၁၅၄။ မယုံကြည်သူများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်စုံတစ်ဦးသည် အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်လွယ်သည့် အသိစိတ်တစ်ခုဖြင့် မယုံကြည်သူများ ကြားတွင် လူကောင်းများဖြင့် အမြော်အမြင်ကြီးစွာ ဆက်ဆံနိုင်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အား ဧဝံဂေလိတရား ဖြန့်ဝေနိုင်သည်။

(၂) ၎င်းတို့၏ အကျိုးစီးပွားကို အနည်းငယ် ထိခိုက်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိသည့် မယုံကြည်သူများကြားရှိ ဆိုးယုတ်သောလူများကို ခပ်ခွာခွာ နေသင့်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် မဆက်သွယ်သင့်ပေ။

(၃) တစ်စုံတစ်ဦးအနေဖြင့် အလုပ်ကြောင့် ဆက်ဆံရမည့် သူများဖြင့် ၎င်းတို့၏စကားများတွင် သတိထားသင့်သည်။ အပြင်ပန်းအမှုအရာများကိုသာ ပြောလော့။ ၎င်းတို့အား ရင်မဖွင့်နှင့်။

(၄) တစ်စုံတစ်ဦးသည် ၎င်းတို့၏အထက်လူကြီး သို့မဟုတ် ခေါင်းဆောင်တို့ကို လေးစားပြီး နာခံသင့်သည်။ သို့သော် အပြစ်ရှိသော မည်သည့်အရာကိုမျှ မလုပ်နှင့်။ ၎င်းတို့နှင့် အလွန်အကျွံ မပတ်သက်ဘဲ၊ ၎င်းတို့ကို ခပ်ခွာခွာမှ လေးစားလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မယုံကြည်သူများနှင့် ဘုရားသခင်ကို ယုံကြည်သည့်လူများအကြား ကွာခြားချက်မှာ အဘယ်နည်း။ ယင်းမှာ ယုံကြည်မှု ကွဲပြားခြားနားချက် တစ်ခုသာလော။ မဟုတ်ပေ။ “လူကို ဘုရားသခင် ဖန်ဆင်းသည်” ကို ဥပမာကြည့်လော။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဤသည်ကို ၎င်းတို့ကြားသည့်အခါ၊ ဘုရားသခင်ကို ယုံကြည်သည့်လူများ၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့က ဤသည်ကို လုံးဝ အသိအမှတ်ပြုပြီး ယုံကြည်ကြသည်။ ၎င်းတို့က ဤအမှန်တရား၊ ဤသမ္မာတရားကို ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အဖြစ် လက်ခံယုံကြည်ကြသည်- ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းဖြစ်သည်။ ယင်းက ဘုရားသခင်က လူကို ဖန်ဆင်းခြင်းဟူသည့်အချက်ကို သင်၏စိတ်နှလုံး နက်ရှိုင်းရာမှ လက်ခံခြင်း၊ ဘုရားသခင်၏ သတ္တဝါတစ်ဦး ဝမ်းမြောက်စွာ ဖြစ်ခြင်း၊ ဘုရားသခင်၏ လမ်းညွှန်ခြင်းနှင့် အချုပ်အခြာအာဏာတို့ကို လိုလားစွာ လက်ခံခြင်းနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုခြင်းတို့ကို ဆိုလိုသည်။ ပြီးလျှင် ဘုရားသခင်ကို မယုံကြည်သည့်လူများက “လူကို ဘုရားသခင် ဖန်ဆင်းသည်” ဟူသည်ကို ကြားသည့်အခါ၊ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ယင်းကို အသိအမှတ်မပြုရုံသာမက၊ ၎င်းတို့က ဤအရာကို အသုံးပြုလျက် သင့်ကို ထိခိုက်နစ်နာစေရန် ကြိုးစားဖို့၊ သင့်ကို လှောင်ပြောင်ဖို့၊ သင့်ကို အထင်သေးခြင်းဖြင့် ကြည့်ဖို့၊ ဤနှုတ်ကပတ်တော်များနှင့် ဤအမှန်တရားတို့အပေါ် အထင်သေးခြင်းများ စုပုံဖို့တို့ကို အစွမ်းကုန်လုပ်ဆောင်လျက်၊ သင့်ကို သရော်ပင် သရော်လိမ့်မည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံသူများအပေါ် ပြက်ရယ်ပြုခြင်း၊ ထေ့ငေါ့ခြင်း၊ အထင်သေးခြင်းနှင့် ရန်လိုခြင်း သဘောထားတစ်ခုပင် ခံယူနိုင်သည်။ ဤသည်မှာ သမ္မာတရားကို စက်ဆုပ်ခြင်း မဟုတ်လော။ ထိုသို့သောလူများကို သင်တွေ့သည့်အခါ၊ သင်မည်သို့ တွေးထင်သနည်း။ ၎င်းတို့ကို သင်မုန်းတီးသလော။ “လူကို ဘုရားသခင် ဖန်ဆင်းသည်- ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ ဤသည်ကို သင်လက်မခံပေ၊ သင်သည် မည်သည့်နေရာက လာသည်ကို သင်မသိပေ၊ သင်သည် အမှန်တကယ် ကျေးဇူးကန်းကာ၊ ဩတ္တပစိတ် နှိုးဆော်ရာမလိုက်ဘဲ၊ သစ္စာဖောက်လေသည်။ သင်သည် စာတန်၏အမျိုး အမှန်တကယ် ဖြစ်လေသည်။” ယင်းမှာ သင်တွေးထင်သည့်အရာဖြစ်သလော။ ပြီးလျှင် ထိုသို့ငြင်းပယ်သောစိတ် သင်ထဲ၌ ပေါ်ပေါက်လာဖို့ မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို မနှစ်သက်ခြင်း သက်သက်ကြောင့် ဖြစ်သလော။ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို သာမန်စကားများအဖြစ်၊ သဘောတရား တစ်ခု သို့မဟုတ် ယုံကြည်မှုတစ်ခုအဖြစ် အသိအမှတ်ပြုပါက၊ သင်တို့၏ဒေါသသည် အလွန်ကြီးမည်မဟုတ်ပေ။ သို့သော် ယင်းတို့က စက်ဆုပ်ဖွယ်ကောင်းသော၊ ရန်မူလိုသော၊ အထင်မြင်သေးသော၊ ပြီးလျှင် အသရေဖျက်သော စကားများ၊ သဘောထားများနှင့် စိတ်သဘောထားများဖြင့် ထွက်လာသည့်အခါ၊ သင် ဒေါသထွက်လေသည်။ ယင်းမှာ ထိုသို့ဖြစ်သလော။ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်သော်လည်း၊ အခြားလူများ၏ယုံကြည်မှုကို လေးစားသူများ၊ အခြားသူများပြောသမျှအရာကို အမနာပပြောဖို့ မကြိုးစားသူများ ရှိကြသည်။ သင်သည် ၎င်းတို့အပေါ် မနှစ်သက်ခြင်း သို့မဟုတ် မုန်းတီးခြင်း တစ်စုံတစ်ရာမရှိပေ။ သင်သည် ၎င်းတို့နှင့် ငြိမ်းချမ်းစွာ သင့်မြတ်နိုင်ပြီး၊ ၎င်းတို့နှင့် အပြန်အလှန် အကျိုးပြုနိုင်သည်။ သမ္မာတရားကို အမနာပပြောဖို့ ကြိုးစားသူများ အပေါ်- သမ္မာတရားကို စက်ဆုပ်သူများ- သင်၏စိတ်နှလုံးထဲမှ သင်ဒေါသထွက်သည်။ သင်သည် ၎င်းတို့နှင့် မိတ်ဆွေများ ဖြစ်နိုင်သလော။ ၎င်းတို့နှင့် မိတ်ဆွေဖြစ်ခြင်းမှလွဲ၍၊ ၎င်းတို့နှင့် ပတ်သက်၍ သင်သည် အခြားမည်သည့်အရာကို တွေးထင်သနည်း။ ၎င်းတို့အား သင်မည်သို့ဆက်ဆံမည်ကို သင့်အား ရွေးချယ်ခိုင်းပါက၊ သင်သည် ၎င်းတို့အား မည်သို့ ဆက်ဆံမည်နည်း။ သင်က “လူကို ဘုရားသခင် ဖန်ဆင်းသည်၊ ပြီးလျှင် ယင်းမှာ မည်မျှ ကြီးမားပြီး မြင့်မြတ်သည့်အရာဖြစ်သနည်း။ ဤအရာကို သင်သည် လက်မခံရုံသာမက၊ ယင်းကို အမနာပပြောဖို့ကိုလည်း သင်ကြိုးစားသည်- သင်၌ အသိစိတ် တကယ်ကို မရှိပေ။ ဘုရားသခင်က ကျွန်ုပ်ကို တန်ခိုးပေးပါက၊ ကျွန်ုပ်သည် သင့်ကို အပြစ်စီရင်ခြင်းခံရစေမည်၊ ကျွန်ုပ် သင့်ကို ဖျက်ဆီးမည်၊ ကျွန်ုပ်သည် သင့်ကို ပြာဖြစ်စေမည်။” ဟု သင်ပြောလိမ့်မည်။ ယင်းမှာ သင်၏ ခံစားချက်လော။ ဤသည်မှာ တရားမျှတခြင်း၏အသိစိတ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့သည် မကောင်းဆိုးဝါးများဖြစ်သည်ကို သင်တွေ့မြင်သည့်အခါ၊ သင့်တင့်လျောက်ပတ်မည့်အရာမှာ ၎င်းတို့ကို လျစ်လျူရှုဖို့၊ ၎င်းတို့နှင့် ဝေးရာတွင်နေဖို့၊ ၎င်းတို့က သင့်ကို စကားပြောလျှင် စကားနည်းရန်စဲနေဖို့တို့ဖြစ်သည်- ဤသည်မှာ အမြော်အမြင်ရှိသည့်အလုပ်ဖြစ်သည်။ သို့သော် စိတ်ထဲတွင် သင်သည် ထိုသို့သော လူများနှင့် တူညီမှုတစ်ခုမျှ မရှိသည်ကို သင်သိထားသည်။ ၎င်းတို့သည်ဘုရားသခင်၌ မည်သည့်အခါမျှ ယုံကြည်ခြင်း ရှိနိုင်မည် မဟုတ်ဘဲ၊ ၎င်းတို့ ယုံကြည်မှု ရှိခဲ့လျှင်ပင်၊ ဘုရားသခင်က ၎င်းတို့ကို လိုချင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူ့တိရစ္ဆာန်များ၊ မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ ချစ်သည့်အရာများ၊ ကျွန်ုပ်တို့ လျှောက်သည့်လမ်းကြောင်း၊ အသက်တာအပေါ် ကျွန်ုပ်တို့၏ အမြင်ရှုထောင့်- ယင်းတို့အားလုံးသည် ၎င်းတို့နှင့်ကွဲပြားသည်။ ထို့ကြောင့် သမ္မာတရားနှင့်သက်ဆိုင်သည့် အရေးကိစ္စများအကြောင်း ၎င်းတို့နှင့် ထပ်မပြောနှင့်၊ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်သည်၊ ၎င်းတို့သည် မည်သည့်အရာမျိုးဖြစ်သည်ကို သင်သိသည်၊ ပြီးလျှင် သင်စကားပြောပြီးသည့်နောက် ၎င်းတို့က သမ္မာတရားကို ထင်ရာမြင်ရာ ကြိုးစားပြီး အမနာပပြောကြမည်၊ ထို့နောက်တွင် သင်သည် ဘုရားသခင်ကို မျက်နှာချင်းမဆိုင်နိုင်ဘဲ၊ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားရမည် ဖြစ်သောကြောင့်၊ သမ္မာတရားအကြောင်း ၎င်းတို့နှင့်တစ်ဖန် ပြောခြင်းသည် သိသိသာသာသာကို မိုက်မဲပေမည်။ လူများသည် သမ္မာတရားကို မချစ်သူများ၊ သမ္မာတရားကို စက်ဆုပ်သူများနှင့် သမ္မာတရားကို အမနာပပြောသူများအပေါ် ထိုသို့သော သဘောထားတစ်ခု ထားရှိနိုင်ပါက၊ ဘုရားသခင်သာဆိုလျှင် ထိုသဘောထားမျိုး မည်မျှသာ၍ ထားရှိနိုင်မည်နည်း။ ဘုရားသခင်၏စိတ်သဘောထား၊ ဘုရားသခင်၏အနှစ်သာရ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် ဘုရားသခင် ထုတ်ဖော်ပြသည့်အရာအားလုံးသည် သမ္မာတရားများ ဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သူ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင်၏ ရန်သူဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ ဤသည်မှာ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်း ပြဿနာတစ်ခုထက် ပိုသာပြီး ထိုသို့သော လူများအပေါ် ဘုရားသခင်၏ ဒေါသသည် အလွန် ကြီးမားလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုရှိပြီး သမ္မာတရားကို သင်ရရှိပါက၊ သင်၏အမြင်ရှုထောင့်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်။ သင်၏ အမြင်ရှုထောင့်သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့်အခါ၊ သင်သည် ဖောက်ပြန်ပျက်စီးသည့်သူများနှင့် သဟဇာတဖြစ်သေးသလော။ သင်သည် ၎င်းတို့ကို ခုခံသည်၊ သင်သည် ၎င်းတို့အား တွန်းလှန်သည်၊ သင်သည် ၎င်းတို့အား စက်ဆုပ်သည်- ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးမဟုတ်သလော။ ၎င်းတို့၏အနှစ်သာရသည် သင့်အတွက် ရှင်းလင်းလာသည်။ သင်သည် သင်ကိုယ်တိုင်၏ အနှစ်သာရကို မြင်နှင့်ပြီးဖြစ်ကာ၊ ပြောင်းလဲပြီးသောကြောင့်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ အနှစ်သာရကိုလည်း မမြင်နိုင်သလော။ ပြီးလျှင် ယခု ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏အနှစ်သာရကို မြင်သည့်အတွက်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို စက်ဆုပ်မရွံရှာသလော။ ဘုရားသခင်ကို မယုံကြည်သည့်သူများ၊ ဘုရားသခင်ကို ရန်လိုသည့်သူများ၊ ဘုရားသခင်ကို စွန့်လွှတ်သည့်သူများ၊ ဘုရားသခင်ကို ကျောခိုင်းသည့်သူများနှင့် ဘုရားသခင်ကို မနာခံသည့်သူများကို သင်မစက်ဆုပ်သလော။ သင်သည် ထိုသို့သော လူများနှင့် မည်သို့များ သဟဇာတ ဖြစ်နိုင်သနည်း။ ထို့ကြောင့် သင်၏စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုရှိပါက၊ သင်သည် ဤလူများကို စက်ဆုပ်ပြီး ၎င်းတို့ကို တွန်းလှန်သည်မှာ သေချာပေသည်။ သို့ရာတွင် ငါတို့သည် ဖောက်ပြန်ပျက်စီးသူများကြားတွင် ယနေ့ အသက်ရှင်သောကြောင့်၊ ငါတို့သည် ကြံ့ကြံ့ခံနိုင်ရုံသာ ရှိပြီး၊ ငါတို့၏ ဉာဏ်ပညာအားဖြင့် ရှင်သန်နိုင်ရုံသာ ရှိသည်။ ငါတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုကြောင့်၊ ၎င်းတို့ကို ငါတို့ အရေးမထား နိုင်သကဲ့သို့၊ ၎င်းတို့ကို အတင်းအကျပ် ပြု၍လည်း မရပေ- ငါတို့သည် ထိုအရာကို မလုပ်ဆောင်နိုင်ပေ၊ ငါတို့သည် ဉာဏ်ပညာရှိရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်သဘောထားထား ပြောင်းလဲခြင်းနှင့် စိတ်သဘောထား ပြောင်းလဲသည့် လမ်းကြောင်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

မယုံကြည်သူများကို ကျွန်ုပ်တို့ မည်သို့ ဆက်ဆံသင့်သနည်း။ မယုံကြည်သူ အများစုသည် သမ္မာတရားကို လက်မခံကြသကဲ့သို့ ဘုရားသခင်ကိုလည်း ငြင်းပယ်ကာ ဆန့်ကျင်ကြပြီး၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ၎င်းတို့အားလုံး အသက်ရှင်ကြလေသည်။ ထိုသို့ဖြင့်၊ ၎င်းတို့နှင့် ဆက်ဆံပုံတွင် ကျွန်ုပ်တို့ ချက်ချာပါးနပ်ရမည်။ ယနေ့တွင်၊ ဘုရားသခင် လုပ်ဆောင်သည့် ကယ်တင်ခြင်းအမှုသည် မပြည့်စုံသေးသကဲ့သို့၊ ဧဝံဂေလိတရားကို ဖြန့်ဝေရန်နှင့် ဘုရားသခင်ကို သက်သေခံရန် လိုအပ်ဆဲ ဖြစ်သည်။ မယုံကြည်သူအရေအတွက် အနည်းငယ်သည် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ပြီး စစ်မှန်သော လမ်းခရီးကို ရှာဖွေသော လူများဖြစ်ပြီး၊ ဧဝံဂေလိတရားကို ကယ်တင်ခံရနိုင်သည့် ဤလူများကို ဟောပြောရမည်ဖြစ်သည်။ ထိုသို့ဖြင့်၊ မယုံကြည်သူများထဲမှ ဘုရားသခင်ကို ရှာဖွေသည့်သူများအပြင် ကျွန်ုပ်တို့အဖို့ အကူအညီဖြစ်သည့် လူကောင်းများကို ရှာကာ ဆက်သွယ်ရန် အားထုတ်မှု သာ၍ ကျွန်ုပ်တို့ ပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် အပြန်အလှန် ဆက်ဆံခြင်းမှတစ်ဆင့် ၎င်းတို့ကို သိရမည်၊ ၎င်းတို့နှင့် ဆက်သွယ်ရမည်ဖြစ်ပြီး၊ မှန်ကန်သော အခွင့်အရေးက မိမိဘာသာ ပေါ်လာသည့်အခါ၊ ဧဝံဂေလိကို ၎င်းတို့ထံ ဟောပြောပြီး ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ သူ၏ အမှုတော်ကို လက်ခံရန် ဆောင်ကြဉ်းရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ဖြစ်ပြီး၊ လူတစ်ဦးစီတိုင်း၏ အလေးအနက်ထားအပ်သော တာဝန်ဖြစ်သည်။ ဆိုးယုတ်သော လူများ၊ လက်တစ်ဆုပ်စာ လူများနှင့် ဘုရားသခင်ကို ငြင်းပယ်ကာ ခုခံသည့် မကောင်းဆိုဝါးနှင့် သက်ဆိုင်သောသူများ၊ မှန်သော လမ်းခရီးကို အသရေဖျက်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို နှိပ်စက်ညှဉ်ပန်းခြင်းအားဖြင့် နတ်ဆိုးကို အစေခံမှုပေးသော သူများအားလုံးအတွက်မူ၊ ၎င်းတို့ကို ကျွန်ုပ်တို့ ငြင်းပယ်ကာ ရှောင်ရှားရမည်မှာ မေးစရာမလိုပေ။ ဤသည်မှာ ပြုလုပ်ရန် အမြော်အမြင်ရှိသော ရွေးချယ်မှုဖြစ်သည်။ ဤဆိုးယုတ်သော နတ်ဆိုးများကို ချဉ်းကပ်ရန်မှာ မည်သူမဆိုအတွက် အန္တရာယ်ရှိပြီး၊ ထိုသို့ လုပ်ဆောင်သူ မည်သူမဆိုသည် အနှေးနှင့်အမြန် ကံအကြောင်းမလှသည့် ဖြစ်ရပ်ဖြင့် အဆုံးသတ်လိမ့်မည်။ ၎င်းတို့ လူကောင်းများဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတို့အဖို့ အကူအညီဖြစ်ပါက မယုံကြည်သူများ၏ ဆွေးမျိုးများ၊ မိတ်ဆွေများနှင့် ဆက်ဆံရေးများ ထိန်းသိမ်းသင့်ပေသည်။ ဤဆွေမျိုးများနှင့် မိတ်ဆွေများက ဆိုးယုတ်သော လူများဖြစ်ပါက၊ ၎င်းတို့နှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ရန်မှာ သာ၍ကောင်းပေသည်။ အကျဉ်းရုံးအနေဖြင့်၊ မယုံကြည်သူအားလုံးကို ကျွန်ုပ်တို့၏ ချဉ်းကပ်ခြင်းတွင် ကျွန်ုပ်တို့ အမြော်အမြင် ရှိသင့်ပေသည်။

အလုပ်အစီအစဉ်များ မှ

ကျွန်ုပ်တို့အနေဖြင့် အခြေခံသဘောတရားဖြင့် ပြုမူရန်၊ အခြေခံသဘောတရားဖြင့် စကားပြောရန်၊ လူတို့ကို အခြေခံသဘောတရားဖြင့် ချဉ်းကပ်ရန်နှင့် လူတို့ကို ကျွန်ုပ်တို့ ဆက်ဆံပုံတွင် အခြေခံသဘောတရားများကို မချိုးဖောက်ရန် ဘုရားသခင် တောင်းဆိုလေသည်။ အခြေခံသဘောတရားများကို ချိုးဖောက်ခြင်းသည် သမ္မာရားကို ချိုးဖောက်ခြင်း ဖြစ်သည်။ သင်တို့သည် အကြောင်းမဲ့နှင့် ထင်ရာမြင်ရာ ပြုမူ သို့မဟုတ် ပြောဆိုပါက၊ ဤအရာက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်မနေကြသည်ကို သက်သေပြပေသည်။ ယင်းမှာ သင်သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအတွင်းနှင့် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သည့် ထိန်းမနိုင်သိမ်းမရသော လူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေသည် ....။ စာတန်ကို ဆက်ဆံပုံအတွက် အခြေခံသဘောတရားမှာ အဘယ်နည်း။ စာတန်ကို ဆက်ဆံရန် နည်းလမ်းမှာ ၎င်းကို ထာဝရ မုန်းတီးရန်၊ ၎င်းကို ထာဝရ ကျိန်ဆဲရန်၊ ၎င်းကို ထာဝရ ငြင်းပယ်ရန်နှင့် တကယ့်အဆုံးထိ ၎င်းကို လုံးဝ တိုက်ခိုက်ရန် ဖြစ်သည်။ ဤဆိုးယုတ်ပြီး အကျင့်ပျက်သော လောကကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် မည်သည့် အခြေခံသဘောတရားကို သင် အသုံးပြုသင့်သနည်း။ ယင်းကို ထာဝရ စွန့်ပစ်ရန်၊ အလွန်မုန်းတီးကာ သင်ကိုယ်တိုင်နှင့် ယင်းတို့ကြားတွင် ရှင်းလင်းသည့် ကန့်သတ်ချက်တစ်ခု သတ်မှတ်ရန် ဖြစ်သည်။ ဆိုးယုတ်သော လူတို့ကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် မည်သည့် အခြေခံသဘောတရားကို သင် အသုံးပြုသင့်သနည်း။ သင်သည် ၎င်းတို့ကို ထာဝရ မုန်းတီးကာ သွန့်ပစ်သင့်သည်။ ထို့အပြင်၊ သင်သည် ၎င်းတို့ကို သတိထားသင့်ပြီး ၎င်းတို့ကို သိမြင်ရန်၊ ၎င်းတို့၏ လှည့်ကွက်များ အလှည့်စားမခံရရန်၊ ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန်၊ ၎င်းတို့ထံမှ မည်သည့်အကူအညီမျှ လက်မခံရန်နှင့် သင်ကိုယ်တိုင်နှင့် ၎င်းတို့ကြား ရှင်းလင်းသည့် ကန့်သတ်ချက်တစ်ခု ချမှတ်ရန် သင်ယူသင့်ပေသည်။ မယုံကြည်သူများဖြစ်သည့် ဆွေးမျိုးများနှင့် မိတ်ဆွေများ တစ်ဦးတစ်လေနှင့် စပ်လျဉ်း၍ မည်သည့် အခြေခံသဘောတရားများကို သင် အသုံးပြုသင့်သနည်း။ လူ့သဘာဝ အချို့ပိုင်ဆိုင်သောသူတို့အတွက်၊ သင်သည် ၎င်းတို့နှင့် အပြန်အလှန် ဆက်ဆံနိုင်သည်၊ သို့သော် သတိရှိစွာ ဖြစ်သည်။ အလွန်အကျွံ မပတ်သက်လာနှင့်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးမရှိသောကြောင့် ဖြစ်သည်။ မယုံကြည်သူများသည် အကျိုးအမြတ်ကိုသာ ရှာဖွေကြပြီး၊ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သမျှတိုင်းသည် ယင်းအဖို့ ဖုံးကွယ်ထားသော အကြောင်းရင်း ရှိလေသည်။ ထို့ကြောင့်၊ သင်သည် ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူများနှင့် အပြန်အလှန်ဆက်ဆံရန် ငြင်းပယ်သင့်သည်။ အနည်းငယ် သာ၍ ကောင်းမွန်သော လူ့သဘာဝရှိပြီး အတော်အတန် စိတ်ရင်းစေတနာကောင်းသော လူတို့နှင့် အပြန်အလှန်ဆက်ဆံရန်မှာ အဆင်ပြေသော်လည်း သင်သည် အမြော်အမြင် ရှိရပေမည်။ မည်သည့် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများကို ဘုရားသခင်ကို ယုံကြည်သည့်လူများ ကြုံကောင်းကြုံရသည်ဖြစ်စေ ယင်းတို့ကို အခြေခံသဘောတရားဖြင့် ၎င်းတို့ အမြဲ ကိုင်တွယ်ရမည်။ မည်သည့် အခြေခံသဘောတရားမျှ မရှိခြင်းက သင်သည် မည်သည့် သမ္မာတရားကိုမျှ မပိုင်ဆိုင်ကြောင်း၊ သင်သည် စာတန်၏ အတွေးအခေါ်အားဖြင့် အသက်ရှင်ကြောင်းနှင့် သင်၏ လုပ်ရပ်များသည် မယုံကြည်သူများ၏ လုပ်ရပ်များနှင့် တူညီကြောင်းတို့ကို သက်သေပြပေသည်။ သင်သည် ဘုရားသခင်၌ အမည်အားဖြင့် ယုံကြည်သူတစ်ဦးဖြစ်သော်လည်း၊ အမှန်တွင် သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၅၃။ ဘာသာတရား၏ ဘာသာရေး ယုံကြည်မှုဆိုင်ရာ သဘောတရားများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၅။ အာဏာရှိသည့်အစိုးရကို သဘောထားသည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်