၁၄၀။ ဘာသာရေးအကျော်အမော်ပုဂ္ဂိုလ်များကို ဆက်ဆံရေးဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင် ချီးကျူးခြင်းမရှိသော ဘာသာရေးလောက၏ အကျော်အမော်များနှင့် အထင်ကရများအားလုံးသည် ဘာသာရေးဆရာ အတုအယောင်များဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများသည် ဘုရားသခင်နှင့် ဆန့်ကျင်ကာ လူတို့ကို ရှုပ်ထွေးစေသည်။

(၂) ဘာသာရေးလောက၏ အကျော်အမော်များနှင့် အထင်ကရများ အားလုံးသည် သမ္မာကျမ်းစာကို မည်မျှပင် များပြားစွာ နားလည်တတ်ကျွမ်းစေကာမူ ဘုရားသခင်ကို မသိကျွမ်းဘဲ ထိုသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ထိုသူတို့ လျှောက်လှမ်းသောလမ်းကြောင်းသည် အန္တိခရစ်လျှောက်လှမ်းသော လမ်းကြောင်းပင် ဖြစ်သည်။

(၃) ဘာသာရေးအကျော်အမော်ပုဂ္ဂိုလ်များသည် မှန်သောလမ်းခရီးကို မရှာဖွေနိုင် သို့မဟုတ် ဘုရားသခင်၏ နောက်ဆုံးသောကာလ၏ အလုပ်ကို လက်မခံနိုင်ပါက ထိုသူတို့သည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ပြီး၊ အန္တိခရစ်များနှင့် တစ်တန်းစားတည်း ဖြစ်ကြသည်။

(၄) သမ္မာတရားကို လက်ခံနိုင်ပြီး မှန်သောလမ်းခရီးကို ရှာဖွေနိုင်သော ဘာသာရေးအကျော်အမော် ပုဂ္ဂိုလ်များကို လက်ခံသင့်ပြီး ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံသင့်သည်။ ဘုရားသခင်သည် အဖြစ်နိုင်ဆုံး အတိုင်းအတာအထိ လူတို့ကို ကယ်တင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဤသည်ကို အဘယ့်ကြောင့်ပြောသနည်း။ ပေါလု၏ ဩဝါဒစာစောင်များသည် နှစ်နှစ်ထောင်နီးပါး ကြာမြင့်ပြီ ဖြစ်ပြီး ကျေးဇူးတော်ခေတ်တစ်ခုလုံးတွင် နေရာတကာ ပျံ့နှံ့လျက်ရှိသည်။ လူများအားလုံးက ဆင်းရဲဒုက္ခခံစားခြင်း၊ မိမိ၏ခန္ဓာကိုယ်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် နောက်ဆုံး ဖြောင့်မတ်ခြင်း သရဖူကို လက်ခံရရှိခြင်းတို့နှင့် သက်ဆိုင်သည့် စကားများဖြစ်သည့် သူ၏ ဤစကားလုံးများကို ဖတ်ရှုကြပြီး၊ စံနှုန်းအဖြစ် ခံယူကြသည်။… လူများက ပေါလု၏စကားများနှင့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်၏အလိုတော် မည်မျှကို လူများနားလည်နိုင်ခဲ့ကြသနည်း။ အမှန်တွင်မူ ထိုအချိန်က ယေရှုနောက်သို့ လိုက်ခဲ့ကြသူများသည် အနည်းစုသာ ဖြစ်ပြီး၊ သူ့ကို သိကြသူများသည် သာ၍ပင် နည်းပါးလေသည်- သူ၏တပည့်တော်များပင်လျှင် သူ့ကို အမှန်တကယ် မသိကြပေ။ တစ်စုံတစ်ဦးက သမ္မာကျမ်းစာတွင် အလင်းအနည်းငယ် တွေ့ပါက၊ ယင်းမှာ ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြုဖို့ မတွေးသင့်ပေ၊ ပြီးလျှင် ဉာဏ်အလင်းပွင့်ခြင်း အနည်းငယ်ကို ဘုရားသခင်၏ အသိပညာအဖြစ် သာ၍ သဘောမထားသင့်ပေ။ လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးထဲတွင် မထားကြပေ။ အယူဝါဒဆိုင်ရာ နားလည်မှုအနည်းငယ်ဖြင့်၊ ၎င်းတို့သည် အခြားအရာတစ်ခုကို တသီးတခြားစီ လိုက်စားကြသည်၊ ယင်းက အသင်းတော်ဂိုဏ်းဂဏများစွာ ဖွဲ့စည်းခြင်းကို ဖြစ်စေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ၊ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးနှင့် တူသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ၎င်းတို့သည် မတရားသဖြင့်ပြုသောသူများ ဖြစ်သည်ဟု ငါပြောသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ သူ၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ၎င်းတို့အား မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် မျက်မမြင်များ ဖြစ်ကြလေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ မမြင်နိုင်ကြချေ၊ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရကြပြီးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ လုံးဝ ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ အမှု မရှိကြသူများသည် အားလုံး မတရားသဖြင့်ပြုသောသူများ ဖြစ်ကြပြီး ဘုရားသခင်၏ ရန်ဘက်များ ဖြစ်သည်။ ငါပြောသော ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသော်လည်း၊ သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သော်လည်း၊ သူ့ကို မနာခံကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အကြိုက်တွေ့သော်လည်း၊ ဘုရားသခင်အဖို့ သက်သေမရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ၊ သူသည် ဘုရားသခင်၏အလိုနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော ဆန့်ကျင်မှု တည်ရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင်၊ လူတစ်ဦးက ဘုရားသခင်ကို ဆန့်ကျင်မှုပြုသည်၊ မပြုသည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို ဆန့်ကျင်သောသူ မည်သူမဆိုသည် ဘုရားသခင်အား ဆန့်ကျင်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို ဆန့်ကျင်နေကြသကဲ့သို့ မှတ်ယူခံခဲ့ရသည်။ ယေရှုကို ဆန့်ကျင်သူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနာခံသောသူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။...

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘာသာရေး အသင်းတော်များ၌ ရှိသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ခေတ်နောက်ကျသည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အမှုမှ ကွဲကွာသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့သောအရာက မှန်ကန်ခဲ့သော်လည်း၊ ခေတ်ကုန်ဆုံးပြီးဖြစ်ကာ ဘုရားသခင်၏ အမှု ပြောင်းလဲပြီး ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် တဖြည်းဖြည်း ခေတ်နောက်ကျလာပြီးဖြစ်သည်။ ယင်းကို အမှုသစ်နှင့် အလင်းသစ်တို့က နောက်ချန်ထားရစ်ပြီးဖြစ်သည်။ ထိုအမှု၏ မူလ အခြေခံအုတ်မြစ်ကို အခြေပြုလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သာ၍နက်နဲစွာ အဆင့်အချို့သို့ တိုးတက်ပြီး ဖြစ်သည်။ သို့သော် ထိုလူတို့သည် ဘုရားသခင်အမှု၏ မူလအဆင့်တွင် သောင်တင်ဆဲဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်းတွင် ပိုမို ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာမည် မဟုတ်လော။ အကယ်၍ လူသားသည် အသစ်သောအလင်း၊ သို့မဟုတ် အသစ်သော လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ယင်းမှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မီအောင်လိုက်ခြင်း မရှိလေပြီဟု ဆိုလိုပေသည်။ ဤသည်မှာ လူ၏ချွတ်ယွင်းချက် ဖြစ်သည်။ ယနေ့တွင် ယခင်က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိခဲ့သူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အသစ်သော အမှု တည်ရှိခြင်းကို ငြင်းမရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အမြဲ ရှေ့ဆက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသူအားလုံးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်၊ သာ၍နက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေသင့်ပေသည်။ ၎င်းတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိမြဲရှိနေကြမည် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် အသစ်ကို လက်ခံကြမည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်စွမ်း မရှိဘဲ ဖြစ်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အမှုနှင့် ဧကန်မုချ ပြတ်တောက်ပြီး၊ ယနေ့အမှုနှင့် ဧကန်မုချ သဟဇာတ မဖြစ်ပေ။ ဤကဲ့သို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်အဖို့ နောက်ဆုံးတွင် သက်သေခံရပ်တည်မည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုကို အကယ်ပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။ ထို့အပြင် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ထိုသို့သော လူတစ်စုအလယ်တွင် အဆုံးသတ်၍ မရနိုင်ပေ။ ယေဟောဝါ၏ ပညတ်တရားကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် ကားတိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲ ခံခဲ့ရသောသူတို့သည်၊ နောက်ဆုံးသောကာလ အမှု၏ အဆင့်ကို လက်မခံနိုင်ပါက၊ ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် အချည်းနှီးနှင့် အလဟဿ ဖြစ်ပြီးဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ အတိတ်ကို မဖက်တွယ်ဘဲ၊ ဤနေရာနှင့် ယခုအချိန်ကို လက်ခံယုံကြည်ခြင်းတွင် ရှိပေသည်။ ယနေ့အမှုကို အမီမလိုက်သူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်လားပြီး ဖြစ်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအမှုကို အာခံကြသည်။ ၎င်းတို့သည် အတိတ်၏ အလင်းကို ဆုပ်ကိုင်ကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မသိကြသည်မှာ ငြင်းမရနိုင်ပေ။ လူ၏လက်တွေ့လုပ်ဆောင်မှု၌ ပြောင်းလဲမှုများ အကြောင်း၊ အတိတ်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှုရှိ မတူညီကွဲပြားမှုများအကြောင်း၊ ယခင်ခေတ်အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့သည့်ပုံနှင့် ယနေ့တွင် ယင်းကို လုပ်ဆောင်သည့်ပုံတို့နှင့်ဆိုင်သည့် ဤပြောဆိုဆွေးနွေးမှုသာ အဘယ့်ကြောင့် ပြောဆိုရလေပြီနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့ဆက်နေပြီး၊ ထိုသို့ဖြင့် လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည် စဉ်ဆက်မပြတ် ပြောင်းလဲဖို့ လိုအပ်သောကြောင့်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုထဲက ထိုသို့သော အပိုင်းအခြားများ အကြောင်းကို အမြဲပြောဆိုရခြင်း ဖြစ်ပေသည်။ လူသည် အဆင့် တစ်ခုတွင် သောင်တင်နေပါက၊ ဤသည်မှာ သူသည် ဘုရားသခင်၏ အသစ်သော အမှုနှင့် အသစ်သောအလင်းကို အမီလိုက်နိုင်စွမ်း မရှိသည်ကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် မပြောင်းလဲလေပြီဟု သက်သေမပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိသူများက ၎င်းတို့ မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်ကြသော်ငြားလည်း၊ အမှန်တွင် ၎င်းတို့ထဲက ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ရပ်တန့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံတွင် မရှိပေ။ ဘုရားသခင်၏ အမှုသည် ကြာမြင့်စွာကတည်းက အခြားလူတစ်စုဆီသို့၊ သူ၏အမှုသစ်ကို ပြည့်စုံစေရန် သူရည်ရွယ်ထားသည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားခဲ့ပေသည်။ ဘာသာတရားထဲ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံနိုင်စွမ်း မရှိကြသကဲ့သို့၊ အတိတ်က အမှုဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့်၊ ဘုရားသခင်သည် ဤလူတို့ကို စွန့်လွှတ်ပြီးဖြစ်ကာ၊ ဤအမှုသစ်ကို လက်ခံသည့် သူများအပေါ် သူ၏အမှုသစ်ကို လုပ်ဆောင်ပေသည်။ ဤသည်တို့မှာ သူ၏အမှုသစ်၌ ပူးပေါင်းဆောင်ရွက်သည့် လူများဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူ၏စီမံခန့်ခွဲမှုက ပြီးမြောက်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။ ဤလူများ၏ မကောင်းမှုပြုခြင်းကို ထုတ်ဖော်ရာဝယ်၊ လူအချို့သည် ၎င်းတို့ကို ကျိန်ဆဲရန် စိတ်ထက်သန်ကြစေကာမူ၊ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုလေသည်။ လူသားအဖို့ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ နာမနှင့် သက်ဆိုင်သည့် ပုံပေါ်သော်လည်း၊ အမှန်တွင် ဘုရားသခင်အဖို့ ယင်းတို့သည် သူ၏ နာမနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ သို့မဟုတ် သူ့ကို သက်သေခံခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမရှိပေ။ ဤလူများ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ယင်းသည် ဘုရားသခင်နာမနှင့် သူ၏ လတ်တလော အမှုနှစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုယ် အရှက်ရစေပြီး၊ စာတန်ကို ပေါ်လွင်ထင်ရှားစေသည်။ ၎င်းတို့သည် ဒေါသအမျက်ခံရာ နေ့ရက်အတွက် သိုမှီးနေကြသည့် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ယနေ့တွင် ၎င်းတို့၏ လုပ်ရပ်များကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မပိတ်ဆို့သကဲ့သို့ ဘုရားသခင်၏ အမှုသစ်နှင့် ဘာမျှ မသက်ဆိုင်မှသာလျှင်၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ မရောက်သေးသည့်အတွက်၊ ထိုသို့သော လူတို့သည် လိုက်လျောညီထွေသော ပြစ်ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကိုယ်တွယ်ဖြေရှင်းနှင့်ပြီးဖြစ်သင့်ကာ၊ ထိုမကောင်းမှုပြုသူများသည် ဒဏ်ခတ်ခြင်းကို စောနိုင်သမျှ စောစွာ ခံရသင့်သည်ဟု များစွာသော လူတို့က ယုံကြည်ကြလေသည်။ သို့ရာတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် အဆုံးသတ်သို့ မရောက်သေးသကဲ့သို့၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ ရောက်မလာသေးသောကြောင့်၊ မဖြောင့်မတ်သောသူများသည် ၎င်းတို့၏ မဖြောင့်မတ်သည့် လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ အချို့က၊ “ဘာသာရေးထဲတွင်ရှိသော သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက်တို့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နာမကို အရှက်ရစေသည်။ သို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော အပြုအမူကို သည်းခံနေဆဲ ဖြစ်ခြင်းထက်၊ အဘယ်ကြောင့် ၎င်းတို့ကို မဖျက်ဆီးသနည်း။” ဟု ဆိုကြသည်။ စာတန်၏ သရုပ်သကန်ဖြစ်ပြီး ဇာတိပကတိကို ဖော်ပြသည့် ဤလူတို့သည် မသိနားမလည်ကြသူများ၊ ယုတ်ညံ့သောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဓိပ္ပာယ် မရှိသော လူများဖြစ်ကြသည်။ ဘုရားသခင်သည် သူ၏ အမှုကို လူသားအလယ် မည်သို့လုပ်ဆောင်သည်ကို ၎င်းတို့ နားလည် မလာမီတွင်၊ ဘုရားသခင်၏ အမျက်ဒေါသရောက်လာခြင်းကို ၎င်းတို့ရှုမြင်ရလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့ အပြည့်အဝ သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုမကောင်းမှုပြုသူ အားလုံးသည် ၎င်းတို့၏ ဒဏ်ခတ်ခံရခြင်းကို ရရှိကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ ဒေါသအမျက်ခံရာ နေ့ရက်ကာလကို လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ယခုအချိန်သည် လူသား၏ အပြစ်ဒဏ်ပေးခြင်းအတွက် အချိန်ကာလ မဟုတ်သေးဘဲ၊ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်နေသည့်အချိန် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ထိခိုက်စေသူများ မဟုတ်ပါက၊ ထိုကိစ္စတွင် ၎င်းတို့လုပ်ရပ်များ၏ ပြင်းထန်မှုအပေါ် အခြေခံ၍ အပြစ်ပေးခြင်းကို ၎င်းခံရကြလိမ့်မည်ဖြစ်သည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အတောအတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူများသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စက်ဆုပ်မုန်းတီးမှုနှင့် ငြင်းပယ်မှုကို ခံရသူများသည် စာတန်၏ စွမ်းအား‌အောက်တွင် အသက်ရှင်ကြပြီး၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် အရာသည် ဘုရားသခင်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်ခံပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်သော သူများသာ ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်၊ အကြောင်းမှာ ဘုရားသခင်၏ အမှုသည် ယင်းကို လက်ခံသည့် သူများကိုသာ ဦးတည်ထားပြီး၊ ၎င်းတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လူအားလုံးကို မဦးတည်သောကြောင့် ဖြစ်ပေသည်။ ဘုရားသခင် ပြုသည့်အမှုသည် အစဉ်သဖြင့် ရည်မှန်းချက် ရှိပြီး၊ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ စာတန်နှင့် ပေါင်းဖော်သူများသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်တော်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေခံရန်ပင် မသင့်တော်ကြချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူကလေးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်စွာ ထိန်းချုပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ မိုက်ရူးရဲသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

“ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းသည် ယခုဘဝဖြစ်စေ နောင်ဘဝဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့် အပြစ်တစ်ခုဖြစ်ပြီး ဤအပြစ်ကို ကျူးလွန်သူများသည် မည်သည့်အခါမျှ လူပြန်ဝင်စားမည် မဟုတ်ချေ။” ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံဟု ဆိုလိုသည်။ ၎င်းတို့နားမလည်သည့် အခြေအနေတစ်ခုတွင်ရှိသည့်အခါ၊ သို့မဟုတ် ၎င်းတို့သည် သူတစ်ပါး၏ လှည့်စားခြင်း ခံရသည့်အခါ၊ ထိန်းချုပ်ခြင်းခံရသည့်အခါ သို့မဟုတ် ဖိနှိပ်ခြင်းခံရသည့်အခါ၊ လူအချို့သည် မညှာတာသော သို့မဟုတ် အကျည်းတန်သော စကားများကို ပြောဆိုနိုင်သည်။ သို့သော် နောက်ပိုင်းတွင် စစ်မှန်သော လမ်းခရီးကို ၎င်းတို့ လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် နောင်တဖြင့်ပြည့်လာကြသည်။ ထို့အခါ ၎င်းတို့သည် ကောင်းမှုများကို လုံလောက်စွာ ပြင်ဆင်ကြပြီး ဤအရေးကိစ္စတွင် အသိပညာကို ကြိုးပမ်းရရှိကာ ပြောင်းလဲမှုကို တွေ့ကြုံကြရသောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့၏ ယခင်က လွန်ကျူးသောအပြစ် တစ်ခုတစ်လေအပေါ်မျှ ဆက်လက်ဆင်ခြင်သုံးသပ်ခြင်း မရှိတော့ပေ။ သင်တို့သည် ဘုရားသခင်ကို အပြည့်အဝ သိကျွမ်းသင့်သည်၊ ဘုရားသခင်၏ထိုနှုတ်ကပတ်တော်များသည် မည်သူ့ကို ဦးတည်သည်ကို သင်သိသင့်သကဲ့သို့ ယင်းတို့၏ ဆက်စပ်အကြောင်းအရာကိုလည်း သင်သိသင့်သည်၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလျဉ်းသင့်သလို အသုံးပြုခြင်း သို့မဟုတ် ထင်ရာမြင်ရာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း သင် မပြုသင့်ပေ။ အတွေ့အကြုံ လုံးဝ မရှိသည့်လူများသည် မည်သည့်အရာတွင်မျှ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်ကြသော်လည်း၊ အတွေ့အကြုံ အနည်းငယ်ဖြင့် သူများ သို့မဟုတ် ထိုးထွင်းအမြင်အချို့ ရှိသည့်သူများကမူ အလွန်အကျူး လိုသလိုဆွဲတွေးလေ့ရှိကြသည်။ လူများကို ကျိန်ဆဲသည့် သို့မဟုတ် စက်ဆုပ်ရွံရှာပြီး သုတ်သင်ဖယ်ရှင်းသည့် မိန့်မြွက်ချက်များကို ဘုရားသခင်ထံမှ ၎င်းတို့ကြားသည့်အခါ၊ ၎င်းတို့သည် မိမိတို့ဘာသာ လက်လွတ်စပယ် တာဝန်ယူ ဆုံးဖြတ်ကြသည်။ ဤသည်က ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ၊ သူ့ကို အမြဲတစေ အထင်လွဲမှားနေသည်ဟု ပြနေသည်။ လူအချို့က ဘုရားသခင်၏ မိန့်မြွက်ချက်အသစ်များကို တစ်ခုတစ်လေမျှ မဖတ်ရသေးမီ၊ မည်သည့် စုံစမ်းလေ့လာခြင်းမျှ မပြုရသေးမီ၊ ဘုရားသခင်၏အမှုတော်အသစ်ကို နားလည်သည့် လူများထံမှ မိတ်သဟာယ တစ်ခုတစ်လေမျှ မကြားရသေးမီ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း တစ်စုံတစ်ရာကို သာ၍ မရရှိသေးမီ ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကြသည်။ ထို့နောက်တွင် တစ်စုံတစ်ယောက်က ၎င်းတို့အား ဧဝံဂေလိတရား ဟောကြားပြီး ၎င်းတို့က ယင်းကို လက်ခံကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်မိခြင်းအတွက် စိတ်မကောင်းဖြစ်ကြပြီး နောင်တရဖို့ ဆန္ဒရှိကြသည်။ ထို့နောက်တွင် အနာဂတ်တွင် ၎င်းတို့မည်သို့ပြုမူသည်ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။ ၎င်းတို့ ယုံကြည်မှု ရှိလာပြီးသည့်နောက်၊ ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ဆိုးရွားပြီး၊ “ကဲ၊ အမှန်တော့ ယခင်က ပြစ်မှားစော်ကားခြင်းနှင့် အကျည်းတန်သော စကားများကို ကျွန်ုပ် ပြောခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကဲ့သို့ လူများသည် ပြစ်တင်ရှုတ်ချခြင်းခံရလိမ့်မည်ဟု အတိအလင်း ကြေညာပြီး ဖြစ်သည်- ကျွန်ုပ်တို့၏ ဘဝတော့ ပွဲသိမ်းသွားပါပြီ။” ဟု ပြောလျက်၊ မိမိတို့ကိုယ်ကိုယ် အရေးမပါဟု သဘောထားလိုက်ပါက၊ ထိုသို့သော လူများသည် အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်း” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ကောက်ကျစ်စဉ်းလဲသော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက နာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်ရောက်လာသောအခါ၊ လွန်လေပြီးသော ခေတ်များမှ ထို “ကြီးမြတ်ပြီး နှိမ်နင်းလို့မရသည့် သူရဲကောင်းများ” သည် အယုတ်ညံ့ဆုံးနှင့် အပယ်ခံရဆုံးသော “အားနည်းပြီး မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်လာလိမ့်မည်။ ဤအရာကသာလျှင် ဘုရားသခင့် ဖြောင့်မတ်ခြင်း၏ လက္ခဏာတိုင်းနှင့် လူသားမှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ စိတ်သဘောထားကို ပုံဆောင်နိုင်ပြီး ဤအရာကသာလျှင် ငါ၏စိတ်နှလုံးထဲမှ အမုန်းတရားကို ကျေနပ်စေနိုင်လေသည်။ ဤသည်မှာ လုံးဝ ထိုက်သင့်သည်ဟု သင်တို့ လက်မခံကြသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အရှေ့သို့- ၁၃၉။ ခေါင်းဆောင်တုများနှင့် အမှုဆောင်တုများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၁။ တစ်စုံတစ်ဦး၏ အနာဂတ်နှင့် ကံကြမ္မာတို့ကို သဘောထားရမည့်ပုံစံနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်