၁၃၂။ အခြားသူများအား ၎င်းတို့၏ ပင်ကိုအရင်းခံအတိုင်း ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) လူ၏အယူအဆများ၊ စိတ်ကူးစိတ်သန်းများ သို့မဟုတ် ရိုးရာယဉ်ကျေးမှုများအပေါ် အခြေခံ၍ အခြားသူများအား မည်သည့်အခါမျှ မရှုမြင်လေနှင့်။ ထိုသူတို့ကို ဘုရားသခင်၏ သမ္မာတရားနှုတ်ကပတ်တော် တစ်ခုတည်းပေါ်တွင်သာ အခြေခံ၍ ရှုမြင်သင့်ကာ ယင်းသည် လူတစ်မျိုးစီ၏ ပင်ကိုအရင်းခံကို ရှင်းလင်းစွာမြင်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

(၂) လူတို့ကို သူတို့ သတ်မှတ်ထားသော အချိန်တစ်ခဏအတွင်း လုပ်ဆောင်ပုံအပေါ်မူတည်၍ တစ်ထစ်ချ မသတ်မှတ်လေနှင့်။ သူတို့၏ ပင်ကိုအရင်းခံတို့ကို ကြာမြင့်သောကာလအတွင်း သူတို့၏ လုပ်ဆောင်ပုံအပေါ်မူတည်၍သာ အကဲဖြတ်သင့်ကာ၊ ဤသည်မှာ အခြားသူများအား မျှမျှတတဆက်ဆံရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

(၃) မောက်မာပြီး မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားများ ရှိသူများ သို့မဟုတ် ပြစ်မှားမှုတစ်ခု ကျူးလွန်ထားသော်လည်း သမ္မာတရားကို လက်ခံနိုင်သောသူများအား ဆိုးယုတ်သူများဟု မဆက်ဆံသင့်ပေ။ ထိုသူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီသင့်သည်။

(၄) တစ်စုံတစ်ဉီးသည် ဆိုးယုတ်သူ၊ နတ်ဆိုး၊ အန္တိခရစ် သို့မဟုတ် မယုံကြည်သူဖြစ်သည်ဟု မုချ အတည်ပြုထားသရွေ့ ထိုသူကို အသင်းတော်မှ ပြဋ္ဌာန်းထားသည့်အတိုင်း နုတ်ပယ်ရမည်၊ သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။

(၅) မှားယွင်းသောအမြင်များကို မကြာခဏ ထုတ်ဖော်ပြီး ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို မကြာခဏ သိုထားကာ ကိုယ်တော်အား ခုခံကာကွယ်သော လှည့်ဖြားတတ်သူများကို မယုံကြည်သူများအဖြစ် စာရင်းသွင်းထားသည်။ ထိုသူတို့ကို နုတ်ပယ်ရမည် သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။...ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏” ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်သော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူအများစုသည် အပြစ်များ ကျူးလွန်ခဲ့ကြလေပြီ၊ ဥပမာအားဖြင့်၊ အချို့သည် ဘုရားသခင်ကို အစဉ် ခုခံခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်၍ စောဒကတက်သည့် စကားများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အခြားသူများသည် အသင်းတော်ကို ဆန့်ကျင်ပြုမူခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသည့် အရာများ လုပ်ဆောင်ခဲ့ကြလေသည်။ ဤလူတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့၏ ရလဒ်များကို ၎င်းတို့၏ သဘာဝဗီဇ မရမကလုပ်ဆောင်သော အပြုအမူအရ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။ လူအချို့သည် ဆိုးညစ်ကြသည်၊ အချို့က မိုက်မဲသည်၊ အချို့က ဦးနှောက်မရှိကြဘဲ၊ အချို့က လူ့တိရစ္ဆာန်များဖြစ်ကြသည်။ လူတိုင်းသည် ကွဲပြားခြားနားကြသည်။ ဆိုးညစ်သော လူအချို့သည် နတ်ဆိုးစွဲခြင်းခံကြရစဉ်တွင်၊ အချို့တို့က နတ်ဆိုးစာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ၎င်းတို့၏ သဘာဝများနှင့်စပ်လျဉ်း၍ အချို့သည် အထူးသဖြင့် အန္တရာယ်ပြုမည့် လက္ခဏာရှိသည်၊ အချို့သည် အထူးသဖြင့် လှည့်စားတတ်သည်၊ အချို့သည် ငွေနှင့်ပတ်သက်ပါက အထူးတလည် လောဘကြီးကြကာ၊ အချို့က ကာမဂုဏ်အာရုံဆိုင်ရာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းကို ပျော်မွေ့ကြသည်။ လူတိုင်း၏အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သီးခြား သဘာဝများနှင့် အပြုအမူတို့နှင့်အညီ ခြုံငုံလျက် ရှုမြင်သင့်သည်။ လူ၏သေမျိုးဖြစ်သော ဇာတိပကတိ၏ ဗီဇများအရ၊ မည်သည့်လူပုဂ္ဂိုလ်ဖြစ်စေ ၎င်းတို့၏ ဗီဇသည် လွတ်လပ်သောစိတ်သဘော ရှိဖို့သက်သက်ဖြစ်သည်။ ယင်းမှာ အမှုအရာများနှင့်ပတ်သက်၍ တွေးနိုင်ဖို့ သက်သက် ဖြစ်သည်- သို့ရာတွင် ၎င်းတွင် ဝိညာဉ်လောကကို တိုက်ရိုက် ထိုးဖောက်ဖို့ စွမ်းရည်မရှိပေ။ ယင်းမှာ သင်သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ပြီး၊ သူ၏အမှုတော်အသစ်၏ ဤအဆင့်ကို လက်ခံလိုသော်လည်း၊ သင့်ကို ဧဝံဂေလိတရား ဟောကြားဖို့ တစ်ယောက်မျှ မလာသေးသည့်အချိန်ကဲ့သို့ဖြစ်သည်။ သင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး တစ်နေရာရာသို့ လမ်းညွှန်ပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သာ ရှိသည်။ ထိုသို့ဖြင့် ဘုရားသခင်သည် အနာဂတ်တွင် မည်သည့်အရာကို ဖြစ်မြောက်စေမည်ကို သိဖို့ သင့်အတွက် မဖြစ်နိုင်ချေ။ လူများသည် ဘုရားသခင်ကို နားမလည်နိုင်ချေ။ ၎င်းတို့သည် ထိုသို့နားလည်ဖို့ စွမ်းရည်မရှိကြသကဲ့သို့၊ ဝိညာဉ်လောကအပေါ် တိုက်ရိုက် သဘောပေါက်ဖို့ သို့မဟုတ် ဘုရားသခင်၏အမှုတော်ကို စေ့စေ့စပ်စပ် နားလည်ဖို့ စွမ်းရည် ၎င်းတို့တွင် မရှိကြချေ၊ ကောင်းကင်တစ်မန်တစ်ပါးကဲ့သို့ သူ့ကို အလိုလားဆုံး အစေခံဖို့မှာ သာ၍နည်းပါးလေသည်။ ဘုရားသခင်သည် ၎င်းတို့ကို သိမ်းပိုက်ပြီး၊ ပြုပြင်ပြောင်းလဲခြင်း မရှိပါက၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားများဖြင့် ၎င်းတို့ကို ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်း မရှိပါက၊ လူများသည် အမှုတော်အသစ်ကို လက်မခံနိုင်ကြပေ။ ဘုရားသခင်သည် ဤအမှုကို မပြုပါက၊ ၎င်းတို့သည် ၎င်းတို့အတွင်း၌ ဤအရာများ ရှိလိမ့်မည် မဟုတ်ဘဲ၊ ဤသည်ကို ၎င်းတို့၏ဗီဇက ဆုံးဖြတ်လေသည်။ ထို့ကြောင့် လူအချို့က ခုခံသည့်အခါ သို့မဟုတ် ပုန်ကန်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အမျက်နှင့် အမုန်းတရားတို့ကို ခံရလေသည်။ သို့သော်လည်း ထိုအခါတွင် ၎င်းတို့၏ဗီဇကို ထောက်ဆခြင်းဖြင့်၊ ဘုရားသခင်သည် အခြေအနေ တစ်ခုချင်းစီကို ကွဲပြားခြားနားစွာ ဆက်ဆံပြီး အခြေအနေ တစ်ခုချင်းစီကို သီးသန့် ကိုင်တွယ်ဖြေရှင်းသည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့် အလုပ်မဆိုသည် ဖြည်းဖြည်းနှင့်မှန်မှန် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူက လုပ်ဆောင်ရမည့်အရာနှင့် လုပ်ဆောင်ရမည့် နည်းလမ်းကို သိသည်။ လူများက ဗီဇအားဖြင့် မလုပ်ဆောင်နိုင်သည့် ထိုအမှုအရာများ အတွက်မူ၊ ဘုရားသခင်က ယင်းတို့အား သေချာပေါက် တောင်းဆိုမည်မဟုတ်ပေ။ ဘုရားသခင်သည် လူအသီးသီးကို ထိုအချိန်က ပတ်ဝန်းကျင်နှင့် ဆက်စပ်အကြောင်းအရာ၊ တကယ့် အခြေအနေ၊ လူတို့၏ လုပ်ရပ်များ၊ ပြီးလျှင် ၎င်းတို့၏ အပြုအမူနှင့် ထုတ်ဖော်ပြသမှုများအရ ကိုင်တွယ်ဖြေရှင်း၏။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည်။ ဥပမာအားဖြင့် ဧဝသည် မြွေက ခိုင်းသည့်အခါ ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို စားခဲ့သော်လည်း၊ ယေဟောဝါ ဘုရားသခင်သည် သူမအား “သင့်အား မစားဖို့ ငါပြောခဲ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ့်ကြောင့် စားဖြစ်အောင် စားခဲ့သနည်း။ သင်၌ ထိုးထွင်းသိမြင်မှု ရှိသင့်သည်။ မြွေသည် သင့်ကို ဖြားယောင်းဖို့သာ စကားပြောခြင်းဖြစ်သည်ကို သင် သိသင့်သည်။” ဟု ပြောခြင်းအားဖြင့် အပြစ်ဆိုခြင်း မရှိခဲ့ပေ။ ယေဟောဝါ ဘုရားသခင်သည် ဤသည်ကို မပြောခဲ့သကဲ့သို့၊ ဧဝကို အပြစ်ဖော်ဆုံးမခြင်းမရှိခဲ့ပေ။ သူက လူသားများကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သောကြောင့်၊ ၎င်းတို့၏ ဗီဇသည် မည်သည့်အရာဖြစ်သည်၊ ပြီးလျှင် ထိုဗီဇများသည် မည်သည့်အရာများဖြင့် ပြုလုပ်ထားသည်၊ လူများသည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး လူများက မည်သည့်အရာကို စွမ်းဆောင်နိုင်သည်တို့ကို သူ သိထားသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူက တစ်စုံတစ်ယောက်အပေါ် သဘောထားတစ်ခု ထားရှိသည့်အခါ- ယင်းက မနှစ်မြို့ခြင်းဖြစ်စေ၊ ရွံရှာခြင်းဖြစ်စေ- ပြီးလျှင် တစ်စုံတစ်ယောက်က အချို့သော အခြေအနေများတွင် အချို့သောအရာများကို ပြောဆိုသည့်အခါ၊ ဘုရားသခင်သည် ထိုပုဂ္ဂိုလ်၏ အခြေအနေကို ကောင်းစွာ နားလည်လေသည်။ ဘုရားသခင်တွင် ဘုရားသဘောသဘာဝသာ ရှိကြောင်း၊ သူသည် ဖြောင့်မတ်ပြီး စော်ကား၍မရနိုင်ကြောင်း တို့ကိုသာ လူများက အမြဲတွေးထင်ကြသည်။ သူ့ထံတွင် မည်သည့်လူ့သဘာဝမျှ မရှိကြောင်း၊ လူများ၏ အခက်အခဲများကို အရေးမထားကြောင်းနှင့် သူ့ကိုယ်သူ လူများ၏နေရာတွင် ဝင်ရောက်ခံစားခြင်း မရှိကြောင်းတို့ကိုသာ လူများက ယူဆကြသည်။ ၎င်းတို့က သမ္မာတရားနှင့်အညီ လက်တွေ့မလုပ်ဆောင်သမျှ ကာလပတ်လုံး သူက လူများကို အပြစ်ဒဏ် ပေးလိမ့်မည်ဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့အား အနည်းငယ်မျှ ခုခံလျှင်ပင်၊ သူက ထိုပုဂ္ဂိုလ်ကို မှတ်မိလိမ့်မည် ဖြစ်ပြီး၊ ထိုပုဂ္ဂိုလ်ကို နောက်ပိုင်းတွင် အပြစ်ဒဏ်ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ တကယ်ကို မမှန်ကန်ပေ။ ဤသည်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ အမှုနှင့် လူတို့အပေါ် ဘုရားသခင်၏သဘောထား နှင့်သက်ဆိုင်သည့် သင်၌ရှိသော ထင်မြင်ချက်မျိုးဖြစ်ပါက၊ သင်သည် အပြင်းအထန် မှားယွင်း၏။ လူများကို ကိုင်တွယ်ဖို့ ဘုရားသခင်အသုံးပြုသည့် အခြေခံအကြောင်းရင်းသည် လူသားအဖို့ မတွေးတတ်အောင် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သည်။ ဘုရားသခင်၌ သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများ ရှိသည်- ပြီးလျှင် အနှေးနှင့်အမြန်ဆိုသလို သူသည် လူသားများကို လုံးဝ ယုံကြည်လက်ခံစေလိမ့်မည်

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်း” မှ

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ။” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော။” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အသင်းတော်များကြားတွင် အနည်းငယ် အလုပ်ကြိုးစားခြင်း သို့မဟုတ် စွန့်စားရသည့်တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ ကောင်းမှု တိုးပွားလာသည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု တွေးထင်ကြသည့် သူများရှိပြီး၊ ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်ပေသည်။ သို့ရာတွင် သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်းသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်း မရှိဘဲ၊ ယင်းတစ်ခုတည်းကပင် ၎င်းတို့ကို စက်ဆုပ်စရာ ဖြစ်စေသည်။ ထိုသို့သော လူများသည် အသုံးမကျကြပေ။ ဘုရားသခင်က လူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး သူ့ကို ဆန့်ကျင်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သို့မဟုတ် အနှစ်သာရတစ်ခု ရှိသည်ကို မြင်သည့်အခါ၊ ဘုရားသခင်သည် ၎င်းတို့အားဖြင့် အော့နှလုံးမနာသကဲ့သို့၊ ၎င်းတို့ကို သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏အလိုတော် မဟုတ်သကဲ့သို့၊ ယင်းမှာ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို မမုန်းတီးပေ၊ ၎င်းတို့၏မိုက်မဲမှုကို သူမမုန်းတီးသကဲ့သို့၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူက မမုန်းပေ။ ဘုရားသခင် တကယ်မုန်းတီးသည့်အရာမှာ လူများက သမ္မာတရားကို ရွံရှာစက်ဆုပ်သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ ထိုတစ်ခုတည်းကြောင့်ပင်၊ ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ သင်သည် သမ္မာတရားကို မချစ်ပါက၊ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသည့်အခါ၊ သင်သည် ယင်းကို ဂရုမစိုက်ဘဲ၊ အထင်သေးကာ၊ မာနကြီးပြီး တွန်းလှန်ပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်ပါက၊ ထိုသို့သော သရုပ်သကန်များက သင့်အား ဘုရားသခင်၏ ရွံရှာခြင်းကို ခံရစေမည် ဖြစ်ပြီး သင်သည် ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို ချစ်ပါက၊ သင်၏အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ သင်သည် ဘုရားသခင်ကို သိပ်ကြာကြာ မယုံကြည်ရသေးလျှင်ပင်၊ သင် မကြာခဏ အမှားပြုလုပ်ပြီး မိုက်မဲသော အရာများကို ပြုလျှင်ပင်၊ ဘုရားသခင်က သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ သင်က နှစ်သက်ပါက၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထားက ရိုးသားပါက၊ ယင်းသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ပါက၊ သင်သည် သမ္မာတရားကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါက၊ ဘုရားသခင်သည် သင့်အပေါ် သနားကရုဏာထားလိမ့်မည်။ သမ္မာတရားအပေါ် သင်၏သဘောထားသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ကာ၊ သင်၏စိတ်နှလုံးသည် စစ်မှန်သည့်အတွက်၊ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုနှင့် ညံ့ဖျင်းသော အစွမ်းအစအားဖြင့် ရတက်မအေးဖြစ်ရသည်။ သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်ပြီး သူသည် သင့်အပေါ် အစဉ် သနားကရုဏထားရှိလိမ့်မည်— ထို့ကြောင့် သင်၌ ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် မျှော်လင့်ချက်ရှိပေသည်။ သို့သော် သင်၏စိတ်နှလုံးသည် မာကျောပြီး စိတ်အလိုလိုက်ပါက၊ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့်အရာအားလုံးနှင့် သမ္မာတရား ပါဝင်သည့် အရာအားလုံးကို မချစ်ပါက၊ ယင်းကို မည်သည့်အခါကမျှ အရေးမစိုက်ဘဲ၊ သင်၏ စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ရွံရှာခြင်း၊ စက်ဆုပ်ခြင်း၊ နှင့် မရပ်မနားသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ပေါ်လျှံသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ပေါလျှံသော သနားကရုဏာ” ၌ “ပေါလျှံသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ၊ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်- ယင်းမှာ “ပေါလျှံခြင်း” ဟု ဆိုလိုသည့်အရာဖြစ်သည်။ လူအချို့သည် မိုက်မဲပြီး ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့်၊ ဤသည်မှာ ဘုရားသခင် ပြုမူဖို့ လိုအပ်သည့်ပုံစံ ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း၊ မိုက်မဲပြီး ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ ဘုရားသခင်၏ သဘောထားသည် သင့်အပေါ် ပေါလျှံသည့် သနားကရုဏာရှိခြင်းထဲမှ တစ်ခုသာ ဖြစ်နိုင်သည်။ သနားကရုဏာတွင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်ကြီးထွားလာဖို့အလို့ငှာ၊ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်သည်၊ သင့်ကို ထောက်ပံ့ဖို့နှင့် ကူညီဖို့ သင့်အား လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို ပေးသည်။ မည်သည့်အခြေခံအုတ်မြစ်တွင် ဤအရာကို တည်ဆောက်သနည်း။ သမ္မာတရားကို ချစ်ပြီး တမ်းတသည့်သူတစ်စုံတစ်ဦး၊ ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ရိုးသားသည့် တစ်စုံတစ်ဦး၏ သဘောထားပေါ်တွင် ဖြစ်သည်။ ဤသည်မှာ လူများတွင် ထင်ရှားသင့်သည့် အခြေခံကျသည့် အပြုအမူများဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက သမ္မာတရားကို မုန်းတီးပါက၊ ၎င်းတို့က သမ္မာတရားကို ရွံရှာပါက၊ ၎င်းတို့က ယင်းကို ငြင်းပယ်ပြီး မနှစ်သက်ပါက၊ ၎င်းတို့သည် မည်သူနှင့်မျှ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယ မပြုဘဲ၊ ၎င်းတို့ မည်သို့ အလုပ်လုပ်ပြီးဖြစ်သည်၊ ၎င်းတို့၌ အတွေ့အကြုံမည်မျှ ရှိသည်၊ ၎င်းတို့ဖြတ်ကျော် ပြီးဖြစ်သည့်အရာများ အားလုံး အကြောင်း၊ ၎င်းတို့ကို ဘုရားသခင်က မည်မျှ အထင်ကြီးသည်နှင့် ၎င်းတို့ကို ဘုရားသခင်က ကြီးစွာသော အလုပ်တာဝန်များဖြင့် မည်သို့ အပ်နှံပြီးဖြစ်သည်တို့ကိုသာ ပြောပါက- ကြီးစွာသော အရင်းအနှီးများ၊ အောင်မြင်မှုများနှင့် ၎င်းတို့၏ကိုယ်ပိုင် ပင်ကိုစွမ်းရည်များတို့နှင့်ပတ်သက်၍သာ ပြောပါက၊ ပြီးလျှင် ကြွားဝါဖို့ ဤအရာများကို အသုံးပြုပါက၊ ပြီးလျှင် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယမပြုဘဲ၊ ဘုရားသခင်ကို သက်သေမခံသကဲ့သို့၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာတို့နှင့်ဆက်စပ်သည့် ၎င်းတို့၏နားလည်မှု နှင့် အတွေ့အကြုံများကို မိတ်သဟာယမပြုပါက၊ ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ လူအချို့က “၎င်းတို့သည် သမ္မာတရားကို မချစ်ပါက၊ ဒေသနာများကို မည်သို့နားထောင်နိုင်သနည်း။” ဟု ပြောကြသည်။ ဒေသနာများကို နားထောင်သူတိုင်း သမ္မာတရားကို ချစ်ကြသလော။ လူအချို့က ၎င်းတို့သည် အသင်းတော်၏အသက်တာတွင် မပါဝင်ပါက၊ ဘုရားသခင်၏အိမ်တော်သည် ၎င်းတို့၏ယုံကြည်မှုကို အသိအမှတ် မပြုမည်ကို ကြောက်လျက်၊ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် အခြားသူများရှေ့တွင် မဖြစ်မနေ ဟန်ဆောင်ကြရသည်။ သမ္မာတရားအပေါ် ထိုသို့သော သဘောထားများကို ဘုရားသခင်က မည်သို့ သတ်မှတ်သနည်း။ ဘုရားသခင်က ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ စက်ဆုပ်ကြောင်း ပြောသည်။ ၎င်းတို့ ရှင်သည် သို့မဟုတ် သေသည်အဖို့ အရေးအကြီးဆုံး ဖြစ်သည့်အရာ တစ်ခု ၎င်းတို့၏ စိတ်သဘောထားထဲ၌ ရှိသည်၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ထက်ပင် သာ၍ အရေးကြီးလေသည်။ ယင်းမှာ သမ္မာတရားကို စက်ဆုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်က ဤသည်ကို မြင်သည်။ ဘုရားသခင်၏ဖြောင့်မတ်သော စိတ်သဘောထားကို ထောက်ပါက၊ ဘုရားသခင်သည် ထိုသို့သောလူများကို မည်သို့ ဆက်ဆံသနည်း။ သူ၏ အမှုကို နှောင့်ယှက်ပြီး ဝင်ရောက်စွက်ဖက်ကာ၊ သူ၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် မည်သူ့အပေါ်ကိုမဆို သူသည် မျက်ဒေါသထွက်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သည့်အခါ၊ သူသည် ၎င်းတို့ကို အပြစ်ဖော်ဆုံးမသည် သို့မဟုတ် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးသည်။ ၎င်းတို့က ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်ခြင်း မရှိပါက၊ လောလောဆယ် သူသည် သည်းခံပြီး သတိပြုမိကာ၊ အခြေအနေ သို့မဟုတ် အခြားဓမ္မဓိဌာန်ကျသော အကြောင်းအရင်းများကြောင့်၊ လောလောဆယ်တွင် သူ့ကို အစေခံမှုပေးဖို့ ဤမယုံကြည်သူကို အသုံးပြုလိမ့်မည်။ သို့သော် ပတ်ဝန်းကျင်က အခြေအနေ ပေးလာသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် အချိန်ကျလာသည်နှင့် တစ်ပြိုင်နက်၊ ဤလူများသည် အစေခံခြင်း အမှုကိုပင် ပေးဖို့ လျော်ကန်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်၏အိမ်တော်မှ နှင်ထုတ်ခြင်းခံရလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ ဒေါသဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် အလွန် အကြီးအကျယ် ဒေါသထွက်နေသနည်း။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရားကို စက်ဆုပ်သည့် ထိုသို့သော လူများ၏ အဆုံးသတ်နှင့် အုပ်စုခွဲခြားခြင်းကို သတ်မှတ်ပြီးဖြစ်သောကြောင့်ပင်တည်း။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်၏စခန်း၌ အမျိုးအစား သတ်မှတ်ပြီး ၎င်းတို့အပေါ် သူသည် ဒေါသထွက်ပြီး စက်ဆုပ်သောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့ကို တံခါးပိတ်ထားပြီး၊ ဘုရားသခင်၏ အိမ်တော်သို့ ခြေချခွင့် မပေးပေ၊ ပြီးလျှင် ၎င်းတို့ကို ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး မပေးပေ။ ဤသည်မှာ ဘုရားသခင်၏ဒေါသ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ညစ်ညမ်းသော မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများအဖြစ်၊ မယုံကြည်သူများအဖြစ် စာတန်နှင့် တစ်ဆင့်တည်းလည်း ထားပြီး၊ အချိန်ကျလာသည့်အခါ၊ သူသည် ၎င်းတို့ကို သုတ်သင်ဖယ်ရှင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု မဟုတ်သလော။ ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ပြီးလျှင် တစ်ချိန်က ၎င်းတို့ကို စောင့်ဆိုင်းနေသည့်အရာသည် သုတ်သင်ဖယ်ရှင်းခံရပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို မည်သည့်အခါမျှ တစ်ဖန် ပျော်မွေ့ခံစားရမည် မဟုတ်ပေ။

ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်းခံရစေလိုပြီး မည်သူ့ကိုမျှ အပြစ်ဒဏ်ခံရခြင်းကို မခံစားစေလိုကြောင်း ပြောထားသည်။ ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းခံထားရသည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ သဘောထားနှင့် ခံစားချက်တို့ဖြစ်သည်။ သို့ရာတွင် အမှန်မှာမူ လူများစွာတို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသည်မှာ ဘုရားသခင်၏အလိုဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ပြီး၊ ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များက လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏သဘောထားကို ပြနေသည်။ သူ၏ချစ်ခြင်းမေတ္တာသည် ကန့်သတ်ချက်မဲ့ မဟုတ်ပေ၊ ယင်းသည် မယှဉ်သာစွာ ကျယ်ပြန့်သည်၊ ယင်းမှာ အင်အားကြီးမားသည်။ သို့သော် သမ္မာတရားကို စက်ဆုပ်သူများအဖို့၊ သူသည် သူ၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အခမဲ့ပေးဖို့ မလိုလားသကဲ့သို့ သူသည် ထိုသို့ အစဉ်လုပ်ဆောင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်ခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ ယင်းမှာ ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်းလော။ ယင်းမှာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုခြင်းလော။ ယင်းမှာ ဘုရားသခင်ကို “ကိုယ်တော် ပြောစရာရှိသည့်အရာကို နားထောင်ရသည်ကို ကျွန်ုပ် မပျော်မွေ့ပါ။ ယင်းကို ကျွန်ုပ် မနှစ်သက်လျှင်၊ ယင်းမှာ သမ္မာတရား မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်သည် ယင်းကို သမ္မာတရားအဖြစ် မခံယူပါ။ ယင်းကို ကျွန်ုပ် အသိအမှတ်ပြုပြီး နှစ်သက်သည့်အခါမှသာ၊ ယင်းသည် သမ္မာတရား ဖြစ်လိမ့်မည်။” ဟု ပွင့်လင်းစွာ ပြောသည့် သဘောသက်ရောက်သည်။ သမ္မာတရားအပေါ် သင်သည် ထိုသို့ သဘောထားရှိသည့်အခါ၊ ဤသည်မှာ ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုပါက၊ ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ မကယ်တင်ပေ။ ဤသည်မှာ ဘုရားသခင်၏ဒေါသအတွက် တကယ့် အကြောင်းအရင်းဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သည့်လူမျိုး၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုသည့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ဤအနှစ်သာရရှိသည့်လူများကို လူများအဖြစ် မဆက်ဆံပေ။ သူက ၎င်းတို့အား ရန်သူများအဖြစ်၊ မကောင်းဆိုးဝါးများ အဖြစ် ဆက်ဆံပြီး၊ ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်ဒေါသ၏ သရုပ်သကန် ဖြစ်သည်။...ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် သို့မဟုတ် လူအမျိုးအစားတစ်မျိုးအပေါ် အကြီးအကျယ် ဒေါသထွက်ရသည့် အကြောင်းအရင်း တစ်ခုရှိသည်။ ဤအကြောင်းအရင်းသည် ဘုရားသခင်၏လိုအင်ဆန္ဒအားဖြင့် သတ်မှတ်ခြင်း မဟုတ်သော်လည်း၊ သမ္မာတရားအပေါ် ထိုသူ၏သဘောထားအားဖြင့် သတ်မှတ်သည်။ သမ္မာတရားကို လူတစ်ဦး၏ စက်ဆုပ်ခြင်းသည် ၎င်းတို့ ကယ်တင်ခြင်း ရရှိခြင်းအဖို့ ဆိုးရွားလေသည်။ ဤသည်မှာ ခွင့်လွှတ်၍ရနိုင်သည့် သို့မဟုတ် ခွင့်လွှတ်၍မရနိုင်သည့် အပြစ်တစ်ခု မဟုတ်ပေ၊ ယင်းမှာ အပြုအမူပုံစံတစ်ခုမဟုတ်သကဲ့သို့၊ ၎င်းတို့၌ လျှပ်တစ်ပြက် ထုတ်ဖော်သည့်အရာ တစ်စုံတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် လူတစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သောလူများကို အမုန်းဆုံးဖြစ်သည်။ ဤသည်မှာ သင်၌ ရံဖန်ရံခါ ထုတ်ဖော်သည့်အရာဖြစ်ပါက၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားမလည်သောကြောင့် ဟုတ်မဟုတ်၊ ပြီးလျှင် သင်သည် ရှာဖွေဖို့ လိုအပ်ခြင်းရှိမရှိ နှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အကူအညီကို သင်လိုအပ်ခြင်း ရှိမရှိ သို့မဟုတ် သင်သည် သမ္မာတရားကို အသည်းလှိုက်အူလှိုက် မနှစ်သက်သောကြောင့် ဟုတ်မဟုတ်ကို ပြန်လည်သုံးသပ်လော့။ ဤသည်မှာ သင်၏ သဘာဝ အနှစ်သာရ ဖြစ်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ဖူးဘဲ၊ သမ္မာတရားသည် သင်၏စိတ်နှလုံးထဲတွင် မနှစ်သက်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ကို ဖြစ်ပေါ်စေပါက၊ သင်သည် ယင်းကို အထင်အမြင်သေးပါက၊ သင်သည် ပြဿနာတက်ပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အရှေ့သို့- ၁၃၁။ အခြားသူများအား မျှမျှတတ ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၄။ သမ္မာတရားကို ချစ်သောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်