၁၄၁။ တစ်စုံတစ်ဦး၏ အနာဂတ်နှင့် ကံကြမ္မာတို့ကို သဘောထားရမည့်ပုံစံနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်၊ ပြီးလျှင် လူ၏ကံကြမ္မာသည် သူ့လက်ထဲတွင် ရှိပေသည်။ သူ၏အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို ကျိုးနွံနာခံခြင်းကို ကောင်းကင်ဘုံက စီမံခွဲခန့်ထားပြီး ကမ္ဘာမြေကြီးမှ အသိအမှတ်ပြုပေသည်။

(၂) ဘုရားသခင်၏နှုတ်ကပတ်တော်များပေါ်တွင် အခြေပြု၍ သင်၏လမ်းကြောင်းကို ရွေးပြီး၊ သူလုပ်ဆောင်သမျှသည် ဖြောင့်မတ်သည်ကို ယုံကြည်ခြင်းရှိလော့။ အသက်အပေါ် သို့မဟုတ် သေခြင်းတရားအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို ကျိုးနွံနာခံလော့။

(၃)ဘုရားသခင်၏သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်အတွက် သင့်ကိုယ်သင် အမှန်တကယ် အသုံးခံလော့။ သင်သည် အောင်မြင်မှုများရသည်ဖြစ်စေ၊ ဒုက္ခသုက္ခများ ကြုံရသည်ဖြစ်စေ၊ သင်သည် သမ္မာတရားကို လိုက်စားသင့်ပြီး၊ မိမိကိုယ်ကိုယ် သိသင့်သည်။ သို့မှသာလျှင် သင်သည် သင်ကိုယ့်သင် သိကျွမ်းလိမ့်မည် ဖြစ်သည်။

(၄) တစ်စုံတစ်ဦးက ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိသည့်အခါ၊ ၎င်းတို့သည် သူ့ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ပြီး၊ လူ၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်း၌ မိမိ၏သီးခြားအနာဂတ်နှင့် ကံကြမ္မာတို့ကို ဘေးဖယ်နိုင်ဖို့ အလိုအလျောက်ပြုခြင်းခံရလေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာဖြစ်သည်။ ယင်းသည် လူသားဘဝသိရှိခြင်းနှင့် အမှန်တရားကို ရယူခြင်း အတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ ရှောင်လွဲမရနိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် ယင်း၏ အခြေခံသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်ပါက၊ မဖြစ်နိုင်ဟု ယခု သင့်ကို ငါ ပြော၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ လွတ်မြောက်ချင်ပါက၊ ယင်းသည် ပို၍ပင်မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံကြည်ရင်းနှင့်သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည်ဟု ထင်မြင်ဆဲဖြစ်ရင်း ၎င်းတို့ပုံစံအတိုင်းရှိသည့် အမှုအရာများကို မကျေမနပ် ဖြစ်နေသေးပါက၊ သင်သည် လူသား၏အားထုတ်မှုနှင့် သင်၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် အများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားပါက၊ သင်သည် မိမိကိုယ်ကိုယ်အတွက် ကိစ္စရပ်များကို ခက်ခဲအောင် လုပ်နေသည်ဟု သင့်ကို ငါဆို၏။ သင်သည် ပြဿနာကိုသာ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ်တူးနေခြင်း ဖြစ်သည်။ တစ်နေ့ အနှေးနှင့် အမြန်ဆိုသကဲ့သို့ မှားယွင်းသည့် ရွေးချယ်မှု သင်လုပ်ခဲ့သည်၊ သင်၏ အားထုတ်မှုများ ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်မှန်းချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ဆန္ဒ၊ သင်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းသို့ သင့်ကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ခါးသီးသည့် အဖိုးအခတစ်ခု သင် ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် အကျိုးဆက်များ၏ ပြင်းထန်မှုကို သင် မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် သမ္မာတရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည်နှင့်အမျှ ယနေ့ ငါပြောနေသည့်အရာနှင့် ယင်း၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ သင်သည် စိတ်နှလုံးနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သမ္မာတရားကို ချစ်သည့်လူ သင်ဟုတ်၊ မဟုတ်၊ ဆိုသည်တို့မှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် သမ္မာတရားအပေါ် မည်သို့ သဘောထားမျိုး သင် ခံယူသည်ဆိုသည့်အပေါ် မူတည်ပေသည်။ ဤအချက်သည် ဘုရားသခင်၏ သြဇာအာဏာကို သင်အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုသည်ကို အလိုအလျောက် သတ်မှတ် ပေးသည်။ သင့်ဘဝ၌ ဘုရားသခင်၏ သြဇာအာဏာကို သိမှတ်ပြီး လက်ခံဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်များအား ဘယ်သောအခါမျှ မခံစားဖူးပါက၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့ကြောင့် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ် ခံရသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၌ သူ၏စမ်းသပ်မှုကို လက်ခံနိုင်သူ၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံနိုင်သူ၊ သူ့၏ သြဇာအာဏာကို ကျိုးနွံနာခံပြီး သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ များကို တဖြည်းဖြည်း ရရှိသောသူတို့သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာ၊ သူ၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတို့ကို ရရှိပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ဝန်ခံသောသူများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ ထိုသို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသောကြောင့်၊ ယင်းကို လက်ခံသောကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို ၎င်းတို့၏ အသိအမှတ်ပြုခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ကာ တိကျလေသည်။ ၎င်းတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ ယောဘကဲ့သို့ သေခြင်းကို မဖြုံသောစိတ်ရှိကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံကြလိမ့်မည်။ ထိုသို့သောလူမျိုးသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် ဖန်ဆင်းရှင်ထံပါးသို့ ပြန်လာနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။ အဖန်ဆင်းခံတစ်ဦး အနေဖြင့် လူသားသည် အဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်- လူသားသည် ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်နောက်လိုက်သင့်၏၊ သင်တို့သည် ငါပြောသမျှနည်းလမ်းအတိုင်း ဆက်လက် ဆောင်ရွက်သင့်သည်၊ သင်သည် မိမိကိုယ်ကိုယ်အတွက် အမှုအရာများကို စီမံနိုင်ခြင်းမရှိကဲ့သို့၊ မိမိကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ၊ အရာအားလုံးကို ဘုရားသခင်ထံ ဝကွက်အပ်ရမည်ဖြစ်ပြီး၊ အရာရာတိုင်းသည် သူ့လက်အတွင်း၌ ထိန်းချုပ်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို မျှော်မှန်းချိန်ထက်စော၍ ရလဒ်တစ်ခု၊ နှစ်သက်ပျော်ရွှင်ဖွယ် ပန်းတိုင်တစ်ခုပေးပြီး၊ ဘုရားသခင်သည် လူသားကိုသွေးဆောင်ရန်နှင့် လူသားကို သူ့နောက်သို့ လိုက်စေရန် ဤအရာကို အသုံးပြုပါက- သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက- ဤသည်မှာ သိမ်းပိုက်ခြင်းဖြစ်မည် မဟုတ်သကဲ့သို့၊ လူသား၏အသက်တာကို အမှုပြုဖို့လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ထိန်းချုပ်ပြီး၊ လူသား၏နှလုံးသားကို ရယူရန် လူသား၏ နိဂုံးကို အသုံးပြုမည်ဆိုပါက၊ ဤတွင် သူသည် လူသားကို စုံလင်နေစေခြင်း မဟုတ်သကဲ့သို့၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ၊ ယင်းအစား သူ့ကို ထိန်းချုပ်ရန် ပန်းတိုင်ကို အသုံးပြုနေခြင်းဖြစ်ပေမည်။ လူသားသည် အနာဂတ်နိဂုံး၊ နောက်ဆုံးခရီးပန်းတိုင်နှင့် မျှော်လင့်ရန် ကောင်းသောအရာတစ်ခုခု ရှိ မရှိတို့ထက် သာ၍ မည်သည့်အရာကိုမျှ အရေးမထားပေ။ သိမ်းပိုက်သည့်အမှုအတွင်းတွင် လူကို လှပသည့် မျှော်လင့်ချက်တစ်ရပ် ပေးခဲ့မည်ဆိုပါက၊ ပြီးလျှင် လူသားကို သိမ်းပိုက်ခြင်းမတိုင်မီတွင်၊ လိုက်စားရှာဖွေရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခုကို သူ့အားပေးခဲ့ပါက၊ လူသားကို သိမ်းပိုက်ခြင်းသည် ယင်း၏ အကျိုးတရားကို ရရှိမည် မဟုတ်သည်သာမက၊ သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုသည်လည်း လွှမ်းမိုးခံရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သိမ်းပိုက်ခြင်းအမှုသည် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်း၊ ပြီးလျှင် လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ယင်း၏အကျိုးတရားကို စွမ်းဆောင်ရရှိသည်ဟုဆိုရပေမည်။ ယင်းကို လူသားနှင့် အပေးအယူတစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ကို ပေးခြင်းဖြင့် စွမ်းဆောင်ရရှိသည်မဟုတ်ဘဲ၊ ယင်းထက် လူသားအား ၎င်း၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှားခြင်းနှင့် သူ၏အလားအလာများကို အမြစ်ဖြတ်ခြင်းမှ သူ၏သစ္စာ စောင့်သိမှုကို ထုတ်ဖော်ပြခြင်းအားဖြင့် ရရှိပေသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ တကယ့်အစအဦးတွင် လူသားကို နှစ်သက်ဖွယ်ကောင်းသော မျှော်လင့်ချက်ပေးခဲ့ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင် လုပ်ဆောင်ပါက၊ လူသားသည် အလားအလာများရှိခဲ့သည့် အခြေခံအကြောင်းရင်းအရ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းရှင်ကို သူ၏အဖန်ဆင်းခံများအားလုံးက အကြွင်းမဲ့နာခံခြင်းနှင့် ကိုးကွယ်ခြင်းတို့အား ရရှိမည်မဟုတ်ပေ။ ကျိုးကြောင်းမမြင်သည့် မသိနားမလည်သော နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ကျိုးကြောင်းမမြင်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုမှုများ ပြုမည်ဖြစ်သကဲ့သို့၊ လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ထိုသို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိဖို့ ဖြစ်နိုင်မည် ဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အဖို့ သက်သေခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့သော အဖန်ဆင်းခံများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် အပေးအယူများသာ လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်း ဖြစ်မည်မဟုတ်ဘဲ၊ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာသာ ဖြစ်ပေမည်။ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။ သို့ရာတွင် အဖန်ဆင်းခံများ အားလုံးအပေါ် ဘုရားသခင်၏ သဘောထားတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်သည် မဟုတ်ဘဲ၊ အတိအကျ ဆိုရပါက သူ၏ ဘုန်းအသရေအတွက် လူသားကို ရရှိဖို့နှင့် လူသား၏ အစ၊ မူလ ပုံသဏ္ဌာန်ကို ပြန်ရရန်အလို့ငှာ သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်မည်ဆိုပါက၊ သိမ်းပိုက်ခြင်း အမှု၏ အရေးပါမှုမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကို သိမ်းပိုက်ပြီးနောက်၊ ဘုရားသခင်သည် လူသားနှင့် မပတ်သက်တော့သကဲ့သို့၊ လူသား၏သေခြင်း၊ ရှင်ခြင်းကို အရေးမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်း အတွက် ဖြစ်လိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ လူသားကို သိမ်းပိုက်ပြီးနောက် သူ့ကိုရယူခြင်းနှင့် အံ့ဩဖွယ်ရာပန်းတိုင်သို့ လူသား၏ နောက်ဆုံး ရောက်ရှိခြင်းတို့သည်သာ ကယ်တင်ခြင်းအမှုတစ်ခုလုံး၏ အချက်အချာတွင် ရှိကာ၊ ဤအရာကသာ လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်အား ရရှိနိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လှပသည့် ပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် ငြိမ်သက်ခြင်းချမ်းသာထဲသို့ သူ၏ ဝင်ရောက်ခြင်းသည်သာ အဖန်ဆင်းခံအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်အနေဖြင့် လုပ်ဆောင်သင့်သည့် အမှု ဖြစ်သည်။ အကယ်၍ လူသားသည် ဤအမှုကို လုပ်ဆောင်ရမည်ဆိုပါက၊ အလွန်အကန့်အသတ်ရှိပေမည်- ယင်းသည် လူသားကို အခြေအနေ တစ်ခုထိ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း၊ လူသားကို ထာဝရ ပန်းတိုင်သို့ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို မဆုံးဖြတ်နိုင်သကဲ့သို့၊ ထို့အပြင် လူသား၏ အလားအလာများနှင့် အနာဂတ် ပန်းတိုင်ကိုလည်း မသေချာစေနိုင်ပေ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကို လူသားအား သူ၏ အလားအလာများမှ သန့်စင်စေခြင်းဖြင့် ရရှိသော်လည်း၊ လူသားသည် နောက်ဆုံးတွင် ၎င်းအတွက် ဘုရားသခင် ပြင်ဆင်ထားသည့် သင့်တော်သော ပန်းတိုင်ထဲသို့ ခေါ်ဆောင်ခံရမည် ဖြစ်သည်။ လူသားသည် ပန်းတိုင်တစ်ခုရှိပြီး သူ၏ ကံကြမ္မာ သေချာသည်မှာ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုပြုသောကြောင့် ဖြစ်ပေသည်။ ဤနေရာတွင် ရည်ညွှန်းထားသည့် သင့်တော်သော ပန်းတိုင်မှာ လူသား၏ အတိတ်က သန့်စင်ခံရသော မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပေ။ ထိုနှစ်ခုမှာ ကွဲပြားခြားနား၏။ လူသားက မျှော်လင့်ပြီး လိုက်စားသည့် အရာများသည် လူသားနှင့်လျော်ကန်သော ပန်းတိုင်ဆိုသည်ထက်၊ ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို သူ၏လိုက်စားမှုမှ ထွက်ပေါ်သော တမ်းတမှုများ ဖြစ်သည်။ ထိုစဉ်အတောအတွင်း လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာများမှာ၊ လူသားကို ဖြူစင်စေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းနှင့် ထိုက်သင့်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်ပေသည်၊ ယင်းတို့မှာ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့ပြီး လူသား၏ ရွေးချယ်မှုများ၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် မစွန်းထင်းပေ။ ဤပန်းတိုင်ကို သီးခြားလူတစ်ဦးအတွက် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ပန်းတိုင်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ဖြစ်တည်မှု အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် ခြေခြေမြစ်မြစ်ရှိသော အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်- ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆပ်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့်‌ စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် နာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်- သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။ ယနေ့တွင် လူတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်၏ အနှစ်သာရနှင့် အဆင့်အတန်းကို အမှန်တကယ် သိခဲ့ကြပါက၊ ၎င်းတို့သည် ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေကြဦးမည်လော။ သင် သိထားသင့်သည်မှာ ဤအရာဖြစ်သည်- ဘုရားသခင်က ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ စုံလင်စေခြင်း မပြုသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ် လိုက်ရမည်။ ယခု ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကာ ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာနှင့် စာတန်၏ စွမ်းအားမှ မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်ဖို့အလို့ငှာ၊ ညစ်ညမ်းသောမြေတွင် ကျွန်ုပ်တို့ မွေးဖွားစေသော်လည်း၊ မစင်ကြယ်မှုမှ မိမိကိုယ်ကိုယ် ဖယ်ရှားခွင့်ပေးဖို့၊ ညစ်ညူးမှုနှင့် စာတန်၏ စွမ်းအားကို ခါချပြီး ချန်ထားစေနိုင်ဖို့ ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ သင်နှင့်သက်ဆိုင်၍ လိုအပ်သောအရာ ဖြစ်သော်လည်း ဘုရားသခင်အတွက်မှာ ယင်းသည် သိမ်းပိုက်ခြင်းမျှသာ ဖြစ်ပြီး၊ လူတို့အနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးကို လိုက်နာကာ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်ချက် ရှိကြဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုအရာများ အထမြောက်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။...ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံဝံ့ပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော အမှန်တရား ဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည််မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အရှေ့သို့- ၁၄၀။ ဘာသာရေးအကျော်အမော်ပုဂ္ဂိုလ်များကို ဆက်ဆံရေးဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၂။ သဘာဝအလျောက်နှင့် လူလုပ် ဘေးဒုက္ခများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည်အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်