၃၉။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ပေတရုသည် သမ္မာတရားကို ချစ်ပြီး၊ သခင်ယေရှု၏ တရားဒေသနာများကို ကြားရခြင်းအား နှစ်သက်ခဲ့သည်။ သူသည် သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ယင်းတို့ကို တွေ့ကြုံခြင်းတို့အပေါ် အာရုံစိုက်ခဲ့ပြီး၊ ကိစ္စရပ်အားလုံးတွင် လုံးလုံးလျားလျား လက်တွေ့ကျပြီး စစ်မှန် ခဲ့လေသည်။

(၂) ပေတရုသည် မိမိကိုယ်ကိုယ် သိရှိခြင်းအပေါ် အာရုံစိုက်ခဲ့ပြီး၊ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ပြချက်များကို စစ်မှန်သော နောင်တဖြင့် သုံးသပ်ဆင်ခြင်နိုင်ခဲ့သည်။ သူသည် ဇာတိပကတိကို မုန်းတီးခဲ့ပြီး ရိုးသားစစ်မှန်စွာ နောင်တရနိုင်ခဲ့သည်။

(၃) ပေတရုသည် ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားခဲ့ပြီး ချစ်ဖွယ်ကောင်းသော အရာများစွာကို ယေရှုအထဲတွင် တွေ့ရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ယေရှုသည် သူ့အဖို့ တိုး၍ ချစ်ခင်ဖွယ်ဖြစ်ခဲ့ပြီး ပေတရုသည် ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး ဖြစ်လာခဲ့သည်။

(၄) ပေတရုသည် ဘုရားသခင်အတွက် ကြောက်ရွံ့မှု ခံစားခဲ့ရသည်။ သူသည် ပုန်ကန်မှု မြူမှုန် အနည်းငယ်မျှအတွက်ပင် အကြီးမားဆုံးသော နောင်တ သူ ခံစားခဲ့ရပြီး၊ သမ္မာတရားကို လိုက်စားခဲ့သည်။ အဆုံးတွင်၊ သူသည် သေသည်အထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အတွက် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာကို စွမ်းဆောင်ရရှိနိုင်ခဲ့သည်။

(၅) ပေတရုသည် သူ၏ ထူးကဲ့သော သက်သေကို ပေးရင်း၊ ဘုရားသခင်အတွက် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာနှင့် သေသည်အထိ ကျိုးနွံနာခံခြင်းတို့ကို စွမ်းဆောင်ရရှိခဲ့သည်မှာ သူ၏ နောက်ဆုံး ခုနှစ်နှစ်၏ ရာနှင့်ချီသော စမ်းသပ်မှုများကို ကြုံခဲ့ရသည့်နောက်တွင်သာ ဖြစ်ခဲ့သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ” ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို အတော်အတန် တိုး၍ နှံ့စပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် စိတ်ကူးကြသည့်အရာနှင့် ကိုက်ညီမည့် ဝေါဟာရများဖြင့် သူသည် ယင်းကို စေ့စေ့စပ်စပ် ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ူရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်း လမ်းကြောင်းတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို ပိုမိုနက်ရှိုင်းစွာ သိနားလည်ခြင်းကို ရရှိခြင်းအပြင် မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို စကားလုံးများဖြင့် တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဆိုးယုတ်သည့် အိုဟောင်းသော သဘာဝနှင့်ဆိုင်သော အသက်တာဖြစ်သည့် မိမိ၏ ဟောင်းသော အသက်တာကို စေ့စေ့စပ်စပ် သိနားလည်ဖို့ဟူသည်မှာ ဘုရားသခင် တောင်းဆိုသော ရလဒ်များရရှိဖို့ရန်ကို ဆိုလိုသည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ပေတရုသည် အရည်အချင်းကောင်းရှိသော်လည်း၊ သူ၏အခြေအနေများသည် ပေါလု၏ အခြေအနေများကဲ့သို့ မဟုတ်ချေ။ ပေတရု၏ မိဘများသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံ ထားရသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ပေတရုအား ဘုရားသခင်နှင့် ပတ်သက်၍ တစ်စုံတစ်ခုမျှ မသွန်သင်ပေးခဲ့ကြပေ။ ပေတရုသည် ထက်မြက်သည်၊ ပါရမီရှိပြီး ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ အလွန်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အရွယ်ရောက်သူအဖြစ်၊ သူသည် ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေလိုက်စားရာတွင် မည်သည့်အခါမျှ မရပ်တန့်ခဲ့သောကြောင့် သူ့မိဘများ၏ ရန်သူ ဖြစ်လာခဲ့ကာ၊ နောက်ပိုင်းတွင် သူ့မိဘများကို ကျောခိုင်းခဲ့ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားအရာ အားလုံးထက် ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက်ထုတ်ပေးသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊ ထိုသို့ဖြင့် ငါ့အား ရှာဖွေရန် သူ၏လိုအင်ဆန္ဒသည် သာ၍ တိုးမြင့်လာခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ အာရုံစိုက် ခဲ့ရုံမျှမကသည့်အပြင် ငါ၏အလိုကို နားလည်ခြင်းကိုပါ အာရုံစိုက်ခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် ယခင်ထက်ပို၍ နိုးကြားခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် သူသည် သူ၏စိတ်ဓာတ်၌ အမြဲတစေ အသိတရားရှိပြီး၊ သူလုပ်သမျှတွင် ငါ၏စိတ်တော်နှင့် တွေ့စေခဲ့သည်။ သူသည် ကျရှုံးမှု၌ ပိတ်မိလာခြင်းကို လွန်စွာကြောက်ရွံ့လျက်၊ သူ့ကိုယ်သူ အားပေးရန် အတိတ်မှ လူများ၏ ရှုံးနိမ့်မှုများကို မပြတ် အာရုံစိုက်ခြင်းအား ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသောလူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စိတ်ထဲစွဲမှတ်ခြင်းကိုလည်း သူ အာရုံစိုက်ထားခဲ့သည်။ ဤနည်းဖြင့်- အပျက်သဘောဆောင်သည့် လက္ခဏာသွင်ပြင်များတွင်သာ မဟုတ်ဘဲ၊ သာ၍ များစွာ အရေးကြီးစွာပင် အပြုသဘောဆောင်သော လက္ခဏာသွင်ပြင်များ၌ပါ- ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံး ဖြစ်လာသည်အထိ သူသည် လျင်မြန်စွာ သာ၍ ကြီးထွားရင့်ကျက်လာပေသည်။ ထို့နောက် ပေတရုသည် သူ့တွင် ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့ထည့်ထားနိုင်သည်၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့အပေါ် ဆုံးဖြတ်ချက်များ ချခြင်းကိုပင် သူမည်သို့စွန့်လွှတ်ခဲ့ပြီး၊ ထိုအစား အရာခပ်သိမ်းတွင် ငါ့ကို ဖြည့်ဆည်းခြင်းကို အခြေခံလျက် ငါ၏ ကြွယ်ဝမှုများကို မွေ့လျော်ခံစားခဲ့သည်တို့ကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။ အနန္တတန်ခိုးရှင်ကိုယ်တော်၊ အကျွန်ုပ်အား ကိုယ်တော့်ကို တွေ့မြင်ခွင့်ပေးရန် အမှန်တကယ်ပင် အလိုမရှိသလော။ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် အမှန်တကယ်ပင် မထိုက်တန်သလော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်းများ ဖြစ်နိုင်သလော။” ဟုပြောခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို သူ ရရှိခဲ့သော်ငြားလည်း၊) ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေသည့် မည်သည့်အရာမဆိုသည် သူ့ကို မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေပါက၊ သူသည် နောင်တခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးပမ်းနိုင်မည့် သင့်လျော်သော နည်းလမ်းတစ်ခုကို ရှာမည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ကျေနပ်စေရန် မိမိကိုယ်ကိုယ် တောင်းဆိုဆဲဖြစ်ခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာသည့်အခါ သူသည် စိုးစဉ်းမျှ အမှားမခံခဲ့ဘဲ၊ သမ္မာတရားထဲသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားရန် မိမိကိုယ်ကိုယ် မိမိ သတ်မှတ်ချက်များတွင် သူသည် ယခင်ထက် တင်းကျပ်ခဲ့သည်။...သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝ တစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း ပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ သူ့နောက်လိုက်ပြီးနောက်တွင် ပေတရုသည် တပည့်တော်ဆယ့်နှစ်ပါးအနက်မှ ယေရှု၏ ရွေးချယ်ခြင်းခံခဲ့ရသည်။ (ဤအရာကို ယေရှု အသံထွက်၍ မပြောခဲ့သကဲ့သို့ အခြားသူတို့ကလည်း ယင်းကို လုံးဝ သတိမမူမိခဲ့ကြသည်မှာ အမှန်ပင်။) ပေတရုသည် အသက်တာတွင် မိမိကိုယ်ကိုယ် ယေရှုလုပ်ဆောင်ခဲ့သမျှ အရာတိုင်းနှင့် တိုင်းတာခဲ့သည်။ တကယ်ကို အထူးသဖြင့် ယေရှု ဟောကြားခဲ့သည့် သတင်းစကားများက သူ၏ စိတ်နှလုံးထဲ၌ စွဲထင်ခဲ့သည်။ သူသည် ယေရှုထံ လုံးလုံးလျားလျား ဆက်ကပ်ပြီး သစ္စာရှိခဲ့ကာ၊ ယေရှုအပေါ် မကျေနပ်ချက် တစ်ခုတစ်လေကိုမျှ လုံးဝ သူမပြောခဲ့ပါပေ။ အကျိုးဆက်အနေဖြင့် သူသည် ယေရှု သွားခဲ့သည့်နေရာတိုင်းတွင် ယေရှု၏ သစ္စာရှိသောအဖော် ဖြစ်လာခဲ့သည်။ ပေတရုသည် ယေရှု၏ သွန်သင်ချက်များ၊ သူ၏ နူးညံ့သောစကားများ၊ သူစားခဲ့သည့်အစာ၊ သူ၏အဝတ်၊ သူ၏အကွယ်အကာနှင့် သူ မည်သို့ခရီးသွားခဲ့သည်ဟူသည်တို့ကို လေ့လာခဲ့သည်။ မည်သည့်အပိုင်းတွင်မဆို ယေရှုကို သူအတုယူခဲ့သည်။ သူသည် ယေရှု၏ ပုံစံကို အပြောနှင့် အလုပ်နှစ်ခုလုံးတွင် လိုက်လျှောက်ရင်း ဘယ်သောအခါမျှ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မထင်မှတ်ဘဲ၊ ခေတ်နောက်ကျသော အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင်ရှိသည်ဆိုသည်နှင့် ဤအကြောင်းကြောင့် သူ၌ တစ်ကိုယ်ရေ ရွေးချယ်မှုမရှိသည်ကို ပေတရု ခံစားခဲ့ရသည်မှာ ထိုအချိန်၌ပင်ဖြစ်သည်။ ပေတရုသည် ယေရှု၏ ဖြစ်ခြင်းအရာအားလုံးကို စိတ်တွင်စွဲမှတ်ခဲ့ပြီး ယင်းကို စံနမူနာတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ ယေရှုသည် သူလုပ်ဆောင်ခဲ့သည့်အရာ၌ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု သဘောမထားကြောင်း သူ၏အသက်တာက ပြသလေသည်။ မိမိကိုယ်ကိုယ် လေလုံးထွားမည့်အစား၊ သူသည် လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် တို့ထိခဲ့လေသည်။ အမှုအရာအမျိုးမျိုးတို့က ယေရှု၏ ဖြစ်ခြင်းကို ပြသပြီး ဤအကြောင်းကြောင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ အရာရာကို အတုယူခဲ့လေသည်။ ပေတရု၏ အတွေ့အကြုံများက ယေရှု၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် တိုးပွားနေသောအသိကို သူ့အား ပေးခဲ့ပြီး၊ သူက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင်ကို စကြဝဠာတစ်ခွင် ရှာဖွေပြီးဖြစ်၍ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အံ့သြဖွယ်ရာများကို ကျွန်ုပ် မြင်ပြီးဖြစ်သောကြောင့် အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် နက်နဲသော အသိတစ်ခုကို ရရှိခဲ့လေပြီ။ သို့သော် ကျွန်ုပ်သည် မိမိ၏ကိုယ်ပိုင်စိတ်နှလုံးထဲတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မရှိခဲ့သကဲ့သို့၊ အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်၏ ကိုယ်ပိုင်မျက်စိဖြင့် ဘယ်သောအခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့ အနန္တတန်ခိုးရှင်၏ အမြင်တွင် ကျွန်ုပ်သည် သူ၏ မျက်နှာသာပေးခြင်းဖြင့် အကြည့်ခံရလေပြီဖြစ်ကာ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို နောက်ဆုံးတွင် ငါခံစားရလေပြီ။ လူသားများကို သူ့အား ချစ်စေသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသာ မဟုတ်သည်ကို နောက်ဆုံးတွင် ကျွန်ုပ်တွေ့ရှိလေပြီ။ ကျွန်ုပ်၏ နေ့စဉ်အသက်တာတွင် သူ၏ အကန့်အသတ်မဲ့ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်တွေ့ရှိပြီ။ ယခုချိန် မြင်နိုင်သည့်အရာ၌သာ ကန့်သတ်ဖို့ရာ အဘယ်သို့ ဖြစ်နိုင်မည်နည်း” ဟူ၍ စသည်ကဲ့သို့သော အရာများကို ပြောလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ နှစ်သက်ဖွယ်ကောင်းသည့် အရာများစွာက ပေတရုအထဲ၌လည်း ပေါ်ထွက်လာခဲ့သည်။ သူသည် ယေရှုကို အလွန်နာခံတတ်လာခဲ့ပြီး အနှောင့်အယှက် အနည်းငယ်ကိုလည်း သူ အတော်အတန် ခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်၏။ ယေရှုက သူ့ကို နေရာအမျိုးမျိုးတွင် တရားဟောဖို့ ခေါ်သွားသည့်အခါ ပေတရုသည် မိမိကိုယ်ကိုယ် အမြဲနှိမ့်ချခဲ့ပြီး ယေရှု၏ တရားဒေသနာများကို နားထောင်ခဲ့သည်။ သူသည် ယေရှုနောက်လိုက်သည့် သူ၏ နှစ်ကာလများကြောင့် ဘယ်သောအခါမျှ မာနထောင်လွှားမလာခဲ့ပေ။ ယေရှုက သူကြွလာခဲ့သည့်အကြောင်းရင်းမှာ သူ၏အမှုကို ပြီးစီးနိုင်ဖို့အလို့ငှာ ကားစင်တင်အသတ်ခံရဖို့ရန် ဖြစ်သည်ကို ပြောပြီးနောက်တွင် ပေတရုသည် သူ၏ စိတ်နှလုံးထဲတွင် မချိတင်ကဲဝေဒနာကို မကြာခဏ ခံစားခဲ့ရပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ငိုကြွေးတတ်ခဲ့သည်။ သို့ပါလျက် နောက်ဆုံးတွင် ထို “ကံအကြောင်းမလှသော” နေ့ရက် ရောက်ရှိခဲ့သည်။ ယေရှု အဖမ်းခံရပြီးနောက်တွင် ပေတရုသည် သူ၏ ငါးဖမ်းလှေထဲတွင် တစ်ကိုယ်တည်း ငိုကြွေးခဲ့ပြီး ဤအရာအတွက် ဆုတောင်းချက်များစွာ တောင်းခဲ့သည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဤသည်မှာ ခမည်းတော်ဘုရား၏ အလိုဖြစ်ပြီး ယင်းကို မည်သူမျှ ပြောင်းလဲမရနိုင်သည်ကို သူသိခဲ့သည်။ သူသည် သူ၏ ချစ်ခြင်းမေတ္တာကြောင့်သာ ဆက်လက်၍ မချိတင်ကဲ ဝေဒနာခံစားရပြီး မျက်လုံးများက မျက်ရည်များနှင့် ပြည့်ဝခဲ့သည်။ ဤသည်မှာ လူသား၏ အားနည်းချက်တစ်ခု ဖြစ်သည်မှာ မှန်ပေ၏။ ထို့ကြောင့် ယေရှုသည် ကားတိုင်ထက် သံမှိုရိုက်နှက်ခံရမည်ကို သိရသည့်အခါ ယေရှုကို သူက “ကိုယ်တော် စွန့်ခွာပြီးနောက် ကျွန်ုပ်တို့အလယ်တွင်ရှိဖို့နှင့် ကျွန်ုပ်တို့ကို ဂရုစိုက်ဖို့ ကိုယ်တော်ပြန်ကြွလာမည်လော။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ဦးမည်လော” ဟု မေးခဲ့သည်။ ဤစကားများက အလွန်ရိုးစင်းပြီး လူသား၏ အယူအဆများနှင့် ပြည့်နေခဲ့သော်လည်း ပေတရု၏ ဆင်းရဲဒုက္ခ ခါးသီးမှုကို ယေရှုသိခဲ့သည်၊ ထို့ကြောင့် သူ၏ချစ်ခြင်းမေတ္တာအားဖြင့် ပေတရု၏ အားနည်းချက်ကို သူထောက်ထားခဲ့သည်- “ပေတရု၊ ငါ သင့်ကိုချစ်လေပြီ။ ယင်းကို သင်သိသလော။ သင်ပြောသည့်အရာ၏ နောက်ကွယ်တွင် အသိဉာဏ်မရှိသော်လည်း ငါ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ငါသည် ရက်ပေါင်း ၄၀ ကြာ လူတို့ထံပေါ်ထွန်းမည်ကို ခမည်းတော်က ကတိပေးပြီးဖြစ်၏။ ငါ၏ ဝိညာဉ်တော်က သင်တို့ အားလုံးအပေါ် ကျေးဇူးတော် မကြာခဏ ပေးသနားမည်ကို သင်မယုံကြည်သလော။” ပေတရုသည် ဤအရာအားဖြင့် အတော်အတန် နှစ်သိမ့်မှုခံစားခဲ့ရသော်လည်း တစ်စုံတစ်ခုလိုနေသည်ဟု သူ ခံစားရဆဲဖြစ်သည်၊ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ့ထံ ပထမဆုံးအကြိမ် မြင်သာအောင် ပေါ်လာခဲ့သည်။ သို့သော်လည်း ပေတရုကို သူ၏အယူအဆများအား ဆက်လက် ဖက်တွယ်ခြင်းမှ တားဆီးဖို့အလို့ငှာ ယေရှုသည် သူ့အတွက် ပေတရုပြင်ဆင်ထားခဲ့သည့် အလျှံပယ်ဖြစ်သော အစာကို ငြင်းဆိုပြီး မျက်စိတစ်မှိတ်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်မှစ၍၊ ပေတရုသည် နောက်ဆုံးတွင် သခင်ယေရှုအပေါ် သာ၍နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိခဲ့ပြီး သူ့ကို သာ၍ပင် ချစ်ခဲ့သည်။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ပေတရုထံ မကြာခဏ ပေါ်လာခဲ့သည်။ ရက်ပေါင်းလေးဆယ်ပြည့်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက် သူသည် နောက်ထပ်သုံးကြိမ် ပေတရုထံ ပေါ်လာခဲ့သည်။ ပေါ်ထွန်းခြင်းတိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပြည့်စုံတော့မည့်အချိန်နှင့် အသစ်သောအမှု အစပြုတော့မည့်အချိန် အတိအကျတွင် ဖြစ်ခဲ့ပေသည်။

ပေတရုသည် သူ၏ ဘဝတစ်လျှောက်တွင် အသက်မွေးမှုအတွက် ငါးဖမ်းခဲ့သော်လည်း ယင်းထက်ပို၍ပင် ဟောပြောဖို့ အသက်ရှင်ခဲ့၏။ သူ၏ နောက်ပိုင်းနှစ်ကာလများတွင် သူသည် ရှင်ပေတရုသြဝါဒစာပထမနှင့် ဒုတိယစာစောင်များကိုသာမက ထိုအချိန်က ဖိလဒေလဖိအသင်းတော်ဆီသို့ ပေးစာအချို့ ရေးသားခဲ့သည်။ ဤခေတ်ကာလ လူတို့သည် သူ့အားဖြင့် အကြီးအကျယ် တို့ထိခြင်းခံခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အထောက်အထားစာများကို အသုံးပြုလျက် လူတို့ကို သြဝါဒပေးမည့်အစား သူသည် ၎င်းတို့အား သင့်တော်သော အသက်တာထောက်ပံ့မှုကို ပေးခဲ့သည်။ သူသည် ယေရှုမထွက်ခွာမီက သူ၏ သွန်သင်ချက်များကို လုံးဝမမေ့လျော့ခဲ့သည့်အပြင် ၎င်းတို့အားဖြင့် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်တက်ကြွခဲ့ပေသည်။ ယေရှုနောက်လိုက်နေစဉ်တွင် သခင့်၏ ချစ်ခြင်းမေတ္တာကို သူ၏သေခြင်းဖြင့် ပြန်ပေးဆပ်ဖို့ရန်နှင့် အရာခပ်သိမ်း၌ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန် သူသန္နိဋ္ဌာန်ပြုခဲ့သည်။ ဤအရာကို ယေရှုက သဘောတူခဲ့သောကြောင့် ပေတရု အသက် ၅၃ နှစ်အရွယ်တွင် (ယေရှုထွက်ခွာပြီးနောက် နှစ် ၂၀ ကျော်၌) သူ၏ ပြင်းပြသောဆန္ဒကို ကူညီဖြည့်ဆည်းပေးဖို့ သူ့ထံ ယေရှုပေါ်လာခဲ့သည်။ ယင်းနောက် ခုနှစ်နှစ်အကြာတွင် ပေတရုသည် မိမိကိုယ်ကိုယ်သိရှိရန်အတွက် မိမိ၏အသက်တာကို ကုန်ဆုံးစေခဲ့သည်။ တစ်နေ့တွင် ဤ ခုနှစ်နှစ်အဆုံး၌ သူသည် ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် သူ၏ အံ့မခန်းသော ဘဝကို အဆုံးသတ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အသက်တာနှင့်ပတ်သက်၍” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်လိမ့်မည် ဖြစ်သည်။ လူသားက သူ့ကို ချစ်ရန်ဖြစ်သည့် သူ၏သတ်မှတ်ချက်တွင်၊ ဘုရားသခင်သည် လူသားကို သူ့အား ချစ်ဇောဟုန် သို့မဟုတ် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒကို အသုံးပြုခြင်းဖြင့် ချစ်ရန် မတောင်းဆိုပေ။ သူ့ကို အစေခံရန် သစ္စာရှိခြင်းနှင့် သမ္မာတရားကို အသုံးပြုခြင်းမှတစ်ဆင့်သာ၊ လူသားသည် သူ့ကို စစ်မှန်စွာ ချစ်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို မလိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သက်သေခံပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- မိမိ၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်