၁၆၃) အလုပ် အစီအစဉ်များအား မည်သို့ သဘောထားရမည်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အလုပ်အစီအစဉ်များ၊ တရား‌ဒေသနာများနှင့် မိတ်သဟာယတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ လတ်တလော အလိုတော်ကို ကိုယ်စားပြုသည်။ ယင်းတို့ကို လက်ခံရမည်၊ နာခံရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။

(၂) မိမိ၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရာတွင်၊ အလုပ် အစီအစဉ်များ၏ အခြေခံသဘောတရားများကို တင်းကျပ်စွာ လိုက်နာရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်သည် မိမိတို့ ဆန္ဒရှိသည်အတိုင်း၊ မိမိတို့၏ ကိုယ်ပိုင် နည်းလမ်းအားဖြင့်၊ အမှုအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ရသကဲ့သို့၊ ထိုသို့ဖြင့် အန္တိခရစ်များ၏ လမ်းကြောင်းကို မလျှောက်လှမ်းရ။

(၃) အလုပ်အစီအစဉ်များ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ယင်းတို့ကို လူသား အသိပညာအဖြစ် ယူဆထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ အစားမထိုးရ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောမထားရပေ။

(၄) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အောင်မြင်စွာရယူခြင်းနှင့် ထိရောက်သည့် တာဝန်ထမ်းဆောင်မှုတို့ကို သေချာစေဖို့အလို့ငှာ၊ အလုပ်အစီအစဉ်များ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ဖြတ်လမ်းမလိုက်ဘဲ မြန်မြန်နှင့် ပြတ်ပြတ်သားသား ထုတ်ပြန်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ သင်အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် သင်၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ သင်၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ၊ သင်သည် အမှား အလွန် လုပ်တတ်လေ့ရှိမည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ” မှ

အလုပ်အစီအမံများသည် အလုပ်တစ်ခုခုအတွက် ဘုရားသခင်၏ အိမ်တော်က ပြုလုပ်ထားသည့် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များနှင့် တောင်းဆိုချက်များ ဖြစ်သည်။ ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အကောင်အထည်ဖော်ခြင်းနှင့် ဆက်သွယ်အသိပေးခြင်းကို လိုအပ်ပြီး အသင်းသူအသင်းသားများ အားလုံးထံ ထုတ်ပြန်ထားသည့် သီးသန့်အလုပ်တစ်ခုခုအတွက် ပြဋ္ဌာန်းချက်များ၊ အလုပ်တာဝန်များနှင့် လုပ်နည်းလုပ်ဟန်တို့ကို ဖော်ပြသည်။ ဤသည်မှာ “အလုပ်အစီအမံများ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။

အလုပ်အစီအမံများအတွင်းရှိ စီမံကိန်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ လူတိုင်းက “စီမံကိန်း” ဟူသောစကားလုံးကို သိကြ၏၊ သို့သော်လည်း ၎င်းတို့၌ မည်သည့်အရာတို့ ပါဝင်နေသနည်း။ ၎င်းတို့တွင် သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာအချို့ ရှိသင့်သည် မဟုတ်လော။ (ရှိသင့်ပါသည်။) ပထမဖြစ်သော အသင်းတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်က အကြီးမားဆုံးဖြစ်သည်။ အကယ်၍ စီမံအုပ်ချုပ်ရေးအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်လျှင် အသင်းတော်တစ်ပါးသည် မည်ကာမတ္တ အသင်းတော်သာလျှင် ဖြစ်သည်။ ဒုတိယဖြစ်သော ဝန်ထမ်းရေးရာအလုပ်မှာ ကြီးမားသော အရာတစ်ခု ဖြစ်သည်။ တတိယဖြစ်သော ဧဝံဂေလိတရားဆိုင်ရာ အလုပ်ကလည်း ကြီးမားလေသည်။ စတုတ္ထဖြစ်သော အတတ်ပညာဆိုင်ရာ အလုပ်မှာ အတော်ပင် ကျယ်ပြန့်သော အတိုင်းအတာရှိပြီး ယင်း၌ ရုပ်ရှင်လုပ်ငန်း၊ စာသားကို အခြေခံသောအလုပ်၊ ဘာသာပြန်ဆိုခြင်း၊ တေးဂီတ၊ ဗီဒီယိုထုတ်လုပ်ခြင်း၊ အနုပညာပုံဖော်မှု စသည်ဖြင့် ပါဝင်သည်။ ပဉ္စမမှာ အသင်းတော်၏အသက်တာ ဖြစ်သည်။ ဆဋ္ဌမမှာ ငွေကြေးစီမံရေးအလုပ် ဖြစ်သည်။ သတ္တမမှာ အသင်းတော်များကို သန့်စင်ခြင်းအလုပ် ဖြစ်သည်။ အဋ္ဌမမှာ ပြင်ပရေးရာအလုပ် ဖြစ်သည်။ နဝမမှာ အသင်းတော် ပြုစုစောင့်ရှောက်ရေးဖြစ်ကာ သာဓကအားဖြင့် ညီအစ်ကိုမောင်နှမများက အိမ်တွင်းပြဿနာများ ကြုံတွေ့နေကြသောအခါ ဖြေရှင်းချက်များနှင့် အရေးယူမှုပေးခြင်းတို့အပြင် ထောင်တွင်းရှိ ညီအစ်ကိုမောင်နှမများကို သွားရောက်ကြည့်ရှုခြင်းနှင့် ၎င်းတို့၏ မိသားစုများကို စောင့်ရှောက်ခြင်းတို့ ဖြစ်သည်။ ထိုသို့သောအရာအားလုံးမှာ အသင်းတော် ပြုစုစောင့်ရှောက်ရေး ကဏ္ဍများဖြစ်သည်။ ဒဿမမှာ အရေးပေါ်အစီအစဉ်များ ဖြစ်သည်။ တစ်ခါတစ်ရံ အသင်းတော်က အရေးပေါ်စီမံချက်များကို ထုတ်ပြန်သည်။ ဥပမာ၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခဲ့စဉ်က အသင်းတော်သည် လိုအပ်သော သီးသန့်ခွဲထားခြင်း စီမံချက်များကို ဆောင်ရွက်ခဲ့သည်။ ထိုသို့သောအရာများ အားလုံးမှာ အရေးပေါ်လုပ်ငန်းကဏ္ဍ ဖြစ်သည်။ အလုပ်အစီအမံများက အခြေခံအားဖြင့် ဤစီမံကိန်းဆယ်ချက်ကို ခြုံငုံသည်။ အခြားသော အသေးအဖွဲကိစ္စများ၊ သို့မဟုတ် အထူးကိစ္စရပ်များက ဤစီမံကိန်းဆယ်ချက်အတွင်း၌ အကျုံးဝင်သည်။ အသင်းတော်များ၏ အလုပ်မှာ အခြေခံအားဖြင့် ကျယ်ပြန့်သော ဤစီမံကိန်းဆယ်ချက်တို့ ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်က ထုတ်ပြန်ထားသော အလုပ်အစီအမံများ၏ အတိုင်းအတာ၌ အခြေခံအားဖြင့် ဤအရာများ ပါဝင်သလော။ (ပါဝင်ပါသည်။) ယခုတွင် ဤစီမံကိန်းဆယ်ချက်ကို ဖော်ထုတ်ထားသည်နှင့်အညီ လူတိုင်း၌ ဘုရားသခင့်အိမ်တော်၏ အလုပ်အစီအမံများနှင့် ပတ်သက်၍ ထင်မြင်ချက်တစ်ခုခု ရှိလောက်ပေပြီ၊ ထို့ပြင် ဤအရာများသည် ဘုရားသခင့်အိမ်တော်၏ အဓိကကျသော လုပ်ငန်းတာဝန်များ ဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏အိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအား ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားများ အတိုင်းအတာထဲ၌ ရှိသောအရာ ဖြစ်ကြောင်းကို သတိပြုမိလောက်ပေပြီ။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤသည်မှာ သင့်အလုပ်၏ ဘောင်အပြည့်ဖြစ်ကာ ယင်းက ဤအလုပ်၏ ဘောင်ပြင်ပ၌ သင့်တာဝန်မရှိဟုလည်း ဆိုလိုခြင်းဖြစ်သည်။ သင့်အလုပ်၏ ဘောင်တစ်ခုလုံးမှာ အလုပ် အစီအမံများ၏ ဤစီမံကိန်းများထဲတွင် ပါဝင်ပြီး မည်သည့်အရာကိုမျှ ချန်ထား၍ မရနိုင်ပေ။ အကယ်၍ ဤအလုပ်၏ပြင်ပ၌ သင်လုပ်လိုသည့်အရာများနှင့် သင်ကောင်းစွာလုပ်နိုင်သည့်အရာများ ရှိနေလျှင် ၎င်းတို့ကို လုပ်ဆောင်လော့။ ဘုရားသခင်၏အိမ်တော်က သင့်ကို ထိုသို့ပြုလုပ်ရန်ကား မတောင်းဆိုပေ။ ၎င်းက ဤစီမံကိန်းဆယ်ချက်ဘောင်ကို ကျော်လွန်၍ သင့်အား တောင်းဆိုမှုမပြုချေ။ ထို့ကြောင့် သင်အလုပ်လုပ်သောအခါ မည်သည့်နေရာတွင် ထိုအလုပ်ကို ဆိုးဆိုးဝါးဝါး လုပ်ထားသည်၊ ယင်းကို မည်သို့လုပ်သင့်သည်၊ အလုပ်အစီအမံများက မည်သည့်အရာကို တောင်းဆိုသည်၊ ဘုရားသခင်၏အိမ်တော်က မည်သည့်အရာကို တောင်းဆိုသည်၊ သတ်သတ်မှတ်မှတ်ရှိသော မည်သည့်အလုပ်ကို လုပ်ဖို့ သင့်အား တောင်းဆိုထားသည်၊ ယင်းကို မည်သို့အကောင်အထည်ဖော်ရမည်၊ ယင်းကို ကောင်းမွန်စွာ အကောင်ထည်ဖော်ခြင်း ရှိသည်မရှိသည်၊ ယင်းက မည်သို့ဖြစ်လာသည်၊ သင်ဆက်လက် အရေးယူဆောင်ရွက်နေခြင်း ရှိသည်မရှိသည်၊ လွဲချော်မှုများ၊ သို့မဟုတ် ထိမ်ချိန်ခြင်းများ ရှိသည်မရှိသည်နှင့် အလုပ်ထဲပါဝင်သော သူတိုင်းက လုပ်ဆောင်နေခြင်း ရှိသည်မရှိသည်တို့ကို သင်ဆင်ခြင်သုံးသပ်ရမည်။ သင်သည် ထိုသို့သောအရာများကို အမြဲတစေ ထည့်သွင်းစဉ်းစားရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

အလုပ်အစီအမံများကို လက်ခံရရှိပြီးသောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအမံများ၏ တောင်းဆိုချက်အမျိုးမျိုးအပြင် ဤတောင်းဆိုချက်များ၏ အသေးစိတ် အချက်အလက်များနှင့် အခြေခံ သဘောတရားများကို ရှေးဦးစွာ မိတ်သဟာယဖွဲ့လျက် ကျေညက်အောင် လုပ်ရမည်။ ထို့နောက် သူတို့၏ အကောင်အထည်ဖော်ခြင်းက ပို၍ အသေးစိတ်ကျပြီး သတ်သတ်မှတ်မှတ်ဖြစ်ရန်အလို့ငှာ သူတို့သည် ဤအစီအမံများကို လုပ်ဆောင်ကာ အကောင်အထည်ဖော်မည့် လမ်းကြောင်းတစ်ခု၊ စီမံချက်တစ်ခုကို ရှာဖွေရမည်။ အလုပ်အစီအမံများက မည်သည့်အရာကို တောင်းဆိုသည်၊ မည်သည့်အရာကို ပြုလုပ်ရမည်၊ အခြေခံ သဘောတရားက မည်သည့်အရာဖြစ်သည်နှင့် မည်သည့်လူတို့နှင့် အလုပ်အပိုင်းအခြားတို့ကို သူတို့ချိန်ရွယ်ရည်မှန်းသည်ကို အခြားအရာအားလုံးထက်အရင် သူတို့သတိမူရမည်ဖြစ်သည်။ ဤသည်မှာ အလုပ်အစီအမံများကို လက်ခံရရှိပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ယင်းတို့အား လှန်လှောကြည့်ပြီး လူတိုင်းကို ဖတ်ပြခြင်းအစား၊ သို့တည်းမဟုတ် ယင်းတို့ကို လူတို့အား ပေးပို့ကာ အကြောင်းကြားပြီး နောက်ထပ်ဘာမျှ မလုပ်တော့ခြင်းအစား ပထမဆုံး ပြုလုပ်သင့််သည့်အရာဖြစ်၏— ယင်းမှာ အလုပ်အစီအမံများကို လက်ဆင့်ကမ်းပေးခြင်း၊ ပေးပို့ခြင်းသာ ဖြစ်ပြီး ၎င်းတို့ကို အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ အလုပ်အစီအမံများကို အကောင်အထည်ဖော်ခြင်း၏ ပထမဆုံး တိကျသော အလုပ်တာဝန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအမံများ၏ တိကျသော ပါဝင်သည့်အရာများနှင့် တောင်းဆိုချက်များ၊ ဤအလုပ်အတွက် အထက်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များအပြင် ယင်း၏ အရေးပါမှုတို့ကို နားလည်ရန် အခြားအရာအားလုံးထက်အရင် ကြိုးစားရမည်။ ထို့နောက် သူတို့သည် လိုက်နာဆောင်ရွက်ရန် တိကျသော စီမံချက်တစ်ခုကို ဖန်တီးပြီး ၎င်းတို့ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဤသည်မှာ အောင်မြင်ရယူရန် လွယ်ကူရမည့် ပထမခြေလှမ်း ဖြစ်၏။ စာသားကို နားလည်နိုင်စွမ်းရှိခြင်းအပြင် ပထမခြေလှမ်းကို အောင်မြင်ရန်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပေါ့ပေါ့တန်တန်နှင့် အမှုမထားခြင်း၊ မီးစင်ကြည့်ကခြင်းနှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့အစား အလုပ်နှင့်ပတ်သက်၍ တာဝန်ကျေပွန်ပြီး တာဝန်သိတတ်သော သဘောထားတစ်ခုလည်း ရှိရမည်ဖြစ်သည်။ ဤအလုပ်အစီအမံများကို ယခင်က အဆိုပြုထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤအလုပ်ကို အလွယ်တကူ ပြီးမြောက်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ သို့မဟုတ် ယင်း၌ အခက်အခဲတစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ လူတို့က ယင်းကို လုပ်ဆောင်လိုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စသည်ဖြင့်— အလုပ်အစီအမံများအပေါ် လူတို့ထားရှိသင့်သည့် သဘောထားမှာ ဝတ်ကျေတမ်းကျေ မဖြစ်သင့်ပေ၊ “မြင်းကို ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ရှုစားသည့်” သဘောထားမျိုး မဖြစ်သင့်ပေ။ သူတို့သည် စာသားကိုသာဖတ်ပြီး ယင်း၏ အပေါ်ယံသဘောများကို အရေးပေးလွန်းခြင်း၊ သို့မဟုတ် ဆောင်ပုဒ်များကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်းကိုသာ မပြုလုပ်သင့်ပေ။ သူတို့၏ သဘောထားက မည်သို့ရှိရမည်နည်း။ အခြားအရာအားလုံးထက်အရင် သူတို့သည် လေးနက်သော၊ တာဝန်ကျေပွန်သော၊ တာဝန်သိတတ်ပြီး ပြင်းပြသော သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤအလုပ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် သူတို့၌ ထိုကဲ့သို့သော သဘောထားတစ်ခု ရှိရန်နှင့် အလုပ်အစီအမံများ၏ တိကျသော ပါဝင်သည့်အရာများနှင့် အချက်များကို နားလည်ပြီး သဘောပေါက်ရန်သာ လိုအပ်သည်မှာ မှန်သလော။ မမှန်ချေ။ ဤသည်မှာ အလုပ်အပိုင်းအစတစ်ခုခုကို လုပ်ဆောင်နေစဉ် လူတို့ထားရှိသင့်သည့် သဘောထားသာလျှင် ဖြစ်သည်။ ယင်းက တိကျသောအလုပ်ကို လုပ်ဆောင်ခြင်းနှင့် အစားထိုးရမည့်အရာ မဟုတ်ပေ။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ဤသဘောထားရှိပြီး ၎င်းတို့သည် တစ်ချိန်တည်း၌ အလုပ်အစီအမံများ၏ တိကျသော ပါဝင်သည့်အရာများ၊ တောင်းဆိုချက်များနှင့် အခြေခံသဘောတရားများကို နားလည်သောအခါ အဘယ်အရာကို ပြုလုပ်သင့်သနည်း။ နောက်တစ်ဆင့်မှာ အလုပ်အစီအမံများက တောင်းဆိုထားသည့်အရာကို စီမံဆောင်ရွက်ရမည့်ပုံစံဖြစ်သည်။ လုပ်စရာ တိကျသောအလုပ် ရှိလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၀)” မှ

အလုပ်အစီအမံများ၏ အမျိုးအစားက မည်သို့ဖြစ်နေပါစေ ယင်းကို ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ဆက်သွယ်အသိပေးရမည်ဆိုလျှင်― မိမိတို့ကိုယ်ပိုင် ပြင်ဆင်မွမ်းမံချက် တစ်ခုမျှမဖြည့်ဘဲ အလုပ်အစီအမံများကို တိတိကျကျ မှန်မှန်ကန်ကန် နားလည်ထားပြီးနောက်တွင်― အခြားအရာအားလုံးထက်အရင် ထိုခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်သည် ဒေသပတ်ဝန်းကျင်ပေါ် အခြေခံ၍ မရပ်မနား၊ သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ၎င်းတို့လက်အောက်၌ ရှိသောသူများအား ဤအလုပ်အစီအမံများကို ဆက်သွယ်အသိပေးရန် နည်းလမ်းရှာရမည်။ အလုပ်အစီအမံများကို မည်သူ့အား ဆက်သွယ်အသိပေးရမည်နှင့် ပတ်သက်လျှင်မူ ဘုရားသခင်၏ အိမ်တော်က ယင်းတို့ကို အသင်းတော်ခေါင်းဆောင်၊ အသင်းတော်၏ သင်းထောက်၊ အသင်းတော်၏ တရားဟောဆရာများ အဆင့်၌ရှိသော သူများအပါအဝင် အလွှာမျိုးစုံရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များထံသို့ လက်ဆင့်ကမ်းရမည်ဟု ပြောပါက ယင်းမှာ ဆက်သွယ်အသိပေးသင့်သည့် အဆင့်ဖြစ်ပြီး ထို့ထက် မကျော်လွန်ရပေ။ အကယ်၍ ဆက်သွယ်အသိပေးချက်က ညီအစ်ကိုမောင်နှမတိုင်းအတွက်ဖြစ်လျှင် ဘုရားသခင့်အိမ်တော်၏ ပြဋ္ဌာန်းချက်များနှင့် လုံးဝအညီ အလုပ်အစီအမံများကို ညီအစ်ကိုမောင်နှမတိုင်းထံ အသိပေးသင့်သည်။ အကယ်၍ ပတ်ဝန်းကျင်ကြောင့် အလုပ်အစီအမံများကို စာသားပုံစံဖြင့် ဆက်သွယ်အသိပေးခြင်းက အဆင်မပြေလျှင်၊ အကယ်၍ ယင်းက အန္တရာယ်ရှိစေလျှင်၊ သို့မဟုတ် ပြဿနာများစွာ ပါဝင်နေမည်ဆိုလျှင် အလုပ်အစီအမံများ၏ အဓိက အရေးကြီးသော အကြောင်းအရာကို လူတစ်ဦးစီထံသို့ နှုတ်ပြောပုံစံအားဖြင့် အတိအကျ ဆက်သွယ်အသိပေးသင့်သည်။ သို့ဆိုလျှင် ယင်းတို့ကို “ဆက်သွယ်အသိပေးပြီးပြီ” ဟု ယူဆရန်အတွက် မည်သည်ကို ပြုလုပ်ရမည်နည်း။ အကယ်၍ ယင်းတို့ကို စာသားပုံစံဖြင့် ဆက်သွယ်အသိပေးလျှင် လူတိုင်းက မိတ္ထူတစ်စောင်စီရရှိရန်၊ လူတိုင်းက အလုပ်အစီအမံများကို သိရှိစေရန်နှင့် ယင်းတို့ကို အလေးအနက် ယူမှတ်ရန်အတွက် သေချာအောင်လုပ်ရမည်။ အကယ်၍ အလုပ်အစီအမံများကို နှုတ်အားဖြင့် အသိပေးပါက ဆက်သွယ်အသိပေးခြင်းခံရသူအား ယင်းတို့က သူတို့အတွက် ရှင်းလင်းမှုရှိမရှိနှင့် ယင်းတို့ကို မှတ်မိနိုင်ခြင်းရှိမရှိ ထပ်ခါတလဲလဲ မေးမြန်းရမည်။ သင်သည် ထိုသူတို့အား ယင်းတို့ကို ပြန်ရွတ်ပြခိုင်း၍ပင် ရသည်။ အကယ်၍ သူတို့က ရွတ်ပြနိုင်ပြီး ရှင်းလင်းစွာ ရွတ်ပြသည်ဆိုလျှင်၊ ဘုရားသခင့်အိမ်တော်၏ ပြဋ္ဌာန်းချက်များ၊ အခြေခံသဘောတရားများနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာက မည်သည်တို့ဖြစ်သည်ကို သိသည်ဆိုလျှင် ဤအရာက အလုပ်အစီအမံများမှာ သူတို့ခေါင်းထဲတွင် ရှိကြောင်း၊ သူတို့သည် ယင်းတို့ကို မှတ်မိပြီး ရှင်းရှင်းလင်းလင်း နားလည်ကြောင်း သက်သေပြလေသည်။ ထိုမှသာ အလုပ်အစီအမံများကို ဤလူများအား အမှန်တကယ် ဆက်သွယ်အသိပေးပြီး ဖြစ်လိမ့်မည်။ အကယ်၍ အနေအထားများနှင့် ပတ်ဝန်းကျင်ကဲ့သို့သော အကြောင်းခံများက စာဖြင့်ရေးသား ဆက်သွယ်အသိပေးရန်အတွက် အဆင်ပြေပြီး သင့်လျော်သည်ဆိုလျှင် ဆက်သွယ်အသိပေးချက်ကို ရေးသားရမည်။ အကယ်၍ ပတ်ဝန်းကျင် အကြောင်းခံများက စာဖြင့်ရေးသား ဆက်သွယ်အသိပေးရန်အတွက် အခြေအနေမပေးဘဲ၊ နှုတ်အားဖြင့် ဆက်သွယ်အသိပေးရန် လိုအပ်လျှင် နှုတ်အားဖြင့် ဆက်သွယ်အသိပေးသည့်လူက လက်ဆင့်ကမ်းသည့် အကြောင်းအရာမှာ အလုပ်အစီအမံများကိုယ်နှိုက်နှင့် ထပ်တူဖြစ်ရန်၊ သွေဖည်ခြင်းမရှိရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် သီးခြားအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖြည့်စွက်ခြင်းတို့ မရှိစေရန်နှင့်၊ ထို့အစား ယင်းက မူလစာသား၏ မူပွားတစ်ခုသာလျှင် ဖြစ်နေရန်အတွက် သေချာအောင် လုပ်ရမည်ဖြစ်သည်― ဤသို့ဆိုလျှင် အလုပ်အစီအမံများကို တိကျသေချာစွာ ဆက်သွယ်အသိပေးပြီး ဖြစ်လိမ့်မည်။ ဆက်သွယ်အသိပေးချက်သည် ၎င်းတို့၏ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေခံသည့် ပြင်ဆင်မွမ်းမံချက်များနှင့် ထင်ကြေးပေးခြင်းတို့ ဖြစ်မည့်အစား၊ သို့မဟုတ် ဖြည့်စွက်ချက်များနှင့် တည်းဖြတ်ချက်များပင် ထည့်သွင်းခြင်းအစား အလုပ်အစီအမံများထဲတွင် သတ်သတ်မှတ်မှတ် ဖော်ပြထားသည့်အရာနှင့် လုံးလုံးလျားလျား ကိုက်ညီသင့်ပေသည်။ “တိကျသော ဆက်သွယ်အသိပေးချက်” နှင့် ပတ်သက်လာလျှင် လူတို့သည် အလုပ်အစီအမံများကို ဆက်သွယ်အသိပေးရန်အတွက် ထိုပြဋ္ဌာန်းချက်များက အဘယ်မျှ လေးနက်တင်းကျပ်သည်ကို သတိထားမိသင့်သည်။ လူတချို့က “ဆက်သွယ်အသိပေးချက်က ချို့ယွင်းချက်ကင်းသင့်သလော” ဟု မေးတတ်ကြသည်။ ထိုသို့ဖြစ်ရန် မလိုအပ်ပေ။ စက်ရုပ်များမှာ ချို့ယွင်းချက်ကင်းရမည်။ လူတို့အတွက်မူ တိကျသော အသိပေးချက်ကို ဖန်တီးနိုင်ခြင်းကပင်လျှင် နှစ်သက်ဖွယ်ကောင်းလှပေပြီ။ ဥပမာ၊ ဘုရားသခင့်အိမ်တော်၏ အလုပ်အစီအမံများက ဘုရားသခင်ရွေးကောက်ထားသော သူများအနေဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်ဟု တောင်းဆိုသည်။ လူတချို့က “ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သော နှုတ်ကပတ်တော်များတွင် လူ့ဇာတိခံယူခြင်း၊ ပရောဖက်များနှင့် ဝိညာဉ်လူများကို ခွဲခြားသိမြင်ပုံ ပါဝင်နေပါက ၎င်းကို ကျွန်ုပ်ဖတ်နိုင်သလော” ဟု မေးကြသည်။ ဆက်သွယ်အသိပေးနေသည့်လူက “အလုပ်အစီအမံများက သင့်အား ၎င်းကိုဖတ်ခွင့်မပြုထား၊ ထိုအကြောင်းအရာမျိုးပါသည့် မည်သည့်နှုတ်ကပတ်တော်ကိုမဆို သင်မသိကျိုးကျွန်ပြုရမည်ဖြစ်ပြီး ယင်းတို့ကို မဖတ်ရဟု ဆိုသည်” ဟု ပြောသည်။ ဤသည်မှာ အလုပ် အစီအမံများက ပြောခဲ့သည့်အရာလော။ အလုပ်အစီအမံများက ဤအရာနှင့်ပတ်သက်၍ ဘာမျှမပြောခဲ့၊ ထို့ကြောင့် အလုပ်အစီအမံများက ပြောခဲ့သည့်အရာကိုသာ လက်ဆင့်ကမ်းလော့။ သင့်ကိုယ်ပိုင် ပုဂ္ဂလဆိုလိုရင်း၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထပ်မထည့်နှင့်။ အလုပ်အစီအမံများက လူတို့အတွက် အတိုင်းအတာကိုသာလျှင် သတ်မှတ်သည်။ လူတို့သည် အခြား ဆက်စပ်မှုရှိသော စာများကို ဖတ်နိုင်၏၊ သို့သော် အကယ်၍ သူတို့သည် ယင်းတို့ကို အဓိပ္ပာယ်ကောက်လွဲကာ သူတို့၏ အယူအဆများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထပ်ဖြည့်ပြီး မလိုလားအပ်သော အရာများကို ဆက်သွယ်အသိပေးသည်ဆိုပါက ထိုသူတို့မှာ လမ်းကြောင်းလွဲသွားကြပြီလော။ ဤသည်မှာ တိကျသော ဆက်သွယ်အသိပေးချက် မဟုတ်တော့ပေ။ ယင်းမှာ သင်ကိုယ်တိုင်၏ ပြင်ဆင်မွမ်းမံချက်များကို ထပ်ဖြည့်ခြင်းဖြစ်ပြီး ပေါက်ကရ ပြောနေခြင်းပင် ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် အလုပ်အစီအမံများ တစ်ခုချင်းကို တိကျစွာ ဆက်သွယ်အသိပေးရမည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များမှသည် လက်အောက်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များထံသို့ လက်ဆင့်ကမ်းရမည်ဖြစ်ပြီး ယင်းတို့က ညီအစ်ကိုမောင်နှမတိုင်းထံ ရောက်ရှိသည့်အထိ လက်ဆင့်ကမ်းရမည် ဖြစ်သည်။ “ဆက်သွယ်အသိပေးခြင်း” ဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ ဆက်သွယ်အသိပေးခြင်းမှာ ဘုရားသခင်၏အိမ်တော်က ပြဋ္ဌာန်းထားသည့် နည်းစနစ်နှင့် အတိုင်းအတာတို့နှင့်အညီ ဖြစ်လေသည်။ ဆက်သွယ်အသိပေးသည့် အကြောင်းအရာက တိကျပြီး အမှားကင်းရမည်မှာ အမှန်ပင်။ တရားဝင် အလုပ်အစီအမံများသဖွယ် လက်ဆင့်မကမ်းခင် အဓိပ္ပာယ်ကောက်လွဲချက်များကို မထည့်သွင်းရ၊ ထိုသို့ပြုခြင်းက တိကျလိမ့်မည်မဟုတ်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များ အပိုင်းတွင် တမင်တကာ တာဝန်ပျက်ကွက်ခြင်း ဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

အလုပ်အစီအမံတစ်ခုကို လက်ခံရရှိပြီးနောက် အဆုံးစွန်သော ရည်မှန်းချက်မှာ ယင်းကို လက်ဆင့်ကမ်းခြင်းနှင့် ပေးပို့ခြင်းအထိ အကောင်အထည်ဖော်ရန်သက်သက် မဟုတ်ပေ။ သဘောတရားအားဖြင့် အကောင်အထည်ဖော်ခြင်းမှာ စစ်မှန်သော အကောင်အထည်ဖော်ခြင်းနှင့် မတူဘဲ ယင်းကို အလုပ်အစီအမံအား အမှန်တကယ် အကောင်အထည်ဖော်ဆောင်ခြင်းဟု ယူဆ၍ မရနိုင်ချေ။ ဤသည်မှာ လူတို့ကို သဘောတရားအရ အကြောင်းကြားခြင်း၊ သူတို့အများစုအား ဤအလုပ်ကို သိရှိစေခြင်းသက်သက်သာ ဖြစ်သည်။ ယင်းကို မိမိ၏တာဝန်အား ကျေပွန်အောင်ဆောင်ရွက်ခြင်းဟု မမှတ်ယူသကဲ့သို့ ယင်းမှာ အခြေခံအားဖြင့် ဘုရားသခင်ပြဋ္ဌာန်းထားသည့် စံနှုန်းလည်း မဟုတ်ပေ။ အလုပ်အစီအမံတစ်ခုခုကို လက်ဆင့်ကမ်းခြင်းနှင့် ပေးပို့ခြင်းမှာ ရည်ရွယ်ရင်းမဟုတ်ပေ။ ရည်ရွယ်ရင်းမှာ ယင်းကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်းကို မည်သို့ အတိအကျ အကောင်အထည်ဖော်သင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များက သက်ဆိုင်သော ညီအစ်ကိုမောင်နှမများနှင့် အဆင့်အသီးသီးမှ အခြားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဤအလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မိတ်သဟာယပြုရန် အတူတကွ ခေါ်ယူရမည်ဖြစ်ပြီး ထိုစဉ်အတွင်း ဤအလုပ်ကို အကောင်အထည်ဖော် လုပ်ဆောင်ရန် အဓိက ကြီးကြပ်သူများနှင့် အဓိကအဖွဲ့ဝင်များကိုလည်း ရွေးချယ်ရမည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်ကို အကောင်အထည်ဖော်ရာ၌ လုပ်ငန်း၏ ပထမဆုံးအစီအစဉ်က မိတ်သဟာယပြုခြင်းဖြစ်ကာ အခြေခံသဘောတရားနှင့်အညီ၊ ဘုရားသခင့်အိမ်တော်၏ ဤအလုပ်အစီအမံနှင့်အညီ၊ ထို့ပြင် ဘုရားသခင့်အိမ်တော်၏ ဤအလုပ်အစီအမံကို အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်သည့်နည်းဖြင့် အဘယ်သို့ ပြုမူလုပ်ဆောင်ရမည်ကို မိတ်သဟာယပြုခြင်းဖြစ်သည်။ မိတ်သဟာယပြုနေစဉ် တစ်ချိန်တည်းမှာပင် ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ဆုံးတွင် အသင့်လျော်ဆုံးသော၊ အခြေခံသဘောတရားနှင့် အကိုက်ညီဆုံးသော ဖြေရှင်းချက်တစ်ခုကို မရွေးမီ၊ အလုပ်က စီစဉ်တကျဖြစ်သော ပုံစံဖြင့် ရှေ့ဆက်ရန်အလို့ငှာ အခြေခံသဘောတရားနှင့် အကိုက်ညီဆုံးသော နည်းလမ်းများနှင့် ခြေလှမ်းများ၊ ဦးစွာ ဘာလုပ်ရမည်၊ ပြီးမှ ဘာလုပ်ရမည်တို့ကို မရွေးချယ်မီ ဖြေရှင်းချက်အမျိုးမျိုးကို အဆိုပြုသင့်သည်။ သဘောတရားကို နားလည်ပြီးနောက် လူတို့သည် ပြဿနာများ နောက်ထပ်မရှိခြင်း၊ အမှုအရာများကို နောက်ထပ်စိတ်မကူးခြင်း၊ အလုပ်ကို နောက်ထပ် မဆန့်ကျင်တော့ဘဲ၊ ဘုရားသခင့်အိမ်တော်ရှိ ဤအလုပ်အစီအမံ၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို သဘောပေါက်နိုင်ခြင်း ဟူသည်မှာ မလုံလောက်သေးပေ။ ထည့်သွင်းစဉ်းစားရဦးမည့်အရာမှာ မည်သူက ဤအလုပ်တွင် အကိုက်ညီဆုံးနှင့် အကျွမ်းကျင်ဆုံးဖြစ်သည်၊ မည်သူက ယင်း၏တာဝန်ကို ခေါင်းခံနိုင်သည်၊ မည်သူက ယင်းကို ပြီးမြောက်ဖို့ အစွမ်းအစရှိသည်တို့ ဖြစ်သည်။ ဤအလုပ်ကို တာဝန်ယူရန် လူတစ်ဦးကို ရွေးချယ်ရမည်၊ အစီအစဉ်များကို အပြီးသတ်ရမည်၊ လုပ်ငန်းစဉ်ကို ချမှတ်ရမည်၊ ထို့ပြင် ပြီးမြောက်ရန်အတွက် လိုအပ်သော အချက်အလက်များနှင့် ပစ္စည်းများကို အပြည့်အဝပြင်ဆင်ပြီး ရှင်းလင်းရမည်၊ ထိုအခါမှသာ အလုပ်မှာ အကောင်အထည်ပေါ်လာမည် ဖြစ်သည်။ ထိုအလုပ်မျိုးကို ၎င်းတို့ ယခင်က လုပ်ခဲ့ဖူးခြင်း ရှိမရှိနှင့် ယင်းအပေါ် ၎င်းတို့၏ အမြင်များက မည်သည်တို့ဖြစ်သည်ကို မေးမြန်းကာ ၎င်းတို့၏ ထင်မြင်ချက်များအကြောင်းကို ပြောခွင့်ပေးလျက် အကောင်အထည်ဖော်ခြင်းမတိုင်မီ တစ်ဦးချင်း အသေးစိတ် ဆွေးနွေးခြင်းကိုလည်း စီမံကိန်းကြီးကြပ်သူနှင့် ပြုလုပ်သင့်သည်မှာ အမှန်ပင်။ “ကျွန်ုပ်၏ ထင်မြင်ချက်မှာ ဤအရာကို ဦးစွာ ပြုလုပ်ရန်၊ ထို့နောက် ထိုအရာကို ပြုလုပ်ရန်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ အလုပ်လုပ်ရန် ဤပုဂ္ဂိုလ်ကို လိုအပ်သည်၊ ကျွန်ုပ်နားလည်သည်မှာ ထိုသူက ဤအလုပ်ကို ယခင်က ပြုလုပ်ခဲ့ဖူးသည်၊ သူ၌ ယင်းနှင့်ပတ်သက်၍ အတွေ့အကြုံတချို့ရှိသည်၊ ထို့ကြောင့် ကျွန်ုပ်နှင့်အတူ အလုပ်လုပ်ရန် ထိုသူကို ဤနေရာသို့ ပြောင်းရွှေ့စေလိုသည်၊ ယင်းက အဆင်ပြေသည်ဟု သင်ထင်သလော။ ဤအလုပ်က ကိရိယာ တန်ဆာပလာတချို့ကိုလည်း လိုအပ်သည်၊ ၎င်းတို့ကို မည်သို့ဝယ်ယူနိုင်မည်နည်း။ ထိုတန်ဆာပလာအား မည်သို့ရွေးချယ်ရမည်ကို မည်သူသိသနည်း။ ကျွန်ုပ်တို့ အလိမ်ခံရမည်လော။ ကျွန်ုပ်တို့မည်သူမျှ ဤအရာ၌ ကျွမ်းကျင်သူများ မဟုတ်ကြသည့်အပြင် ယနေ့ကမ္ဘာတွင် လုပ်ငန်းနယ်ပယ်တိုင်း၌ လူလိမ်များ ရှိသင့်သည်ထက် ပိုရှိကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ကို ကူညီရွေးချယ်ဖို့ ပညာရှင်တစ်ဦးရရန် နည်းလမ်းရှာရမည်” ဟု သူတို့က ပြောကောင်းပြောကြမည်။ အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်အတွင်း ဤအရာများသည် ပေါ်ပေါက်တတ်သည့် ပြဿနာမျိုးများနှင့် မိတ်သဟာယပြုသင့်သည့် အကြောင်းအရာတို့ ဖြစ်သလော။ ထို့ပြင် ဘုရားသခင်၏ အိမ်တော်က ဤအလုပ်ကိုလုပ်ဆောင်ရန် တောင်းဆိုသည့်အခါ လူတစ်ဦးသည် အခြေခံသဘောတရားကို မချိုးဖောက်သည့်နည်းအားဖြင့် ယင်းအား မည်သို့လုပ်ဆောင်ရမည်ကို ရှာဖွေသင့်သလော။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သက်ဆိုင်ရာ ကြီးကြပ်သူများ ဆွေးနွေးသင့်သည့် ခေါင်းစဉ်များတွင် စီမံကိန်းအတွက် သတ်မှတ်ကာလရှိမရှိ၊ ယင်းကို ပြီးမြောက်ရန် အချိန်မည်မျှယူသင့်သည်၊ အထူးကျွမ်းကျင်သူ၏ အလုပ်တာဝန်များနှင့် ပတ်သက်လာလျှင် သတ်သတ်မှတ်မှတ် ဖြစ်သော စည်းကမ်းများရှိမရှိ အစရှိသည်တို့လည်း ပါဝင်လေသည်။ “အကောင်အထည်ဖော်ခြင်း” ဟူသည်မှာ နှုတ်အားဖြင့်ပြောသော သဘောတရားထက် ပိုလေသည်။ ယင်းတွင် လိုက်လျောညီထွေရှိသော အလုပ်၏တိုးတက်မှုနှင့် နောက်ဆက်တွဲအလုပ်က ဖြစ်ပေါ်စေသော မေးခွန်းများနှင့် ပြဿနာများအချို့ ပါဝင်သည်။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်သူများက အလုပ်အစီအမံများကို အကောင်အထည်ဖော်နေကြသောအခါ ဤအရာများအားလုံးကို သူတို့အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည်။ ဆိုလိုသည်မှာ၊ တကယ့်လုပ်ဆောင်မှုတစ်ခုခု မပြုခင် ဤသည်မှာ လုပ်ဆောင်သင့်သည့် မိတ်သဟာယပြုမှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် တိုင်ပင်ဆွေးနွေးမှုမျိုးဖြစ်သည်။ အကောင်အထည်ဖော်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလို၏။ ထိုသို့သော အကောင်အထည်ဖော်ခြင်းမှာ သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများတွင် ပါဝင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက ထုတ်ဖော်ပြသင့်သည့် လုပ်နည်းကိုင်နည်း၏ ရှုထောင့်တစ်ခုပင် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြုလုပ်သင့်သည့်အရာ ဖြစ်သလော။ ထို့ပြင် ထိုသို့ပြုခြင်းက သူတို့ပါဝင်နေသည်ဟု ဆိုလိုခြင်းဖြစ်သလော။ အကယ်၍ ခေါင်းဆောင်က “ကျွန်ုပ်လည်းပဲ ဤအလုပ်အား မည်သို့လုပ်ရမည်ကို မသိပါ။ မည်သို့ဖြစ်စေ ယင်းကို သင့်ထံ လွှဲပြောင်းပေးပြီး ဖြစ်သည်၊ အလုပ်အစီအမံများကို သင့်အား ဆက်သွယ်အသိပေးပြီး ထုတ်ပြန်ထားပြီ ဖြစ်သည်၊ စပ်လျဉ်းသော အကြောင်းအရာများကို သင့်အား ကျွန်ုပ်ပြောပြထားပြီ။ ဤအရာအား မည်သို့ပြုလုပ်ရမည်ကို သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယင်းကို သင်ကောင်းစွာ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ယင်းက အချိန်မည်မျှယူမည်ဖြစ်စေ― ၎င်းတို့အားလုံးမှာ သင့်တာဝန်ဖြစ်သည်၊ ကျွန်ုပ်ထံ ပြေးမလာနှင့်၊ ကျွန်ုပ်နှင့် ဘာမျှမဆိုင်ပါ။ ဤမျှပြုလုပ်ခြင်းက ကျွန်ုပ်၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပြီးပြီဟု ယူဆသည်” ဟု ပြောပါက ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောသင့်သည့် အရာလော။ (မဟုတ်ပါ။) ခေါင်းဆောင်တစ်ဦးက ထိုအရာမျိုးကို ပြောပါက ထိုသူသည် မည်သို့သော လူစားမျိုးနည်း။ ထိုသူမှာ ခေါင်းဆောင်၏အယောင်ကို ဆောင်သောသူဖြစ်သည်။ အသစ်သော အလုပ်အစီအမံများ၊ သို့မဟုတ် အရေးကြီးသော အကြောင်းအရာတစ်ခုခု ပေါ်ပေါက်လာသည်တွင် သူတို့က “ယင်းကို သင်လုပ်ဆောင်လော့၊ မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ။ မည်သို့ဖြစ်စေ သင်က အရာရာကို နားလည်သည်၊ သင်သည် ပညာရှင်တစ်ဦးဖြစ်ကာ ကျွန်ုပ်က လူပြိန်းတစ်ဦးသာ ဖြစ်သည်” ဟု ပြောသည်။ ဤသည်မှာ ခေါင်းဆောင်အယောင်ဆောင်သူ၏ အကြိုက်ဆုံးစကား ဖြစ်သည်။ ထိုသူတို့က ဆင်ခြေဆင်လက်ရှာပြီး လစ်ထွက်သွားတတ်သည်။

မိမိ၏တာဝန်ကို ဖြည့်ဆည်းနိုင်သောသူ၊ စစ်မှန်သော ခေါင်းဆောင်တစ်ဦးက အလုပ်တစ်ခုခုကို တိကျမှုနှင့် အသေးစိတ်ကျမှု မြင့်မားသော အဆင့်အထိ အကောင်အထည်ဖော်ပါက သူသည် မိမိ၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုရားသခင့်အိမ်တော်၏ လက်ရှိ အလုပ်အစီအမံများကို ဤအဆင့်ထိ အကောင်အထည်ဖော်ပြီးသည့်နောက် သူတို့သည် အကောင်အထည်ဖော်ခြင်းက မည်သို့ရှိသည်ကို ဆက်၍ လေ့လာသုံးသပ်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်၏၊ ထိုစဉ် တစ်ချိန်တည်းမှာပင် မမျှော်လင့်သော အခြေအနေများ ဖြစ်ပျက်လာသောအခါ ပျောက်ကွယ်သွားသည့် လုပ်ရပ်မျိုး၊ သို့မဟုတ် လက်မြှောက်အရှုံးပေးခြင်းမျိုး ပြုမည့်အစား၊ တန်ပြန်အစီအမံများနှင့် ဖြေရှင်းချက်များကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ “လက်တွေ့” အကောင်အထည်ဖော်ခြင်းက ဤအရာကို ဆိုလိုသည်။ ကြီးမားသော အလုပ်အစီအမံတစ်ခုကို ထုတ်ပြန်လိုက်သောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို လက်ရှိတွင် အရေးကြီးဆုံး အလုပ်အဖြစ် တာဝန်ယူသင့်ပြီး၊ ထဲထဲဝင်ဝင် ပါဝင်ခြင်းနှင့် ယင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ခြင်း၊ စပ်လျဉ်းသော အလုပ်အစီအမံများ၏ အလုပ်အတိုင်းအတာအတွင်း “လက်တွေ့ကျခြင်း” ရှိကာ၊ ထိုစဉ်အတွင်း အခြားသော လုပ်ငန်းစီမံကိန်းများကို စောင့်ကြည့်ခြင်း၊ ယင်းတို့ကို အခြေအနေ မေးမြန်းခြင်း၊ မျက်ခြည်မပြတ် စောင့်ကြည့်ခြင်း၊ စစ်ဆေးကွပ်ကဲခြင်း တို့ကိုလည်း ပြုလုပ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပင် ဖြစ်သည်။ အကယ်၍ သင်သည် ဤအလုပ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန် ပျက်ကွက်မည်၊ ယင်းကို နောက်ဆက်တွဲ လုပ်ဆောင်ရာ၌ ပေါ့လျော့မည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်မည်ကို စိုးရိမ်ပါက သင်၌ရှိသမျှကို ထိုအရာထဲ၌ စိုက်ထုတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းကို ကောင်းစွာ မလုပ်ထားလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို မေ့လျော့ပျက်ကွက်ကာ အစားထိုးခံရမည့်အန္တရာယ် ရှိနေလိမ့်မည်ဖြစ်ကြောင်း၊ သင်သည် ဤအလုပ်ကို အကောင်အထည်ဖော်ခြင်းအတွက် သင့်အချိန်နှင့် အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံရမည်ဖြစ်ကြောင်းကို ဘုရားသခင်၏အိမ်တော်က ထပ်ခါတလဲလဲ အလေးပေး ပြောကြားခဲ့ပြီး ဖြစ်သည်။ အကယ်၍ အခြားအလုပ်က စနစ်ကျသော ပုံစံဖြင့် တိုးတက်နေပါက ယင်းကို စီမံအုပ်ချုပ်ဖို့ အခြားသင့်တော်သော လူတစ်ဦးကို တာဝန်ပေးစေခိုင်း၍ ရနိုင်ကာ သင်အချိန်ရသောအခါ အထူးကိစ္စရပ်များရှိမရှိ မေးမြန်းပြီး ကူညီရုံနှင့် လုံလောက်ပေသည်။ သင်တို့သည် ဤကဲ့သို့ အလုပ်လုပ်နိုင်မည်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

အမှုအရာများကို စောင့်ကြည့်ခြင်းသည် ယင်းကိုယ်နှိုက်က သီးသန့်အလုပ်ဖြစ်၏။ အလုပ်အစီအမံများအား မည်မျှကောင်းမွန်စွာ ဆောင်ရွက်နေသည်ကို စောင့်ကြည့်ခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အလုပ်အစီအမံများအတိုင်း အတိအကျ လုပ်ဆောင်နေကြခြင်း ရှိမရှိကို ကြည့်ရှုရန်လည်း လိုအပ်သည်။ အလုပ်အစီအမံများကို လက်ခံရရှိပြီးနောက် မျက်နှာချင်းဆိုင် စကားပြောပါက မှန်ကန်သောအရာများကိုသာ ပြောကြသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိလေသည်— “မည်သူက မည်သည့်အရာကို ပြုလုပ်ရမည်၊ မည်သူက မည်သည့်အရာကို တာဝန်ယူရမည်ကို ကျွန်ုပ်တို့ ဆုံးဖြတ်ကြပြီးပါပြီ။” သို့သော် အိမ်သို့ပြန်ရောက်သွားသောအခါ သူတို့သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ၏။ သူတို့သည် အဖမ်းခံရမည်ကို ကြောက်ရွံ့သဖြင့် ပုန်းလျှိုးနေကြကာ အလုပ်အစီအမံများ ရှိမရှိကို မသိသော၊ သို့မဟုတ် ယင်းတို့ကို လုပ်ဆောင်နေကြခြင်း ရှိမရှိကို မသိသော ညီအစ်ကိုမောင်နှမများနှင့် အချိန်အတော်ကြာအောင် အဆက်အသွယ် မလုပ်တတ်ကြပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၌ အလုပ်အစီအမံများ၏ တောင်းဆိုချက်များအပေါ် အရေးတကြီးသဘောထား မရှိသည့်အပြင် သူတို့သည် ယင်းတို့ကို အကောင်အထည်ဖော်ရန်လည်း ဘာမျှမလုပ်ကြပေ။ ထိုကဲ့သို့ပင် အလုပ်အစီအမံများ၏ တောင်းဆိုချက်တချို့နှင့် ပတ်သက်၍ ထင်မြင်ချက်တချို့ရှိပြီး ခုခံတတ်ကြကာ အယူအဆများရှိသော— ထို့ပြင် အိမ်သို့ပြန်ရောက်သောအခါ အကောင်အထည်ဖော်ရာ၌ စံသွေသော၊ ၎င်းတို့ကို မူလက ရည်ရွယ်ထားသည့်အတိုင်း မလုပ်ဆောင်ဘဲ ပိုမိုရိုးစင်းသောပုံစံအဖြစ် အနှစ်ချုပ်လျက်၊ သို့မဟုတ် သူတို့စိတ်ကြိုက်လမ်းကြောင်းအတိုင်း သွားလျက် ကိုယ်လုပ်ချင်ရာကို လုပ်ကြရင်း မိမိတို့ကိုယ်ပိုင် စိတ်အလိုရှိသည်အတိုင်း လုပ်ဆောင်ကြသော အစရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း ရှိကြလေသည်။ ဝါရင့်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာတစ်ခုလုံးကို စောင့်ကြည့်ရန် လိုအပ်သည်။ အမှုအရာများအပေါ် စောင့်ကြည့်ခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံ သဘောတရားအရ အလုပ်အစီအမံများက တောင်းဆိုသော အရာတိုင်းကို ဆောင်ရွက်ရာ၌ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန်နှင့် လွဲချော်မှုမရှိရန် ဖြစ်သည်။ အမှုအရာများကို စောင့်ကြည့်နေစဉ်တွင် အလုပ်မလုပ်သော၊ တာဝန်ယူမှုမရှိသော၊ အလုပ်အစီအမံများကို အလွန်နှေးကွေးစွာ လုပ်ဆောင်သော၊ အလုပ်အစီအမံများအပေါ် ဆန့်ကျင်လိုပြီး ၎င်းတို့ကို အကောင်အထည်ဖော်ခြင်း၌ ခုခံကာ ဇီဇာကြောင်သော၊ သို့မဟုတ် အလုပ်အစီအမံများနှင့်အညီ လုံးဝမလုပ်ဆောင်ဘဲ မိမိတို့ကိုယ်ပိုင် လုပ်ကိုင်နည်းအတိုင်း လုပ်ဆောင်သောသူများကို တွေ့ရှိရသည်ဆိုပါက၊ ထို့ပြင် အစီအမံများ၏ နောက်ကွယ်က တိကျသော တောင်းဆိုချက်များ၊ ဆက်စပ်သော အရေးကိစ္စများနှင့် ရည်ရွယ်ချက်တို့ကို ညီအစ်ကိုမောင်နှမတို့ မသိစိမ့်သောငှာ ထိမ်ချန်ပြီးသကာလ စကားလုံးကိုသာ လက်ဆင့်ကမ်းလျက်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မိမိတို့နှစ်သက်သလို အသိပေးလျက် မှန်ကန်သော အချက်အလက်များကို ဖုံးကွယ်ပြီး ညီအစ်ကိုမောင်နှမများကို လှည့်စားသည်အထိ စသည့်ကိစ္စများကို ပြုသောသူတို့ ရှိသည်ဆိုပါက ဤပြဿနာများကို ဝါရင့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ကိုင်တွယ်ပြီး ဖြေရှင်းရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှုအရာများကို မစောင့်ကြည့်ဘဲ အထက်မှနေ၍ ပြောဆိုဆွေးနွေးကာ လမ်းပြရုံသာ ပြုသည်ဆိုလျှင် ဤပြဿနာများကို မဖော်ထုတ်နိုင်ပေ။ ထို့ကြောင့် အလုပ်အစီအမံများကို ဆောင်ရွက်သောအခါနှင့် လမ်းညွှန်မှုပေးပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သူတို့၏ အဆင့်အသီးသီးအရ ပြောဆိုဆွေးနွေးခြင်းအပြင် အလုပ်ကို အဆင့်တိုင်း၌ ကြည့်ရှုကွပ်ကဲခြင်းလည်း ပြုရမည်။ တိုင်းခေါင်းဆောင်များက ခရိုင်ခေါင်းဆောင်များ၏ အလုပ်ကို ကြည့်ရှုကွပ်ကဲရမည်။ ခရိုင်ခေါင်းဆောင်များက အသင်းတော်တစ်ခုစီမှ ခေါင်းဆောင်များ၏အလုပ်ကို ကြည့်ရှုကွပ်ကွဲရမည်ဖြစ်ပြီး အသင်းတော်တစ်ခုစီမှ ခေါင်းဆောင်များက အဖွဲ့များ၏ အလုပ်ကို ကြည့်ရှုကွပ်ကဲရမည်။ ဤသို့ကြည့်ရှုကွပ်ကဲရခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းမှာ အလုပ်အစီအမံများ၏ တိကျသော တောင်းဆိုချက်များအတိုင်း ယင်းတို့ကို အတိအကျ ဆောင်ရွက်ရာ၌ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် အမှုအရာများကို စောင့်ကြည့်ခြင်းအမှုသည် လွန်စွာမှ အရေးပါလေသည်။ ကြည့်ရှုကွပ်ကဲနေစဉ် ပတ်ဝန်းကျင်က အခွင့်ပေးလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတစ်ဦးစီကို မေးခွန်းမေးခြင်း၊ ခြုံငုံသုံးသပ်ခြင်း၊ စုံစမ်းမေးမြန်းမှုများပြုခြင်း၊ ပို၍ရှာဖွေတွေ့ရှိရန် ကြိုးစားခြင်းအပြင် အလုပ်ကို အကောင်အထည်ဖော်နေကြပုံနှင့် အကျွမ်းတဝင်ဖြစ်စေခြင်းတို့ ပြုလုပ်လျက် မြေပြင်တွင် အဘယ်အရာဖြစ်ပျက်နေသည်ကို နက်နက်နဲနဲ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအလုပ်ကို ဆောင်ရွက်ရာ၌ ညီအစ်ကိုမောင်နှမများ၏ အခက်အခဲများနှင့် စိတ်ကူးများအပြင် အသိပညာတစ်စုံတစ်ရာကို သူတို့ရရှိထားခြင်း ရှိမရှိ၊ ဤအလုပ်၏ အခြေခံသဘောတရားများကို သူတို့ နားလည်သဘောပေါက်ခြင်း ရှိမရှိတို့ကို ပိုမိုရှာဖွေတွေ့ရှိရန်လည်း ထိုသူတို့ကြိုးစားရပေမည်— ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်သင့်သည့် တိကျသောအလုပ်ပင် ဖြစ်သည်။ အတော်ပင် အစွမ်းအစညံ့ဖျင်းသော၊ မိမိတို့၏အလုပ်ကို ထမ်းဆောင်နေစဉ် တာဝန်သိစိတ် များစွာမရှိသော၊ အတော်ပင် လူ့သဘာဝညံ့ဖျင်းပြီး ဆက်ကပ်မှုကင်းမဲ့ကာ အတော်ပင် ပျင်းရိသော အသင်းတော်ခေါင်းဆောင်များအတွက် ကြီးကြပ်မှုက အထူးသဖြင့် အရေးကြီးလေသည်။ သို့ဆိုလျှင် ဤကြီးကြပ်မှုကို မည်ကဲ့သို့ ဆောင်ရွက်ရသနည်း။ “အမြန်လုပ်ဆောင်လော့။ အထက်က ဤအလုပ်တာဝန်ကို ကျွန်ုပ်တို့ အပြီးသတ်ရန် စောင့်ဆိုင်းနေသည်။ ဤအလုပ်၌ အချိန်အကန့်အသတ်ရှိသဖြင့် ကျွန်ုပ်တို့ နှောင့်နှေး၍မရပါ။” ဤသည်မှာ မှန်ကန်သော ကြီးကြပ်ပုံလော။ ယင်းက လူတို့ကို အမြန်လောဆော်ခြင်းကိစ္စသက်သက် ဖြစ်သလော။ လူတို့ကို ကြီးကြပ်ရန် အကောင်းဆုံးနည်းလမ်းက အဘယ်နည်း။ ရုန်းကန်နေရသူတို့ကို တွေ့သောအခါ တိကျသောလမ်းညွှန်မှုနှင့် အကူအညီတို့ပေးကာ နည်းပေးလမ်းညွှန်မှု ပြုမည်။ ပျင်းရိသောသူတို့ကို တွေ့သောအခါ သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးမည်။ အကယ်၍ သူတို့က တစ်စုံတစ်ရာကို လုပ်နိုင်သော်လည်း လွန်စွာပျင်းရိနေကြလျှင်၊ သူတို့သည် အလုပ်ထဲတွင် နှေးကန်ပြီး အချိန်ဆွဲကာ ဇာတိသဘော၏ ပျော်မွေ့စရာများကို တပ်မက်ကြသည်ဆိုလျှင် ထိုအခြေအနေများကြောင့် သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါက ကိုင်တွယ်ဖြေရှင်းသင့်သည်။ သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ပြဿနာက ပြေလည်မသွားသေးဘဲ သူတို့၏သဘောထား၌ မည်သည့်ပြောင်းလဲမှုမျှ မရှိသေးလျှင်ရော။ ဦးစွာ သူတို့ကို ဤသို့သတိပေးလော့— “ဤအလုပ်က အလွန်အရေးကြီးသည်။ ယင်းကို ထိုသဘောထားမျိုးနှင့် ထပ်မံလုပ်ကိုင်ပါက သင်သည် တာဝန်မှရပ်စဲခံရပြီး အခြားတစ်ယောက်နှင့် အစားထိုးခြင်းကို ခံရမည်။ သင်မလုပ်လိုပါက အခြားတစ်ယောက် လုပ်လိမ့်မည်။ သင်သည် သင့်တာဝန်၌ ဆက်ကပ်မှုမရှိသဖြင့် ဤအလုပ်ကို လုပ်ကိုင်ဖို့ မသင့်တော်ပေ။ အကယ်၍ သင်သည် အလုပ်တာဝန်နှင့် မကိုက်ညီလျှင်၊ သင့်ဇာတိသဘောက ဤအခက်အခဲကို မခံရပ်နိုင်လျှင် ဘုရားသခင်၏အိမ်တော်က သင့်ကို အစားထိုးနိုင်သည်၊ သို့မဟုတ် သင်သည် အလုပ်မှ နှုတ်ထွက်စာ တင်နိုင်သည်။ အကယ်၍ သင်မနှုတ်ထွက်ဘဲ ဤအလုပ်ကို ဆက်လုပ်လိုသေးပါက ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လော့၊ ဘုရားသခင့်အိမ်တော်၏ ပြဋ္ဌာန်းချက်များနှင့် အခြေခံ သဘောတရားများအတိုင်း ပြုလုပ်လော့။ ထို့ပြင် အကယ်၍ သင်သည် ယင်းကို သင်နားမလည်နိုင်ဘဲ ဆက်၍ နှောင့်နှေးကြန့်ကြာနေသည် ဆိုပါက ယင်းက အလုပ်၏ တိုးတက်မှုကို ထိခိုက်စေပြီး အလုပ်ကို ပျက်စီးစေသည်ဖြစ်၍ ဘုရားသခင်၏အိမ်တော်က သင့်ကို ဆုံးမပဲ့ပြင်ရလိမ့်မည်ဖြစ်ပြီး သင်အဝေးရောက်သွားမည်ဖြစ်သည်။” အကယ်၍ သူတို့သည် သတိပေးခံရပြီးနောက် နောင်တရဖို့ လိုလိုလားလားရှိပါက ဆက်၍ နေနိုင်သည်။ သို့သော် အကယ်၍ အထပ်ထပ် သတိပေးပြီးနောက် သူတို့သဘောထား၌ ပြောင်းလဲမှု မရှိသည့်အပြင် သူတို့သည် လုံးဝ နောင်တမရဘဲ မခြားမနား ဖြစ်နေကြသေးပါက ပြဿနာ၏အဖြေမှာ သူတို့ကို ထုတ်ပစ်ခြင်းပင် မဟုတ်သလော။ တစ်စုံတစ်ဦး၌ သေးဖွဲသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာရှိသောအခါ သင်သည် ယင်းကို တွယ်ကပ်နေပြီး အလွတ်မပေးခြင်းမျိုး မဖြစ်သင့်ပေ။ သူတို့ကို အခွင့်အရေးပေးလော့၊ အကယ်၍ သူတို့သည် ပြောင်းလဲပြီး နောင်တရရန် လိုလိုလားလားရှိကာ ယခင်ကထက် များစွာ ပိုကောင်းနေပါက သူတို့ကို နေခွင့်ပေးလော့။ အကယ်၍ သူတို့ကို အခွင့်အရေးများ ဆက်ပေးပြီး သူတို့နှင့် အထပ်ထပ် မိတ်သဟာယဖွဲ့ကာ သူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းက အလုပ်မဖြစ်၊ သတိပေးချက်များကလည်း အလုပ်မဖြစ်သည့်အပြင် သူတို့ကို ကူညီရန် ကြိုးစားသူတိုင်း အလုပ်မဖြစ်ပါက ဤသည်မှာ သာမန်ပြဿနာ မဟုတ်တော့ပေ။ ဤပုဂ္ဂိုလ်၏ လူ့သဘာဝမှာ လွန်စွာညံ့ဖျင်းနေပြီး သူတို့က သမ္မာတရားကို လုံးဝလက်မခံခြင်းဖြစ်၏၊ ထို့ကြောင့် သူတို့သည် ဤတာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပေ။ သူတို့ကို အဝေးသို့ နှင်ထုတ်လော့၊ သူတို့သည် တာဝန်ထမ်းဆောင်ရန် မထိုက်တန်ပေ။ ယင်းမှာ ထိုကဲ့သို့သော အကြောင်းအရာများကို ဖြေရှင်းနည်းပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၀)” မှ

ကြီးကြပ်ခြင်းအလုပ်ပြီးလျှင် စစ်ဆေးခြင်းအလုပ် လိုက်လာသည်။ ပုံမှန်အားဖြင့် စစ်ဆေးခြင်းအလုပ်ဆိုသည်မှာ အလုပ်ကိစ္စတစ်ခုခုကို စီစဉ်ထားမှုက ထိရောက်မှုရှိ၏ မရှိ၏နှင့် အလုပ်ကို စီစဉ်ပြီးသောအခါ နောက်ဆက်တွဲအလုပ်က အဘယ်မျှထိ ခရီးရောက်၏၊ ယင်းကို ပြီးမြောက်ထားမှု ရှိ၏ မရှိ၏၊ ယင်းကို အဘယ်မျှ ကောင်းမွန်စွာ— အဘယ်မျှ ထိရောက်စွာနှင့် ကျင်လည်စွာ— ပြီးမြောက်ထား၏၊ အလုပ်ထဲတွင် ပါဝင်သူတို့က ယင်းကို မည်မျှအတိုင်းအတာအထိ ဆောင်ရွက်ခဲ့၏၊ သတ်သတ်မှတ်မှတ်ရှိသော ပြဿနာတစ်စုံတစ်ရာကို ဖော်ထုတ်ခဲ့ခြင်းရှိ၏ မရှိ၏၊ အခက်အခဲတစ်စုံတစ်ရာရှိ၏ မရှိ၏၊ ယင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်းရှိ၏ မရှိ၏ စသည့်အရာတို့ကို ရည်ရွယ်လေသည်။ ယခင်က စီစဉ်ထားသော အလုပ်ကို စစ်ဆေးခြင်းသည် သတ်သတ်မှတ်မှတ်ရှိပြီး လိုအပ်သော အလုပ်အပိုင်းအစတစ်ခုပင် ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အောက်ပါအမှားကို မကြာခဏ ပြုလုပ်မိတတ်ကြသည်— သူတို့က အလုပ်ကို စီစဉ်ပြီးသည်နှင့် ပြီးသွားပြီဟု ထင်တတ်ကြ၏။ “ငါ၏ အငန်းအတာကို ပြီးမြောက်အောင် လုပ်ကာ ငါ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးပြီ။ မည်သို့ပင်ဖြစ်စေ ပြုလုပ်ရမည့်နည်းလမ်းကို သင်တို့အား ငါပြောပြထားပြီ၊ သင်တို့သည် ဤသည်ကို ယခု သိသွားကြပြီဖြစ်ပြီး လုပ်ဆောင်ဖို့ ကတိပြုထားပြီ။ ထို့ကြောင့် နောက်မှဖြစ်လာသောအရာမှာ ငါနှင့် ဘာမျှမဆိုင်၊ သင်တို့ပြီးသောအခါ ငါ့ကို အသိပေးလှည့်” ဟု သူတို့တွေးတတ်ကြသည်။ အလုပ်ကို စီစဉ်ပြီးနောက် သူတို့သည် ပုန်းရှောင်နေကြ၏။ သူတို့သည် အလုပ်၏ ခရီးပေါက်မှု၊ သို့မဟုတ် နောက်ဆုံးတိုးတက်မှုများကို မစစ်ဆေးသည့်အပြင် ဤအလုပ်ကို လုပ်ဆောင်ရန် သူတို့စီစဉ်ခဲ့သောသူတို့မှာ ကိုက်ညီခြင်းနှင့် သင့်လျော်ခြင်းရှိမရှိ၊ သို့မဟုတ် လူအများစုက အလုပ်ကို မည်သို့လုပ်ကိုင်နေကြသည်ကိုလည်း စစ်ဆေးခြင်း မရှိပေ။ ထို့ပြင် ဤအလုပ်ကို အကောင်အထည်ဖော်ရန်အတွက် သူတို့၏ကိုယ်ပိုင် စီမံချက်များက ကောင်းသော တုံ့ပြန်မှုကို ရရှိထားခြင်း ရှိမရှိနှင့် ၎င်းတို့က သင့်လျော်မှုရှိမရှိ၊ ၎င်းတို့၌ တစ်စုံတစ်ရာ မှားယွင်းနေခြင်းရှိမရှိ၊ သို့မဟုတ် သူတို့အဓိပ္ပာယ်ကောက်လွဲခဲ့သည့်၊ သို့မဟုတ် အထက်၏ အလုပ်အစီအမံများနှင့် ကွဲလွဲသည့်နေရာများ ရှိမရှိကိုလည်း စစ်ဆေးခြင်းမရှိပေ။ သူတို့သည် ဤအရာတစ်ခုကိုမျှ အာရုံမစိုက်ဘဲ အစီအမံများ ပြုလုပ်ပြီးသောအခါ နောက်ထပ် ဘာမျှလုပ်စရာ မရှိတော့ဟု ထင်ကြသည်။ ဤသည်မှာ တိကျသောအလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သို့ဆိုလျှင် စစ်ဆေးခြင်းအလုပ်၌ မည်သည့်အရာကို စစ်ဆေးရသနည်း။ အဓိကအရေးကြီးသည်မှာ အလုပ်အစီအမံများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်— အလုပ်က ထိုအစီအမံတို့နှင့် ကိုက်ညီခြင်း ရှိမရှိ၊ အလုပ်အစီအမံများ၏ အခြေခံသဘောတရားများကို ကျော်လွန်ထားခြင်း ရှိမရှိ၊ အလုပ်အစီအမံများ၏ သတ်မှတ်ချက်များကို ဖောက်ဖျက်ထားခြင်း ရှိမရှိနှင့် အလုပ်ကို ဆောင်ရွက်စဉ် နှောင့်ယှက်ခဲ့သော၊ သို့မဟုတ် ကြားဖြတ်ခဲ့သော၊ သို့မဟုတ် ပြဿနာကို လှုံ့ဆော်ခဲ့သော၊ သို့မဟုတ် ကြီးကျယ်သော စကားလုံးများကို အသုံးပြုခဲ့သောသူများ ရှိမရှိကို စစ်ဆေးကြည့်ရှုလော့။ ပင်ကိုအားဖြင့် ဤအလုပ်ကို ပြုလုပ်နေစဉ် တစ်ချိန်တည်းမှာပင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အစီအစဉ်ကို လိုက်နာဆောင်ရွက်နေစဉ် ချွတ်ယွင်းချက်တစ်စုံတစ်ရာ ရှိနေခဲ့ခြင်း ရှိမရှိဟူသည်ကိုလည်း စစ်ဆေးနေကြသည်။ အခြားလူတို့၏အလုပ်ကို စစ်ဆေးနေစဉ် တစ်ချိန်တည်းမှာပင် သူတို့က သူတို့ကိုယ်တိုင်၏ အလုပ်ကိုလည်း စစ်ဆေးကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၀)” မှ

မည့်သည့်အလုပ်အစီအမံကိုမဆို ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်ခါတစ်ခါတွင် ဆုတောင်းဖတ်ရှုသင့်၏၊ ထို့နောက် ဤအချိန်အတောအတွင်း၌ အလုပ်တစ်ခုခုကို ကောင်းမွန်စွာ စီစဉ်ရန် ပျက်ကွက်ခဲ့ခြင်း ရှိမရှိ၊ အလုပ်အစီအမံက သတ်မှတ်ထားသော အရာတစ်ခုခုကို လျစ်လျူရှုမိခြင်း ရှိမရှိ စစ်ဆေးသင့်သည်— ရှိနေပါက သူတို့သည် အမြန်ပင် ကျေရာကျေကြောင်း လုပ်ပေးပြီး ကြားဝင်ဆောင်ရွက်သင့်၏။ အကယ်၍ သင်သည် အခြားအလုပ်ကို လုပ်နေခြင်းကြောင့် အချိန်မရှိပါက ယင်းကို အခြားသူများအား တာဝန်ပေးစေခိုင်းနိုင်၏၊ ထို့နောက်တွင် ယင်းကို ဆက်လက်၍ အရေးယူဆောင်ရွက်လော့၊ ပါဝင်ပတ်သက်နေလော့၊ ထို့ပြင် ယင်းကို လိုက်လံစစ်ဆေးလော့။ နောက်ဆုတ်ကာ စည်းပြင်မှ ရပ်ကြည့်နေလျက် ယင်းနှင့်ပတ်သက်၍ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုနှင့်။ အကယ်၍ သင်သည် အလုပ်တစ်ခုခုကို ကြီးကြပ်ကွပ်ကဲနေပါက စီမံကိန်းမည်မျှကို သင်တာဝန်ယူထားရသည်ဖြစ်စေ အစဉ်အမြဲ ပါဝင်ပတ်သက်ပြီး မေးခွန်းများမေးကာ တစ်ချိန်တည်းမှာပင် အမှုအရာများကိုလည်း စစ်ဆေးနေရန်မှာ သင့်တာဝန်ဝတ္တရား ဖြစ်လေသည်။ ဤသည်မှာ သင့်အလုပ်ဖြစ်၏။ ထို့ကြောင့် သင်သည် တိုင်းခေါင်းဆောင်တစ်ဦး ဖြစ်နေသည်ဖြစ်စေ၊ ခရိုင်ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်ဖြစ်စေ၊ သို့မဟုတ် အဖွဲ့တစ်ခုခု၏ ခေါင်းဆောင်တစ်ဦးသော်လည်းကောင်း၊ ကြီးကြပ်သူတစ်ဦးသော်လည်းကောင်း ဖြစ်နေသည်ဖြစ်စေ သင့်တာဝန်ဝတ္တရားများ၏ အတိုင်းအတာကို လေ့လာစိစစ်ပြီးသောအခါ ဤအလုပ်ထဲရှိ သင့်ကဏ္ဍကို သင်လုပ်ဆောင်နေခြင်းရှိမရှိ၊ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းပြီးခြင်းရှိမရှိတို့အပြင် မည်သည့်အလုပ်ကို သင်မလုပ်ဆောင်ထားကြောင်း၊ မည်သည့်အလုပ်ကို သင်မလုပ်ဆောင်လိုကြောင်း၊ မည်သည့်အလုပ်က ထိရောက်ခြင်း မရှိခဲ့ကြောင်းနှင့် မည်သည့်အလုပ်၏ အခြေခံ သဘောတရားများကို သင်နားမလည်နိုင်ခဲ့ကြောင်းတို့ကို သင်သည် မကြာမကြာ ဆန်းစစ်ရမည်ဖြစ်သည်။ ဤအရာအားလုံးတို့မှာ မကြာခဏ ဆင်ခြင်သုံးသပ်သင့်သည့်အရာများ ဖြစ်၏။ တစ်ချိန်တည်းတွင် သင်သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့ကာ သူတို့ကို မေးခွန်းများမေးတတ်အောင် သင်ယူရမည်ဖြစ်ပြီး အကောင်အထည်ဖော်ခြင်းအတွက် စီမံချက်တစ်ခုနှင့် အခြေခံသဘောတရားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အစီအမံများထဲတွင် ဖော်ထုတ်ပုံကို သင်ယူရမည်။ အလုပ်အစီအမံတစ်ခုခုနှင့် ပတ်သက်၍၊ ယင်းသည် စီမံအုပ်ချုပ်ရေးနှင့် ဆက်စပ်သည်ဖြစ်စေ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဆက်စပ်သည်ဖြစ်စေ၊ အသင်းတော်၏ အသက်တာနှင့် ဆက်စပ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သည့် အထူးကျွမ်းကျင်သူ အလုပ်မျိုးမဆိုနှင့် ဆက်စပ်သည်ဖြစ်စေ အကယ်၍ ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အကျုံးဝင်ပါက၊ အကယ်၍ ယင်းမှာ သင်ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပြီး သင့်တာဝန်ဝတ္တရားများ၏ ဘောင်အတွင်း ရှိနေပါက ယင်းကို သင်စိတ်ဝင်စားသင့်ပေသည်။ မည်သည့်စီမံကိန်းမျှ နောက်ကျမကျန်ရစေရန် အလုပ်ကိုလည်း ဦးစားပေးသင့်သည်မှာ ပြောစရာပင် မလိုပေ။ အကယ်၍ သင်သည် “ကျွန်ုပ်၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် မရှိပါ။ အလုပ်အစီအမံများထဲ ပါဝင်သမျှ စီမံကိန်းအားလုံးကို ကျွန်ုပ်စီမံခန့်ခွဲမှု မပြုနိုင်ပါ” ဟု ပြောပါက— သင်ကိုယ်တိုင် မပါဝင်နိုင်သော အလုပ်တချို့ ရှိနေသည်ဆိုလျှင်— ယင်းကို လုပ်ဆောင်ဖို့ အခြားတစ်ဦးဦးကို သင်စီစဉ်ထားပြီလော။ ထိုလူက လုပ်ဆောင်ပြီးသောအခါ မေးခွန်းများနှင့် နောက်ဆက်တွဲ မေးခဲ့သလော၊ သို့မဟုတ် အမှုအရာများက အဆင့်အတန်းမီမမီ ကူညီစစ်ဆေးခဲ့သလော။ မေးခွန်းအနည်းငယ်မေးရန်နှင့် အမှုအရာများက အဆင့်အတန်းမီမမီ စစ်ဆေးရန် အချိန်လောက်ကား သင်၌ ရှိခဲ့သည် မဟုတ်လော။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်သည် တစ်ချိန်တွင် အလုပ်တစ်ခုတည်းကိုသာ လုပ်နိုင်၏။ အကယ်၍ စီမံကိန်းတစ်ခုက အဆင့်မီမမီ ကျွန်ုပ်ကို စစ်ဆေးခိုင်းပါက တစ်ခုကိုသာ ကျွန်ုပ်စစ်ဆေးနိုင်မည်ဖြစ်ပြီး ထို့ထက်ပိုလာပါက ပြဿနာတက်ပါပြီ” ဟု ဆိုတတ်ကြသည်။ ထိုသို့ဖြစ်လျှင်ကား သင်သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ၊ သင်သည် အလုပ်တာဝန်အတွက် မကိုက်ညီ၊ သင်၌ ကျွမ်းကျင်မှုမရှိပေ။ သင်နှင့်ကိုက်ညီသော အလုပ်မျိုးကို လိုက်ရှာသည်ကမှ သင့်အတွက် ပိုကောင်းဦးမည်။ အကယ်၍ လိုအပ်သည့်အရာကို သင်မပိုင်ဆိုင်ပါက အလုပ်ကို လုပ်ဆောင်နိုင်သောသူ တစ်ဦးဦးကို တွေ့ရနိုင်ရန်အလို့ငှာ အလုပ်မှ နုတ်ထွက်လိုက်လော့။ ဤသည်မှာ မသင့်လျော်ပေလော။ အရာအားလုံးကို ကိုယ့်သာသာကိုယ် ကြိုးစား၍ မလုပ်လေနှင့်— အဆုံးတွင် သင်သည် ကျရှုံးပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်ကို နှောင့်နှေးစေကာ ဘုရားသခင့်အိမ်တော်ကို ထိခိုက်နစ်နာမှု ပေးမိလိမ့်မည်။ ဤသို့ဖြစ်လျှင် သင့်တာဝန်ဝတ္တရားကို သင်ဖြည့်ဆည်းပြီးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မိမိကိုယ်ကိုသိနားလည်မှု မရှိခြင်း၊ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ခြင်း၊ အရာအားလုံးကို မိမိဘာသာလုပ်ဆောင်ဖို့ ကြိုးစားနေသေးခြင်း၊ ရာထူးအဆင့်အတန်း၏ အကျိုးခံစားခွင့်ကို ဦးစားပေးခြင်းဖြစ်ပြီး ယင်းက သင့်ကို အတုအယောင်ခေါင်းဆောင် ဧကန်အမှန် ဖြစ်စေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၀)” မှ

အထက်မှ အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားတွင် လုံးလုံး မထီမဲ့မြင်လုပ်လွန်းသော သူအချို့ရှိကြသည်။ ၎င်းတို့က “အထက်က အလုပ် အစီအစဉ်များကို ပြုလုပ်သည်။” “ပြီးလျှင် ကျွန်ုပ်တို့က အလုပ်လုပ်လျက် အောက်၌ ရှိကြသည်။ ပြောခဲ့သည့် အရာအချို့နှင့် အလုပ်တာဝန်အချို့တို့ကို ပြောင်းလွယ်ပြင်လွယ် အကောင်အထည် ဖော်၍ ရနိုင်ပေသည်၊ ယင်းတို့ ကျွန်ုပ်တို့ထံ ကျရောက်လာသည့်အခါ၊ ယင်းတို့ကို ပြင်၍ ရနိုင်သည်။ တကယ်တမ်းတွင် အထက်က အပြောများသာရှိပြီး၊ ကျွန်ုပ်တို့က လက်တွေ့ကျသည့်အလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ အသင်းတော်ရှိ အခြေအနေကို ကျွန်ုပ်တို့ နားလည်သော်လည်း၊ အထက်က နားမလည်သောကြောင့်၊ ကျွန်ုပ်တို့ကို ပေးထားသည့် အသင်းတော်၏ လူများနှင့် အလုပ်တို့သည် ကျွန်ုပ်တို့ သင့်တော်သလို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့၏အလုပ်များ ဖြစ်သည်။ ကျွန်ုပ်တို့ သဘောရှိ လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် မည်သူမျှ ဝင်စွက်ခွင့်မရှိ။” ဟု တွေးကြသည်။ ထိုသို့သောလူများအဖို့၊ ဘုရားသခင်ကို အစေခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားသည် ဤအရာဖြစ်သည်- “ကျွန်ုပ်က တစ်စုံတစ်ခုသည် မှန်ကန်သည်ဟု တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် အာရုံစိုက်မည်။ တစ်စုံတစ်ခုသည် လုပ်ကိုင်ရန်မဖြစ်နိုင်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် လျစ်လျူရှုမည်။ သင့်ကို ကျွန်ုပ် ခုခံလိုပါက ခုခံနိုင်သည်၊ သို့မဟုတ် ဆန့်ကျင်ပြီးလျှင် ကျွန်ုပ် မလုပ်ချင်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ် အကောင်အထည်ဖော်ဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ မလိုအပ်ပေ။ သင်ပြောသည့် တစ်စုံတစ်ရာကို မသင့်လျော်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို သင့်ကိုယ်စား ကျွန်ုပ် တည်းဖြတ်ပေးမည်၊ ပြီးလျှင် ကျွန်ုပ် စိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အောက်သို့ ကျွန်ုပ် လက်ဆင့်ကမ်းပေးလိုက်မည်။ ကျွန်ုပ် အတည်မပြုရသေးသည့် မည်သည့်အရာကိုမျှ ပုံနှိပ်ဖို့ ပို့ခွင့်မရှိ။” အခြားနေရာတိုင်းတွင် ၎င်းတို့သည် အထက်မှ အစီအစဉ်များကို ယင်းတို့၏နဂိုမူလ ပုံစံအတိုင်း ဖြန့်ဖြူးသော်လည်း၊ ဤလူကမူ ၎င်းတို့ဦးဆောင်သည့် ဒေသရှိ လူများထံသို့ ၎င်းတို့ အလုပ်အစီအစဉ်၏ တည်းဖြတ်ထားသည့်ပုံစံကို ပေးပို့သည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ဘေးဖယ်ထားဖို့ အမြဲ ဆန္ဒရှိသည်၊ ပြီးလျှင် လူတိုင်းက ၎င်းတို့နောက်ကို လိုက်ဖို့နှင့် ၎င်းတို့ကို ယုံကြည်ဖို့ အသည်းအသန် ဆန္ဒရှိကြသည်။ ၎င်းတို့အမြင်ပုံတွင် ဘုရားသခင်သည် အချို့အပိုင်းများတွင် ၎င်းတို့နှင့် တန်းတူမဟုတ်ပေ၊ ၎င်းတို့သည်လည်း ဘုရားသခင် ဖြစ်သင့်ပြီး လူတိုင်းက ၎င်းတို့ကို ယုံကြည်သင့်သည်။ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ သင်တို့ ဤအရာကို နားလည်ခဲ့ပါက၊ ထိုသို့သောလူတစ်ဦး ဖယ်ရှားခြင်းခံရပြီး အစားထိုးခြင်းခံရသည့်အခါ၊ သင် ငိုကြွေးဦးမည်လော။ ၎င်းတို့အတွက် သင် စာနာဦးမည်လော။ “အထက်မှ လုပ်ဆောင်သည့်အရာသည် မလိုအပ်သကဲ့သို့ တရားမမျှတပေ၊ ဤမျှဒုက္ခခံရပြီးသူတစ်ဦးကို အထက်က အဘယ်သို့များ ထုတ်ပစ်နိုင်သနည်း။” ဟု သင် တွေးဦးမည်လော။ ၎င်းတို့က မည်သူ့အတွက် ဒုက္ခခံခဲ့သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်အတွက် ဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံနေခြင်းလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ကျိုးနွံနာခံသလော။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများသာ ဖြစ်ပြီး၊ ၎င်းတို့၏ အလုပ်သည် နတ်ဆိုး၏ စိုးမိုးမှု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဖျက်ဆီးပြီး သူ၏အမှုကို နှောင့်ယှက်သည်။ ယင်းမှာ မည်ကဲ့သို့သော ယုံကြည်မှုမျိုးနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ပါးသာ၊ အန္တိခရစ်တစ်ဦးသာ ဖြစ်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

လူအချို့က အထက်က ပြုလုပ်သည့် အစီအစဉ်များ၏ အစိတ်အပိုင်းများကို နားမလည်နိုင်ကြသော်လည်း၊ ယင်းတို့ကို နာခံနိုင်သည်။ ၎င်းတို့က “ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်ပြီး အရေးပါမှုရှိသည်။ ယင်းကို ကျွန်ုပ်တို့ နားမလည်နိုင်လျှင်ပင်၊ ကျွန်ုပ်တို့ ကျိုးနွံနာခံကြသည်။ ကျွန်ုပ်တို့ မလုပ်ဆောင်သည့် အရာမှာ ဘုရားသခင်ကို ဝေဖန်ဖို့ဖြစ်သည်။ ကျွန်ုပ်တို့အတွက် တစ်စုံတစ်ခုက မမှန်ကန်ဟု ထင်ရပါက၊ မည်သို့ဖြစ်ပါစေ ကျွန်ုပ်တို့ ယင်းကို အလေးထားကြသည်။ ကျွန်ုပ်တို့သည် လူ့စိတ်များဖြင့် လူသားများဖြစ်ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သည့်အရာသိသနည်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အစီအစဉ်များကို ကျွန်ုပ်တို့ နားလည်သည့်နေ့ရက်အချိန် ရောက်လာသည်အထိ ၎င်းတို့အတိုင်းသာ လိုက်နာပြီး ကျိုးနွံနာခံကြသည်။ ထိုနေ့ရက်သည် ရောက်မလာလျှင်ပင်၊ ကျွန်ုပ်တို့သည် လိုလားစွာ ကျိုးနွံနာခံဆဲဖြစ်လိမ့်မည်။ ကျွန်ုပ်တို့သည် လူသားများ ဖြစ်ပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်သည်။ ယင်းမှာ ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။”ဟု ပြောကြသည်။ သို့သော် အခြားသူများကမူ ဤကဲ့သို့မဟုတ်ပေ။ ၎င်းတို့က အထက်မှ လုပ်ဆောင်နေသည့်အရာကို တွေ့သည့်အခါ၊ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်ချက်မှာ ယင်းကို စုံစမ်းလေ့လာခြင်း ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်၊ ကိုယ်တော်ပြောသည့် အရာနှင့် ကိုယ်တော်တောင်းဆိုသည့် အရာများကို ကြည့်ကြပါစို့။ ပထမအချက်သည် ကိစ္စမရှိသော်လည်း၊ ဒုတိယအချက်သည် အတော်အသင့် နည်းလမ်းမကျပေ။ ကိုယ်တော့်ကိုယ်စား ယင်းကို ကျွန်ုပ် ပြင်ဆင်ပေးမည်။” ဟု ပြောကြသည်။ ထိုသို့ ပြောသည့်သူတစ်ဦးသည် ဘုရားသခင်ကို ရိုသေလေးမြတ်သည့် နှလုံးသားတစ်ခုရှိသလော။ တကယ်တမ်းတွင် ဘုရားသခင်လုပ်ဆောင်သည့် အရာတစ်စုံတစ်ခုနှင့်ပတ်သက်၌ ၎င်းတို့၌ အယူအဆများ ရှိကောင်းရှိနေနိုင်သည်၊ ထို့ကြောင့် အသင်းတော်၌ ဘုရားသခင်၏အစီအစဉ်များကို မလုပ်ဆောင်ကြဘဲ၊ ဘုရားသခင်နှင့်ပတ်သက်ပြီး ၎င်းတို့၏ညီအစ်ကိုမောင်နှများတွင် အယူအဆများ ရှိလာဖို့အလို့ငှာ၊ သူတို့အလယ်တွင် ၎င်းတို့၏ အယူအဆများကို လက်လွတ်စပယ် ဖြန့်ဝေသည်။ ပထမဦးစွာ ထိုသို့သော လူတစ်ဦးသည် သမ္မာတရား မပေးနိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် အယူအဆများကို ဖြန့်ဝေသည်။ ပြီးလျှင် တတိယအနေဖြင့် ၎င်းတို့က အခြားသူများကို ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိစေပြီး၊ သူလုပ်ဆောင်သည့်အရာကို ဆန့်ကျင်စေသည်၊ ပြီးလျှင် သူ့ကို ကွဲပြားခြားနားစွာ လုပ်ဆောင်စေဖို့ ကြိုးစားစေသည်မှာ အဆုံး၌ ဘုရားသခင်သည် ၎င်းတို့ကို လိုက်လျောကောင်း လိုက်လျောနိုင်သည်အထိ ဖြစ်သည်။ ဘုရားသခင်ကို လိုက်လျောစေပြီး ကွဲပြားခြားနားစွာ ပြုမူစေကာ၊ ဘုရားသခင်အား လူများကို စိတ်ကျေနပ်စေလျက်၊ လူများ၏အယူအဆများ ပပျောက်စေခြင်းငှာ မျှော်လင့်ချက်များဖြင့် ထိုသို့သော အမှုအရာများကို လုပ်ဆောင်မည့်သူများလည်း ရှိသည်။ ထိုသို့သော လူတစ်ဦးသည် ထိုသို့သော အမှုအရာများ လုပ်ဆောင်ပြီးနောက်၊ ဝမ်းနည်းပြီး ငိုကြွေးဖို့ဆိုပါက၊ ၎င်းတို့ကို ဘုရားသခင်ကို ရိုသေလေးမြတ်သော နှလုံးသားရှိသူများဟု ထည့်တွက်နိုင်မည်လော။ လူအချို့သည် ဘုရားသခင်အတွက် ၎င်းတို့၏အစေခံမှုတွင် အနည်းငယ် စိတ်အားထက်သန်ပြီး မသိနားမလည်ကြပေ၊ ဤအတွက် သင်သည် ခွင့်လွှတ်ခြင်းခံရနိုင်သည်။ သို့သော် သင်သည် ထိုသို့ ဆက်လက်ပြုမူပါက၊ အမှားကို တမင်တကာ လုပ်ဆောင်မိလိမ့်မည် ဖြစ်ကာ၊ ယင်းသည် သာ၍စိုးရိမ်ဖွယ်ဖြစ်ပြီး သာ၍ကြီးမားသော အပြစ်တစ်ခုဖြစ်သည်၊ ပြီးလျှင် ဆိုးရွားသည့်အရာဖြစ်သည်။ ဤအရေးကိစ္စများ အပေါ် သင်တို့၏အမြင်ရှုထောင့်သည် လွယ်သယောင်ပြုထားပြီး၊ ယင်းတို့သည် သိပ်အရေးမကြီးဟု သင်ထင်ပါက၊ သင်သည် တစ်နေ့တွင် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိကိန်းရှိသည်။ ထိုသို့သော လူအချို့ကို ငါမြင်ဖူးပြီးဖြစ်သည်။ ၎င်းတို့သည် သုတ်သင်ခြင်းမခံရလျှင်ပင်၊ ၎င်းတို့၏ အကျိုးဆက်များသည် အကယ်စင်စစ် အစောပိုင်းကတည်းက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

အရှေ့သို့- ၁၆၂) အသင်းတော်ကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၄) ဘုရားသခင်ကို သိကျွမ်းလာခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်