၉၃။ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အလုပ်အစီအစဉ်များအရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကို စားသောက်ပြီး သမ္မာတရားထဲမှ မည်သည့်အရာကို မိတ်သဟာယပြုရမည်ဆိုသည်ကို ရွေးချယ်ရန် လိုအပ်သည်။ ဤနည်းဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာနိုင်ပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လာနိုင်ပေသည်။

(၂) ဘုရားသခင်နှင့် သူ အသုံးပြုသည့် လူ၏ တရားဒေသနာများနမှင့် မိတ်သဟာယတို့ကို အခြေခံ၍ လတ်တလော သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိရှိရန် နှင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရာတွင် မိမိကိုယ်ကိုယ် လေ့ကျင့်ရန် လိုအပ်သည်။

(၃) သမ္မာတရားနှင့်သက်ဆိုင်သည့် မိမိ၏ မိတ်သဟာယကို လူအသီးသီး၏ ဝိညာဉ်ရင့်ကျက်မှု၊ အရည်အချင်းနှင့် လက်တွေ့ကျသော ပြဿနာများတွင် အခြေခံဖို့ လိုအပ်သည်။ အခြေအနေအားလုံးတွင် အသုံးပြုရန် အဆင်ပြေသည်ဟူသော နည်းစနစ်များကို အသုံးမပြုဘဲ၊ သင်၏ ချဉ်းကပ်မှုကို သင်၏ ပရိသတ်နှင့် သင့်တော်စေလော့။

(၄) ပရိသတ်အစည်းအဝေးတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရမည်ဖြစ်ပြီး လူတို့၏ စစ်မှန်သည့် အခြေအနေများနှင့် တကယ့်ပြဿနာများကို ပေါင်းစပ်သည့် နည်းလမ်းတစ်ခုဖြင့် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းမှတစ်ဆင့် ဖောက်ပြန်ပျက်စီးခြင်းကို ပြုပြင်ရမည်၊ ထိုသို့ဖြင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

သင်တို့သည် သမ္မာတရားနှင့်ပတ်သတ်သည့်အရာ၊ အသက်စာရင်းတွင် ရေးသွင်းရမည့်အချက်နှင့် ပတ် သတ်သည့်အရာ၊ စိတ်သဘောထားပြောင်းလဲမှုများ၊ မိမိကိုယ်ကိုသိသည့်အသိ စသည့်အရာများနှင့် ပတ်သတ်ပြီး မိတ်သဟာရဖွဲ့ခြင်းကဲ့သို့သော အသက် စာရင်းတွင် ရေးသွင်းရမည့်အရာနှင့်ဆိုင်ပြီး လုပ် ဆောင်ရန် မဖြစ်မနေလိုအပ်သည့်အရာများအကြောင်း ကို ပြောဆိုကြရန် အချိန်ကိုပို၍ သုံးသင့်သည်။ သမ္မာ တရားနှင့်မသက်ဆိုင်သည့်အရာများအကြောင်းကို မပြောပါနှင့်။ ထိုနည်းကိုမကြာခဏ လက်တွေ့ကျင့်သုံး ပါက သင်တို့သည် သမ္မာတရားစစ်မှန်မှုကိုရပေမည်။ သင်တို့၏လက်ရှိအခြေအနေအတိုင်းသာရှိနေပါက သင်တို့သည် အသက်တာအတွက် အထောက်အကူ ဖြစ်မည့်အလုပ်ကိုမလုပ်နိုင်သကဲ့သို့ ပြသနာများကို ဖြေရှင်းရန်သမ္မာတရားကိုလည်းအသုံးမပြုနိုင်ပေ။ သင်တို့လုပ်နိုင်မည့်အရာမှာ လူများကို “ဘုရားသခင် အားမနာခံခြင်းမျိုး၊ ဆန့်ကျင်ခြင်းမျိုးမလုပ်ပါနှင့်။ ကျွန်ုပ်တို့သည်ဖောက်ပြန်ပျက်စီးတတ်သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ဦးမည်ဖြစ် သည် ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များ ကိုနာခံပြီး ဘုရားသခင်ထံဆက်ကပ်အပ်နှံသင့်သည်။” ဟု အားပေးတိုက်တွန်းတတ်ကြသည်။ ထိုအရာကို ကြားပြီးနောက် လူများသည် အယူဝါဒများကို နား လည်သွားကြသော်လည်း သူတို့တွင် အားအင်ကင်းမဲ့ ကာ ဘုရားသခင်၏စကားတော်များအတိုင်းမည်သို့ လက်တွေ့ လိုက်လျောက် ကျင့်သုံးရ မည်ကို မသိကြ ပေ။ ခေါင်းဆောင်များ၊ အလုပ်လုပ်သူများဖြစ်ကြ သောသင်တို့သည် သမ္မာတရားစစ်မှန်မှုကိုမပိုင်ဆိုင်ကြ ကြောင်းသက်သေပင်ဖြစ်သည်။ သင်တို့ကိုယ်တိုင်က စာရင်းသွင်းရန်မအောင်မြင်ပါက သူတစ်ပါးတို့ကိုမည် သို့ကူညီပေးနိုင်မည်နည်း။ သင်တို့သည် သင်တို့ကိုယ် ကိုသင်တို့မသိပါက သူတစ်ပါးတို့၏အခက်အခဲများ၊ ဖောက်ပြန်ပျက်စီးတတ်သောစိတ်သဘောထားများ၏ အရင်းအမြစ်ကို မဖြေရှင်းပေးနိုင်သကဲ့သို့ အဓိက‌ သော့ချက်ကိုလည်းဆုပ်ကိုင်နိုင်မည်မဟုတ်ပေ။ ထို့ ကြောင့် သင်တို့သည် အသင်းတော်ထဲတွင် အသက်ရှင် ရပ်တည်နိုင်ရန်လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ လူများကို ကောင်းမွန်ရန်၊ နာခံရန်သာ ပြောကြားပြီးအားပေး နိုင် ပေမည်။ သင်တို့သည်ပြသနာများကို အမှန်တကယ် မဖြေရှင်းနိုင်သည်မှာ သင်တို့သည်သမ္မာတရားကို အမှန်တကယ် နားမလည်ဘဲ အသက်တာတွင်စာရင်း သွင်းရမည့်အရာ နှင့်ပတ်သတ်ပြီးအောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းလုံလောက်သည့်သက် သေပင်ဖြစ်သည်။ သင်တို့အများစုသည် ဝိညာဉ် အသက်တာနှင့်ဆိုင်သောအယူဝါဒများနှင့် ဓမ္မအတွေး အခေါ်သီအိုရီသက်သက်ကို မည်သို့ ဟောပြောရမည် ကိုသာသိကြသော်လည်း သင်တို့အားလုံး၏ အခြေ အနေသေးသိမ်နေသောကြောင့် အသက်တာအတွက် အကူအညီပေးနိုင်မည်မဟုတ်ပေ။ သို့သော် သင်တို့တွင် ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့် ဆိုင်သည့်အမြင်ပြောင်းလဲမှုမျိုးရှိတတ်သည်။ သင်တို့ နားလည်သည့်အရာနှင့် သင်တို့ကိုတွန်းအားပေးသည့် အရာများမှာ အတူတူပင်ဖြစ်သည်။ သူတစ်ပါးတို့ကို ပြောင်းလဲဖို့ပြောကြသော်လည်း သင်တို့သည် မည်သည့်လမ်းကြောင်းမျှမပေးဘဲ သူတို့ကိုလည်း ဘာမျှမကူညီပေးကြပေ။ လူများကို စာစောင်များ၊ အယူဝါဒများဖြင့်သာ သင်ကြားပို့ချ အားပေးတတ်ကြ သည်။ နောက်ဆုံးတွင် သင်ဦးဆောင်နေသော ဘုရား သခင်ရွေးချယ်ထားသည့် သူများသည် သမ္မာတရား ကို နားလည်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏အမှု တော်နှင့်ဆိုင်သောသိကျွမ်းမှုလည်းရှိမည်မဟုတ်ပေ။ ထိုသို့ဆိုပါကသူတို့သည် သူတို့၏တာဝန်များကို မည်သို့ကောင်းစွာလုပ်ဆောင်နိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏နောက်လိုက်များအဖြစ်မည်သို့ အားထုတ်ကြိုးစားရမည်နည်း။ ခေါင်းဆောင်များနှင့် အလုပ်လုပ်သည့်သူများဖြစ်သော သင်တို့သည် ဘုရား သခင်၏စကားတော်များနှင့်ပတ်သတ်ပြီး အသင်း တော်ရှိညီအစ်ကိုမောင်နှမများက မည်သို့နားလည် ထားသည်၊ သူတို့ကိုယ်သူတို့ မည်သို့သိမြင်ကြသည်ကို ကောင်းစွာ နားလည်သဘော ပေါက်သင့်သည်။ ဤအချက်သည် ခေါင်းဆောင်များနှင့် အလုပ်လုပ် သည့်သူများဖြစ်သော သင်တို့သည် သမ္မာတရား စစ်မှန်မှုကိုပိုင်ဆိုင်ရမည်မရမည်ဆိုသည့်အပေါ်တွင် မူတည်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသစ်သောကာလသို့ ကူးပြောင်းနည်း” မှ

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

သင့်အနေဖြင့် အဓိကပြဿနာများကို သဘောပေါက်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ သီးခြားအတွေ့အကြုံများအပေါ် တည်မှီသည်။ သင်တွေ့ကြုံရသည့် ပုံစံသည် အခြားသူများအား သင်ဦးဆောင်သည့် ပုံစံလည်းဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ပါက၊ အခြားသူများအား ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ဖို့ ဦးဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို သင် တွေ့ကြုံသည့် နည်းလမ်းသည် ဘုရားမိန့်မြွက်ချက်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့ အခြားသူများကို သင်ဦးဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ များစွာသောအမှုအရာတို့ကို ထိုးထွင်းသိမြင်မှု ရှင်းလင်းစွာရရှိနိုင်ပါက၊ သင်သည် အခြားသူများကိုလည်း သမ္မတရားများစွာကို နားလည်ရန် လမ်းပြနိုင်စွမ်းရှိပြီး၊ သင်လမ်းပြသည့်လူများသည် ရူပါရုံများနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု ရရှိလိမ့်မည်။ သင်သည် သဘာဝလွန် ခံစားချက်များအား သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ပါက၊ သင်လမ်းပြသည့် သူများသည်လည်း အလားတူ လုပ်ဆောင်ကြလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်းကို လျစ်လျူရှုပြီး ယင်းအစား ဆွေးနွေး ပြောဆိုခြင်းကိုသာ အလေးထားပါက၊ သင်လမ်းပြသည့် သူများသည်လည်း လက်တွေ့လုပ်ဆောင်မှု မရှိဘဲ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုတစ်လေ ရရှိခြင်းမရှိဘဲ၊ ဆွေးနွေးပြောဆိုမှုအပေါ် အာရုံစိုက်လိမ့်မည်။ လူအားလုံးသည် မိမိတို့ကိုယ်တိုင် ပိုင်ဆိုင်သောအရာဖြင့် အခြားသူများကို ထောက်ပံ့ကြခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမျိုးအစားက အခြားသူများကို ၎င်းတို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းအပြင် ၎င်းတို့ ဦးဆောင်သည့် လူတို့၏ အမျိုးအစားကို ဆုံးဖြတ်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

သင်တို့သည် သမ္မာတရားအား ပေါင်းရုံးဖော်ပြရာ၌ သွေဖည်လေပြီ။ ဤပေါင်းရုံးဖော်ပြခြင်းမှန်သမျှကို သင်တို့ပြုလုပ်သည့်နောက်တွင် ယင်းက စည်းမျဥ်းများကိုသာ ထွက်ပေါ်စေပြီဖြစ်သည်။ အချို့သူများသည် အမှုဆောင်၍ တရားဟောကာ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေပုံပေါက်သော်လည်း ၎င်းတို့ ဆွေးနွေးနေသမျှအကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တိုက်ရိုက်အနက်အဓိပ္ပာယ်များ အကြောင်းသာဖြစ်၍ ထိရောက်သောအရာ တစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားနေသကဲ့သို့ဖြစ်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ချက်ပြီးတစ်ချက်၊ တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ ဤမျှ အသေးစိတ်ကျကျဖြင့် အလွန်ကောင်းမွန်စွာ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ၎င်းတို့ဟောကြားပြီးသောအခါ အားလုံးစုပေါင်း၍ လူတိုင်းထံပို့ရန် အခြားသူများအား ခိုင်းကြ၏။ ၎င်းတို့၏ ပြုမူမှုများသည် အခြားသူများအပေါ် လိမ်လည်လှည့်ဖြားမှုဖြစ်လာကာ ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာဖြစ်၏။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဟောကြားနေပြီး သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ယင်းသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤသို့သော ဟောကြားမှုသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ် မဟုတ်သလော။ ယင်းသည် ဘုရားသခင်အား ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။ သင်တို့၏ “သမ္မာတရားကို ပေါင်းရုံးသုံးသပ်ခြင်း” သည် သမ္မာတရားမှ လူတို့အသက်ရရှိစေရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများအတွင်း ပြောင်းလဲမှု ရရှိစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းအစား လူတို့အား သမ္မာတရားအတွင်းမှ အသိပညာနှင့် အယူဝါဒအချို့ကို ကျွမ်းကျင်တတ်မြောက်သွားစေသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပြီးပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒအချို့ကိုသာ ကျွမ်းကျင်တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားမလည်ပေ၊ ယင်းသည် ဓမ္မပညာလေ့လာခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းနှင့် ကွဲပြားခြင်း မရှိပေ။ သင်တို့သည် ဤစာအုပ်များ သို့မဟုတ် ထိုစာပေများကို ပြုစုပြီးလျှင် အယူဝါဒ၏ ဤလက္ခဏာသွင်ပြင် သို့မဟုတ် အသိပညာ၏ ထိုလက္ခဏာသွင်ပြင်ကို လက်ဝယ်ပိုင်ဆိုင်လာကြသည်။ သင်တို့သည် အယူဝါဒများအကြောင်း ထူးကဲပြောင်မြောက်စွာ ဟောပြောသူများဖြစ်ကြ၏၊ သို့သော် သင်တို့ စကားပြောပြီးသောအခါ မည်သည့်အရာဖြစ်ပျက်ပါသနည်း။ ထိုအခါ လူတို့သည် တွေ့ကြုံခံစားနိုင်ကြခြင်း မရှိပေ၊ သူတို့၌ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်ကို နားလည်မှု တစ်စုံတစ်ရာလည်း မရှိပေ။ အဆုံးတွင် ၎င်းတို့ရရှိသွားမည့် အရာအားလုံးမှာ ပုံသေနည်းများနှင့် စည်းမျဉ်းများသာဖြစ်၍ ၎င်းတို့သည် ထိုအရာအနည်းငယ်အကြောင်း ပြောဆိုနိုင်ပြီး အခြားမည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ အကယ်၍ ဘုရားသခင်သည် အသစ်သောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက သင်သိသမျှ အယူဝါဒအားလုံးကို ထိုအရာနှင့် ကိုက်ညီအောင် လုပ်နိုင်မည်လော။ သင်၏ထိုအရာများသည် စည်းမျဉ်းများသာဖြစ်၍ သင်သည် လူတို့အား ဓမ္မပညာကို လေ့လာခိုင်းနေခြင်းသာဖြစ်ကာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို တွေ့ကြုံခံစားခွင့် ပြုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်တို့ပြုစုသော ထိုစာအုပ်များသည် အခြားသူများကို ဓမ္မပညာနှင့် အသိပညာ၊ ပုံသေနည်းသစ်များနှင့်၊ စည်းမျဉ်းများနှင့် လုပ်ရိုးလုပ်စဉ်များအတွင်းသို့သာ ခေါ်ဆောင်လာနိုင်၏။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိ၊ သို့တည်းမဟုတ် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားလည်ခွင့် မပြုနိုင်ပေ။ ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် သင်ဖြေဆိုပြီး အကြမ်းဖော်ပြချက်များနှင့် အကျဉ်းချုပ်များကို သင်ချရေးခြင်းအားဖြင့် ယင်းကဲ့သို့သော လုပ်ဆောင်ပုံက သင်၏ ညီအစ်ကိုမောင်နှမများကို အလွယ်တကူ နားလည်စေလိမ့်မည်ဟု သင်ထင်နေ၏။ ဤအချက်များသည် မှတ်မိရန် လွယ်ကူသည့်အပြင် တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းနေကာ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ လွန်စွာကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သင်ထင်၏။ သို့ရာတွင် ၎င်းတို့နားလည်နေသည်မှာ သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ် အစစ်အမှန် မဟုတ်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ၊ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာဖြစ်၏။ ထို့ကြောင့် ဤအရာများကို သင်လုံးဝ မလုပ်ဆောင်လျှင် ပိုကောင်းလိမ့်မည်။ ဤသို့ပြုနေခြင်းသည် လူတို့အား အသိပညာကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် ဦးဆောင်နေခြင်းဖြစ်၏။ သင်သည် အခြားသူများအား အယူဝါဒများအတွင်း၊ ဘာသာရေးအတွင်းသို့ ခေါ်ဆောင်လာပြီး ဘာသာရေးအယူဝါဒများအတွင်း ဘုရားသခင်နောက်လိုက်စေ၍ ဘုရားသခင်အား ယုံကြည်စေခြင်းဖြစ်၏။ ယင်းမှာ ပေါလုကဲ့သို့ပင် ဖြစ်နေခြင်း မဟုတ်လော။ သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ်များစွာကို အာဂုံဆောင်နိုင်ခြင်းသည်လည်း ထို့အတူဖြစ်သည်ဟု သင်ထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးပေ။ လူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို အလွတ်ကျက်နိုင်ရန်၊ သြဝါဒများစွာကို ပြောဆိုနိုင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ပုံသေနည်းများစွာကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်အမင်း အရေးကြီးသည်ဟု သင်တို့ထင်ကြသည်။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။ လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သဘောတရားများအကြောင်း ပြောနိုင်ခြင်းသည် လူများ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးနိုင်ပါက၊ အသင်းတော်များကို ဦးဆောင်ရန် သင်တို့အား လိုအပ်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

သင်တို့ အတူတကွ မိတ်သဟာယဖွဲ့ရာ၌ သင်ကြားဖူးသော သို့မဟုတ် အမှတ်ရခဲ့သော သြဝါဒများ၊ သို့တည်းမဟုတ် သင် နားလည်သဘောပေါက်ထားသော ဝိညာဥ်ရေးရာ သဘောတရားများနှင့် ပတ်သက်၍ မိတ်သဟာယ မပြုသော်လည်း သင်ကိုယ်တိုင်၏ လတ်တလော အခြေအနေများအကြောင်း၊ အဖြစ်အပျက် တစ်စုံတစ်ရာအပေါ် သင်၏ အမြင်များနှင့် ရပ်တည်ချက်များက ပြောင်းလဲမှုကို မည်သို့ကြုံတွေ့ခဲ့ရပြီး အသစ်သော ရှာဖွေတွေ့ရှိမှုများနှင့် အသစ်သော နားလည်မှုများကို မည်သို့ရရှိခဲ့သည့်အကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သမ္မာတရားနှင့် ဆန့်ကျင်သော သင်၏အမှုအရာများအကြောင်း မိတ်သဟာယ မပြုသောအခါ ထိုကဲ့သို့သော အရာများကို သင်တို့ မိတ်သဟာယ ပြုနိုင်သည့် ထိုကဲ့သို့သော အချိန်များတွင် သင်သည် ဝိညာဥ်ရင့်သန်မှု ရှိလိမ့်မည်။ အကယ်၍ သင်တို့၏ အမြင်များ၊ သဘောထားရပ်တည်ချက်များ၊ ရည်ရွယ်ချက်များနှင့် အတွေးအခေါ်များ၏ ကဏ္ဍများအားလုံးကို သင်တို့ လုံးဝ မဆန်းစစ်ဖူးပါက၊ သို့မဟုတ် ယင်းတို့ကို ဆန်းစစ်ပြီးနောက် ယင်းတို့ မှန်သည်၊ မှားသည်ဟု မပြောနိုင်ဘဲ ယင်းတို့အပေါ် သင်တို့၏ ယူဆခြင်းက ရှုပ်ထွေးနေပါက သင်တို့သည် အသင်းတော်ကို ဦးဆောင်ရမည်ဆိုလျှင် တစ်ပါးသူများကို မည်သည့်အရာဖြင့် သင်တို့ ရေလောင်းပေးမည်နည်း။ (သြဝါဒစာစောင်များနှင့် သွန်သင်မှုဝါဒများဖြင့်။) ငါ့အတွက်မူ သင်တို့သည် တစ်ပါးသူများကို ဝိညာဥ်ရေးရာ သဘောတရားများ၊ သြဝါဒစာစောင်များနှင့် သွန်သင်မှုဝါဒများဖြင့်သာမက သင်တို့၏ အဓိပ္ပာယ်မဲ့သော အမြင်များ၊ ဘုရားသခင်အပေါ် သင်တို့၏ ကိုယ်ပိုင်အယူအဆများ၊ ထို့ထက်ပို၍ အမှုအရာများနှင့် ဘုရားသခင်၏ အနှစ်သာရဆိုင်ရာ စစ်မှန်သော အခြေအနေနှင့် လုံးလုံးလျားလျား ကွဲလွဲသည့် သင်တို့၏ ဘုရားသခင်နှင့် ပတ်သက်သော တစ်ဖက်သတ် အမြင်များနှင့် နားလည်မှုများဖြင့်ပါ ရေလောင်းပေးမည့်ဟန် ရှိသည်။ သို့ဆိုလျှင် ထိုကဲ့သို့သော ခေါင်းဆောင်မှုအောက်၌ ကြီးပြင်းလာသည့် လူတိုင်းက ဘာဖြစ်သွားမည်နည်း။ သူတို့သည် သြဝါဒစာများနှင့် သွန်သင်မှုဝါဒများကိုသာ ပြောဆိုလာနိုင်ကြသည်။ အကယ်၍ ဘုရားသခင်က သူတို့အထဲ၌ တစ်စုံတစ်ခုကို အကျိုးသက်ရောက်စေလိုခဲ့ပါက ယင်းအား သူတို့မခုခံခြင်းက ကျေနပ်အားရဖွယ်ကောင်းသော အဆုံးသတ် ဖြစ်လိမ့်မည်။ သူတို့သည် ယင်းအား မှန်ကန်စွာ သဘောထားနိုင်စွမ်း သိပ်ရှိမည်မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းသည် တစ်ပါးသူများထဲ၌ သင် သွတ်သွင်းပေးသည့်အရာမှာ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်ကြောင်း ပြသည်။ အကယ်၍ တစ်ပါးသူများက သူတို့၏ နားလည်မှုကို မတိုးပွားစေသည့်အပြင် သင်တို့၏ ရေလောင်းပေးခြင်းနှင့် ဦးဆောင်မှုကြောင့် သူတို့၏ ဘုရားသခင်အပေါ် နားလည်လွဲမှားမှုများကို မလျော့နည်းစေခဲ့ပါလျှင် သင်တို့၏ တာဝန်ထမ်းဆောင်မှုက အဘယ်သို့ ရှိလာပြီနည်း။ ယင်းကို သင် ကျေပွန်စွာ ထမ်းရွက်ခဲ့သလော၊ မထမ်းရွက်ခဲ့သလော။ (ကျေပွန်စွာ မထမ်းရွက်ခဲ့ပါ။) သင်တို့ ရေလောင်းပေးခြင်း၏ မည်သည့်အပိုင်းတို့နှင့် သင်တို့ပြုသောအမှု၏ မည်သည့်အပိုင်းတို့က တစ်ပါးသူများအတွက် အမှန်တကယ် အကူအညီဖြစ်စေပြီး အကျိုးရှိစေပြီးလျှင်၊ တစ်ပါးသူများ၏ ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများကို အမှန်တကယ် ဖြေရှင်းပေးပြီးဖြစ်ကာ တစ်ပါးသူများကို ဘုရားသခင်အကြောင်း မှန်ကန်သော နားလည်မှုနှင့် သူနှင့် ပုံမှန်ဆက်သွယ်မှုကို ပေးစွမ်းနိုင်ပြီလောဟူသည်ကို သင်တို့ ယခု ဆုံးဖြတ်နိုင်ပြီလော။ သင်တို့၏အလုပ်၌ ဤရလဒ်များကို ရရှိနိုင်ပါက သင်တို့သည် လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်ပြီး သင်တို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

သင်၏အသက်တာ တိုးတက်လာသည်နှင့်အမျှ သင်သည် အဆင့်တိုင်း၌ ပို၍နက်ရှိုင်းလာသည့် အသစ်သောဝင်ရောက်မှုနှင့် သာ၍အဆင့်မြင့်သော ထိုးထွင်းနားလည်မှုအသစ်ကို အမြဲရရမည်။ ဤသည်မှာ လူသားအားလုံး ဝင်ရောက်သင့်သည့် အရာဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာများကို ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်ခြင်းအားဖြင့် သင်သည် အသစ်သော ထိုးထွင်းနားလည်မှုနှင့် အသစ်သော ဉာဏ်ပွင့်ခြင်းတို့ကို ရရှိမည်ဖြစ်ပြီး၊ အတိတ်၏ဥပဒေသများနှင့် အတိတ်၏ကာလများထဲ၌ နေထိုင်ရမည်မဟုတ်ပေ။ သင်သည် အသစ်သောအလင်းထဲ၌ အစဉ်အမြဲ နေရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းအား စတင်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့်တစ်ခုခု၌ အဖိုးအခပေးခြင်းက လုံလောက် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တစ်နေ့ပြီးတစ်နေ့ သာ၍မြင့်သောနယ်ပယ်သို့ ဝင်ရောက်နေပြီး အသစ်သောအရာများ နေ့ရက်စဉ်တိုင်း ပေါ်ထွန်းလေ့ရှိသည့်အပြင် လူသားသည်လည်း နေ့ရက်စဉ်တိုင်း အသစ်သောဝင်ရောက်မှုတစ်ခုကို ပြုလုပ်ရမည်။ ဘုရားသခင် စကားပြောသည့်အတိုင်း၊ သူပြောထားခဲ့သမျှ အရာအားလုံးကို ထို့အတူ အကောင်အထည်ဖော်ပြီး၊ သင်သည် အမီမလိုက်နိုင်လျှင် နောက်ကျန်ရစ်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ဆုတောင်းချက်များ၌ သာ၍နက်ရှိုင်းစွာ သွားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ခြင်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်၍မရနိုင်ပေ။ သင်လက်ခံရရှိသော ဉာဏ်ပွင့်ခြင်းနှင့် အလင်းရခြင်းတို့ကို ပိုမိုနက်ရှိုင်းစေလော့၊ ထိုအခါ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ တဖြည်းဖြည်း မှေးမှိန်သွားရမည်။ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုလည်း အားကောင်းလာစေရမည်ဖြစ်ကာ သင်ကြုံတွေ့သော မည်သည့်အရာကိုမဆို သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ သင်၏ ကိုယ်ပိုင်အတွေးများ ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်အမြင်ရှုထောင့်များ ရှိရမည်ဖြစ်သည်။ စိတ်ဝိညာဉ်ထဲ၌ရှိသော အချို့အရာများကို နားလည်ခြင်းအားဖြင့်၊ သင်သည် အပြင်ပန်းအရာများ၌ ထိုးထွင်းနားလည်မှုကို ရရှိပြီး မည်သည့်ကိစ္စ၌မဆို အဓိကအချက်ကို နားလည်ရမည်။ အကယ်၍ သင်သည် ဤအရာများနှင့် ပြင်ဆင်ထားခြင်း မရှိပါက၊ အသင်းတော်ကို သင် မည်ကဲ့သို့ ဦးဆောင်နိုင်မည်နည်း။ သင်သည် မည်သည့်စစ်မှန်မှုမျှ မရှိဘဲနှင့်၊ ထို့ပြင် လက်တွေ့လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်၊ သင်သည် အချိန်ခဏတာသာ ပြည့်စုံလုံလောက်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ မဖြစ်စလောက် လက်ခံနိုင်စရာ ဖြစ်သော်လည်း၊ အချိန်ကာလတစ်ခုပြီးနောက် ယုံကြည်သူအသစ်များက တကယ့် အတွေ့အကြုံအချို့ ရှိခဲ့ပြီးသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သင်သည် ဘုရားသခင်အသုံးပြုရန် အဘယ်သို့ သင့်တော်မည်နည်း။ သင်သည် အသစ်သော ဉာဏ်အလင်းမပါဘဲ အလုပ်မလုပ်နိုင်ပေ။ အသစ်သော ဉာဏ်အလင်း မရှိသောသူများသည် မည်သို့တွေ့ကြုံရမည်ကို မသိသောသူများ ဖြစ်ကြပြီး၊ ထိုကဲ့သို့သော လူတို့သည် အသစ်သော သိကျွမ်းခြင်း သို့မဟုတ် အသစ်သော အတွေ့အကြုံကို မည်သည့်အခါမျှ မရကြပေ။ ထို့ပြင် သူတို့သည် အသက်ကို ထောက်ပံ့ပေးသည့် ကိစ္စတွင် မိမိ၏အလုပ်တာဝန်ကို မည်သည့်အခါမျှ မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်နိုင်ကြပေ။ ဤသို့သော လူအမျိုးအစားသည် အသုံးမဝင်၊ အပျင်းခိုသူသက်သက် ဖြစ်သည်။ အမှန်အားဖြင့် ထိုကဲ့သို့သော လူတို့သည် အလုပ်ထဲတွင် သူတို့၏အလုပ်တာဝန်ကို လုပ်နိုင်စွမ်းမရှိ၊ သူတို့အားလုံးမှာ အသုံးမဝင်ကြပေ။ သူတို့သည် သူတို့၏ အလုပ်တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်သည့်အပြင် အမှန်တကယ်တွင် သူတို့သည် အသင်းတော်အပေါ် မလိုအပ်သောဝန်များစွာကို ထားရှိလေသည်။ ဤ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ လူဟောင်းများ” ကို အသင်းတော်မှ အမြန်ထွက်ခွာဖို့ ငါတိုက်တွန်းပေသည်၊ သို့မှသာ အခြားသူများက သင့်ကို တွေ့မြင်စရာ မလိုတော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အရှေ့သို့- ၉၂။ တရားဟောဆရာတစ်ဦး ဖြစ်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၄။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်