၁၃၈။ ပြစ်မှားမှုများ ကျူးလွန်ထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) သမ္မာတရားကို လိုက်လျှောက်သော်လည်း ပြစ်မှားမှုများ ကျူးလွန်ခဲ့သော ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသင့်ပေသည်။ ထိုသူတို့အား ချစ်ခြင်းမေတ္တာဖြင့် ကူညီသင့်ပြီး၊ တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း သို့မဟုတ် လုပ်ကြံအကွက်ဆင်ခြင်းတို့ကို မပြုလုပ်ရပေ။

(၂) လောလောလတ်လတ် ပြုစုပျိုးထောင်ခြင်းခံရသော ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များသည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်း အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့် အလုပ်အစီအစဉ်များကို ဖျက်လိုဖျက်ဆီးလုပ်ပါက ဤသည်ကို ထိုသူတို့အား သမ္မာတရားဝေမျှခြင်းနှင့် ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ခြင်းဖြင့် ဖြေရှင်းသင့်ပေသည်။

(၃) ပြစ်မှားမှုများ ကျူးလွန်ခဲ့သော်လည်း ပြုစုပျိုးထောင်ရန် ထိုက်တန်သည့် အတွေ့အကြုံသိပ်မရှိသေးသော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ချစ်ခြင်းမေတ္တာဖြင့် ကူညီထောက်မကာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေသင့်သည်။

(၄) ဘုရားသခင့်အိမ်တော်၏ အလုပ် သို့မဟုတ် ဘုရားသခင်၏အိမ်တော်ရှိ ပစ္စည်းဥစ္စာများကို လွန်စွာ ပျက်စီးစေခဲ့သည့် ပြင်းထန်သော ပြစ်မှားမှုများ ကျူးလွန်ခဲ့သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှန်တကယ် နောင်တမရပါက ထိုသူတို့ကို အစားထိုးလဲလှယ်ရမည်ဖြစ်သည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးလွန်းသည်နှင့်အမျှ၊ ၎င်းတို့ စုံလင်စေခြင်း မခံရမီတွင် ၎င်းတို့သည် အပြစ်ဒုစရိုက်များကို ကျူးလွန်မီကြပြီးဖြစ်သည်၊ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြပြီးဖြစ်သည်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင် အမှားများ ကျူးလွန်မိကြပြီးဖြစ်သည် သို့မဟုတ် မှားယွင်းသော လမ်းကြောင်းကိုပင် လျှောက်ကြပြီး ဖြစ်သည်။ ဤသည်မှာ လက်ခံထားသော အချက်တစ်ချက်ဖြစ်သည်။ သို့သော်၊ ဘုရားသခင်၏ အိမ်တော်သည် ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးကို ၎င်းတို့ မည်မျှ အပြစ်ဒုစရိုက်ပြုပြီးသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသရွေ့၊ နောင်တရဖို့ အခွင့်အရေး ပေးလေသည်။ ၎င်းတို့အနေဖြင့် ကောင်းမွန်သော လူ့သဘာဝရှိပြီး ၎င်းတို့၏ အမှားများနှင့် အပြစ်ဒုစရိုက်များကို ဝန်ခံနိုင်သရွေ့၊ စစ်မှန်သော နောင်တရှိနိုင်ပြီး ရိုးသားစစ်မှန်စွာ နောင်တရနိုင်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို လက်ခံသင့်သည်၊ ယုံကြည်သင့်ပြီး အတည်ပြုသင့်ကာ မှန်ကန်စွာ ၎င်းတို့ကို ဆက်ဆံသင့်ပေသည်။

ဒီမိုကရေစီဝါဒ အခြေခံသော အသင်းတော် ရွေးကောက်ပွဲများမှတစ်ဆင့် ဖြစ်ပေါ်သော ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုသည် သင့်တော်ပြီး၊ အနည်းငယ်မျှသောသူတို့သာ စစ်မှန်သော အလုပ်ကို အမှန်တကယ် မလုပ်ဆောင်နိုင်ကြပေ။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို အမျိုးအစား သုံးမျိုး ဖွဲ့နိုင်သည်- ပထမအမျိုးအစားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှင်းရှင်းလင်းလင်း ရှိပြီး၊ လုံးဝ အရည်အချင်း ပြည့်မီသည်။ ဒုတိယ အမျိုးအစားမှာ အချို့သော စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်သော်လည်း၊ အပြစ်ဒုစရိုက်အချို့ကို ကျူးလွန်နိုင်ပြီး ဖောက်ပြန်ပျက်စီးခြင်းအချို့ကို ထုတ်ဖော်ပြနိုင်သည်။ တတိယအမျိုးအစားမှာ စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ဤခေါင်းဆောင်များနှင့် အလုပ်သမား အမျိုးအစားများကို သိမြင်ရန် သင်ယူသင့်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် တတိယ အမျိုးအစားကို- စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများကို- ဖော်ထုတ်နိုင်ကာ အကြောင်းကြားနိုင်ကာ ၎င်းတို့၏ တာဝန်များကို အစားထိုးစေနိုင်သည်။ ဒုတိယအမျိုးအစားကို- စစ်မှန်သည့် အချို့သော အလုပ်ကို လုပ်ဆောင်နိုင်သော်လည်း အပြစ်ဒုစရိုက်အချို့ကို ကျူးလွန်ကာ ဖောက်ပြန်ပျက်စီးခြင်း အချို့ကို ထုတ်ဖော်ပြသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို- မှန်ကန်စွာ ဆက်ဆံသင့်ပြီး ချစ်ခင်သော စိတ်နှလုံးဖြင့် ကူညီသင့်သည်။ ၎င်းတို့ကို မည်သည့်အခါတွင်မျှ တိုက်ခိုက်ရမည်မဟုတ်၊ ရှုတ်ချရမည်မဟုတ် သို့မဟုတ် အမှုဆင်ရမည် မဟုတ်ပေ။ ပထမအမျိုးအစား- လုံးဝ အရည်အချင်းပြည့်မီပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများ- အနည်းငယ်သာ ရှိသည်။ ဤလူများသည် အဖိုးအထိုက်တန်ဆုံးဖြစ်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသူများသည် ၎င်းတို့အား မည်သူမျှ တိုက်ခိုက်၊ ရှုတ်ချ သို့မဟုတ် အမှုဆင်ခွင့်မပေးဘဲ၊ ကာကွယ်ပေးရမည်။ လတ်တလောတွင်၊ ဘုရားသခင်၏ အိမ်တော်၌ သင့်တော်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများ အလွန် နည်းပါးလွန်းပေသည်။ အများစုမှာ စစ်မှန်သော အလုပ်အချို့ကို လုပ်ဆောင်နိုင်သော်လည်း အပြစ်ဒုစရိုက်အချို့ကို ကျူးလွန်မိပြီး ဖောက်ပြန်ပျက်စီးခြင်း အချို့ကို ထုတ်ဖော်ပြသည့် ဒုတိယအမျိုးအစားများ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုသည် များစွာသော ပြင်းထန်သည့် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် အကြီးစား စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို မကြုံတွေ့ရသေးသည်နှင့်အမျှ၊ အပြစ်ဒုစရိုက်များ ကျူးလွန်ဖို့နှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြရန်မှာ ၎င်းတို့အတွက် သာမန်ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့သည် ဆိုးရွားသော သို့မဟုတ် ဆိုးယုတ်သော လူများဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်ပေသည်။ ယခု စစ်မှန်သော အလုပ် အချို့ကို လုပ်နိုင်သော ခေါင်းဆောင်များနှင့် အလုပ်သမားများသည် တော်တော်များများ ကောင်းမွန်နှင့်ပြီးသား ဖြစ်ကြသောကြောင့်၊ ချစ်ခင်သော စိတ်နှလုံးဖြင့် ၎င်းတို့အား ကူညီခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဒုစရိုက်အပြစ်များနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်းများသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ ပြီးလျှင် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှတစ်ဆင့် လုံးဝ ဖြေရှင်း၍ရနိုင်သည်။ ဤလူများကို မည်သည့်အခါတွင်မျှ မတိုက်ခိုက်ရ၊ မရှုတ်ချရ သို့မဟုတ် မဖယ်ကြဉ်ရသကဲ့သို့ ၎င်းတို့ကို အကြောင်းပြလျက် အစားမထိုးရ သို့မဟုတ် မဖယ်ရှားမသုတ်သင်ရပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားပြီး အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများ ဖြစ်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ကာကွယ်ပေးရမည်ဖြစ်ပြီး ဆိုးယုတ်သော လူတို့အား ၎င်းတို့အပေါ် တစ်စုံတစ်ရာ လုပ်ဆောင်ခွင့်မပေးရ သို့မဟုတ် ၎င်းတို့ကို မဆင်မခြင် တိုက်ခိုက်ခွင့်မပေးရ၊ ရှုတ်ချခွင့်မပေးရ သို့မဟုတ် အမှုဆင်ခွင့်မပေးရပေ။ စစ်မှန်သော အလုပ်ကို လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝ ရှိပြီး သမ္မာတရားကို လိုက်စားနိုင်သရွေ့၊ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခံရနိုင်ပြီး စုံလင်စေခြင်းခံရနိုင်ပေသည်။ ဤသည်မှာ သေချာ၏။ မိမိ၏ လူ့သဘာဝက မလိုမုန်းထားစိတ်ရှိပြီး ဆိုးယုတ်မှုမျိုးစုံ ကျူးလွန်နိုင်သော သူများသာ ပိတ်ပင်ခံရသင့်ပြီး ဖယ်ရှားခံရသင့်သည့် ဆိုးယုတ်သော လူများ ဖြစ်သည်။ ဝန်ခံနှင့်ပြီးဖြစ်သကဲ့သို့ ၎င်းတို့၏ အတိတ်က အပြစ်ဒုစရိုက်များနှင့် မှားယွင်းသော လမ်းများအတွက် ဝမ်းနည်းကာ၊ အမှန်တကယ် နောင်တရပြီးဖြစ်သော ခေါင်းဆောင်များနှင့် အလုပ်သမားများကို အနောင့်အယှက်ပေးမြဲပေးရန် မည်သူမျှ အခွင့်မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ယင်းတို့ကို တဝဲလည်လည် တွေးပြီး၊ လက်လွှတ်ရန် ငြင်းဆန်ကာ ကိစ္စရပ်ကို ဆက်လက်ပြင်းထန်စွာ လိုက်စားပါက၊ဤအရာကို ဘာမျှမဟုတ်သည့်အရာမှ ဒုက္ခရှာခြင်း၊ ကိုယ်ရေးကိုယ်တာ ဒဏ်ခတ်ခြင်းနှင့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို တိုက်ခိုက်ခြင်း၊ အမှုဆင်ခြင်းနှင့် ရှုတ်ချခြင်းအဖြစ် မှတ်ယူ၍ ရနိုင်ပေသည်။ ဘုရားသခင်၏ အိမ်တော်သည် ထိုသို့သော အရာများ သေချာပေါက် ဖြစ်ပျက်ခွင့်ပေးလိမ့်မည်မဟုတ်။ အကယ်၍ ဆိုးယုတ်သော လူတစ်ဦးသည် ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို မတော်တရော် အနှောင့်အယှက်ပေးသည်ကို တွေရှိရပါက၊ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး အလေးအနက် ကိုင်တွယ်ရမည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို တမင်တကာ တိုက်ခိုက် သို့မဟုတ် အမှုဆင်သော ဆိုးယုတ်သည့် လူများကို အသင်းတော်က သီးသန့်ထားပိုင်ခွင့် သို့မဟုတ် နှင်ထုတ်ပိုင်ခွင့် ရှိပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများအား မည်သို့ ဆက်ဆံရမည်ကို နားလည်သင့်သည်။ ၎င်းတို့သည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို ခွဲခြားနိုင်ရမည်ဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အလုပ်သမားများက သမ္မာတရားကို လိုက်စားသူများ ဖြစ်သည် မဖြစ်သည်ကို သိမြင်နိုင်ရမည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ပိုင်ဆိုင်သင့်သည့် အခြေခံ အစွမ်းအစများ ဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးက သမ္မာတရားကို လိုက်စားသော်လည်း၊ အပြစ်ဒုစရိုက်အချို့ကို ကျူးလွန်မိပြီးဖြစ်သည် သို့မဟုတ် တစ်စုံတစ်ရာ အမှားပြုမိပြီးဖြစ်သည့် ကောင်းမြတ်သောလူတစ်ဦး ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ရှိပါက၊ ၎င်းတို့ကို ကျွန်ုပ်တို့ မှန်ကန်စွာ ဆက်ဆံသင့်ပြီး ချစ်ခြင်းမေတ္တာဖြင့် ကူညီသင့်သည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့ကို ရှုတ်ချဖို့၊ ထင်ရာမြင်ရာ အမည်တပ်ဖို့နှင့် လူတို့ကို သေသည်အထိ တုတ်တစ်ချောင်းခြင့် ရိုက်သကဲ့သို့သာ အလွန် နိုင်ထက်စီးနင်းလုပ်ရန် ဤအခွင့်အရေးကို လက်မလွှတ်တမ်း လုံးဝ အသုံးမချရပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အခြားသူများကို မှားယွင်းစွာ စွပ်စွဲပြီး ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။ လူကောင်းများသည်လည်း အပြစ်ဒုစရိုက်များ ကျူးလွန်ကြပြီးဖြစ်ကာ တစ်ခါတစ်ရံ အမှားများ ပြုကြပြီးဖြစ်သော်လည်း၊ လူကောင်းများသည် နောင်တရနိုင်ပြီး ပြောင်းလဲနိုင်ကြလေသည်။ ထို့ကြောင့်၊ လူကောင်းများက လုပ်ဆောင်ပြီးဖြစ်သည့် မည်သည့် အပြစ်ဒုစရိုက်များကို သင် ရှာတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် မည်သည့် အမှားများကို သင် ရှာတွေ့သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သရွေ့၊ မိမိတို့ကိုယ်ကိုယ် သိလာနိုင်ကာ နောင်တရနိုင်သရွေ့၊ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဖေးမရမည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် သမ္မာတရားကို လိုက်စားသည့် လူတစ်ဦးဖြစ်ပြီး၊ ၎င်းတို့ လုပ်ဆောင်မိပြီဖြစ်သည့် အပြစ်ဒုစရိုက်တစ်ခုအပေါ် တစ်စုံတစ်ဦးက လက်မလွှတ်တမ်းအသုံးချကာ ထိုခေါင်းဆောင် သို့မဟုတ် အလုပ်သမားကို ၎င်းတို့ ဖျက်ဆီးမိပြီးသည်အထိ ယင်းကို လက်လွှတ်လိမ့်မည်မဟုတ်ပါက၊ ယင်းသည် ၎င်းတို့ကို ဖိနှိပ်ခြင်းနှင့် ဆင်းရဲဒုက္ခခံစေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များက လူတို့အား ဆင်းရဲဒုက္ခခံစေခြင်းနှင့် မခြားပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အခြားသူများကို ဆင်းရဲဒုက္ခမခံစားစေသင့်သကဲ့သို့ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အခြားသူများကို သာ၍ပင် ဆင်းရဲဒုက္ခမခံစားစေသင့်ပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် ခေါင်းဆောင်များနှင့် အလုပ်သမားများကို မှန်ကန်စွာ ဆက်ဆံသင့်ပြီး ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ ကျွန်ုပ်တို့အားလုံးသည် အချင်းချင်း မျှတစွာ ဆက်ဆံသင့်ပြီး ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီသင့်သည်။ ဤသည်မှာ ပုံမှန် လူသား ဆက်ဆံရေး လမ်းကြောင်းအပြင် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း လက္ခဏာရပ်တစ်ခု ဖြစ်သည်။

............

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို သမ္မာတရားနှင့် အခြေခံသဘောတရားများကို ထိန်းသိမ်းခြင်းအပေါ် အခြေခံ၍ ဆက်ဆံသင့်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ပြဿနာများကို ဖြေရှင်းနိုင်ကာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် လက်တွေ့ကျသော အရာများ လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို အားပေးသင့်သည်၊ ထိန်းသိမ်းသင့်ပြီး ပူးပေါင်းလုပ်ဆောင်သင့်သည်။ သမ္မာတရားကို လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိသော်လည်း အပြစ်ဒုစရိုက်ပြုမိကောင်း ပြုမိပြီးဖြစ်နိုင်ကာ ၎င်းတို့၏ အလုပ်တွင် အကောင်းဆုံး ရလဒ်များ မစွမ်းဆောင်မရရှိနိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့ စိတ်ရှည်စွာ ကူးညီသင့်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ဝေဖန်ကာ ပြစ်တင်မောင်းမဲနိုင်သည့်အပြင် ၎င်းတို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်ကြသော်လည်း၊ ၎င်းတို့ကို သာမန်ကာလျှံကာ နှင်ထုတ် သို့မဟုတ် ဖယ်ရှားဖို့မဆိုထားနှင့် ၎င်းတို့ကို ရှုတ်ချခွင့် သို့မဟုတ် အမှုဆင်ခွင့် မပြုထားပေ။ ၎င်းတို့သည် သမ္မာတရားအပေါ် အခြေခံပြီး အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဆုံးရှုံးသေးသကဲ့သို့ လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်နိုင်ဆဲဖြစ်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများအဖြစ် မည်သည့်အခါတွင်မျှ မဆက်ဆံရပေ။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာဖြင့် အကူအညီသာ ပေးသင့်ပြီး၊ သည်းခံမှုဖြင့် အားပေးသင့်သည်။ ဤသည်မှာ ဘုရားသခင် ၏ ရွေးချယ်ထားသော လူတို့၏ တာဝန် ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် နောက်တရရန် ဆန္ဒမရှိပါက၊ ၎င်းတို့၏ သင့်တော်သော အလုပ်တာဝန်များကို လျစ်လျူရှုပြီး မဆင်မခြင် ပြုမူကြပါက၊ ၎င်းတို့ကို ဖယ်ရှားကာ နှင်ထုတ်ရမည်။ ဤလက်တွေ့လုပ်ဆောင်မှုများမှ တစ်ဆင့်သာ ဘုရားသခင်၏ အမှုသည် ကာကွယ်ခြင်းခံရနိုင်ပြီး အသင်းတော် အသက်တာသည် အနှောင့်အယှက်မှ ဘေးကင်းစွာ ထိန်းသိမ်းခံရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းအဖို့အပြင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအဖို့ အကျိုးရှိပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို မည်သို့ အတိအကျ ဆက်ဆံသင့်သနည်း။ လတ်တလောတွင်၊ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများထဲတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ အနည်းစုသာ ရှိသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများ အများစုသည် အားနည်းချက်များ ရှိကြသော်လည်း၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြကြသော်လည်း၊ သို့မဟုတ် တစ်ကြိမ် မှားယွင်းသော လမ်းကြောင်းကို လျှောက်ပြီးဖြစ်ကာ အပြစ်ဒုစရိုက်အချို့ကို ပြုမိပြီးဖြစ်သော်လည်း၊ ၎င်းတို့အနေဖြင့် နောင်တရရန် လိုလားနေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဖေးမသင့်ပြီး ၎င်းတို့အား နောက်တရခွင့်၊ နားလည်ခွင့်နှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်ခွင့် ပေးသင့်ပေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ တာဝန်ဖြစ်သည်။ တစ်စုံတစ်ကို ဖြုတ်ချခြင်းငှာ မျှော်လင့်ချက်ဖြင့် သေးငယ်သော အမှား သို့မဟုတ် အပြစ်ဒုစရိုက်အချို့အပေါ် လက်လွှတ်တမ်း အသုံးမချနှင့်။ ယင်းသည် ထိခိုက်နစ်နာမှုနှင့် ဆင်းရဲဒုက္ခဖြစ်စေမည်ဖြစ်ပြီး ယင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ စုံလင်စေခြင်း ခံရခြင်းသည် ရိုးရှင်းသော ကိစ္စ မဟုတ်ပေ။ စုံလင်စေခြင်း ဖြစ်စဉ်အတွင်းတွင်၊ တစ်ဦးတစ်ယောက်သည် ကျရှုံးမှုများစွာကို ကြုံရမည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြမည်ဖြစ်သော်လည်း၊ သမ္မာတရားကို လိုက်စားသရွေ့၊ အောင်မြင်မှုသည် အဆုံးတွင် သေချာပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံသည်နှင့်အမျှ မတွန့်မဆုတ်ကြချေ။ ၎င်းတို့ အကြိမ် မည်မျှ ကျရှုံးကာ လဲကျသည်ဖြစ်စေ မျှော်လင့်ချက်မကုန်ဆုံးကြသကဲ့သို့ ၎င်းတို့၏ လိုက်စားမှုတွင် စိတ်ဆုံးဖြတ်လျက်သား ဆက်ရှိနေကြသည်။ ၎င်းတို့အဖို့ မျှော်လင့်ချက် အနည်းငယ်မျှ ရှိသရွေ့ သမ္မာတရား လိုက်စားခြင်းကို လက်မလျှော့ကြသကဲ့သို့၊ ဤကဲ့သို့သော လူများသည် ကယ်တင်ခြင်းကို ဧကန်မုချ ရရှိကြလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သံသယမရှိဘဲ စုံလင်စေခြင်းခံရပေလိမ့်မည်..။ ထို့ကြောင့်၊ အချို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများသည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းအတွက် အစားထိုးခံရလျှင်ပင်၊ ၎င်းတို့ကို ကျွန်ုပ်တို့ မုန်းရမည်မဟုတ်ဘဲ၊ ၎င်းတို့အနေဖြင့် နောင်တရနိုင်ပြီး၊ သမ္မာတရားကို လိုက်စားမြဲလိုက်စားရန် မိမိတို့ကိုယ်ကိုယ် ပြန်ထရပ်နိုင်ဖို့အလို့ငှာ ၎င်းတို့ကို ကူညီဖို့ နည်းလမ်း တွေးရမည်။ ထိုသို့သော လုပ်ရပ်များသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်တို့နှင့် ကိုက်ညီပေသည်။ စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းအတွက် တစ်စုံတစ်ဦးသည် အစားထိုးခံရသင့်ပါက၊ ၎င်းတို့ကို အစားထိုးရမည်။ သို့သော် ၎င်းတို့နှင့်ပတ်သက်၍ ကောက်ချက်များ ချရမည်မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့အဖို့ လမ်းကြောင်းတစ်ခုကို ချန်ထားပေးရမည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူများ လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ယင်းသည် သင်၏ တာဝန်ဖြစ်ပြီး၊ သင် ပိုင်ဆိုင်သင့်သည့် ချစ်ခြင်းမေတ္တာဖြစ်သည်။ ထိုလူသည် မှားယွင်းသော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းပါက၊ ၎င်းတို့ကို သင် ဖော်ထုတ်နိုင်သည်၊ အပြစ်တင်နိုင်ပြီး၊ ၎င်းတို့အပေါ် ကန့်သတ်ချက်များ ချမှတ်နိုင်သည်။ သို့သော် မှန်ကန်သော လမ်းကြောင်းပေါ် ၎င်းတို့ စတင်ကြပါက၊ ၎င်းတို့ကို သင် အားပေးကာ ကူညီရမည်။ ယခင်က ၎င်းတို့သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြပြီး ၎င်းတို့၏ တာဝန်တွင် ဘုရားသခင်ကို ၎င်းတို့ ဆက်လက် ခုခံဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သင် တွေးထင်ပြီး၊ ၎င်းတို့အပေါ် ကန့်သတ်ချက်များ စဉ်ဆက်မပြန် သင် ချမှတ်ပါက၊ ဤသည်မှာ မှားယွင်းပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် စစ်မှန်သော အလုပ်အချို့ကို လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော်လည်း၊ ၎င်းတို့ကို သင် ကန့်သတ်နေပါက၊ ယင်းသည် သင့်အတွက် မှားယွင်းသည် မဟုတ်လော။ ယင်းသည် သင့်ကို အယောင်ဆောင်သော ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦးနှင့် မခြား ဖြစ်စေမည် မဟုတ်လော။ ထို့ကြောင့်၊ လုပ်ရပ် အစွန်းရောက်မှုများကို ရှောင်ရှားလော့၊ အမှုအရာများကို သမ္မာတရား အခြေခံသဘောတရားနှင့်အညီ လုပ်ဆောင်လော့၊ လူတို့ကို မျှတစွာ ဆက်ဆံပြီး၊ အခြားလူတို့ကို ဆင်းရဲဒုက္ခမခံစားရစေနှင့်။ အစားထိုးခံရပြီးနောက် ဘုရားသခင်ကို အပြစ်တင်ကာ မုန်းတီးသော ခေါင်းဆောင်များနှင့် အလုပ်သမားများ အချို့ ရှိသည်။ ထိုသို့သော လူများသည် နတ်ဆိုးများဖြစ်ပြီး၊ ၎င်းတို့အတွက် စာနာထောက်ထားမှု ကျွန်ုပ်တို့ ရှိ၍မရပေ။ ၎င်းတို့သည် ဘုရားသခင်ကို အပြစ်မတင်ဘဲ၊ အမှန်တကယ် နောင်တရနိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် မုန်းတီးနိုင်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ထံ နည်းလမ်းတကျဖြစ်သော တောင်းပန်ခြင်း ပေးနိုင်ပါက၊ သင်သည် ၎င်းတို့၏ အနာကို ပိုရင့်စေဦးမည်လော။ ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းကို နောက်တစ်ဖန် လျှောက်လှမ်းနိုင်ကြဖို့အလို့ငှာ၊ သင်သည် ၎င်းတို့ကို စာနာမှုအချို့ ပြရမည်၊ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ချဉ်းကပ်ပြီး ကူညီရမည်ဖြစ်ကာ ၎င်းတို့ကို ရိုသေကာ နှစ်သိမ့်ရမည်။ ဤသည်မှာ လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၃၉။ ခေါင်းဆောင်တုများနှင့် အမှုဆောင်တုများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၁။ တစ်စုံတစ်ဦး၏ အနာဂတ်နှင့် ကံကြမ္မာတို့ကို သဘောထားရမည့်ပုံစံနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်