၁၃၆။ ဖော်ထုတ်ခံရပြီး သုတ်သင်ဖယ်ရှင်းခံရသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်ကို နှစ်ပေါင်းများစွာ ၎င်းတို့၏ ယုံကြည်ခြင်း၌ မိမိတာဝန်များကိုလည်း မဖြည့်ဆည်းခဲ့၊ သမ္မာတရားကိုလည်း ကြိုးစားအားထုတ်ခြင်း မရှိခဲ့သော မယုံကြည်သူများနှင့် အတုအယောင်ယုံကြည်သူများကို မယုံကြည်သူများအဖြစ် စာရင်းသွင်းပြီး ပစ်ပယ်ထားသင့်ပေသည်။

(၂) ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသခဲ့ပြီး ပြစ်မှားမှုများ ကျူးလွန်ခဲ့သော်လည်း သစ္စာရှိစွာ အစေခံနိုင်သောသူများကို ပွဲချင်းပြီးသေသွားအောင် တစ်ချက်တည်းဖြင့် နှိပ်ကွပ်ခြင်းမျိုးကို မပြုသင့်ပေ။ ထိုသူတို့ကို ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံကာ နောင်တရရန် အခွင့်အရေးပေးသင့်သည်။

(၃) လိုလိုလားလား အစေခံနိုင်သော်လည်း သမ္မာတရားကို အားမထုတ်သူများသည် ဆိုးယုတ်မှု ကျူးလွန်ခြင်းနှင့် အနှောင့်အယှက်များ ဖြစ်စေခြင်းတို့ကို မပြုလုပ်သရွေ့၊ ကိုယ်ကျင့်တရား မရှိဘဲ မိမိတာဝန်များကို ထမ်းဆောင်နေစေကာမူ ထိုသူတို့အား ဖယ်ရှားခြင်းကို မပြုလေနှင့်။

(၄) လိုလိုလားလား အစေမခံဘဲ မကြာခဏ ဒုစရိုက်မှုများကို ပြုလုပ်နိုင်စွမ်းရှိပြီး၊ အသင်းတော်အတွက် အသုံးမဝင်သည်အထိ ဖြစ်သောသူများကို နုတ်ပယ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါ၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး၊ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်သော သူများလည်း ရှိသည်။ ၎င်းတို့သည် အယူဝါဒများကို နားလည်ခြင်းမျှဖြင့် စိတ်ကျေနပ်ကြလေသည်။ ကောင်းမွန်သည့် အယူဝါဒကို ၎င်းတို့ ကြားပြီး ထိန်းသိမ်းကြကာ၊ ယင်းကို သိနားလည်ပြီးသည့်နောက်၊ ၎င်းတို့၏ တာဝန်များကို အဆင့်တစ်ခုထိ ၎င်းတို့ ဆောင်ရွက်နိုင်ကြလေသည်။ ဤလူများသည် ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့်အရာကို လုပ်ဆောင်ကြပြီး၊ သာမန် လူ့သဘာဝမျှ ရှိကြလေသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုထိ အသုံးခံဖို့၊ လောကီဆန်ခြင်းကို စွန့်လွှတ်ဖို့နှင့် ဆင်းရဲဒုက္ခကို ခံရပ်ဖို့ လိုလိုလားလား ရှိကြသည်။ သို့သော်၊ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ စိတ်အားမထက်သန်ကြပေ။ အပြစ်မကျူးလွန်သည်မှာ လုံလောက်ပြီဟု ၎င်းတို့ ယုံကြည်ကြပြီး၊ သမ္မာတရား၏ အနှစ်သာရကို အစဉ် နားမလည်နိုင်ကြချေ။ ထိုသို့သော လူများသည် အဆုံးတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါက၊ ၎င်းတို့သည်လည်း ချမ်းသာပေးခြင်း ခံရနိုင်သည်၊ သို့သော် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း မရှိနိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ

၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ နုတ်ပယ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ သုတ်သင်ပယ်ရှားခံရလိမ့်မည်ဖြစ်ပြီး၊ သုတ်သင်ပယ်ရှင်းခြင်း ခံရသူများသည် နတ်ဆိုးနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ထိုကဲ့သို့သော လူတို့သည် အမှုသစ်အား နားလည်ခြင်းမရှိဘဲ၊ အဆုံးမဲ့သော အယူအဆများနှင့် ပြည့်နေကြသည်။ သူတို့သည် အသင်းတော်၌ မည်သည့်အလုပ်တာဝန်ကိုမျှ မထမ်းဆောင်ကြပေ။ ထို့ထက် သူတို့သည် နေရာတကာတွင် ခလောက်ဆန်ပြီး အပျက်သဘောဆောင်ခြင်းကို ပျံ့နှံ့စေလျက်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံ၌ ပါဝင်သည်အထိပင်ဖြစ်ပြီး၊ ထိုသို့ဖြင့် ကွဲပြားခြားနားမှုကို သိမြင်နိုင်စွမ်း မရှိသူများအား ဇဝေဇဝါနှင့် ဖရိုဖရဲ ဖြစ်စေသည်။ သင့်အတွက်ကြောင့် အသင်းတော် ပျက်စီးထိခိုက်မည်စိုး၍ အသက်ရှင်လျက်ရှိသော ဤနတ်မိစ္ဆာများ၊ ဤဝိညာဉ်ဆိုးများက ဖြစ်နိုင်သမျှ အမြန်ဆုံး အသင်းတော်မှ ထွက်သွားသင့်သည်။ သင်သည် မျက်မှောက်အမှုကို ကြောက်ရွံ့ကောင်းကြောက်ရွံ့မည် မဟုတ်သော်လည်း၊ အနာဂတ်၏ တရားသော အပြစ်ဒဏ်ပေးခြင်းကို သင်မကြောက်ရွံ့သလော။ အသင်းတော်၌ ကပ်ပါးရပ်ပါးလုပ်သော လူတို့ အမြောက်အများရှိပြီး၊ ဘုရားသခင်၏ ပုံမှန်အမှုကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ဤအရာအားလုံးသည် နတ်ဆိုးဘုရင် စေလွှတ်လိုက်သော နတ်ဆိုးများ၊ သတိလက်လွတ်သော သိုးများကို ဝါးမျိုရန် ကြိုးစားသည့် ကြောက်စရာကောင်းသော ဝံပုလွေများ ဖြစ်ကြသည်။ ထိုသို့ခေါ်တွင်သော ဤလူတို့ကို မနှင်ထုတ်လျှင်၊ သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ လှူဖွယ်ပစ္စည်းများကို ဝါးမျိုသော သံချေးပိုးရွများ ဖြစ်လာကြလိမ့်မည်။ အထင်သေးစရာကောင်းသော၊ မသိနားမလည်သော၊ ယုတ်ညံ့ပြီး ရွံရှာဖွယ်ကောင်းသော ဤလောက်ကောင်များ အပြစ်ပေးခံရသောတစ်နေ့ အနှေးနှင့်အမြန် ရောက်လာအံ့တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

လူတိုင်း ချစ်ခြင်းမေတ္တာ၊ အကူအညီပေးတတ်ခြင်း၊ သည်းခံခြင်းတို့နှင့် ဆက်ဆံနိုင်သော လူအမျိုးအစားရှိစေကာမူ၊ သူတို့သည် ဘုရားသခင်တစ်ပါးတည်းနှင့်သာ စေ့စပ်၍မရသည့်အပြင် သူတို့မှာ ဘုရားသခင်၏ မပြေနိုင်သောရန်ဘက်ပင် ဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကို ထိပါးလာသည့်၊ ဘုရားသခင် မိန့်ဆိုသတ်မှတ်သည့်အရာကို ထိပါးလာသည့် အရာတစ်ခုကို ကြုံတွေ့သောအခါ၊ သူတို့သည် ယင်းကို လက်ခံနိုင်စွမ်း မရှိရုံမျှဖြစ်ကာ၊ အခက်အခဲများကို ဖန်တီးပြီး အချိန်တိုင်းနေရာတိုင်း၌ ယင်းအပေါ် သံသယထားရှိလျက် အယူအဆများကို ဖြန့်ဝေတတ်သည်၊ သို့သော် တစ်စုံတစ်ခုက သူတို့၏ကိုယ်ပိုင် အကျိုးအမြတ်များကို ထိပါးလာသည့်အခါ သူတို့သည် ထကြွပြီး ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်မှုပင် ပြုနိုင်စွမ်းရှိခြင်းကဲ့သို့သော ဘုရားသခင့် အိမ်တော်၏အလုပ်ကို ထိခိုက်နစ်နာစေသည့် အရာများစွာကိုလည်း သူတို့ပြုလုပ်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော လူစားမျိုးနည်း။ (ဘုရားသခင်ကိုမုန်းသောသူမျိုး ဖြစ်သည်။) ဘုရားသခင်အား မုန်းတီးခြင်းဟူသည် ခပ်သိမ်းသောလူတို့၏ သဘာဝလက္ခဏာတစ်ခု ဖြစ်ပြီး၊ အားလုံးတွင် ဤအနှစ်သာရရှိသည်။ သို့သော်လည်း အချို့သော လူတို့တွင် ယင်းက သိပ်မပြင်းထန်ပေ။ သို့ဆိုလျှင် ဤလူစားမျိုးက ဘုရားသခင်ကို အဘယ့်ကြောင့် အလွန်မုန်းတီးရသနည်း။ သူတို့က ဘုရားသခင်၏ရန်ဘက် ဖြစ်ကြသည်။ သူတို့သည် မာရ်နတ်များ ဖြစ်ကြပြီး၊ ရှင်းရှင်းပြောရလျှင် သူတို့မှာ အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်တကား။ ဘုရားသခင်ကယ်တင်သော လူတို့ကြားတွင် ထိုကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးများ ရှိသလော။ (မရှိပါ။) ထို့အတွက်ကြောင့် အကယ်၍ သင်တို့သည် အသင်းတော်ထဲတွင် ဤကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးမျိုးများ ကဲ့သို့သောသူ အချို့ကို အတိအကျ ဖော်ထုတ်မိပါက ထိုသူတို့ကို နေရာမှ ချက်ချင်း နုတ်ပယ်ရမည်။ အကယ်၍ လူတစ်ဦးသည် အများအားဖြင့် အတော်ပင် ကောင်းစွာပြုမူသော်လည်း သူတို့၏ အခြေအနေတွင် တဒင်္ဂလစ်ဟင်းမှုသာရှိလျှင်၊ သို့မဟုတ် သူတို့၏ ဝိညာဥ်ရင့်သန်မှုက သမ္မာတရားကို နားလည်ရန်အတွက် အလွန်သေးငယ်ကာ၊ သူတို့သည် မဆိုစလောက်သော တုံ့ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက်ကို ဖြစ်စေသော်လည်း ဤအပြုအမူက တစ်သမတ်တည်းမဟုတ်ဘဲ သူတို့သည်လည်း သဘာဝအားဖြင့် ထိုကဲ့သို့သော လူစားမျိုးမဟုတ်ပါလျှင် သူတို့ကို ပြန်လည်၍ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ အတော်ပင် ညံ့ဖျင်းသော လူ့သဘာဝရှိလင့်ကစား ကဏ္ဍတစ်ရပ်တွင် အားသာသောသူအချို့ ရှိလေသည်- သူတို့က အစေခံရန် ဆန္ဒရှိပြီး ဒုက္ခခံရန်ပင် အသင့်ဖြစ်ကြသည်။ ယင်းမှာ သူတို့က ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံဘဲ သူတို့အား ပုန်ကန်ပြစ်မှားသူ မည်သူ့ကိုမဆို ဖက်ပြိုင်အံတုလိမ့်မည် ဖြစ်သော်လည်း သူတို့သည် ပုန်ကန်ပြစ်မှား မခံရသောအခါ အတော်အတန် ပုံမှန်ဖြစ်ကြခြင်းပင် ဖြစ်သည်။ သူတို့သည် အခြားလူတစ်ဦးဦး အထိခိုက်ခံလျက် အမြတ်ထုတ်ခြင်းလည်း မပြုခဲ့ပါပေ။ ထိုကဲ့သို့သော သူတို့ကိုလည်း ပြန်လည်ထိန်းသိမ်းထားမည် ဖြစ်ပြီး၊ သူတို့က သေချာပေါက် ကယ်တင်ခြင်းခံရလိမ့်မည်ဟု ပြောမည်မဟုတ်သော်လည်း အနည်းဆုံး သူတို့က အစေခံကြမည်ဖြစ်ကာ အဆုံးသတ်ထိ သူတို့အစေခံနိုင် မခံနိုင်မှာ သူတို့ကိုယ်တိုင်ကိုယ်ကျ အားထုတ်မှုအပေါ် မူတည်သည်။ သို့သော်လည်း အကယ်၍ ထိုကဲ့သို့သောလူတစ်ဦးက အသက်ရှင်နေသော နတ်ဆိုးဖြစ်ပြီး ဘုရားသခင်၏ ရန်ဘက်တစ်ဦး ဖြစ်ပါက သူတို့ကို လုံးဝ ကယ်တင်၍မရနိုင်ပါချေ။ ဤသည်မှာ ကျိန်းသေမှုတစ်ခုဖြစ်ပြီး သူတို့ကို အသင်းတော်မှ နှုတ်ပယ်ရမည် ဖြစ်သည်။ အချို့ကို နောင်တရဖို့၊ သူတို့အား သင်ခန်းစာသင်ပေးဖို့ အခွင့်အရေးပေးရန်အတွက် နှုတ်ပယ်ခြင်းဖြစ်သည်။ အခြားသူများအား သူတို့ တကယ်ဖြစ်သည့်အတိုင်း သူတို့၏သဘာဝကို တွေ့မြင်ရသဖြင့် နှုတ်ပယ်ခြင်းဖြစ်ပြီး ထိုသူတို့ကို ကယ်တင်၍ မရနိုင်ပါပေ။ လူတိုင်းက ခြားနားလေသည်။ အချို့တွင် ဝမ်းနည်းညှိုးငယ်ပြီး စိတ်ဓာတ်ကျဖွယ် အခြေအနေရှိလင့်ကစား နှုတ်ပယ်ခြင်းခံထားရသူ အချို့က သူတို့၏တာဝန်ကို အဆုံးရှုံးမခံဘဲ ဆက်လက်၍ ထမ်းဆောင်ကြသည်၊ ထိုသူတို့မှာ မိမိတို့၏တာဝန်ကို လုံးဝမထမ်းဆောင်သော လူတို့၏ အခြေအနေ၌ မရှိသည့်အပြင် သူတို့လျှောက်သော လမ်းကြောင်းများမှာလည်း မတူညီချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။ ကယ်တင်ခြင်း အမှု ပြုသည့် အတောအတွင်းတွင်၊ ငါသည် လူအားလုံးအပေါ် ကြင်နာပြီး ကောင်းမြတ်၏။ အမှု အဆုံးသတ်သည့်အခါတွင်၊ လူအမျိုးအစား အမျိုးမျိုး၏ အကျိုးဆက်များ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ငါသည် ကြင်နာကာ ကောင်းမြတ်တော့လိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား ထိုအချိန်တွင် လူတို့၏ အကျိုးဆက်များသည် ထုတ်ဖော်ပြခံရပြီးဖြစ်သကဲ့သို့ တစ်ဦးစီသည် မိမိတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီးဖြစ်ကာ နောက်ထပ် ကယ်တင်ခြင်းအမှု ပြုခြင်းက အသုံးဝင်လိမ့်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းခေတ်သည် လွန်သွားပြီးဖြစ်ကာ၊ ထိုသို့လွန်သွားပြီးဖြစ်သဖြင့်၊ ၎င်းသည် ပြန်ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ ဟိုဟိုသည်သည် ခိုးကြောင်ခိုးဝှက် အတူတကွ သွားကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများသည် မကောင်းမှုကိုပင် ရောင်ပြန်ဟပ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။ သူတို့နှင့် စိတ်တူသဘောတူရှိခဲ့သော သင်တို့ထဲမှ သူများသည်လည်း မိမိတို့ကိုယ်မိမိတို့ ပြန်သုံးသပ်ဖို့ရန် ယခုအခွင့်အရေးကို အသုံးချလျှင် ကောင်းမည်ဖြစ်သည်။ သင်တို့သည် ဆိုးယုတ်သောသူများနှင့်အတူ အသင်းတော်မှ ထွက်ခွာမည်လော၊ အသင်းတော်၌ ဆက်ရှိနေပြီး နာခံလျက်နောက်လိုက်မည်လော။ သင်တို့သည် ဤကိစ္စကို သေချာစွာ စဉ်းစားတွေးတောရမည်။ ငါသည် သင်တို့ကို ရွေးချယ်စရာ ဤနောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး၊ သင်တို့၏အဖြေကို ငါစောင့်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

အရှေ့သို့- ၁၃၅။ မောက်မာသော စိတ်သဘောထားအမျိုးမျိုး ရှိသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၇။ ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၄၆၆ ဘုရား၏ တစ်ခုတည်းသောဆန္ဒမှာ လူတို့ နားထောင်ရန်နှင့် နာခံရန်ဖြစ်၏ကျူး

ဘုရားသခင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်၊ သူသည် အတိုင်းမသိပမာဏရှိသည့် အမှုကိုလုပ်ရန်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်