၁၃၇။ ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ရမည်ဖြစ်ပြီး၊ မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကိုမျှ အထင်ကြီးခြင်း သို့မဟုတ် ကိုးကွယ်ခြင်း မပြုရ။ အရာခပ်သိမ်းတွင် သူတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံသင့်ပြီး၊ လူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသင့်ပေ။

(၂) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ပြောဆိုမှုနှင့် လုပ်ဆောင်မူများတွင် ဘုရားသခင်၏ သမ္မာတရား နှုတ်ကပတ်တော်နှင့်အညီဖြစ်ပြီး ဘုရားသခင်ကို ချီးမြှောက်ကာ သက်သေခံနိုင်သည့် သင့်တော်သောသူများဖြစ်နေသရွေ့ ထိုသူတို့အား လက်ခံပြီး နာခံသင့်သည်။

(၃) ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များသည် ဖောက်ပြန်ပျက်စီးမှု ဖော်ထုတ်ပြသပါက သို့မဟုတ် သူတို့၏လုပ်ဆောင်မှုများသည် အခြေခံသဘောတရား သမ္မာတရားနှင့် မကိုက်ညီပါက သူတို့၏အမှားများကို မိတ်သဟာယပြုခြင်းဖြင့် ပြုပြင်ပေးသင့်သည်။ ၎င်းတို့အား ကြောင်းကျိုးဆင်ခြင်မှု မရှိဘဲ မနာခံသင့်ပေ။

(၄) ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များသည် ၎င်းတို့၏ ဆန္ဒအလျောက် အလုပ်၏အစီအစဉ်များကို ဆန့်ကျင်ဖောက်ဖျက်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ကာ၊ ပြစ်မှားကျူးလွန်ပါက ထိုသူတို့အား ခေါင်းဆောင်တုများ သို့မဟုတ် အန္တိခရစ်များအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး၊ သူတို့အား ဖော်ထုတ်ပြီး ထုတ်ပယ်သင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

အသင်းတော်တစ်ခု အတွင်းရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်သည် မည်သို့ရှိပါစေ၊ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့အလို့ငှာ၊ ၎င်းတို့ကို အစဉ် ကိုးကွယ်ပြီး၊ ၎င်းတို့အပေါ် မှီခိုပါက၊ ဤတွန်းအားသည် ယင်းကိုယ်၌က မှားယွင်းနေသည်။ ခေါင်းဆောင်မှုအကြားတွင် ၎င်းတို့၏ရာထူးအဆင့် မည်သို့ရှိပါစေ၊ ၎င်းတို့သည် သာမန်လူများ ဖြစ်ဆဲဖြစ်ပြီး၊ သင်က ၎င်းတို့ကို သင်၏ ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က မြင့်မားသည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ ထူးကဲပြီး သင့်ထက် သာ၍ အရည်အချင်း ရှိသည်ဟုလည်းကောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီသည်ဟု လည်းကောင်း သင်ခံစားရပါက၊ ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့် အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဤချို့ယွင်းချက် ရှိသော နားလည်သဘောပေါက်မှုသည် သင့်ကို လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်ဘဲ၊ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်နှင့် ခံ့ညားဝင့်ထည်သော ဟန်ဆိုသည်တို့၏ သို့မဟုတ် ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၏ နက်နဲစွာ ဆွဲဆောင်ခြင်း ခံရလိမ့်မည်မှာ သင် မသိလိုက်မီတွင်ပင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် သင်၏ ကိုးကယ်ခြင်းခံရသူ၊ သင်၏အတုယူရန် စံနမူနာ ထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ၊ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ပြီးလျှင် သင်၏ ဘုရားသခင်၌ ယုံကြည်မှု ဖြည်းဖြည်းချင်း ပြောင်းလဲသွားရင်းပင်၊ သင်သည် ဘုရားသခင် နောက်လိုက်နေသည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏အိမ်တော်တွင် ရှိနေသည်ဟု လည်းကောင်း၊ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေသည်ဟုလည်းကောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် မသိလိုက်ဘဲ သင်သည် စာတန် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့်သူ တစ်စုံတစ်ယောက်၏ ဆွဲဆောင်ခေါ်ထုတ်သွားခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ အရေးကိစ္စများ၏ အလွန် အန္တရာယ်များသည့် အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းဖို့အလို့ငှာ သင်သည် အန္တိခရစ်များ၏ စိတ်သဘောထား အမျိုးမျိုးနှင့် ၎င်းတို့ ဆောင်ရွက်စီမံသည့် နည်းလမ်းများအပြင်၊ ၎င်းတို့လုပ်ဆောင်ချက်များနှင့် ၎င်းတို့အသုံးပြုလိုသည့် စည်းစနစ်များနှင့် လှည့်ကွက်များ၏ သဘာဝကို တိကျမှန်ကန်စွာ နားလည်နိုင်ရမည် ဖြစ်သည်။ သင်တို့ကိုယ်တိုင် တိုးတက်ဖို့ သင်တို့ စတင် စွမ်းဆောင်ကြိုးစားရမည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း၊ လူသားကို ကိုးကွယ်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခု မဟုတ်ပေ။ အချို့က “ကောင်းပြီ၊ ကျွန်ုပ် ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်မှာ အကြောင်းပြချက် ရှိသည်- ကျွန်ုပ် ကိုးကွယ်သည့် သူများသည် ကျွန်ုပ်၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကိုက်ညီသည်။” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်သော်လည်း၊ လူသားကို အဘယ့်ကြောင့် မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံး အနှစ်ချုပ်လိုက်သည့်အခါ၊ သင့်ကို ကယ်တင်မည့်သူသည် မည်သူနည်း။ သင့်ကို အမှန်တကယ် ချစ်ပြီး ကွယ်ကာသူသည် မည်သူနည်း- သင် အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်နောက်ကို လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က သင့်ကို မှန်ကန်စွာပြောပြီး ပြုမူကာ၊ သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ သမ္မာတရားကို နာခံခြင်းသည် သင့်အတွက် မလုံလောက်သလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့သနည်း။ သင်သည် သင်လိုက်လျှောက်ဖို့ ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း ရှာဖွေသည်- သင်သည် အဘယ့်ကြောင့် စာတန်၏ ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ ကျေးကျွန်တစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ လူတစ်ယောက်သည် အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိ ဤနေရာတွင် ကြည့်လော့။ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ခွဲခြားသည့် သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်သင့်သည်၊ ဖြစ်ရပ်အမျိုးအစားအသီးသီးနှင့် လူအမျိုးအစား အသီးသီးတို့ ထင်ရှားပြသည့် နည်းလမ်းများ အားလုံးကြားတွင် ထိုးထွင်းသိမြင်မှုကို ရရှိသင့်သည်၊ ကိစ္စများအားလုံးတွင် မည်သည့်သဘာဝနှင့် စိတ်သဘောထားတို့ကို ထုတ်ဖော်နေသည်ကို သိလျက်၊ သင်သည် သင်ကိုယ်တိုင် တိုးတက်ဖို့အတွက် စတင် စွမ်းဆောင် ကြိုးစားသင့်သည်။ သင်သည် မည်သည့်လူမျိုး ဖြစ်သည်၊ သင့်အနီးတဝိုက်ရှိ လူများသည် မည်သည့်လူမျိုးဖြစ်သည်၊ ပြီးလျှင် မည်သည့်လူမျိုးက သင့်ကို ဦးဆောင်နေသည်တို့ကိုလည်း သင်နားလည်ရမည် ဖြစ်သည်။ ၎င်းတို့ကို တိကျမှန်ကန်စွာ သဘောထားနိုင်ရမည်။ သင်သည် သင်၏ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာ တစ်ခုဖြင့် ပြင်ဆင်ပြီးနောက် အန္တိခရစ်များ၏ လှည့်ကွက်များကို အလွယ်တကူ ယုံစားမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ လှည့်စားမှုများကိုလည်း သင်ကြောက်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၄)” မှ

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများအား မည်သို့ ဆက်ဆံရမည်ကို နားလည်သင့်သည်။ ၎င်းတို့သည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို ခွဲခြားနိုင်ရမည်ဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အလုပ်သမားများက သမ္မာတရားကို လိုက်စားသူများ ဖြစ်သည် မဖြစ်သည်ကို သိမြင်နိုင်ရမည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ပိုင်ဆိုင်သင့်သည့် အခြေခံ အစွမ်းအစများ ဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးက သမ္မာတရားကို လိုက်စားသော်လည်း၊ အပြစ်ဒုစရိုက်အချို့ကို ကျူးလွန်မိပြီးဖြစ်သည် သို့မဟုတ် တစ်စုံတစ်ရာ အမှားပြုမိပြီးဖြစ်သည့် ကောင်းမြတ်သောလူတစ်ဦး ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ရှိပါက၊ ၎င်းတို့ကို ကျွန်ုပ်တို့ မှန်ကန်စွာ ဆက်ဆံသင့်ပြီး ချစ်ခြင်းမေတ္တာဖြင့် ကူညီသင့်သည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့ကို ရှုတ်ချဖို့၊ ထင်ရာမြင်ရာ အမည်တပ်ဖို့နှင့် လူတို့ကို သေသည်အထိ တုတ်တစ်ချောင်းခြင့် ရိုက်သကဲ့သို့သာ အလွန် နိုင်ထက်စီးနင်းလုပ်ရန် ဤအခွင့်အရေးကို လက်မလွှတ်တမ်း လုံးဝ အသုံးမချရပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အခြားသူများကို မှားယွင်းစွာ စွပ်စွဲပြီး ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။ လူကောင်းများသည်လည်း အပြစ်ဒုစရိုက်များ ကျူးလွန်ကြပြီးဖြစ်ကာ တစ်ခါတစ်ရံ အမှားများ ပြုကြပြီးဖြစ်သော်လည်း၊ လူကောင်းများသည် နောင်တရနိုင်ပြီး ပြောင်းလဲနိုင်ကြလေသည်။ ထို့ကြောင့်၊ လူကောင်းများက လုပ်ဆောင်ပြီးဖြစ်သည့် မည်သည့် အပြစ်ဒုစရိုက်များကို သင် ရှာတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် မည်သည့် အမှားများကို သင် ရှာတွေ့သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သရွေ့၊ မိမိတို့ကိုယ်ကိုယ် သိလာနိုင်ကာ နောင်တရနိုင်သရွေ့၊ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဖေးမရမည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် သမ္မာတရားကို လိုက်စားသည့် လူတစ်ဦးဖြစ်ပြီး၊ ၎င်းတို့ လုပ်ဆောင်မိပြီဖြစ်သည့် အပြစ်ဒုစရိုက်တစ်ခုအပေါ် တစ်စုံတစ်ဦးက လက်မလွှတ်တမ်းအသုံးချကာ ထိုခေါင်းဆောင် သို့မဟုတ် အလုပ်သမားကို ၎င်းတို့ ဖျက်ဆီးမိပြီးသည်အထိ ယင်းကို လက်လွှတ်လိမ့်မည်မဟုတ်ပါက၊ ယင်းသည် ၎င်းတို့ကို ဖိနှိပ်ခြင်းနှင့် ဆင်းရဲဒုက္ခခံစေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များက လူတို့အား ဆင်းရဲဒုက္ခခံစေခြင်းနှင့် မခြားပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အခြားသူများကို ဆင်းရဲဒုက္ခမခံစားစေသင့်သကဲ့သို့ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အခြားသူများကို သာ၍ပင် ဆင်းရဲဒုက္ခမခံစားစေသင့်ပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် ခေါင်းဆောင်များနှင့် အလုပ်သမားများကို မှန်ကန်စွာ ဆက်ဆံသင့်ပြီး ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ ကျွန်ုပ်တို့အားလုံးသည် အချင်းချင်း မျှတစွာ ဆက်ဆံသင့်ပြီး ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီသင့်သည်။ ဤသည်မှာ ပုံမှန် လူသား ဆက်ဆံရေး လမ်းကြောင်းအပြင် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း လက္ခဏာရပ်တစ်ခု ဖြစ်သည်။

အသင်းတော် ရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အခြားသူများကို အဖန်ဖန် ဖိနှိပ်နှင့် အမှုဆင်ပါက၊ ၎င်းတို့ကိုလည်း ဆိုးယုတ်သော လူများကဲ့သို့ သတ်မှတ်၍ရနိုင်ပြီး ငြင်းမရနိုင်သော သက်သေအထောက်အထား ရရှိသည်နှင့်တစ်ပြိုင်နက်၊ နုတ်ထွက်ဖို့ ၎င်းတို့ကို ဖျောင်းဖျရမည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ၏ ဝေဖန်မှု၊ ပြစ်တင်မှု၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ၎င်းတို့ လက်မခံပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် ၎င်းတို့ကို မောင်းထုတ်ကာ ဖယ်ရှားဖို့ ပေါင်းစည်းသင့်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် အားလုံး၏ အကျိုးအတွက် အန္တရာယ် အရင်းအမြစ်ကို ဖယ်ရှားသုတ်သင်ခြင်း ဖြစ်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည်၊ အသင်းတော် အသက်တာကို ကာကွယ်ခြင်းအတွက် အကျိုးရှိပြီး ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ခြင်း သတ်မှတ်ချက်အောက်တွင် လုံးဝ အကျုံးဝင်လေသည်။ အသင်းတော်ကို ဘုရားသခင်၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က အုပ်စိုးပြီး ဆိုးယုတ်သော လူတို့၏ ရှိနေခြင်းကို သည်းမခံပေ။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို အသင်းတော်၏ ဆက်ဆံမှုတစ်ခုတစ်လေသည် ၎င်းတို့ကို သည်းခံဖို့နှင့် မသိကျိုးကျွံပြုဖို့၊ ၎င်းတို့၏ အနှောင့်အယှက်များနှင့် ဖျက်ဆီးခြင်း၊ ဘုရားသခင်၏ လူတို့ကို ထိခိုက်နစ်နာစေခြင်းတို့ကို သည်းခံဖို့ဖြစ်ပါက၊ ယင်းမှာ ဤအသင်းတော်သည် သမ္မာတရားကို နားလည်ပြီး တရားမျှတမှုကို ထိန်းသိမ်းသည့် လူများ မရှိသကဲ့သို့ နားဝေတိမ်တောင်ဖြစ်သော လူများနှင့် လုံးဝ ဖွဲ့စည်းထားသည်ကို သက်သေပြပြီး၊ ယင်းမှာ ဤအသင်းတော်၏ အသင်းသားများသည် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ လှည့်ဖြားကာ ထိန်းချုပ်ခံရသော အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံပြီး ရက်စက်စွာ ဖိနှိပ်ခြင်းသာ ခံရနိုင်သည်။ အပြန်အလှန်အားဖြင့်၊ ဤအရာက ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို နားမလည်ပါက၊ ၎င်းတို့သည် စာတန်၏ ညှဉ်းဆဲခြင်းခံရကာ ဆိုးယုတ်သော လူတို့၏ နိုင်လိုမင်းထက်ပြုမူခြင်းခံရဖို့ ပျက်ဆီးကိန်းဆိုက်ကြပေသည်။ ထိုသို့သော လူတို့ကို အထက်က ကူညီချင်လျှင်ပင်၊ ထိုသို့ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ အထက်မှ အလုပ် အစီအစဉ်များသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် ရှင်းလင်းသော စည်းမျဉ်းများ ပေးထားနှင့်ပြီးဖြစ်သကဲ့သို့ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အလုပ်သမားများကို သမ္မာတရားနှင့် အထက်မှ အလုပ်အစီအစဉ်များအတိုင်း နှင်ထုတ်ဖို့မှာ ၎င်းတို့အတွက် လုံးဝ ဖြစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင် ပေးသည့် လုပ်ပိုင်ခွင့်ဖြစ်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ယင်းကို မည်သို့ အသုံးပြုရမည်ကို မသိပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်မှလွဲ၍ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို သမ္မာတရားနှင့် အခြေခံသဘောတရားများကို ထိန်းသိမ်းခြင်းအပေါ် အခြေခံ၍ ဆက်ဆံသင့်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ပြဿနာများကို ဖြေရှင်းနိုင်ကာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် လက်တွေ့ကျသော အရာများ လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို အားပေးသင့်သည်၊ ထိန်းသိမ်းသင့်ပြီး ပူးပေါင်းလုပ်ဆောင်သင့်သည်။ သမ္မာတရားကို လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိသော်လည်း အပြစ်ဒုစရိုက်ပြုမိကောင်း ပြုမိပြီးဖြစ်နိုင်ကာ ၎င်းတို့၏ အလုပ်တွင် အကောင်းဆုံး ရလဒ်များ မစွမ်းဆောင်မရရှိနိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့ စိတ်ရှည်စွာ ကူးညီသင့်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ဝေဖန်ကာ ပြစ်တင်မောင်းမဲနိုင်သည့်အပြင် ၎င်းတို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်ကြသော်လည်း၊ ၎င်းတို့ကို သာမန်ကာလျှံကာ နှင်ထုတ် သို့မဟုတ် ဖယ်ရှားဖို့မဆိုထားနှင့် ၎င်းတို့ကို ရှုတ်ချခွင့် သို့မဟုတ် အမှုဆင်ခွင့် မပြုထားပေ။ ၎င်းတို့သည် သမ္မာတရားအပေါ် အခြေခံပြီး အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဆုံးရှုံးသေးသကဲ့သို့ လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်နိုင်ဆဲဖြစ်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများအဖြစ် မည်သည့်အခါတွင်မျှ မဆက်ဆံရပေ။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာဖြင့် အကူအညီသာ ပေးသင့်ပြီး၊ သည်းခံမှုဖြင့် အားပေးသင့်သည်။ ဤသည်မှာ ဘုရားသခင် ၏ ရွေးချယ်ထားသော လူတို့၏ တာဝန် ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် နောက်တရရန် ဆန္ဒမရှိပါက၊ ၎င်းတို့၏ သင့်တော်သော အလုပ်တာဝန်များကို လျစ်လျူရှုပြီး မဆင်မခြင် ပြုမူကြပါက၊ ၎င်းတို့ကို ဖယ်ရှားကာ နှင်ထုတ်ရမည်။ ဤလက်တွေ့လုပ်ဆောင်မှုများမှ တစ်ဆင့်သာ ဘုရားသခင်၏ အမှုသည် ကာကွယ်ခြင်းခံရနိုင်ပြီး အသင်းတော် အသက်တာသည် အနှောင့်အယှက်မှ ဘေးကင်းစွာ ထိန်းသိမ်းခံရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းအဖို့အပြင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအဖို့ အကျိုးရှိပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုက ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကြပြီး သမ္မာတရားအား လိုက်စားနိုင်ကြသည်ကို ရှင်းလင်းပြတ်သားမှု ရှိရမည်။ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်ဒုစရိုက်များနှင့် သက်ဆိုင်သော ထုတ်ဖော်ပြချက်အား ၎င်းတို့အားလုံး ရှိကြစဉ်တွင်၊ ၎င်းတို့သည် အခြေခံအားဖြင့် ၎င်းတို့၏ တာဝန်ကို အလုပ် အစီအစဉ်များအတိုင်း ဖြည့်ဆည်းနိုင်ပြီး၊ အချိန်အများစုအတွက် စစ်မှန်သော အလုပ်အချို့ကို ဆောင်ရွက်နိုင်သရွေ့၊ ၎င်းတို့သည် ကယ်တင်ခြင်း ကြိုးပမ်းရရှိခြင်းငှာ မျှော်လင့်ချက် ရှိသည့် တစ်စုံတစ်ဦး သေချာပေါက် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို လက်ခံသင့်သည်၊ အားပေးသင့်ပြီး ပူးပေါင်း ဆောင်ရွက်သင့်ပေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုကို ဆက်ဆံခြင်းအတွက် အခြေခံသဘောတရား ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် မကြာခဏ အလုပ်အစီအစဉ်များကို ချိုးဖောက်မိနေပါက၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် သမ္မာတရားနှင့် သဟဇာတမဖြစ်ပါက၊ ၎င်းတို့သည် အယောင်ဆောင်သော ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သည်ကို ကျွန်ုပ်တို့ လုံးဝ သေချာနိုင်ပေသည်။ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို မည်သည့်အခါတွင်မျှ ကျွန်ုပ်တို့ လက်ခံ သို့မဟုတ် နာခံရမည် မဟုတ်သည်သာမက၊ ၎င်းတို့ကို လုံးလုံးလျားလျား ဖော်ထုတ်ကာ စွန့်ပစ်ရမည် ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင်၊ ကျွန်ုပ်တို့သည် အဓိကအားဖြင့် ၎င်းတို့က ကောင်းမွန်သော လူ့သဘာဝ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိ ဆိုသည်တို့ကို ကြည့်ရင်း၊ ချင့်ချိန်နိုင်စွမ်းကို ကျင့်သုံးရမည်ဖြစ်သည်။ လူတစ်ဦး၏ ဆုကျေးဇူးများနှင့် ဝတ်ပြုကိုးကွယ်မှုကို ကျိုးကြောင်းမမြင်ဘဲ ကျွန်ုပ်တို့ မည်သည့်အခါတွင်မျှ အလေးမထားရ။ လူတစ်ဦး၏ ဆုကျေးဇူးများသည် ၎င်းတို့၏ အသက်တာ မဟုတ်သည်ကို ကျွန်ုပ်တို့အားလုံး နားလည်သင့်သည်၊ တစ်စုံတစ်ဦးက သမ္မာတရား စစ်မှန်မှု ရှိသည်၊ မရှိသည်မှာ အခြေခံကျသော အရာသာ ဖြစ်ပေသည်။ လူတစ်ဦး၏ ဆုကျေးဇူးများအပေါ် စိတ်ဝင်စားသော သူအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို အလွယ်တကူ ကိုးကွယ်ကြသူများဖြစ်သော်လည်း၊ သာ၍ လက်တွေ့ဆန်သော သူတို့သည်သာ တစ်စုံတစ်ဦးက သမ္မာတရား စစ်မှန်မှု ရှိသည် မရှိသည်ကို အာရုံစိုက်ကြလေသည်။ သိပ်မကြာခဏ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ဆုကျေးဇူးများ ရှိကြသည်၊ ၎င်းတို့အားလုံး နှုတ်ရေးကောင်ခြင်းဖြင့် စကားပြောနိုင်ကြပြီး၊ အခြားသူများက ၎င်းတို့ကို အထင်ကြီးဖို့ရန်၊ ထိုသို့ဖြင့် အချို့သော လူများထံမှ ကိုးကွယ်ခြင်းနှင့် နောက်လိုက်ခြင်းတို့ကို အလွယ်တကူ ရရှိဖို့အလို့ငှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြစားခြင်းအပေါ် စိတ်ဝင်စားကြသည်။ သို့သော်၊ သမ္မာတရား စစ်မှန်မှု ရှိသည့် သူများသည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းအပေါ်သာ အာရုံစိုက်ရင်း၊ ၎င်းတို့၏ ကိုယ်ပိုင် တာဝန်ကို ထမ်းဆောင်ခြင်းအဖို့ အစွမ်းကုန် အားထုတ်ရင်းနှင့် မိမိတို့ကိုယ်ကိုယ် ပြပွဲတစ်ခု ပြုလုပ်ဖို့ လိုလားနေခြင်းမရှိဘဲ၊ သိပ်မကြာခဏ မှန်မှန် နင်းလျှောက်ကြပြီး တကယ့် အလုပ်ကို ဆောင်ရွက်ကြသည်။ ဤသည်မှာ စစ်မှန်သော ခေါင်းဆောင်များ၊ အလုပ်သမားများနှင့် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အလုပ်သမားများကြားက အဓိက ခြားနားခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို ဧကန်အမှန် နားလည်ကြပြီးဖြစ်ပါက၊ ၎င်းတို့သည် ထိုသို့သော ဆင်ခြင်နိုင်စွမ်း အလိုအလျောက် ရှိကြလိမ့်မည်။ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ကိုးကွယ်နိုင်သူအားလုံးသည် သမ္မာတရား စစ်မှန်မှုကို မည်သို့မျှ မရှိကြသည့် လူများ ဖြစ်သည်။ လူတို့သည် သမ္မာတရား မရှိကြသောကြောင့်သာ လှည့်ဖြားခံရပြီး ထိန်းချုပ်ခံရကြပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့၏ ပုံပန်းများနှင့် ၎င်းတို့ တရားဟောနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အာရုံစိုက်ခြင်းအားဖြင့် မဆက်ဆံရပေ။ အဓိကသော့ချက်မှာ ၎င်းတို့၏ အကျင့်စရိုက် ကောင်းမွန်ခြင်း ရှိမရှိ၊ သမ္မာတရားအပေါ် ၎င်းတို့ မိတ်သဟာယပြုနိုင်ပြီး လက်တွေ့ကျသော အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ရန် ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံး ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားအပေါ် ဧကန်အမှန် မိတ်သဟာယပြုနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်ပါက၊ ၎င်းတို့ သာမန် ပုံပန်းတစ်ခုသာ ရှိလျှင်ပင်၊ လူကောင်းများ ဖြစ်နေကြဆဲဖြစ်ပြီး ယုံကြည်ကိုးစားထိုက်ကြပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားအပေါ် မိတ်သဟာယမပြုနိုင်ကြပါက၊ ၎င်းတို့၏ ပုံပန်းမည်မျှ ကောင်းမွန်သည် သို့မဟုတ် ၎င်းတို့ မည်မျှ ပင်ကိုစွမ်းရည်ရှိသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် အမှိုက်ဖြစ်ပြီး ယုံကြည်ကိုးစားထိုက်ခြင်း မရှိပေ။ ကောင်းမွန်သော ပုံပန်းတစ်ခု၊ ကောင်းမွန်သော ပင်ကိုစရိုက်တစ်ခု၊ ပင်ကိုစွမ်းရည်ရှိခြင်း၊ ဤအရာတို့က လူတစ်ဦးသည် သမ္မာတရား စစ်မှန်မှုရှိသည်ကို ကိုယ်စားမပြုပေ။ အချို့သော လူတို့သည် သာမန် ပုံပန်းရှိပြီး၊ ကောင်းမွန်သော ပင်ကိုစရိုက်တစ်ခု ရှိပုံမရစဉ်တွင်၊ ၎င်းတိုသည် သမ္မာတရား စစ်မှန်မှု ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည့် လူများ ဖြစ်ကြပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှု ရှိမရှိ ဆိုသည့် အခြေခံကို အာရုံစိုက်သင့်သည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဆက်ဆံခြင်းအတွင် အခြေခံသဘောတရား ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများကို ကြည့်ရှုနိုင်သည့်အပြင် အခြားသူများကို ဆက်ဆံနိုင်သည့် လူများသာ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပြီးစီးစေရာတွင် ကိုယ်ကျင့်တရားရှိသောသူများနှင့် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်သည့် သူများ ဖြစ်ကြပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်ရမည်- လူကို ကယ်တင်ခြင်းနှင့် ကွယ်ကာခြင်းတွင် ဘုရားသခင်က ရလဒ်များ အပြည့်အဝ စွမ်းဆောင်ရရှိသည်မှာ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သက်ဆိုင်သည့် ရှည်ကြာသော ဖြစ်စဉ်တစ်ခုမှ တစ်ဆင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်၍ ၈ နှစ် သို့မဟုတ် ၁၀ နှစ်သာ တွေ့ကြုံပါက၊ သမ္မာတရား အချို့ကို နားလည်ပြီး၊ သေးငယ်သော လက်တွေ့အရှိတရားသာ ရှိပါက၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့အတွက် သင့်တော်ရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို အထူး စုံလင်စေလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်ဖို့ စမ်းသပ်မှုများ၊ စစ်ဆေးမှုများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို အနည်းဆုံး ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ကြုံရမည် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲက အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုသည် ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသော်လည်း၊ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်သည်ဟု မဆိုလိုပေ။ တစ်ဦးတစ်ယောက်က ၎င်းတို့အားလုံးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် အပြစ်ဒုစရိုက်အချို့ ကျူးလွန်မိကြပြီးဖြစ်ကာ ဖောက်ပြန်ပျက်စီးမှုအချို့ကို ဖော်ပြကြပြီး အားလုံးက သမ္မာတရား အခြေခံသဘောတရားကို ဆန့်ကျင်မိကြပြီးဖြစ်သည်ဟု ပြောနိုင်ပေသည်။ ဤသည်မှာ လုံးဝ ပုံမှန် ဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိပါက၊ အပြစ်ဒုစရိုက်အချို့ကို ၎င်းတို့ ကျူးလွန်မိပြီးဖြစ်ကာ ဖောက်ပြန်ပျက်စီးမှု အချို့ကို ဖော်ပြပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် အယောင်ဆောင်သော ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင်သော အလုပ်သမားတစ်ဦး မဟုတ်ကြချေ။ မည်သူမျှက ၎င်းတို့၏ တစ်စုံတစ်ရာကို မမှန်မကန် လုပ်ဆောင်ခြင်း နည်းလမ်း သို့မဟုတ် ၎င်းတို့၏ အပြစ်ဒုစရိုက်များ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း ဖော်ပြချက်များကို လက်မလွှတ်တမ်း အသုံးမချသင့်သကဲ့သို့၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦးဖြစ်သည်ဟု မလျှော့တမ်း မပြောသင့်ပေ။ အကြောင်းမှာ လူတစ်ဦးက အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦး ဖြစ်သည် မဖြစ်သည်ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ၎င်းတို့ ရှိသည်၊ မရှိသည် ဆိုသည့် စံနှုန်းအားဖြင့် ချင့်တွက်သင့်ပြီး၊ ၎င်းတို့အနေဖြင့် အပြစ်ဒုစရိုက်များ ကျူးလွန်ပြီးခြင်း ရှိမရှိ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအား ၎င်းတို့ ဖော်ပြခြင်းရှိမရှိ ဆိုသည့် အခြေခံမျှအပေါ် မည်သည့်အခါတွင်မျှ မချင့်တွက်သင့်သည့် အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူသား အယူအဆများအပေါ် မှီခိုပြီး ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဝေဖန်ဖို့ စိတ်ကူးနေကြပါက၊ မည်သည့်နေရာတွင်မျှ အရည်အချင်း ပြည့်မီသည့် လူများ ရှိမည်မဟုတ်၊ သို့ဆိုလျှင် ဘုရားသခင်၏ အမှုတော်သည် အဘယ်သို့ တိုးတက်ဖြစ်ထွန်းမည်နည်း။ ဘုရားသခင်၏ အလိုတော်ကို မည်သို့ ဆောင်ရွက်မည်နည်း။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်ပေမည်။ ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားကို စုံလင်စေခြင်း အမှုအား လုပ်ဆောင်နေသည်။ သူသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံဖို့ ဦးဆောင်နေသည်၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံဖို့နှင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို တွေ့ကြုံဖို့ ၎င်းတို့ကို ဦးဆောင်နေပြီး၊ နောက်ဆုံးတွင်၊ သာ၍ပင် ကြီးမားသော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံရခြင်းနောက်တွင်သာ၊ သမ္မာတရားကို လိုက်စားသောသူတို့သည် စုံလင်စေခြင်းခံရလိမ့်မည်။ ယခု အဆင့်တိုင်းရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ ရာချီ ကြုံကြရပြီလော။ ၎င်းတို့သည်ယခုတွင် သာ၍ ပြင်းထန်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံနေရသလော။ မကြုံရပေ။ ယင်းသည် နောက်တွင် လာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ချင့်တွက်ဖို့ အလွန်မြင့်မားလွန်းသော စံနှုန်းတစ်ခုကို အသုံးမပြုနှင့်။ ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးကို ချင့်တွက်ဖို့ အောက်ပါ စံနှုန်းလေးခုကို သင် အသုံးပြုသင့်သည်။ ပထမဦးစွာ၊ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားသော လူများ ဖြစ်ရမည်။ ဒုတိယ၊ ၎င်းတို့သည် ဆိုးယုတ်သော လူများ လုံးဝ မဟုတ်ရ။ တတိယ၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်နိုင်ရမည်။ စတ္တုထ၊ အပြစ်ဒုစရိုက်များ ၎င်းတို့ ကျူးလွန်မိပါက သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းပါက၊ ၎င်းတို့သည် ပြုပြင်ခံရခြင်းနှင့် ကိုယ်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံနိုင်ရမည်ဖြစ်ပြီး နောင်တရနိုင်ရမည်။ ဤစံနှုန်းလေးခုကို ၎င်းတို့ ပြည့်မီသရွေ့၊ ၎င်းတို့ကို ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် အသုံးပြုနိုင်ပြီး ၎င်းတို့ကို အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများအဖြစ် မသတ်မှတ်ရပေ။ သံသယဖြစ်ဖွယ်မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့သည်ဟု ပြောထားသောသူတို့ကိုသာ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများဟု ခေါ်ဆို၍ရနိုင်သည်။ ဘုရားသခင်၏ ရွေးချယ်သူများသည် အဆင့်တိုင်းရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို အရှိကိုအရှိအတိုင်းနှင့် သမာသမတ်ကျစွာ ဆက်ဆံနိုင်ဖို့ မျှော်လင့်ထားပေသည်။ သံသယဖြစ်ဖွယ်မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ကင်းမဲ့သည့် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများကို ရှာဖွေတွေ့ရှိရပါက၊ ၎င်းတို့ကို အကြောင်းကြားသင့်သည် သို့မဟုတ် တိုက်ရိုက် ဖယ်ရှားသင့်သည်၊ ယင်းမှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ဖြည့်ဆည်းဖို့ တာဝန်ရှိသည့် တာဝန်တစ်ခု ဖြစ်သည်။ အသစ် ရွေးချယ်ခံရသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများ အချို့သည် ၎င်းတို့၏ အတွေ့အကြုံ ကင်းမဲ့မှုကြောင့် ၎င်းတို့၏ အလုပ်တွင် ဦးတည်ချက် ကင်းမဲ့လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အပြစ်ဒုစရိုက်များလည်း ကျူးလွန်ကောင်း ကျူးလွန်နိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြကောင်းဖော်ပြနိုင်ကြသည်၊ သို့သော် ဤစံနှုန်း လေးခုကို ၎င်းတို့ ပြည့်မီသရွေ့၊ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံသင့်ပြီး စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ဤအရာသည်သာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်။ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ ရှိသူ မည်သူမဆိုသည် ဤအချက်ကို ရှင်းလင်းစွာ သိနိုင်သင့်ပေသည်- ယနေ့တွင် သမ္မာတရားကို လိုက်စားနိုင်သည့် လူကောင်းများ အလွန်နည်းပါးလွန်းလှသည်၊ အမှန်တွင် ၎င်းတို့သည် လုံးဝ မမြင်ရသလောက်နီးပါးကို ရှားပါးလွန်းလှပေသည်။ ထို့ကြောင့် လူသားသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသောကြောင့်၊ ခေါင်းဆောင်များနှင့် အလုပ်သမားများဖြစ်လာဖို့ စစ်မှန်စွာ သင့်တော်သောလူများနှင့် အများစုက အကောင်းဆုံးဟု မှတ်ယူသော လူတို့အား ရွေးချယ်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်လေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အဆင့်တိုင်းရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို မည်သို့ ချင့်တွက်ပြီး ဆက်ဆံရမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆများကို ပြောင်းလဲဖို့ လိုအပ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဓမ္မဓိဋ္ဌာန်ကျသော အချက်များအရ ကြည့်ရှုသင့်ကြပေသည်။ ဤအရာသည်သာ သမ္မာတရားနှင့် ကိုက်ညီသည်၊ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ၎င်းတို့သည် အဆင့်တိုင်းရှိ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများအပေါ် မှန်ကန်သော သဘောထားတစ်ခု နိုင်ကြပြီး၊ ထိုအခါမှသာ အသင်းတော်ထဲက ပရမ်းပတာဖြစ်ခြင်းအား ဖြစ်ပေါ်ခြင်းမှ တားဆီးနိုင်ပြီး ထိရောက်စွာ ရှောင်ရှားကာ ဖြေရှင်းနိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၃၆။ ဖော်ထုတ်ခံရပြီး သုတ်သင်ဖယ်ရှင်းခံရသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၈။ ပြစ်မှားမှုများ ကျူးလွန်ထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်