၁၅၂။ အသိပညာနှင့် သိပ္ပံပညာကို သဘောထားသည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အသိပညာရေ သိပ္ပံပညာပါ သမ္မာတရား မဟုတ်ပေ။ ယင်းတို့သည် လူသားကို ဖျက်ဆီးဖို့ စာတန်နှင့် မကောင်းဆိုးဝါးများ အသုံးပြုသည့် တန်ဆာပလာများသာ ဖြစ်ကြသည်။ အသိပညာနှင့် သိပ္ပံပညာတို့ကို လိုက်စားခြင်းလမ်းကြောင်းသည် ပျက်စီးခြင်းသို့ ဦးတည်လေသည်။

(၂) အသိပညာရော သိပ္ပံပညာပါ လူသားမျိုးနွယ်ကို မကယ်တင်နိုင်ပေ။ ယင်းတို့က သူ့အား ဘုရားသခင်ကို ရှောင်ပြီး သမ္မာတရားကို ငြင်းပယ်စေလျက်၊ သူ့ကိုသာ ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယင်းတို့က သူ့အပေါ်သို့ ဘေးဒုက္ခ ကျရောက်စေသည်။

(၃) တစ်စုံတစ်ဦးသည် အသိပညာသာ၍ ရှိလေ၊ သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် စိတ်ကြီးဝင်လေဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် ၎င်းတို့၏ခုခံမှု သာ၍ပြင်းထန်လေ ဖြစ်သည်။ တစ်စုံတစ်ဦးတွင် အသိပညာသာ၍ ရှိလေ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် သာ၍ မှားယွင်းလေသည်။ အသိပညာက တစ်စုံတစ်ဦးအား သမ္မာတရားကို မုန်းတီးစေသည်။

(၄) အသိပညာရော သိပ္ပံပညာပါ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို မဖြေရှင်းနိုင်ပေ။ ယင်းတို့က သူ၏ပျက်စီးခြင်းကိုသာ သွက်လက်မြန်ဆန်စေသည်။ သမ္မာတရားဖြင့်သာလျှင် လူသားမျိုးနွယ်သည် ကယ်တင်ခြင်း ခံရနိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ ဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ပျက်စီးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) လုံးဝမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ အသိပညာကို သင်ပိုမိုသင်ယူလေ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတစ်လေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူတို့၏ အသိပညာသင်ယူခြင်း ဖြစ်စဉ်တွင် စာတန်က ၎င်းတို့ထဲ သွတ်သွင်းပေးလိုက်သည့် စည်းကမ်းများ၊ စာတန်က ၎င်းတို့ကို သင်ကြားပေးလိုက်သည့် ရှင်သန်နေထိုင်နည်း စည်းကမ်းများ မဟုတ်သလော။ ၎င်းအရာသည် စာတန်က လူသား၏အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ “မြင့်မားသော စံများ” ဖြစ်သည်မဟုတ်လော။ ဥပမာဆိုရသော် ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓါတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့- ဤအရာများ အားလုံးသည် စာတန်က ဤစံများကို သွတ်သွင်းသည့် နည်းလမ်းများ ဖြစ်သည် မဟုတ်လော (ဟုတ်ပါသည်။) ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက် တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့အား လက်ခံရန်၊ ဤအယူအဆများအတွက် အသက်ရှင်နေထိုင်ရန်နှင့် ၎င်းတို့နောက် အဆုံးမရှိ လိုက်ကြရ၏။ ဤသည်မှာ စာတန်က လူသားကို အသိပညာအားဖြင့် ဖျက်ဆီးရန် အသုံးပြုသည့် နည်းလမ်း သို့မဟုတ် လမ်းကြောင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

လူ့အသိပညာသည် ယင်းနှင့်အတူ မည်သည့်အရာကို ဆောင်ကြဉ်းလာသနည်း။ လူများက သာ၍ သိလာလေ၊ ဘုရားသခင်ကို သာ၍ ကိုင်းရှိုင်းလာပြီး ကြောက်ရွံ့လာသလော သို့မဟုတ် ၎င်းတို့သည် သာ၍ မိုက်ရိုင်းလာသလော။ (၎င်းတို့သည် သာ၍ မိုက်ရိုင်းလာပါသည်။) များစွာသိရှိပြီးသည့်နောက်၊ လူများသည် ခက်ခဲရှုပ်ထွေးလာသည်၊ တရားသေစွဲ လာသည်၊ မိုက်ရိုင်းလာသည်- သို့သော်လည်း ၎င်းတို့ သဘောမပေါက်ကောင်း မပေါက်နိုင်သေးသည့် အခြားအရာတစ်ခုရှိသည်။ ၎င်းတို့သည် အသိပညာများစွာ ရရှိပြီးသည့်အခါ၊ လူများသည် အတွင်း၌ ပရမ်းပတာ ဖြစ်လာပြီး ၎င်းတို့သည် အခြေခံသဘောတရား လုံးဝ မရှိလာတော့ဘဲ၊ ၎င်းတို့ အသိပညာသာ၍ သိုမှီးရရှိလေ၊ သာ၍ ပရမ်းပတာဖြစ်လာလေ ဖြစ်သည်။ အသိပညာတွင် လူများအဘယ့်ကြောင့် အသက်ရှင်သည်၊ ပြီးလျှင် လူ့အသက်တာ၏တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် သက်ဆိုင်သည့် မေးခွန်းများအတွက် အဖြေများကို ရှာတွေ့နိုင်သလော။ လူများ မည်သည့်နေရာမှ လာသည်နှင့် မည်သည့်နေရာသို့ သွားသည်နှင့်စပ်လျဉ်း၍ သုံးသပ်ချက်များကို ရှာတွေ့နိုင်သလော။ သင်သည် ဘုရားသခင်ထံမှ လာပြီး ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်ကြောင်း အသိပညာက သင့်ကို ပြောနိုင်သလော။ (မပြောနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အသိပညာကို ရရှိသည့်အခါ၊ မည်သည့်အရာအတိအကျကို သုတေသနလုပ်သနည်း သို့မဟုတ် ၎င်းတို့တွင် မည်သည့်အရာ အတိအကျ သွတ်သွင်းပြီးဖြစ်သနည်း။ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ၊ ဘာသာတရားမရှိသူနှင့် သက်ဆိုင်သည့် အရာများ၊ လူများမြင်နိုင်ပြီး သတိပြုနိုင်သည့်အရာများ၊ ယင်းတို့ထဲမှ များစွာသည် လူများ၏ စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာပြီး တကယ်ကို မစစ်မှန်ပေ။ အသိပညာသည် လောကအမြင်များ၊ အတွေးအမြင်စနစ်များ၊ သဘောတရားများ၊ သဘာဝနိယာမများ စသည်တို့ကိုလည်း လူများတွင် သွတ်သွင်းပေးသည်၊ သို့ရာတွင် ယင်းက မရှင်းပြနိုင်သည့် အရာများစွာ ရှိလေသည်။ ဥပမာအားဖြင့် လျှပ်စီးမည်သို့ဖြစ်ပေါ်သည် သို့မဟုတ် ရာသီဥတုများ အဘယ့်ကြောင့် ပြောင်းလဲသည်တို့ ဖြစ်သည်။ အသိပညာသည် သင့်ကို ထိုအဖြေများ ပေးနိုင်သလော။ ဥတုရာသီသည် လက်ရှိတွင် အဘယ်ကြောင့် ပြောင်းလဲနေပြီး မူမမှန် ဖြစ်လာနေသနည်း။ အသိပညာသည် ဤသည်ကို ဖြေရှင်းနိုင်သလော။ ယင်းသည် ဤပြဿနာကို ပြေလည်စေနိုင်သလော။ (မပြေလည်စေနိုင်ပါ။) အရာခပ်သိမ်း၏အရင်းအမြစ်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သင့်အား ယင်းက မပြောပြနိုင်သောကြောင့်၊ ယင်းသည် ထိုပြဿနာများကို မဖြေရှင်းနိုင်ပေ။ “တစ်စုံတစ်ယောက်သည် သေဆုံးပြီးသည့်နောက် တစ်ဖန် မည်သို့ အသက်ရှင်နိုင်သနည်း။” ဟု မေးသည့်သူများလည်း ရှိသည်။ အသိပညာသည် ဤသည်အဖို့ အဖြေကို သင့်အား ပေးပြီးဖြစ်သလော။ (မပေးပါ။) သို့ဆိုလျှင် အသိပညာသည် လူများကို မည်သည့်အရာပေးသနည်း။ ယင်းက လူများ၏ ဓလေ့ထုံးတမ်းများစွာနှင့် စည်းမျဉ်းများကို ပြောသည်။ ဥပမာအားဖြင့် သားသမီးဝတ်သည်လည်း အသိပညာအမျိုးအစား တစ်ခုဖြစ်သည်။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို ရိုးရာယဉ်ကျေးမှုအားဖြင့် သင်ကြား ပေးသည်။ သို့ဆိုလျှင် ဤအသိပညာအားလုံးသည် ယင်းနှင့်အတူ မည်သည့်အရာကို ဆောင်ကြဉ်း လာသနည်း။ အသိပညာ၏အနှစ်သာရမှာ အဘယ်နည်း။ ဤကမ္ဘာလောကတွင်၊ စာပေကျမ်းရင်းကို ဖတ်ပြီးသည့် သူများ၊ အဆင်မြင့်ပညာရေးကို ကြိုးပမ်း ရရှိပြီးသူများနှင့် နှံ့စပ်သူများ သို့မဟုတ် အထူးနယ်ပယ်တစ်ခု၌ အသိပညာ အပြီးတိုင် ပေါက်ရောက်ပြီးသူများ များစွာရှိကြသည်။ ထို့ကြောင့် ဘဝ၏ လမ်းကြောင်းပေါ်တွင် ထိုသို့သော လူများသည် မှန်ကန်သော ဦးတည်ချက်နှင့် ရည်ရွယ်ချက် ရှိသလော။ ၎င်းတို့၏ အပြုအမူအတွက် ၎င်းတို့၌ အခြေခံစည်း သို့မဟုတ် အခြေခံသဘောတရား ရှိသလော။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ကို သိသလော။ တစ်ဖန် ထို့အပြင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သလော။ (၎င်းတို့ နားမလည်ပါ။) သို့ဆိုလျှင် အသိပညာသည် အဘယ်နည်း။ အသိပညာသည် လူများကို မည်သည့်အရာပေးသနည်း။ ဤကမ္ဘာတွင် လူများအကြား ဆက်ဆံရေးများသည် ၎င်းတို့ အသိပညာ ကြိုးပမ်းမရရှိမီ သာ၍ ရိုးရှင်းသလော သို့မဟုတ် ကြိုးပမ်းရရှိပြီးသည့်နောက် သာ၍ ရိုးရှင်းသလော။ (ကြိုးပမ်းမရရှိမီ။) ဤသည်က မည်သည့်အရာကို ပြသနည်း။ အသိပညာသည် လူများကို သာ၍ ခက်ခဲရှုပ်ထွေးစေပြီး၊ ၎င်းတို့၏ သာမန် လူ့သဘာဝကင်းမဲ့ခြင်းကို သာ၍ ဆိုးဝါးစေသည်။ ယင်းမှာ ၎င်းက သူတို့ကို ဖြစ်စေသည့်အရာဖြစ်သည်။ ပြီးလျှင် ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ လူများ သာ၍ သိရှိလေ၊ ၎င်းတို့သည် ဘုရားသခင်ထံမှ သာ၍ သွေဖည်သွားပြီး သမ္မာတရားကို သာ၍ ငြင်းပယ်လေဖြစ်ကာ၊ ၎င်းတို့သည် သာ၍ တစ်ယူသန်ပြီး အဓိပ္ပာယ်မဲ့လာလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

ဘုရားသခင်သည် အသိပညာကို မည်သို့ သဘောထားသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်က လူများအား သိပ္ပံပညာနည်းအားဖြင့် တိုးတက်လာပြီး သာ၍ နားလည်လာဖို့ ဆန္ဒရှိသည်ဟု အချို့က ဆိုကြသည်။ လူသားအတွက် အကောင်းဆုံးကို ဘုရားသခင် ဆန္ဒရှိသည်မှာ မှန်ပေသည်။ ဘုရားသခင်က လူသားအား မည်သည့်အရာမျှ နားမလည်စေဖို့၊ အရာအားလုံးကို မသိနားမလည်စေဖို့ ဆန္ဒမရှိသော်လည်း၊ ဘုရားသခင်က သူနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများတွင် ဤအရာများကို အသုံးပြုပြီး၊ သူက ယင်းတို့ကို လက်မခံပေ။ သူက ယင်းတို့ကို သမ္မာတရားအစား အသုံးမပြုသကဲ့သို့၊ လူများ၏လူ့သဘာဝတွင် ချို့တဲ့နေသည့်အရာအတွက် အစားထိုးဖို့ သို့မဟုတ် ၎င်းတို့၏စိတ်သဘောထားများကို ပြောင်းလဲဖို့ ယင်းတို့ကို သူ အသုံးမပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသိပညာနှင့်သက်ဆိုင်သည့် အမြင်ရှုထောင့်များအကြောင်းနှင့် အသိပညာကို ကြည့်သည့်နည်းလမ်းများအကြောင်း ရံဖန်ရံခါ ပြောသည်။ ယင်းတို့က ကွန်ဖြူးရှပ်ဝါဒ သို့မဟုတ် လူမှုသိပ္ပံတို့ကဲ့သို့ ထုံးစံဖြစ်သော နမူနာများအကြောင်း အနည်းငယ်သာ ပြောသည်၊ ပြီးလျှင် ဘုရားသခင်သည် လူသား၏ အသိပညာကို စက်ဆုပ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ထင်ရှားမြင်သာလေသည်။ ဘုရားသခင်သည် အသိပညာကို မည်သို့ သဘောထားသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်က လူများအား သိပ္ပံပညာနည်းအားဖြင့် တိုးတက်လာပြီး သာ၍ နားလည်လာဖို့ ဆန္ဒရှိသည်ဟု အချို့က ဆိုကြသည်။ လူသားအတွက် အကောင်းဆုံးကို ဘုရားသခင် ဆန္ဒရှိသည်မှာ မှန်ပေသည်။ ဘုရားသခင်က လူသားအား မည်သည့်အရာမျှ နားမလည်စေဖို့၊ အရာအားလုံးကို မသိနားမလည်စေဖို့ ဆန္ဒမရှိသော်လည်း၊ ဘုရားသခင်က သူနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများတွင် ဤအရာများကို အသုံးပြုပြီး၊ သူက ယင်းတို့ကို လက်မခံပေ။ သူက ယင်းတို့ကို သမ္မာတရားအစား အသုံးမပြုသကဲ့သို့၊ လူများ၏လူ့သဘာဝတွင် ချို့တဲ့နေသည့်အရာအတွက် အစားထိုးဖို့ သို့မဟုတ် ၎င်းတို့၏စိတ်သဘောထားများကို ပြောင်းလဲဖို့ ယင်းတို့ကို သူ အသုံးမပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသိပညာနှင့်သက်ဆိုင်သည့် အမြင်ရှုထောင့်များအကြောင်းနှင့် အသိပညာကို ကြည့်သည့်နည်းလမ်းများအကြောင်း ရံဖန်ရံခါ ပြောသည်။ ယင်းတို့က ကွန်ဖြူးရှပ်ဝါဒ သို့မဟုတ် လူမှုသိပ္ပံတို့ကဲ့သို့ ထုံးစံဖြစ်သော နမူနာများအကြောင်း အနည်းငယ်သာ ပြောသည်၊ ပြီးလျှင် ဘုရားသခင်သည် လူသား၏ အသိပညာကို စက်ဆုပ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ထင်ရှားမြင်သာလေသည်။ လူသား၏ အသိပညာတွင် ရိုးရှင်းသည့် ဝါကျများနှင့် သီအိုရီများသာ ပါရှိသည်မဟုတ်။ အသိပညာအတွင်းတွင် သဘောတရားအချို့နှင့် အမြင်များ ပါရှိသည့်အပြင်၊ လူတို့၏ အဓိပ္ပါယ်မဲ့သော အယူအဆများနှင့် စာတန်၏ အဆိပ်များ ပါရှိကြ၏။ အသိပညာအချို့သည် လူတို့ကို လှည့်ဖြားခြင်းပင် ပြုနိုင်ပြီး ဖောက်ပြန်ပျက်စီးစေနိုင်သည်၊ ဤအသိပညာမျိုးသည် စာတန်၏ အဆိပ်နှင့် ကင်ဆာဖြစ်စေသော အကျိတ်ဖြစ်၏။ ယင်းကို လူတို့ လက်ခံကြသည့်အခါ၊ ယင်းက ၎င်းတို့၏ စိတ်များထဲသို့ ဝင်ရောက်ပြီး ၎င်းတို့ ဖောက်ပြန်ပျက်စီးကြကာ ဤအသိပညာ၏ ဖမ်းဆီးခြင်းကို ခံကြရ၏။ ထို့ကြောင့်၊ လူတို့ အသိပညာပိုရရှိပြီး ၎င်းတို့ ပိုမိုသဘောပေါက်လေလေ၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ဖို့ ၎င်းတို့အတွက် ပိုမို ခက်ခဲလေလေဖြစ်သည်။ ယင်းအစား၊ အသိပညာသည် မြင်၍ရပြီး ရုပ်ဝတ္ထုကို အလေးထားကာ ယင်းက လောကထဲတွင် မြင်၍ရပြီး ထိ၍ရသည့် အရာများကို လေ့လာရန် နှင့် နားလည်သဘောပေါက်ရန် သင့်ကို သွန်သင်သည့်အတွက် ၎င်းတို့သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်ကြ၏။ အသိပညာက မည်သည့်ပြဿနာမဆို၏ အရင်းအမြစ် သို့မဟုတ် ထိုပြဿနာက ဝိညာဉ်ရေးရာ လောကနှင့် မည်သို့ ဆက်စပ်သည်ကို သင့်အား သဘောမပေါက်စေနိုင်ပေ။ လူတို့ သဘောပေါက်ကြသည့် အသိပညာသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်လျက်ရှိပြီး ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သင်သည် သမိုင်းစာအုပ်များ၊ ထင်ရှားသော စာရေးဆရာများ၏လက်ရာများ၊ ကျော်ကြားသူတို့၏ အတ္ထုပတ္တိများကို ဖတ်သည်ဟု ဆိုပါစို့ သို့မဟုတ် သိပ္ပံပညာ၏ အမြင်ရှုထောင့်အချို့ကို လေ့လာသည်ဟု ဆိုပါစို့။ သင်မည်သည့်အရာကို ရရှိသနည်း။ ဥပမာအားဖြင့် ရူပဗေဒပညာကို လေ့လာသည့်လူများသည် သဘာဝတရားဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သည်- နယူတန်၏ သဘောတရား သို့မဟုတ် အခြား သဘောတရားအချို့- ပြီးလျှင် ဤအရာများကို သင်လေ့လာသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့က သင်၏စိတ်ကို ထိန်းချုပ်သည်၊ ယင်းတို့က သင်၏ အတွေးအခေါ်များကို လမ်းညွှန်သည်၊ ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင် ဖတ်သည့်အခါ၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ့်ကြောင့် ကမ္ဘာ့ဆွဲငင်အားအကြောင်း၊ သို့မဟုတ် အာကာသအကြောင်း မည်သည့်အရာမျှ မပြောသနည်း။ လတွင် ဂြိုဟ်ကို လွှမ်းခြုံထားသော ဓာတ်ငွေ့ထု ရှိသလော။ ကမ္ဘာပေါ်တွင် အောက်စီဂျင် မည်မျှ ရှိသနည်း။ ဘုရားသခင်က ဤသည်နှင့်ပတ်သက်၍ အဘယ့်ကြောင့် မည်သည့်အရာမျှ မပြောသနည်း။ ဘုရားသခင်သည် ထိုသို့သောအရာများကို ထုတ်ဖော်သင့်သည်။ ဤသည်တို့မှာ ထုတ်ဖော်ပြဖို့ လိုအပ်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ပြောသင့်သည့်အရာဖြစ်သည်။” ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သင်၌ ထိုသို့သော ထင်မြင်ချက်တစ်ခု မဖြစ်သလော။ သင်သည် သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို၊ သာမညအဆင့်၌ ထားပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချဉ်းကပ်ရာတွင် သင် လေ့လာပြီးဖြစ်သည့် အသိပညာနှင့် သဘောတရားတို့ကို ရှေ့တန်းတင်လေသည်။ မည်သို့ပင်ဖြစ်စေ၊ ဤအသိပညာမျိုးတို့သည် လူတို့ကို မမှန်ကန်သော ခံစားချက်များ ပေးနိုင်ပြီး ၎င်းတို့အား မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာသွားးစေနိုင်၏။ သင်တို့ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ သင်တို့ ယနေ့ လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ၊ သင်တို့ ဤအမှန်တရားကို တစ်နေ့ အသိအမှတ်ပြုကြလိမ့်မည်။ အသိပညာက လူတို့ကို ၎င်းတို့၏ ပျက်စီးခြင်းသို့ ပို့ဆောင်နိုင်ပြီး ၎င်းတို့ကို ငရဲထဲသို့ ဆိုက်ရောက်စေနိုင်သည်။ ဤအရာကို သင်တို့ လုံးလုံးလျားလျား နားလည်နိုင်ပါသလော။ လူအချို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံဖို့ လိုလားခြင်းရှိကောင်း ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အလယ်တွင် အသိပညာများစွာ ရှိသည့်သူများ၊ မိမိတို့ကိုယ်ကိုယ် အလွန်ပညာ တတ်သည်ဟု ထင်မြင်သူများရှိသည့်အတွက် ဖြစ်သည်။ ငါသည် သင်တို့ကို လှောင်ပြောင်နေခြင်း သို့မဟုတ် သရော်နေခြင်း မဟုတ်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ပြီးလျှင် ဤသည်ကို ချက်ချင်းလက်ခံဖို့ သင်တို့ကို တောင်းဆိုနေခြင်း မဟုတ်ပေ။ ဤအရာများကို သင်တို့ ဖြည်းဖြည်းချင်း သတိပြုမိလာဖို့မျှသာ ငါ တောင်းဆိုနေခြင်းဖြစ်သည်။ အသိပညာသည် ဘုရားသခင်ကို သိရှိခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှ သင့်ကို ပိတ်ပင်ကာဆီးသည့် နံရံတစ်ခု ဖြစ်လာနိုင်သည်။ ယင်းက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ သင့်ကို ခက်ခဲစေနိုင်သည်၊ သင့်ကို ဘုရားသခင်ထံမှ ခွဲခွာနေစေနိုင်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို သင်၏ စိတ်နှင့် အသိပညာကို အသုံးပြုလျက် ချဉ်းကပ်၍စိစစ်စေနိုင်သည်။ ထို့ကြောင့် သင်တို့၌ ယခု အသိပညာရှိပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်တို့သည် အသိပညာအဖြစ် အမျိုးအစားခွဲထားသည့် အရာများကို သတိပြုမိပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်၊ ပြီးလျှင် ယင်းတို့က သင်နှင့် ဘုရားသခင်တို့၏ ပုံမှန် ဆက်ဆံရေးကို မည်မျှ ဟန့်တားပြီး နှောင့်ယှက်ကာ၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်၏ပုံမှန် ဝင်ရောက်မှုကို မည်မျှ နှောင့်ယှက်သည်ကို သင် နားလည်သင့်သည်။ ဤသည်မှာ အသိပညာကို သင်နားလည်သင့်သည့်ပုံစံ ဖြစ်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၌ မှန်ကန်သည့် နားလည်သဘောပေါက်မှု ရှိသင့်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်သဘောထားထား ပြောင်းလဲခြင်းနှင့် စိတ်သဘောထား ပြောင်းလဲသည့် လမ်းကြောင်း” မှ

သိပ္ပံပညာ ဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာ ဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးများ နှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ လူတို့ မသိရှိသည့်အရာနှင့် ဘုရားသခင်က ၎င်းတို့ကို ပြောပြမထားသည့် အရာများ ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲမှုများအကြောင်း အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်သည်။ သိပ္ပံပညာ၏ နယ်ပယ်ကား အဘယ်နည်း။ ယင်းက တော်တော်ကျယ်ပြန့်သည်ဟု သင် ဆိုနိုင်သည်။ လူသားသည် မိမိ စိတ်ဝင်စားသောအရာတိုင်းကို သုတေသနပြုပြီး လေ့လာကြသည်။ သိပ္ပံပညာတွင် ဤအရာများ နှင့်ဆိုင်သော အသေးစိတ်အချက်များနှင့် ဥပဒေသများကို သုတေသနပြုခြင်း ပါဝင်ပြီးနောက်၊ လူတိုင်းကို “ဤသိပ္ပံပညာရှင်များသည် တကယ်ကို အံ့ဩချီးမွမ်းဖွယ် ဖြစ်သည်။ ဤအရာများကို နားလည်လောက်သည့် များလှစွာသော အရာများကို ၎င်းတို့ သိရှိကြသည်။” ဟု စဉ်းစားစေဖို့ ဖြစ်စေသည့် ယုတ္တိရှိသော သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အလွန် လေးစားကြည်ညိုမှု ရှိကြသည်၊ မဟုတ်လော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူတို့သည် မည်သည့် အမြင်မျိုးကို သင်စွဲကိုင်သနည်း။ ၎င်းတို့သည် စကြဝဠာကို သုတေသန ပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်တွင်ရှိသော နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော သိပ္ပံပညာရပ်များ၌၊ လူတို့သည် ထင်မြင်ချက်ဖြင့် ၎င်းတို့၏ ကောက်ချက်များချတတ်ကြပြီး အခြားအရာများ၌မူ လူတို့သည် ကောက်ချက်များချရန် လူသား၏ အတွေ့အကြုံအပေါ် အမှီပြု ကြသည်။ သို့တိုင် အခြားသိပ္ပံပညာနယ်ပယ်များ၌၊ လူတို့သည် သမိုင်းနှင့် နောက်ခံအကြောင်းတို့ လေ့လာခြင်းများအပေါ် အခြေခံ၍ ၎င်းတို့၏ ကောက်ချက်များ ချလာတတ်ကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် မည်သည့်အရာ လုပ်ဆောင် ပေးသနည်း။ သိပ္ပံပညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ပိုင်ဆိုင်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသော စိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်းခြင်းခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးဖြစ်သည့် လူအချို့ပင်လျှင် ပေါက်ပေါက်ရှာရှာ စိတ်ကူးဖြင့် သွား၍ ဗက်တီးရီးယားပိုးကို သုတေသနပြုကြလိမ့်မည် သို့မဟုတ် အကြောင်းကိစ္စတစ်ခုအဖို့ အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြလိမ့်မည်။ ထိုသို့သော လူတို့သည် အကြောင်းကိစ္စများကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မကြည့်သကဲ့သို့၊ များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာ အမြင်များ၊ သို့မဟုတ် အသိပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ ဖြေရှင်းချက်များကို အားထား လိုကြသည်။ ဘုရားသခင်ကို ၎င်းတို့ အားမကိုးကြသကဲ့သို့ ဘုရားသခင်ကို မရှာဖွေကြပေ။ ဤသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သိပ္ပံပညာကို ၎င်းတို့ လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသန ပြုလိုသည့် လူအချို့ပင် ရှိသည်။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယ ဝင်စေသည် မဟုတ်လော။ (ဝင်စေပါသည်။) ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို မည်သို့ အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်ချမှုများကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ (အသုံးပြုချင်ပါသည်။) ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည် သိပ္ပံ၏နာမည်ကို အသုံးပြု၏။ စာတန်သည် သိပ္ပံအတွက်ကြောင့် လူသား၏ ရုပ်ဝတ္ထု လိုအပ်ချက်များနှင့် ၎င်းတို့၏ဘဝအရည်အသွေးကို မပြတ်တမ်းမြှင့်တင်ရန် လူသား၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေး၏။ ထို့ကြောင့် စာတန်သည် ဤမူမမှန်သော အကြောင်းပြချက်ဖြင့် လူသားကို ဖျက်ဆီးရန် သိပ္ပံကို အသုံးပြုခြင်းဖြစ်သည်။ စာတန်က သိပ္ပံကို ဤနည်းဖြင့် အသုံးပြုလျက် ဖျက်စီးသည်မှာ လူသား၏ အတွေးအခေါ် သို့မဟုတ် လူသား၏ စိတ်သာ ဖြစ်သလော။ ငါတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့လာရသည့် ငါတို့ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ အခြားမည်သည့်အရာကို စာတန်သည် သိပ္ပံကို အသုံးပြု၍ ဖျက်ဆီးသနည်း။ (သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။) မှန်သည်။ သင်တို့သည် ဤအရာကြောင့် အလွန်အမင်း ဒုက္ခရောက်ကြပြီးဖြစ်ကာ အလွန်အမင်း ထိခိုက်ခံရကြပြီးဖြစ်ပုံပေါ်သည်။ လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်မပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့ ဆက်နွှယ်သည့် ပတ်ဝန်းကျင်တွင် မည်သည့်အရာ ပါဝင်သနည်း။ လူသားမျိုးနွယ်တို့ ရှူသွင်းသော လေသည် ညစ်ညမ်းလာပြီ မဟုတ်လော။ ငါတို့ သောက်သုံးသော ရေသည် အမှန်တကယ် သန့်စင်သေးသလော (မသန့်စင်တော့ပါ။) ငါတို့ စားသုံးနေသော အစားအစာသည် သဘာဝအတိုင်း ဟုတ်ပါ၏လော။ အများစုသည် ဓါတုဓာတ်မြေသြဇာ နှင့် မျိုးဗီဇ ပြုပြင်မှုကို အသုံးပြုကာ စိုက်ပျိုးထားခြင်းဖြစ်ပြီး သိပ္ပံနည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြင့် သန္ဓေပြောင်းလဲခြင်းတို့သည်လည်း ရှိကြသည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည်ပင် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုးတွင် နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာ၊ အပင်များ၊ သစ်ပင်များနှင့် သမုဒ္ဒရာများ- ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းအား လူသားကို ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံသာမရှိခဲ့ပါက၊ လူတို့သည် ပျော်ရွှင်ခဲ့လိမ့်မည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နည်းလမ်းအတိုင်း၊ ၎င်းတို့ခံစားရန် ဘုရားသခင် အပ်နှင်းခဲ့သောအရာနှင့်အညီ၊ ယင်းတို့၏ အသန့်ရှင်း အသန့်ပြန့်ဆုံးအခြေအနေကို ခံစားနိုင်ကြမည် ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲ့ရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက- လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ (မျိုးသုဉ်းခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်ပေသည်၊ မျိုးသုဉ်းခြင်းဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်သည် မိမိ၏ ကိုယ်ပိုင် မျိုးသုဉ်းပျောက်ကွယ်ခြင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း သာ၍ ချဉ်းကပ်လာပေသည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။ အမှုအရာများကို သင်တို့ ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ ဇဝေဇဝါဖြင့်သာ လုပ်မိကြဖို့အလို့ငှာ သိပ္ပံဟူသည် ယခုအချိန်တွင် လူသားအတွက် စာတန်ပြင်ဆင်ထားသော မှော်ဆေးရည်တစ်မျိုးအလား ထင်ရ၏။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ အမှုအရာများကို သင်တို့ ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင် ကြပေ။ သို့ရာတွင် စာတန်သည် သင်၏အာသီသကို ပြင်းပြလာစေရန်နှင့် သင့်အား နဖားကြိုးတပ်ကာ အသူရာချောက်နက် နှင့် သေမင်းဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်စေရန် သိပ္ပံ၏နာမည်ကို အသုံးပြုလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

အသိပညာ၊ သဘောတရားများနှင့် ရုပ်ပိုင်းဆိုင်ရာ လောကနှင့်သက်ဆိုင်သည့် ပညာနှင့်အရည်အသွေးတို့၏ နားလည်မှုပမာဏ တစ်ခုတစ်လေကမျှ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းတစ်ခုကို အစားမထိုးနိုင်ပေ။ သမ္မာတရား၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနှင့် သက်ဆိုင်သည့် အမှန်တရားနှင့် လက်တွေ့အရှိတရားတို့ကို နားလည်ခြင်းအားဖြင့်သာလျှင် တစ်စုံတစ်ဦးသည် အရာအားလုံးကို နားလည်နိုင်ပြီး နောင်တရှိမည် မဟုတ်ချေ။ တစ်စုံတစ်ဦးသည် ယနေ့တွင် သေမည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ဖန်ဆင်းခြင်း၏သခင် မျက်မှောက်တွင် ရှင်သန်ပြီးဖြစ်ကာ၊ ၎င်းတို့၏ သေခြင်းတရားသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ အောက်တွင် သေဆုံးနေကြသည်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် စိတ်နှလုံးထဲတွင် နောင်တနှင့် အကြောက်တရားတို့ ကင်းဝေးပြီး နှစ်သိမ့်ခြင်း ခံရလိမ့်မည်။ အကြောင်းမှာ ၎င်းတို့ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေမှာ ဘုရားသခင်၏လက်ထဲတွင် လုံးလုံးရှိပြီး၊ ကြောက်စရာနှင့် နောင်တရစရာတစ်ခုမျှ မရှိပေ။ ထိုမျှ အသိပညာဖြင့် ရင်းနှီးကျွမ်းဝင်သူများ၊ သိပ္ပံပညာနှင့် နက်နဲမှုများကို လေ့လာသူများ၊ သမ္မာတရားကို နားမလည်သူများ၊ ထိုသို့သောသူများက ထိုအရာများကို နားလည်ခြင်းနှင့် သုတေသန လုပ်ခြင်းတို့သည် အကျိုးရှိသည်ဟု တွေးထင်ကြပြီး အကျိုးဆက်အနေဖြင့် ၎င်းတိုသည် ထိုအရာများကို သာ၍ နားလည်လေ ၎င်းတို့၏ အတွေးသည် သာ၍ ရောထွေးလာလေ ဖြစ်သည်။ အသိဉာဏ်အရှိဆုံးသူများမှာ ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုကို လက်ခံသော ဤသူများဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို နှစ်အတန်ကြာ ကြုံရပြီးနောက်တွင် သူတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်း၏ နက်နဲမှုကိုလည်းကောင်း သတိမထားမိဘဲ နားလည်လာကြသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီး သူ၏ အချုပ်အခြာအာဏာကို သိလာကြသည်။ သူတို့သည် ကြွယ်ဝချမ်းသာစေသည့် အသက်တာများကို အခက်အခဲမရှိ အဓိပ္ပာယ်ရှိစွာ နေထိုင်ကြသည်ဟု သူတို့ခံစားကြသည်။ ဘုရားသခင်သည် သင့်ကို အသက်ရှင်ခွင့်ပေးပြီး၊ သင်သည် ဘုရားသခင်အတွက် အသက်ရှင်ပြီး ဖန်ဆင်းခံလူသားတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ဖို့ အသက်ရှင်ပါက သင်သည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်နေခြင်းဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံ၊ ဇာတိသွေးသားအတွက်သာ အသက်ရှင်လျက် ဝိညာဉ်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်၏ အသက်တာမျိုးကို နေထိုင်ပါက သင့်အသက်တာ၌ တန်ဖိုးမရှိသဖြင့် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်နေခြင်းမဟုတ်ပေ။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ စာတန်၏ အုပ်စိုးခြင်းခံရသည့် ယနေ့လောကထဲနှင့် သမိုင်း၏နှစ်ထောင်ပေါင်းများစွာတစ်ခုလုံးကြာ၊ လူသားမျိုးနွယ်အားလုံးကြားတွင် မည်သူက အသက်ကို ရရှိပြီးဖြစ်သနည်း။ မည်သူမျှ မရရှိပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားများသည် ဘုရားသခင်ကို ဆန့်ကျင်ကြပြီးသည့် လူများသာ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဘဝများကို အသက်ရှင်ပြီး ရှင်သန်ရာတွင် အသုံးပြုသည့် အရာအားလုံးသည် စာတန်ထံမှ လာခဲ့ခြင်းဖြစ်ပြီး စာတန်ထံမှ လက်ခံရရှိခဲ့ကြခြင်းဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိအကျ ဆန့်ကျင်လေသည်။ ထို့ကြောင့်၊ လူသားများသည် ဘုရားသခင်ကို ဆန့်ကျင်သူများနှင့် သူ၏ ကျိန်ဆဲခြင်းများကို ခံစားရသူများဖြစ်သောကြောင့် ပြောစရာ အသက် သူတို့တွင် မရှိချေ။ ၎င်းတို့သည် “၎င်းတို့၏ အမှတ်သညာကို ချန်ထား” လိုသော်လည်း၊ “၎င်းတို့၏ အမည်များကို မျိုးဆက်ရာချီ အတွက် လက်ဆင့်ကမ်း” စေလိုသော်လည်း၊ “ထာဝရ ထင်ပေါ်ကျော်ကြားမှုကို မွေ့လျော်”လိုသော်လည်း၊ ပြီးလျှင် “အမြဲတည်တံ့သော အမည်တစ်ခုရှိ” လိုသော်လည်း၊ ထိုအရာများအားလုံးသည် အဓိပ္ပာယ်မရှိပေ။ အမှန်တရားမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ လူပြန်မဝင်စားဖို့ရန် အစောပိုင်းတွင် ဘုရားသခင်၏ ကျိန်ခြင်းခံခဲ့ရပေသည်။ ကျော်ကြားသူများ မည်သူဖြစ်ပါစေ၊ ၎င်းတို့၏ စကားများကို အခြေခံအားဖြင့် ဘုရားသခင် မထောက်ခံသကဲ့သို့၊ ၎င်းတို့ သေဆုံးပြီးနောက် အားလုံးသည် ငရဲဆယ့်ရှစ်ထပ်တွင် အပြစ်ပေးခံကြရပေသည်။ ဘုရားသခင်သာ သမ္မာတရားဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့ထဲရှိ အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးလေသည်။ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံမှုမရှိခြင်းမှာ သမ္မာတရားကို မရရှိနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျှင်၊ သင်၏ စိတ်နှလုံး နက်ရှိုင်းသည့်နေရာများတွင်၊ သင်သည် စိတ်ကြည်လင်မှု ရှိလိမ့်မည်ဖြစ်ပြီး အေးအေးသက်သာ အားတက်မှုခံစားရမည် ဖြစ်ပြီး၊ နှိုင်းဆမရနိုင်သည့် ချိုမြိန်မှုတစ်ခုကိုလည်း သင် မွေလျော်ရလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အချိန်တွင်၊ သင်သည် အမှန်တကယ် အသက်ရရှိပြီး ဖြစ်လိမ့်မည်။ လောကီသိပ္ပံပညာရှင်များ၏ သိပ္ပံဆိုင်ရာအောင်မြင်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ၎င်းတို့ သေခြင်းတရားနှင့်နီးကပ်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် လက်ချည်းသက်သက်ဖြစ်ကာ မည်သည့်အရာမျှ မရှိလေပြီဟု ခံစားရလိမ့်မည်ဖြစ်သည်။ အိုင်းစတိုင်းနှင့် နယူတန်တို့ပင်၊ များလှစွာသော အသိပညာရှိသော်ငြား၊ အနှစ်မဲ့မှု ခံစားခဲ့ရသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ သမ္မာတရား မရှိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း၊ သူ၏ တည်ရှိခြင်းနှင့် သူ့ကို ယုံကြည်ဖို့ ကောင်းသည်ဆိုသည်ကိုသာ သိရှိကြသည်- သို့သော် သမ္မာတရားကို ၎င်းတို့ မလိုက်စားခဲ့ကြချေ။ ၎င်းတို့သည် သိပ္ပံပညာကို လေ့လာရုံမျှလေ့လာကြပြီး၊ ဘုရားသခင်တစ်ပါး အမှန်တကယ်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ကြကာ၊ သူ တည်ရှိသည်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်လက်ခံခြင်းနှင့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အား သူဖန်ဆင်းခဲ့သည်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်လက်ခံခြင်းတစ်ခုဖြင့် အဆုံးသတ်ရင်း၊ နောက်ဆုံးထိ သူ့ကို ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် သိပ္ပံဆိုင်ရာ အသိပညာကိုသာ ရှာဖွေခဲ့ကြသည်။ ဘုရားသခင်ကို သိကျွမ်းဖို့ မရှာဖွေခဲ့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရရှိခဲ့ကြသကဲ့သို့၊ စစ်မှန်သည့် အသက်ကိုလည်း မရရှိခဲ့ကြချေ။ သင်တို့ ယနေ့ လျှောက်လှမ်းနေကြသည့် လမ်းကြောင်းသည် ၎င်းတို့ လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောင်းမဟုတ်ပေ။ သင်တို့ ရှာဖွေသည်မှာ ဘုရားသခင်ကို သိကျွမ်းဖို့၊ သူ့ကို မည်သို့ ကျိုးနွံနာခံရမည်၊ သူ့ကို မည်သို့ ကိုးကွယ်ရမည်ဆိုသည်နှင့် အဓိပ္ပာယ်ရှိသည့် အသက်တာတစ်ခုကို မည်သို့ အသက်ရှင်နေထိုင်ရမည်ဆိုသည်တို့ ဖြစ်သည်။ ဤအရာအားလုံးသည် ၎င်းတို့ ရှာဖွေခဲ့သည့်အရာနှင့် လုံးဝ ကွဲပြားပေသည်။ ယခုတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရား၏ ရှုထောင့်တိုင်းကို သင်တို့အား ပြောပြပြီးဖြစ်ကာ သမ္မာတရားနှင့် အသက်၏လမ်းခရီးကို သင်တို့အပေါ် အပ်နှင်းပြီး ဖြစ်သည်။ သမ္မာတရားကို မလိုက်စားဖို့ဆိုသည်မှာ သင်တို့အတွက် မိုက်မဲရာကျပေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အရှေ့သို့- ၁၅၁။ လက်တွေ့ကျသည့် ထုံးတမ်းအစဉ်အလာ နှင့် အသိပညာတို့ကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၃။ ဘာသာတရား၏ ဘာသာရေး ယုံကြည်မှုဆိုင်ရာ သဘောတရားများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ(တစ်နေ့ သင်သိလာမယ် သိလာမယ်)ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊(မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်