသည့်အခါ သင့်တင့်လျောက်ပတ်စွာ ပျော်ရွှင်သည်မှာ လက်သင့်ခံနိုင်ဖွယ် ဖြစ်သော်လည်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သည့် သင့်တော်သည့် အလုပ်တာဝန်ကို ဟန့်တားခွင့်ပေး၍ မရပေ။ ဘုရားသခင်ကို ကျေနပ်စေသည့်အရာကို လုပ်ဆောင်ဖို့ဆိုသည်မှာ အမှန်တကယ် ပျော်ရွှင်ဖွယ် ဖြစ်သည်။

(၄) သင်၏တာဝန်ကို ထမ်းဆောင်ဖို့ နေရာစုံကို သွားသည်နှင့်အညီ၊ နေရာတစ်ခုချင်းစီ၏ ဒေသခံ လူမှုရေးထုံးစံကို ခံယူပြီး၊ သင်၏ပတ်ဝန်းကျင်အတိုင်း လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းလော့။ သို့သော် ထိုအရာများက သင့်ကို ထိန်းချုပ်သည်ကို ခွင့်မပြုနှင့်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့ ပါဝင်ပတ်သက်ကြသည့် အယူသီးသော လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံးသော အရာများဖြစ်သော်လည်း၊ ဤအယူသီးသော လုပ်ဆောင်မှုများကို ဘုရားသခင် ချမှတ်ထားသည့်အရာများအဖြစ် တွေးထင်ရင်း၊ လူများစွာတို့သည် ထိုအရာများကို လက်မလွှတ်နိုင်ကြသေးသကဲ့သို့၊ ယနေ့တွင်ပင် ထိုအရာများကို လုံးဝ ခါမချနိုင်ကြသေးပေ။ ထိမ်းမြားမင်္ဂလာ စားသောက်ပွဲများနှင့် သတို့သမီး ဝတ်စုံတန်ဆာများအတွက် လူငယ်များ ပြုလုပ်သည့် အစီအစဉ်များကဲ့သို့သော အရာများ၊ ငွေကြေး လက်ဆောင်များ၊ ဂုဏ်ပြုထမင်းစားပွဲများနှင့် ပျော်ရွှင်ဖွယ် အခါသမယများကို ကျင်းပသည့် အလားတူ နည်းလမ်းများ၊ လက်ဆင့်ကမ်း လာကြပြီးဖြစ်သည့် ရှေးခေတ် လုပ်နည်းစနစ်များ၊ လူသေများနှင့် ၎င်းတို့၏ ဈာပနအခမ်းအနားအတွက် ဦးစီးဦးရွက်ပြုသည့် အဓိပ္ပာယ်မရှိသော အယူသီးသည့် လုပ်ဆောင်ချက်များ အားလုံး- ဤအရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ဖွယ် ဖြစ်ပေသည်။ ဝတ်ပြုရာနေ့ပင်လျှင် (ဘာသာရေးလောကက စောင့်ထိန်းသည်နှင့်အညီ၊ ဥပုသ်နေ့အပါအဝင်) သူ့အဖို့ စက်ဆုပ်ဖွယ် ဖြစ်ကာ၊ လူမှုဆက်ဆံရေးများနှင့် ယောက်ျားအချင်းချင်းကြား လောကီဆန်သည့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများသည် ဘုရားသခင် သာ၍ပင် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သော အရာများ ဖြစ်သည်။ အဆုံးကာရန်တူ လုံးရေညီ နှစ်ကြောင်းကဗျာများ၊ ဗြောက်အိုးများ၊ မီးပုံးများ၊ သန့်ရှင်းသော ပွဲတော်မင်္ဂလာ၊ ခရစ္စမတ် လက်ဆောင်များနှင့် ခရစ်စမတ်ပွဲများကဲ့သို့သော ပျော်ပွဲသဘင် အခါသမယများအတွက် ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများကို မဆိုထားနှင့်၊ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့ကိုပင်လျှင် ဘုရားသခင် အမိန့်ပေးထားသည် မဟုတ်ပေ- ၎င်းတို့သည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ ဖြစ်သည်မဟုတ်လော။ ဥပုသ်နေ့၌ မုန့်ကို ချိုးဖဲ့ခြင်း၊ စပျစ်ရည်နှင့် စားပွဲခင်းအထည်အကောင်းစားတို့သည် သာ၍ပင် လူတို့အတွက် ရုပ်တုဆင်းတုများ ဖြစ်သည်မှာ သေချာပေသည်။ နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးလယ်ပွဲတော်၊ လားဘာပွဲတော်နှင့် နှစ်သစ်ကူးနေ့ ကဲ့သို့သော တရုတ်နိုင်ငံ၌ လူသိများသည့် ရိုးရာပွဲတော်များအားလုံးနှင့် အီစတာပွဲတော်၊ ဗတ္တိဇံနေ့နှင့် ခရစ္စမတ်နေ့ ကဲ့သို့သော ဘာသာရေးလောကထဲက ပွဲတော်များ၊ ဤမလျော်ကန်သော ပွဲတော်များအားလုံးကို ရှေးကတည်းက ယနေ့ထိတိုင် လူများစွာက စီစဉ်ထားကြပြီး လက်ဆင့်ကမ်းလာခဲ့ကြပေသည်။ ထိုပွဲတော်များကို ယနေ့ထိ လက်ဆင့်ကမ်းခွင့်ပေးခဲ့သည်မှာ လူသားမျိုးနွယ်၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ထွင်တတ်သော စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် အပြစ်အနာအဆာ ကင်းပုံပေါ်သော်လည်း၊ အမှန်တွင် လူသားမျိုးနွယ်အပေါ် စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာသည် စာတန်များဖြင့် စုပြုံလေလေ၊ ထိုနေရာသည် ခေတ်နောက်ကျပြီး ခေတ်နောက်ပြန်ဆွဲလေလေ၊ ယင်း၏ ရှေးရိုးစွဲ ဓလေ့ထုံးစံများသည် နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ဤအရာများသည် လူတို့ကို လုံးဝ လှုပ်ရှားခွင့် မပေးဘဲ၊ တင်းကျပ်စွာ ချည်နှောင်လေသည်။ ဘာသာရေးလောကထဲက ပွဲတော် အများအပြားသည် ကြီးမြတ်သည့် တီထွင်နိုင်မှုကို ပြသပုံပေါ်ပြီး၊ ဘုရားသခင်၏ အမှုသို့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပေးသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့သည် လူတို့ကို စာတန် ချည်နှောင်ပြီး ဘုရားသခင်ကို သိရှိလာခြင်းမှ လူတို့ကို တားဆီးသည့် မမြင်ရသော ကြိုးများ ဖြစ်သည်- ၎င်းတို့ အားလုံးသည် စာတန်၏ ကလိမ်ကကျစ် ပရိယာယ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလက လက်နက်များနှင့် ပုံစံကို မည်သည့်သဲလွန်စမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်ကြလေသည်။ ထိုအချိန်အတောအတွင်း၌ အမှန်တကယ်တွင် ဘုရားသခင်ကို အိမ်အပြင်သို့ တွန်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး စာတန်ကို ဝတ်ပြုစားပွဲထက် ထားရှိခဲ့သည်မှာ ကြာပြီဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပုံပေါ်လျက်၊ ဘုရားသခင်၏ ရှိခြင်းကို ဆက်လက်လေ့လာခြင်းမရှိဘဲ၊ စိတ်တွင် ချောင်ထိုးထားလိုက်ကြလေသည်။ ယေရှု၏ ရုပ်ပုံများ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံး ညစာစားပွဲ- ဤအရာများကို ကောင်းကင်ဘုံရှင်အဖြစ် အမွန်အမြတ်ထားကြစဉ် တစ်လျှောက်လုံးတွင် “သခင်၊ ကောင်းကင်ဘုံရှင် အဖ” ဟု ထပ်သလဲလဲ အော်ခေါ်ကြသည်။ ဤအရာအားလုံးသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဤနေ့ထိ၊ လူသားမျိုးနွယ်ကြား လက်ဆင့်ကမ်း လာခဲ့ကြသည့် ဆင်တူသော ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများစွာသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာ ဖြစ်လေသည်။ ထိုအရာများသည် ဘုရားသခင်အတွက် ရှေ့ဆက်လမ်းကို ဆိုးရွားစွာ ပိတ်ဆို့သည့်အပြင်၊ လူသားမျိုးနွယ်၏ ဝင်ရောက်မှုအဖို့ ကြီးမားသော အနှောင့်အယှက်များ ဖန်တီးလေသည်။...

လူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အကောင်းဆုံးသော နည်းလမ်းမှာ လူတို့ကို ၎င်းတို့၏ အတွေးနှင့် ကိုယ်ကျင့်တရားကို စတင်ပြောင်းလဲခွင့်ပေးလျက်၊ အကြီးအကျယ် အဆိပ်ခတ်ခံရပြီးဖြစ်သည့် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ အစိတ်အပိုင်းများကို ကုသဖို့ ဖြစ်သည်။ ပထမဦးဆုံးအနေနှင့်၊ လူတို့သည် ဤဘာသာရေးဓလေ့များ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲတော်များအားလုံးတို့သည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ လိုအပ်သည်။ ၎င်းတို့သည် ထိုရှေးဆန်သော အတွေးများ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အယူသီးမှုများနှင့်ပတ်သက်၍ ၎င်းတို့ အရိုးစွဲနေသည့် အလေ့အထရှိခြင်း အရိပ်လက္ခဏာတိုင်းကို အမြစ်ဖြတ်သင့်ပေသည်။ ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဝင်ရောက်မှုတွင် ပါဝင်လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား အဘယ်ကြောင့် လောကီဆန်သော ကမ္ဘာလောကမှ ဦးဆောင်ခေါ်ထုတ်သွားသည်ကို သင်တို့ နားလည်ရမည်ဖြစ်ပြီး အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ လူသားမျိုးနွယ်အား ဦးဆောင်ခေါ်သွားသည်ကိုလည်း နားလည်ရမည်။ ဤသည်မှာ သင်တို့ ဖြတ်၍ဝင်ရောက်မည့် ဂိတ်တံခါးဖြစ်ပြီး၊ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း၊ ၎င်းတို့သည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ဆို့နေသည့်၊ သင့်ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ ဟန့်တားနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ရုန်းမထွက်သာအောင်မိစေသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ (စာတန်ပေးပါသည်။) စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

အရှေ့သို့- ၁၄၈။ လောကီအလားအလာများကို သဘောထားသည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၀။ ရိုးရာထုံးတမ်းအစဉ်အလာကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်