၁၃၃) ယုံကြည်ခြင်း၌ အသစ်ဖြစ်နေသော ညီအစ်ကိုမောင်နှမများကို ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) အသစ်ရောက်ရှိလာသူများကို ၎င်းတို့သည် မှန်သောလမ်းခရီး၌ တတ်နိုင်သမျှအမြန်ဆုံး ခိုင်မြဲစွာ အခြေချနိုင်စေရန်အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ အားလုံးကို ရှင်းလင်းပေးကာ ရူပါရုံ၏သမ္မာတရားဖြင့် ရေလောင်းပေးရမည် ဖြစ်သည်။

(၂) အသစ်ရောက်ရှိလာသူများထံမှ များစွာတောင်းဆိုခြင်း မပြုသင့်ပေ။ ထိုသူတို့၏ အယူအဆများနှင့် အခက်အခဲများကို သမ္မာတရားကို မိတ်သဟာယပြုခြင်းဖြင့် မြန်မြန်ဆန်ဆန်နှင့် စိတ်ရှည်လက်ရှည် ရှင်းလင်းဖြေရှင်းပေးရမည် ဖြစ်သည်။

(၃) အခြားသူများကို ချုပ်ကိုင်ထားရန် စည်းမျဉ်းများကို အသုံးမပြုသင့်ပေ။ လူအားလုံးကို ၎င်းတို့၏ အခြေအနေမှန်များ အပေါ်မူတည်၍ သမ္မာတရားဖြင့် ရေလောင်းသင့်ပြီး အခြားသူများ မလုပ်ဆောင်နိုင်သောအရာအား အတင်းအကျပ် လုပ်ဆောင်စေကာ ၎င်းတို့ကို ဘဲတစ်ကောင်ကို ငှက်နားရာ အကိုင်းပေါ်တွင် ထိုင်စေရန် မကြိုးပမ်းသင့်ပေ။

(၄) ယုံကြည်ခြင်း၌ အသစ်ဖြစ်သူများနှင့် ဆက်ဆံရာတွင် ဉာဏ်ပညာ ရှိလော့။ သမ္မာတရားကို မမြတ်နိုးသော လူစိတ်ချို့တဲ့သူများကို ကြိုတင်ကာကွယ်ရမည် ဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးရာနှင့် အသင်းတော်ရေးရာ အချက်အလက်များကို မည်သည့်အခါတွင်မျှ ထုတ်ဖော်ခြင်းကို မပြုရပါ။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ယုံကြည်သူ အသစ်များအနေဖြင့် မှန်သော လမ်းခရီးပေါ် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု လျင်မြန်စွာ ထူထောင်နိုင်ပြီး ၎င်းတို့၏ ယုံကြည်ခြင်း၌ မှန်သော လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့ ၎င်းတို့ကို ရေလောင်းပေးခြင်းသည် ဘုရားသခင့် အိမ်တော်၏ အခြေခံအကျဆုံးနှင့် အဓိကကျသော အမှု ဖြစ်သည်။ ယုံကြည်သူသစ်များကို ရေလောင်းပေးရမည့် သမ္မာတရားတွင်- ဘုရားသခင့် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သော သမ္မာတရား၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်သက်ဆိုင်သော သမ္မာတရား၊ ဘုရားသခင့် နာမတော်များနှင့်သက်ဆိုင်သော သမ္မာတရား၊ ဘုရားသခင့် အမှုနှင့် လူ၏ အမှုတို့ကြားက ခြားနားချက်များနှင့် သက်ဆိုင်သော သမ္မာတရား၊ စစ်မှန်သော ခရစ်တော်ကို ခရစ်တော်၏ အယောင်ကို ဆောင်သောသူများမှ ခွဲခြားသိမြင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိခြင်းနှင့် နတ်ဆိုးများ၏ အလုပ်ကို ခွဲခြားသိမြင်ခြင်းတို့နှင့် သက်ဆိုင်သော သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား တကယ့် အသက်တာထဲသို့ ဆောင်ယူခြင်းနှင့် သက်ဆိုင်သော သမ္မာတရားနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား၊ စသည်တို့ ပါဝင်သည်။ ၎င်းတို့အနေဖြင့် ကောင်းမွန်သော အခြေခံအုတ်မြစ်များ ချခင်းနိုင်ကြဖို့အလို့ငှာ၊ ဤသမ္မာတရားများကို ဘုရားသခင်၏ အမှုတော်အား ယခုလေးတင် လက်ခံကြပြီးဖြစ်သူ အားလုံးတို့၏ နှလုံးသားများထဲသို့ နက်နက်ရှိုင်းရှိုင်း ရေလောင်းပေးလော့။ ဤအရာက ၎င်းတို့သည် မှန်သော လမ်းခရီးပေါ် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်ပြီး စာတန် မာရ်နတ်ထံမှ မဘ်သည့် အနှောင့်အယှက်များ ကြုံရသည်ဖြစ်စေ ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်သည်ကို သေချာစေနိုင်ပေသည်။ မိမိ၏ အလုပ်က ဤရလဒ်ကို စွမ်းဆောင်ရရှိသည့်အခါမှသာ၊ ၎င်းတို့သည် ဘုရားသခင်ကို သူ၏ အလိုတော်နှင့်အညီ အစေခံကြပြီး ဘုရားသခင်၏ အလိုတော်ကို စစ်မှန်စွာ လုပ်ဆောင်ကြပေသည်။

အလုပ်အစီအစဉ်များ မှ

ကျွန်ုပ်တို့အနေဖြင့် မယုံကြည်သူများမှဖြစ်သော ဤလူသစ်များကို ရေလောင်းပေးသည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် ချစ်ခင်ကာ စိတ်ရှည်ရမည် ဖြစ်ပြီး၊ အလွန် ကြီးမားလွန်းသည့် တောင်းဆိုချက်များကို ကျွန်ုပ်တို့ မပြုရမည် ဖြစ်သကဲ့သို့၊ ၎င်းတို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်ကို ရှင်းလင်းပြတ်သား ရမည်။ ကျွန်ုပ်တို့အနေဖြင့် တင်းကျပ်သော သတ်မှတ်ချက်များ မပြုမီ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ကာ ကိုင်တွယ်မဖြေရှင်းမီ ၎င်းတို့က သမ္မာတရား အချို့ကို နားလည်ပြီး အခြေခံအုတ်မြစ်တစ်ခု ရှိသည်အထိ စောင့်ဆိုင်းရမည်။ မယုံကြည်သူများမှလာသည့် လူသစ်တစ်ဦးသည် လပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို ပဓာနမထားဘဲ၊ ၎င်းတို့အနေဖြင့် ကောင်းမွန်သော အရည်အချင်းရှိပြီး၊ သမ္မာတရားအတွက် တမ်းတမှုအချို့ ရှိသရွေ့၊ ၎င်းတို့ကို ဖတ်ဖို့ စာအုပ်များ ဝေငှပေးသင့်သကဲ့သို့၊ ငှားရမ်းသင့်သည်၊ သို့ရာတွင် အနည်းဆုံး ခြောက်လ ယုံကြည်ပြီး သူများကိုမူ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့်ဆိုင်သော စာအုပ်များအားလုံး ဝေငှပေးသင့်ပေသည်။ မယုံကြည်သူများမှ ဖြစ်လာသည့် လူသစ်များကို ရေလောင်းပေးပြီး ထိန်းကျောင်း ပေးနေစဉ်တွင်၊ စိတ်မပါ့တပါ မဖြစ်ရ။ ၎င်းတို့သည် အခြားသော ဂိုဏ်းဂဏများမှ စည်းရုံးသိမ်းသွင်းခဲ့သည့် သူများနှင့် တကယ်ကို မခြားပေ။ ၎င်းတို့၏ လူ့သဘာဝသည် အတူတူဖြစ်သည်၊ ၎င်းတို့အနေဖြင့် သမ္မာကျမ်းနှင့်ဆိုင်သော အသိပညာ အချို့ ကင်းမဲ့ကြခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ အဓိကပြဿနာ မဟုတ်ချေ။ ၎င်းတို့ကို ခွဲခြားမဆက်ဆံရသကဲ့သို့၊ အလွန် မသိနားမလည်ဖြစ်သည်ဟု မမြင်ရပေ။ တစ်နှစ်တာ ယုံကြည်ပြီးသည့်နောက်တွင်၊ ၎င်းတို့သည် အလွန် ခေတ်နောက်ကျသည်ဟု ထင်ရလိမ့်မည် မဟုတ်။ သို့သော် ၎င်းတို့သည် အချိန်မီ ရေလောင်းမခံရနိုင်ပါက၊ အချို့သော အသက်တာများ ပျက်စီးသွားလိမ့်မည်။ ယင်းမှာ မယုံကြည်သူများမှဖြစ်လာသော လူသစ်တစ်ဦးစီတိုင်းကို စိတ်ပါလက်ပါ ရေလောင်းကာ‌ ထောက်ပံ့ပေးရန်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင့် အိမ်တော်၏ နွေးထွေးမှုကို ၎င်းတို့အား ခံစားရစေရန်၊ ထို့ထက် ပို၍ပင် ဘုရားသခင်သည် စစ်မှန်ပြီး ယုံကြည်စိတ်ချရသည်ကို နားလည်စေရန် အခိုက်အတန့်ကို လက်မလွှတ်တမ်း အသုံးချရမည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသည်။ အခြားသော ဂိုဏ်းဂဏများမှ စည်းရုံးသိမ်းသွင်းခံရပြီးသူများနှင့် နှိုင်းယှဉ်ပါက၊ မှန်သော လမ်းခရီးကို လက်ခံကြသည့် မယုံကြည်သူများမှ ဖြစ်သူများသည် သာ၍ ဖြူစင်ကြပြီး၊ အသစ်သော အရာများကို သာ၍ အလွယ်တကူ လက်ခံနိုင်ကြပေသည်။ သို့သော် ၎င်းတို့ကို အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သည့် အရာတစ်ခုတစ်လေကိုမျှ မပြောထားရသေးပေ။ ၎င်းတို့ကို ဉာဏ်ပညာနှင့် ဆက်ဆံပြီး ဘုရားသခင့် အိမ်တော်၏ စည်းမျဉ်းများ အကြောင်းကို ပို၍ ပြောပြရမည်။ ၎င်းတို့ကို ကြုံရာကျပန်း စည်းဝေးခြင်းအတွက် အုပ်စုငယ်များ တစ်ခုတစ်လေကိုမျှ တက်ရောက်ခွင့် သို့မဟုတ် အသင်းတော် အရေးကိစ္စများကို မေးခွင့် မပေးရပေ။ ထို့အပြင်၊ သံသယရှိပုံရသောသူများ၊ အကြောင်း သိပ်မသိရသောသူများကို ကျွန်ုပ်တို့ သတိထားရမည်။ ဤသည်တို့မှာ လူသစ်များကို ရေလောင်းခြင်းနှင့် ဦးဆောင်ခြင်းအတွက် သဘောပေါက်ထားရမည့် အခြေခံသဘောတရားများ ဖြစ်သည်။

မယုံကြည်သူများမှလာသော လူသစ်များအတွက်၊ မဖြစ်မနေ လုပ်ရသော အပတ်စဉ် အစည်းအဝေး တက်ရောက်ချိန်ကို မသတ်မှတ်ရ။ စုဝေးခြင်းကို ၎င်းတို့၏ တကယ့်အခြေအနေများအပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ အလွန်များသော စုဝေးခြင်းများ သို့မဟုတ် အလွန်နည်းပါးသော စုဝေးခြင်းများ မရှိရ။ စုဝေးခြင်း အရေအတွက်ကို အများစုက ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သည်။ လူသစ်များနှင့် အစည်းအဝေးများတွင်၊ ၎င်းတို့အနေဖြင့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာများထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုရပါမည်၊ ဓမ္မတေးသီးချင်းများနှင့် အကများကို ၎င်းတို့အား သင်ပေးရမည်ဖြစ်ပြီး၊ ၎င်းတို့အား ဆုတောင်းရန် သွန်သင်ရမည်။ ဤနည်းဖြင့်၊ လပေါင်းအချို့ ယုံကြည်ပြီးသည့်နောက်တွင်၊ ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်နိုင်ကြလိမ့်မည်။ ၎င်းတို့ကို အထူးသဖြင့် ချစ်ခင်ပြီး သည်းခံလော့၊ ပြီးလျှင် ၎င်းတို့အတွက် ကောင်းမွန်စွာ ရေလောင်းပေးပြီး‌ ထောက်ပံ့ပေးလော့။ မည်သည့်အခြေအနေတွင်မဆို၊ ၎င်းတို့၏ အပြုသဘောဆောင်ခြင်းကို မလျော့စေနှင့် သို့မဟုတ် ၎င်းတို့၏ စိတ်အားထက်သန်မှုကို မပြေစေနှင့်။ ကျွန်ုပ်တို့အားလုံးသည် တစ်ချိန်က မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့ မတိုင်မီ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်လာခဲ့ကြခြင်းသာ ဖြစ်သည်။ ဤအကြောင်းရင်းအတွက် ဤလူသစ်များကို အထင်သေးခြင်းသည် ကျွန်ုပ်တို့၏ အမှားဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင်၊ အဘယ်သူ ပထမဦးဆုံး ယုံကြည်ပြီး မည်သူ နောက်မှ ယုံကြည်သည်မှာ အရေးမကြီးပေ။ သမ္မာတရားကို ရရှိသူ မည်သူမဆို ကောင်းမွန်သော ယုံကြည်ခြင်းတစ်ခု ရှိပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားရန် လိုလားနေသရွေ့၊ နှစ်အနည်းငယ် ယုံကြည်ပြီးနောက်တွင်၊ ၎င်းတို့သည် ကျွန်ုပ်တို့နှင့် တူညီကြလိမ့်မည်။

အလုပ်အစီအစဉ်များ မှ

လူတို့ကို ဉာဏ်ပညာဖြင့် ကိုင်တွယ်ဖြေရှင်းလော့။ လူအချို့တို့က၊ “ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်းက ဉာဏ်ပညာ လိုအပ်သလော‌” ဟု ဆိုကြသည်။ လိုအပ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဉာဏ်ပညာကို အသုံးပြုခြင်းသည် သင်၏ ညီအစ်ကို မောင်နှမများအတွက် သာ၍ပင် ကြီးမားသော အကျိုးကျေးဇူးများ ပေးသောကြောင့် ဖြစ်သည်။ အချို့က၊ “ညီအစ်ကို မောင်နှမများနှင့်ပတ်သက်၍ အမြော်အမြင်ရှိခြင်းသည် ကောက်ကျစ်ခြင်း မဟုတ်လော” ဟု မေးကြလိမ့်မည်။ ဉာဏ်ပညာသည် လှည့်ဖြားတတ်ခြင်း မဟုတ်ပါပေ။ ထို့ထက်၊ ဉာဏ်ပညာနှင့် လှည့်ဖြားတတ်ခြင်းသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဉာဏ်ပညာ အသုံးပြုခြင်းဟူသည်မှာ သင် ပြောဆို၊ လုပ်ဆောင်သည့် အရာကို ညီအစ်ကို မောင်နှမများ လက်မခံနိုင်စရာ မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့ ဝိညာဉ်ရင့်ကျက်မှု နုနယ်ချိန်တွင် သင်၏ စကားပြောပုံနှင့် အမှုအရာများ လုပ်ဆောင်ပုံအချို့ကို အာရုံစိုက်ခြင်းသဘော ဖြစ်သည်။ ဝိညာဉ်ရင့်ကျက်မှု နုနယ်သော လူတို့အတွက်၊ အထူးသဖြင့် သမ္မာတရားကို နားမလည်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာရှိသော သူတို့အတွက်၊ ၎င်းတို့ထံ သင်၏ ချဉ်းကပ်မှုသည် အလွန်ရိုးရှင်းပြီး ပွင့်လင်းကာ၊ အရာရာတိုင်းကို ၎င်းတို့အား သင် ပြောပြပါက၊ ဤအရာက တစ်ခါတစ်ရံ သင့်ကို ဆန့်ကျင်အသုံးပြုနိုင်သည့် သတင်းအချက်အလက် ရရှိဖို့ သို့မဟုတ် သင့်ကို အသုံးချဖို့ ၎င်းတို့အတွက် လွယ်ကူစေနိုင်သည်။ ဤသည်မှာ မကောင်းပေ။ ထို့ကြောင့် သင်သည် အနည်းနှင့်အများဆိုသကဲ့သို့ ကြိုတင်ကာကွယ်မှုအချို့ ပြုရမည်ဖြစ်ပြီး နည်းလမ်းအချို့ သုံးရပေမည်။ လူတို့နှင့်ပတ်သက်၍ သတိထားခြင်းသည် ၎င်းတို့ကို မကူညီခြင်း သို့မဟုတ် ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာမရှိခြင်းကို မဆိုလိုပေ။ ယင်းမှာ ဘုရားမိသားစု၏ အရေးကြီးသည့် အလုပ်ကို ထိခိုက်သည့် တချို့သော အရာများအကြောင်း ၎င်းတို့ထံ မပြောဆိုခြင်းနှင့် သမ္မာတရားကိုသာ ၎င်းတို့ထံ မိတ်သဟာယပြုခြင်းကို ဆိုလိုပေသည်။ အသက်တာတွင် ဝိညာဉ်ရေး အထောက်အမနှင့် ၎င်းတို့အား သမ္မာတရား ထောက်ပံ့ပေးဖို့ လိုအပ်ပါက၊ ဤအရာနှင့်စပ်လျဉ်း၍ ၎င်းတို့ စိတ်ကျေနပ်စေဖို့ ငါတို့ အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ရမည်။ သို့သော်၊ ဘုရားအိမ်တော်နှင့်ပတ်သက်သည့် ဤအရာ၊ ထိုအရာတို့ကို ၎င်းတို့ စုံစမ်းနေပါက၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေအနေများအကြောင်း မေးမြန်းနေပါက၊ ၎င်းတို့ကို ပြောပြဖို့ မလိုအပ်ပေ။ ၎င်းတို့ကို သင် ပြောပြပါက၊ ဤသတင်းအချက်အလက်ကို ၎င်းတို့ ပေါက်ကြားစေဖို့ များပြီး၊ ဤအရာက ဘုရားအိမ်ထောင်၏ အလုပ်ကို ထိခိုက်စေလိမ့်မည်။ တစ်နည်းအားဖြင့်၊ ယင်းမှာ ၎င်းတို့ မသိသင့်သည့်အရာတစ်ခု ဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့ သိဖို့မလိုအပ်သည့် အရာတစ်ခု ဖြစ်ပါက၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ကို သိခွင့်မပေးနှင့်။ ယင်းမှာ ၎င်းတို့ သိသင့်သည့် အရာတစ်ခုဖြစ်ပါက၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့အား လက်တွေကျကျနှင့် မခြွင်းမချန်ဘဲ သိခွင့်ပေးဖို့ သင် တတ်နိုင်သမျှ လုပ်ဆောင်လော့။ သို့ဆိုလျှင် ၎င်းတို့ သိသင့်သည့်အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ သမ္မာတရားကို မည်သို့ လိုက်စားရမည်၊ မည်သည့် သမ္မာတရားများကို ၎င်းတို့ နားလည်ပြီး ပိုင်ဆိုင်သင့်သည်၊ မည်သည့် တာဝန်များကို ၎င်းတို့ ထမ်းဆောင်သင့်ပြီး၊ မည်သည့်တာဝန်များက မတူကွဲပြားသော လူတို့အတွက် သင့်တော်သည်၊ မိမိတို့၏ တာဝန်များကို မည်သို့ ထမ်းဆောင်ရမည်၊ ပုံမှန် လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ပြီး၊ အသင်းတော် အသက်တာကို မည်သို့ နေထိုင်ရမည်ဆိုသည်တို့ကို ၎င်းတို့ သိသင့်သည်။ ဤသည်တို့မှာ လူတို့ သိသင့်သည့် အရာအားလုံး ဖြစ်သည်။ ထို့အပြင်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများ၊ အသင်းတော်၏ အလုပ်နှင့် သင်၏ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို မည်သည့် မယုံကြည်သူများ မဆိုထံဖြစ်စေ၊ ယုံကြည်ခြင်း မရှိသည့် သင်၏ မိသားစုဝင် တစ်ဦးတစ်လေထံသို့ဖြစ်စေ၊ မဖွင့်ပြရပေ။ ဤသည်မှာလည်း လူတို့ သိသင့်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်တို့မှာ ဉာဏ်ပညာကို ငါတို့ အသုံးပြုချိန် လိုက်နာရမည့် အခြေခံသဘောတရားများ ဖြစ်သည်။ ဥပမာအားဖြင့် သင့်ခေါင်းဆောင်များ၏ နာမည်များနှင့် လိပ်စာများသည် မဆွေးနွေးသင့်သည့် အရာများ ဖြစ်သည်။ ဤအရာများအကြောင်း သင် ပြောပြပါက၊ ထိုသတင်းအချက်အလက်က မယုံကြည်သူများ၏ နားများထဲ မည်သည့်အချိန် ရောက်သွားမည်ကို သင် လုံးဝ မသိသကဲ့သို့၊ ထိုအရာက အချို့သော လျှို့ဝှက် အစိုးရငှာန လူဆိုးဆီ ရောက်သွားခဲ့လျှင် အမှုအရာများက ဒုက္ခပေးနိုင်ပေမည်။ ဤအရာများနှင့်ပတ်သက်၍ သင် အမြော်အမြင်ရှိရမည်။ ဤသည်မှာ ဉာဏ်ပညာရှိဖို့ အလွန်အရေးကြီးသည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့အပြင်၊ သင်၏ အတွေ့အကြုံများကို ဖွင့်ဟပြီး မိတ်သဟာယပြုသည့်အခါ၊ မည်သူတစ်ဦးတစ်ယောက်ထံကိုမျှ အချို့သော သီးသန့် သတင်းအချက်အလက်ကို ထုတ်ဖော်မပြရ။ သင့်ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်ရင့်ကျက်မှုများကို သင် ထည့်သွင်းစဉ်းစားရမည်။ ၎င်းတို့ကို တစ်စုံတစ်ရာ သင် ပြောပြသည့်နောက်၊ ၎င်းတို့ မဆက်ကပ်ကြပါက၊ သင် ပြောပြီးသည့်အရာကို ၎င်းတို့ ရယ်စရာလုပ်ကောင်းလုပ်မည်ဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ အတင်းအဖျင်းပြောမည်ဖြစ်ပြီး၊ ယင်းမှာ ဒုက္ခပေးမည်ဖြစ်ပြီး၊ သင်၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့်၊ ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုခြင်းကလည်း ဉာဏ်ပညာလိုအပ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၃၂) အခြားသူများအား ၎င်းတို့၏ ဇာတိပကတိအရင်းခံအတိုင်း ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၄) သမ္မာတရားကို မြတ်နိုးသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်