၅၂။ မိမိကိုယ်မိမိ သင့်တင့်လျောက်ပတ်စွာ သုံးသပ်ဝေဖန်ခြင်းဆိုင်ရာမူများ

(၁) မိမိကိုယ်မိမိ စေ့ငုစွာ သုံးသပ်ဆင်ခြင်ခြင်းကို မကြာခဏ ပြုလုပ်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အလင်းတွင် မိမိကိုယ်မိမိ သိရန်၊ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု၏ အမှန်တရားနှင့် မိမိ၏ ချို့တဲ့မှုဟာကွက်များထံ လုံးလုံးလျားလျားကြည့်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် အကြင်သူသည် မိမိကိုယ်မိမိသိခြင်းကို ရရှိနိုင်ပေမည်။

(၂) သူတို့သည် သနားစရာ စိတ်ဝိညာဉ်မှတပါး မည်သည့်အရာကိုမှ ပိုင်ဆိုင်ခြင်းမရှိဘဲ အချည်းနှီးဖြစ်ကြောင်းကို အကြင်သူသည် သမ္မာတရားကို နားလည်ခြင်းဖြင့်သာ ရှင်းလင်းစွာမြင်နိုင်၊ သိနိုင်ပါသည်။ သို့မှသာလျှင် အကြင်သူသည် ထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူမှုတို့ကို ကိုယ်တိုင် ဖယ်ရှားရှင်းထုတ်နိုင်ပေသည်။

(၃) ဆုတ်ဆိုင်းခြင်းများ၊ ကျရှုံးခြင်းများနှင့် ရင်ဆိုင်ခဲ့ရသောအခါ တစ်စုံတစ်ယောက်သည် မျှော်လင့်ချက်ပျက်သုဉ်းသည်အထိ သူတို့ကိုယ်သူတို့ မပစ်ပယ်သင့်ပါ။ မိမိကိုယ်ကို စေ့ငုစွာ ဆင်ခြင်သုံးသပ်ခြင်းမှတဆင့် သိလာခြင်းနှင့် သမ္မာတရားကို နားလည်ရန် ရှာဖွေခြင်းဖြင့်သာလျှင် တစ်စုံတစ်ယောက်သည် သင့်တင့်လျောက်ပတ်သော အမူအရာအားဖြင့် သူတို့ကိုယ်သူတို့ သုံးသပ်ဝေဖန်နိုင်ပါသည်။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ဖြင့်သာလျှင် တစ်စုံတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်စေမည်ဖြစ်ကာ အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူသားပုံသဏ္ဌာန် အသက်ရှင်နေထိုင်နိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပြဿနာများကို မှန်မှန်ကန်ကန် ရှုမြင်ခြင်းမရှိလျှင်၊ ဘုရားသခင်ကို သိကျွမ်းခြင်းအား ထိခိုက်ပေမည် မိမိတို့၏ အရည်အချင်း ညံ့ဖျင်းသည်ကို သို့မဟုတ် ဆိုးဝါးသည့် အပြစ်များ ပြုလုပ်မိကြသည်ကို အချို့က နားလည် ထိုအခါ မိမိတို့ကိုယ်ကိုယ် လက်လျှော့ကြသည်၊ မျှော်လင့်ချက် ပျောက်ဆုံးကြသည်၊ သမ္မာတရားအဖို့ ဆင်းရဲဒုက္ခမခံလိုကြ။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲဖို့ ၎င်းတို့ မကြိုးစားကြ၊ ၎င်းတို့ ဘယ်သောအခါမျှ မပြောင်းလဲဟု တွေးထင်ရင်းလေ။ လူအချို့ အမှန်တကယ် ပြောင်းလဲပြီးဖြစ်ပေ၊ သို့တိုင် ထိုအရာကို ၎င်းတို့ကိုယ်တိုင် လုံးဝ မမြင်ကြ။ မိမိတို့၏ ပြဿနာများကိုသာ ၎င်းတို့ ကြည့်ကြပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒ ပျောက်ဆုံးကြပေ။ ဤအရာက ၎င်းတို့၏ သာမန်ဝင်ရောက်မှုကို နှောင့်နှေးစေမည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုလွဲခြင်းကို တိုးစေမည်။ ၎င်းတို့၏ ခရီးပန်းတိုင်းအပေါ် သာ၍ပင် သက်ရောက်မှုရှိလိမ့်မည်။ ထို့ကြောင့် ဤသည်မှာ သင်တို့အနေဖြင့် သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို ကြိုးပမ်းရရှိဖို့နှင့် သင်တို့ စွမ်းဆောင်ရရှိသင့်သည့် ပြောင်းလဲခြင်း၏ အကျိုးများကို စွမ်းဆောင်ရရှိဖို့ သင်တို့ သေချာစွာ ဆင်ခြင်စဉ်းစားသင့်သည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။

အားနည်းသည့်အခါ၊ သမ္မာတရား ရှာသူတို့က တာဝန်ကို သစ္စာရှိရှိ လုပ်ဆောင်လိမ့်ဦးမည်၊ မိမိတို့၏ ကံကြမ္မာကို မတွေးဘဲလေ။ ပြောင်းလဲမှုကို ကျွန်ုပ် မြင်သည်၊ သေသေချာချာ သင် ကြည့်ပါက၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း တစ်စိတ်တစ်ပိုင်း ပြောင်းလဲပြီးဖြစ်သည်ကို သင် မြင်မည်။ သို့သော် သင်၏ ကြီးထွားမှုကို တိုင်းတာဖို့ အမြင့်မားဆုံးသော စံနှုန်းများ သင် သုံးသည့်အခါ၊ ထိုအမြင့်များကို သင် မလှမ်းနိုင်သည်သာမက၊ သင် ပြုပြီးသည့် ပြောင်းလဲမှုများကိုလည်း ငြင်းပယ်ပေသည်- ယင်းမှာ လူသား၏ အမှားဖြစ်ပေ။ အမှားမှ အမှန်ကို သင် အမှန်တကယ် ခွဲခြားနိုင်လျှင်၊ သင့်အတွင်းရှိ ပြောင်းလဲမှုများကို ဆန်းစစ်လေ သင်၏ ကိုယ်ပိုင် ပြောင်းလဲမှုများကို တွေ့ရမည်သာမက၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း သင် တွေ့ရပေမည်။ သင် အလုပ်ကြိုးစားသရွေ့၊ နောက်ဆုံးတွင် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်ကို သင် တွေ့ရလိမ့်မည်။ ယခုတွင်၊ သင့်ကို ငါ ပြော၏- မိမိတို့၏ ပြဿနာများကို မှန်မှန်ကန်ကန် ဆက်ဆံသောသူတို့တွင် မျှော်လင့်ချက်ရှိကာ၊ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေမှ ၎င်းတို့ ထွက်လာနိုင်လိမ့်မည် မိမိကိုယ်ကိုယ် မှန်ကန်စွာ ကြည့်ပါ၊ သမ္မာတရားကို လက်မလျှော့လိုက်နဲ့လေ။

သင်သည် ကယ်တင်၍မရနိုင်လောက်အောင် ဖြစ်နှင့်ပြီးဖြစ်သည်ဟု သင်တွေးသောကြောင့် သမ္မာတရားကို စွန့်ပစ်လေသည်၊ ထို့ကြောင့် သင်သည် အဆုံး၌ အခြေခံအကျဆုံးသော သမ္မာတရားကိုပင် စွန့်ပယ်သည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ချင်မှ ဖြစ်မည်၊ သို့ရာတွင် သင်သည် ထိုသို့လုပ်ဆောင်ရန် အခွင့်အလမ်းကို စွန့်ပစ်ပြီးဖြစ်သည်။ သင်သည် သမ္မာတရားကို စွန့်ပစ်ပါက၊ သင်ပြောင်းလဲနိုင်သေးသလော။ သင်သည် သမ္မာတရားကို စွန့်ပစ်ပါက၊ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်း၌ အဓိပ္ပာယ်မှာ အဘယ်မှာနည်း။ “မည်သည့်အချိန်တွင် လုပ်ဆောင်ပြီးမည် ဖြစ်စေ၊ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေခြင်းသည် မည်သည့်အခါမျှ မမှားယွင်းပေ။” ဟု ပြောခဲ့သကဲ့သို့ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့လေပြီလော။ မည်သို့ပင်ဖြစ်စေကာမူ၊ သင်သည် မျှော်လင့်ချက် ကင်းမဲ့သည်ဟု သင်ခံစားရသည်။ သင်သည် သင်၏ အပြုသဘောဆောင်သည့် လိုက်စားခြင်းကို ဆုံးရှုံးခဲ့ပါက၊ အပျက်သဘောဆောင်သည့် အရာများ ပေါ်ထွက်လာမည် မဟုတ်သလော။ သို့ဆိုလျှင် သင်သည် အပျက်သဘောဆောင်ခြင်းမှ မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ ယခုတွင်၊ သင့်ကို ငါ ပြော၏ - မိမိတို့၏ ပြဿနာများကို မှန်မှန်ကန်ကန် ဆက်ဆံသောသူတို့တွင် မျှော်လင့်ချက်ရှိကာ၊ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေမှ ၎င်းတို့ ထွက်လာနိုင်လိမ့်မည် မိမိကိုယ်ကိုယ် မှန်ကန်စွာ ကြည့်ပါ၊ သမ္မာတရားကို လက်မလျှော့လိုက်နဲ့လေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် မှန်ကန်စွာ ရှုမြင်ပြီး သမ္မာတရားအပေါ် လက်မလျှော့ပါနှင့်” မှ

လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မရှောင်ရှားနိုင်သကဲ့သို့ မလွတ်မြောက်နိုင်ပေ။ ၎င်းတို့က ဤအမှန်တရားကို ရင်ဆိုင်ရမည်။ အဘယ့်ကြောင့် ဤသို့ရင်ဆိုင်ရသနည်း။ လူအချို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို အမြဲ ထုတ်ဖော်ပြနေသည်။ ကျွန်ုပ်သည် မည်သည့်အခါမျှ ယင်းကို မပြောင်းနိုင်ပေ။ မည်သည့်အရာများ လုပ်ဆောင်စရာ ရှိသေးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ပုံစံသာ ဖြစ်သလော။ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်သလော သို့မဟုတ် ကျွန်ုပ်ကို မုန်းသလော။” ဟု ပြောကြသည်။ ထိုသို့သော သဘောထား တစ်ခုသည် မှန်ကန်သလော။ ထိုသို့သော အတွေးအခေါ်သည် မှန်ကန်သလော။ လူများတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုရှိကြပြီး၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မကြာခဏ ထုတ်ဖော်ပြကြသည်က ၎င်းတို့သည် ကုစား၍မရနိုင်ဘဲ ဇာတ်သိမ်းသွားပြီဟု မဆိုလိုပေ။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုကို မကြာခဏ ထုတ်ဖော်ကြသည်မှာ ၎င်းတို့၏အသက်တာသည် စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခြင်းခံထားရကြောင်းနှင့် ၎င်းတို့၏ အနှစ်သာရသည် စာတန်၏အနှစ်သာရဖြစ်ကြောင်းကို သက်သေပြလေသည်။ လူများသည် ဤအမှန်တရားကို အသိအမှတ်ပြုပြီး လက်ခံသင့်သည်။ လူ၏သဘာဝ အနှစ်သာရနှင့် ဘုရားသခင်၏အနှစ်သာရတို့အကြားတွင် ကွဲပြားခြားနားချက် တစ်ခု ရှိသည်။ ၎င်းတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုပြီးသည့်နောက်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ပြသည့်အခါ၊ ကာမဂုဏ်ခံစားမှုတွင် စိတ်အလိုလိုက်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်း တစ်ခုဖြင့် အလုပ်လုပ်ပြီး၊ ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ၊ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုဖြစ်သည်ကို ၎င်းတို့သည် မိမိကိုယ်ကိုယ် ချက်ချင်း သတိပြုမိစေသင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ၊ ဘုရားသခင်အဖို့ ရွံမုန်းဖွယ်ရာဖြစ်သည်။ လူများက ဤအရာများကို သဘောပေါက်သည့်အခါ၊ ၎င်းတို့သည် မညည်းညူသင့်ပေ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချိန်မဖြုန်းသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် သာ၍ နက်နဲသော မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိကျွမ်းခြင်းတို့ကို တတ်နိုင်စွမ်း ရှိလာသင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာနိုင်လာသင့်ပြီး မတုန်မလှုပ် မဖြစ်သင့်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ရှာဖွေဖို့နှင့် လက်ခံဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် မိမိတို့ဘာသာ တာဝန်ယူ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြေခံသဘောတရားများအတိုင်း ပြုမူနိုင်ကြသည်အထိ ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့၊ သင့်အတွင်းမှာ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အနှစ်သာရ နှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ သင်သည် “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်။” သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်။” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို လူများ၏ ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့်သက်ဆိုင်သည့်၊ ပြီးလျှင် စာတန်၏ အနှစ်သာရတို့နှင့် သက်ဆိုင်သည့် မှန်ကန်တိကျသည့် အသိပညာရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် နည်းလမ်းဖြင့် သဘောထားတစ်ခု ရှိလာပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြပြီး ဖြစ်သည့်အခါ သို့မဟုတ် အပြစ်ကျူးလွန်ပြီး ဖြစ်သည့်အခါ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပြီးဖြစ်သည့်အခါ သို့မဟုတ် သင့်ကိုယ်သင် မတုန်မလှုပ်သော အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် မကြာခဏ ကြုံသည့်အခါ၊ သင်သည် အားနည်းမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်း၌ ယုံကြည်မှု ပျောက်ဆုံးမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် ရှင်သန်လိမ့်မည် မဟုတ်သော်လည်း၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို ရှင်သန်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ကာ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းခံရသည့်အခါ၊ သင်သည် ယင်း၏လမ်းကြောင်းကို ချက်ချင်း ပြန်လှည့်နိုင်ကာ ဘုရားသခင်၏ရှေ့မှောက်တွင် ချက်ချင်း ရှင်သန်လိမ့်မည် ဖြစ်ပြီး သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဆိုခြင်းတို့ကို ရှာဖွေလိမ့်မည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့ စာတန်၏ အနှစ်သာရ၊ သင်၏ အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သော အခြေအနေအမျိုးမျိုးတို့အားဖြင့် ထိန်းချုပ်ခံရမည်လည်း မဟုတ်ပေ၊ သို့သော် သမ္မာတရားကို လိုက်စားခြင်း၌၊ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အပြစ်ဆိုခြင်းတို့ကိုလက်ခံခြင်းတို့၌ ယုံကြည်မှု ကြီးထွားလိမ့်မည်။ ဤနည်းဖြင့် လူများသည် လွတ်လပ်စွာ မရှင်သန်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရရှိခြင်း လမ်းကြောင်းဖြစ်သကဲ့သို့၊ ယင်းမှာ ကယ်တင်ခြင်း၏ လမ်းကြောင်းလည်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများအတွင်းတွင် အမြစ်တွယ်ပြီးဖြစ်သည်။ စာတန်၏ အနှစ်သာရနှင့် သဘာဝတို့က ၎င်းတို့၏ အတွေးအခေါ်များ၊ အပြုအမူ နှင့် စိတ်နေစိတ်ထားတို့ကို ထိန်းချုပ်သည်။ သို့သော် သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့် သူ၏ ကယ်တင်ခြင်းတို့ မျက်မှောက်တွင် ဤသည်တို့ထဲက တစ်ခုမျှ စိုးရိမ်ဖွယ်ရာ မဟုတ်ပေ၊ ပြီးလျှင် ယင်းက မည်သည့်အခက်အခဲမျှ မပေါ်ပေါက်ပေ။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ၎င်းတို့၌ရှိသော ပြဿနာများ သို့မဟုတ် ၎င်းတို့၏ ဘောင်ခတ်မှုများ မည်သို့ရှိပါစေ၊ ၎င်းတို့ လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိပေသည်။ ဤအရာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုရှိပြီး ၎င်းတို့ကို ဖြေရှင်းဖို့ အလားတူ လိုလျောညီထွေသော သမ္မာတရားများ ရှိလေသည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဤကဲ့သို့ မျှော်လင့်ချက် မရှိသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

လူတို့သည် ၎င်းတို့၏ ပြဿနာများ မည်မျှ ဆိုးရွားသည်ကို တွေ့ရှိသည့်အခါ ယင်းသည် ကောင်းသလော၊ ဆိုးသလော။ ကောင်း၏။ သင်သည် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တွေ့ရှိနိုင်စွမ်း ရှိလေလေ၊ ဤတွေ့ရှိခြင်းက တိကျမှန်ကန်လေလေဖြစ်ပြီး သင်ကိုယ်တိုင်၏ အနှစ်သာရကို သင် သိရှိနိုင်လေလေ၊ သင်သည် ကယ်တင်ခံရလိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိလေလေဖြစ်ပြီး သင်ကယ်တင်ခြင်းဆီ နီးကပ်စွာ လာလေလေ ဖြစ်လိမ့်မည်။ သင်သည် သင်၏ ပြဿနာများကို တွေ့ရှိနိုင်စွမ်း မရှိလေလေ၊ သင်သည် လူကောင်းတစ်ဦး၊ အတော်အတန် ထူးကဲ့သော လူတစ်ဦး ဖြစ်သည်ဟု ထင်လေလေ၊ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းမှ ဝေးကွာလေလေဖြစ်ပြီး၊ ကြီးမားသော အန္တရာယ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ အောင်မြင်မှုများကို ကြွားလုံးထုတ်ရင်း၊ ၎င်းတို့သည် ကျလောက်အောင် အပြောကောင်းသည်၊ လက်တွေ့ကျသည်၊ သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အနစ်နာခံမှုများကို ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဆိုရင်း၊ မိမိတို့ကိုယ်ကိုယ် တစ်နေကုန် ပြစားဝင့်ဝါသူ မည်သူမဆိုသည် အထူးသဖြင့် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပေသည်။ မည်သည့် လူစားမျိုးသည် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော မျှော်လင့်ချက်ရှိပြီး၊ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်စွမ်း ရှိသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိရှိသော သူများဖြစ်သည်။ ၎င်းတို့၏ အသိပညာ နက်နဲလေလေ၊ ကယ်တင်ခြင်းဆီသို့ ၎င်းတို့ နီးကပ်စွာ လာလေလေ ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိခြင်း၊ သင်သည် အချည်းနှီး၊ အလဟဿဖြစ်သည်၊ သင်သည် အသက်ရှင်နေသော စာတန်တစ်ပါးဖြစ်သည်ကို သိရှိခြင်း၊ သင်၏ အနှစ်သာရကို သင် အမှန်တကယ် သိရှိသည့်အခါ၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်၏၊ ဆိုးသော အရာမဟုတ်။ မိမိတို့ကိုယ်ကိုယ်- “အားလုံး ပြီးသွားပြီ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ငါ့အပေါ် ကျရောက်လေပြီ၊ ယင်းသည် အပြစ်ပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းဖြစ်သည်၊ ဘုရားသခင်သည် ငါ့ကို မလိုချင်သကဲ့သို့ ငါ၌ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိ” ဟု‌ တွေးရင်း၊ မိမိတို့ကိုယ်ကိုယ် သိရှိလေလေ အပျက်သဘောဆောင်လေလေ ဖြစ်သောသူ တစ်ဦးတစ်လေ ရှိသလော။ ဤလူတို့၌ ထိုသို့သော အတွေးမှားများ ရှိလိမ့်မည်လော။ အမှန်တွင်၊ ၎င်းတို့ မည်မျှ မျှော်လင့်ချက်မဲ့သည်ကို လူတို့ သတိပြုမိလေလေ၊ ၎င်းတို့အတွက် မျှော်လင့်ချက် ကြီးမားလေလေ ဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောမဆောင်သင့်သကဲ့သို့ လက်မလျှော့သင့်ကြပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် ကောင်းမွန်သော အရာတစ်ခုဖြစ်၏၊ ယင်းသည် ကယ်တင်ခြင်းဆီသို့ လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရာ၌ အထူးထူးအပြားပြားဖြစ်သော သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏ အနှစ်သာရတို့နှင့် ပတ်သက်၍ လုံးဝ မချင့်ချိန်တတ်ပါက၊ ပြီးလျှင် သင်သည် ပြောင်းလဲဖို့ မည်သည့် အစီအစဉ်များမျှ မရှိသေးပါက၊ သင် ဒုက္ခရောက်ပေသည်။ ထိုသို့သောလူတို့သည် ထုံအသွားနှင့်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် သေဆုံးနေကြ၏။ လူသေကို အသက်ပြန်ရှင်စေ၍ရနိုင်သလော။ ၎င်းတို့သည် သေဆုံးပြီးသားဖြစ်၏- ပြန်မရှင်နိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

လူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသည်ဆိုသည်မှာ ၎င်းတို့ အသက်အရွယ်မည်မျှရှိသည်၊ မည်သည့်ပတ်ဝန်းကျင်တွင် မွေးဖွားသည် သို့မဟုတ် မည်မျှ အရည်အချင်းရှိသည်တို့အပေါ်တွင် မူတည်ခြင်း မရှိပေ။ ယင်းအစား ဘုရားသခင်သည် လူတို့ကို သမ္မာတရားအပေါ်တွင်ထားသော ၎င်းတို့၏ သဘောထားကို အခြေခံကာ ဆက်ဆံပြီး၊ ဤ သဘောထားသည် ၎င်းတို့၏ စိတ်သဘောထားနှင့် ဆက်နွှယ်နေသည်။ သင်သည် သမ္မာတရားနှင့် စပ်လျဉ်း၍ မှန်ကန်သော သဘောထား၊ လက်ခံခြင်းနှင့် နှိမ့်ချမှုတို့ ရှိပါက၊ သင်သည် အရည်အချင်း ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်ဦးမည်ဖြစ်ပြီး တစ်စုံတစ်ရာကို ရရှိဖို့ သင့်ကို ခွင့်ပြုလိမ့်မည်ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားသည်၊ သင်မှန်ကန်သည်ဟု အမြဲ ထင်လျက်နှင့် အခြားမည်သူမဆို ပြောသည့်အရာ တစ်ခုတစ်လေကိုလက်ခံဖို့ လိုလားခြင်းမရှိသကဲ့သို့၊ အမြဲ ဆန့်ကျင်နေပါက၊ ဘုရားသခင်သည် သင့်အထဲတွင် အလုပ်လုပ်လိမ့်မည်မဟုတ်။ သူက သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ မည်သည့်အရာကိုမျှ ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ဖော်ထုတ်ခံရခြင်းဟု သိကြသည့် အရာဖြစ်သည်။ သင်သည် မည်သို့သောသူမျှ မဟုတ်ဘဲ အရာရာတိုင်းတွင် အသုံးမကျသည်မှာ သိသာထင်ရှားပေသည်။ သို့တိုင်အောင် သင်သည် အတော်အတန် တော်သည်၊ အရာရာတိုင်းကို အောင်မြင်ပြီးမြောက်နိုင်ပြီး၊ အရာအားလုံးတွင် အခြားလူတိုင်းထက် သာလွန်သည်ဟု ထင်ဆဲဖြစ်သည်။ အခြားလူတို့ရှေ့တွင် သင်၏ ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်များကို သင် မည်သည့်အခါမျှ မဆွေးနွေးသလို သင်၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်မှုတို့ကို ၎င်းတို့အား မြင်တွေ့ခွင့် မပေးပေ။ သင်သည် အစဉ်သဖြင့် ကျွမ်းကျင်မှုရှိဟန်ဆောင်ပြီး အခြားလူများအား မှားယွင်းစွာ ထင်မြင်စေသည်။ သင်သည် အရာရာတိုင်းတွင် ကျွမ်းကျင်သည်၊ အားနည်းချက် မရှိ၊ မည်သည့်အကူအညီမျှ မလို၊ အခြားလူများ၏ ထင်မြင်ချက်တို့ကို နားထောင်ဖို့ မလို၊ သင်၏ အားနည်းချက်များကို ဖြည့်ဆည်းရန် အခြားလူတို့၏ အားသာချက်များကို သင်ယူဖို့မလိုဟု လူများ ထင်မြင်စေရန် သင် ပြုလုပ်သည်။ ထို့အပြင် သင်သည် လူတိုင်းထက် အမြဲတမ်းသာနေလိမ့်မည်ဟု သူတို့ ထင်မြင်အောင် ကြိုးစားသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မာနထောင်လွှားမှု။) ဤသို့သောလူသည် သနားဖွယ်ကောင်းသည့်အသက်တာကို ရှင်သန်သည်။ သူသည် အမှန်တကယ် ကြွယ်ဝသလော။ မကြွယ်ဝပေ။ သူသည် အသစ်သောအရာများကို သင်ယူခြင်းမရှိသလို လက်ခံခြင်းလည်း မရှိပေ။ အတွင်းတွင် သူသည် အလွန် ခြောက်သွေ့နေသည်။ ကန့်သတ်မှုရှိသည်။ ဆင်းရဲသည်။ ဤသို့သောသူသည် မည်သည့်အရာ၏နောက်ကွယ်ရှိ အခြေခံသဘောတရားများကိုမျှ နားမလည်၊ အခြေခံသဘောတရားများကို သဘောမပေါက်နိုင်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းမရှိဘဲ စည်းကမ်းသတ်မှတ်ချက်များကိုသာ ဆုပ်ကိုင်ထားပြီး ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်တွင် များစွာ အားစိုက်ထုတ်သည်။ အကျိုးဆက်အနေဖြင့် သူသည် ရလဒ်အနည်းငယ်သာ ရရှိသည်။ ဤသို့သောသူသည် ဆိုးသော စိတ်သဘောထားတစ်ခုရှိသည်။

သင်တို့သည် သင်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သလား။ (မိမိ၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် ကျွန်ုပ် အမြဲတမ်းဖက်တွယ်လေ့ရှိခဲ့ပါသည်။ သို့သော် ဘုရားသခင် စီစဉ်သည့် အခြေအနေတို့တွင် ဖော်ထုတ်ခံရပြီးနောက်၊ လူတိုင်းက အတူတွေ့ဆုံပြီး အမှုအရာများကို ဆွေးနွေးသည့်အခါ မှန်ကန်စွာ နားလည်ကြလေ့ရှိပြီး အကြိမ်များစွာတွင် မှားယွင်းသည်မှာ သို့မဟုတ် မျက်မွေးတစ်ဆုံးသာ ကြည့်သည်မှာ ကျွန်ုပ်ကိုယ်တိုင်၏ အမြင်ဖြစ်သည်ကို ကျွန်ုပ် သိရှိခဲ့ရပါသည်။ အခြားသူများနှင့် သဟဇာတရှိစွာ လုပ်ဆောင်ခြင်းသည် မည်မျှ အရေးကြီးသည်ကို ကျွန်ုပ် နားလည်လာခဲ့ပါသည်။) ဤအခြင်းအရာမှ မည်သည့်အရာကို သင် သင်ယူရရှိခဲ့သနည်း။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ လူတို့သည် ဤအချက်ကို သတိပြုမိရမည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အားသာချက်များနှင့် အရေးသာမှုများ၊ သို့မဟုတ် အပြစ်အနာအဆာများကို မှန်ကန်စွာ ကြည့်ရှုနေသည့် မည်သူမဆို၏ အသင့်လျော်ဆုံးသော သဘောထားလည်း ဖြစ်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော စဉ်းစားချင့်ချိန်နိုင်စွမ်းဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

“ကျွန်ုပ်သည် အတော်ကောင်းမွန်သော လူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို ခုခံရန် မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်လေပြီ၊ ပြီးလျှင် သူ့အတွက် ကျွန်ုပ် များစွာ ဆင်းရဲဒုက္ခခံပြီးဖြစ်သည်။ အဘယ်ကြောင့် သူသည် ကျွန်ုပ်ကို ထိုသို့ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသေးသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို အစဉ် အသိအမှတ်မပြုသနည်း သို့မဟုတ် မချီမသနည်း” ဟု ပြောသောသူများ ရှိသည်။ အချို့သောသူတို့က၊ “ရိုးစင်းသော ကုန်သည်တစ်ဦးဖြစ်သည်။ သားအိမ်ထဲတွင် ရှိခဲ့ကတည်းက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်ကာ ယခု သူ့ကို ကျွန်ုပ် ယုံကြည်ဆဲ ဖြစ်သည်။ ကျွန်ုပ် အလွန် ဖြူစင်ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံဖို့ ကျွန်ုပ်၏ မိသားစုကို စွန့်ခွာကာ ကျွန်ုပ်၏ အလုပ်ကိုထွက်ခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို မည်မျှချစ်သည်ကို ကျွန်ုပ် တွေးဆဲ ဖြစ်သည်။ ယခုတွင်၊ ဘုရားသခင်က လူတို့ကို သိပ်မချစ်သည့်ပုံရပြီး၊ ကျွန်ုပ်သည် သူနှင့်ပတ်သက်၍ စိမ်းကားခံရလျက်၊ စိတ်ပျက်ကာ တုန်လှုပ်ချောက်ချားလျက် ဝိုင်းပယ်ခံရသည်ဟု ခံစားရသည်”ဟု ပြောကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ မှန်ကန်သော နေရာတွင် ရှိမနေကြလေပြီ။ ၎င်းတို့ မည်သူဖြစ်သည်ကို မသိကြသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်က လေးစားကာ ပြုစုပျိုးထောင်သင့်သည့် သို့မဟုတ် တန်ဖိုးထားကာ ချစ်ခင်မြတ်နိုးသင့်သည့် အလွန် လေးစားမှုနှင့် ထိုက်တန်ကြသည့် ပုဂ္ဂိုလ်များ ဖြစ်သည်ဟု အမြဲ ခံစားကြလေသည်။ လူတို့သည် ထိုသို့သော နားလည်မှုလွဲခြင်းများ၊ ထိုသို့သော အဓိပ္ပာယ်မရှိသကဲ့သို့ ယုတ္တိမတန်သည့် တောင်းဆိုချက်များ အမြဲ ရှိကြပါက၊ ယင်းသည် ဒုက္ခပြဿနာဆီသို့ ဆိုက်ရောက်စေလိမ့်မည်။ ထိုအခါ လူတို့သည် ဤအခက်အခဲများကို ဖြေရှင်းရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ပြုလုပ်သည့် ဤတောင်းဆိုချက်များကို လက်လွှတ်ရန်အလို့ငှာ လူသားကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် ကိုက်ညီနိင်ရန် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပြီး၊ မိမိတို့ကိုယ်ကိုယ် မည်သို့ သိသင့်ကာ သဘောထားသင့်သနည်း။ သင်သည် မည်သူဖြစ်သည်ကို သင် သိရမည်။ မည်သည့် ဆုကျေးဇူး အမျိုးအစားများ သို့မဟုတ် အားသာချက်များ ရှိသည်ဖြစ်စေ၊ ကျွမ်းကျင်မှု သို့မဟုတ် အစွမ်းအစ မည်မျှ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်တွင် ကောင်းကျိုးမည်မျှပင် သင် ရရှိပြီးသည်ဖြစ်စေ၊ သင် မည်မျှ ပြေးလွှားလုပ်ဆောင်ပြီးသည်ဖြစ်စေ၊ အရင်းအနှီး မည်မျှ သင် တိုးပွားပြီးသည်ဖြစ်စေ၊ ဤအရာများသည် ဘုရားသခင်ဖို့ အချည်းနှီးကဲ့သို့ ဖြစ်ပြီး၊ သင်၏ ရပ်တည်ချက်မှ ယင်းတို့သည် အရေးကြီးပုံရပါက၊ သင်နှင့် ဘုရားသခင်ကြားတွင် နားလည်မှုလွဲခြင်းများနှင့် ဆန့်ကျင်မှုများ တစ်ဖန် ထွက်ပေါ်လေပြီ မဟုတ်လော။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ အကွာအဝေးကို ကျုံ့စေရမည်၊ ဤဆန့်ကျင်ကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်ပြီး၊ သင် မှန်သည်ဟု ထင်သည့်အရာများနှင့် သင် ဖက်တွယ်သည့်အရာများကို ငြင်းပယ်ရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင်၊ သင်နှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု ရှိတော့မည်မဟုတ်သကဲ့သို့၊ သင်သည် သင်၏ ရာထူးအဆင့်အတန်းတွင် မှန်ကန်စွာ ရပ်တည်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံး မှန်ကန်သည်ဟု အသိအမှတ်ပြုနိုင်လိမ့်မည်၊ မိမိကိုယ်ကိုယ် ငြင်းပယ်နိုင်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် လက်လွှတ်နိုင်လိမ့်မည်။ သင် ရရှိပြီးဖြစ်သည့် ကောင်းမြတ်ခြင်းကို အရင်းအနှီး အမျိုးအစားတစ်ခုအဖြစ် သင် သဘောထားတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် သတ်မှတ်ချက်များမှ ချမှတ်ရန် ကြိုးတော့မည် မဟုတ်၊ သို့မဟုတ် သူ့ကို တောင်းဆိုချက်များ ပြုတော့မည်မဟုတ် သို့မဟုတ် သူ့ကို ဆုလာဘ်များ တောင်းဆိုတော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ သင်သည် အခက်အခဲများ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ နားလည်မှုလွဲခြင်းများသည် အဘယ်ကြောင့် ထွက်ပေါ်ရသနည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ်မျှ မသိကြသောကြောင့် ထွက်ပေါ်ရပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန် မြင့်မားစွာ သတ်မှတ်ကြပြီး ဘုရားသခင်၏ အမြင်ရှိ ၎င်းတို့၏ ရာထူးကို အလွန်မြင့်မားစွာ ခန့်မှန်းကြပြီး လူတစ်ဦး၏ တန်ဖိုးနှင့် အရင်းအနှီးအဖြစ် ၎င်းတို့ ယူဆသည့်အရာအား ၎င်းတို့ ကယ်တင်ခံရမည်၊ မခံရမည်ကို ဘုရားသခင် တိုင်းတာသည့် စံနှုန်းများအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးတွင် မည်သည့် နေရာမျိုး ရှိသည်ဆိုသည်နှင့် သင့်ကို ဆက်ဆံရန်မှာ ဘုရားသခင်အတွက် မည်မျှ သင့်တော်သည်ဆိုသည်တို့ကို သင် သိရမည်ဖြစ်သည်။ ဤအရာကို သိရှိရန်မှာ သမ္မာတရားနှင့်ကိုက်ညီပြီး၊ ဘုရားသခင်၏ အမြင်များနှင့် ကိုက်ညီပေသည်။ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် မိမိကိုယ်ကိုယ် သဘောထားခြင်းတို့သည် ဤအသိပညာနှင့် ကိုက်ညီသည့်အခါ၊ သင်နှင့် ဘုရားသခင်ကြားတွင် မည်သည့် ကွဲလွဲခြားနားခြင်းမျှ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်က သူ၏ နည်းဟန်ဖြင့် သင့်ကို တစ်ဖန် ဆက်ဆံသည့်အခါ၊ သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နှလုံးတွင် မသက်မသာဖြစ်ခြင်းအချို့ သင် ခံစားရကောင်း ခံစားရနိုင်သည်၊ သို့မဟုတ် ဤအရာများကို နားမလည်နိုင်သကဲ့သို့ ယင်းတို့မှာ သင် ဆန္ဒရှိသည့်အတိုင်း မဟုတ်သည့်အလား ခံစားရကောင်းခံစားရနိုင်သည်၊ သင်သည် ဤသမ္မာတရားများဖြင့် ပြင်ဆင်ခံရပြီး၊ ဤသမ္မာတရားများကို နားလည်လိမ့်မည်ဖြစ်သောကြောင့်နှင့် သင်၏ နေရာတွင် ခိုင်မာစွာ သင် ရပ်တည်နိုင်လိမ့်မည်ဖြစ်သောကြောင့်၊ သင်သည် ဘုရားသခင်ကို တိုက်ခိုက်တော့မည် မဟုတ်ပေ၊ ယင်းမှာ သင့်ကို ပျက်စီးစေမည့် သင်၏ ထိုအပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုတို့သည် ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်သည် လုံခြုံလိမ့်မည် မဟုတ်လော။ သင် လုံခြုံဘေးကင်းသည်နှင့်တစ်ပြိုင်နက်၊ သင်သည် တည်ငြိမ်သွားလိမ့်မည်၊ ယင်းမှာ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းရန် ဆိုလိုသည့်အရာ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

အရှေ့သို့- ၅၁။ တစ်စုံတစ်ယောက်၏ ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများကို စီမံခန့်ခွဲခြင်းဆိုင်ရာမူများ

နောက်တစ်ခုသို့- ၅၃။ ထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ကို ပြုပြင်ခြင်းဆိုင်ရာမူများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်