၁၃၅။ မောက်မာသော စိတ်သဘောထားအမျိုးမျိုး ရှိသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) မောက်မာသော်လည်း ဆိုးယုတ်သောသူ မဟုတ်သူများတွင် မောက်မာသောစိတ်သဘောထားများ ရှိစေကာမူ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်နေသရွေ့ ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ကူညီသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ထိုသူတို့အား ရောက်ရှိစေသင့်သည်။

(၂) မောက်မာသောစိတ်သဘောထား ရှိသော်လည်း သမ္မာတရားကို လက်ခံနိုင်သည့်အပြင် ကောင်းမြတ်သော အစွမ်းအစနှင့် ပါရမီရှိသူများကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးသင့်သည်။ ထိုသူတို့အား ဖယ်ကြဉ်ထားခြင်းကို လုံးဝမပြုရ။

(၃) အန္တိခရစ်များအကြားတွင် ပါဝင်၍ အဆုံးစွန်ထိ မောက်မာပြီး အသိတရားတစ်စက်မျှ မရှိဘဲ မိမိတို့၏ ရည်ရွယ်ချက်များ၌ တက်ကြွကာ ဆိုးယုတ်မှုမျိုးစုံရှိသည့် အရူးများကို နှင်ထုတ်ရမည် ဖြစ်သည်။

(၄) အစွန်းရောက်သည်အထိ အဓိပ္ပာယ်မဲ့ကာ မှားယွင်းသော အယူအဆများကို မရမက တင်းတင်းကျပ်ကျပ် စွဲကိုင်လျက်၊ သမ္မာတရားကို ဆန့်ကျင်ပြီး မည်သူ့ကိုမျှ ကျိုးနွံခြင်းမရှိသည့် မောက်မာပြီး မှာယွင်းသောသူများကို နုတ်ပယ်ပစ်ရမည်၊ သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ ၎င်းတို့၏သဘာဝသည် စတင်ပြောင်းလဲခဲ့ပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် ဆင်ခြင်တုံတရား အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ပေ။ ထို့ထက် ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ရန် ဆန္ဒရှိကြပြီး၊ သာ၍မြင့်မားကာ သာဤကြီးမြတ်သော အရာတစ်ခုကို တမ်းတကြသည်။ နောက်ပြီးလျှင် ဤပို၍မြင့်မားသော ဤအရာက အဘယ်နည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့ ဤကဲ့သို့ဖြစ်လာပြီးသည့် အကြောင်းရင်း၏ အရင်းအမြစ်တွင် အဘယ်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ “မာနထောင်လွှားခြင်း” သည် ယုတ်ညံ့သော ဝေါဟာရတစ်ခုဖြစ်ပြီး မည်သူကမျှ မိမိတို့ကိုယ်ကိုယ် ဤဝေါဟာရဖြင့် အမည်တပ်မခံလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က “ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။” ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မနာခံဘဲ ဆန့်ကျင်သည့်အရာများ၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်သည့်အရာများ၊ သူ့အကြောင်း အယူအဆများကို ဖြစ်ပေါ်စေသည့်အရာများ၊ သူ့အား ပုန်ကန်သည့်အရာများနှင့် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်စွမ်း ရှိလာကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်အချို့ကို သင့်အားပေးပြီး ယင်းတို့ကို ဦးဆောင်ရန်အခွင့်ပေးသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ပြုပြင်ခြင်း မရှိခဲ့ဟု ဆိုကြပါစို့- ၎င်းတို့ကို သင် ခဏကြာ ဦးဆောင်ပြီးနောက်တွင် သင်သည် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် သင် ထို့သို့ ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကိုသင်ယူဖို့ရန် အလွန် အားထုတ်ကြိုးပမ်းစရာ မလိုသကဲ့သို့၊ သင့်အား အခြားသူများကို အထူးတလည် ထိုအရာကို သင်ခိုင်းစရာလည်း မလိုအပ်ပေ။ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ တမင်တကာ ပြုလုပ်စရာ မလိုအပ်ပါပေ။ ဤသို့သော အခြေအနေမျိုးသည် သင့်အတွက် အလိုအလျောက် ဖြစ်လာပေသည်- သင်သည် လူတို့ကို သင်၏ ရှေ့တွင် ကျိုးနွံနာခံစေသည်၊ သင့်အား ကိုးကွယ်စေသည်၊ သင့်အား ချီးမြှောက်စေသည်၊ သင့်အကြောင်းကို သက်သေခံစေပြီး၊ အရာခပ်သိမ်းတွင် သင့်အား နာခံစေကာ၊ သင်၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ ၎င်းတို့ကို လုပ်ဆောင်ခွင့်မပေးချေ။ သင်၏ ခေါင်းဆောင်မှုအောက်တွင် ထိုကဲ့သို့သော အခြေအနေများမှာ အလိုအလျောက် ဖြစ်ပွားလေသည်။ ဤသို့ဖြစ်လျှင် ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သည့်အခါ ၎င်းတို့၏ မာနထောင်လွှားမှု၏အနှစ်သာရမှာ ကောင်းကင်တမန်မင်း၏ မာနထောင်လွှားမှုပင် ဖြစ်၏။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်ပြီးနောက် ယင်းအရာက ထိုသူတို့ ကောင်းကင်တမန်မင်းဖြစ်ကြောင်းနှင့် ဘုရားသခင်အား ဘေးဖယ်ထားမည်ဖြစ်ကြောင်းကို သတ်မှတ်လေ၏။ သင်၌ ဤသို့ မာနထောင်လွှားသော စိတ်သဘောထားရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်” မှ

သင်တို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝသည် သင်တို့၏ ကိုယ်ပိုင်အသိစိတ်များကို သစ္စာဖောက်ရန်၊ ခရစ်တော်ကို ပုန်ကန်ပြီး ခုခံမိစေရန်နှင့်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြသရန်၊ ထိုသို့ဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော အလိုဆန္ဒများနှင့် လောဘနှင့်ပြည့်သော မျက်လုံးများကို ဖော်ထုတ်ဖို့ တိုက်တွန်းလေသည်။ သို့သော် သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ ရာသက်ပန် စိတ်ထက်သန်မှု အကြောင်းနှင့်ပတ်သက်၍ ဆက်လက် တတွတ်တွတ်ပြောကြပြီး၊ အချိန်ကြာမြင့်စွာက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း”- “အညစ်အကြေး မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း-ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။ ယုံကြည်ခြင်းနှင့်ပတ်သက် လာသည့်အခါ၊ လူများစွာက ၎င်းတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ကြသည်ဟု တွေးထင်ကြပြီး တစ်နည်းအားဖြင့် ထိုသို့သော ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းခံကြမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင့်ကို ဤသို့မေးသည်- ဘုရားသခင်၏ တည်ရှိခြင်းကို သင်ယုံကြည်လျှင်၊ သူ့ကို အဘယ်ကြောင့် မကြောက်ရွံ့သနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်လျှင်၊ သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိသနည်း။ ခရစ်တော်သည် ဘုရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် သူ့ကို မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မလေးမခန့် ပြုမူသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်ပေါ်တင်တင် ဝေဖန်အကဲဖြတ်သနည်း။ သူ၏လှုပ်ရှားမှုများ အပေါ် အဘယ်ကြောင့် သင် အမြဲ စောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မကျိုးနွံမနာခံသနည်း။ အဘယ်ကြောင့် သင်သည် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ၏ လှူဖွယ်ပစ္စည်းများကို အဘယ်ကြောင့် သူ့ထံမှ ခြိမ်းခြောက်ညှစ်ယူပြီး လုယက်ဖို့ ကြိုးစားသနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်၏နေရာမှ စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့က မှန်သည်၊ မမှန်သည်ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို ပြစ်မှားစော်ကားဝံ့သနည်း။ ဤအရာများနှင့် အခြားအရာများသည် သင်တို့၏ ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများ ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူကလေးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်စွာ ထိန်းချုပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ မိုက်ရူးရဲသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံလောက်စွာ အလေးအနက်မထားကြသောကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်သည် သာ၍ ဖောက်ပြန်ပျက်ဆီးကာ အောက်တန်းကျပြီး ယုတ်ညံ့လာလေလေ၊ ဘုရားသခင်၏ ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သမ္မာတရားကို လိုက်စားစေသော လူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်သော လူအားလုံး တကယ်ကို ဖြစ်ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မာနထောင်လွှားသည့်၊ စိတ်ကြီးဝင်သည့်၊ မိမိကိုယ်ကိုယ် ကြီးကျယ်သည့်၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူပြီး ခေါင်းမာသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသော်လည်း၊ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို နာခံသရွေ့၊ ၎င်းတို့သည် သမ္မာတရား လိုက်စားသူများ တကယ်ကို ဖြစ်ကြပေသည်။ သမ္မာတရားကို လိုက်စားနေသည့် ဤလူများထဲတွင်၊ အဓိက နှစ်မျိုး ရှိသည်- တစ်မျိုးမှာ လူ့သဘာဝ၌ သာ၍ကောင်းမွန်သော်လည်း သာ၍ ညံ့ဖျင်းသည့် အရည်အချင်း ရှိပြီး သမ္မာတရားကို သာ၍နှေးကွေးစွာ နားလည်သောသူများ ဖြစ်သည်။ သာ၍ နားထောင်ခြင်းနှင့် နာခံခြင်းရှိသော်လည်း၊ ၎င်းတို့သည် ညံ့ဖျင်းသော အရည်အချင်းရှိကြပြီး၊ ရေးကြီးသည့် အလုပ်များကို မကိုင်တွယ်နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်တွင် များစွာ အမြဲ မစွမ်းဆောင်မရရှိကြပေ။ အခြားသော အမျိုးအစားမှာ သာ၍ကောင်းသော အရည်အချင်းရှိသော်လည်း သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူပြီး ယေဘုယျအားဖြင့် အခြားသူတို့ကို နားမထောင်ကြပေ။ အခြားသူတို့ ပြောသည့်အရာသည် သမ္မာတရားနှင့် လုံးဝ မကိုက်ညီပါက၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် သာမန်လူများ လုပ်ဆောင်သည့်အရာများထက် သာ၍များစွာ မကောင်းမွန်ပါက၊ ၎င်းတို့ ယုံကြည်လက်ခံခြင်း မရှိကြချေ။ ဤ လူစားမျိုးသည် အတော်အတန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို သာ၍ မြန်မြန်ဆန်ဆန် နားလည်ကြပြီး၊ ၎င်းတို့သည် ကောင်းမွန်သော အရည်အချင်းရှိကြသောကြောင့် မိမိတို့၏ တာဝန်တွင် သာ၍ ကောင်းမွန်စွာ ထမ်းဆောင်ကြလေသည်။ ဤလူနှစ်မျိုးထဲမှ၊ မည်သည်မှာ စုံလင်စေခြင်းခံရဖို့ သာ၍ လွယ်ကူသနည်း။ မည်သည်မှာ စုံလင်စေခြင်းခံရပြီးနောက် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်နိုင်သနည်း။ သမ္မာတရားကို လိုက်စားမှုရှိသည့် သူများအားလုံးသည် ကယ်တင်ခြင်း ရရှိနိုင်စွမ်းရှိကြသော်လည်း၊ ၎င်းတို့၏ အရည်အချင်းများ ကွဲပြားသောကြောင့်၊ စုံလင်စေခြင်းခံရခြင်းအပေါ် ၎င်းတို့၏ တန်ဖိုးလည်း ကွဲပြားနိုင်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများက ဤအရာကို သဘောပေါက်ရမည်။ အမှန်တွင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ကြသော်လည်း၊ မတူကွဲပြားသော မာနထောင်လွှားမှု အချို့ ရှိသည်- လူအချို့သည် အလွန် မာနထောင်လွှားခြင်းရှိသော်လည်း လူအချို့သည် သမ္မာတရားကို ချစ်ပြီး လိုက်စားကြကာ သမ္မာတရားနှင့် ကိုက်ညီသရွေ့ တစ်စုံတစ်ရာကို လက်ခံကာ နာခံနိုင်ကြလေသည်။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီပါက၊ ၎င်းတို့ နားထောင်ဖို့ ငြင်းကြလိမ့်မည်။ ဤမာနထောင်လွှားမှုမျိုးသည် အတော်အတန် ယုတ္တိတန်သည်၊ အဓိကအချက်တစ်ခု ရှိပြီး၊ ပုံမှန် မာနထောင်လွှားမှု ဖြစ်သည်။ အကြောင်းရင်းနှင့် အဓိကအချက်တို့ မရှိသည့် မာနထောင်လွှားမှုမျိုးတစ်ခုလည်း ရှိလေသည်။ ထိုသို့သော လူများသည် ဆိုးဆိုးဝါးဝါးနှင့် ကျိုးကြောင်းမမြင်ဘဲ မာနထောင်လွှားက မည်သူကိုမျှ နားမထောင်ပေ။ အခြားလူများ ပြောသည့်အရာက သမ္မာတရားနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ ယင်းကို ၎င်းတို့ လက်ခံလိမ့်မည်မဟုတ် သို့မဟုတ် နာခံလိမ့်မည် မဟုတ်သကဲ့သို့ ခိုင်ခိုင်မာမာပင် ခုခံလာနိုင်ပေသည်။ ၎င်းတို့သည် သမ္မာတရားရှိသည့် လူတို့ကို အမှန်တကယ် မုန်းတီးပြီး ၎င်းတို့ကို သမ္မာတရားနှင့်အညီ ဆက်ဆံနေသည့် လူများကို မုန်းတီးလေသည်။ ဤမာနထောင်လွှားမှုမျိုးသည် စာတန်နှင့် နတ်ဆိုး၏ စိတ်သဘောထား ဖြစ်သည်။ အဆင်းနီသော နဂါးကြီးကဲ့သို့၊ ဤလူစားမျိုးက ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို သိသော်လည်း နားမထောင်ကြသကဲ့သို့၊ ဘုရားသခင်နှင့် အဆင့်အတန်းပင် တူချင်ကြလေသည်။ ထိုအန္တိခရစ်များအားလုံးသည် မည်သည့် အကြောင်းရင်းမျှမရှိဘဲ အလွန် မာနထောင်လွှားကြသည့်၊ ဆိုးယုတ်သော ဤနတ်ဆိုး အမျိုးအစား ဖြစ်သည်။ ထိုသို့သော နတ်ဆိုးအားလုံးသည် ကယ်တင်မရနိုင်ပေ။ လူတို့သည်လည်း မည်သူကိုမျှ နားမထောင်သကဲ့သို့ အလွန့်အလွန် အဓိပ္ပာယ်မဲ့သည့် နောက်ထပ် မာနထောင်လွှားမှုမျိုး ရှိသည်။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သကဲ့သို့ ခေါင်းလည်းမာလေသည်။ ၎င်းတို့သည် ခေါင်းမာမာဖြင့် မိမိတို့၏ အဓိပ္ပာယ်မဲ့သော တွေးခေါ်မြော်မြင်မှုကို ပြောဆိုကြပြီး၊ သမ္မာတရားကို ဆန့်ကျင်ကြသည်။ အခြားလူတို့က သမ္မာတရားအပေါ် မည်မျှ သိသာထင်ရှားစွာ သို့မဟုတ် ရှင်းလင်းစွာ မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အချက်အလက်မည်မျှ စာရင်းမှတ်သည်ဖြစ်စေ၊ ဤလူများသည် နားမထောင်ကြသေးဘဲ၊ တစ်ပတ်ရိုက်ခြင်းကို ဆက်လက်အသုံးပြုကြပြီး၊ ၎င်းတို့၏ အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော တွေးခေါ်မြော်မြင်မှုကို လေကြောရှည်ကြလေသည်။ ဤမာနထောင်လွှားသော စိတ်သဘောထားမျိုးသည် နတ်ဆိုးများ၏ သဘာဝရှိသည်။ ဤလူစားမျိုးသည် သာ၍ပင် စာတန် နတ်ဆိုး၏အမျိုး ဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးသည် အန္တိခရစ်များနှင့် နတ်ဆိုးများဖြစ်ပြီး၊ အန္တရာယ်အရှိဆုံးသော ရန်သူများ ဖြစ်သည်။ ဤသည်တို့မှာ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အဓိက အမျိုးအစား သုံးခု ဖြစ်သည်။ အကြောင်းပြချက်ရှိသည့် မာနထောင်လွှားမှုသည် အတော်အတန် ဖြစ်နေကျဖြစ်ပြီး ပုံမှန်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မာနထောင်လွှားသော စိတ်သဘောထား တစ်ခုရှိကြသည်။ အစွမ်းအစများနှင့် ပါရမီအချို့ရှိသည့် တကယ်ကို ကောင်းမွန်သော အရည်အချင်း ရှိသူတို့သည် တကယ်ကို အလွန့်အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသော သူများအားလုံး ဖြစ်သည်။ မာနထောင်လွှားခြင်း မရှိသောသူ တစ်ဦးမျှ လုံးဝ မရှိပေ။ သို့သော်၊ လူတို့အနေဖြင့် မည်မျှ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည်ဖြစ်စေ၊ ၎င်းတို့ ကြင်နာစိတ်ရှိသရွေ့၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ပြီး၊ အခြားသူတို့ကို အန္တရာယ်မပေး သို့မဟုတ် မလှည့်ဖြားသကဲ့သို့၊ သမ္မာတရားကို လက်ခံနိုင်သရွေ့၊ ၎င်းတို့သည် လူကောင်းများ ဖြစ်ကြသည်။ လူတို့အနေဖြင့် မည်မျှ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ကောင်းမွန်သော အရည်အချင်းရှိပြီး၊ သမ္မာတရားကို လိုက်စားနိုင်ပါက၊ ၎င်းတို့သည် အပြည့်အဝ ကယ်တင်ခံရနိုင်ပြီး စုံလင်စေခြင်းခံရနိုင်ပေသည်။ ဘုရားသခင် စုံလင်စေသည့် လူများသည် သမ္မာတရားကို လိုက်စားပြီး အရည်အချင်း တစ်ခုခု ပိုင်ဆိုင်သောသူများ ဖြစ်ရမည်ဖြစ်သောကြောင့်၊ တစ်ဦးတစ်ယောက်၏ အရည်အချင်းက အလွန် ညံ့ဖျင်းလွန်းပါက၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ စုံလင်စေခြင်းခံရနိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းမွန်သော အရည်အချင်း၊ စိတ်ဆုံးဖြတ်မှု ရှိသောသူနှင့် မာနထောင်လွှားမှု သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူမှုတို့ တစ်စက်မျှမရှိသည့်သူ သေချာပေါက် မရှိပေ။ ရှိခဲ့ပါက၊ ၎င်းတို့သည် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေမည် သို့မဟုတ် အယောင်ဆောင်သော သွင်ပြင်တစ်ခု ဆောင်ခြင်းသာ ဖြစ်ပေမည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တိုင်းသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝတစ်ခု ရှိပြီး၊ ဤသည်မှာ ငြင်းပယ်၍မရနိုင်သည့် အချက်တစ်ခုဖြစ်သည်ကို သိထားရမည်။ လူတို၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူမှုကို အလွယ်တကူ ဖြေရှင်းခံရသည်။ တစ်စုံတစ်ဦးကို ဘုရားသခင်က အချို့သော ကျရှုံးမှုများနှင့် ပြိုလဲမှုတို့ကို ကြုံရန်အလို့ငှာ ဆုံးမပဲ့ပြင်ပြီး၊ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်လာကာ မိမိတို့၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို သိရှိကြသည့်အခါ၊ ၎င်းတို့၏ မာနထောင်လွှားမှုသည် အလိုအလျောက် ဖြေရှင်းခံရလေသည်။ သို့သော် လူတို့၏ ပင်ကို အရည်အချင်းက အလွန် ညံ့ဖျင်းပါက သို့မဟုတ် ၎င်းတို့သည် အလွန့်အလွန် အဓိပ္ပာယ်မဲ့ပါက၊ ဤသည်မှာ ဖြေရှင်းဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် လူတို့၏ မာနထောင်လွှားမှုကို ခွဲခြားရမည်ဖြစ်ပြီး၊ ယင်းကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ တစ်စုံတစ်ဦးက ကောင်းမွန်သော လူတစ်ဦးမဟုတ်သကဲ့သို့ ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောကြောင့် ကယ်တင်မခံနိုင်သကဲ့သို့ စုံလင်စေခြင်း မခံနိုင်ဟု ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ကောက်ချက်မချရ။ လူတို့ကို ဘုရားသခင် စုံလင်စေခြင်းအတွက် သတ်မှတ်ချက်များမှာ အဓိကအားဖြင့် တစ်ဦးတစ်ယောက်သည် ကောင်းမွန်သော အရည်အချင်းရှိပြီး သမ္မာတရားကို လိုက်စားမှုတွင်ရှိခြင်း ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အရည်အချင်းက အလွန် ညံ့ဖျင်းပြီး သမ္မာတရားကို မည်သည့်အခါတွင်မျှ နားမလည်နိုင်ကြပါက၊ ၎င်းတို့၏ စိတ်သဘောထားက အလွန့်အလွန် သည်းခံတတ်ပြီး လုံးဝ မာနမထောင်လွှားလျှင်ပင်၊ ၎င်းတို့သည် အသုံးမကျသကဲ့သို့ စုံလင်စေခြင်း မခံထိုက်ပေ။ ဤအချက်နှင့် ပတ်သက်၍၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် လိုအပ်သည်။

အလုပ်အစီအစဉ်များ မှ

မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိသည့် လူတို့သည်လည်း မတူကွဲပြားသော အမျိုးစုံဖြင့် လာကြသည်။ အချို့သော လူတို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်ကြသေးချေ၊ ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် မတွေ့ကြုံကြသေးသကဲ့သို့ သမ္မာတရားကို နားမလည်ကြချေ၊ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ၊ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိမည်မှာ၊ မိမိကိုယ်ကိုယ် ကြီးကျယ်ပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူမည်မှာ၊ အဆင့်အတန်း ကြိုးပမ်းရရှိဖို့ ကြိုးစားပြီး ကြွားဝါဖို့ နှစ်သက်မည်မှာ မလွဲဧကန် ဖြစ်သည်- ဤသည်မှာ ပုံမှန်ဖြစ်ပေသည်။ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည့် လူသားမျိုးနွယ်၏ ဤစည်းမျဉ်းအဖို့ ခြွင်းချက် မရှိပေ။ တစ်ဖက်တွင် အယောင်ဆောင် ခရစ်တော်များနှင့် အန္တိခရစ်များ၊ ပြီးလျှင် အခြားတစ်ဖက်တွင် သာမန် ဖောက်ပြန်ပျက်စီးသော လူများတို့ကြား ခြားနားချက်မှာ ၎င်းတို့၏ မာနထောင်လွှားမှုက မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို လုံးဝ ဆုံးရှုံးစေပြီးဖြစ်သည်။ ၎င်းတို့ပိုင်ဆိုင်သည်မှာ ထိန်းမနိုင် သိမ်းမရဖြစ်သော မာနထောင်လွှားမှုနှင့် အကန့်အသတ်မဲ့ ရည်မှန်းချက်ဖြစ်သည်၊ ၎င်းတို့သည် မည်သူကိုမျှ ကျိုးနွံနာခံခြင်းမရှိပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ကိုသာ တကယ်ကို မချုပ်ထိန်းနိုင်သကဲ့သို့ မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်များကို ပြည့်မြောက်ဖို့ မည်သည့် အဓိပ္ပာယ်မဲ့သည့် အတိုင်းအတာမဆိုထိပင် လုပ်ဆောင်နိုင်ကြလေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ခရစ်တော်အဖြစ် အခိုင်အမာပြောဆိုပေမည် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူသားအဖြစ် အခိုင်အမာ ပြောဆိုမည်ဖြစ်ပြီး၊ ၎င်းတို့သည်သာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတို့ကို ကယ်တင်ကာ စုံလင်စေနိုင်သကဲ့သို့ လူတို့ကို နိုင်ငံတော်ထဲသို့ ဦးဆောင်နိုင်သည်ဟူသကဲ့သို့သော ထိုသို့မဖြစ်နိုင်သော အရာများကို ပြောကောင်းပြောကြမည်။ ၎င်းတို့သည် အမှန်တကယ် အရှက်မရှိသကဲ့သို့ မိုက်မဲလွန်လွန်းကြပေသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သည့် အရာများကို ပြောဆိုသော တစ်စုံတစ်ဦးသည် ပုံမှန် လူသား ဆင်ခြင်တုံတရားတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤသည်မှာ အဆုံးစွန် မာနထောင်လွှားမှုတစ်ခု နှင့်ဆိုင်သည့် ကိစ္စရပ် မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခုက အလွန် ဖောင်းပွလာသည်မှာ ယင်းသည် ပြင်းပြင်းထန်ထန် ဖောက်ထွက်သွားပြီး ထိန်းချုပ်ဟန့်တားဖို့ မဖြစ်နိုင် ဖြစ်လာသည့် ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အယောင်ဆောင် ခရစ်တော်များနှင့် အန္တိခရစ်များက ဖော်ပြထားသည့် အရာသည် သာမန် လူတို့၏ ဖောက်ပြန်ပျက်စီးသော ဖော်ပြချက်များမှ လုံးဝ ကွဲပြားခြားနားပေသည်။ အယူအဆများ ရှိဖို့၊ မာနထောင်လွှားပြီး၊ အဆင့်အတန်းကို ချစ်ဖို့မှာ ဆိုးရွားသည့် ကိစ္စရပ်များ မဟုတ်ပေ။ အဓိက မေးခွန်းမှာ တစ်ဦးတစ်ယောက်သည် သမ္မာတရား လိုက်စားပြီး ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုရားသခင့် အိမ်တော်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးက ဤအရာများကို လက်ခံနိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ အခွင့်အရေးတစ်ခု လုံးဝ ရှိပေသည်။ ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန် ဖော်ပြချက်များသည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို မနှောင့်ယှက် သို့မဟုတ် မဖျက်စီးဘဲ၊ အယောင်ဆောင် ခရစ်တော်များနှင့် အန္တိခရစ်တို့ လုပ်ဆောင်သမျှတိုင်းသည် လူတို့ကို လှည့်ဖြားရန်နှင့် ၎င်းတို့အား မှန်သော လမ်းခရီးကို စွန့်စေရန် ဖြစ်သည်။ ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား လက်လျှော့စေပြီး၊ ထိုအစား ၎င်းတို့ ပြောဆိုသည့်အရာကို နားထောင်စေကာ ခရစ်တော်ကို စွန့်ပြီး ထိုအစား ၎င်းတို့နောက် လိုက်စေလေသည်။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို မကိုးကွယ်စေဘဲ၊ ထိုအစား လူတို့အား ၎င်းတို့ကို မြတ်နိုးကိုးကွယ်စေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်၏ ကောက်ကျစ်သော အကြံအစည်၊ စာတန်၏ လုပ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အတွေးမှားများနှင့် လူ၏ အယူအဆများကို တိုးပွားစေကာ ဖြန့်ဝေသောသူ၊ ဘုရားသခင်၏ အမှုတော်အပေါ် ဝေဖန်မှု ချမှတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူနှင့် သူ၏ အလုပ်ကို အသရေပျက်အောင် ပြောဆိုသောသူအားလုံးသည် အယောင်ဆောင် ခရစ်တော်များနှင့် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖို့လာသည့် စာတန်၏ လက်ပါးစေများ၊ ခရစ်တော်ကို ဆန့်ကျင်သည့် ဘုရားသခင့် ရန်သူ အင်အားစုများ လုံးဝ ဖြစ်ကြပေသည်။ ယင်းမှာ အယောင်ဆောင် ခရစ်တော်များနှင့် အန္တိခရစ်များကို အသင်းတော်မှ နှင်ထုတ်ရမည်ဖြစ်ပြီး၊ ၎င်းတို့အတွက် နောင်တရဖို့ စောင်းဆိုင်းရင်း နောက်ထပ် မည်သည့် အခွင့်အရေးမျှ လုံးဝ မပေးရမည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ ဘုရားသခင်၏ ရန်သူ အင်အားစုများ ဖြစ်လာနှင့်ကြပြီးဖြစ်ကာ ဘုရားသခင်၏ ရန်သူများ လုံးဝ ဖြစ်ကြပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့ထဲတွင် အမှုပြုခြင်းကို ရပ်တန့်ခဲ့ကာ ၎င်းတို့အတွက် အကြံပြုချက် မည်သည့် ပမာဏကမျှ အသုံးဝင်မှု တစ်ခုတစ်လေ ရှိမည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ဖို့ရန် အလွန်များလှသော ဆိုးယုတ်မှုကို ကျူးလွန်နှင့်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို အပြစ်ပေးခြင်း ကျရောက်သည့်အခါမှသာ ဤလူတို့သည် ဘုရားသခင်ကို ခွင့်လွတ်ခြင်းအတွက် တောင်းပန်ကြလိမ့်မည်ဖြစ်ပြီး၊ မကောင်းမှုပြုခြင်းကို ရပ်တန့်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝမှာ မည်သည့်အခါတွင်မျှ ပြောင်းလဲမရနိုင်ပေ။ အပြစ်ပေးခြင်းသည် ၎င်းတို့အပေါ် မကျရောက်သေးသောကြောင့်၊ စာတန်သည် ဘုရားသခင်အတွက် မည်သည့် ကြည်ညိုမှုမရှိ၊ ကြောက်ရွံ့မှုသာရှိပြီး စာတန်နှင့် သက်ဆိုင်သည့် ထိုဆိုးယုတ်သော လူတို့သည် ဘုရားသခင်အတွက် ကြည်ညိုမှု မရှိသည်သာမက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလည်း မရှိသည်ကို ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က သိရမည်။ ယခုတွင် ဘုရားသခင်၏ အိမ်တော်က လုပ်ဆောင်နိုင်သည့်အရာမှာ ဤလူများကို နှင်ထုတ်ဖို့ဖြစ်ပြီး၊ ဤနည်းဖြင့် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို ဖြေရှင်းရန် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၃၄။ သမ္မာတရားကို ချစ်သောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၆။ ဖော်ထုတ်ခံရပြီး သုတ်သင်ဖယ်ရှင်းခံရသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်