၁၅၃။ ဘာသာတရား၏ ဘာသာရေး ယုံကြည်မှုဆိုင်ရာ သဘောတရားများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘာသာတရား၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ သဘောတရားများသည် သမ္မာတရား ဟန်ဆောင်ထားသည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လူများအား ဘုရားသခင်ကို ဘောင်ခတ်ရန် ကြိုးစားစေပြီး ခုခံစေသည့် အတုများ၊ ဟုတ်မှန်သယောင်ရှိသော်လည်း၊ စင်စစ်မှားနေသော အယူဝါဒများ ဖြစ်ကြသည်။

(၂) ဘာသာတရား၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ သဘောတရားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းခြင်းမှ လာခြင်းမဟုတ်ဘဲ၊ လူ၏အယူအဆများ၊ စိတ်ကူးများ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် ခြုံငုံဆင်ခြင်သော တွေးခေါ်မြော်မြင်မှုတို့မှလာသည်။ ယင်းတို့သည် လူလိမ်တို့၏ မုသားများဖြစ်ပေသည်။

(၃) ဘာသာတရား၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ သဘောတရားများသည် သမ္မာတရားမဟုတ်သကဲ့သို့ လူများကို မကယ်တင်နိုင်ပေ။ တစ်စုံတစ်ဦးသည်ဘာသာရေးယုံကြည်မှုဆိုင်ရာ သဘောတရား အသိပညာကို သာ၍ လိုက်စားလေ၊ ၎င်းတို့က သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် စိတ်ကြီးဝင်လာလေ ဖြစ်ပြီး၊ ၎င်းတို့က သမ္မာတရားကို ငြင်းပယ်ကာ၊ ဘုရားသခင်ကို ခုခံကြသည်။

(၄) ဘာသာတရား၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ သဘောတရားများသည် အလွန်အမင်း လှည့်စားပြီး၊ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသည့်သူသည် ယင်းတို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်း ခံရနိုင်ဖွယ် ရှိသောကြောင့် ပျက်စီးခြင်းခရီးစဉ်ကို စတင်နေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခရစ်ယာန်ဘာသာထဲရှိ ဓမ္မပညာ၊ ကျမ်းစာနှင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သမိုင်းကိုပင် လေ့လာကြသူအားလုံး- ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် ယုံကြည်သူများ၊ ဘုရားသခင်၏ နောက်လိုက်များနှင့် တစ်ခုတလေ ကွဲပြားကြသလော။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသည်။ ဘုရားသခင်ကို လေ့လာသူများနှင့် အခြားအရာများကို လေ့လာသူများကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ ခြားနားချက် မရှိပေ။ ၎င်းတို့သည် သမိုင်းကို လေ့လာသူများ၊ ဒဿနိကဗေဒကို လေ့လာသူများ၊ ဥပဒေပညာ လေ့လာသူများ၊ ဇီဝဗေဒလေ့လာသူများ၊ နက္ခတ္တဗေဒ လေ့လာသည့် လူများနှင့် အတူတူသာဖြစ်သည်- ၎င်းတို့သည် သိပ္ပံပညာ၊ သို့မဟုတ် ဇီဝဗေဒ၊ သို့မဟုတ် အခြားဘာသာရပ်တစ်ခုတလေကိုမျှ မနှစ်သက်ကြပေ၊ ၎င်းတို့သည် ဓမ္မပညာကိုသာ နှစ်သက်ကြသည်။ ဤလူများသည် ဘုရားသခင်၏အမှုတွင် သဲလွန်စများနှင့် လျှို့ဝှက်ချက်ကို သိသာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုးများကို ရှာဖွေခြင်းအားဖြင့် ဘုရားသခင်ကို လေ့လာကြ၏- ၎င်းတို့၏ သုတေသနမှ မည်သည့်အရာ ထွက်လာသနည်း။ ဘုရားသခင် တည်ရှိသည်၊ မတည်ရှိသည်ကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ မည်သည့်အခါမျှ ဆုံးဖြတ်နိုင်လိမ့်မည်မဟုတ်။ ဘုရားသခင်၏ အလိုကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ (မဆုံးဖြတ်နိုင်ကြပါ။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စကားလုံးများနှင့် စကားရပ်များအလယ် အသက်ရှင်ကြသောကြောင့်၊ အသိပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ ဒဿနပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ လူသားများ၏ စိတ်များနှင့် အတွေးများအလယ်တွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မြင်နိုင်ကြလိမ့်မည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို မည်သည့်အခါတွင်မျှ ၎င်းတို့ရရှိကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာအဖြစ် သတ်မှတ်ထားသနည်း။ ယုံကြည်သူမဟုတ်သူများ၊ မယုံကြည်သူများအဖြစ် ဖြစ်၏။ ဤယုံကြည်သူမဟုတ်သူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သည့် လူများကဲ့သို့ ပြုမူရင်း၊ ခရစ်ယာန်များကဲ့သို့ပြုမူရင်း၊ ခရစ်ယာန်အဖွဲ့အစည်းဟု ခေါ်ဆိုသော အရာနှင့် ရောနှောကြသည်- သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ကြသလော။ သူ့ကို ၎င်းတို့ အမှန်တကယ် နာခံကြသလော။ မနာခံပေ။ အဘယ်ကြောင့်နည်း။ တစ်ခု သေချာ၏။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင် တည်ရှိသည်ကို ၎င်းတို့ယုံကြည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကြောင်း၊ အရာခပ်သိမ်းကို သူအုပ်စိုးကြောင်း၊ သူ့အနေဖြင့် လူ့ဇာတိခံယူနိုင်ကြောင်းကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဤမယုံကြည်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ သံသယ၊ ငြင်းပယ်မှုနှင့် ဘုရားသခင် ပြောဆိုသည့် ပရောဖက်ပြုချက်များ- အထူးသဖြင့် ကပ်ဘေးများနှင့်ပတ်သက်သည့် အရာများ- ဖြစ်မလာဖို့နှင့် မပြည့်စုံဖို့ မျှော်လင့်သည့် သဘောထားများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှုအား ၎င်းတို့ဆက်ဆံကြသည့် သဘောထားဖြစ်ပြီး၊ ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းဟု ခေါ်ဆိုသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော မျက်နှာလည်း ဖြစ်သည်။ ဤလူများသည် ဓမ္မပညာကို သိကျွမ်းတတ်မြောက်မှုနှင့် အသိပညာတွင် အထူးစိတ်ဝင်စားမှု ရှိကြပြီး၊ ဘုရားသခင့်အမှု၏ သမိုင်းဆိုင်ရာ အချက်အလက်များကို စိတ်ဝင်စားကြသောကြောင့် ဘုရားသခင်ကို လေ့လာကြပေသည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာနေကြသည့် ပညာတတ်တစ်သိုက်ထက် ဘာမျှမပိုပေ။ ဤ “ပညာတတ်များ” သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြပေ၊ ထို့ကြောင့် အမှုပြုဖို့ ဘုရားသခင်ကြွလာပြီး သူ၏နှုတ်ကပတ်တော်များ ပြည့်စုံချိန်တွင် မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်ကြသနည်း။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်ကာ အသစ်သောအမှုကို ဆောင်ရွက်နေကြောင်း ၎င်းတို့ကြားချိန်တွင် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အသစ်သောအမှုကို ဟောပြောသည့် မည်သူမဆိုကို ၎င်းတို့ရှုတ်ချပြီး ၎င်းတို့ကို သတ်ပင်သတ်ချင်ကြသည်။ ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့ အန္တိခရစ် စစ်စစ်များ ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကို မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုနှင့် သူ့နှုတ်ကပတ်တော်များ ပြည့်စုံခြင်းတို့အပေါ် ရန်လို၏- “ကိုယ်တော်သည် လူ့ဇာတိမခံခဲ့သကဲ့သို့ ကိုယ်တော်၏နှုတ်ကပတ်တော်များ မပြည့်စုံသေးပါက၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးဖြစ်ကာ ကိုယ်တော်လူ့ဇာတိခံခဲ့ပါက၊ ကိုယ်တော်သည် ဘုရားသခင်မဟုတ်။” ဤအရာတွင် ငုပ်နေသော အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တည်ရှိသရွေ့ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ခွင့်မပြုကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦးပင် ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်၏။ ထိုသို့သော ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းများသည် ဘာသာရေး အဖွဲ့အစည်းထဲတွင် တည်ရှိသလော။ ထိုသို့သော ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းများကို အလွန်ကျယ်လောင်စွာနှင့် အလွန်အားမာန်ပါပါ ပြောဆိုကြ၏- “ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်သည်မှာ မှားယွင်း၏။ မဖြစ်နိုင်ပါ။ မည်သည့်လူ့ဇာတိခံယူခြင်းမဆိုသည် အတုအယောင်ဖြစ်သည်။” အချို့က၊ “ဤလူများသည် လှည့်စားခံရကြပြီလော” ဟုမေးကြ၏။ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၌စစ်မှန်သော ယုံကြည်ခြင်း မရှိကြခြင်းသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုအား ယုံကြည်ဖို့ မဆိုထားနှင့်၊ ကမ္ဘာလောကအား ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုကို မယုံကြည်ကြပေ။ ၎င်းတို့အဖို့ ၎င်းတို့လေ့လာသည့် ဓမ္မပညာသည် သမိုင်းဆိုင်ရာ အဖြစ်အပျက်များ တသီတတန်းဖြစ်သည်၊ ယင်းသည် အယူဝါဒ၊ သို့မဟုတ် သဘောတရားမျိုး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၇)” မှ

ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော အဓိကသရုပ်သကန်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာခဲ့ကြပြီး သမ္မာတရားကို မရှာဖွေခဲ့ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုသည့်အခါ၊ ၎င်းတို့ဆုမတောင်းခဲ့ကြ၊ သို့မဟုတ် မရှာဖွေခဲ့ကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခဲ့ကြသည်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်သည့် အရာများကို လေ့လာခဲ့ကြပြီး၊ ထိုသို့လျှင် သူ၏နှုတ်ကပတ်တော်များကို သီအိုရီအမျိုးအစားတစ်ခုအဖြစ်သို့၊ အခြားသူများကို ၎င်းတို့သွန်သင်ခဲ့ကြသည့် အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းဟု ဆိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ကြသနည်း။ ၎င်းတို့လေ့လာခဲ့ကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ အမြင်တွင်၊ ဤသည်တို့မှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်၊ ဘုရားသခင်၏ ဖော်ပြချက်များ မဟုတ်ဘဲ၊ ထိုအစား သိကျွမ်းတတ်မြောက်မှုပုံစံတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော သိကျွမ်းတတ်မြောက်မှုကို လက်ဆင့်ကမ်းသင့်သည်၊ ယင်းကို ပျံ့နှံ့စေသင့်ပြီး၊ ဤအရာသည်သာ ဘုရားသခင်၏ လမ်းခရီးနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်လေမည်ဖြစ်သည်။ ဤသည်မှာ “တရားဟောခြင်း” ဟု ၎င်းတို့ခေါ်ဆိုသည့်အရာဖြစ်ပြီး၊ ၎င်းတို့ဟောသည့် တရားဒေသနာသည် ဓမ္မပညာဖြစ်သည်။

...ဖာရိရှဲများသည့် ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် ဓမ္မပညာနှင့် သီအိုရီတို့ကို အသိပညာအမျိုးအစားတစ်ခုကဲ့သို့၊ လူတို့ကို ရှုတ်ချခြင်းနှင့် ၎င်းတို့ မှားသည်၊ မှန်သည်ကို တိုင်းတာခြင်းအတွက် တန်ဆာပလာတစ်ခုကဲ့သို့ သဘောထားခဲ့ကြသည်။ ၎င်းတို့သည် ယင်းကို သခင်ယေရှုအပေါ်တွင်ပင် အသုံးပြုခဲ့ကြသည်- ယင်းမှာ သခင်ယေရှု ရှုတ်ချခံခဲ့ရပုံ ဖြစ်သည်။ ၎င်းတို့၏ လူတို့ကို အကဲဖြတ်ချက်နှင့် ထိုလူတို့ကို ၎င်းတို့ဆက်ဆံခဲ့ကြသည့် နည်းလမ်းသည် ထိုလူတို့စကားများ၏ အရင်းအမြစ်၊ သို့မဟုတ် ဇာစ်မြစ်အပေါ် မဆိုထားနှင့်၊ ထိုလူတို့၏ အနှစ်သာရအပေါ်၊ သို့မဟုတ် ထိုလူတို့ပြောသည့်အရာ မှားသည်၊ မှန်သည်ဆိုသည့်အရာအပေါ်တွင် မည်သည့်အခါတွင်မျှ အခြေမခံခဲ့ပေ။ ၎င်းတို့သည် လူတို့အား ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အလျှော့မပေးသော စကားများနှင့် အယူဝါဒများအပေါ်တွင် အခြေခံ၍သာ ရှုတ်ချကာ အကဲဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဤဖာရိရှဲတို့က သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြစ်တစ်ခု မဟုတ်သကဲ့သို့ ပညတ်တရားကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို သိခဲ့ကြသော်လည်း၊ သခင်ယေရှုပြောခဲ့သည့်အရာမှာ ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အသိပညာနှင့် သိကျွမ်းတတ်မြောက်မှု၊ ၎င်းတို့အသေးစိတ်ရှင်းပြခဲ့ကြသည့် ဓမ္မပညာဆိုင်ရာ သီအိုရီနှင့် သဘောကွဲလွဲပုံရသောကြောင့်၊ သူ့ကို ၎င်းတို့ရှုတ်ချဆဲဖြစ်ခဲ့သည်။ ပြီးလျှင် ဖာရိရှဲတို့သည် ဤစကားများနှင့် စကားရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုကို အလျှော့ပေးကြမည်မဟုတ်၊ ၎င်းတို့သည် ဤအသိပညာကို ဖက်တွယ်ထားပြီး လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးတွင် ဖြစ်နိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော ရလဒ်မှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို ၎င်းတို့အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သခင်ယေရှုသည် ကြွလာမည့် မေရှိယဖြစ်ကြောင်း၊ သို့မဟုတ် သခင်ယေရှုလုပ်ဆောင်ခဲ့သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကိုပင် ၎င်းတို့အသိအမှတ်ပြုမည် မဟုတ်ပေ။ သခင်ယေရှုကို ရှုတ်ချဖို့ အထောက်အထားမခိုင်လုံသော စွဲချက်အချို့ကို ၎င်းတို့ရှာတွေ့ခဲ့ကြသည်- သို့သော်၊ စင်စစ်အားဖြင့် သူ့ကို ၎င်းတို့ရှုတ်ချခဲ့ကြသည့် အပြစ်များက ခိုင်လုံသည်၊ မခိုင်လုံသည်ကို ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သိခဲ့ကြသလော။ သိခဲ့ကြ၏။ သို့ဆိုလျှင် သူ့ကို ၎င်းတို့က အဘယ်ကြောင့် ထိုသို့ရှုတ်ချဆဲ ဖြစ်ခဲ့သနည်း။ (၎င်းတို့၏စိတ်ထဲမှ မြင့်မားပြီး တန်ခိုးကြီးမားသော ဘုရားသခင်မှာ သခင်ယေရှု၊ ဤသာမန်လူသားတော်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နိုင်လေသည်ကို ၎င်းတို့မယုံကြည်ချင်ခဲ့ကြပါ။) ဤအမှန်တရားကို ၎င်းတို့ လက်မခံချင်ခဲ့ကြပေ။ ဤအရာကို လက်မခံဘဲ ၎င်းတို့ငြင်းပယ်ရခြင်း၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ မရှိခဲ့သလော။ ၎င်းတို့ဆိုလိုခဲ့သည်မှာ၊ “ဘုရားသခင်သည် ယင်းကို လုပ်ဆောင်နိုင်မည်လား။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ပါက၊ သူသည် ကျော်ကြားသောမျိုးရိုးမှ ဧကန်မုချ မွေးဖွားရမည်။ ထို့အပြင်၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ သင်ပြမှုကို သူလက်ခံရမည်၊ ဤအသိပညာကို သင်ယူရမည်ဖြစ်ပြီး ကျမ်းစာကို များစွာဖတ်ရှုရမည်ဖြစ်သည်။ ဤအသိပညာကို သူပိုင်ဆိုင်သည့်နောက်တွင်သာ ‘လူ့ဇာတိခံယူခြင်း’ ဟူသည့် အမည်နာမကို သူခံယူနိုင်သည်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့က သင်သည် ထိုသို့အရည်အချင်း မပြည့်မီသောကြောင့်၊ သင်သည် ဘုရားသခင်မဟုတ်။ ဒုတိယအနေဖြင့်၊ ဤအသိပညာမရှိဘဲနှင့် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုကို ကိုယ်တော်မလုပ်ဆောင်နိုင်။ တတိယအနေဖြင့်၊ ကိုယ်တော်သည် ဗိမာန်တော်ပြင်ပတွင် အမှုမပြုနိုင်- ယခု ကိုယ်တော်သည် ဗိမာန်တော်ထဲတွင် မဟုတ်၊ ကိုယ်တော်သည် အပြစ်သားများအလယ်တွင် အမြဲရှိသည်၊ ထို့ကြောင့် ကိုယ်တော်ပြုသည့်အမှုသည် ဘုရားသခင်၏အမှုနယ်ပယ် အလွန်တွင် ရှိသည်ဟူ၍ ယုံကြည်ကြလေသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ ၎င်းတို့ရှာဖွေခဲ့ကြသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဖို့နှင့် သူမှန်သည်၊ မှားသည်ကို ဆုံးဖြတ်ဖို့ရန် ဤအရာများကို အသုံးပြုဖို့ ကြိုးစားခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုဆွဲရိုက်ခဲ့ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၇)” မှ

သခင့်ကို ယုံကြည်သည့် ဘာသာတရားမှလူများသည် “ခရစ်ယာန်ဘာသာ” အဖြစ် မည်ကဲ့သို့ ယုတ်လျော့ခြင်း ခံကြရသနည်း။ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်၏ အိမ်တော်၊ ဘုရားသခင်၏အသင်းတော်၊ ဘုရားသခင်၏ အမှု၏ အပြုခံအဖြစ်ထက်၊ ဘာသာရေးအုပ်စုများဟု အဘယ့်ကြောင့် အုပ်စုခွဲထားသနည်း။ ၎င်းတို့၌ တရားသေလက်ခံထားခြင်း တစ်ခုရှိသည်၊ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုနှင့် ဘုရားသခင် ပြောသည့်နှုတ်ကပတ်တော်များကို စာအုပ်တစ်အုပ်ထဲသို့၊ သင်ကြားခြင်း စာရွက်စာတမ်းများထဲသို့ စုစည်းပြီး၊ ထို့နောက် ဓမ္မပညာလေ့လာသူမျိုးစုံကို ဝင်ရောက် ခွင့်ပြုဖို့နှင့် လေ့ကျင့်ဖို့ ကျောင်းများဖွင့်ကြသည်။ ဤဓမ္မပညာလေ့လာသူများသည် သမ္မာတရားကို လေ့လာသလော။ (မလေ့လာပေ။) ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာကို လေ့လာသနည်း။ ၎င်းတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာကို လေ့လာနေကြသည်၊ ယင်းက ဘုရားသခင်၏အမှုတော် သို့မဟုတ် ဘုရားသခင် ပြောကြားသည့် သမ္မာတရားများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပြီးလျှင် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် ခရစ်ယာန်ဘာသာသို့ မိမိတို့ကိုယ်ကိုယ် ယုတ်လျော့နေကြသည်။ ခရစ်ယာန်ဘာသာသည် မည်သည့်အရာကို ထောက်ခံသနည်း။ သင်သည် အသင်းတော်တစ်ခုသို့သွားပါက၊ လူများက ဘုရားသခင်ကို ယုံကြည်သည်မှာ မည်မျှကြာပြီဖြစ်သနည်းဟု သင့်ကို မေးကြလိမ့်မည်၊ ပြီးလျှင် သင်သည် စရုံသာရှိသေးကြောင်း ပြောသည့်အခါ၊ ၎င်းတို့က သင့်ကို လျစ်လျူရှုလိမ့်မည်။ သို့ရာတွင် သင်က သမ္မာကျမ်းစာကို ဆုပ်ကိုင်ပြီး သွားကာ၊ “ကျွန်ုပ်သည် အကြင်မည်သော ဓမ္မပညာဆိုင်ရာ ဓမ္မကျောင်းမှ ဘွဲ့ရလာခြင်းဖြစ်သည်။” ဟု ပြောပါက၊ ၎င်းတို့က သင့်အား ဂုဏ်သရေရှိလူကြီးမင်းများထိုင်ရာ၌ ထိုင်ခိုင်းကြလိမ့်မည်။ ဤသည်မှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ တရားဟောစင်မြင်တွင် မတ်တပ်ရပ်သည့် ထိုအရေးပါအရာရောက်သူများ အားလုံးတို့သည် ဓမ္မပညာကို လေ့လာပြီးဖြစ်သည်၊ ဓမ္မကျောင်းတွင် လေ့ကျင့်သင်ကြားထားပြီး၊ ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားတို့ ရှိကြသည်- ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာ၏အဓိကအစိတ်အပိုင်း ဖြစ်ကြသည်။ ခရစ်ယာန်ဘာသာသည် တရားဟော စင်မြင့်ပေါ်တွင် တရားဟောကြားဖို့၊ လျှောက်သွား၍ ဧဝံဂေလိတရား ဟောကြားပြီး အလုပ်လုပ်ဖို့ ထိုသို့သော လူများကို လေ့ကျင့်ပေးထားသည်။ ခရစ်ယာန်ဘာသာ၏ တန်ဖိုးသည် ဒေဿနာများကို ဟောကြားသည့် ဤဓမ္မပညာ ကျောင်းသားများ၊ ဤသင်းအုပ်ဆရာများနှင့် ဓမ္မပညာရှင်များ ကဲ့သို့ ထိုသို့သော တတ်နိုင်စွမ်း ရှိသည့်လူများ၌ တည်ရှိသည်၊ ၎င်းတို့သည် သူတို့၏ အရင်းအနှီးဖြစ်သည်ဟု တွေးထင်ကြသည်။ အသင်းတော် တစ်ခု၏သင်းအုပ်ဆရာသည် ဓမ္မကျောင်းတစ်ခုမှ ဘွဲ့ရခဲ့ကာ၊ သမ္မာကျမ်းစာကို အသေးစိတ်ရှင်းပြခြင်း၌ ကျွမ်းကျင်ပြီး၊ ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်ကာ ယုံကြည်လောက်အောင် အပြောကောင်းသည့်နည်းဟန်ဖြင့် စကားပြောတတ်ပါက၊ အသင်းတော်သည် ရှင်သန်ပြီး အခြား အသင်းတော်များထက် သာ၍ အလွန်ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည်။ ခရစ်ယာန်ဘာသာရှိ ဤလူများသည် မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ အသိပညာ။ ပြီးလျှင် ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို ရှေးခေတ်အချိန်ကာလများထဲက လက်ဆင့်ကမ်းပေးပြီးဖြစ်သည်။ ရှေးခေတ် အချိန်ကာလများတွင် သမ္မာကျမ်းစာရှိခဲ့သည်၊ ယင်းကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြသည်၊ မျိုးဆက်တစ်ခုချင်းစီက ယင်းကို ဖတ်ရှုပြီး သင်ယူကြသည်မှာ ယနေ့ခေတ်အထိ ဖြစ်သည်။ လူတို့က လူများ လေ့လာပြီးသင်ယူနိုင်ဖို့ သမ္မာကျမ်းစာကို အပိုင်းအမျိုးမျိုးခွဲပြီး ထုတ်ဝေမှုမျိုးစုံ ဖန်တီးခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သင်ယူသည့်အရာသည် သမ္မာတရားကို မည်သို့ နားလည်ဖိုနှင့် ဘုရားသခင်ကို မည်သို့သိကျွမ်းဖို့ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို မည်သို့ နားလည်ဖို့နှင့် ဘုရားသခင်ကို ကြောက်ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကို ကြိုးပမ်းရရှိဖို့ မဟုတ်ပေ။ ထိုအစား ၎င်းတို့အတွင်း၌ ရှိသည့် အသိပညာကို ၎င်းတို့က လေ့လာကြသည်။ အများစုမှာ ၎င်းတို့သည် အတွင်း၌ ပါဝင်သည့် နက်နဲရာများ၊ ဗျာဒိတ်ကျမ်း၏ မည်သည့် ပရောဖက်ပြုခြင်းများသည် အချို့သောကာလ၌ ပြည့်စုံခဲ့သည်၊ ကြီးစွာသော ဘေးဒုက္ခများသည် မည်သည့် အချိန်တွင် ကျရောက်မည်၊ ထောင်စုနှစ်သည် မည်သည့် အချိန်တွင် ကျရောက်မည်တို့ကို စုံစမ်းစစ်ဆေးသည်— ဤသည်တို့မှာ ၎င်းတို့လေ့လာသည့် အရာများဖြစ်သည်။ ပြီးလျှင် ၎င်းတို့ လေ့လာသည့်အရာသည် သမ္မာတရားနှင့် ဆက်နွှယ်နေသလော။ မဆက်နွှယ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင်ဆက်နွှယ်မှုမရှိသည့် အရာများကို အဘယ့်ကြောင့် လေ့လာသနည်း။ ၎င်းတို့သည် ယင်းတို့ကို သာ၍လေ့လာလေ၊ ၎င်းတို့ နားလည်သည်ဟု တွေးထင်လေဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျမ်းဟောင်းတရားများနှင့် အယူဝါဒတို့ဖြင့် သာ၍ ပြင်ဆင်လေဖြစ်သည်။ ၎င်းတို့၏အရည်အချင်း သာ၍ မြင့်မားလေ၊ ၎င်းတို့သည် သာ၍ စွမ်းဆောင်နိုင်သည်ဟု တွေးထင်လေဖြစ်သည်၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် သာ၍ ဖြစ်မြောက်သည်၊ ပြီးလျှင် ၎င်းတို့သည် ကယ်တင်ခြင်းခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့သာ၍ ဖြစ်နိုင်ချေ ရှိသည်ဟု ယုံကြည်လေဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၇)” မှ

သခင့်ကို ယုံကြည်ကြသည့် ဘာသာတရားထဲတွင် ရှိသူတို့သည် ကျမ်းစာမှ လူသိများသည့် ကျမ်းပိုဒ်အနည်းငယ်ကို အာဂုံဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ လူတစ်ဦးက အာဂုံဆောင်လေလေ၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝလာလေလေဖြစ်ပြီး လူတိုင်းက ၎င်းတို့ကို လေးစားလေလေ ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်သတင်းကြီးပြီး မြင့်မားသော ရာထူးတစ်ခု ရှိကြသည်။ အမှန်တွင်၊ တကယ့် ဘဝတွင်၊ လောကအပေါ်၊ လူသားမျိုးနွယ်အပေါ်နှင့် ကွဲပြားသောလူစား အားလုံးတို့အပေါ် ၎င်းတို့၏အမြင်သည် လောကီလူတို့၏ အမြင်နှင့် တူညီပေသည်၊ ယင်းသည် မပြောင်းလဲသေးပေ။ ဤအရာက တစ်စုံတစ်ခုကို သက်သေပြ၏- ၎င်းတို့ အာဂုံဆောင်ပြီးဖြစ်သည့် ကျမ်းပိုဒ်များသည် ၎င်းတို့၏ အသက် တကယ်ကို ဖြစ်မလာကြသေးပေ။ ယင်းတို့သည် သဘောတရားများနှင့် ဘာသာရေးအယူဝါဒ တစ်ပုံတစ်ခေါင်းမျှ ဖြစ်ပြီး ၎င်းတို့၏ အသက်တာကို မပြောင်းလဲသေးသည်မှာ ပေါ်လွင်ထင်ရှားပေသည်။ သင် လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘာသာရေးသမားများ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် တူပါက၊ ယင်းသည် သင့်ကို ခရစ်ယာန်ဘာသာကို ယုံကြည်သူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သူ၏ အမှုကို တွေ့ကြုံနေခြင်း မဟုတ်ပေ။ အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်ကြသေးသူတို့သည် မိမိတို့၏ စကားက အခြေအမြစ်ရှိသော ယုံကြည်ကြပြီးသူများကို လေးစားကြသည်။ ၎င်းတို့သည် ထိုသို့သော လူများ နှစ်နာရီ သို့မဟုတ် သုံးနာရီ အေးအေးဆေးဆေး ထိုင်နေပြီး စကားပြောနိုင်သည်ကို မြင်ကြ၏။ ထိုသူတို့ထံမှ ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများအပြင်၊ လူတစ်ဦး စကားပြောပုံနှင့် ကိုယ်ဟန်အနေအထားရှိပုံတို့ကို ၎င်းတို့ စတင်သင်ယူကြ၏။ ထို့နောက် ၎င်းတို့သည် ဝိညာဉ်ရေးရာ စကားများနှင့်ဆိုင်သည့် စာပိုဒ်အနည်းငယ်ကို အလွတ်ကျက်မှတ်ကြပြီး၊ ထိုသို့ဖြင့် တစ်နေ့တွင် ထိုင်ကာ အတောမသတ် စကားပြောကောင်းစွာနှင့် အချိန်ယူ၍ အသေးစိတ်ရှင်းပြဖို့ ၎င်းတို့အတွက် ၎င်းတို့၏ ယုံကြည်မှုနှစ်ကာလများက အရေအတွက် လုံလောက်သည်အထိ ဆက်လက်လုပ်ဆောင်ကြလေသည်။ သို့သော် လူတစ်ဦးက သေချာစွာ နားထောင်ပါက၊ ယင်းသည် အဓိပ္ပာယ်မရှိသောစကားသာ၊ အနှစ်မဲ့သော စကားများသာ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများမျှသာ ဖြစ်၏။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ရော အခြားသူများကိုပါ လိမ်လည်လှည့်စားနေကြသည့် ဘာသာရေး လူလိမ်များ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဝမ်းနည်းဖွယ်ပါတကား။ သင်သည် တစ်ကြိမ် နင်းလျှောက်ပြီးသည်နှင့်၊ ပျက်စီးခြင်း ဖြစ်စေသကဲ့သို့ နောက်ပြန်လှည့်ဖို့ ခက်ခဲသည့် ထိုလမ်းကြောင်းကို မလိုက်လျှောက်ရ။ ထိုသို့သော အရာများကို တန်ဖိုးထားဖို့၊ ယင်းတို့ကို မိမိ၏ ဘဝအဖြစ် ခံယူဖို့နှင့် မိမိသွားသည့် နေရာတိုင်းတွင် အခြားသူများနှင့်ယှဉ်၍ မိမိကိုယ်ကိုယ် တိုင်းတာဖို့ ယင်းတို့ကို အသုံးပြုရန်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုထက် ကျော်လွန်၍၊ ဝိညာဉ်ရေးရာ သဘောတရားများနှင့် သူတော်ကောင်းယောင်ဆောင်ခြင်း အရိပ်လက္ခဏာများ အချို့ ရှိဖို့ဆိုသည်မှာ ဤလူသည် စက်ဆုပ်စရာမျှ ဖြစ်သည်မဟုတ်ဘဲ လွန်လွန်ကဲကဲ စက်ဆုပ်စရာ၊ ရွံရှာဖွယ်ဖြစ်ပြီး အရှက်ကင်းမဲ့ကာ အခြားသူများသည် ၎င်းတို့ကို မကြည့်နိုင်ကြပေ။ ထို့ကြောင့်၊ တစ်ချိန်က သခင်ယေရှုနောက် လိုက်ခဲ့ကြသူများ၏ ဂိုဏ်းဂဏကို ယခုတွင် ခရစ်ယာန်ဘာသာဟု ခေါ်ဆိုသည်။ ယင်းသည် ဂိုဏ်းဂဏတစ်ခုဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင်၊ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်ကို တင်းတင်းကျပ်ကျပ် လိုက်နာကြသည်ထက် ပိုမလုပ်ကြချေ။ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှု လုံးဝ မရှိသကဲ့သို့၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများ မဟုတ်ကြပေ။ ၎င်းတို့ လိုက်စားမှုသည် ဘုရားသခင်ထံမှလာသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက် မဟုတ်ဘဲ၊ ယင်းအစား ၎င်းတို့သည် ဖာရိရှဲများဖြစ်ဖို့ ကြိုးစားကြပြီး ဘုရားသခင်ကို ရန်လိုကြသည်၊ ဤသည်တို့မှာ ခရစ်ယာန်ဘာသာဟု ယခု သတ်မှတ်ထားသည့် လူစု ဖြစ်သည်။ ၎င်းတို့ အုပ်စုသည် “ခရစ်ယာန်ဘာသာ”ဟု အဘယ်သို့ ခေါ်ဆိုခံလာခဲ့ရသနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သန့်ရှင်းသူများ၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး ကြင်နာတတ်သောသူများကဲ့သို့၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များကဲ့သို့ ဟန်ဆောင်ကြသော်လည်း၊ ၎င်းတို့သည် သမ္မာတရားအားလုံးကို ငြင်းပယ်ပြီး ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့် အရာများအားလုံး၏ လက်တွေ့အရှိတရားကို ငြင်းပယ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပုံဖျက်ဖို့၊ မိမိတို့ကိုယ်ကိုယ် တပ်ဆင်ပြီး ခြုံထားဖို့ ယခင်က ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ နောက်ဆုံးတွင် ယင်းတို့ကို နေရာတကာရှိ လူတို့အား အစားအစာနှင့် သောက်စရာတို့ကို လိမ်လည်လှည့်စားဖို့ အရင်းအနှီး အမျိုးအစားတစ်ခုအဖြစ် အသုံးပြုကြ၏။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အား ယုံကြည်သူများကဲ့သို့ ပုံဖျက်ကြပြီး၊ ထိုသို့ဖြင့် ဟိုဟိုသည်သည် ဟိတ်ဟန်ထုတ်၍ လမ်းလျှောက်ကာ အခြားသူများကို ကလိမ်ကျကြသည်။ ၎င်းတို့သည် အခြားသူများနှင့် ပြိုင်ဆိုင်ကြပြီး အခြားသူများကို တုပြိုင်ကြသည်၊ ၎င်းတို့အဖို့ ဤအရာများသည် ထင်ပေါ်ကျော်ကြားမှုနှင့် အရင်းအနှီးဖြစ်၏။ ၎င်းတို့သည် လှည့်စားခြင်းမှတစ်ဆင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကိုလည် ရရှိချင်ကြ၏။ ဤသည်မှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ၎င်းတို့လူစုကို နောက်ဆုံးတွင် ခရစ်ယာန်ဘာသာအဖြစ် သတ်မှတ်သည်မှာ ဤလမ်းကြောင်းမျိုးကို ၎င်းတို့ လိုက်လျှောက်ကြသောကြောင့် ဖြစ်သည်။ ယင်းကို ယခုကြည့်ရာတွင် “ခရစ်ယာန်ဘာသာ”ဟူသည့် အမည်နာမသည် ကောင်းသလော၊ ဆိုးသလော။ ယင်းသည် အလွန်ဆိုးရွားသော ဂုဏ်ထူးဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ ကျက်သရေရှိသောအရာ သို့မဟုတ် ခမ်းနားသောအရာ မည်သည့်အရာမျှ မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

လူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အကောင်းဆုံးသော နည်းလမ်းမှာ လူတို့ကို ၎င်းတို့၏ အတွေးနှင့် ကိုယ်ကျင့်တရားကို စတင်ပြောင်းလဲခွင့်ပေးလျက်၊ အကြီးအကျယ် အဆိပ်ခတ်ခံရပြီးဖြစ်သည့် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ အစိတ်အပိုင်းများကို ကုသဖို့ ဖြစ်သည်။ ပထမဦးဆုံးအနေနှင့်၊ လူတို့သည် ဤဘာသာရေးဓလေ့များ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲတော်များအားလုံးတို့သည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ လိုအပ်သည်။ ၎င်းတို့သည် ထိုရှေးဆန်သော အတွေးများ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အယူသီးမှုများနှင့်ပတ်သက်၍ ၎င်းတို့ အရိုးစွဲနေသည့် အလေ့အထရှိခြင်း အရိပ်လက္ခဏာတိုင်းကို အမြစ်ဖြတ်သင့်ပေသည်။ ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဝင်ရောက်မှုတွင် ပါဝင်လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား အဘယ်ကြောင့် လောကီဆန်သော ကမ္ဘာလောကမှ ဦးဆောင်ခေါ်ထုတ်သွားသည်ကို သင်တို့ နားလည်ရမည်ဖြစ်ပြီး အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ လူသားမျိုးနွယ်အား ဦးဆောင်ခေါ်သွားသည်ကိုလည်း နားလည်ရမည်။ ဤသည်မှာ သင်တို့ ဖြတ်၍ဝင်ရောက်မည့် ဂိတ်တံခါးဖြစ်ပြီး၊ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း၊ ၎င်းတို့သည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ဆို့နေသည့်၊ သင့်ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ ဟန့်တားနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ရုန်းမထွက်သာအောင်မိစေသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်စေသည်။ များစွာသော လူတို့သည် ကျမ်းစာကို အလွန်များစွာဖတ်ရှုကြပြီး၊ ကျမ်းစာထဲမှ ကျမ်းပိုဒ်အမြောက်အမြားကို အလွတ်ပင်ရွတ်ဆိုနိုင်ကြသည်။ ယနေ့ ၎င်းတို့၏ ဝင်ရောက်မှုတွင်၊ လူတို့သည် ဘုရားသခင်၏အမှုထဲက ဤအဆင့်၏ အခြေခံသည် ကျမ်းစာဖြစ်ပြီး ယင်း၏ အရင်းအမြစ်သည် ကျမ်းစာဖြစ်သည့်အလား၊ ဘုရားသခင်၏ အမှုကို အကဲဖြတ်ဖို့ ကျမ်းစာကို မရည်ရွယ်ဘဲ အသုံးပြုကြလေသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် ကိုက်ညီသောအခါ၊ လူတို့သည် ဘုရားသခင်၏ အမှုကို ခိုင်မာစွာ အားပေးကြကာ အသစ်ရရှိသော ရိုသေကြည်ညိုမှုဖြင့် သူ့ကို အလေးထားကြသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် သဘောကွဲလွဲသောအခါတွင်၊ လူတို့သည် အလွန် စိုးရိမ်ကြောင့်ကြကြသည်မှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အခြေခံ အကြောင်းရင်းအတွက် ကျမ်းစာထဲတွင် ရှာဖွေရင်း၊ ချွေးပြန်သည်အထိ ဖြစ်ကြလေသည်။ ဘုရားသခင်၏ အမှုကို ကျမ်းစာ၌ မဖော်ပြထားပါက၊ လူတို့သည် ဘုရားသခင်ကို လျစ်လျူရှုကြပေလိမ့်မည်။ ယနေ့ ဘုရားသခင်၏ အမှုနှင့် ပတ်သက်ပါက၊ လူအများစုသည် ယင်းကို မဝံ့မရဲနှင့် သတိဖြင့် လက်ခံကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို နာခံလိုသည့်အရာကို ရွေးပြီးနာခံကြကာ၊ ယင်းကို သိရှိခြင်းအပေါ် စိတ်မဝင်စားကြဟု ဆိုနိုင်ပေသည်။ အတိတ် အရာများအတွက်မူ၊ ၎င်းတို့သည် တစ်ဝက်ကို ထိန်းသိမ်းပြီး အခြားတစ်ဝက်ကို စွန့်လွှတ်ကြ၏။ ဤအရာကို ဝင်ရောက်မှုဟု ခေါ်နိုင်ပါသလော။ အခြားသူများ၏ စာအုပ်များကို ရတနာများသဖွယ် ကိုင်စွဲရင်းနှင့် ၎င်းတို့ကို နိုင်ငံတော်၏ တံခါးအဖို့ ရွှေသော့သဖွယ် သဘောထားရင်းဖြင့်၊ လူတို့သည် ယနေ့ ၎င်းတို့ကို ဘုရားသခင် တောင်းဆိုသည့်အရာ၌ တကယ်ကို စိတ်ဝင်စားမှုမပြကြချေ။ ထို့အပြင် “ဉာဏ်ထက်သော ပညာရှင်” များစွာက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဘယ်လက်၌ ကိုင်ပြီး အခြားသူများ၏ “အပြောင်မြောက်ဆုံးလက်ရာများ” ကို ညာလက်တွင် ကိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို အပြည့်အဝ သက်သေပြရန်အလို့ငှာ ဤအပြောင်မြောက်ဆုံးလက်ရာများအထဲတွင် ယနေ့နှင့်ဆိုင်သည့် ဘုရား နှုတ်ကပတ်တော်များ၏ အခြေပြုချက်ကို ရှာတွေ့လိုကြသည့်အလားဖြစ်ပြီး၊ ထိုအပြောင်မြောက်ဆုံး လက်ရာများက အလုပ်လုပ်နေသည့်အလား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုအရာများနှင့် ပေါင်းစပ်ခြင်းအားဖြင့် အခြားသူများအား ရှင်းပင်ရှင်းပြကြလေသည်။ အမှန်ကို ပြောရလျှင်၊ လူသားမျိုးနွယ်ကြားတွင် ယနေ့ခေတ် နောက်ဆုံး သိပ္ပံဆိုင်ရာ အောင်မြင်မှုများ၊ အစဉ်အလာမရှိသည့် သိပ္ပံဆိုင်ရာ အောင်မြင်မှုများကို (ဆိုလိုသည်မှာ ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အသက်ထဲသို့ ဝင်ရောက်မှုအတွက် လမ်းကြောင်း) လုံးဝ အထင်မကြီးဖူးသည့် “သိပ္ပံ သုတေသနပညာရှင်များ” အများအပြားရှိသည်၊ သို့ဖြစ်၍ လူအားလုံးသည် ၎င်းတို့၏ ကျလောက်အောင် ပြောဆိုနိုင်စွမ်းကို အသုံးပြု၍ အကြီးအကျယ် “တရားဟော” ရင်းနှင့် “ဘုရားသခင်၏ကောင်းမြတ်သော နာမ” ကို ကြွားလုံးထုတ်ရင်း၊ “ကိုယ့်ကိုယ်ကိုယ် အားကိုးနေကြသူများ” ဖြစ်ကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်မှုသည် ကြီးမားသော အန္တရာယ်၌ ရှိနေပြီး၊ ဖန်ဆင်းခြင်းသည် ဤအခိုက်အတန့်နှင့် ဝေးကွာနေသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဝေးကွာနေသည်ဟု ထင်ရလေသည်။ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ရန် မည်မျှလွယ်ကူသနည်း။ လူတို့သည် ဤသည်မှာ ၎င်းတို့၏ အသိစိတ်ကို သက်သာစေပြီး စိတ်နှစ်သိမ့်မှုတစ်ခုခုကို ခံစားရဖို့ နည်းလမ်းဖြစ်သည့်အလား၊ ၎င်းတို့ကိုယ်တိုင်၏ ထက်ဝက်ကို ယမန်နေ့တွင် ထားရစ်ဖို့နှင့် ကျန်တစ်ဝက်ကို ယနေ့သို့ ယူဆောင်လာရန်၊ တစ်ဝက်ကို စာတန်ထံသို့ ပေးပြီး ကျန်တစ်ဝက်ကို ဘုရားသခင်ထံ ဆက်သရန် စိတ်ပိုင်းဖြတ်နှင့်ကြပြီး ဖြစ်သည်ဟု ထင်ရသည်။ လူတို့၏ အတွင်းကမ္ဘာသည် မသိမသာနှင့် စိမ့်ဝင်ပျံ့နှံ့တတ်လွန်းသဖြင့်၊ စာတန်နှင့် ဘုရားသခင် ဖြစ်ပုံရသော်လည်း၊ မဖြစ်သေးပုံလည်းရသည့် ယနေ့၏ ဘုရားသခင်ကို စော်ကားမိမည်ကို အလွန်အမင်း စိုးရွံ့ကြလျက်၊ ၎င်းတို့သည် မနက်ဖြန်ကိုသာမက ယမန်နေ့ကိုလည်း ဆုံးရှုံးရမည်ကို စိုးရွံ့နေကြသည်။ လူတို့သည် ၎င်းတို့၏ အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ခြင်း မရှိခဲ့ကြသောကြာင့်၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်း၌ အထူးတလည် ချို့တဲ့နေကြပြီး၊ ယနေ့နှင့်ဆိုင်သော အမှုသည် ဘုရားသခင်၏အမှု ဟုတ်သည်၊ မဟုတ်သည်ကို တကယ်မပြောနိုင်ကြပေ။ ယင်းမှာ လူတို့၏ ရှေးရိုးစွဲပြီး အယူသီးသည့် အတွေးအခေါ်သည် အလွန်နက်ရှိုင်းလွန်းသဖြင့် ၎င်းတို့သည် အယူသီးမှုများနှင့် သမ္မာတရား၊ ဘုရားသခင်နှင့် ရုပ်တုဆင်းတုများ၊ ဤအရာများကြား ခွဲခြားဖို့ အရေးစိုက်ခြင်း မရှိဘဲ၊ အမျိုးအစားတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာက ထားရှိကြပြီးဖြစ်ကာ၊ ၎င်းတို့ ဦးနှောက်ခြောက်အောင် စဉ်းစားသော်ငြား၊ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပုံမရသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းမှာ လူသားများသည် ၎င်းတို့၏ လမ်းကြောင်းများတွင် ရပ်တန့်ပြီး ရှေ့ဆက်မသွားကြတော့သည့် အကြောင်းရင်း ဖြစ်သည်။ ဤပြဿနာများအားလုံးသည် လူတို့၏ ဝင်ရောက်မှုအတွက် ကြီးမားသော အခက်အခဲများ ဖန်တီးသည့် မှန်ကန်သော သဘောတရားဆိုင်ရာ ပညာရေးမျိုး လူတို့၌ချို့တဲ့ခြင်းမှ ထွက်ပေါ်လေသည်။ အကျိုးဆက်အနေနှင့်၊ လူတို့သည် စစ်မှန်သော ဘုရားသခင်၏ အမှုကို မည်သည့်အခါတွင်မျှ စိတ်မဝင်စားကြဘဲ၊ (ထူးချွန်သော ပုဂ္ဂိုလ်များဟု သူတို့မြင်သည့်သူများကဲ့သို့) လူသား၏အလုပ်ဖြင့် တံဆိပ်ခတ်ခံထားရသည့်အလား ယင်းကို မရမက ဖက်တွယ်ထားကြလေသည်။ ဤအရာများသည် လူသားမျိုးနွယ် ဆွေးနွေးသင့်သည့် နောက်ဆုံး အကြောင်းအရာများဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

မယုံကြည်သူများက အချို့သော သဘောတရားများကို အဘယ်သို့ သုတေသနပြုကြသည်ကို ကြည့်ပါ။ ၎င်းတို့သည် ရေးသားထားသော အရာမှသာ သုတေသနပြုကြသည်။ အယူဝါဒများကို ၎င်းတို့ သုတေသနပြုကြပြီး လေ့လာအကဲခတ်ကြပြီးနောက် ကောက်ချက်ချကြသည်။ အထူးသဖြင့် ဓမ္မပညာရှင်များ သင်းအုပ်ဆရာများ နှင့် ပညာရှင်များ၊ သီအိုလိုဂျီသုတေသနပြုလုပ်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုပြီးနောက်တွင် လက်တွေ့ကျသော အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းအား မရှာဖွေကြပါ။ ဤသို့ပြုလုပ်ရမည့် အစား၊ အမျိုးမျိုးသော သဘောတရားများကို လေ့လာစုံစမ်းကြပြီး အကဲခတ်ကြကာ အဆုံးတွင် အချို့သော ကောက်ချက်များ ချကြသည်။ ထို့ကြောင့်၊ ၎င်းတို့ ချမှတ်သော ကောက်ချက်များမှာ စစ်မှန်သလော သို့မဟုတ် အယူဝါဒဆိုင်ရာများ ဖြစ်သလော။ အားလုံးက အယူဝါဒဆိုင်ရာများ ဖြစ်ကြသည်။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံပေါ်တွင် အခြေမပြုဘဲ အထူး ပြုလုပ်ထားသည့် စာသားဆိုင်ရာသုတေသနပြုခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းတို့အပေါ် အခြေပြုပြီး ဤကောက်ချက်များကို ဆွဲခဲ့ကြခြင်းကြောင့် ဖြစ်သည်။ တိုက်ရိုက် စာသားသုတေသနပြုခြင်းနှင့် ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အရာများကို သုတေသနပြုခြင်းတို့မှ ရရှိသော ကောက်ချက်များက ဓမ္မပညာဆိုင်ရာ သဘောတရားဟု ခေါ်သော သဘောတရားတစ်မျိုးကို ဖန်းတီးခဲ့ပြီဖြစ်သည်။ ဤအရာထဲ၌ အတွေ့အကြုံမှ သိနားလည်ခြင်းမရှိသလို၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြမှုလည်း မရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းမှ ပိုမိုနက်ရှိုင်းသော သိနားလည်ခြင်းက နှုတ်ကပတ်တော်များ၏ အပေါ်ယံအဓိပ္ပါယ်များမှလာသော အရာထက်ု သာလွန်သည်၊ သာမန်ကာလျှံကာမျှသော မည်သည့် ဘာသာစကားအားဖြင့်မျှ ယင်းကို ဖော်ပြ၍မရနိုင်ပါ။ သင့်အနေဖြင့် အတွေ့အကြုံထဲသို့ ဝင်ရောက်ပြီးနောက် သမ္မာတရားကို ရှာဖွေသောအခါတွင်သာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းပြပြီး အလင်းပေးပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွက် ဉာဏ်အလင်းပြပြီး အလင်းပေးသော အရာများသည် သင့်အတွက် လက်တွေ့အကျဆုံးသော အရာများနှင့် အမှန်ကန်ဆုံးသော အရာများ ဖြစ်ပြီး သင့်အနေဖြင့် အဘယ်မျှလောက် ကြိုးစားပြီးလေ့လာပါစေ သမ္မာကျမ်းစာမှ မရရှိနိုင်သော အရာများဖြစ်သည်။ ထို့ကြောင့်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားဖို့ ဘုရားသခင်က ကျွနုပ်တို့ကို တောင်းဆိုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သော ကျွနုပ်တို့၏ အတွေ့အကြုံတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွနုပ်တို့ကို ဉာဏ်အလင်းပေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သိနားလည်ခြင်းအား ကျွနုပ်တို့ ရရှိနိုင်ကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပါယ်များကို သင်အဘယ်မျှလောက် ကြိုးစားပြီးလေ့လာပါစေ ဤစစ်မှန်သော သိနားလည်မှုကို သင်မရရှိနိုင်ပါ၊ ဤသည်မှာ လူ့အတွေးအခေါ်က လက်လှမ်းမမီနိုင်သော အရာတစ်ခု ဖြစ်ပြီး သင်အဘယ်မျှ ကြိုးစားပါစေ စိတ်ကူး၍မရနိုင်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြမှု၊ ဉာဏ်အလင်းပေးမှုနှင့် အလင်းပြခြင်းတို့မှ ရရှိသော သမ္မာတရားသည်သာ ဘုရားသခင်ကို စစ်မှန်သော သိနားလည်မှု ဖြစ်ပေသည်။

ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အောက်ခြေမှတ်စု(များ)-

၁။ “မရမက ဖက်တွယ်ထားကြလေသည်” ဟူသည့်စကားကို သရော်သည့်အနေဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဤစကားစုက လူတို့အနေဖြင့် ခေတ်နောက်ကျသည့် အရာများကို စွဲကိုင်ထားကြပြီး ၎င်းတို့ကို လက်လွှတ်ရန် လိုလားခြင်းမရှိဘဲလျက်၊ ခေါင်းမာပြီး ပေကတ်ကတ်နိုင်သည်ကို ပြပါသည်။

အရှေ့သို့- ၁၅၂။ အသိပညာနှင့် သိပ္ပံပညာကို သဘောထားသည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၆။ ဘုရားသခင်ကို နာခံခြင်းနှင့် သိကျွမ်းခြင်းတို့နှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်