၉၄။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူသား ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရားကို ရှာဖွေလော့။ ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိပြီး ၎င်းတို့၏ အရင်းအမြစ်ကို ခွဲခြားကာ ထို့နောက် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုလော့။

(၂) အခြားသူများက သမ္မာတရားကို နားလည်နိုင်ပြီး စစ်မှန်သည့် နောင်တကို ဖြစ်ပေါ်စေလျက်၊ မိမိတို့၏ ကိုယ်ပိုင်၊ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများကို သိရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြဿနာများ၏ အနှစ်သာရအပေါ် မိတ်သဟာယပြုရန် လိုအပ်သည်။

(၃) ပြဿနာတစ်ခုကို ဖြေရှင်းသည့်အခါ၊ ယင်း၏ အနှစ်သာရကို မိတ်သဟာယမှတစ်ဆင့် သိသာစေရမည်။ အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတစ်ခု၊ ဇာတိပကတိကို ရွံရှာခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ရှုထောင့်တစ်ခုကို ပေးလော့။

(၄) အခြားသူများကို သမ္မာတရား သိနားလည်မှုတစ်ခုနှင့် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုဆီသို့ ဦးဆောင်နေချိန်တွင် မိမိ၏ အတွေ့အကြုံကို ပေါင်းစပ်ဖို့နှင့် ၎င်းတို့အား လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးသည့် သမ္မာတရားကို လိုက်စားဖို့ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက်ကို လှုံ့ဆော်ဖို့ရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သဘောတရားများအကြောင်း ပြောနိုင်ခြင်းသည် လူများ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးနိုင်ပါက၊ အသင်းတော်များကို ဦးဆောင်ရန် သင်တို့အား လိုအပ်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆပ်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

အကယ်၍ သင်မိတ်သဟာယဖွဲ့သည့်အရာသည် လူတို့ကို လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက၊ ယင်းသည် စစ်မှန်မှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ သင် ခေါ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံး လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးသင့်သည်။ ၎င်းတို့ အသိပညာ ရှိခွင့်ကိုသာ မပေးလေနှင့်။ ပို၍အရေးကြီးသည်မှာ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဘုရားသခင်သည် သူ၏အမှု၌ လမ်းပြသည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ်ဖြစ်၏။ သို့ဖြစ်သောကြောင့်၊ မည်သို့ပင်ဖြစ်စေ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခု သင်၌ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် သင်ခြေချရမည် ဖြစ်သည်။ အလွန်ဝေးစွာ နောက်ကျန်ရစ်ခြင်း မရှိနှင့်၊ ပြီးလျှင် အလွန်များလှသော အရေးကိစ္စများ၌ စိတ်မဝင်စားနှင့်။ ဘုရားသခင် ဦးဆောင်သည့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းမရှိဘဲ သင်လမ်းလျှောက်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှုလမ်းကြောင်းကို ပိုင်ဆိုင်နိုင်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းနှင့် လူသား၏တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် သတ်မှတ်၍ရပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” မှ

သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ၊ သင်သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပါက၊ ယင်းကို သင်ဖြေရှင်းရမည်။ မဖြေရှင်းသည့် ပြဿနာများသည် ထာဝရ တည်ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ သာ၍ ဆိုးရွားလာသည်။ သာ၍ ဆိုးရွားလာသည်ဆိုသည်မှာ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ပြဿနာကို သင်မဖြေရှင်းပါက၊ သင်၏အခြေအနေကို ယင်းက ထိခိုက်လိမ့်မည် ဖြစ်ပြီး၊ အခြားသူများကိုလည်း ထိခိုက်လိမ့်မည်ဟု ငါ ဆိုလိုသည်။ အချိန် ကြာလာသည်နှင့်အမျှ သင်၏ပြဿနာက သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းတို့မှ သင့်အား တားဆီးလိမ့်မည်။ ဤသည်တို့မှာ ပြဿနာများ ဖြစ်ကြသည်၊ မဟုတ်လော။ ဤသည်မှာ စိုးရိမ်ရသော ပြဿနာတစ်ခုဖြစ်သည်၊ အသေးစား ပြဿနာတစ်ခု မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူတစ်ဦး၏ ညည်းညူချက်များ၊ မကျေမချမ်းဖြစ်ခြင်းများနှင့် အထင်လွဲခြင်းများ၊ ဘုရားသခင်၏မိသားစုနှင့် စပ်လျဉ်းသည့် နားလည်မှုလွဲခြင်းများ၊ အခြားသူများနှင့် ပတ်သက်သည့် အာဃာတအစွဲအလမ်းများနှင့် အခြားသူများနှင့် စိတ်ဝမ်းကွဲခြင်းများ— အချိန်ကြာလာသည်နှင့်အမျှ အတွင်း၌ ဤအရာများသည် တဖြည်းဖြည်း သာ၍ ကြီးထွားလာကာ၊ ယင်းတို့၏အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းတို့က သင့်အား သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်းသို့ ဦးတည်စေသလော သို့မဟုတ် ယင်းတို့က သင့်အား ဆိုးယုတ်သောလူများ၏ လမ်းကြောင်းပေါ်သို့ ဦးတည်စေသလော။ ထိုလမ်းကြောင်းပေါ်တွင် သင်သည် သာ၍သာ၍ ကောင်းလာသလော သို့မဟုတ် သာ၍ သာ၍ ဆိုးလာသလော။ (သာ၍ သာ၍ ဆိုးလာပါသည်။) မည်မျှ သာ၍ ဆိုးလာသနည်း။ ဤအရာများသည် လူများထဲ၌ အချိန်ကာလအတော်ကြာ တဖြည်းဖြည်း ကြီးထွားလာသည့်အခါ၊ ၎င်းတို့၏ ယုံကြည်မှုများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ ထိုယုံကြည်မှုဟုခေါ်သည့်အရာ ပျောက်ကွယ် သွားသည့်အခါ၊ ၎င်းတို့၏ စိတ်အားထက်သန်မှုသည်လည်း ပျောက်ကွယ်သွားပေသည်။ ၎င်းတို့၏စိတ်အားထက်သန်မှု ပျောက်ဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ တာတန်များကို ဖြည့်ဆည်းဖို့ အင်အားနှင့် ဆန္ဒစွမ်းအားတို့သည် သာ၍ သာ၍ နည်းလာသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်း၏ ဝမ်းမြောက်ခြင်းကို ခံစားနိုင်ခြင်း မရှိဖြစ်လာကြသကဲ့သို့ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် သူ၏ကောင်းချီးမင်္ဂလာများကို ခံစားနိုင်ခြင်း မရှိကြတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်း၌ အင်အားမရှိတော့သကဲ့သို့၊ ညည်းညူချက်များ၊ အပျက်သဘောဆောင်ခြင်းများ၊ အယူအဆများနှင့် အထင်လွဲမှုများဖြင့် ပြည့်နှက်လာပြီး ယင်းတို့အားဖြင့် ထိန်းချုပ်ခြင်းခံကြရလေသည်။ ဤအရာများအတွင်း ၎င်းတို့ ရှင်သန်ပြီး ယင်းတို့၏ လုံးလုံး ဖုံးလွှမ်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည့်အခါ၊ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာမှာ ကြိုးပမ်းအားထုတ်ကြခြင်း၊ သည်းခံခြင်းနှင့် ဟန်ဆောင်ခြင်းတို့သာ ဖြစ်လေသည်။ ၎င်းတို့လုပ်ဆောင်သမျှတွင် ၎င်းတို့သည် လုံ့လဝီရိယနှင့် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းတို့ပေါ်တွင်သာ မှီခိုရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏လမ်းညွှန်မှု သို့မဟုတ် သူ၏ကောင်းချီးမင်္ဂလာများကို မြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် နောက်ထပ်၍ မည်သည့်အရာ ဖြစ်လာမည်နည်း။ ၎င်းတို့၏တာဝန်များကို ၎င်းတို့ မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် အခြေခံသဘောတရားများကို ရှာနိုင်ခြင်းမရှိကြချေ။ ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်နှင့်အညီ၊ ၎င်းတို့သည် သာ၍သာ၍ စိတ်ရှုပ်ထွေးလာပြီး၊ ရှေ့ဆက်လမ်းအတွက် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိကြဘဲ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် စိတ်အားထက်သန်မှု အားလုံး ဆုံးရှုံးကြရလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာများ၊ သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး- သင်ကိုယ်တိုင်၏ အခက်အခဲများကို သင် ဖြေရှင်းပြီးမှသာ၊ အခြားသူများ၏ အခက်အခဲများကို သင် ဖြေရှင်းနိုင်ပေသည်။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။ သင်သည် တွေ့ကြုံနိုင်စွမ်းမရှိသကဲ့သို့ မည်သည့်အရာမျှ မရှိပေ၊ ပြီးလျှင် အခြားသူများ၏ အခက်အခဲများကို သင် မဖြေရှင်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် မည်သို့ ဝင်ရောက်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ၊ သင်သည် စိတ်ရှုပ်ထွေးလေသည်။ သင် စိတ်သောကရောက်သည်၊ ငိုကြွေးသည်၊ အပျက်သဘောဆောင်လာသည်၊ ထွက်ပြေးသွားပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မှန်ကန်စွာ သင် မကိုင်တွယ်နိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ၊ လူ့ဘဝအပေါ် သင်၏ အမြင်များနှင့် အထူးသဖြင့် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာအကြောင်းကို သင် ဆွေးနွေးနိုင်ရမည်။ သင်သည် အသက်ကိုလိုက်စားသည့်အတွက် မိမိကိုယ်ကိုယ် ဤအရာများဖြင့် ပြင်ဆင်ထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။ အသင်းတော်တစ်ခုကို သင် ဦးဆောင်နေပါက၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သင် သဘောပေါက်နိုင်ရမည်ဖြစ်ပြီး ယင်းတို့ကို ထောက်ပြနိုင်ရမည်။ “အသင်တို့ လူတွေသည် မနာခံသကဲ့သို့ မတိုးတက်ကြပေ” ဟုသာ ပြောရုံနှင့်လုံလောက်သည်လော။ မဟုတ်ပေ၊ ၎င်းတို့၏ မနာခံမှုနှင့် မတိုးတက်မှုတို့ မည်သို့ ထင်ရှားသည်ကို တိတိကျကျ သင် ပြောဆိုရပေမည်။ ၎င်းတို့၏ နာခံမှု မရှိသော အခြေအနေများ၊ ၎င်းတို့၏ နာခံမှု မရှိသော အပြုအမူများနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် သက်ဆိုင်၍ သင် ပြောဆိုရမည်ဖြစ်ကာ၊ သင်၏ စကားများ၌ရှိ သမ္မာတရားကို ၎င်းတို့ကို လုံးဝ လက်ခံ ယုံကြည်လာစေသည့် နည်းလမ်းတစ်ခုဖြင့် ဤအရာများကို သင် ပြောဆိုရမည်။ သင်ဆိုစရာရှိသည်များကို ဆိုဖို့ရန် အချက်အလက်များနှင့် ဥပမာများကို အသုံးပြုလော့၊ ပြီးလျှင် ပုန်ကန်တတ်သော အပြုအမူမှ ၎င်းတို့ မည်သို့ လွတ်မြောက်နိုင်သည်ကို အတိအကျ ပြောဆိုပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ညွှန်ပြလော့- ဤသည်မှာ လူတို့ကို လက်ခံယုံကြည်စေဖို့ နည်းလမ်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သောသူတို့သာ အခြားသူများကို ဦးဆောင်နိုင်စွမ်းရှိ၏၊ ၎င်းတို့သာ သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏အလိုကို သင်ရှာတွေ့နိုင်ပြီး သူ့အလိုနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ အလိုကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

လူများသည် သမ္မာတရားကို မရရှိသေးသည့်အခါ၊ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်သည့်အခါ ၎င်းတို့သည် အစဉ် တွေဝေနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကိုဖြစ်စေ မသိကြပေ။ သင်၏ပတ်ဝန်းကျင်သည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ယင်းက သင့်အတွက် စုံစမ်းသွေးဆောင်ခြင်းဖြစ်စေ၊ စမ်းသပ်မှုဖြစ်စေ၊ သင်သည် လုံးလုံး မည်သည့်အရာကို လုပ်ရမှန်းမသိဖြစ်မြဲ ဖြစ်လေသည်။ သင်သည် အပျက်သဘောဆောင်စွာသာ တုံ့ပြန်နိုင်သည်၊ ပြီးလျှင် အရေးကိစ္စကို အပြုသဘောဆောင်သည့် သဘောထား တစ်ခုဖြင့်လည်းကောင်း၊ သမ္မာတရားကို သုံးပြီးလည်းကောင်း ဖြေရှင်းနိုင်စွမ်းမရှိပေ။ ယင်းက သင်သည် မည်သည့်ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် ကြုံနေရပါစေ၊ ယင်းကို ရင်ဆိုင်ဖို့ ခံနိုင်ရည် ကင်းမဲ့လေသည်။ သင်သည် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို တက်ကြွစွာ အသုံးပြုနိုင်စွမ်းမရှိပေ။ သင်သည် ယင်းကို ဖြေရှင်းဖို့သာ လိုအပ်ပြီး ဤအရေးကိစ္စတွင် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့သည် သမ္မာတရားကို ချက်ချင်းရှာဖွေဖို့ ဖြစ်သော်လည်း၊ သင်သည် ဤသည်ကို စွမ်းဆောင် မရရှိနိုင်သေးပေ။ ထို့ကြောင့် သင့်အသက်တာ၏မည်မျှနှင့် သင်လုပ်ဆောင်သည့်အရာ၏ မည်မျှတို့သည် ဘုရားသခင်နှင့် ဆက်နွှယ်နေသနည်း။ ယင်းက ဘုရားသခင်ကို ယုံကြည်သည့်သူများ ရှိသင့်သည့် အပြုအမူနှင့် အသက်တာတို့နှင့် မည်မျှ သက်ဆိုင်သနည်း။ အသွင်အပြင်နှင့် သင်၏အသည်းလှိုက်အူလှိုက် ဓမ္မဓိဌာန် မကျသော လိုအင်ဆန္ဒများအရ ယင်း၏ တစ်ရာခိုင်နှုန်းသည်သာ ဘုရားသခင်နှင့် ဆက်နွှယ်နေသော်လည်း၊ ကျန်ရှိသည့် ကိုးဆယ့်ကိုး ရာခိုင်နှုန်းက သမ္မာတရားနှင့်ဆက်နွှယ်မှု မရှိပါက၊ “[Y]ou(pl) have done much that is irrelevant to the truth.” ဟု ဘုရားသခင် ပြောပြီးဖြစ်သကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အလွန် စိုးရိမ်ဖွယ်ဖြစ်ပြီး အန္တရာယ်မရှိသလော။ ထို့ကြောင့် လူများရင်ဆိုင်ရသည့် ပြဿနာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် ပတ်ဝန်းကျင်များနှင့် သီးသန့် ခွဲခြားနေပါက၊ ၎င်းတို့၌ သူ၏စဉ်းစားချင့်ချိန်သော ကျေးဇူးတော် တစ်ခုတစ်လေမျှ မရှိပါက၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လိုက်စားဖို့နှင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ဖို့ ၎င်းတို့အတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခု မဖန်တီးပေးခဲ့ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး နေရာမရွေး စွန့်ခွာမည်မှာ ဖြစ်ဖွယ်ရှိပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး နားလည်လိုလျှင်၊ သင် ရင်ဆိုင်ရသည့် အခက်အခဲများ၏ အနှစ်သာရနှင့် သင်၏ အနီးအနားတွင် ဖြစ်ပျက်သည့် အမှုအရာများ၊ ဤကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့် ပြဿနာများ ရှိသည် ဆိုသည့်အပြင်၊ ဤအရာများက မည်သည့် သမ္မာတရား ရှုထောင့်နှင့် ဆက်စပ်သည်ကို ဦးစွာပထမ သင် နားလည်ရမည်။ သင်သည် ဤအရာများကို ရှာဖွေရမည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ တကယ့် အခက်အခဲများပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေရမည်။ ထိုသို့ဖြင့်၊ သင် အတွေ့အကြုံ တဖြည်းဖြည်း ရရှိသည်နှင့်အမျှ၊ သင့်အပေါ် ဖြစ်ပျက်သည့် အရာအားလုံးတွင် ဘုရားသခင်၏ လက်တော်အပြင်၊ သူ လုပ်ဆောင်လိုသည့်အရာနှင့် သင့်အထဲတွင် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မြင်နိုင်လိမ့်မည်။ သင့်ကို ဖြစ်ပျက်သည့် မည်သည့်အရာမဆို ဘုရားသခင်ကို ယုံကြည်မှုနှင့် သမ္မာတရားတို့နှင့် ဆက်နွှယ်သည်ဟု သင် မည်သည့်အခါတွင်မျှ ခံစားကောင်း ခံစားရမည် မဟုတ်သကဲ့သို့၊ သင်က မိမိကိုယ်ကိုယ်၊ “ဤအရာကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သက်ဆိုင်၍ ငါ၏ ကိုယ်ပိုင်နည်းလမ်း ရှိသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ မလိုအပ်ပါ။ အစည်းအဝေးများကို ငါ တက်ရောက်သည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ ဖတ်ရှုသည့်အခါ သို့မဟုတ် ငါ၏ တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ငါသည် မိမိကိုယ်ကိုယ် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဆန်းစစ်မည်” ဟုသာ ဆိုသည်။ သင်၏ အသက်တာတွင် ဖြစ်ပျက်သည့် နေ့စဉ်အမှုအရာများ- မိသားစု၊ အလုပ်၊ အိမ်ထောင်ရေးနှင့် သင်၏ အနာဂတ်တို့နှင့် ပတ်သက်သည့် အရာများ- ဤအမျိုးမျိုးသော အရာများကို သမ္မာတရားနှင့် ပတ်သက်ခြင်း ဘာမျှမရှိဟု သင် ခံစားရပြီး၊ လူ့နည်းစနစ်များကို အသုံးပြုရင်း ယင်းတို့ကို သင် ဖြေရှင်းပါက၊ ဤသည်မှာ သင် တွေ့ကြုံသည့် နည်းလမ်း ဖြစ်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က သင့်အထဲတွင် မည်သည့်အရာကို အကယ်ပင် လုပ်ဆောင်ရန် ဆန္ဒရှိသည်၊ သို့မဟုတ် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မည်သည့်အခါတွင်မျှ နားလည်လိမ့်မည်မဟုတ်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မရှောင်ရှားနိုင်သကဲ့သို့ မလွတ်မြောက်နိုင်ပေ။ ၎င်းတို့က ဤအမှန်တရားကို ရင်ဆိုင်ရမည်။ အဘယ့်ကြောင့် ဤသို့ရင်ဆိုင်ရသနည်း။ လူအချို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို အမြဲ ထုတ်ဖော်ပြနေသည်။ ကျွန်ုပ်သည် မည်သည့်အခါမျှ ယင်းကို မပြောင်းနိုင်ပေ။ မည်သည့်အရာများ လုပ်ဆောင်စရာ ရှိသေးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ပုံစံသာ ဖြစ်သလော။ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်သလော သို့မဟုတ် ကျွန်ုပ်ကို မုန်းသလော။” ဟု ပြောကြသည်။ ထိုသို့သော သဘောထား တစ်ခုသည် မှန်ကန်သလော။ ထိုသို့သော အတွေးအခေါ်သည် မှန်ကန်သလော။ လူများတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုရှိကြပြီး၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မကြာခဏ ထုတ်ဖော်ပြကြသည်က ၎င်းတို့သည် ကုစား၍မရနိုင်ဘဲ ဇာတ်သိမ်းသွားပြီဟု မဆိုလိုပေ။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုကို မကြာခဏ ထုတ်ဖော်ကြသည်မှာ ၎င်းတို့၏အသက်တာသည် စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခြင်းခံထားရကြောင်းနှင့် ၎င်းတို့၏ အနှစ်သာရသည် စာတန်၏အနှစ်သာရဖြစ်ကြောင်းကို သက်သေပြလေသည်။ လူများသည် ဤအမှန်တရားကို အသိအမှတ်ပြုပြီး လက်ခံသင့်သည်။ လူ၏သဘာဝ အနှစ်သာရနှင့် ဘုရားသခင်၏အနှစ်သာရတို့အကြားတွင် ကွဲပြားခြားနားချက် တစ်ခု ရှိသည်။ ၎င်းတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုပြီးသည့်နောက်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ပြသည့်အခါ၊ ကာမဂုဏ်ခံစားမှုတွင် စိတ်အလိုလိုက်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်း တစ်ခုဖြင့် အလုပ်လုပ်ပြီး၊ ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ၊ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုဖြစ်သည်ကို ၎င်းတို့သည် မိမိကိုယ်ကိုယ် ချက်ချင်း သတိပြုမိစေသင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ၊ ဘုရားသခင်အဖို့ ရွံမုန်းဖွယ်ရာဖြစ်သည်။ လူများက ဤအရာများကို သဘောပေါက်သည့်အခါ၊ ၎င်းတို့သည် မညည်းညူသင့်ပေ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချိန်မဖြုန်းသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် သာ၍ နက်နဲသော မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိကျွမ်းခြင်းတို့ကို တတ်နိုင်စွမ်း ရှိလာသင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာနိုင်လာသင့်ပြီး မတုန်မလှုပ် မဖြစ်သင့်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ရှာဖွေဖို့နှင့် လက်ခံဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် မိမိတို့ဘာသာ တာဝန်ယူ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြေခံသဘောတရားများအတိုင်း ပြုမူနိုင်ကြသည်အထိ ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့၊ သင့်အတွင်းမှာ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အနှစ်သာရ နှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ သင်သည် “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်။” သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်။” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို လူများ၏ ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့်သက်ဆိုင်သည့်၊ ပြီးလျှင် စာတန်၏ အနှစ်သာရတို့နှင့် သက်ဆိုင်သည့် မှန်ကန်တိကျသည့် အသိပညာရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် နည်းလမ်းဖြင့် သဘောထားတစ်ခု ရှိလာပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြပြီး ဖြစ်သည့်အခါ သို့မဟုတ် အပြစ်ကျူးလွန်ပြီး ဖြစ်သည့်အခါ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပြီးဖြစ်သည့်အခါ သို့မဟုတ် သင့်ကိုယ်သင် မတုန်မလှုပ်သော အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် မကြာခဏ ကြုံသည့်အခါ၊ သင်သည် အားနည်းမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်း၌ ယုံကြည်မှု ပျောက်ဆုံးမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် ရှင်သန်လိမ့်မည် မဟုတ်သော်လည်း၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို ရှင်သန်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ကာ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းခံရသည့်အခါ၊ သင်သည် ယင်း၏လမ်းကြောင်းကို ချက်ချင်း ပြန်လှည့်နိုင်ကာ ဘုရားသခင်၏ရှေ့မှောက်တွင် ချက်ချင်း ရှင်သန်လိမ့်မည် ဖြစ်ပြီး သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဆိုခြင်းတို့ကို ရှာဖွေလိမ့်မည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့ စာတန်၏ အနှစ်သာရ၊ သင်၏ အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သော အခြေအနေအမျိုးမျိုးတို့အားဖြင့် ထိန်းချုပ်ခံရမည်လည်း မဟုတ်ပေ၊ သို့သော် သမ္မာတရားကို လိုက်စားခြင်း၌၊ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အပြစ်ဆိုခြင်းတို့ကိုလက်ခံခြင်းတို့၌ ယုံကြည်မှု ကြီးထွားလိမ့်မည်။ ဤနည်းဖြင့် လူများသည် လွတ်လပ်စွာ မရှင်သန်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရရှိခြင်း လမ်းကြောင်းဖြစ်သကဲ့သို့၊ ယင်းမှာ ကယ်တင်ခြင်း၏ လမ်းကြောင်းလည်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများအတွင်းတွင် အမြစ်တွယ်ပြီးဖြစ်သည်။ စာတန်၏ အနှစ်သာရနှင့် သဘာဝတို့က ၎င်းတို့၏ အတွေးအခေါ်များ၊ အပြုအမူ နှင့် စိတ်နေစိတ်ထားတို့ကို ထိန်းချုပ်သည်။ သို့သော် သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့် သူ၏ ကယ်တင်ခြင်းတို့ မျက်မှောက်တွင် ဤသည်တို့ထဲက တစ်ခုမျှ စိုးရိမ်ဖွယ်ရာ မဟုတ်ပေ၊ ပြီးလျှင် ယင်းက မည်သည့်အခက်အခဲမျှ မပေါ်ပေါက်ပေ။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ၎င်းတို့၌ရှိသော ပြဿနာများ သို့မဟုတ် ၎င်းတို့၏ ဘောင်ခတ်မှုများ မည်သို့ရှိပါစေ၊ ၎င်းတို့ လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိပေသည်။ ဤအရာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုရှိပြီး ၎င်းတို့ကို ဖြေရှင်းဖို့ အလားတူ လိုလျောညီထွေသော သမ္မာတရားများ ရှိလေသည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဤကဲ့သို့ မျှော်လင့်ချက် မရှိသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

အရှေ့သို့- ၉၃။ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၅။ အခြားသူများကို ဘုရားသခင်၏ ရှေ့မှောက် ခေါ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၄၆၆ ဘုရား၏ တစ်ခုတည်းသောဆန္ဒမှာ လူတို့ နားထောင်ရန်နှင့် နာခံရန်ဖြစ်၏ကျူး

ဘုရားသခင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်၊ သူသည် အတိုင်းမသိပမာဏရှိသည့် အမှုကိုလုပ်ရန်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်