၁၄၈) လောကီတွင် ရေပန်းစားသည့် အရာများအပေါ် သဘောထားရမည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လောကီတွင်ရေပန်းစားသည့်အရာများသည် စာတန်၏ ဆိုးယုတ်သော အင်အားစုများမှ လာခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်လော့။ ၎င်းတို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်ကို ငြင်းပယ်ပြီး သမ္မာတရားကို ရန်လိုသည့် အပျက်သဘောဆောင်သည့် အရာများဖြစ်ကြသည်။

(၂) လောကတွင်ရေပန်းစားသည့်အရာများသည် အပြစ်နှင့် လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းတို့ကို ဆေးဆိုးပန်းရိုက်ထားခြင်း တစ်ခုဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်မှုနှင့် ညစ်ညမ်းမှုများထဲသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်ရန် ယင်းတို့ကို ရိပ်စားမိသင့်သည်။

(၃) လောကတွင်ရေပန်းစားသည့်အရာများသည် လူသားကို ဘုရားသခင်အား ရှောင်ကြဉ်ပြီး ခုခံဖို့ စာတန် ကစားသည့် လှည့်ကွက်များသာ ဖြစ်သည်။ ဆိုးယုတ်သော ရေပန်းစားသည့်အရာများ နောက်ကို လိုက်ခြင်းသည် မိမိ၏ကိုယ်ပိုင် ပျက်စီးခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။

(၄) ဘုရားသခင်ကို ယုံကြည်ခြင်း၌၊ သမ္မာတရားကို လိုက်စားသင့်သည်၊ ဘုရားသခင်ကိုကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် ရှင်သန်သင့်သည်။ သို့မှသာလျှင် စာတန်၏ စွမ်းအားကို ဖယ်ရှားနိုင်ပေမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စာတန်သည် လူကို လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖောက်ပြန်ပျက်စီးစေသည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ ပါဝင်၏။ လူအချို့က၊ “လူမှုရေး ရေပန်းစားမှုများဆိုသည်မှာ နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်း အသောက်ကောင်းများကို ဆိုလိုသလော” ဟူ၍ ပြောကြသည်။ ဤအရာတို့ကို လူမှုရေး ရေပန်းစားမှုများဟု မှတ်ယူပါသလော။ ၎င်းတို့သည် လူမှုရေး ရေပန်းစားမှုများ၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးသော်လည်း၊ ငါတို့သည် ၎င်းတို့အကြောင်းကို ဤနေရာတွင် ပြောမည်မဟုတ်။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင််များနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ် ခံရသည်အထိတိုင်၊ ဤရေစားမှုမျိုးဖြင့် အဆက်မပြတ် ကူးစက်ခံရ၏၊ လက်သင့်ခံရကာ ဆွဲဆောင်ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက် သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့ကို စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကို တစ်ခုပြီး နောက်တစ်ခု ပျော်ရွှင်စွာ လက်ခံစေလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ တဖြည်းဖြည်း နားလည် လာနိုင်မည့် ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ရွေးချယ်ထား၏။ ဥပမာအားဖြင့်၊ အတိတ်က မည်သူမျှ လိမ်လည်ခြင်းမခံရဖို့အလို့ငှာ စီးပွားလုပ်ကိုင်ခဲ့ကြ၏၊ မည်သူ ဝယ်ယူနေသည်ဖြစ်စေ ကုန်ပစ္စည်းများကို တူညီသောစျေးနှုန်းဖြင့် ၎င်းတို့ ရောင်းချခဲ့ကြသည်။ ဤနေရာတွင် ကောင်းမွန်သော အသိစိတ်နှင့် လူ့သဘာဝ၏ အစိတ်အပိုင်းအချို့ ဖော်ပြထားသည် မဟုတ်လော။ လူတို့သည် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် မိမိတို့၏ စီးပွားရေးကို စီမံခန့်ခွဲသည့်အချိန်တွင်၊ ၎င်းတို့သည် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ထိုအချိန်က ရှိခဲ့ကြသေးသည်ကို မြင်နိုင်၏။ သို့ရာတွင် ငွေကြေးအတွက် လူသား၏ သာ၍ တိုးပွားနေသော တောင်းဆိုချက် နှင့်အတူ၊ လူတို့သည် ငွေ၊ အကျိုးအမြတ်နှင့် ကာမဂုဏ်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် သာ၍ သာ၍ ချစ်ခင်လာ ခဲ့ကြလေသည်။ အတိုချုပ်အနေဖြင့်၊ လူတို့သည် ငွေကြေးကို ပို၍အရေးကြီးသော အရာအဖြစ် ယခင်ကထက် ရှုမြင်လာခဲ့ကြလေသည်။ လူတို့သည် ငွေကြေးကို ပို၍ အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ၊ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ မိမိတို့၏ နာမည်ကောင်းနှင့် မိမိတို့၏ သိက္ခာတို့ကို အမှုမဲ့အမှတ်မဲ့ သာ၍ အလေးပေးမှု စတင်လျော့ပေါ့ကြသည် မဟုတ်လော။ ၎င်းတို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်သည့်အခါ၊ အခြားသူများသည် လူတို့ကို လိမ်လည်ပြီး ချမ်းသာရန်အလို့ငှာ၊ အမျိုးမျိုးသော နည်းလမ်းများအား သုံးလျက်ရှိသည်ကို သင် တွေ့ရသည်။ ရရှိသည့် ငွေကြေးသည် မစင်ကြယ် သော်လည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့သည် သင်ကဲ့သို့ပင် အလားတူစီးပွားရေး လုပ်ကိုင်သော်လည်း၊ ၎င်းတို့၏ မိသားစုတစ်ခုလုံးသည် သင့်ထက်ပို၍ ဘဝကို မွေ့လျော်ကြပြီး၊ သင့်အဖို့မှာမူ “ငါသည် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်သနည်း။ ငါသည် အဘယ်ကြောင့် သူတို့ရှာဖွေသမျှလောက် မရှာဖွေနိုင် သနည်း။ ငါ၏လုပ်ငန်း ကြီးပွားစေဖို့၊ ငွေကြေး ပိုရရှိဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားရမည်” ဟုဆိုရင်း ဝမ်းနည်းနေရ၏။ ထို့နောက်တွင် သင်သည် ငွေများစွာ မည်သို့ ရှာဖွေရမည်ကို အစွမ်းကုန် စဉ်းစားတွေးတောသည်။ စျေးဝယ်သူ အားလုံးကို တူညီသောစျေးနှုန်းဖြင့် ပစ္စည်းများကို ရောင်းချခြင်း ဟူသော၊ ပုံမှန်ငွေကြေးရှာဖွေမှု နည်းလမ်းအတိုင်း သင် ရရှိသော အကျိုးအမြတ် တစ်ခုတစ်လေသည် လိပ်ပြာသန့်သန့်ဖြင့် ရခြင်းဖြစ်၏။ သို့သော် ဤသည်မှာ အလျင်အမြန် ချမ်းသာစေမည့် နည်းလမ်းမဟုတ်ချေ။ အကျိုးအမြတ် ဖန်တီးလိုသည့် ပြင်းပြသောဆန္ဒဖြင့် မောင်းနှင်ခံရလျက်၊ သင်၏ စဉ်းစားတွေးခေါ်မှုသည် ညင်သာသော ပြောင်းလဲခြင်း တစ်ခုကို ကြုံရ၏။ ဤပြောင်းလဲမှုအတွင်းတွင်၊ သင်၏ ပြုမူနေထိုင်မှု စည်းမျဉ်းများသည်လည်း စတင် ပြောင်းလဲ၏။ သင်သည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ၊ “လူတစ်ဦးကို ဤတစ်ကြိမ်တည်းသာ ငါ လိမ်မည်။ ငါနောက်တစ်ကြိမ် ထပ်မလုပ်တော့။ လူတို့ကို ငါ လိမ်၍မဖြစ်။ လိမ်လည်ခြင်းတွင် ဆိုးရွားသော အကျိုးဆက်များရှိသည်။ ငါ့ကို ဒုက္ခများစွာ ရောက်စေလိမ့်မည်” ဟု ဆိုရင်း သံသယများ သင်ရှိ၏။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် သင်လိမ်လည် သောအခါ၊ သင်၏စိတ်နှလုံးတွင် စောင့်စည်းမှု အချို့ရှိ၏။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်- တစ်စုံတစ်ဦးကို သင် လိမ်လည်သည့်အခါ သဘာဝမကျသကဲ့သို့ သင့်ကို ခံစားစေဖို့အလို့ငှာ သင့်ကို သိက္ခာစောင့်ထိန်းစေပြီး သင့်ကို ပြစ်တင်မိစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည် ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေး ပိုမိုရှိလာသည်ကို သင် တွေ့ရပြီး၊ ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ် ရှိနိုင်သည်ဟု သင် ထင်၏။ သင်၏စိတ်နှလုံးထဲတွင် စူးသော နာကျင်မှု ရှိနေသော်ငြား၊ သင်သည် သင်၏ “အောင်မြင်မှု” အပေါ် မိမိကိုယ်ကိုယ် ဂုဏ်ယူသည့်အလား ခံစားရဆဲဖြစ်ပြီး၊ သင့်ကိုယ်သင်လည်း အတော်အတန် ကျေနပ်မိ၏။ ပထမဦးဆုံးအကြိမ်၊ သင်၏ ကိုယ်ပိုင် အပြုအမူ၊ သင်၏ ကိုယ်ပိုင် လှည့်ဖြားတတ်သည့် နည်းလမ်းများကို သင် သဘောကျမိလေသည်။ ထို့နောက်တွင်၊ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းသည် လောင်းကစားမှုပြုရာတွင် ပါဝင်မိပြီးနောက် လောင်းကစားသမား ဖြစ်လာသူနှင့် အတူတူပင် ဖြစ်သည်။ သင်၏ သတိမမူမိခြင်းတွင်၊ သင်သည် မိမိ၏ ကိုယ်ပိုင် လိမ်လည်သောအပြုအမူကို သဘောကျကာ၊ လက်ခံကြ၏။ သတိမမူမိခြင်းဖြင့်၊ သင်သည် လိမ်လည်ခြင်းကို တရားဝင် စီးပွားဖြစ် အပြုအမူတစ်ခုနှင့် သင်၏ ရှင်သန်ရေးနှင့် အသက်မွေးမှုအတွက် အသုံးအဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူကြလေသည်။ ဤအရာပြုလုပ်ခြင်းအားဖြင့် သင်သည် ဥစ္စာပစ္စည်းကို အလျင်အမြန် ရှာဖွေနိုင်သည်ဟု ထင်သည်။ ဤသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်၏။ အစ၌၊ လူတို့သည် ဤအပြုအမူမျိုးကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ကျင့်ကြံမှုတို့ကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားရင်း ဤအပြုအမူကို မိမိတို့ကိုယ်တိုင် စမ်းလုပ်ကြည့်ကြကာ ၎င်းတို့၏ နှလုံးသားများသည် တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ ဤသည်မှာ မည်သို့သော ပြောင်းလဲခြင်းမျိုး ဖြစ်သနည်း။ ယင်းမှာ လူမှုရေး ရေပန်းစားမှုက သင့်အထဲတွင် သွတ်သွင်းထားသည့် ဤရေပန်းစားမှုနှင့် ဤအယူအဆများကို အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်။ နားမလည်လိုက်ဘဲ၊ သင်သည် လူတို့နှင့် စီးပွားရေးလုပ်သည့်အချိန်တွင် ၎င်းတို့ကို မလိမ်လည်ပါက၊ သင် ထိခိုက်နစ်နာသည်ဟု ခံစားရသည်၊ သင် လိမ်ညာမှု မပြုပါက တစ်စုံတစ်ခုကို ဆုံးရှုံးရသည့်အလား သင် ခံစားရ၏။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဤလိမ်ညာခြင်းသည် သင်၏ တကယ့်ဝိညာဉ်၊ သင်၏ မဏ္ဍိုင်နှင့် သင်၏ဘဝတွင် စည်းမျဉ်း တစ်ခုဖြစ်သည့် မရှိမဖြစ်သော အပြုအမူမျိုး ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤအတွေးအခေါ်ကို လက်ခံပြီးသည့် နောက်တွင်၊ ဤအရာက လူ၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှုတစ်ခု ယူဆောင်ပြီး ဖြစ်သည် မဟုတ်လော။ သင်၏နှလုံးသားသည် ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သင်၏ သိက္ခာသည်လည်း ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားပြီလော။ သင်၏ လူ့သဘာဝ ပြောင်းလဲပြီလော။ သင်၏ အသိစိတ် ပြောင်းလဲပြီလော။ (ပြောင်းလဲ ပါသည်။) ဟုတ်ပေ၏၊ ဤလူ၏ အစိတ်အပိုင်းအားလုံးသည် ၎င်းတို့၏ နှလုံးသားမှ ၎င်းတို့၏ အတွေးများအထိ၊ ၎င်းတို့ အတွင်းအပြင် ပြောင်းလဲသည့် အတိုင်းအတာအထိ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှု တစ်ခုကို ကြုံကြရလေသည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာ ဆွဲခေါ်သွားပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ နီးကပ်စွာ ပေါင်းစည်းလာ၏၊ သင်သည် စာတန်နှင့် ပို၍ ပို၍ ဆင်တူလာလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

“ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ထုတ်ဖော်ပြခံရသည့် ဤအရာကို မည်သို့ အနက်ဖွင့်ကြသနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားနှင့်ပြီး ဖြစ်ကာ၊ ယင်းကို စွန့်လွှတ်လိုက်သည်ထက် ယင်းအား သင်၏ကံကြမ္မာကို သင် ထိန်းချုပ်ထားစေလိမ့်မည်ဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည့် အချက်၊ ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ၎င်းတို့ ခံရသည့် အချက်မှာ လူသားမျိုးနွယ်ကို စာတန်၏ ဖောက်ပြန်ပျက်စီး စေခြင်းက ထိရောက်သည်ကို သာဓကပြသည် မဟုတ်လော။ ဤကား စာတန်၏ အတွေးအခေါ်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ ဤအရာကို သင်လုပ်ဆောင်လျှင်၊ ၎င်း၏ ပန်းတိုင်ကို စာတန်က ရရှိအောင်မြင်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်က လူကို ဤနည်းလမ်းဖြင့် မည်သို့ အကျင့်ပျက်စေပြီးဖြစ်သည်ကို သင်မြင်သလော။ သင်ခံစား ရနိုင်သလော။ (မခံစားရနိုင်ပါ။) ထိုအရာကို သင်မမြင်ခဲ့ သို့မဟုတ် မခံစားခဲ့ရချေ။ ဤနေရာ၌ စာတန်၏ ဆိုးယုတ်မှုကို သင် မြင်သလော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန်နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့်၊ စရိုက်သုံးခု ဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့အား ဤရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ မိမိတို့၏ ခြေများကို ကူညီ ဆွဲထုတ်ပေးနိုင်သလော။ (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ (ကောင်းပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

လူငယ်များစွာတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ၎င်းတို့သည် ကွန်ပျူတာ ဂိမ်းများကစားခြင်းနှင့် အင်တာနက်ဆိုင်များသို့ သွားခြင်း အကျင့်ဆိုးများကို မဖယ်ရှားနိုင်ကြပေ။ ကွန်ပျူတာ ဂိမ်းများသည် မည်သည့်အရာမျိုးများ ပါဝင်ကြသနည်း။ ၎င်းတို့တွင် ကြမ်းကြုတ်သော အရာများစွာ ပါဝင်သည်။ ဂိမ်းကစားခြင်း- ယင်းမှာ နတ်ဆိုးများ၏ နယ်ပယ်ဖြစ်သည်။ အများစုအတွက်၊ ဤဂိမ်းများကို အချိန်ကြာမြင့်စွာ ၎င်းတို့ ကစားသည့်အခါ၊ တကယ့် အလုပ်တစ်ခုတစ်လေကိုမျှ ၎င်းတို့ မလုပ်နိုင်တော့ချေ- ကျောင်း သို့မဟုတ် အလုပ်ကို ၎င်းတို့ မသွားချင်ကြတော့ပေ၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို မစဉ်းစားချင်ကြတော့ချေ၊ ၎င်းတို့၏ ဘဝများကို သာ၍ပင် မစဉ်းစားကြပေ။ ယခု မည်သည့် အရာများက လောကထဲရှိ လူငယ်အများစု၏ အတွေးများနှင့် ဝိညာဉ်များကို နေရာယူထားသနည်း။ စားခြင်း၊ သောက်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ ဖြစ်သည်။ ၎င်းတို့ ပြောသမျှနှင့် တွေးသမျှတိုင်းက လူမဆန်ချေ။ ၎င်းတို့ တွေးသည့်အရာများကို ဖော်ပြဖို့ “ညစ်ပတ်သည်” သို့မဟုတ် “ဆိုးယုတ်သည်” ဆိုသည့် စကားလုံးများကိုပင် အသုံးပြု၍ မရနိုင်။ ၎င်းတို့ထဲမှ များစွာတို့သည် လူမဆန်သော အရာများဖြစ်ကြသည်။ သာမန် လူ့သဘာဝ ကိစ္စရပ်တစ်ခုအကြောင်း ၎င်းတို့နှင့် သင် ဆွေးနွေးပါက သို့မဟုတ် သာမန်လူ့သဘာဝနှင့်ဆိုင်သော အကြောင်းအရာ တစ်ခုအကြောင်း ၎င်းတို့နှင့်အတူ သင် ဆွေးနွေးပါက၊ ထိုအကြောင်း ၎င်းတို့ မကြားနိုင်ကြ၊ စိတ်မဝင်စားကြသကဲ့သို့၊ ယင်းကို ကြားလိုစိတ်လည်း မရှိဘဲ၊ ကြားသည်နှင့်တစ်ပြိုင်နက် မျက်စောင်းထိုးပြီး မညှာမတာ သဘောထားကြလေသည်။ ၎င်းတို့သည် သာမန် လူသားမျိုးနွယ်နှင့် တူညီသည့် ဘာသာစကား သို့မဟုတ် အကြောင်းအရာများ မရှိကြဘဲ၊ သူတို့ကဲ့သို့သော အခြားလူများနှင့်ရှိသည့်အခါ၊ ပြောစရာ စကား ရှိကြသည်။ ၎င်းတို့ ဆွေးနွေးသည့် အကြောင်းအရာ အများစုမှာ ဂိမ်းကစားခြင်းများ၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ရွှင်ခြင်း အကြောင်းများ ဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးသောသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ၌ ဤအရာများဖြင့် ပြည့်နေကြ၏၊ ထို့ကြောင့် မည်သည့် အနာဂတ် အလားအလာများ ၎င်းတို့တွင် ရှိကြသနည်း။ အနာဂတ် အလားအလာများ တစ်ခုတစ်လေ ၎င်းတို့တွင် ရှိကြသလော။...သာမန် လူသားမျိုးနွယ်တို့ ပါဝင်သင့်သည့် လှုပ်ရှားသွားလာမှုများတွင် ၎င်းတို့ ပါဝင်နိုင်သလော။ ဤလူတို့သည် မိမိတို့၏ လေ့လာမှုများကို ကောင်းကောင်း မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ အလုပ်တစ်ခု လုပ်ရာတွင် ၎င်းတို့ကို အားထုတ်ကြိုးပမ်းစေပါက၊ ဤအရာကို ၎င်းတို့ လုပ်ဆောင်ဖို့ လိုလားသလော။ ၎င်းတို့ကို သင် အလုပ်တစ်ခု လုပ်စေသည့်အခါ၊ ၎င်းတို့ မည်သို့တွေးသနည်း။ ၎င်းတို့က၊ “အလုပ်လုပ်ရာတွင် မည်သည့်အဓိပ္ပါယ် ရှိသနည်း။ ဤအလုပ်သည် အလွန် ပင်ပန်းလှ၏။ ဤအလုပ်ကို မည်မျှကြာကြာ ကျွန်ုပ် လုပ်ဆောင်ရမည်နည်း။ ဂိမ်းကစားခြင်းက များစွာ ပို၍ပျော်စရာကောင်းသည်၊ ပိုသက်သောင့်သက်သာရှိပြီး မွေ့လျော်ဖွယ်ဖြစ်သည်။ အလုပ်လုပ်ရာမှ ကျွန်ုပ် မည်သည့်အရာရမည်နည်း။ သင် အလုပ်လုပ်သော်လည်း တစ်နေ့ အစာသုံးကြိမ် စားရဆဲဖြစ်သည်။ မည်သည့်နေရာတွင်မျှ သင် အဆင်ပြေသည်ကို ကျွန်ုပ် မတွေ့ရ။ ဂိမ်းကစားခြင်းက အလွန်ကောင်း၏။ ကွန်ပျူတာရှေ့ ကျွန်ုပ် ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်လိုအပ်သည့်အရာတိုင်း ကျွန်ုပ်တွင် ရှိ၏။ ကျွန်ုပ်တွင် ပုံတူလောကတစ်ခုရှိပြီး ထိုပုံတူလောကထဲတွင် အသက်ရှင်ရခြင်းက ကျွန်ုပ်အတွက် လုံလောက်သည်”ဟု တွေးကြသည်။ ၎င်းတို့ကို အလုပ်သို့ အချိန်မီ ရောက်စေပြီး သတ်မှတ်ထားသည့် နာရီများဖြင့် လုပ်စေလျက် ၉ နာရီမှ ၅ နာရီအထိ သင် အလုပ်လုပ်စေပါက- ယင်းနှင့်ပတ်သက်၍ ၎င်းတို့ အဘယ်သို့ ခံစားရသနည်း။ ထိုအချိန်များအတိုင်း အလုပ်လုပ်ဖို့ရန် ၎င်းတို့ လိုလားသလော။ လူများသည် ဂိမ်းများကို မပြတ် ကစားပြီး ကွန်ပျူတာပေါ်တွင် အချိန်ဖြုန်းသည့်အခါ၊ ၎င်းတို့၏ စိတ်ဆန္ဒ ကွယ်ပျောက်ကာ ၎င်းတို့သည် အကျင့်စာရိတ္တ ပျက်ပြားလာကြသည်။ သာမန်လူ့သဘာဝ ကင်းမဲ့ကြသည်။ ဤဂိမ်းများထဲမှ ကြမ်းကြုတ်မှုနှင့် အသတ်အဖြတ်များဖြင့်လည်းကောင်း၊ ပုံတူလောက၏ အရာများဖြင့်လည်းကောင်း ၎င်းတို့ ပြည့်လာကြလေသည်။ သာမန်လူ့သဘာဝနှင့်ဆိုင်သော အရာများသည် ထိုဂိမ်းများအားဖြင့် ၎င်းတို့ထံမှ ဖယ်ရှားခြင်းခံရပြီး၊ ထိုဂိမ်းများက ဖြည့်လိုက်ကာ နေရာယူခြင်းကို ခံလိုက်ရသည်၊ ၎င်းတို့၏အတွေးများကို ထိုဂိမ်းများက နေရာယူသွားကြသည်။ ဤလူများသည် အကျင့်စာရိတ္တ ပျက်ပြားလာကြလေသည်။ မယုံကြည်သူများသည် ဤလူများကိုလည်း မနှစ်သက်ပေ၊ သို့သော် မယုံကြည်သူများ၏ လတ်တလော လောကထဲတွင်၊ ဤလူငယ်များသည် လှည့်စရာ နေရာမရှိပေ။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မစီမံနိုင်၊ ၎င်းတို့၏ ဆရာများက ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ ဤရေပန်းစားမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတစ်လေ၏ ပညာရေးစနစ်က ယင်းကို မလွန်ဆန်နိုင်ဆိုသည်ထက် လုပ်ဆောင်နိုင်သောအရာ မည်သည့်အရာမျှ မရှိပေ။ နတ်ဆိုး စာတန်သည် လူတို့ကို သွေးဆောင်ဖို့၊ ၎င်းတို့ကို ဆုတ်ယုတ်စေဖို့ရန် ဤအရာများကို အသုံးပြုလေသည်။ ပုံတူ လောကထဲ အသက်ရှင်သူတို့အတွက်၊ သာမန် လူ့သဘာဝနှင့်ဆိုင်သော ဘဝနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ ၎င်းတို့ မည်သို့မျှ စိတ်မဝင်စားကြချေ။ ၎င်းတို့သည် အလုပ်လုပ်လိုစိတ် သို့မဟုတ် လေ့လာသင်ယူလိုစိတ်ကို မရှိကြ။ တစ်စုံတစ်ရာအားဖြင့် ၎င်းတို့ သွေးဆောင် ဖြားယောင်းခံရသည့်အလား၊ ပုံတူလောကထဲသို့ သွားခြင်းသည်သာ ၎င်းတို့၏ တစ်ခုတည်းသော စိတ်ဝင်စားမှု ဖြစ်လေသည်။ ၎င်းတို့ ငြီးငွေ့သည့် တစ်ခဏ သို့မဟုတ် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုခုကို ၎င်းတို့ လုပ်ဆောင်နေသည့်အချိန်အတွင်းတွင်၊ ယင်းအစား ဂိမ်းများကို ၎င်းတို့ ကစားချင်ကြပြီး ဂိမ်းများ ကစားခြင်းက တဖြည်းဖြည်း ၎င်းတို့၏ ဘဝလုံးလုံး ဖြစ်လာလေသည်။ ဂိမ်းများ ကစားခြင်းသည် ဆေးတစ်မျိုးကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက ယင်းကို စွဲသွားသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှ ထွက်သွားဖို့နှင့် ယင်းကို ဖြတ်ဖို့ အလွန်ခက်ခဲလာလေသည်။ ထို့ကြောင့် လူငယ်များဖြစ်စေ အသက်ပိုကြီးသော လူများဖြစ်စေ၊ ဤအကျင့်ဆိုးကို ၎င်းတို့ ရသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ဖြတ်ဖို့ ခက်ခဲလာကြလေသည်။ အချို့ကလေးများက တစ်ညလုံး မအိပ်ဘဲ ဂိမ်းကစားကြပြီး ၎င်းတို့၏ မိဘများသည် ၎င်းတို့ကို မထိန်းချုပ်သကဲ့သို့ မစောင့်ကြပ်သဖြင့် ကလေးများသည် ကွန်ပြူတာရှေ့တွင် မိမိတို့ကိုယ်ကို သေသည်အထိ ဂိမ်းကစားခြင်းဖြင့် အဆုံးသတ်ကြသည်။ ယင်းသည် သာမန်လူများ လုပ်သင့်သည့် အရာတစ်ခု ဖြစ်သည်ဟု သင်ပြောမည်လော။ ဂိမ်းကစားခြင်းသည် လူများ၏ သာမန်လူ့သဘာဝအတွက် လိုအပ်ပါက- ယင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ပါက- လူတို့က အဘယ်သို့ ၎င်းတို့ကို မဖြတ်နိုင်ရသနည်း။ လူတို့သည် အဘယ်ကြောင့် ထိုအတိုင်းအတာအထိ ယင်းတို့၏ ညှို့ယူဖမ်းစား ခံနိုင်ရသနည်း။ ဤအရာက သက်သေပြသည့်အရာ တစ်ခုမှာ ယင်းသည် ကောင်းမွန်သော လမ်းကြောင်း မဟုတ်ပေ။ ဟိုဟိုသည်သည်အတွက် အွန်လိုင်းပေါ် လျှောက်ကြည့်ခြင်း၊ မကောင်းမွန်သည့် အရာများကို ကြည့်ခြင်းနှင့် ဂိမ်းများ ကစားခြင်း- ဤအရာများသည် လူများကို ကျော့မိစေပြီး နာကျင်စေနိုင်ရုံသာရှိသည်။ ဤအရာထဲမှ မည်သည့်အရာမျှ လျှောက်ဖို့ ကောင်းသည့် လမ်းကြောင်း မဟုတ်။ ဤအရာများသည် မှန်ကန်သည့် လမ်းကြောင်းများ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

လူများသည် ယနေ့ လူ့အဖွဲ့အစည်းတွင် မကြာခဏ စုံစမ်းသွေးဆောင်ခြင်း ခံရသလော။ ၎င်းတို့သည် အချိန်တိုင်း စုံစမ်းသွေးဆောင်ခြင်း ခံကြရသည်။ ဆိုးယုတ်သော ရေပန်းစားမှုမျိုးစုံ၊ ဆိုရိုးမျိုးစုံ၊ အမြင်ရှုထောင့်များနှင့် အကြံဉာဏ်မျိုးစုံ၊ လူအမျိုးမျိုး၏ လှည့်စားမှု အမြောက်အမြားနှင့် ဖြားယောင်းသွေးဆောင်မှုများ၊ ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော မျက်နှာများ- ဤသည်တို့ အားလုံးက သင့်ကို စုံစမ်းသွေးဆောင်သည်။ သင်သည် သမ္မာတရားအချို့ဖြင့် သင့်ကိုယ်သင် အတွင်း၌ မပြင်ဆင်ထားဘဲ၊ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပါက၊ သင်သည် ဤအရာများကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်ဘဲ၊ တစ်ခုချင်းစီသည် သင့်အတွက် ကြိုလင့်နေသော ဘေးရန်တစ်ခု၊ စုံစမ်းသွေးဆောင်မှု တစ်ခုဖြစ်လိမ့်မည်။ တစ်ဖက်တွင် သင်သည် သမ္မာတရားကင်းမဲ့သောကြောင့် လူအမျိုးမျိုး၏ စာတန်ဆန်သော မျက်နှာများကို သင်မရိပ်စားမိနိုင်ဘဲ၊ ယင်းတို့ကို အောင်မြင် ကျော်လွှားနိုင်ခြင်း မရှိပေ။ အခြားတစ်ဖက်တွင်၊ သမ္မာတရား စစ်မှန်မှု မရှိဘဲ၊ သင်သည် ဆိုးယုတ်သော အလားအလာ၊ ဆိုးညစ်သော အမြင်ရှုထောင့်နှင့် အဓိပ္ပာယ်မရှိသော အကြံဉာဏ်နှင့် ဆိုရိုးမျိုးစုံကို ခုခံနိုင်စွမ်းမရှိပေ။ ဤအရာများက သင့်အပေါ် ကျရောက်သည့်အခါ၊ ၎င်းတို့သည် ဗြုန်းခနဲ ခဏအေးလာခြင်းကဲ့သို့၊ သင့်ကို အနည်းဆုံးအဆင့် အအေးမိစေပြီး အဆိုးဆုံးအနေဖြင့် လေဖြန်းခြင်းက ဖြစ်သည်။ သင်သည် လေဖြန်းသည့်အခါ၊ သေဆုံးဖို့ ဖြစ်နိုင်ချေရှိသည်၊ ပြီးလျှင် သင်သည် သင်၏ ယုံကြည်မှုကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်သည်။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သည့်အခါ၊ မယုံကြည်သူများ၏ လောကရှိ စာတန်ဆန်သော ဆိုရိုးစကား အနည်းငယ်က သင့်ကို လှည့်စားလိမ့်မည်၊ ပြီးလျှင် သင့်ကို မရှင်းမလင်း ဖြစ်သွားစေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သင့်သည် မယုံကြည်သင့်သည်ကို သင်သိမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်မမှန်ကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ ယနေ့ စုဝေးခြင်းတွင် သင်သည် အခြေအနေကောင်းတစ်ခုတွင် ရှိကောင်း ရှိနေနိုင်သော်လည်း၊ မနက်ဖြန် သင်အိမ်ပြန်သည့်အခါ၊ ရုပ်မြင်သံကြားပေါ်တွင် ချစ်ရေးချစ်ရာ ရုပ်သံဇာတ်လမ်းတွဲတစ်ခု၏ ဇာတ်လမ်းတွဲ နှစ်ခုကို ကြည့်ပြီး၊ ထို့နောက်တွင် သင်သည် အလွန် စွဲလမ်းစိတ်ဝင်စားနေသည်။ ညနေပိုင်းတွင် သင်သည် အိပ်ရာဝင်သွားပြီး ဆုတောင်းဖို့ မေ့နေသည်၊ ပြီးလျှင် သင်၏စိတ်ထဲတွင် တွေးသမျှမှာ နောက်ထပ် ဇာတ်ခန်းတစ်ခန်းပြမည့်အချိန် အကြောင်းသာ ဖြစ်သည်၊ ထို့နောက်တွင် သင်သည် ယင်းကို ဆက်လက် ကြည့်ရှုသည်။ ဤရုပ်ရှင်ဇာတ်လမ်းတွဲကို ကြည့်ခြင်း နှစ်ရက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲမှ ကွယ်ပျောက် သွားသည်။ သင်သည် ရုပ်သံဇာတ်လမ်းတွင် လုံးလုံး နစ်မြှုပ်လာပြီးဖြစ်ကာ၊ သင့်ဘာသာသင် “ကျွန်ုပ်၏ ကိုယ်ပိုင် စိတ်ပြင်းပြသည့် အချစ်ရေးရာကို မည်သည့်အချိန်တွင် ရရှိမည်နည်း။ ယင်းက ကျွန်ုပ်၏ အသက်တာကို အကျိုးရှိစေလိမ့်မည်။” ဟု တွေးသည်။ ရုပ်သံဇာတ်လမ်း ဇာတ်ခန်းနှစ်ခန်းက သင်၏ ရှုထောင့်ကို ပြောင်းလဲနိုင်ပါက၊ သင်၌ ဝိညာဉ်ရင့်ကျက်မှု တစ်ခုတစ်လေ ရှိသလော။ သင်သည် စာတန်၏ ဆိုရိုးများကို လက်ခံယုံကြည်ဖို့ အလွန်လျင်မြန်လှသည်။ ဤဆိုးယုတ်သော အလားအလာများကို ခုခံဖို့ ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု သင်ထင်သလော။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို ဖန်လုံအိမ်တစ်ခုထဲ၌ ထားရှိပြီးဖြစ်သည်။ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် မည်သည့်အရာဖြစ်သည်ကို သင်မမေ့နှင့်။ သင်သည် လေဒဏ်မိုးဒဏ် မခံနိုင်သည့် ဖန်လုံအိမ်တစ်ခုရှိ ပန်းတစ်ပွင့်ဖြစ်သည်။ လူများက ဤစုံစမ်းသွေးဆောင်ခြင်းများကို ကြံ့ကြံ့မခံနိုင်ပါက၊ ယင်းတို့၏ အရှိကို အရှိအတိုင်း ၎င်းတို့က မမြင်နိုင်ပါက၊ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး စာတန်၏ ဖမ်းယူခြင်းကို ခံရနိုင်သည်- ယင်းမှာ လူများ၏ဝိညာဉ်ရင့်ကျက်မှုသည် မည်မျှ နုနယ်ပြီး မည်မျှသနားဖွယ်ဖြစ်သည့်ပုံစံ ဖြစ်သည်။ သင်သည် သမ္မာတရား စစ်မှန်မှု ကင်းမဲ့သောကြောင့်၊ သင်သည် သမ္မာတရားကို နားမလည်သောကြောင့်၊ စာတန်၏ ဆိုးရိုးများအားလုံးသည် သင့်အဖို့ အဆိပ်နှင့်တူသည်။ ယင်းက သင်၏နားများထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်၊ သင်သည် ယင်းကို ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။ သင်သည် ယင်းတို့ကို နားထောင်မည် မဟုတ်ဟု ပြောသော်လည်း၊ သင်နားမထောင်ဘဲ မည်သို့နေနိုင်မည်နည်း။ သင်သည် လေဟာနယ် ထဲတွင် နေသလော။ သင်သည် ယင်းကို ကြားသည့်အခါ၊ ခုခံနိုင်ခြင်း မရှိပေ၊ သင်သည် ယင်းကို ကြံ့ကြံ့ခံဖို့ အင်အားမရှိဘဲ၊ ယင်းထဲသို့ ဖြည်းဖြည်းချင်း နစ်မြှုပ်သွားသည်။ ဤအရာများက သင်၏ အသက်တာ၊ အတွေးအခေါ်များနှင့် သင်၏ အပြုအမူတို့ကို ထိန်းချုပ်နိုင်သည်။ ယင်းတို့သည် သင်၏အရာအားလုံးကို ထိန်းချုပ်နိုင်သည်၊ ယင်းတို့သည် သင်၏တစ်ဘဝလုံးကို ညွှန်ကြားနိုင်သည်၊ ပြီးလျှင် သင့်အား ဘုရားသခင် ရှေ့မှောက်သို့ လာခြင်းကိုပင် တားဆီးနိုင်သည်- ထိုအခြေအနေတွင် သင့်အတွက် ပွဲသိမ်းသွားပြီ ဖြစ်ကာ၊ သင်သည် ဘေးသို့ ဖယ်ရှားခြင်းခံရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

စုံစမ်းသွေးဆောင်ခြင်းကို ရှောင်ရှားဖို့ ဆန္ဒရှိပါက မပါဝင်မပတ်သက်သင့်သည့် အခြေအနေအချို့နှင့် မဆက်သွယ်သင့်သည့် လူအချို့ ရှိသည်ဟု အဘယ့်ကြောင့် ဆိုသနည်း။ ယောဘကို ဥပမာကြည့်လော့။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည်။ ဤသည်မှာ သူပိုင်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုးနှင့် စစ်မှန်မှုမျိုး ဖြစ်သောကြောင့် သူသည် မည်သည့်စုံစမ်းသွေးဆောင်ခြင်းထဲ ကျရောက်ခြင်းကိုမျှ မကြောက်သင့်ခဲ့ပေ။ သူသည် စားသောက်ပွဲ အနည်းငယ်ကို တက်ရောက်ခဲ့ဖူးသည်ဆိုလျှင်ပင် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားသည့် မည်သည့်အရာကိုမျှ အလွယ်တကူ မပြောခဲ့နိုင်၊ သို့မဟုတ် မလုပ်ဆောင်ခဲ့နိုင်ပေ။ သို့ဆိုလျှင် ယောဘသည် အဘယ့်ကြောင့် ထိုစားသောက်ပွဲတို့ကို မတက်ရောက်ခဲ့သနည်း။ သူ့ကိုယ်သူ ဘုရားသခင်၏ ကွယ်ကာမှုအောက် ရောက်စေဖို့၊ အပြစ်ကျူးလွန်ခြင်းမှ ရှောင်ရှားဖို့နှင့် ဘုရားသခင်ကို ဒေါသမထွက်စေဖို့ အသေအချာ လုပ်ဆောင်ပြီး နည်းစနစ်များကို ခံယူကျင့်သုံးလျက် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာ မကောင်းသောအကျင့်ကို ရှောင်ကြဉ်သည်။ သူ၌ လူ့လုပ်ပုံလုပ်နည်း အနည်းငယ် ရှိခဲ့သည်။ အချို့သော အခြေအနေများတွင် လူကိုယ်တိုင်က သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထိန်းချုပ်နိုင်ခြင်း မရှိချေ၊ ထိုအခြေအနေမျိုးများသည် စုံစမ်းသွေးဆောင်ခြင်းက တစ်စုံတစ်ယောက်အတွက် ခုခံရန် အလွန် ကြီးမားလွန်းသည့်နေရာ အတိအကျ ဖြစ်လေသည်။ လူများသည် အချိန်မရွေး၊ နေရာမရွေး အပြစ်ကျူးလွန်နိုင်စွမ်းနှင့် ဘုရားသခင်ကို ဒေါသထွက်စေနိုင်စွမ်း ရှိကြသည်။ တစ်နည်းဆိုရလျှင် မဖြစ်စလောက် ဘုရားသခင်ကို ကြောက်သည့် သင်၏ ဤနှလုံးသား၊ ဘုရားသခင်၌ သင်၏ မဖြစ်စလောက် ယုံကြည်မှုနှင့် သင်၏ မဖြစ်စလောက် သန္နိဋ္ဌာန်တို့က သင့်ကို စုံစမ်းသွေးဆောင်ခြင်းမှ မဖယ်ရှားနိုင်သကဲ့သို့ ယင်းတို့က သင့်အား စုံစမ်းသွေးဆောင်ခြင်းအလယ်တွင် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခြင်းမှ မတားဆီးနိုင်ပေ။ ထို့ကြောင့် သင်ပါဝင်ပတ်သက်၍ မဖြစ်သည့် အခြေအနေအချို့ ရှိပြီး ဤနည်းဖြင့် သင်သည် စုံစမ်းသွေးဆောင်ခံရခြင်းမှ လွတ်ကင်းလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်” မှ

သင်၏စိတ်နှလုံးကို ဘုရားသခင်ထံမှ ဝေးရာသို့ ခေါ်ဆောင်သွားမည့် အရာတစ်ခုခုကို ပြုလုပ်ခြင်းမှ ရှောင်ရှားရန် သင်ကြိုးစားသင့်သည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံမှ ဝေးရာသို့ ခေါ်ဆောင်သွားမည့် အရာတစ်ခုခုကို ပြောဆိုခြင်းမှ သင်ရှောင်ကြဉ်သင့်သည်။ သင်နှင့် ဘုရားသခင်အကြား ဝေးကွာစေမည့်၊ သို့မဟုတ် သင့်ထံ၌ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ ဖြစ်ပေါ်စေနိုင်ပြီး သူ့အပေါ် သံသယဝင်စေနိုင်သည့် အရာတစ်ခုခုကို ဖတ်ခြင်း၊ သို့မဟုတ် ကြည့်ခြင်းမှ သင်စောင့်ထိန်းသင့်သည်။ သင့်အား အပျက်သဘော ဆောင်စေနိုင်ကာ ကိုယ်ကျင့်တရားပျက်ပြားခြင်းသို့ ကျရောက်စေနိုင်သည့်သူ၊ သို့မဟုတ် သင့်အား မိမိစိတ်အလိုသို့ လိုက်စေနိုင်ပြီးလျှင် ဘုရားသခင်အပေါ် သံသယဝင်စေနိုင်သည့်သူ၊ သို့မဟုတ် သူ့ကို အတိုက်အခံပြုစေနိုင်သည့်သူ၊ သို့တည်းမဟုတ် သင့်ကို ဘုရားသခင်ထံမှ ကင်းကွာစေနိုင်သည့်သူတစ်ဦးဦးနှင့် ပေါင်းသင်းဆက်ဆံခြင်းကို ရှောင်ကြဉ်ပြီး ဝေးဝေးနေသင့်သည်။ သင့်ကို တည်ဆောက်ပေးနိုင်သော၊ ကူညီနိုင်သော၊ ကြည့်ရှုစောင့်ရှောက်နိုင်သော လူတို့နှင့် မိမိကိုယ်ကို သင်ဝန်းရံထားသင့်သည်။ ထို့ပြင် သင့်အား သမ္မာတရားကို မနှစ်သက်စေနိုင်မည့်၊ သို့မဟုတ် မုန်းတီးပြီး ပစ်ပယ်စေနိုင်မည့်၊ သို့မဟုတ် သဘောမကျစေနိုင်မည့် အရာတစ်ခုခုကို ပြုလုပ်ခြင်းမှ သင်ရှောင်ကြဉ်သင့်သည်။ သင်သည် အတွင်းစိတ်ထဲ၌ ဤအရာများအားလုံးကို နားလည်ထားရမည်။ “ဘဝကို တစ်ရက်ချင်းစီသာ အသက်ရှင်သွားမည်ဖြစ်ပြီး ဘဝက ခေါ်ဆောင်သော မည်သည့်နေရာကိုမဆို ကျွန်ုပ်သွားမည်။ ဖြစ်သမျှအကြောင်း အကောင်းဟုသာ သဘောထားပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနောက်သို့သာ ကျွန်ုပ်လိုက်မည်” ဟု ဆိုကာ ဘဝကို မိုက်မိုက်ကန်းကန်း သင်မဖြတ်သန်းသင့်ပေ။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို စီမံပေးထားပြီး ရွေးချယ်မှုများပြုလုပ်ရန် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို သင့်အား ပေးထားသော်လည်း သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ လောကီကမ္ဘာကို ချစ်သောသူ၊ ဇာတိပကတိ၌ မကြာခဏ မွေ့လျော်သောသူ၊ မိမိ၏တာဝန်၌ သစ္စာစောင့်သိခြင်း မရှိသည့်အပြင် တာဝန်ယူမှု မရှိသောလူတို့ကို သင်သည် အမြဲတမ်း တက်ကြွစွာ ဆက်သွယ်နေသည်။ အကယ်၍ သင်သည် ထိုလူတို့နှင့် အစဉ်အမြဲ နန့်ကြောဆွဲနေလျှင် နောက်ဆုံးရလဒ်က ဘာဖြစ်မည်နည်း။ သင်သည် မည်သို့အဆုံးသတ်သွားမည်နည်း။ ထိုလူစုက သူတို့ကိုယ်သူတို့ မည်သို့အလှဆင်ကြပုံနှင့် သူတို့စားချင်သည့်အရာ၊ ဝတ်ချင်သည့်အရာအပြင် သူတို့ကြိုက်သည့် အခြားအရာများအကြောင်းကိုလည်းကောင်း၊ လူတို့ကြားက ပဋိပက္ခများနှင့် ခိုက်ရန်ဖြစ်ခြင်းများအကြောင်းကိုလည်းကောင်း အလဟဿ ပြောတတ်ကြသည်။ ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို သင်ကြုံတွေ့သောအခါ မိမိကိုယ်ကို ကင်းအောင်နေခြင်း၊ သို့မဟုတ် ထိုသူတို့ကို ကြိုးစား၍ရှောင်ရှားခြင်း ပြုမည့်အစား ပို၍နီးကပ်ရန်နှင့် သူတို့အုပ်စုထဲတွင် ပါဝင်ရန် ကြိုးစားပါက သင်သည် အန္တရာယ်ရှိနေပြီဖြစ်သည်။ ဤအရာအားလုံးတို့မှာ စုံစမ်းသွေးဆောင်ခြင်းများနှင့် အတိပြီးလေသည်တကား။ ဉာဏ်ပညာရှိသော လူတစ်ဦးက ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများကို ကြုံတွေ့သောအခါ သူသည် “ငါ၌ ထိုကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှုမျိုး မရှိ၊ ထို့ကြောင့် ငါနားထောင်မည် မဟုတ်သည့်အပြင် ပါလည်းမပါဝင်လို။ ဤလူတို့က သမ္မာတရားကို လိုက်စားခြင်းလည်းမရှိ၊ ချစ်လည်းမချစ်ကြ၊ ထို့ကြောင့် သူတို့ထံမှ ငါဝေးဝေးနေတော့မည်၊ တစ်ကိုယ်တည်းထိုင်ရန် တိတ်ဆိတ်သော နေရာတစ်ခုကိုရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်တော့မည်၊ စိတ်ငြိမ်အောင်ထားပြီး ထိုနှုတ်ကပတ်တော်များကို အချိန်ယူဆင်ခြင်လျက် ဘုရားသခင်၏ရှေ့မှောက်သို့ ဝင်လာတော့မည်” ဟု စဉ်းစားကာ ထိုသူတို့နှင့် ကင်းအောင်နေသည်။ ဤအခြေခံသဘောတရားများနှင့် ရည်မှန်းချက်များ အားလုံးမှာ― ပထမအနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မိမိကိုယ်ကို မကင်းကွာစေနှင့်၊ ပြီးလျှင် ဒုတိယအနေဖြင့်၊ သင်၏စိတ်နှလုံးကို ဘုရားသခင်နှင့်ဝေးရာသို့ လမ်းလွဲခွင့်မပေးနှင့် ဟူ၍ဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ဟူသော သင်၏သိနားလည်ခြင်းအပေါ် အခြေခံ၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်လိမ့်မည်။ တစ်ဖက်တွင် သူသည် သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ကာကွယ်ပေးမည်ဖြစ်ကာ တစ်ဖက်တွင်လည်း သူသည် အထူးကြင်နာစိတ်ဖြင့် သင့်ကို ဆက်ဆံကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အဘယ်အရာလုပ်ရမည်ကို နားလည်ခွင့်ပေးပြီး သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ပတ်သက်၍ အလင်းပေးခြင်းနှင့် ဉာဏ်ပွင့်ခြင်းကို ပေးမည်ဖြစ်သည်။ ထိုမျှမက သင်၏တာဝန်ကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်လာလျှင် အမှားမလုပ်မိဖို့ သင်အစွမ်းကုန်ကြိုးစားနိုင်ရန်နှင့် မကြာခဏပင် အမှုအရာများကို မှန်မှန်ကန်ကန် လုပ်နိုင်စေရန်အပြင် အခြေခံသဘောတရားများကို သင်နားလည်နိုင်ရန် ဘုရားသခင်က သင့်ကို လမ်းပြမည်ဖြစ်သည်။ သို့ဖြစ်၍ သင်သည် အကာအကွယ်ရရှိမည် ဖြစ်သည်၊ ဟုတ်သည် မဟုတ်သလော။ အကာအကွယ်ရရှိခြင်းက အကြီးမားဆုံးသော၊ သို့မဟုတ် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် မဟုတ်သည်မှာ အမှန်ပင်။ သို့ဆိုလျှင် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင်က အဘယ်နည်း။ ယင်းမှာ အမျိုးမျိုးသော လူများ၊ အကြောင်းအရာများနှင့် အမှုအရာများမှ သင်ခန်းစာယူနိုင်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်းနှင့် သူပြဋ္ဌာန်းသည့် အခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ တိုးတက်မှုရပ်တန့်မည့်အစား သင်၏အသက်တာကို အပြုသဘောဆောင်သော လမ်းကြောင်း၌ အစဉ်မပြတ် ကြီးထွားလာစေခြင်းပင် ဖြစ်သည်။ ယင်းမှာ သင့်လက်ထဲကအလုပ်ကို အချောင်မခိုဘဲ လုပ်ဆောင်ရုံသာရှိပြီး သင့်အသက်တာထဲတွင် တိုးတက်မှုတစ်စုံတစ်ရာကို လုံးဝမရရှိသော အခြေအနေမျိုး မဟုတ်ပေ။ ဤသည်မှာ အသက်တာကြီးထွားမှုအတွက် လမ်းကြောင်းပင်ဖြစ်သည်။ သင်တို့တစ်ဦးဦးက ဤအရာများကို လုပ်ဆောင်ပြီးပြီလော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၁)” မှ

သင်သည် ယခုအခါ အသင်းတော်နှင့် ဤပတ်ဝန်းကျင်၌၌ သင်၏တာဝန်များကို ထမ်းဆောင်နေပြီး၊ သင့်အနီးအနားရှိ လူများအားလုံးသည် ယုံကြည်သူများဖြစ်ကြသည်၊ ပြီးလျှင် ဤနေရာတွင် သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်မှု၌ မြဲမြံနိုင်သည်။ သင့်ကို တစ်ဦးတည်းခေါ်ဆောင်သွားပြီး မယုံကြည်သူများ ကြားတွင် ထားကာ၊ ၎င်းတို့နှင့်နေစေပါက၊ သင်သည် သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိဆဲ ဖြစ်နိုင်မည်လော။ သင်၏စိတ်နှလုံးထဲတွင် မည်သည့်အရာ ရှိမည်နည်း။ သင်သည် ၎င်းတို့နှင့် အတူရှိပါက၊ သင်သည်လည်း ၎င်းတို့ကဲ့သို့ အလွန် လွယ်ကူစွာ အတိအကျ ဖြစ်လာမည် မဟုတ်သလော။ ထို့နောက်တွင် သင်က “စိတ်ပူစရာမလိုပေ။ ဘုရားသခင်သည် ကျွန်ုပ်ကို စောင့်ရှောက်ပြီး ကွယ်ကာသည်။” ဟု ပြောနိုင်သည်။ သို့ရာတွင် သင်သည် ခေါင်းမာပြီး ရေပန်းစားမှုများနောက်ကိုသာ လိုက်နေပြီး၊ ယင်းကို သတိမပြုမိပါက၊ သင်သည် သေးနုပ်သောအမှားတစ်ခုကို ပြုလုပ်မိမည် ဖြစ်ပြီး၊ “အို ဘုရားသခင်၊ ကျွန်ုပ်ကို ကျေးဇူးပြု၍ ခွင့်လွှတ်တော်မူပါ၊ ဤအမှားကို ကျွန်ုပ် ပြုမိပါသည်။” ဟု သင်ဘာသာသင် အလျင်အမြန် တွေးလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် မည်သည့် အပြစ်တင်ခြင်းမျှ ခံစားရမည် မဟုတ်ပေ- သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ- ပြီးလျှင် သင်သည် “ဘုရားသခင်လား။ ဘုရားသခင် ဘယ်မှာလဲ။ ကျွန်ုပ်သည် ဘုရားသခင်ကို အဘယ့်ကြောင့် မမြင်ဖူးသနည်း။” ဟု တွေးမိလိမ့်မည်။ သင်သည် နည်းနည်းချင်း ပြောင်းလဲလိမ့်မည်။ သင်သည် အလွန်လွယ်ကူစွာ အဘယ့်ကြောင့် ပြောင်းလဲမည်နည်း။ အမှန်တွင် ယင်းမှာ သင်သည် ထိုအချိန်၌သာ ပြောင်းလဲမည် မဟုတ်ပေ။ ယင်းက သင်သည် လတ်တလောတွင် မည်သည့် သမ္မာတရား စစ်မှန်မှုကိုမျှ မပိုင်ဆိုင်ဘဲ၊ လောက နှင့် စာတန်တို့နှင့် နှီးနွှယ်သည့် အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ စိတ်သဘောထားများနှင့် နားလည်မှုများကို သင့်ကိုယ်သင် မဖယ်ရှားရသေးခြင်း ဖြစ်သည်။ ဤအရာများသည် သင့်ထဲတွင် ရှိနေသေးပြီး သင်သည် ရှင်သန်ဖို့ ယင်းတို့ပေါ်ကို မှီခိုနေဆဲဖြစ်သည်။ ယင်းမှာ သင်သည် ယခု ဘုရားသခင်၏အိမ်တော်၌ ရှိနေသည်သာ ဖြစ်သည်။ အပြင်ပန်းမှ ယင်းက သင်သည် ဘုရားသခင်ကို ယုံကြည်နေပြီး သင်၏တာဝန်ကို ထမ်းဆောင်နေသည့်အလား ဖြစ်သော်လည်း၊ အမှန်တွင် သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ဖြေရှင်းရသေးခြင်း မရှိသကဲ့သို့၊ သင့်ထဲရှိ စာတန်ဆန်သော အမြင်ရှုထောင့်များနှင့် အတွေးအခေါ်များသည် မဖယ်ရှားရသေးပေး။ ထို့ကြောင့် သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်ပြီး သင်သည် အန္တရာယ်များသော အဆင့်တွင် ရှိနေသေးသည်။ သင်သည် အန္တရာယ်ရှိနေသေးပြီး မလုံခြုံသေးပေ။ သင်၌ စာတန်ဆန်သော စိတ်သဘောထားများ ရှိပြီး၊ သင်သည် ဘုရားသခင်ကို ခုခံနိုင်စွမ်းနှင့် သစ္စာဖောက်နိုင်စွမ်း ရှိသေးသည်။ ဤပြဿနာကို ဖြေရှင်းဖို့ မည်သည့်အရာများက ဆိုးယုတ်သည်၊ ယင်းတို့၏အန္တရာယ်များက မည်သည့် အရာဖြစ်သည်၊ စာတန်က ထိုသို့သော အရာများကို အဘယ့်ကြောင့် လုပ်ဆောင်သည်၊ ဤအရာများကို လူများ လက်ခံပြီးသည့်နောက် ၎င်းတို့သည် မည်သည့် အဆိပ်များကို ခံနိုင်ရည်မရှိသည်၊ ၎င်းတို့သည် မည်သည့်အရာသို့ ပြောင်းလဲနိုင်သည်၊ ဘုရားသခင်က လူသားကို မည်သည့်လူမျိုး ဖြစ်စေလိုသည်၊ မည်သည့်အရာများသည် သာမန်လူ့သဘာဝနှင့် သက်ဆိုင်သည်၊ မည်သည့်အရာများသည် အပြုသဘောဆောင်ပြီး မည်သည့်အရာများသည် အပျက်သဘောဆောင်သည်တို့ကို သင် ပထမဦးစွာ သတိပြုမိဖို့ လိုအပ်သည်။ အပျက်သဘောဆောင်သည့် ဘက်တွင် သင်သည် ဤအမှုအရာများကို သတိပြုမိသင့်သည်။ အပြုသဘောဆောင်သည့် ဘက်တွင် သင်သည် သင်၏တာဝန်ကို တက်ကြွစွာနှင့် အပြုသဘောဆောင်စွာ ဖြည့်ဆည်းရမည်၊ သင်၏ ရိုးသားမှုကို ပူဇော်ဆက်ကပ် ရမည်၊ သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်ရမည်၊ လှည့်ကွက်များကို မလုပ်ဆောင်ဘဲ၊ သင်၏တာဝန်နှင့် သင့်ကို ပေးအပ်သည့် လုပ်ငန်းတို့အဖို့ သင်၏ ချဉ်းကပ်ခြင်း၌ မယုံကြည်သူများ၏ နည်းလမ်းများ သို့မဟုတ် ဒဿနများ အသုံးမပြုရပေ။ ထို့နောက်တွင် သင်သည် သမ္မာတရား၏ ရှုထောင့်အားလုံးကို ဝင်ရောက်ရမည်ဖြစ်ပြီး ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့နှင့်သက်ဆိုင်သည့် နားလည်သဘောပေါက်မှုတစ်ခုကို ကြိုးပမ်းရရှိရမည်။ ထိုသို့ဖြင့် သင်သည် အတွင်းပိုင်း ပြောင်းလဲခြင်း တစ်ခုကို မရည်ရွယ်ဘဲ ကြုံတွေ့ရလိမ့်မည်။ သင့်အတွင်း၌ သာ၍များသော အပြုသဘောဆောင်သည့် အရာများ၊ သာ၍နည်းသော အပျက်သဘောဆောင်သည့်အရာများ နှင့် သာ၍ နည်းသော မတုန်မလှုပ်ဖြစ်သော အရာများ ရှိလိမ့်မည်။ ထို့အပြင် သင်သည် ယခင်ကထက် ထိုးထွင်းသိမြင်မှုကို သာ၍ ကျင့်သုံးနိုင်လိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤအတိုင်းအတာအထိ ကြီးထွားလာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် လူမျိုးစုံ၊ အရေးကိစ္စမျိုးစုံနှင့် လောကီ အမှုအရာမျိုးစုံတို့နှင့် ပတ်သက်ပါက ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာလိမ့်မည်၊ ထို့နောက်တွင် သင်သည် ပြဿနာတစ်ခု၏ အနှစ်သာရကို ရိပ်စားမိနိုင်မည်။ သင်သည် မယုံကြည်သူများ ပြုလုပ်ထားသည့် ကာတွန်းတစ်ခုကို ကြည့်သည် ဆိုပါစို့။ ယင်းကို ကြည့်သည့်သူများ အပေါ်သို့ မည်သည့် အဆိပ်မျိုးကို ယင်းက လက်ဆင့်ကမ်းသည်၊ မည်သည့်အရာများကို လူများထဲ၌ စာတန်က အခိုင်အမာတည် ထားလိုသည်နှင့် စာတန်သည် လူသားမျိုးနွယ်၏ မည်သည့်အရာကို ဤနည်းစနစ်နှင့် ရေပန်းစားမှုတို့၏ နည်းလမ်းအားဖြင့် တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးစေဖို့ မျှော်လင့်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်။ ဤအရာများကို သင်သည် တဖြည်းဖြည်းချင်း လုံးဝ ရိပ်စားမိနိုင်လိမ့်မည်။ သင်သည် အဆိပ်ခတ်ခြင်းမခံရဘဲ၊ ယင်းတို့ကို ကြည့်နိုင်ပြီး ယင်းတို့ကို သင်သည် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာပြီးဖြစ်ပါက၊ ထိုအခါမှသာ သင်သည် ဝိညာဉ်ရင့်ကျက်မှုကို စစ်မှန်စွာ ရရှိလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက်လိုက်ဖို့၊ အကျင့်ပျက်ခြင်းထဲသို့ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနောက်လိုက်ဖို့ လွယ်ကူပေသည်။ သမ္မာတရား စစ်မှန်မှုရှိသည့် သူတစ်ဦး၊ တရားမျှတသည့် အသိစိတ်၊ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ရှိသည့် သူတစ်ဦးဖြစ်ဖို့ ကြိုးစားရန်မှာ မလွယ်ကူသကဲ့သို့၊ ဤအရာကို စွမ်းဆောင်မရရှိမီ သင်သည် များစွာ ဆင်းရဲဒုက္ခခံဖို့ လိုအပ်လိမ့်မည်။ သို့သော် သင်သည် ထိုသို့ လုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ပြီး အပြုသဘောဆောင်သော အရာများကို နှစ်သက်ပါက၊ သင်သည် နှလုံးသားနှင့် စိတ်ဓာတ်နှစ်ခုလုံး ရှိပြီး၊ ရည်မွန်သော လူတစ်ဦးဖြစ်ပါက၊ ဤနာကျင်မှုကို ခံစားခြင်းသည် ထိုက်တန်သည်ဟု သင်ခံစားရလိမ့်မည်ဖြစ်ပြီး ယင်းကို သင် ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။ သင်သည် အပြုသဘောဆောင်သော အရာများကို မနှစ်သက်ဘဲ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် လောကီလူတို့ နှစ်သက်သည့် အရာများကို နှစ်သက်ပါက၊ သမ္မာတရားကို ရရှိခြင်းသည် သင့်အတွက် အတော်အတန် ခက်ခဲကောင်း ခက်ခဲလိမ့်မည်ဖြစ်ပြီး ဒုက္ခနှင့် မတန်ဟု တွေးရင်း ထိုသို့သော နာကျင်မှုကို ခံစားဖို့ လိုလားလျက် ရှိကောင်းရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် မည်သည့်အရာကိုမျှ၊ မည်သည့်ငွေမျှ၊ မည်သည့် ဆုလာဘ်မျှ၊ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ မျက်စိရှေ့ရှိ အကျိုးကျေးဇူးကို သင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မယုံကြည်သူများ၏ စိတ်အခြေအနေ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ မျက်စိရှေ့ရှိ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးကို အမြဲ မြင်လိုခြင်းသည် မယုံကြည်သူများ၏ စိတ်အခြေအနေ ဖြစ်သည်။ သင်သ‌ည် ထိုသို့သော အခြေအနေများတွင် အစဉ် ရှိသလော။ လူတို့သည် ထိုသို့သော အခြေအနေများတွင် အစဉ်ရှိပါက၊ ၎င်းတို့အနေဖြင့် ဤအခြေအနေများကို သုံးသပ်ဖို့နှင့် နားလည်ဖို့ သိရမည်ဖြစ်ပြီးနောက်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရင်း၊ ဘုရားသခင်၏ ဖော်ထုတ်ခံရခြင်းနှင့် စိတ်ဖြာလေ့လာခံရခြင်းတို့ကို လက်ခံရမည်။ ဤဆိုးယုတ်သော ခေတ်တွင်၊ ထိုသို့သော ဆိုးယုတ်သည့် ရေပန်းစားမှုများအကြားတွင် အသက်ရှင်ရင်း၊ လူကောင်းတစ်ဦး ဖြစ်ဖို့ မလွယ်ပေ။ တရားမျှတသော အသိစိတ်ရှိသည့် သူတစ်ဦးဖြစ်ဖို့သည်လည်း မလွယ်ကူသကဲ့သို့ သမ္မာတရား စစ်မှန်မှုရှိသည့် သူတစ်ဦး ဖြစ်ဖို့သည် သာ၍ပင် ခက်ခဲပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သည့် သူတစ်ဦးဖြစ်ဖို့ဆိုသည်မှာ သာ၍ပင် ခက်ခဲသည်။ ယင်းသည် နာကျင်မှုခံစားဖို့ လူတို့၏ စိတ်ဆုံးဖြတ်ချက်နှင့် အပြုသဘောဆောင်သော အရာများ၊ တရားမျှတမှု၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ၎င်းတို့ မည်သည့်အတိုင်းအတာထိ နှစ်သက်ကြသည် ဆိုသည်တို့အပေါ် မူတည်ပေသည်။ ဤအရာများကို သင်၏ စိတ်နှလုံးက နှစ်သက်သည့် အတိုင်းအတာသည် သာမန်ဖြစ်ပါက၊ သင်သည်၊ “ဤအရာများ ကျွန်ုပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆင်ပြေသည်။ လောကတွင် အသက်ရှင်ခြင်းဆိုသည်မှာ ကျွန်ုပ်သည့် ဘာပဲဖြစ်ဖြစ် သေဆုံးမည်ဟု မဆိုလိုပါ။ ထို့အပြင်၊ ဆိုးယုတ်သော ရေပန်းစားမှုများနောက် လိုက်ခြင်းသည် ကျွန်ုပ်၏ ဘဝကို မခက်ခဲစေပါ။ ဤနည်းဖြင့် အသက်ရှင်ခြင်းသည် အဆင်ပြေသည် မဟုတ်လော။ ကျွန်ုပ် မည်သို့မည်ပုံ အသက်ရှင်သည်ဖြစ်စေ၊ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် အသက်ရှင်လိမ့်ဦးမည်” ဟု တွေးလိမ့်မည်။ ဤသည်မှာ သင်၌ ရှိသည့် စိတ်နေစိတ်ထားမျိုး ဖြစ်ပါက၊ သင်သည် တိုးတက်ကောင်း တိုးတက်နိုင်မည် မဟုတ်။ ဆိုလိုသည်မှာ၊ သမ္မာတရားကို လိုက်စားဖို့ သင်၏ စိတ်ဆုံးဖြတ်ချက်သည် သိပ်အားမကောင်းသကဲ့သို့၊ အပြုသဘောဆောင်သောအရာများကို နှစ်သက်ရန်နှင့် တရားမျှတသည့် အသိစိတ်ရှိသော သူတစ်ဦးဖြစ်ဖို့ သင်၏ စိတ်အားထက်သန်ခြင်းသည်လည်း သိပ်အားမကောင်းပေ၊ ထို့ကြောင့် သမ္မာတရားကို သင် ရရှိလိမ့်မည်မဟုတ်သည်မှာ ဖြစ်နိုင်ပေသည်။ သို့သော် ယင်းကို မည်သူမျှ ရရှိနိုင်လိမ့်မည်မဟုတ်သည်မှာ မမှန်ပေ။ ယင်းသည် တစ်ဦးချင်းစီသည် ယင်းကို မည်သို့ လိုက်စားသည်ဆိုသည်အရာနှင့် ၎င်းတို့၏ စိတ်အားထက်သန်မှုတို့အပေါ် မူတည်ပေသည်။ သင်၏ စိတ်အားထက်သန်မှုသည် မည်မျှကြီးမားသနည်း။ ဤဆိုးယုတ်သော လောကနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်မျှ နက်ရှိုင်းသနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကျေးကျွန်ဘဝ၊ ချည်နှောင်မှုများနှင့် အန္တရာယ်တို့ကို သင် မည်မျှ နက်ရှိုင်းစွာ တွေ့ကြုံပြီးပြီနည်း။ အပြုသဘောဆောင်သော အရာများအတွက် သင်၏ ချစ်ခြင်းနှင့် တောင့်တခြင်းတို့ မည်မျှ ကြီးမားသနည်း။ သင်သည် အင်မတန် သေးငယ်သော စိတ်ဆန္ဒ၊ သင်တို့၏ စိတ်နှလုံးထဲတွင် တောင့်တခြင်း မြူမှုန်တစ်စက် ရှိ၏။ သို့သော် တောင့်တခြင်းသည် ချစ်ခြင်းနှင့် မတူသကဲ့သို့ ထိုသို့သော ချစ်ခြင်းသည် သင် စွမ်းဆောင်ရရှိနိုင်ရမည့်အရာ မဟုတ်ပေ။ ဤသည်မှာလည်း မလွယ်ကူပေ။ သင်သည် ဤအရာများကို လှိုက်လှိုက်လှဲလှဲ အမှန်တကယ် ချစ်ပြီး တောင့်တနိုင်ပါက၊ သမ္မာတရားကို သင် လိုက်စားသည်နှင့်အမျှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်ခံနိုင်ပြီး၊ သင်၏ ကိုယ်ကျိုးစီးပွားများကို စွန့်နိုင်ပါက၊ ဤဖြစ်စဉ်တစ်လျှောက်လုံးတွင်၊ ထိုသို့သော နာကျင်မှုကို သင်များစွာခံစားဖို့ သို့မဟုတ် ထိုသို့သော အဖိုးအခတစ်ခုကိုပေးဖို့ကို သင်သိပ်စိုးရိမ်လိမ့်မည် မဟုတ်ပေ။ အပြုသဘောဆောင်သော အရာများကို သင် ချစ်သည့် အတိုင်းအတာသည် သာမန်ဖြစ်ပါက၊ သင်သည် ဤအရာများကို စွန့်ပစ်ဖို့ ဖြစ်လာသည့်အခါ ဝမ်းပန်းတနည်း ခံစားရလိမ့်မည်။ ယင်းကို လုပ်ရက်လိမ့်မည် မဟုတ်ဘဲ၊ ယင်းတို့ကိုစွန့်ဖို့ အလွန်ခက်ခဲလိမ့်မည်။ ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်လော့၊ ယင်းမှာ သင့်အနေဖြင့် သုံးသပ်ချက်တစ်ခု ပြုလုပ်ဖို့ လိုအပ်၏။ မည်သည့်အရာနှင့် သက်ဆိုင်သည့် သုံးသပ်ချက်နည်း။ နည်းလမ်းတိုင်းဖြင့် သင် သိသာထင်ရှားစေပြီး ဖော်ပြသည့်အရာနှင့် ပတ်သက်၍၊ သင် ပြုမူပုံနှင့်ပတ်သက်၍၊ အပြုသဘောဆောင်သည့်အရာများကို သင် ရင်ဆိုင်ရသည့်အခါ သင်၏ စိတ်နှလုံးထဲတွင် စွဲကိုင်ထားသည့်အရာနှင့် ပတ်သက်၍၊ ယင်းတို့ကို သင် ချဉ်းကပ်ပုံနှင့် ပတ်သက်၍၊ သင်၌ ရှိသည့် သဘောထားမျိုးနှင့် ပတ်သက်၍၊ သင်၏စိတ်နှလုံး အာရုံစိုက်ခြင်း ရှိမရှိဆိုသည့်အရာနှင့် ပတ်သက်၍၊ ဆိုးယုတ်သော ရေပန်းစားမှုများ သို့မဟုတ် ဆိုးယုတ်သော အရာများကို လုပ်ဆောင်နေသည့် ဆိုးယုတ်သော လူတို့ကို ရင်ဆိုင်ရသည့်အခါ သင်၏ စိတ်နှလုံးတုံ့ပြန်ပုံနှင့် ပတ်သက်၍၊ ယင်းတို့ကို သင် ချဉ်းကပ်ပုံနှင့် ပတ်သက်၍၊ ယင်းတို့ကို သင် နှစ်သက်သည် မနှစ်သက်သည်၊ ယင်းတို့ကို သင် လိုအပ်သည့်အရာဖြည့်တင်းပေးပြီး ယင်းတို့ကို တောင့်တခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းတို့ထဲသို့ သင် ခြေစုံပစ်ဝင်ခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းတို့ကို သင် ဘေးဖယ်မထားနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းတို့ကို သင် မုန်းတီးစက်ဆုပ်ကာ ယင်းတို့ကို ရွံရှာခြင်းရှိမရှိ ဆိုသည်တို့နှင့် ပတ်သက်၍၊ သင် မည်သည့် လူစားမျိုးဖြစ်သည်ဆို သည်အရာနှင့် ပတ်သက်၍၊ ဤအရာတို့သည် သင်၏ သုံးသပ်ချက်က ထုတ်ဖော်ပြလိမ့်မည့် အရာများ ဖြစ်သည်။ ပြီးလျှင် ဤသုံးသပ်ချက်ကို သင် ပြုလုပ်ပြီးသည့်နောက် မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။ သင်သည် မိမိကိုယ်ကိုယ် ကုစားရမည်ဖြစ်ပြီး အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းနိုင်ရမည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

ယင်းသည် ပျော်ရွှင်မြူးထူးခြင်းနှင့် ခမ်းနားထည်ဝါခြင်း လောကတစ်ခုကဲ့သို့ သာ၍ သာ၍ ဖြစ်လာနေသည်။ လူတို့၏ စိတ်နှလုံးအားလုံးသည် ထိုအရာထံ ဆွဲဆောင်ခံရကာ များစွာသော လူတို့သည် ပိတ်မိနေကြပြီး ထိုအရာမှ သူတို့ကိုယ်သူတို့ မလွတ်မြောက်စေနိုင်ကြပေ။ လူမြောက်မြားစွာတို့သည် လှည့်စားမှုနှင့် မှော်အတတ်၌ ပါဝင်သောသူတို့၏ လှည့်ဖြားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် တိုးတက်ဖို့အတွက် မကြိုးပမ်းဘဲ၊ စံနမူနာများ မရှိသကဲ့သို့ မှန်ကန်သောလမ်းပေါ် မိမိကိုယ်ကိုယ် အမြစ်တွယ်မထားပါက၊ အပြစ်၏ လှိုင်းတံပိုးထခြင်းဖြင့် သင် ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလျက် လဲလျောင်းသော မြေဖြစ်သည်၊ ယင်းသည် ရုပ်တုများကို ကိုးကွယ်သောသူများနှင့် မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ဘုံကျောင်းများ အများဆုံးရှိကာ၊ ညစ်ညူးသော မကောင်းဆိုးရွားများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။ သင်သည် ထိုနေရာ၌ မွေးခဲ့၏၊ ထိုနေရာအားဖြင့် သင်သည် ပညာတတ်မြောက်ခဲ့ပြီး၊ ယင်း၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်ခဲ့သည်။ သင်သည် ယင်း၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်၊ သို့သော် နိုးထစေခြင်း ခံရပြီးနောက်တွင် သင်သည် ထိုအရာကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေဖြစ်ပြီး၊ ဤသည်မှာ အမှု၏ ဤအဆင့်က ကြီးမားသော အရေးပါမှုရှိသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် အမှုကို လုပ်ဆောင်ပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ၊ သူသည် သင်တို့ကို နောက်ဆုံးတွင် လုံးဝ ရယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် အမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်တို့သည် ဘုရားသခင်နှင့် စာတန် စစ်ပွဲ၏ “အောင်ပွဲလက်ရပစ္စည်းများ” ဖြစ်သည်။ သမ္မာတရားကို သင် သာ၍နားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပို၍ ကောင်းမွန်လေလေ၊ အဆင်းနီသော နဂါးကြီးသည် ရှုံးနိမ့်ရလေလေ ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စရပ်များဖြစ်သည်- ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်ပြီး၊ ဘုရားသခင် အောင်နိုင်သည့်အခါ စာတန်သည် အရှက်ရပြီး လဲကျလိမ့်မည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် ကြီးမားသော အရေးပါမှုရှိသည်။ သင်တို့အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ကြဖို့၊ သန့်ရှင်းသော မြေတွင် အသက်ရှင်နိုင်ကြဖို့၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ကြဖို့နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူစုကို လုံးဝ ကယ်တင်လေသည်။ ထို့နောက် သင်၏ အသက်တာအဖို့ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် မယုံကြည်သူများနှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်- ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို မွေ့လျော်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်” တို့ကိုသာ မွေ့လျော်ကြသည်။ ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းကလေးမျှပင် မရှိကြလေပြီ။ သင်တို့၏ အဝတ်အစားများ၊ စကားများနှင့် အပြုအမူများသည် ၎င်းတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံးတွင်၊ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်ကြလိမ့်မည်၊ စာတန်၏ သွေးဆောင်ခြင်းတွင် နောက်ထပ် အမိခံရတော့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိကြလိမ့်မည် ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ အသက်ရှင်ကြသော်လည်း၊ ညစ်ညမ်းမှုနှင့် မစွန်းထင်းကြသကဲ့သို့၊ ဘုရားသခင်၏ ကြီးမားသော ကွယ်ကာမှုကို ရရှိလျက် ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြလေသည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေ ပေါ်တွင် အားလုံးထဲမှ ရွေးချယ်ထားလေသည်။ သင်တို့သည် ကောင်းချီး အခံစားရဆုံးလူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

အောက်ခြေမှတ်စု(များ)-

က။ လေဖြန်းခြင်း၊ တရုတ်ဆေးပညာတွင် ပြင်းထန်ကာ၊ အသက်အန္တရာယ်စိုးရိမ်ရဖို့ အလားအလာရှိပြီး အပြင်ပန်းရာသီဥတု အခြေအနေကြောင့် ဖြစ်သည့် အတွင်းပိုင်း အအေးမိခြင်းကို ရည်ညွှန်းရာ၌ အသုံးပြုသည့် ဝေါဟာရတစ်ခု။

အရှေ့သို့- ၁၄၇) ဇာတိပကတိ၏ ဆွေမျိုးများအပေါ် ဆက်ဆံရမည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၉) အားလပ်ရက်များနှင့် လူမှုရေးဓလေ့ထုံးတမ်းများအပေါ် သဘောထားရမည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်