၁၃၄။ သမ္မာတရားကို ချစ်သောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) သမ္မာတရားကို မြတ်နိုးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိထားသောသူတို့ကို ဘုရားသခင်ရွေးကောက်ထားသူများ အဖြစ် စာရင်းသွင်းထားသည်။ ထိုသူတို့သည် ပြစ်မှားလွန်ကျူးလျှင် သို့မဟုတ် ခလုတ်တိုက် လဲကျသွားခဲ့လျှင် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီဖေးမပေးရမည် ဖြစ်သည်။

(၂) သမ္မာတရားကို မြတ်နိုးပြီး ဖြောင့်မတ်ခြင်းအသိတရားရှိသည့် ကောင်းမြတ်သော အစွမ်းအစရှိသူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးသင့်ပြီး၊ ထိုသူတို့အား မည်သူမျှ တိုက်ခိုက်ခြင်း သို့မဟုတ် လုပ်ကြံအကွက်ဆင်ခြင်းတို့ကို လုံးဝမပြုရ။

(၃) အသင်းတော်တွင် ၄င်း၏ဗဟိုအချက်အချာအဖြစ် သမ္မာတရားကို မြတ်နိုးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိထားသည့်သူများ ရှိရမည်ဖြစ်သည်။ ထိုသူတို့ကို ရေလောင်းပြုစုပျိုးထောင်ပေးခြင်းနှင့် တာဝန်ကို ထမ်းရွက်ရန်နှင့် လေ့ကျင့်သင်ယူရန်အတွက် အခွင့်အရေးပေးခြင်းတို့ကို အာရုံစိုက်ရမည်။

(၄) အသင်းတော်သည် သမ္မာတရားအား မြတ်နိုးသောသူများကို အကာအကွယ်ပေးရမည်။ သမ္မာတရားအား မြတ်နိုးသောသူများကို တိုက်ခိုက်၊ ဖယ်ကြဉ် သို့မဟုတ် လုပ်ကြံအကွက်ဆင်သည့် ဆိုးယုတ်သူများကို တားမြစ်ပိတ်ပင်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။...ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

သင်သည် သမ္မာတရားကို ချစ်ပါက၊ သင်၏အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ သင်သည် ဘုရားသခင်ကို သိပ်ကြာကြာ မယုံကြည်ရသေးလျှင်ပင်၊ သင် မကြာခဏ အမှားပြုလုပ်ပြီး မိုက်မဲသော အရာများကို ပြုလျှင်ပင်၊ ဘုရားသခင်က သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ သင်က နှစ်သက်ပါက၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထားက ရိုးသားပါက၊ ယင်းသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ပါက၊ သင်သည် သမ္မာတရားကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါက၊ ဘုရားသခင်သည် သင့်အပေါ် သနားကရုဏာထားလိမ့်မည်။ သမ္မာတရားအပေါ် သင်၏သဘောထားသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ကာ၊ သင်၏စိတ်နှလုံးသည် စစ်မှန်သည့်အတွက်၊ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုနှင့် ညံ့ဖျင်းသော အစွမ်းအစအားဖြင့် ရတက်မအေးဖြစ်ရသည်။ သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်ပြီး သူသည် သင့်အပေါ် အစဉ် သနားကရုဏထားရှိလိမ့်မည်— ထို့ကြောင့် သင်၌ ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် မျှော်လင့်ချက်ရှိပေသည်။ သို့သော် သင်၏စိတ်နှလုံးသည် မာကျောပြီး စိတ်အလိုလိုက်ပါက၊ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့်အရာအားလုံးနှင့် သမ္မာတရား ပါဝင်သည့် အရာအားလုံးကို မချစ်ပါက၊ ယင်းကို မည်သည့်အခါကမျှ အရေးမစိုက်ဘဲ၊ သင်၏ စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ရွံရှာခြင်း၊ စက်ဆုပ်ခြင်း၊ နှင့် မရပ်မနားသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ပေါ်လျှံသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ပေါလျှံသော သနားကရုဏာ” ၌ “ပေါလျှံသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ၊ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်- ယင်းမှာ “ပေါလျှံခြင်း” ဟု ဆိုလိုသည့်အရာဖြစ်သည်။ လူအချို့သည် မိုက်မဲပြီး ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့်၊ ဤသည်မှာ ဘုရားသခင် ပြုမူဖို့ လိုအပ်သည့်ပုံစံ ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း၊ မိုက်မဲပြီး ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ ဘုရားသခင်၏ သဘောထားသည် သင့်အပေါ် ပေါလျှံသည့် သနားကရုဏာရှိခြင်းထဲမှ တစ်ခုသာ ဖြစ်နိုင်သည်။ သနားကရုဏာတွင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်ကြီးထွားလာဖို့အလို့ငှာ၊ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်သည်၊ သင့်ကို ထောက်ပံ့ဖို့နှင့် ကူညီဖို့ သင့်အား လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို ပေးသည်။ မည်သည့်အခြေခံအုတ်မြစ်တွင် ဤအရာကို တည်ဆောက်သနည်း။ သမ္မာတရားကို ချစ်ပြီး တမ်းတသည့်သူတစ်စုံတစ်ဦး၊ ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ရိုးသားသည့် တစ်စုံတစ်ဦး၏ သဘောထားပေါ်တွင် ဖြစ်သည်။ ဤသည်မှာ လူများတွင် ထင်ရှားသင့်သည့် အခြေခံကျသည့် အပြုအမူများဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၌ အမှန်တကယ် ယုံကြည်သော ညီအစ်ကို မောင်နှမများအပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိခြင်းဖြစ်သည်။ ယင်းတွင် အနည်းငယ် ဂရုစိုက်ခြင်း၊ အမှန်တကယ် ကူညီခြင်းနှင့် အစေခံသည့် စိတ်ဓာတ်တို့ ပါဝင်သည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် သမ္မာတရားကို လေ့လာလိုက်စားကြသော ထိုညီအစ်ကို မောင်နှမများနှင့် ပိုမို၍ မိတ်သဟာယဖွဲ့သင့်ပြီး၊ ၎င်းတို့ကို အကူအညီများ ပိုမိုပေးရမည်။ ၎င်းတို့သည် ယုံကြည်သူအသစ်ဖြစ်ခြင်း၊ သို့မဟုတ် ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူဖြစ်ခြင်းနှင့် မသက်ဆိုင်ပေ။ အသင်းတော် အသက်တာတွင် အထူးဥပဒေသတစ်ရပ် ရှိပေသည်- သမ္မာတရားကို လေ့လာလိုက်စားသူတို့ကို အထူးဂရုပြုခြင်း ဖြစ်သည်။ ၎င်းတို့နှင့် ပိုမို၍မိတ်သဟာယဖွဲ့ပါ၊ ၎င်းတို့အား အသက်မွေးလောက်သောအစာကို ပိုပေးပါ၊ ထိုသို့အားဖြင့် ၎င်းတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး အကူအညီရနိုင်ရန်၊ ၎င်းတို့၏ အသက်တာထဲတွင် တတ်နိုင်သမျှ အမြန်ဆုံး ကြီးထွားစေကာ ၎င်းတို့ကို ရေလောင်းပေးပါ။ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိသူတို့အတွက်မူကား၊ ရေလောင်းပေးသည့် ကာလအတိုင်းအတာတစ်ခုနောက်တွင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသည်မှာ ထင်ရှားလာပါက၊ ၎င်းတို့အပေါ်တွင် လုံ့လများစွာစိုက်ထုတ်ရန် မလိုအပ်ပေ။ သင်သည် တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ပြီးဖြစ်သောကြောင့် မလိုအပ်တော့ပေ။ သင်၏တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်သည့်အတွက် လုံလောက်ပြီဖြစ်သည်။... သင်၏အမှုကို မည်သူ့အပေါ် အာရုံစူးစိုက်ရမည်ကို သင်မြင်နိုင်ရန် လိုအပ်သည်။ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိသူတို့ကို ဘုရားသခင် စုံလင်စေလိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော် မလုပ်ဆောင်လျှင်၊ လူများသည် အဘယ်ကြောင့် ဆင်ခြင်သုံးသပ်မှုမရှိဘဲ ဆက်လုပ်ရမည်နည်း။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို နားမလည်သေးသော်လည်း အစဉ်အမြဲ မိမိကိုယ်ကို အလွန်စိတ်ချလွန်းနေသည်၊ ယင်းမှာ လူ၏ တုံးအမှုနှင့် မသိနားမလည်မှု မဟုတ်သလော။ ထို့ကြောင့်၊ သမ္မာတရားကို စစ်မှန်စွာလေ့လာလိုက်စားသော ညီအစ်ကို မောင်နှမများအတွက် အကူအညီများ ပို၍ပေးပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် သူများဖြစ်ပြီး သူ၏ ကြိုတင်ခွဲခန့်မှတ်သားထားသော ရွေးကောက်ခံထားရသူများ ဖြစ်သောကြောင့်ဖြစ်သည်။ ဤလူများနှင့် သမ္မာတရားအပေါ် စိတ်နှလုံး တစ်လုံးတစ်ဝတည်း မကြာခဏ မိတ်သဟာယဖွဲ့ပြီး တစ်ဦးနှင့်တစ်ဦး ခွန်အားပေးလျှင်၊ နောက်ဆုံးတွင် ကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ ထိုသူတို့နှင့် မပူးပေါင်းလျှင် သင်သည် ဘုရားသခင်၏ အလိုတော်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။... မှန်ကန်သော လူ့သဘာဝကို ပိုင်ဆိုင်သည့် အသင်းတော်အတွင်းရှိသူတို့သည် သမ္မာတရားကို လေ့လာလိုက်စားသော သူတို့အကြားတွင် မိမိကိုယ်ကို နေရာချထားသင့်သည်၊ ၎င်းတို့နှင့် လိုက်လျောညီထွေစွာ အပြန်အလှန် ဆက်ဆံသင့်ပြီး၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့် ဘုရားသခင်အဖို့ ၎င်းတို့ကိုယ်ကို စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် တဖြည်းဖြည်း အသုံးခံသင့်သည်။ ထိုနည်းအားဖြင့် သမ္မာတရားကို လေ့လာလိုက်စားသော သူတို့သည် ကယ်တင်ခံရလိမ့်မည်ဖြစ်ပြီး သင်သည်လည်း ကယ်တင်ခံရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို လေ့လာလိုက်စားသည့် ထိုသူတို့အကြားတွင် အမှုပြုသောကြောင့် ဖြစ်သည်။...

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၃၂။ အခြားသူများအား ၎င်းတို့၏ ပင်ကိုအရင်းခံအတိုင်း ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၅။ မောက်မာသော စိတ်သဘောထားအမျိုးမျိုး ရှိသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်