၈၆။ ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ဆက်ဆံပုံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ
(၁) ဘုရားသခင့် အိမ်တော်၏ ပိုင်ဆိုင်မှုအားလုံး အပါအဝင်၊ ဘုရားသခင့်အိမ်တော်၏ ငွေများနှင့် ပစ္စည်းများသည် ဘုရားသခင်အဖို့ သူ၏ ရွေးချယ်ထားသော လူတို့ထံမှ လှူဖွယ်ပစ္စည်းများဖြစ်ပြီး မည်သည့် အသင်းတော် သို့မဟုတ် မည်သည့် လူနှင့်မျှ မသက်ဆိုင်ပေ။
(၂) ဘုရားသခင်နှင့် ယဇ်ပရောဟိတ်မှလွဲ၍ မည်သူမျှ ဘုရားသခင်အဖို့ဖြစ်သော လှူဖွယ်ပစ္စည်းများကို သုံးဆောင်ပိုင်ခွင့် မရှိပေ။ ယင်းတို့မှ ခိုးယူသောသူ မည်သူမဆိုသည် ယုဒတစ်ဦးဖြစ်ပြီး အပြစ်ပေးရမည်ဖြစ်သည်။
(၃) ဘုရားသခင်ထံ လှူဒါန်းသော လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူအားဖြင့် စီစဉ်ဖို့၊ လွှဲပြောင်းဖို့နှင့် ထိန်းချုပ်ဖို့ ဖြစ်ပြီး၊ ယင်းတို့နှင့် ပတ်သက်၍ မည်သူမျှ နှောင့်ယှက်၍ မရနိုင် သို့မဟုတ် ယင်းတို့ကို အလိုရှိသည်အတိုင်း ရွေ့ပြောင်း၍မရနိုင်ပေ။
(၄) ၎င်းတို့၏ သတိမမူသည့်၊ ဝတ်ကျေတမ်းကျေဖြစ်သော တာဝန် ထမ်းဆောင်မှုမှတစ်ဆင့် သို့မဟုတ် အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့၏ မဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် လှူဖွယ်ပစ္စည်းများ ဆုံးရှုံးမှု ဖြစ်သည့်သူတစ်ဦးသည် သမ္မာတရား အခြေခံသဘောတရားအတိုင်း လိုအပ်သလို လျော်ကြား ပေးသင့်သည်။
(၅) လှူဖွယ်ပစ္စည်းများကို အလွန်အကျွံ အလွဲသုံးစားပြုသောသူ သို့မဟုတ် ခိုးဝှက်သောသူသည် ၎င်းတို့ ယူခဲ့သည့်အရာအတွက် ပေးစေရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် ၎င်းတို့ ငြင်းဆန်ပါက၊ ပြင်းထန်သော ဒဏ်ခတ်မှုကို အကောင်အထည် ဖော်နိုင်သည်။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ မခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်အရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ
အသင် နံဟောင်နေသော တီကောင်ငယ်လေးများသည် ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်တို့၏ ပျက်စီးနေသော၊ ကျရှုံးခဲ့သော နာမည်ဂုဏ်သတင်းကို ဆယ်တင်နိုင်ကာ အရွေးချယ်ခံ ဣသရေလ၏လူမျိုး ဖြစ်လာနိုင်သလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ထိုယဇ်များသည် ငါ့ကို ကြောက်ရွံ့ကြသော သူများထံမှလာသည့် သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြချက် အနေဖြင့် လူတို့က ငါ့ကို ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ့ကို လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်တို့ အဘယ်သို့ လုယက်ဖို့ ဖြစ်နိုင်သနည်း။ ယုဒတစ်ဦး ဖြစ်လာမည်ကို သင် မကြောက်သလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက်သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများသည် အသင် လောက်ကောင်၏ ဝမ်းကို အာဟာရ ဖြည့်တင်းဖို့ဟု ထင်သလော။ သင့်ကို ငါပေးပြီးသောအရာသည် ငါ အားရကျေနပ်ကာ လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်။ ငါသင့်ကို မပေးထားသော အရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သော အရာဖြစ်၏။ ငါ၏ ယဇ်များကို သင် လုံးဝခိုးယူ၍ မရ။ အလုပ်လုပ်သောသူမှာ ငါ ယေဟောဝါ- ဖန်ဆင်းခြင်း၏ အရှင်- ဖြစ်ပြီး ငါ့ကြောင့် လူတို့က ယဇ်များကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူပါတကား။ မည်သူ့အတွက် သင်အလုပ်များ နေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ သင်သည် အဘယ်ကြောင့် ငါ၏ ယဇ်များကို ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူသနည်း။ သင်သည် ယုဒရှကာယုတ်၏သား မဟုတ်လော။ ငါ ယေဟောဝါအဖို့ဖြစ်သော ယဇ်များသည် ယဇ်ပုရောဟိတ်များ ပျော်မွေ့ဖို့ရာ ဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦးလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်ခိုက်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ပင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ အသင် အသုံးမကျသည့် စုတ်ချာသောသူ။ ငါ၏မီး၊ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” မှ
ငါသည် သင်တို့အလယ်တွင် ဤနည်းဖြင့် အမှုပြုကာ စကားပြောပြီး ဖြစ်သည်၊ အလွန်များစွာသော အားအင်များနှင့် အားထုတ်မှုကို ငါ အသုံးပြုပြီး ဖြစ်သည်၊ သို့သော် သင်တို့ကို ရှင်းလင်းစွာ ငါပြောသည့် အရာကို မည်သည့်အချိန်တွင် သင်တို့ နားထောင်ဖူးကြသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို သင်တို့ အဘယ်မှာ ပျပ်ဝပ်ဖူးကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတိုင်းသည် ငါ၏အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင်တို့၏ နှလုံးသားများသည် အလွန် မာကျောသနည်း။ ငါသည် သင်တို့ကို အလဲထိုးဖူးပါသလော။ ငါ့ကို ဝမ်းနည်းစေကာ ပူပန်စေသည်မှလွဲ၍ သင်တို့ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ စောင့်ဆိုင်းနေကြသလော။ သင်တို့၏ မနာခံမှုက ဆွပေးသည့် ငါ၏အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့ စောင့်ဆိုင်းနေကြသလော။ ငါလုပ်ဆောင်သမျှတိုင်းသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါ ဖြစ်သည့် ငါ့ကို ဤနည်းလမ်းဖြင့် အမြဲ ဆက်ဆံကြလေပြီ- ငါ၏ ပူဇော်သက္ကာများကို ခိုးယူခြင်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းများကို သားပေါက်များနှင့် သားပေါက်များ၏ သားပေါက်များကို ကျွေးဖို့ အိမ်မှ ဝံပုလွေ၏ သားရဲတွင်းသို့ ယူသွားခြင်းတို့ဖြစ်သည်။ လူတို့သည် ဒေါသထွက်သည့် စိန်းစိန်းဝါးဝါး အကြည့်များ၊ ဓါးများနှင့် လှံများဖြင့် အချင်းချင်း ရင်ဆိုင်ကြလျက်၊ အနန္တတန်ခိုးရှင် ငါ၏ စကားကို မစင်ကဲ့သို့ ညစ်ညမ်းလာဖို့ အိမ်သာထဲသို့ ပစ်လျက်၊ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ကြ၏။ သင်တို့၏ တည်ကြည်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝသည် သားရဲသဘောဆန်ခြင်း ဖြစ်လာလေပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးအဖြစ်သို့ ပြောင်းသွားပြီး ဖြစ်သည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ ငါ၏ အမျက်ဒေါသနေ့ရက် ကျရောက်မည့်အချိန်သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် သင်တို့ ကျူးလွန်သည့် မကောင်းမှုကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်စားခြင်းအားဖြင့်၊ ငါ၏စကားများကို ရွှံ့နွံထဲသို့ ပစ်ချခြင်းနှင့် ယင်းတို့ကို နားမထောင်ခြင်းအားဖြင့်- ငါ၏နောက်ကွယ်တွင် ဤကဲ့သို့ ပြုမူခြင်းအားဖြင့် ငါ၏အမျက်ဒေါသနှင့် ပြည့်နေသော အကြည့်ကို လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ ငါ၏ ပူဇော်သက္ကာများကို ခိုးယူပြီး ငါ၏ ပိုင်ဆိုင်မှုများကို သင်တို့ တပ်မက်ချိန်တွင်၊ ငါယေဟောဝါ၏ မျက်စိများဖြင့် သင်တို့ကို တွေ့မြင်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ပူဇော်သက္ကာများကို သင်တို့ ခိုးယူချိန်တွင်၊ ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ထိုသို့ သင်တို့ လုပ်ဆောင်ခဲ့ကြသည်ကို သင်တို့မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်ဖြားရလောက်အောင် ပါးနပ်လှသည်ဟု သင်တို့ကိုယ်သင်တို့ အဘယ်သို့ ယုံကြည်နိုင်ကြသနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်များမှ ငါ၏အမျက်ဒေါသ အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များမှ အဘယ်သို့ ငါ၏ပြင်းထန်သော အမျက်သည်းခြင်းသည် ကျော်သွားနိုင်မည်နည်း။ ယနေ့ သင်တို့ ကျူးလွန်သည့် မကောင်းမှုသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ၊ မနက်ဖြန်အတွက် သင်တို့၏ ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ။ ယင်းသည် သင်တို့အပေါ် အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” မှ