၁၄၇။ ဇနီးများ၊ ခင်ပွန်းများနှင့် သားသမီးများကို ဆက်ဆံသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဇနီးတစ်ဦး၊ ခင်ပွန်းတစ်ဦးနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ဘုရားသခင်ကို ယုံကြည်ပါက၊ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသင့်သည်၊ သမ္မာတရားကို မကြာခဏ မိတ်သဟာယပြုသင့်သည်၊ အချင်းချင်း ထောက်ပံ့သင့်ပြီး ခရစ်တော်ကို သခင်အဖြစ် ရိုသေလေးမြတ်သင့်သည်။

(၂) တစ်စုံတစ်ဦး၏ ဇနီး၊ ခင်ပွန်း သို့မဟုတ် သားသမီးတို့သည် ဘုရားသခင်ကို မယုံကြည်သော်လည်း၊ ယုံကြည်မှုကို မဆန့်ကျင်ပါက၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံသဘောတရားများနှင့် ကိုက်ညီအောင် လုပ်ဆောင်သည့် ကာလပတ်လုံး၊ ၎င်းတို့အား ဘုရားသခင်ထံ သက်သေခံချက်ကို ကမ်းလှမ်းသင့်ပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယ ပြုပေးသင့်သည်။

(၃) ဘုရားသခင်ကို ယုံကြည်ခြင်းကို ဆန့်ကျင်ပြီး သမ္မာတရားကို မုန်းတီးသည့် ဇနီးတစ်ဦး၊ ခင်ပွန်းတစ်ဦး သို့မဟုတ် ကလေးတစ်ဦးကို ဉာဏ်ပညာရှိစွာ ဆက်ဆံသင့်သည်။ ဆိုးယုတ်သော လူများကို ဘုရားသခင်၌ ယုံကြည်ခြင်းထဲသို့ စည်းရုံးသိမ်းသွင်းခြင်း မပြုရပေ။

(၄) တစ်စုံတစ်ဦးက ၎င်းတို့၏မိသားစုကို စွန့်ခွာသင့် မစွန့်ခွာသင့်ကို ၎င်းတို့၏မယုံကြည်သည့်မိသားစုဝင်များက ၎င်းတို့အပေါ် ခုခံခြင်းရှိမရှိ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ရှိမရှိအပြင်၊ ထိုညှဉ်းပန်းနှိပ်စက်ခြင်း အတိုင်းအတာတို့အရ ဆုံးဖြတ်သင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက၊ သူ့ကို ၎င်းတို့ မုန်းကြပေသည်။ သူ့ကို ၎င်းတို့ မုန်းပါက၊ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် စက်ဆုပ်သည်။ ထို့ကြောင့်၊ သင်၏ မိဘများကို မုန်းရန် သင့်ကို ပြောပါက၊ သင် လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံကာ ပုတ်ခတ်ဝေဖန်ပါက၊ ၎င်းတို့သည် ဘုရားသခင် မုန်းကာ ကျိန်သော လူများ သေချာပေါက် ဖြစ်ကြပေသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအား နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏” ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

လုံးဝ မယုံကြည်သော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အလိုတော် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ “ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။” ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ၎င်းတို့သည် ဘုရားသခင် နောက်လိုက်ရန် ရုန်းကန်ကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို မကြုံရသေးသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေးသော သူတို့သည် စုံလင်စေခြင်း ခံရနိုင်စွမ်း လုံးဝ မရှိကြပေ။ သို့ဖြစ်ရာ ဘုရားသခင်ကို အမည်ခံအားဖြင့် စတင် လိုက်လျှောက်သည့် အခိုက်အတန့်မှ၊ ဤလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့လေသည်။ ၎င်းတို့၏ အနေအထားများနှင့် တကယ့် အခြေအနေများအရ၊ ၎င်းတို့သည် တကယ်ကို စုံလင်စေခြင်း မခံရနိုင်ပေ။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အားအင်များစွာ မစိုက်ထုတ်ရန် ဆုံးဖြတ်သကဲ့သို့၊ ၎င်းတို့ကို မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းမျှ မပေးပေ၊ သို့မဟုတ် မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို လမ်းမပြပေ။ သူသည် ၎င်းတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး ၎င်းတို့၏ရလဒ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြလိမ့်မည်- ဤသည်မှာ လုံလောက်ပေ၏။ လူသားမျိုးနွယ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး ဤအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ လူတို့ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိရမည်။ လူသားများသည် လူသားများကို စုံလင်စေနိုင်သလော။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။ ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်ကတည်းက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို မရရှိနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ မရနိုင်ပေ။ ဤလူတို့သည် ဖျက်ဆီးခြင်း ခံရမည့်သူများ အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။ ၎င်းတို့အတွက် တစ်ဦးတစ်ယောက်သည် ချစ်ခြင်းမည်မျှ ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူတို့၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စား မပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏အမှုအတွက်လည်း အစားထိုးမှုတစ်ခု မဖြစ်နိုင်ပေ။ ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ကို မသိဘဲ၊ သူ့နောက်လိုက် ဟန်ဆောင်သူများအပေါ် တစ်ဦးတစ်ယောက်သည် ကြီးနိုင်သမျှ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကရုဏာ ပမာဏကို လက်ကမ်းလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြလိမ့်ဦးမည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရရှိကြလိမ့်မည် မဟုတ်ပေ။ ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်သည့် လူများသည် ညံ့ဖျင်းသည့် အရည်အချင်း ရှိကြပြီး သမ္မာတရားများစွာကို နားမလည်နိုင်လျှင်ပင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရံဖန်ရံခါ ရရှိနိုင်သေးသည်။ သို့သော် အတော်အတန် ကောင်းမွန်သော အရည်အချင်းရှိသော်လည်း၊ ရိုးသားစစ်မှန်စွာ မယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို အကယ်ပင် မရရှိနိုင်ပေ။ ထိုသို့သောသူများနှင့်ပတ်သက်၍ ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် ရံဖန်ရံခါ ဒေသနာများကို နားထောင်လျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ ၎င်းတို့သည် နောက်ဆုံးတွင် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ရောက်သည်ထိတိုင် ရှင်သန်နိုင်ကြမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ စိတ်ပျက်ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု

ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘာထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု လေများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကာ၊ အပြင်ပန်းတွင် အလွန် ဝိညာဉ်ရေးရာပြည့်စုံသည့် အသွင်ပေါက်သော်လည်း၊ မိဘများက သားသမီးများအပေါ်နှင့် သားသမီးများက မိဘများ အပေါ်ထားသည့် အမြင်ရှုထောင့်များနှင့် သဘောထားများ နှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် သမ္မာတရား၏ဤရှုထောင့်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည် နှင့်ပတ်သက်၍လည်းကောင်း၊ ဤအရေးကိစ္စများကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းတွင် မည်သည့် အခြေခံသဘောတရားများကို ကျင့်သုံးသင့်သည် နှင့်ပတ်သက်၍လည်းကောင်း သိနားလည်နိုင်စွမ်း ရှိကြပေ။ မိဘများ၏အမြင်တွင် မိဘများသည် အစဉ် မိဘဖြစ်ပြီး သားသမီးသည် သားသမီးသာဖြစ်သည်။ ထိုသို့ဖြင့် မိဘနှင့် သားသမီးအကြား ဆက်ဆံရေးသည် ကိုင်တွယ်ဖြေရှင်းဖို့ အလွန် ခက်ခဲလာလေသည်။ အမှန်တွင် အမှုအရာများစွာတွင် မိဘများသည် မိဘအဖြစ် ၎င်းတို့၏အခြေအနေကို ပြောင်းလဲဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် လူကြီးသူမအဖြစ် အမြဲ မြင်ကြပြီး သားသမီးများသည် ၎င်းတို့၏ မိဘများကို အချိန်ပြည့် နားထောင်ရမည်ဖြစ်ကာ၊ ဤအချက်သည် မည်သည့်အခါမျှ မပြောင်းလဲဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်က ၎င်းတို့၏ သားသမီးများထံမှ အစဉ် အတိုက်အခံပြုခြင်းဆီသို့ ဦးတည်ပေးသည်။ ထိုသို့သော အမြင်ရှုထောင့်မျိုးသည် နှစ်ဖက်လုံးကို စိတ်မချမ်းမြေ့ဖြစ်စေကာ၊ စိတ်ပျက်စေပြီး ခြေကုန်လက်ပန်းကျသွားစေသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သလော။ လူများသည် သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့သည် အဆင့်အတန်းအားဖြင့် အမြဲ ဘောင်ခတ်ခြင်း ခံကြရသည်။ ၎င်းတို့သည် အကျိုးဆက်အနေဖြင့် ဒုက္ခမခံရဘဲ မည်သို့ ရှိနိုင်သနည်း။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများတွင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ (သင့်ကိုယ်သင် လက်လွှတ်လိုက်ခြင်းအားဖြင့် ဖြစ်သည်။) လက်လွှတ်လိုက်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စစ်မှန်စွာ လက်လွှတ်ဖို့အလို့ငှာ၊ ဤအရေးကိစ္စကို မည်သည့် အမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးဖြင့် သင် ကိုင်တွယ်သင့်သနည်း။ ဤလက်လွှတ်ခြင်းကို သင်မည်သို့ အကောင်အထည် ဖော်သနည်း။ ယင်းမှာ အမှန်တကယ်တွင် အလွန်ပင် ရိုးရှင်းလှသည်။ သင်သည် သာမန်လူတစ်ယောက် ဖြစ်ရမည် ဖြစ်ပြီး၊ အဆင့်အတန်းအားဖြင့် ဘောင်ခတ်ခြင်း မခံရပေ။ သင်၏ သားသမီးများနှင့် သင်၏အခြား မိသားစုဝင်များကို သာမန်ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများအား သင် ဆက်ဆံမည့်အတိုင်း ဆက်ဆံလော့။ သင်သည် ၎င်းတို့အပေါ် တာဝန်တစ်ခုရှိပြီး ၎င်းတို့နှင့် သွေးသားတော်စပ်မှုတစ်ခု ရှိသော်ငြားလည်း၊ မည်သို့ပင်ဖြစ်စေကာမူ သင်ရှိသင့်သည့် အဆင့်နှင့် အမြင်ရှုထောင့်သည် မိတ်ဆွေများ သို့မဟုတ် သာမန် ညီအစ်ကိုများနှင့် ညီအစ်မများဖြင့် ရှိသင့်သည့် အဆင့်နှင့် အမြင်ရှုထောင့်တို့နှင့် တူညီသည်။ သင်သည် မိဘတစ်ဦး၏ အဆင့်တွင် လုံးဝ မရပ်တည်ရဘဲ၊ သင်၏သားသမီးများကို ဘောင်မခတ်ရပေ၊ ၎င်းတို့ကို မချုပ်ချယ်ရပေ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်သည့်အရာအားလုံးကို ထိန်းချုပ်ဖို့ မကြိုးစားရပေ။ ၎င်းတို့အား တန်းတူရည်တူများအဖြစ် သင် ဆက်ဆံသင့်သည်။ ၎င်းတို့ကို အမှားပြုလုပ်ဖို့၊ အမှားများပြောဖို့၊ ကလေးဆန်ပြီး မရင့်ကျက်သော အရာများ လုပ်ဆောင်ဖို့နှင့် မိုက်မဲသောအရာများ လုပ်ဆောင်ဖို့ သင် ခွင့်ပြုသင့်သည်။ မည်သည့်အရာ ဖြစ်စေကာမူ သင်သည် ၎င်းတို့နှင့်ထိုင်ပြီး အေးအေးဆေးဆေး စကားပြောသင့်သည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤနည်းဖြင့် သင်သည် မှန်ကန်သော သဘောထားဖြင့် ၎င်းတို့ကို စကားပြောလိမ့်မည်ဖြစ်ပြီး ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဤနေရာတွင် သင်သည် မည်သည့်အရာကို လက်လွှတ်နေသနည်း။ သင်သည် မိဘတစ်ယောက်၏ အဆင့်နှင့် အခြေအနေ၊ မိဘတစ်ယောက်၏ သွင်ပြင်ဟန်ပန်များနှင့် မိဘတစ်ယောက်အဖြစ် သင်တာဝန်ယူထားသင့်သည်ဟု သင်ထင်သည့် တာဝန်အားလုံးတို့ကို လက်လွှတ်နေခြင်း ဖြစ်သည်။ ထိုအစား သာမန် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ယောက်အဖြစ် တာဝန်အရ သင်လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ခြင်းသည် လုံလောက်ပေသည်။ … ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှသည် ၎င်းတို့ သားသမီးများအတွက် ဖြစ်သမျှကာလပတ်လုံး၊ ယင်းမှာ သင့်တော်မှန်ကန်သည်ဟု မိဘများစွာက တွေးထင်ကြသည်။ ၎င်းတို့ထံတွင် ထိုသို့သော အတွေးအခေါ်များနှင့် သဘောထားများ ရှိကြသည်။ ၎င်းတို့သည် အမှားများ မလုပ်မိဘဲ အဘယ်သို့ နေမည်နည်း။ သင်သည်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက် ဖြစ်သောကြောင့်၊ သင်သည် အမှားကင်းသည်ဟု မည်သို့များ ဆုံးဖြတ်ထားနိုင်သနည်း။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ကြောင်းနှင့် သင်သည် ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံသမျှ ကာလပတ်လုံး၊ သင်၌ အမှားများရှိပြီး သင်သည် အမှားများပြုလုပ်နိုင်သည်။ သင်သည် အမှားများ ပြုလုပ်နိုင်စွမ်း ရှိသည်- သို့သော်လည်း သင်သည် သင်၏ သားသမီးများကို မည်သို့များ အချိန်ပြည့် ထိန်းချုပ်ဖို့ ကြိုးစားပြီး သင့်ကို အစဉ် နာခံစေသနည်း။ ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု မဟုတ်လော။ ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထား တစ်ခုဖြစ်ပြီး၊ ထို့အပြင် ကြမ်းကြုတ်ရက်စက်သည့် စိတ်သဘောထားတစ်ခုလည်း ဖြစ်လေသည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ကျွန်ုပ်တို့၏ မျက်မှောက် လူမှုအဖွဲ့အစည်းတွင် အသက်ရှင်သည့် လူတိုင်းသည်၊ ၎င်းတို့ မည်မျှ ပညာရေး လက်ခံရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့၏ အတွေးနှင့် အမြင်များတွင် အမှုအရာများစွာ ရှိကြလေသည်။ အထူးသဖြင့် ရိုးရာ တရုတ်အမျိုးသမီးများက အမျိုးသမီးတစ်ဦး၏ နေရာမှာ အိမ်တွင်ဖြစ်သည်၊ အမျိုးသမီးများသည် မိမိတို့၏ ဘဝတစ်ခုလုံးကို မိမိတို့၏ လင်ယောက်ျားနှင့် သားသမီးများအဖို့ ကုန်ဆုံးကာ ဆက်ကပ်သော မယားကောင်းများနှင့် မခင်ကောင်းများဖြစ်ရမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ မိသားစုအတွက် တစ်နေ့ အစာသုံးနပ်၊ သန့်ရှင်းရေး၊ အဝတ်လျှော်ခြင်း- အိမ်ထဲတွင် အရာရာတိုင်းကို ၎င်းတို့ လုပ်ဆောင်ရမည်ဖြစ်ပြီး အထူး ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ “မယားကောင်းနှင့် မိခင်ကောင်း”တစ်ဦးအတွက် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းထဲက စံနှုန်း အမှန်ဖြစ်သည်။ အမျိုးသမီးတိုင်းက ဤသည်မှာ သူမ ပြုမူသင့်သည်ပုံဖြစ်ပြီး၊ သူမ မပြုမူပါက၊ သူမသည် အမျိုးသမီးကောင်းတစ်ဦး မဟုတ်သကဲ့သို့၊ မိမိ၏ အသိစိတ်ကို ဆန့်ကျင်မိမည်ဖြစ်ကာ ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် စံနှုန်းများအား ချိုးဖောက်မိပြီးဖြစ်လိမ့်မည်ဟု ယုံကြည်လေသည်။ ဤကဏ္ဍကို ညံ့ဖျင်းစွာ သို့မဟုတ် လူမှုအဖွဲ့အစည်း၏ စံနှုန်းများကို အရေးမထားဘဲ ဆောင်ရွက်ပြီးသည့်နောက်၊ အသိတရားက ပူပန်သောကပွားစေခြင်းခံရကာ ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဟု ခံစားရသည့်သူ အချို့ပင် ရှိလေသည်။ ဘုရားသခင်ကို ယုံကြည်လာခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုခံရခြင်းတို့သည် သင်၏ ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး၊ စံပြမိခင်တစ်ဦး၊ စံနှုန်းများနှင့် ကိုက်ညီသည့် အမျိုးသမီးတစ်ဦးဖြစ်ခြင်းနှင့် သဘောကွဲလွဲမှုတစ်ခု ဖန်တီးပါသလော။ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး ဖြစ်ရန် ဆန္ဒရှိပါက၊ သင်၏ တာဝန်အပေါ် သင့်အချိန်၏ တစ်ရာရာခိုင်နှုန်းကို ကုန်ဆုံး၍ မရပေ။ ဇနီးနှင့် မိခင်တစ်ဦးအဖြစ် သင်၏ အခန်းကဏ္ဍနှင့် သင်၏ တာဝန်ကြားတွင် သဘောကွဲလွဲမှုတစ်ခု ဖြစ်ပေါ်သည့်အခါ၊ မည်သည့်အရာကို သင် ရွေးချယ်သနည်း။ သင်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်ထံ အကြွင်းမဲ့ ဆက်ကပ်ခြင်းဖြင့် တတ်နိုင်သမျှ သင် လုပ်ဆောင်ရန်၊ ဘုရားသခင့် အိမ်တော်၏ အလုပ်အတွက် တာဝန်ယူရန် သင် ရွေးချယ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် သင်၏ အိမ်ရှင်မနှင့် မိခင် တာဝန်များကို ဘေးဖယ်ထားရန် မဖြစ်မနေလုပ်ခဲ့ရပါက၊ သင် မည်သို့ ခံစားရသနည်း။ မည်သည့်အရာသည် သင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်မည်နည်း။ သင်၏ သားသမီးများအား သင် တာဝန်မကျေဖြစ်လေပြီဟု သင် ခံစားရမည်လော။ မည်သည့်နေရာမှ ဤကျရှုံးမှု ခံစားချက်၊ ဤမသက်မသာဖြစ်ခြင်းသည် လာသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင် မထမ်းဆောင်သေးချိန်တွင် စိတ်မသက်မသာဖြစ်ခြင်း သင် ခံစားရသလော။ ဤအပြုသဘောဆောင်သည့် အရာများသည် သင်၏ အတွေးများ၊ အမြင်များနှင့် အသိစိတ်ထဲတွင် သွတ်သွင်းမထားသောကြောင့် သင်သည် စိတ်မသက်မသာ မဖြစ်သကဲ့သို့ အပြစ်တင်မှု မခံစားရပေ။ သို့ဆိုလျှင် ၎င်းတို့ထဲ၌ မည်သည့်အရာ သွတ်သွင်းထားသနည်း။ ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦးမဟုတ်ပါက၊ သင်သည် အမျိုးသမီးကောင်းတစ်ဦး၊ “ရည်မွန်သော” အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ယင်းမှာ သင်၏ စံနှုန်း မဟုတ်လော။ ဤစံနှုန်းက သင့်ကို ချည်နှောင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ထိုအရာကို သင်နှင့်အတူ သယ်ဆောင်စေခြင်း ခံရသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ခြင်းတို့ကြားတွင် သဘောကွဲလွဲမှုတစ်ခု ဖြစ်ပေါ်ချိန်တွင်၊ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိရန် အင်တင်တင်ဖြင့် ရွေးချယ်ကောင်းရွေးချယ်နိုင်သော်လည်း၊ သင်၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာဖြစ်ခြင်း အတိုင်းအတာတစ်ခုနှင့် ကြီးမားသည့် အပြစ်တင်ခြင်း အတိုင်းအတာတစ်ခုရှိလိမ့်မည် ဖြစ်သည်။ သင်၏တာဝန်ကို သင် မထမ်းဆောင်နေချိန်တွင်၊ သင်သည် အိမ်သို့သွားပြီး သင်၏ ပျက်ကွက်ခြင်းအတွက် ထေမိရန် ကြိုးစားရင်း၊သင်၏ သားသမီးများ သို့မဟုတ် လင်ယောက်ျားကို ကောင်းကောင်းဂရုစိုက်ကာ၊ ထိုသို့လုပ်ဆောင်ရာတွင်၊ ခန္ဓာ၏ သာ၍ ကြီးမားသော အခက်အခဲကို သင် သည်းခံလေသည်။ ဤအရာကို သင့်အား လုပ်ဆောင်စေသည်မှာ စိတ်နှင့်ဆိုင်သော အမိန့်တစ်ခု ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ တာဝန်၊ ကျွန်ုပ်တို့၏ ဝတ္တရားနှင့် ကျွန်ုပ်တို့၏ အလုပ်ကို ဆောင်ရွက်ကြပြီလော။ ကျွန်ုပ်တို့၏ တာဝန်တွင် ကျွန်ုပ်တို့သည် သတိမမူဖြစ်ကာ ဝတ်ကျေတမ်းကျေ ဖြစ်ချိန် သို့မဟုတ် ယင်းကို လုပ်ဆောင်ရန် ဆန္ဒမရှိကြသည့်အချိန်တွင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် အပြစ်တင်မှု ခံစားချက်တစ်ခု သို့မဟုတ် အပြစ်ဆိုခြင်း ခံစားချက်တစ်ခု ရှိသလော။ ထိုသို့သော အရာတစ်ခုက လူတို့၏ လူ့သဘာဝအတွင်းတွင် မတည်ရှိသည့်အလား အပြစ်တင်ခြင်း အနည်းငယ်မျှ ကျွန်ုပ်တို့ မခံစားရပေ။ ထို့ကြောင့်၊ သင်၏ တာဝန်ကို အနည်းငယ် သင် ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်သော်လည်း၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ စံနှုန်းများမှ အတော်အတန် ကွာခြားဆဲ ဖြစ်သည်။ ဘုရားသခင်က၊ “ဘုရားသခင်သည် လူသား၏ အသက် အရင်းအမြစ်ဖြစ်သည်” ဟု ပြောခဲ့သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းတို့သည် လူအားလုံးအား ဤအရာကို သိခွင့်ပေးရန် ရည်ရွယ်ပေသည်- ကျွန်ုပ်တို့၏ အသက်များနှင့် ကျွန်ုပ်တို့ ဝိညာဉ်များသည် ဘုရားသခင်ထံမှ လာသည်၊ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့ လူသားမျိုးနွယ် သို့မဟုတ် ကျွန်ုပ်တို့၏ ဤလူမှုအဖွဲ့အစည်း သို့မဟုတ် သဘာဝမှ သေချာပေါက် မဟုတ်ပေ။ ယင်းတို့ကို ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့ သွေးသား ခန္ဓာများသည် ကျွန်ုပ်တို့၏ မိဘများအားဖြင့် မွေးဖွားသော်လည်း၊ ကျွန်ုပ်တို့၏ ကံကြမ္မာများကို ထိန်းချုပ်သူများ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် တာဝန်များကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် အခြား မည်သည့်လူမဆိုအတွက် တာဝန်ယူရန် တာဝန်မရှိပေ။ သင်၏ တစ်ခုတည်းသော တာဝန်မှာ ဘုရားသခင်အတွက် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားက အလုပ်သင့်ဆုံးသော အရာဖြစ်ပြီး၊ လူတစ်ဦး၏ အသက်တာထဲက ကြီးမားသော ကိစ္စရပ်များအားလုံးထဲတွင် ၎င်းတို့ အပြီးစီးစေသင့်ဆုံးသော အရာတစ်ခု ဖြစ်သည်- ယင်းသည် မိမိဘဝ၏ အဓိက အရေးကိစ္စ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ပါက၊ သင်သည် စစ်မှန်သော အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ လူသား၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် မိခင်ကောင်းတစ်ဦး၊ အံ့ဩဖွယ် အိမ်ရှင်မတစ်ဦး၊ တာဝန်သိသော သမီးတစ်ဦးနှင့် အများပြည်သူ လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို တစ်ခုမျှ မထမ်းဆောင်သည့်သူနှင့် ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံရရှိခဲ့သည့် စေခိုင်းချက်ကို မဖြည့်ဆည်းခဲ့သောသူတစ်ဦး ဖြစ်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ရပ်တည်ချက် ရှိသေးသလော။ ထိုသို့သော လူတစ်ဦးသည် ကြေးနီတစ်စေ့မျှ မတန်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

သင်၏မိဘများကို သားသမီးဝတ်ကျေပွန်ခြင်း။ ဤသည်မှာ သမ္မာတရားဖြစ်သလော။ (မဟုတ်ပေ) တစ်စုံတစ်ဦး၏ မိဘများအတွက် သားသမီးဝတ် ကျေပွန်ခြင်းသည် မမှားယွင်းပေ၊ ယင်းမှာ အပြုသဘောဆောင်သည့် အရာတစ်ခုဖြစ်သည်- သို့ရာတွင် ယင်းက သမ္မာတရားမဟုတ်ဟု ငါအဘယ့်ကြောင့် ပြောသနည်း။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက၊ သင်သည် သားသမီးဝတ် ကျေပွန်သလော။ (ကျေပွန်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို အခြား ညီအစ်ကိုမောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံသည်။ သင်သည် ၎င်းတို့ကို မိဘများအဖြစ် လေးစားသည်၊ ၎င်းတို့ပြောသမျှကို သင်လုပ်ဆောင်ပြီး၊ ၎င်းတို့ အိုမင်းသည့်အခါ၊ သင်သည် ၎င်းတို့ကို စောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးသည်၊ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးလေသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ ထိုသို့သောအချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် အနီးအနားရှိ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို စောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက၊ သင်သည် သားတစ်ဦး သို့မဟုတ် သမီးတစ်ဦးအဖြစ် သင်၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို ကူညီသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်ပါက၊ ၎င်းတို့ကို စောင့်ရှောက်လော့။ ၎င်းတို့ကို တစ်စုံတစ်ခုက စိတ်ညစ်စေပါက၊ ၎င်းတို့ကို နှစ်သိမ့်လော့။ သင်၏ ငွေရေးကြေးရေးက အခြေအနေ ပေးပါက၊ ၎င်းတို့အတွက် သင့်တော်သည့် ဖြည့်စွက်စာနှင့် အာဟာရများ ဝယ်ပေးပါ။ သို့ရာတွင် သင်သည် သင်၏တာဝန်နှင့်အလုပ်ရှုပ်နေကာ၊ သင်၏မိဘများကို စောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ၊ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက၊ သင်လုပ်ဆောင်သင့်သည့်အရာမှာ အဘယ်နည်း။ သင်သည် မည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘများကို သားသမီးဝတ် ကျေပွန်ခြင်းသည် သမ္မာတရားတစ်ခု မဟုတ်ဘဲ၊ ကိုယ်ရေးကိုယ်တာ တာဝန်နှင့် ဝတ္တရား ဖြစ်သည်ကို ထောက်ပါက၊ သင်၏ဝတ္တရားများနှင့် သင်၏တာဝန်တို့ကြားတွင် ပဋိပက္ခတစ်ခု ရှိပါက၊ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့၏ တာဝန်က ပို၍ အရေးကြီးသည်၊ ယင်းက အရေးအကြီးဆုံးအရာ ဖြစ်သည်။) သင်၏ ဝတ္တရားများသည် သင်၏တာဝန် မဟုတ်ပေ။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤသည်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု ငါအဘယ့်ကြောင့် ဆိုသနည်း။ အခြေအနေများ ပေးပြီး သင်၌ တာဝန် သို့မဟုတ် ဝတ္တရားအချို့ ရှိပါက၊ သင်သွား၍ လုပ်ဆောင်သင့်သည်- သို့ရာတွင် အခြေအနေ မပေးပါက၊ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်က “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို သွားထမ်းဆောင်ရမည်။ ဤသည်မှာ ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားဖြစ်သည်။ ကျွန်ုပ်၏မိဘများကို သားသမီးဝတ် ကျေပွန်ခြင်းက သမ္မာတရားမဟုတ်။” ဟု ပြောသင့်သည်။ လက်ရှိတွင် သင်၌ မည်သည့် တာဝန်မျှ မရှိဘဲ၊ နေအိမ်မှ အလုပ်လုပ်နေခြင်း မဟုတ်ဘဲ၊ သင်၏မိဘများနှင့် ရှိနေပါက၊ ၎င်းတို့ကို စောင့်ရှောက်ဖို့ နည်းလမ်း တစ်ခုရှာပြီး၊ ၎င်းတို့၏ အသက်တာများ သာ၍ကောင်းလာဖို့နှင့် ခက်ခဲ ကြမ်းတမ်းမှု သာ၍နည်းပါးဖို့ သင်လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပါ။ သို့ရာတွင် ဤသည်က သင်၏ မိဘများသည် မည်သည့်လူမျိုး ဖြစ်သည် ဆိုသည့်အပေါ်တွင်လည်း မူတည်သည်။ ၎င်းတို့၌ ညံ့ဖျင်းသည့် လူ့သဘာဝရှိကာ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် သင်၏တာဝန်ကို သင်၏ ထမ်းဆောင်ခြင်း၌ ဆူးငြောင့်ခလုတ် တစ်ခု အစဉ် ဖြစ်နေပြီး၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို နှောင့်ယှက်ပါက၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် မည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ငြင်းပယ်ခြင်း) ထိုသို့သော အချိန်တစ်ခုတွင်၊ သင်သည် ၎င်းတို့ကို ငြင်းပယ်ရမည်။ သင်သည် သင်၏ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်သောကြောင့် သင်၌ ၎င်းတို့ကို စောင့်ရှောက်ဖို့ ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင်၊ သင်သည် မိသားစု ဖြစ်သည်၊ ၎င်းတို့သည် သင်၏မိဘများ ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်ပါက၊ သင်တို့သည် သီးခြားလမ်းကြောင်းများကို လျှောက်ကြပြီး၊ သင်တို့သည် ကွဲပြားသည့် လူမျိုး နှစ်မျိုးဖြစ်သည်။ ၎င်းတို့က စာတန်ကို ယုံကြည်ကြသည်။ ၎င်းတို့က စာတန်ကို ရိုသေကိုင်းရှိုင်းကြသည်။ ၎င်းတို့က စာတန်၏ လမ်းကြောင်းကို လျှောက်သည်၊ စာတန်ကို ကိုးကွယ်ခြင်း လမ်းကြောင်း၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းမှ ကွဲပြားခြားနားသည့် လမ်းကြောင်း တစ်ခုကို လျှောက်ကြသည်။ သင်တို့သည် ကွဲပြားသည့် လူမျိုးများ ဖြစ်ကြသောကြောင့်၊ ၎င်းတို့သည် သင်၏ ရန်သူများ ဖြစ်ကြသည်မှာ သံသယဖြစ်စရာမလိုပေ။ သင်သည် မိသားစုတစ်စုတည်းမှ မဟုတ်သောကြောင့်၊ ၎င်းတို့အတွက် စောင့်ရှောက်ဖို့ သင်၌ မည်သည့် ဝတ္တရားမျှ မရှိပေ။ ယင်းမှာ သမ္မာတရား ဖြစ်သည် မဟုတ်လော။ သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ သမ္မာတရားဖြစ်၏။ ဘုရားသခင်၏အိမ်တော်တွင် သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ တာဝန်ဝတ္တရားအချို့ကို ကျေပွန်အောင်ထမ်းရွက်ခြင်း သို့မဟုတ် သင်ပြုသင့်သောအရာတစ်ခုကို လုပ်ဆောင်ခြင်းသက်သက် မဟုတ်ပေ။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးအကြား အသက်ရှင်နေသော ဖန်ဆင်းခံသက်ရှိတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းပင်ဖြစ်၏။ ဤသည်မှာ သင်၏ ဝတ္တရားနှင့် တာဝန်ဖြစ်ကာ ဤတာဝန်သည် သင်၏ တာဝန် အစစ်အမှန် ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ရှေ့တွင် သင် ထမ်းဆောင်သော ဝတ္တရားနှင့် တာဝန်ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းကို သင်၏မိဘအပေါ် သားသမီးတို့၏တာဝန်နှင့် နှိုင်းယှဉ်ကြည့်လော့၊ မည်သည့်အရာမှာ သမ္မာတရားဖြစ်သနည်း။ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ သမ္မာတရားဖြစ်၏၊ ၎င်းမှာ သင်၏ ကျေပွန်အောင်ထမ်းဆောင်ရမည့် တာဝန်ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။” မှ

လူအသီးသီးသည် ကံကြမ္မာတစ်ခု ရှိကြပြီး၊ ယင်းကို ဘုရားသခင်က စီမံထား၏။ မည်သူမျှ အခြားသူ၏ ကံကြမ္မာကို မထိန်းချုပ်နိုင်၊ ထို့ကြောင့် သင်၏ မိသားစုနှင့် ပတ်သက်လာသည့်အခါ၊ စိတ်ချကာ အရာရာကို မည်သည့် လက်လွှတ်ပြီး ဘေးဖယ်ထားရမည်ကို သင်ယူလော့။ ယင်းကို သင် မည်သို့ လုပ်ဆောင်သနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ယင်းသည် ဘုရားသခင်ထံ ဆုတောင်းခြင်းမှတစ်ဆင့် ဖြစ်သည်။ ဤအရာကိုလည်း သင် တွေးဆရမည် - သင်၏ မိသားစုထဲက မယုံကြည်သူများသည် လောကကို လိုက်စားကြသည်၊ ရုပ်ဝတ္ထုဆိုင်ရာ အားရကျေနပ်ခြင်းကို ၎င်းတို့ လိုက်စားကြပြီး ချမ်းသာကြွယ်ဝမှုကို လိုက်စားကြသည် - မည်သည့် လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်လှမ်းကြသနည်း။ သင်သည် သင်၏ တာဝန်ကို မထမ်းဆောင်သကဲ့သို့ ၎င်းတို့နှင့်အတူ အသက်ရှင်ပါက၊ သင်သည် နာကျင်မှုနှင့် ညှဉ်းဆဲခြင်းတို့ကို ခံစားရဖွယ် ရှိပါသလော။ သင်သည် ၎င်းတို့နှင့်အတူ အသက်ရှင်ပါက၊ ၎င်းတို့နှင့် အဆင်ပြေလိမ့်မည်လော။ အလားတူ နည်းလမ်းဖြင့် သင် စဉ်းစားလိမ့်မည်လော။ အချင်းချင်းအတွက် သင်၏ ချစ်ခင်မှုမှလွဲ၍ အခြားတစ်ခုတစ်လေ ရှိသလော။ မရှိပေ။ သို့ဆိုလျှင် ဤချစ်ခင်မှု၏ ဇောက်အနက်မှာ အဘယ်နည်း။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန် ဂရုစိုက်သော်လည်း၊ ၎င်းတို့သည် သင်နှင့်ပတ်သက်၍ မည်သို့ ခံစားရသနည်း။ ၎င်းတို့နှင့်အတူ အသက်ရှင်ရင်း ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင် အမှန်တကယ် ရှာတွေ့နိုင်သလော။ ယင်းက သင့်ကို နာကျင်ခြင်းနှင့် အနှစ်မဲ့ခြင်းတို့ကိုသာ ဆောင်ကြဉ်းပေးနိုင်သည်။ သင်သည် ၎င်းတို့ကဲ့သို့ တူညီသော လမ်းကြောင်းကို မလျှောက်ပေ။ လောကအပေါ်၊ ဘဝအပေါ်သင်၏ သဘောထား၊ သင်၏ အသက်တာ လမ်းကြောင်း၊ သင် လိုက်စားသည့်အရာ - ယင်းတို့အားလုံးသည် ကွာခြား၏။ ယနေ့တွင်၊ သင်သည် သင်၏ မိသားစုနှင့် ကွဲကွာချိန်တွင်၊ သင်၏ မျိုးရိုးဆက်နွှယ်မှုများက ၎င်းတို့နှင့်ပတ်သက်၍ သွေးသားတော်စပ်မှုတစ်ခုနှင့် ၎င်းတို့က သင်၏ မိသားစုဖြစ်သည်ဟု အမြဲ ခံစားရဆဲ ဖြစ်စေသည်။ သို့သော် သင်သည် ၎င်းတို့နှင့်အတူ အမှန်တကယ် ရှိကြသည့်အခါ၊ ယင်းသည် တစ်နှစ်ပင်မကြာချေ - တစ်လပြီးသည့်နောက်တွင်၊ သင် စိတ်ကုန်သွားပြီဖြစ်သည်။ ၎င်းတို့၏ အမြင်များ၊ လူတို့ကို ၎င်းတို့၏ ဆက်ဆံမှု နည်းလမ်း၊ ရှင်သန်ခြင်းအတွက် ၎င်းတို့၏ အတွေးအခေါ်များ၊ ၎င်းတို့၏ နှုတ်များတွင် ပြည့်နေသည့် လိမ်ညာမှုများ၊ အမှုအရာများကို ၎င်းတို့၏ လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် နည်းစနစ်များ၊ ဘဝအပေါ် ၎င်းတို့၏ သဘောထား သို့မဟုတ် ၎င်းတို့၏ တန်ဖိုးများကို သင် မကြားနိုင်ဖြစ်ပြီး၊ “တစ်ချိန်လုံး ၎င်းတို့ကို ကျွန်ုပ် သတိရလေ့ရှိခဲ့ပြီး၊ ၎င်းတို့၏ အသက်တာများ ခက်ခဲခဲ့မည်ကို ကျွန်ုပ် စဉ်ဆက်မပြတ် စိုးရွံ့ခဲ့သည်။ သို့သော် ယခု ၎င်းတို့နှင့်အတူ ကျွန်ုပ် နေထိုင်သည်၊ ကျွန်ုပ်၏ အသက်တာမှာ သည်းမခံနိုင်လောက်အောင် ဖြစ်သည်” ဟု သင့်ကိုယ်သင် တွေးမိလေသည်။ သင်သည် ၎င်းတို့ကို မနှစ်သက်ခြင်း ဖြစ်ပေါ်ရသည်။ ယခု၊ ၎င်းတို့ မည်သည့် လူစားမျိုးများဖြစ်သည်မှာ သင့်အဖို့ မရှင်းလင်းသေးပေ၊ ထို့ကြောင့် သင်သည် မျိုးရိုးဗီဇဆက်နွှယ်မှုများက အခြား မည်သည့်အရာမဆိုထက် သာ၍ အရေးကြီးသည်၊ သာ၍ စစ်မှန်သည်ဟု တွေးနေဆဲ ဖြစ်သည်။ သင်သည် စိတ်ခံစားချက်များ၏ အုပ်စိုးခြင်းခံရဆဲ ဖြစ်သည်။ စိတ်ခံစားချက် ကိစ္စရပ်များကို သင် ဘေးဖယ်ထားနိုင်ပါက၊ ထိုသို့ လုံးဝ လုပ်ဆောင်လော့။ ဤအရာကို သင် မလုပ်ဆောင်နိုင်ပါက၊ သင်၏ တာဝန်ကို ဦးစားပေးလော့၊ သင်၏ သာသနာနှင့် စေခိုင်းချက်တာဝန်တို့သည် အရေးကြီးဆုံးသော အရာ ဖြစ်သည်။ ထမဦးစွာ သင်၏ စေခိုင်းချက်၊ သင်၏ သာသနာနှင့် သင်၏ တာဝန်တို့ကို ပြီးစီးပြီး လောလောဆယ် ကျန်သည့်အရာများကို မသိကျိုးကျွန်ပြုလော့။ လူတို့သည် မိမိတို့၏ စေခိုင်းချက်နှင့် တာဝန်တို့ကို ကောင်းစွာ ထမ်းဆောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားသည် ၎င်းတို့အဖို့ တိုး၍ ရှင်းလင်းလာသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးများ တိုး၍ ပုံမှန်ဖြစ်လာသည်၊ ဘုရားသခင်ကို နာခံရန်ဖြစ်သော ၎င်းတို့၏ စိတ်ဆန္ဒ တိုး၍ ယခင်ထက် ကြီးမားလာသည်၊ ဘုရားသခင်အတွက် ၎င်းတို့၏ ကြောက်ရွံ့မှု ယခင်ထက် တိုး၍ ကြီးမားလာပြီး သာ၍ သိသာလာကာ၊ ၎င်းတို့၏ အတွင်း အခြေအနေတွင် ပြောင်းလဲမှုတစ်ခု ရှိလေသည်။ သင်၏ အခြေအနေ ပြောင်းလဲသည်နှင့် တစ်ပြိုင်နက်၊ သင်၏ လောကီ အမြင်များနှင့် ချစ်ခင်မှုတို့သည် စတင် ကွယ်ပျောက်ကြလိမ့်မည်ဖြစ်ပြီး၊ သင်သည် ထိုသို့သော အရာများကို လိုက်စားတော့မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို မည်သို့ချစ်ရမည်၊ ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် အသွင်တစ်ခုကို မည်သို့ နေထိုင်ရမည်ဆိုသည်နှင့် သမ္မာတရားဖြင့် အသက်တာတစ်ခုကို မည်သို့ အသက်ရှင်ရမည်ဆိုသည်တို့ကို ရှာဖွေလိမ့်မည်ဖြစ်သည်။ သင်၏ စိတ်နှလုံးက ဤကိစ္စနှင့်စပ်လျဉ်း၍ ကြိုးပမ်းသည်နှင့်တစ်ပြိုင်နက်၊ ဇာတိပကတိ၏ ချစ်ခင်မှုတို့နှင့် ပတ်သက်သည့် ထိုအရာများသည် တဖြည်းဖြည်း လျော့ပါးသွားလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့သည် သင့်ကို ချည်နှောင် သို့မဟုတ် ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ မယုံကြည်သော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အရှေ့သို့- ၁၄၆။ တစ်စုံတစ်ဦး၏ သားသမီးများ ပညာရေးကို ရှုမြင်သည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၆။ ဘုရားသခင်ကို နာခံခြင်းနှင့် သိကျွမ်းခြင်းတို့နှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်