၁၅၀။ ရိုးရာထုံးတမ်းအစဉ်အလာကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ရိုးရာထုံးတမ်းအစဉ်အလာ၏ သာ၍ ကြီးမားသည့် အပိုင်းသည် စာတန်နှင့် နတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ဆင်းသက်လာသည်။ ယင်းသည် စာတန်၏အဆိပ်များဖြစ်သည်၊ သမ္မာတရားကို ရန်လိုပြီး အပျက်သဘောဆောင်သည့်အရာ အလယ်တွင် ပါဝင်ပေသည်။

(၃) ရိုးရာထုံးတမ်းအစဉ်အလာသည် လူများကို ချည်နှောင်ပြီး ကန့်သတ်ထားသည့် မမြင်ရသော အချုပ်အနှောင်တစ်ခုဖြစ်သည်။ ယင်းက စာတန်၊ နတ်ဆိုးက လူများကို လှည့်ဖြားဖို့၊ ထိန်းချုပ်ဖို့နှင့် ဝါးမြိုဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သည်။

(၃) ရိုးရာထုံးတမ်းအစဉ်အလာသည် လူသားမျိုးနွယ်ကို ယခင်ကထက် ဖောက်ပြန်ပျက်စီးစေကာ၊ စာရိတ္တပျက်ပြားစေပြီး အကျင့်ပျက်စေကာ၊ သူ့ကို ဘုရားသခင်ထံမှ ယခင်ထက် ဝေးရာသို့ ဦးဆောင်လေသည်။ ယင်းက လူများအားလုံးကို ဘုရားသခင်၏ ရန်သူများဖြစ်စေသည်။

(၅) ရိုးရာထုံးတမ်းအစဉ်အလာ၏ အနှစ်သာရကို ဖော်ထုတ်ပြီး ဆန်းစစ်ဖို့ အခြေခံအုတ်မြစ်တစ်ခု အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို အသုံးပြုလော့။ ယင်း၏ ဖောက်ပြန်ပျက်စီးသော ခေတ်နောက်ပြန်ဆွဲသည့် အနှစ်သာရကို လုံးလုံးလျားလျား ရိပ်စားမိနိုင်လော့။ ယင်းကို စက်ဆုပ်ရွံရှာပြီး လူသိရှင်ကြား စွပ်စွဲရှုတ်ချလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား မတုန်မလှုပ်နှင့် ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ထောင်သောင်းချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏အလိုကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

ဤ “ရိုးရာယဉ်ကျေးမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က ၎င်းကို ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်- ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦး ကတည်းက၊ ဘဝ၏ နည်းလမ်းများ၊ ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းမျဉ်းစည်းကမ်းများကို မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းတွင်ပင် လက်ဆင့်ကမ်းခဲ့ကြပြီး လူတို့၏အတွေးများထဲတွင် သွတ်သွင်းခြင်းခံလာခဲ့ရသည်။ လူတို့က ယင်းတို့ကို ၎င်းတို့ ဘဝများ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆကြပြီး ယင်းတို့ကို ဘဝသက်သက် ဖြစ်သည့်အလား လိုက်နာလျက်၊ စည်းမျဉ်းစည်းကမ်းများအဖြစ် မှတ်ယူကြလေသည်။ အမှန်တွင်၊ ယင်းတို့ကို ၎င်းတို့၏ ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲချင်ကြ သို့မဟုတ် မပစ်ပယ်လိုကြပေ။ ကွန်ဖြူးရှပ်နှင့် မင်းရှပ်စ်တို့မှ လက်ဆင့်ကမ်းလာကြသည့် အရာများနှင့် တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူတို့ကို သင်ကြားပေးခဲ့သည့် အရာများကဲ့သို့သော လူတို့ တကယ့်အရိုးစွဲ ချိုးကပ်ခဲ့သည့် အခြားသော ရိုးရာယဉ်ကျေးမှု သွင်ပြင် လက္ခဏာများရှုထောင့်များ ရှိသည်။ ဤသည်မှာ မှန်၏လော။ ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ (စာတန်ပေးပါသည်။) စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူမှုများစွာ ရှိသော်လည်း၊ ကွာခြားချက်မှာ ရိုးရာယဉ်ကျေးမှု၌ အချို့သော ဇာတ်လမ်းပုံပြင်များ၊ သွယ်ဝိုက် ရည်ညွှန်းချက်များနှင့် ဇာစ်မြစ်များရှိ၏။ စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။ ဤစကားများကို သင်တို့ ကြားရသလော။ (ကြားပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင် ထွန်းကာ၊ ကိုးကွယ်ကြသူ တစ်ဦးတစ်လေ ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်ပါက၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းဖို့မှာ ရယ်ဖွယ်ဖြစ်သည်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပါသလော။ (မဆောင်ကြဉ်းပါ။) သင်တို့သည် ထိုအချိန်က မည်မျှ မသိနားမလည်ခဲ့သည်ကို မြင်ကြသည် မဟုတ်လော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာဖြစ်သည်၊ ပညာမဲ့ရာကျပြီး နုံအရာ ရောက်သည် မဟုတ်လော။ စာတန်သည် သင့်ကို မည်သို့ ဖျက်ဆီးရမည်ကိုသာ တွေးတော၏။ စာတန်သည် သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ၊ ယာယီသက်သာမှုသာ ပေးနိုင်၏။ သို့ရာတွင် ဤသက်သာမှုကို ရရှိဖို့ သင်သည် ကတိသစ္စာ ပြုရမည်ဖြစ်ပြီး၊ သင်၏ ကတိ သို့မဟုတ် စာတန်ကို သင်ပြုထားသော သင်၏ကတိသစ္စာကို သင်ဖောက်ဖျက်ခဲ့ပါက၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်သည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေရာတွင်၊ အမှန်မှာ ၎င်းက သင့်အား ထိန်းချုပ်ချင်လေသည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းသည့်အချိန်တွင်၊ ငြိမ်းချမ်းမှုကို သင်တို့ ရရှိခဲ့ကြပါသလော။ (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြဘဲ ဆန့်ကျင်ဖက်အနေဖြင့် သင်၏ အားထုတ်မှုများက ကံဆိုးခြင်းနှင့် အဆုံးမရှိသော ဘေးဒုက္ခများ- အမှန်တကယ် အကန့်အသတ်မဲ့သော ခါးသီးခြင်း သမုဒ္ဒရာတစ်ခုကို သယ်ဆောင်လာခဲ့၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ ရှေးရိုးစွဲအယူသီးမှု၊ ရိုးရာယဉ်ကျေးမှုများက လူသားမျိုးနွယ်ထံ ယူဆောင်ပြီးသည့် အကျိုးဆက်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှုရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

တရုတ်လူမျိုးများသည် လူတို့အနေဖြင့် မိမိတို့၏ မိဘများအပေါ် သားသမီးတို့၏ ရိုသေကိုင်းရှိုင်းမှုအား လိုက်နာသင့်သည်ဟု အယူရှိသည့် ရိုးရာအယူအဆတစ်ခု ရှိလေသည်။ ဤသည်မှာ ကွန်ဖြူးရှပ် သွန်သင်ခဲ့သည့်အရာ ဖြစ်သည်။ သားသမီးတို့၏ ရိုးသေကိုင်းရှိုင်းမှုကို မလိုက်နာသောသူ မည်သူမဆိုသည် သားသမီးမပီသသော ကလေးတစ်ဦးဖြစ်သည်။ ဤအယူအဆသည် လူတို့အထဲတွင် ကလေးဘဝကတည်းက သွတ်သွင်းခံရပြီးဖြစ်ကာ ယင်းကို အိမ်ထောင်စုတိုင်းအပြင်၊ ကျောင်းတိုင်းနှင့် အများစုအားဖြင့် လူမှုအဖွဲ့အစည်းထဲတွင် လက်တွေ့ကျကျ သွန်သင်ထားလေသည်။ လူတစ်ဦး၏ ခေါင်းက ထိုသို့သော အရာဖြင့် ပြည့်လျက်ရှိပြီးသည့်အခါ၊ ၎င်းတို့က၊ “သားသမီးတို့၏ ရိုသေကိုင်းရှိုင်းမှုသည် မည်သည့်အရာမဆိုထက် သာ၍ အရေးကြီးသည်။ ယင်းကို ကျွန်ုပ် မလိုက်နာခဲ့မည်ဆိုပါက၊ လူကောင်းတစ်ဦး ဖြစ်မည်မဟုတ်ပါ- ကျွန်ုပ်သည် သားသမီး မပီသသော ကလေးတစ်ဦး ဖြစ်မည်ဖြစ်ပြီး အသိစိတ်မရှိခြင်းအတွက် ကျွန်ုပ် လူသိရှင်ကြား စွပ်စွဲခံရပေမည်” ဟု တွေးကြလေသည်။ ဤသည်မှာ သင် တွေးသည့်ပုံ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်လာကတည်းက၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအရာများအား ဖော်ပြခြင်း မပြုသည်ကို သင် တွေ့ရပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက၊ သူ့ကို ၎င်းတို့ မုန်းကြပေသည်။ သူ့ကို ၎င်းတို့ မုန်းပါက၊ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် စက်ဆုပ်သည်။ ထို့ကြောင့်၊ သင်၏ မိဘများကို မုန်းရန် သင့်ကို ပြောပါက၊ သင် လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံကာ ပုတ်ခတ်ဝေဖန်ပါက၊ ၎င်းတို့သည် ဘုရားသခင် မုန်းကာ ကျိန်သော လူများ သေချာပေါက် ဖြစ်ကြပေသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအား နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏” ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၏ကျိန်ဆဲခြင်းကို ခံရသော်လည်း၊ ထိုသူသည် အပြင်ပန်းတွင် အင်မတန်ကောင်းမည့်ဟန်ရှိနေလျှင်၊ သို့မဟုတ် ထိုသူသည် သင်၏မိဘ သို့မဟုတ် ဆွေမျိုးဖြစ်နေလျှင်၊ သင်သည် ထိုသူကို မရွံမုန်းနိုင်ဘဲ ဖြစ်နေသည်ကို သင်တွေ့ရမည်။ ထို့အပြင် သင်တို့နှစ်ဦးကြားတွင် များစွာသောရင်းနှီးကျွမ်းဝင်မှုနှင့် အနီးကပ်ဆက်ဆံရေးပင် ရှိနိုင်သည်။ ဘုရားသခင်ထံမှ ထိုကဲ့သို့သောစကားကို သင်ကြားရသောအခါ သင်ဝမ်းနည်းလာပြီး ထိုသို့သောသူအပေါ် သင့်နှလုံးသား မာကျောလာရန် မတတ်သာ၊ သို့မဟုတ် ထိုသို့သောလူကို စွန့်ခွာရန် မတတ်သာဘဲရှိနေသည်။ ဤသည်မှာ သင့်ကို နှောင်ဖွဲ့ထားသော အစဉ်အလာအယူအဆတစ်ရပ် ရှိနေသောကြောင့် ဖြစ်သည်။ သင်ထိုသို့လုပ်ပါက သင်သည် ကောင်းကင်၏အမျက်သင့်ကာ ကောင်းကင်၏ ဒဏ်ခတ်ခြင်းကိုခံရရုံမျှမက လူ့အဖွဲ့အစည်း၏ ရှောင်သွေခြင်းကိုပင်ခံရကာ လူထုသဘောထားဖြင့် ရှုတ်ချခံရမည်ဟု သင်တွေးသည်။ ထို့အပြင် ပိုပြီးလက်တွေ့ကျသော ပြဿနာမှာ ၎င်းကြောင့် သင်သည် အပြစ်ရှိသည်ဟု ထပ်တလဲလဲ ခံစားရလိမ့်မည်။ ယင်းအသိတရားသည် သင့်ငယ်ဘဝက သင့်မိဘများ သင်ကြားခဲ့သည်များမှ၊ သို့မဟုတ် လူမှုရေးယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် ကူးစက်မှုများမှ လာသည်။ နှစ်ခုစလုံးသည် ဤမျှအမြစ်တွယ်နေကြပြီး သင့်အထဲ၌ စဉ်းစားပုံစဉ်းစားနည်း ဖြစ်နေသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့မကျင့်သုံးနိုင်တော့ပေ။ ကိုယ်တော် ချစ်မြတ်နိုးရာများကို မချစ်မြတ်နိုး၊ ကိုယ်တော် ရွံမုန်းသည်ကို မရွံမုန်းပေ။ သို့သော် ၎င်းကိုရွံမုန်းရမည်၊ ငြင်းပယ်ရမည်ဟု သင့်စိတ်ထဲသိနေသည်။ အကြောင်းမှာ သင်၏အသက်တာသည် ဘုရားသခင်ထံမှလာခဲ့ပြီး သင်၏မိဘများက ပေးခဲ့ခြင်းမဟုတ်ပေ။ လူသားသည် ဘုရားသခင်ကို ဝတ်ပြုပြီး မိမိကိုယ်ကိုယ် ကိုယ်တော်ထံ ပြန်အပ်နှံသင့်သည်။ သင်သည်ပြန်မလှည့်လာနိုင်ကြောင်း၊ လက်တွေ့ကျင့်သုံးရန်မတတ်နိုင်ကြောင်း ပြောလည်းပြော၊ တွေးလည်းတွေးနေသော်လည်း သင်သည် ပြန်အပ်နှံသင့်သည်။ ဤနေရာတွင် ဘာဖြစ်နေသည်ကို သင်တို့သိသလော။ ယင်းအရာများက သင့်ကိုတင်းကျပ်စွာ၊ အကြီးအကျယ် ချုပ်နှောင်ထားခြင်း အကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်စေရန် စာတန်သည် သင်၏အတွေးအခေါ်များ၊ သင်၏စိတ်နှင့် သင်၏နှလုံးသားကို ချုပ်နှောင်ရန် ယင်းအရာများကို အသုံးပြု၏။ သင်၌ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွက် နေရာမရှိတော့သည်အထိ ယင်းအရာများက သင့်တွင် ပြည့်လျှံသွားပေပြီ။ ထို့အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရန် သင်ကြိုးစားလျှင် ယင်းအရာများက သင့်အထဲ၌ စတင်အကျိုးသက်ရောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် သင့်ကိုပဋိပက္ခဖြစ်စေမည်။ ဤသို့ဖြင့် သင့်အား ထိုအနှောင်အဖွဲ့မှ ရုန်းမထွက်သာအောင်နှင့် ဤအချုပ်အနှောင်မှ လွတ်အောင်မရုန်းနိုင်အောင် ပြုပေသည်။ ယင်းသည် မျှော်လင့်ချက်မဲ့မည်ဖြစ်ပြီး ရုန်းကန်ရန် ခွန်းအားမရှိဘဲ တစ်ခဏကြာပြီးနောက် သင် လက်လျှော့လိမ့်မည်ဖြစ်သည်။ လူအချို့သည် အခြားသူများ လက်လျှော့စဉ်တွင်၊ လွတ်လွတ်လက်လပ် ရုန်းကန်နိုင်ကြသည်။ “ရိုးရာ အယူအဆများနှင့် ကိုယ်ကျင့်တရား စံနှုန်းများသည် အရေးကြီးသောအရာ ဖြစ်သည်”ဟု ၎င်းတို့ တွေးထင်ကြသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားစို့။ တကယ်တော့ ကျွန်ုပ် တို့သည် ဤလောကထဲတွင် အသက်ရှင်နေကြပြီး ဤလူများအပေါ် ကျွန်ုပ်တို့ မှီခိုရမည်။” ၎င်းတို့ မခံနိုင်မည့် အပျက်သဘောဆောင်သော လူထု ထင်မြင်ချက်နှင့် ပြစ်တင်ခြင်းတို့ကို ဖိတ်ခေါ်သည်ထက်၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန်၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွန့်ပစ်ရန်နှင့် မိမိတို့ကိုယ်ကိုယ် လူထု ထင်မြင်ချက် သို့မဟုတ် ရိုးရာ အယူအဆများ၏ ကျေးကျွန်ဘဝသို့ အညံ့ခံရန် ရွေးချယ်ကြသည်။ လူသားသည် သနားဖွယ်ဖြစ်သည် မဟုတ်လော။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်း မလိုအပ်သလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

ကျွန်ုပ်တို့၏ မျက်မှောက် လူမှုအဖွဲ့အစည်းတွင် အသက်ရှင်သည့် လူတိုင်းသည်၊ ၎င်းတို့ မည်မျှ ပညာရေး လက်ခံရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့၏ အတွေးနှင့် အမြင်များတွင် အမှုအရာများစွာ ရှိကြလေသည်။ အထူးသဖြင့် ရိုးရာ တရုတ်အမျိုးသမီးများက အမျိုးသမီးတစ်ဦး၏ နေရာမှာ အိမ်တွင်ဖြစ်သည်၊ အမျိုးသမီးများသည် မိမိတို့၏ ဘဝတစ်ခုလုံးကို မိမိတို့၏ လင်ယောက်ျားနှင့် သားသမီးများအဖို့ ကုန်ဆုံးကာ ဆက်ကပ်သော မယားကောင်းများနှင့် မခင်ကောင်းများဖြစ်ရမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ မိသားစုအတွက် တစ်နေ့ အစာသုံးနပ်၊ သန့်ရှင်းရေး၊ အဝတ်လျှော်ခြင်း- အိမ်ထဲတွင် အရာရာတိုင်းကို ၎င်းတို့ လုပ်ဆောင်ရမည်ဖြစ်ပြီး အထူး ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ “မယားကောင်းနှင့် မိခင်ကောင်း”တစ်ဦးအတွက် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းထဲက စံနှုန်း အမှန်ဖြစ်သည်။ အမျိုးသမီးတိုင်းက ဤသည်မှာ သူမ ပြုမူသင့်သည်ပုံဖြစ်ပြီး၊ သူမ မပြုမူပါက၊ သူမသည် အမျိုးသမီးကောင်းတစ်ဦး မဟုတ်သကဲ့သို့၊ မိမိ၏ အသိစိတ်ကို ဆန့်ကျင်မိမည်ဖြစ်ကာ ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် စံနှုန်းများအား ချိုးဖောက်မိပြီးဖြစ်လိမ့်မည်ဟု ယုံကြည်လေသည်။ ဤကဏ္ဍကို ညံ့ဖျင်းစွာ သို့မဟုတ် လူမှုအဖွဲ့အစည်း၏ စံနှုန်းများကို အရေးမထားဘဲ ဆောင်ရွက်ပြီးသည့်နောက်၊ အသိတရားက ပူပန်သောကပွားစေခြင်းခံရကာ ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဟု ခံစားရသည့်သူ အချို့ပင် ရှိလေသည်။ ဘုရားသခင်ကို ယုံကြည်လာခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုခံရခြင်းတို့သည် သင်၏ ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး၊ စံပြမိခင်တစ်ဦး၊ စံနှုန်းများနှင့် ကိုက်ညီသည့် အမျိုးသမီးတစ်ဦးဖြစ်ခြင်းနှင့် သဘောကွဲလွဲမှုတစ်ခု ဖန်တီးပါသလော။ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး ဖြစ်ရန် ဆန္ဒရှိပါက၊ သင်၏ တာဝန်အပေါ် သင့်အချိန်၏ တစ်ရာရာခိုင်နှုန်းကို ကုန်ဆုံး၍ မရပေ။ ဇနီးနှင့် မိခင်တစ်ဦးအဖြစ် သင်၏ အခန်းကဏ္ဍနှင့် သင်၏ တာဝန်ကြားတွင် သဘောကွဲလွဲမှုတစ်ခု ဖြစ်ပေါ်သည့်အခါ၊ မည်သည့်အရာကို သင် ရွေးချယ်သနည်း။ သင်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်ထံ အကြွင်းမဲ့ ဆက်ကပ်ခြင်းဖြင့် တတ်နိုင်သမျှ သင် လုပ်ဆောင်ရန်၊ ဘုရားသခင့် အိမ်တော်၏ အလုပ်အတွက် တာဝန်ယူရန် သင် ရွေးချယ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် သင်၏ အိမ်ရှင်မနှင့် မိခင် တာဝန်များကို ဘေးဖယ်ထားရန် မဖြစ်မနေလုပ်ခဲ့ရပါက၊ သင် မည်သို့ ခံစားရသနည်း။ မည်သည့်အရာသည် သင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်မည်နည်း။ သင်၏ သားသမီးများအား သင် တာဝန်မကျေဖြစ်လေပြီဟု သင် ခံစားရမည်လော။ မည်သည့်နေရာမှ ဤကျရှုံးမှု ခံစားချက်၊ ဤမသက်မသာဖြစ်ခြင်းသည် လာသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင် မထမ်းဆောင်သေးချိန်တွင် စိတ်မသက်မသာဖြစ်ခြင်း သင် ခံစားရသလော။ ဤအပြုသဘောဆောင်သည့် အရာများသည် သင်၏ အတွေးများ၊ အမြင်များနှင့် အသိစိတ်ထဲတွင် သွတ်သွင်းမထားသောကြောင့် သင်သည် စိတ်မသက်မသာ မဖြစ်သကဲ့သို့ အပြစ်တင်မှု မခံစားရပေ။ သို့ဆိုလျှင် ၎င်းတို့ထဲ၌ မည်သည့်အရာ သွတ်သွင်းထားသနည်း။ ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦးမဟုတ်ပါက၊ သင်သည် အမျိုးသမီးကောင်းတစ်ဦး၊ “ရည်မွန်သော” အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ယင်းမှာ သင်၏ စံနှုန်း မဟုတ်လော။ ဤစံနှုန်းက သင့်ကို ချည်နှောင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ထိုအရာကို သင်နှင့်အတူ သယ်ဆောင်စေခြင်း ခံရသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ခြင်းတို့ကြားတွင် သဘောကွဲလွဲမှုတစ်ခု ဖြစ်ပေါ်ချိန်တွင်၊ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိရန် အင်တင်တင်ဖြင့် ရွေးချယ်ကောင်းရွေးချယ်နိုင်သော်လည်း၊ သင်၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာဖြစ်ခြင်း အတိုင်းအတာတစ်ခုနှင့် ကြီးမားသည့် အပြစ်တင်ခြင်း အတိုင်းအတာတစ်ခုရှိလိမ့်မည် ဖြစ်သည်။ သင်၏တာဝန်ကို သင် မထမ်းဆောင်နေချိန်တွင်၊ သင်သည် အိမ်သို့သွားပြီး သင်၏ ပျက်ကွက်ခြင်းအတွက် ထေမိရန် ကြိုးစားရင်း၊သင်၏ သားသမီးများ သို့မဟုတ် လင်ယောက်ျားကို ကောင်းကောင်းဂရုစိုက်ကာ၊ ထိုသို့လုပ်ဆောင်ရာတွင်၊ ခန္ဓာ၏ သာ၍ ကြီးမားသော အခက်အခဲကို သင် သည်းခံလေသည်။ ဤအရာကို သင့်အား လုပ်ဆောင်စေသည်မှာ စိတ်နှင့်ဆိုင်သော အမိန့်တစ်ခု ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ တာဝန်၊ ကျွန်ုပ်တို့၏ ဝတ္တရားနှင့် ကျွန်ုပ်တို့၏ အလုပ်ကို ဆောင်ရွက်ကြပြီလော။ ကျွန်ုပ်တို့၏ တာဝန်တွင် ကျွန်ုပ်တို့သည် သတိမမူဖြစ်ကာ ဝတ်ကျေတမ်းကျေ ဖြစ်ချိန် သို့မဟုတ် ယင်းကို လုပ်ဆောင်ရန် ဆန္ဒမရှိကြသည့်အချိန်တွင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် အပြစ်တင်မှု ခံစားချက်တစ်ခု သို့မဟုတ် အပြစ်ဆိုခြင်း ခံစားချက်တစ်ခု ရှိသလော။ ထိုသို့သော အရာတစ်ခုက လူတို့၏ လူ့သဘာဝအတွင်းတွင် မတည်ရှိသည့်အလား အပြစ်တင်ခြင်း အနည်းငယ်မျှ ကျွန်ုပ်တို့ မခံစားရပေ။ ထို့ကြောင့်၊ သင်၏ တာဝန်ကို အနည်းငယ် သင် ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်သော်လည်း၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ စံနှုန်းများမှ အတော်အတန် ကွာခြားဆဲ ဖြစ်သည်။ ဘုရားသခင်က၊ “ဘုရားသခင်သည် လူသား၏ အသက် အရင်းအမြစ်ဖြစ်သည်” ဟု ပြောခဲ့သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းတို့သည် လူအားလုံးအား ဤအရာကို သိခွင့်ပေးရန် ရည်ရွယ်ပေသည်- ကျွန်ုပ်တို့၏ အသက်များနှင့် ကျွန်ုပ်တို့ ဝိညာဉ်များသည် ဘုရားသခင်ထံမှ လာသည်၊ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့ လူသားမျိုးနွယ် သို့မဟုတ် ကျွန်ုပ်တို့၏ ဤလူမှုအဖွဲ့အစည်း သို့မဟုတ် သဘာဝမှ သေချာပေါက် မဟုတ်ပေ။ ယင်းတို့ကို ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့ သွေးသား ခန္ဓာများသည် ကျွန်ုပ်တို့၏ မိဘများအားဖြင့် မွေးဖွားသော်လည်း၊ ကျွန်ုပ်တို့၏ ကံကြမ္မာများကို ထိန်းချုပ်သူများ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် တာဝန်များကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် အခြား မည်သည့်လူမဆိုအတွက် တာဝန်ယူရန် တာဝန်မရှိပေ။ သင်၏ တစ်ခုတည်းသော တာဝန်မှာ ဘုရားသခင်အတွက် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားက အလုပ်သင့်ဆုံးသော အရာဖြစ်ပြီး၊ လူတစ်ဦး၏ အသက်တာထဲက ကြီးမားသော ကိစ္စရပ်များအားလုံးထဲတွင် ၎င်းတို့ အပြီးစီးစေသင့်ဆုံးသော အရာတစ်ခု ဖြစ်သည်- ယင်းသည် မိမိဘဝ၏ အဓိက အရေးကိစ္စ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ပါက၊ သင်သည် စစ်မှန်သော အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ လူသား၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး၊ အံ့ဩဖွယ် အိမ်ရှင်မတစ်ဦး၊ တာဝန်သိသော သမီးတစ်ဦးနှင့် အများပြည်သူ လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို တစ်ခုမျှ မထမ်းဆောင်သည့်သူနှင့် ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံရရှိခဲ့သည့် စေခိုင်းချက်ကို မဖြည့်ဆည်းခဲ့သောသူတစ်ဦး ဖြစ်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ရပ်တည်ချက် ရှိသေးသလော။ ထိုသို့သော လူတစ်ဦးသည် ကြေးနီတစ်စေ့မျှ မတန်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

ရိုးရာထုံးတမ်းဓလေ့သည် သမ္မာတရား မဟုတ်ပေ၊ ယင်းမှာ သေချာပေသည်၊ သို့ရာတွင် ယင်းမှာ သမ္မာတရားမဟုတ်ဟု လူများ သိရုံဖြင့် လုံလောက်သလော။ ယင်းက သမ္မာတရား မဟုတ်ဟူသည့် အချက်က တစ်ချက်ဖြစ်သည်။ ငါတို့သည် ဤသည်ကို အဘယ့်ကြောင့် စိတ်ဖြာလေ့လာဆွေးနွေးဖို့ လိုအပ်သနည်း။ ယင်း၏အကြောင်းခံမှာ အဘယ်နည်း။ ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ လူများသည် ဤအရာကို မည်သို့ လက်လွှတ်နိုင်သနည်း။ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းက သင်၏စိတ်နှလုံး နက်ရှိုင်းရာထဲတွင် ယင်းနှင့်ပတ်သက်သည့် သဘောတရားများ၊ စိတ်ကူးများနှင့် အမြင်ရှုထောင့်များနှင့်သက်ဆိုင်သည့် လုံးလုံး အသစ်ဖြစ်သော အသိအမြင်တစ်ခုကို ဖြစ်ပေါ်စေဖို့ ရည်ရွယ်သည်။ ထို့ကြောင့် ဤလုံးလုံး အသစ်ဖြစ်သော အသိအမြင်ရရှိဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဦးစွာ ရိုးရာထုံးတမ်းဓလေ့သည် မည်သည့်နေရာမှ လာသည်ကို သင်သတိပြုမိဖို့ လိုအပ်သည်- ယင်းသည် စာတန်ထံမှ လာသည်။ ပြီးလျှင် စာတန်သည် ဤသည်ကို တိုက်ရိုက်ပြောခဲ့သလော သို့မဟုတ် ဤသည်ကို တိုက်ရိုက် လုပ်ဆောင်ခဲ့သလော။ မဟုတ်ပေ၊ ယင်းက မပြောခဲ့ မလုပ်ဆောင်ခဲ့ပေ။ စာတန်သည် ဤရှင်းလင်းချက်များနှင့် သဘောတရားများဟု ဆိုသည်တို့ကို ဖြစ်ပေါ်စေပြီး၊ ဤသည်တို့က ဖြည်းဖြည်းချင်း စီမံဖွဲ့စည်းလာပြီးဖြစ်ကာ၊ ခိုင်မာစေပြီး၊ လူများ၏ အသက်တာများသို့ ဖြည်းဖြည်းချင်း နီးကပ်လာကာ၊ သာ၍ ဗဟိုအချက်အချာ ကျလာပြီးဖြစ်လျက်၊ အမျိုးမျိုးသော အချိန်အချို့တွင် ကျော်ကြားသောသူ အမျိုးမျိုးအားဖြင့် ဤထင်မြင်ချက်များကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ ယင်းတို့သည် လူသားမျိုးနွယ်ကြားတွင် ဖြည်းဖြည်းချင်း နေရာတကာ ပျံ့နှံ့လာလျက် ရှိပြီးဖြစ်ကာ၊ ဤရှုထောင့်များ၊ ဤရှင်းလင်းချက်များနှင့် သဘောတရားများသည် လူများ၏ တွေးပုံခေါ်ပုံထဲသို့ နည်းနည်းချင်း သွင်းပေးပြီးဖြစ်သည်။ လူများ၏ တွေးပုံခေါ်ပုံထဲသို့ သွင်းပေးခြင်း ခံရပြီးသည့်အတွက်၊ လူများသည် ဤရှုထောင့်များကို ၎င်းတို့ ကျင့်သုံးပြီး နာခံသင်သည့် အပြုသဘောအဆောင်ဆုံးသော အရာများအဖြစ် သဘောထားလာပြီးဖြစ်သည်၊ ပြီးလျှင် စာတန်က လူများ၏အတွေးအခေါ်ကို ချည်နှောင်ဖို့နှင့် ထိန်းချုပ်ဖို့ ဤအရာများကို အသုံးပြုပြီးဖြစ်လေသည်။ လူသားမျိုးနွယ်ကို အစဉ် ပညာပေးကာ၊ ပြုစုပျိုးထောင်ပြီး ထိန်းချုပ်နေသည်မှာ ထိုသို့သော ပတ်ဝန်းကျင် တစ်ခုဖြစ်ပြီး၊ ဤသည်မှာ မျိုးဆက်တစ်ခုပြီးတစ်ခုမှ ယခုခေတ်အထိ လက်ဆင့်ကမ်း လာပြီးဖြစ်သည်။ လူများ၏ ဤမျိုးဆက်များအားလုံးက ထိုရိုးရာထုံးတမ်းဓလေ့သည် မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ယုံကြည်ပြီးဖြစ်ကာ၊ ဤကောင်းမြတ်ကာ မှန်ကန်သည်ဆိုသည့်အရာကို ယင်း၏ဇာစ်မြစ်နှင့် အရင်းအမြစ်အတိအကျကို ရှာဖွေဖို့ ခွဲခြမ်းစိတ်ဖြာလေ့လာရန် မည်သူမျှ ကြိုးပမ်းအားထုတ်ပြီးခြင်း ရှိကြပေ။ ဤတွင် ပြဿနာ၏စိုးရိမ်ရခြင်း တည်ရှိလေသည်။ နှစ်ပေါင်းများစွာ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးဖြစ်သည့် ဘုရားသခင်၌ ယုံကြည်သူများပင်လျှင် ဤအရာများသည် မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု ယုံကြည်ဆဲဖြစ်ပြီး၊ ယင်းတို့ကို သမ္မာတရား အစားအသုံးပြုနိုင်ပြီး၊ ယင်းတို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အစားထိုး နိုင်သည်ဟုပင် ၎င်းတို့က တွေးထင်ကြလေသည်။ သာ၍ဆိုးသည်မှာ လူအချို့က တွေးထင်ကြသည်မှာ- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှ ဖတ်ပါစေ၊ သင်သည် လူများအကြားတွင် ရှင်သန်ပြီး၊ နာခံခြင်း သုံးရပ်နှင့် ဂုဏ်ရည် လေးရပ် သို့မဟုတ် လူ့ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်ငါးရပ်တို့ကဲ့သို့ ရိုးရာရှုထောင့်များနှင့် ထုံးတမ်းဓလေ့ဆိုသည်တို့ကို မစွန့်ပယ်နိုင်ပေ၊ အကြောင်းမှာ ယင်းတို့ကို ကျွန်ုပ်တို့၏ ဘိုးဘေးများမှ လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ ဘိုးဘေးများသည် ပညာရှိများဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း သက်သက်ကြောင့်၊ ၎င်းတို့၏ သွန်သင်ချက်များကို ဆန့်ကျင်၍မရသကဲ့သို့၊ ကျွန်ုပ်တို့၏ ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ ဘိုးဘေးများ၏ ဤသွန်သင်ချက်များကို ပေါက်တတ်ကရ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စွန့်ပစ်ခြင်း ပြုလုပ်၍မရပေဟု ဖြစ်သည်။ လူများအားလုံး စိတ်ထဲတွင် ထိုသို့သော အတွေးအခေါ်များနှင့် အသိအမြင်များ ရှိကြသည်။ ၎င်းတို့သည် ဤအရာများအား၏ ထိန်းချုပ်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို မသိစိတ်၏ စေ့ဆော်မှုအရ ခံနေရဆဲ ဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၄)” မှ

ငါတို့၏ စိတ်နှလုံးတွင်ရှိသော အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်နေ၏။ ဤတွင် ကောင်းမြတ်သည်ဟု ငါတို့ ထင်သည့်အရာများနှင့် အပြုသဘောဆောင်သည်ဟု ငါတို့ ယုံကြည်နှင့်သည့် အရာများပင် ပါဝင်လေသည်။ ဤအရာများကို သမ္မာတရားများအဖြစ်၊ ပုံမှန် လူ့သဘာဝ၏ အစိတ်အပိုင်းအဖြစ်နှင့် အပြုသဘောဆောင်သော အရာများအဖြစ် ငါတို့ စာရင်းသွင်းခဲ့ကြသည်၊ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ၎င်းတို့သည် သူ စက်ဆုပ်ရွံရှာသော အရာများ ဖြစ်ကြသည်။ ငါတို့တွေးထင်သည့်အရာနှင့် ဘုရားသခင်ပြောသည့် သမ္မာတရားကြားက ကွာဟချက်သည် အတိုင်းမသိဖြစ်၏။ ထို့ကြောင့်၊ ငါတို့သည် ကိုယ့်ကိုယ်ကိုယ် သိရှိရမည်။ ငါ့တို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် လုပ်ရပ်များမှသည် ငါတို့ ရရှိပြီးသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ပညာရေးတိုင်၊ အရာအသီးသီးသည် စူးစူးစိုက်စိုက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေထိုက်ပြီး စေ့စေ့စပ်စပ် စိတ်ဖြာလေ့လာထိုက်ပေသည်။ ဤအရာများထဲမှ အချို့မှာ လူမှုရေး ပတ်ဝန်းကျင်များမှ လာသည်၊ အချို့မှာ မိသားစုများမှ လာသည်၊ အချို့မှာ ကျောင်းပညာရေးမှ လာပြီး၊ အချို့မှာ စာအုပ်များမှ လာလေသည်။ အချို့သည် ငါတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်း လာ၏။ ၎င်းတို့က ငါတို့၏ စကားများနှင့် လုပ်ရပ်များကို ချည်နှောင်ပြီး ထိန်းချုပ်ကာ၊ ငါတို့၏ စိတ်များကို စိုးမိုးပြီး ငါတို့ လုပ်ဆောင်သည့်အရာ၌ ငါတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို ဦးဆောင်လမ်းပြသည့်အတွက် ဤအရာမျိုးများသည် ထိတ်လန့်ဖွယ်အကောင်းဆုံး ဖြစ်သည်။ ဤအရာများကို ကျွန်ုပ်တို့ မဖော်ထုတ်ပါက၊ ကျွန်ုပ်တို့အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ သံသယမရှိဘဲ လက်ခံပြီး လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ မှန်သည်ဟု သင်ယုံကြည်သည့် အရာများအပေါ် လက်ခံယုံကြည်မှုများကို သင် သိုထားသရွေ့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ အပြည့်အဝ သို့မဟုတ် လုံးလုံးလျားလျား လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မူရင်းပုံစံဖြင့် ၎င်းတို့ကို သင် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ၊ သင်သည် ၎င်းတို့ကို သင့်စိတ်ထဲတွင် ပထမဆုံး စီမံပြီးနောက်တွင်သာ ဧကန်မုချ လက်တွေ့လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို သင် လုပ်လိမ့်မည့်ပုံဖြစ်ပြီး၊ ယင်းသည် အခြားသူများကို သင် ကူညီသည့် နည်းလမ်းလည်း ဖြစ်လိမ့်မည်- သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုကောင်း ပြုနိုင်ဆဲဖြစ်သော်လည်း၊ သင်ကိုယ်တိုင်၏ မစင်ကြယ်မှုများကို အမြဲ ရောမိလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့် အရာဖြစ်သည်၊ သမ္မာတရားကို သင် နားလည်ပြီးဖြစ်ကာ လိုချင်သမျှအရာအားလုံး သင်၌ ရှိသည်ဟု သင် တွေးမိပေလိမ့်မည်။ လူသား၏ အခြေအနေမှာ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ထိတ်လန့်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် အရာခပ်သိမ်း၏ အခြေခံသဘောတရားများ၊ အဖြစ်မှန်များ၊ အမှန်တရားများနှင့် နက်နဲမှုများအားလုံးတို့ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားသည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍” မှ

အောက်ခြေမှတ်စု(များ)-

၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၂။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၃။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- ၁၄၉။ အားလပ်ရက်များနှင့် လူမှုရေးထုံးစံများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၁။ လက်တွေ့ကျသည့် ထုံးတမ်းအစဉ်အလာ နှင့် အသိပညာတို့ကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကိုကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်