၈၂) လူသစ်များကို ရေလောင်းပေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) လူသစ်များအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို သိရန်နှင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိရန်၊ ထိုသို့ဖြင့် အခြေခံအုတ်မြစ်တစ်ခုကို ချရန်အတွက် ၎င်းတို့ကို ဦးဆောင်ဖို့အလို့ငှာ ရူပါရုံများနှင့် စပ်လျဉ်းသည့် သမ္မာတရားများကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ရှင်းလင်းစေဖို့ ပထမဦးစွာ လိုအပ်ပေသည်။

(၂) လူသစ်များကို ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းတို့ဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများနှင့် အတားအဆီးများကို ပစ်မှတ်ထားခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းဖို့ ၎င်းတို့နှင့်အတူ သမ္မာတရားအပေါ် မိတ်သဟာယပြုသင့်ပေသည်။

(၃) ပထမဦးစွာ မည်သည့်လူသစ်များက ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး သမ္မာတရားအား ချစ်သည်ကို သင်ခွဲခြားဖော်ထုတ်ရမည်။ အစွမ်းအစကောင်း ရှိသူများကို ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့အပေါ်၊ ၎င်းတို့ကို ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့အပေါ် အာရုံစိုက်လော့။

(၄) ဧဝံဂေလိဖြန့်ဝေခြင်းအတွက် ပါရမီရှိသည့်သူများအနေဖြင့် ရူပါရုံများနှင့် စပ်လျဉ်းသည့် သမ္မာတရားများအပေါ် မိတ်သဟာယပြုဖို့ သင်ယူရန်၊ ဧဝံဂေလိပြုခြင်း၏ အခြေခံသဘောတရားများကို သဘောပေါက်ရန်နှင့် ဧဝံဂေလိကို ဖြန့်ဝေပြီး ဘုရားသခင်အတွက် သက်သေခံရန်အလို့ငှာ ၎င်းတို့ကို လေ့ကျင့်ပေးရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်တို့သည် ဘုရားသခင့် အမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူ့အမှု၏ ယေဘုယျ ဦးတည်ချက်ကို သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော ဝင်ရောက်ခြင်း ဖြစ်သည်။ ရူပါရုံ၏ သမ္မာတရားကို သင် မလွဲမသွေ ကျွမ်းကျင်ပိုင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်။ ဘုရားသခင် အမှု မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် ဖြစ်ပြီး သင်၏ ဝင်ရောက်ခြင်းနှင့် အားထုတ်ခြင်းအတွက် ရည်မှန်းချက် တစ်ခု ရှိလိမ့်မည်။ ဤနည်းဖြင့် သင့်အတွင်းရှိ အတွေ့အကြုံနှင့် အသိပညာ အားလုံးသည် ပို၍ နက်ရှိုင်းစွာ ကြီးထွားကာ စေ့စပ်လာလိမ့်မည် ဖြစ်သည်။ ယင်း၏ အလုံးစုံ၌ သာ၍ ကြီးမားသည့် အခြေအနေကို သဘောပေါက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘဝတွင် မည်သည့် ဆုံးရှုံးမှုမျှ သင် ခံစားရမည် မဟုတ်သကဲ့သို့၊ သွေဖည်သွားလိမ့်မည်လည်း မဟုတ်ပေ။ အမှု၏ ဤအဆင့်များကို သင် သိရှိမလာပါက၊ အဆင့်အသီးသီးတွင် ဆုံးရှုံးမှု ခံစားရလိမ့်မည် ဖြစ်ပြီး၊ အမှုအရာများကို ပြောင်းလဲဖို့ သင်သည် ရက်အနည်းထက် ပိုကြာလိမ့်မည် ဖြစ်သကဲ့သို့၊ ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်အကြာတွင်ပင် သင်သည် မှန်သောလမ်းကြောင်းပေါ်သို့ စတင်ရန် စိတ်ပိုင်းဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာက နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်လော။ အပြုသဘောဆောင်သည့် ဝင်ရောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတွင် သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် အရာများစွာ ရှိသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများအတွက်မူ၊ အောက်ပါ အချက်များကို သင် သဘောပေါက်ရမည်- သူ၏ သိမ်းပိုက်ခြင်း အမှု၏ အရေးပါပုံ၊ စုံလင်ခံရခြင်းဆီသို့ သွားသည့် အနာဂတ် လမ်းကြောင်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် ရရှိရမည့်အရာ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်ကွယ်ရှိ အခြေခံသဘောတရားများ၊ စုံလင်စေခြင်းနှင့် သိမ်းပိုက်ခြင်း နောက်ကွယ်ရှိ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံ၏ သမ္မာတရားနှင့် သက်ဆိုင်ပေသည်။ ကျန်သည့်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက အမှု၏ အဆင့်သုံးဆင့်အပြင် အနာဂတ် သက်သေခံချက်လည်း ဖြစ်သည်။ ဤအရာများသည်လည်း ရူပါရုံနှင့်သက်ဆိုင်သော သမ္မာတရားများ ဖြစ်ကြပြီး ယင်းတို့သည် အခြေခံအကျဆုံးအပြင် အရေးပါဆုံးလည်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု” မှ

သင်တို့သည် ယခု မည်သည့်အရာနှင့် ပြင်ဆင်ထားဖို့ လိုအပ်သည်ကို သင်တို့ သိကြသလော။ ယင်း၏ ရှုထောင့်တစ်ခုတွင် အမှုနှင့်ပတ်သက်သည့် ရူပါရုံများ ပါဝင်ပြီး၊ အခြားရှုထောင့်မှာ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤရှုထောင့်နှစ်ခုစလုံးကို သဘောပေါက် ရမည်ဖြစ်သည်။ အသက်၌တိုးတက်ဖို့ သင်ရှာဖွေခြင်းတွင် ရူပါရုံများမရှိပါက သင်သည် အခြေခံအုတ်မြစ် ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ရူပါရုံအနည်းငယ်မျှမရှိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများသာ ရှိပြီး၊ အထွေထွေစီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်ကို မည်သို့မျှ သိနားလည်ခြင်း မရှိပါက၊ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် ရူပါရုံများ ပါဝင်သည့် သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရားများအတွက်မူ၊ ၎င်းတို့ကို သင် နားလည် ပြီးနောက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာတွေ့ဖို့ လိုအပ်သည်။ နှုတ်ကပတ်တော်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်၏ အခြေအနေများနှင့်အညီ ဝင်ရောက်ရမည် ဖြစ်သည်။ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ဤအချက်ကို သင်အာရုံမစိုက်ပါက အဆုံးထိ သင် ရှေ့ဆက် လိုက်လျှောက် နိုင်မည် မဟုတ်ပေ။ ထိုသို့သော ပုံစံဖြင့် တွေ့ကြုံခြင်းသည် သင့်ကို သွေဖည်သွားစေမည် သို့မဟုတ် သင့်ကို ပြိုလဲစေကာ ကျရှုံးသွားစေမည် ဖြစ်သည်။ သင့်အတွက် အောင်မြင်မည့်နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ကြီးမြတ်သော ရူပါရုံများကို မိမိတို့၏ အခြေခံအုတ်မြစ်များအဖြစ် မရှိကြသည့်လူများသည် ကျရှုံးရုံသာရှိသည်။ မအောင်မြင်နိုင်ပေ။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မည်သည့်အရာ ပါဝင်သည်ကို သင် သိသလော။ ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။...

လူတို့သည် ရူပါရုံများရှိသည်နှင့်တစ်ပြိုင်နက်၊ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ကြပေသည်။ ဤအခြေခံအုတ်မြစ်အတိုင်း သင် လက်တွေ့ လုပ်ဆောင်သောအခါ၊ ဝင်ရောက်ရန် များစွာ ပို၍ လွယ်ကူလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့် ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် တစ်ခုရှိသည်နှင့် သင်၌ ဒွိဟများ ရှိမည်မဟုတ်ဘဲ သင့်အတွက် ဝင်ရောက်ရန် အလွန် လွယ်ကူလိမ့်မည် ဖြစ်သည်။ ရူပါရုံများကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အမှုကိုသိရှိခြင်းတို့နှင့်ဆိုင်သည့် ဤရှုထောင့်သည် အရေးပါပေသည်။ သင်တို့၏ သိုလှောင်ဆည်းပူးထားသောနေရာတွင် ထိုရှုထောင့် ရှိရမည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤရှုထောင့်ဖြင့် မပြင်ဆင်ထားဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်း မည်သို့ ပြောဆိုရမည်ကိုသာ သိရှိပါက၊ သင်သည် ကြီးကြီးမားမား ချွတ်ယွင်းနေလိမ့်မည်။ သင်တို့ထဲမှ များစွာသော သူတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို အလေးထားခြင်းမရှိသကဲ့သို့၊ ယင်းကို သင်တို့ နားထောင်သည့်အခါ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကိုသာ နားထောင်နေပုံရသည်ကို ငါ တွေ့ရှိရပြီးဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် ဆုံးရှုံးရလိမ့်မည်။ ဤနေ့ရက်ကာလများတွင် သင်တို့ သိပ်နားမလည် သကဲ့သို့ လက်မခံကြသည့် မိန့်မြွက်ချက်အချို့ရှိ၏။ ထိုသို့သော အခြေအနေများတွင်၊ သင်သည် စိတ်ရှည်စွာ ရှာဖွေသင့်ပြီး၊ သင်နားလည်သည့်နေ့ရက် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သာ၍ သာ၍ များပြားသော ရူပါရုံများဖြင့် ဖြည်းဖြည်းချင်း မိမိကိုယ်ကိုယ် ပြင်ဆင်လော့။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ အနည်းအကျဉ်းကိုသာ သင် နားလည်လျှင်ပင်၊ ယင်းသည် ရူပါရုံများကို အာရုံမစိုက်ခြင်းထက် သာ၍ကောင်းမွန်ဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝ နားမလည်ခြင်းထက် သာ၍ကောင်းသေး၏။ ဤအရာအားလုံးသည် သင်၏ ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်သကဲ့သို့၊ သင်၏သံသယများကိုလည်း ရှင်းလင်းပေးမည် ဖြစ်သည်။ ယင်းသည် သင်အယူအဆများနှင့် ပြည့်နှက်နေခြင်းထက် သာ၍ ကောင်းပေ၏။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် သင်ရှိပါက၊ များစွာသာ၍ကောင်းပေမည်။ သင့်အနေဖြင့် မည်သို့မျှ ဒွိဟများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ရဲဝံ့စွာနှင့် ယုံကြည်စိတ်ချစွာ ဝင်ရောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော စိတ်ရှုပ်ထွေး၍ သံသယများသည့် ပုံစံဖြင့် ဘုရားသခင်နောက် အမြဲလိုက်ရင်း အပင်ပန်းခံရသနည်း။ ယင်းသည် သင်၏ဦးခေါင်းကို သဲထဲမြှုပ်ထားခြင်းနှင့် တူသည်မဟုတ်လော။ ဝင့်ကြွားကြွား လှမ်းချီခြင်းနှင့် ဟိတ်ဟန်ထုတ်၍ လျှောက်ခြင်းဖြင့် နိုင်ငံတော်ထဲသို့ ခြေလှမ်းကျဲကျဲ လျှောက်ဖို့မှာ အဘယ်မျှ ကောင်းလိုက်မည်နည်း။ အဘယ်ကြောင့် ဒွိဟများနှင့် အလွန် ပြည့်နေရသနည်း။ သင်သည် မိမိကိုယ်ကိုယ် ဆင်းရဲဒုက္ခခံနေရခြင်းသာ မဟုတ်သလော။ ယေဟောဝါ၏အမှု၊ ယေရှု၏အမှုနှင့် ဤအဆင့်၏အမှုတို့ကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အလို့ငှာ၊ အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ယုံကြည်သူသစ်များအား ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းအပေါ် ကောင်းမွန်သော အခြေခံအုတ်မြစ်များကို ဖြစ်နိုင်သမျှ မြန်မြန် တည်ထောင်နိုင်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်ကြဖို့အလို့ငှာ ၎င်းတို့အား ရေလောင်းပေးခြင်း အလုပ်ကောင်းတစ်ခုကို လုပ်ဆောင်ရမည် ဖြစ်သည်။ ယုံကြည်သူ သစ်များက ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် ပထမနှစ်တွင် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို မချခင်းပါက၊ ၎င်းတို့အတွက် စာတန်နှင့် အန္တိခရစ်များ၏ လှည့်ဖြားခြင်းခံရဖို့ နှင့် အန္တရာယ်ရှိသော နယ်မြေထဲသို့ လမ်းလွဲသွားဖို့ လွယ်ကူလိမ့်ဦးမည်။ ထိုသို့ဖြစ်ပါက၊ ၎င်းတို့ထံ ဧဝံဂေလိ ဟောပြောဖို့ ကျွန်ုပ်တို့ ပေးသည့် စျေးကြီးလွန်းသော အဖိုးအခသည် အလဟဿ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနှင့်ပြီးသည့် လူများသည် အဘယ်ကြောင့် စာတန်၏ လှည့်ဖြားခံရပြီး ဆွဲခေါ်သွားခြင်း ခံရမည်နည်း။ ဤအရာအတွက် အပြစ်ကို ယုံကြည်သူသစ်များ၏ အားနည်းချက်ကြောင့်ဟု မှတ်ယူ၍ မရနိုငပေ။ အသင်းတော်ထဲရှိ အဆင့်အားလုံး၏ ခေါင်းဆောင်များသည် ၎င်းတို့၏ ထောက်ပံ့ပေးခြင်းနှင့် ရေလောင်းပေးခြင်း အလုပ်တွင် ကောင်းကောင်း မလုပ်ဆောင်သောကြောင့်၊ ဤအခြေအနေ အဓိက ထွက်ပေါ်ရခြင်း ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များ အချောင်ခို၍မရသည့် တာဝန်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် လူအားလုံးသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်များ တစ်ချိန်က ပြုလုပ်ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ ဝင်ရောက်နှင့်ပြီးသူများကိုပင် မထိန်းသိမ်းနိုင်ကြပါက အဘယ်သို့ ဘုရားသခင်၏ အလိုတော်ကို ပြီးမြောက်နိုင်မည်နည်း။ ဤသည်မှာ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် လိမ်လည်လှည့်စားခြင်း မဟုတ်လော။ ဘုရားသခင်ကို အစေခံသည့် လူတစ်ဦးသည် ဘုရားသခင်၏ တာဝန်ပေးအပ်နှံမှုကို မဖြည့်ဆည်းနိုင်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို မလုပ်ဆောင်နိုင်ပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိပြီး သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းသည် မည်သည့်အရာသာ ဖြစ်သနည်း။ အခြေခံအကျဆုံးသော အရာတစ်ခုမှာ ဘုရားသခင်၏ အမှုတော်ကို လက်ခံသောသူအားလုံးအား လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အမှန်တကယ် နားလည်ရန်၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားအားလုံးကို နားလည်ရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုနှင့် ကိုးကွယ်မှု စွမ်းဆောင်ရရှိရန် ကူညီဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို ကမ္ဘာမြေပေါ်တွင် ဆောင်ရွက်သည်ဟု ဆိုလိုပေသည်။ အဆင့်အမျိုးမျိုး၏ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်အဖို့ အပြည့်အဝ ဆက်ကပ်နိုင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ ကျိုးနွံနာခံရန် သူ၏ ရွေးချယ်ထားသူများအား ဦးဆောင်နိုင်ပါက၊ ထိုခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်သည့် လူများ ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ယုံကြည်သူအသစ်များသည် မှန်ကန်သော လမ်းပေါ် ခိုင်မာသည့် အခြေခံအုတ်မြစ် အလျင်အမြန် တည်ထောင်ဖို့နှင့် မိမိတို့၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ ၎င်းတို့ကို ရေလောင်းပေးခြင်းသည် ဘုရားသခင့် အိမ်တော်၏ အခြေခံအကျဆုံးနှင့် အဓိက အကျဆုံး အလုပ် ဖြစ်သည်။ ယုံကြည်သူအသစ်များ ရေလောင်းခံရမည့် သမ္မာတရားများမှာ- ဘုရားသခင့် အမှုတော်၏ အဆင့်သုံးဆင့်နှင့် သက်ဆိုင်သည့် သမ္မာတရား၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သမ္မာတရား၊ ဘုရားသခင်၏ နာမတော်များနှင့် သက်ဆိုင်သည့် သမ္မာတရား၊ ဘုရားသခင်၏ အလုပ်နှင့် လူ၏ အလုပ်တို့ကြား ခြားနားချက်များနှင့် သက်ဆိုင်သည့် သမ္မာတရား၊ စစ်မှန်သော ခရစ်တော်ကို အယောင်ဆောင် ခရစ်တော်မှ ခွဲခြားသိမြင်ခြင်း သမ္မာတရား၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိရှိခြင်းနှင့် နတ်ဆိုးတို့၏ အလုပ်ကို ပိုင်းခြားသိမြင်ခြင်း သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တကယ့် အသက်တာထဲသို့ ဆောင်ကြဉ်းခြင်း သမ္မာတရားနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား၊ စသဖြင့် ပါဝင်သည်။ ဘုရားသခင်၏ အမှုတော်ကို မကြာသေးခင်က လက်ခံပြီးဖြစ်သည့်သူများအနေဖြင့် ကောင်းမွန်သော အခြေခံအုတ်မြစ်များ ချခင်းနိုင်ဖို့အလို့ငှာ ၎င်းတို့အားလုံး၏ စိတ်နှလုံးများထဲသို့ ဤသမ္မာတရားများကို နက်နက်ရှိုင်းရှိုင်း ရေလောင်းပေးလော့။ ဤအရာက ၎င်းတို့အနေဖြင့် စာတန် နတ်ဆိုးထံမှ မည်သည့် အတားအဆီးများ ၎င်းတို့ ကြုံရနိုင်သည်ဖြစ်စေ မှန်ကန်သော လမ်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်လိမ့်မည်မဟုတ်၊ ငြင်းပယ် လိမ့်မည်မဟုတ်သည်ကို သေချာစေသည်။ လူတစ်ယောက်၏ အလုပ်က ဤရလဒ်ကို စွမ်းဆောင်ရရှိသည့်အချိန်တွင်သာ ၎င်းသည် ဘုရားသခင်ကို သူ၏ အလိုတော်နှင့်အညီ အစေခံခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို စစ်မှန်စွာ လုပ်ဆောင်ခြင်း ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ဤသည်မှာ အသင်းတော် အသက်တာ၏ အခြေခံသဘောတရားတစ်ခု ဖြစ်သည်- ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို အားထုတ်သော ညီအစ်ကို မောင်နှမများသည် အထူးဆက်ဆံခံရသင့်သည်။ ၎င်းတို့အနေဖြင့် ယုံကြည်သူသစ်များ ဖြစ်စေ၊ ဘုရားသခင်ကို နှစ်နှင့်ချီ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့အတွက် စစ်မှန်သော ချစ်ခြင်းရှိသင့်သည်၊ ၎င်းတို့ကို စစ်မှန်သော အကူအညီ ပေးသင့်ပြီး ၎င်းတို့အပေါ် ရည်စူးသော စိတ်ဓာတ် အနည်းငယ် ရှိသင့်ပေသည်။ သာမန်အချိန်များတွင်၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို မြန်နိုင်သမျှမြန်မြန် နားလည်နိုင်ပြီး အသက်တာတွင် ကြီးထွားနိုင်ဖို့အလို့ငှာ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း သာ၍ မိတ်သဟာယပြုသင့်သည်။ သမ္မာတရာကို အားမထုတ်သော လူတို့အတွက်မူ၊ ၎င်းတို့သည် တစ်ခဏ ရေလောင်းခံရပြီး၊ သမ္မာတရားကို ၎င်းတို့ မချစ်သကဲ့သို့ ထိုသမ္မာတရားကို စိတ်မဝင်စားကြောင်း သိရပါက၊ ၎င်းတို့အပေါ် အချိန်နှင့် အားထုတ်မှု အလွန်များစွာ အသုံးပြုဖို့ မလိုအပ်ပေ။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းနှင့်ပြီးဖြစ်ကာ သင့်ထံမှ မျှော်လင့်ထားသည့် စေတနာရှိသေည အရာတိုင်းကို သင် လုပ်ဆောင်ပြီးဖြစ်သောကြောင့် ထိုသို့သောအရာမှာ လိုအပ်မည်မဟုတ်ပေ။ အချို့သော လူတို့က မတူကွဲပြားသော အယူအဆတစ်ခု ရှိကောင်းရှိကြမည်ဖြစ်ပြီး၊ “သမ္မာတရားကို လိုက်စားခြင်းမရှိသော လူတို့သည် သာ၍ ရေလောင်းခံရသင့်ပြီး သာ၍ ထောက်ပံ့ခံရသင့်သည်။ ၎င်းတို့အား သမ္မာတရား လိုက်စားစေဖို့ နည်းလမ်းများ သင် စဉ်းစားသင့်သည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ သမ္မာတရားကို လိုက်စားနှင့်ပြီးသူများသည် မည်သို့ လိုက်စားရမည်ကို ၎င်းတို့ သိနှင့်ကြသောကြောင့် နောက်ထပ် စိုးရိမ်ပူပန်စရာ မလိုအပ်တော့ပါ” ဟု ပြောကောင်းပြောကြပေမည်။ ဤအမြင်သည် မှန်ကန်ပါသလော။ မမှန်ကန်ပါ။ ယင်းမှာ သမ္မာတရားကို မချစ်ဖို့ သမ္မာတရားကို မလိုက်စားသူတို့၏ သဘာဝဖြစ်သည်ကို သင် သတိပြုရမည်။ သမ္မာတရားကို မလိုက်စားသူများထဲမှ ကိုးဆယ်ရာခိုင်နှုန်းသည် လူသေများဖြစ်သည်မှာ စောဒကတက်နိုင်သော အရာဖြစ်သည်။ သင်သည် လူသေကို အသက်ပြန်သွင်းဖို့ ဆုံးဖြတ်ထားပါသလော။ လိုအပ်သည့်အရာ သင်၌ရှိသည်ဟု မည်သည့်အရာက သင့်ကို တွေးထင်စေသနည်း။ အကယ်၍ လူသေတစ်ဦးကို မထင်မှတ်ဘဲ ပက်ပင်းတိုးမိပါက၊ အလျင်အမြန် ထွက်သွားမည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်စုံတစ်ဦးထဲတွင် အလုပ်မလုပ်ပါက၊ မည်သူကလုပ်ဆောင်သည့်အရာမဆို လုံးဝအသုံးဝင် လိမ့်မည် မဟုတ်ပေ။ သင် ပိုင်ဆိုင်သည့် ထိုတစ်ခုတည်းသော ချစ်ခြင်း အနည်းငယ်ကို ယူဆောင်ပြီး ယင်းကို ဘုရားသခင်ထံ ဆက်ကပ်ပါက သို့မဟုတ် သမ္မာတရားကို စစ်မှန်စွာ လိုက်စားကြသည့် ညီအစ်ကို မောင်နှမများကို ပေးခဲ့ပါက ကောင်းပေမည်။ အချို့သော လူတို့သည် အဓိပ္ပာယ်မရှိသကဲ့သို့ ၎င်းတို့ မည်သူဖြစ်သည် သို့မဟုတ် ၎င်းတို့ မည်သို့ တတ်စွမ်းနိုင်သည်ကို လုံးဝ မသိကြချေ။ တစ်စုံတစ်ဦး သာ၍ သေဆုံးလေလေ၊ ထိုလူကို ၎င်းတို့ သာ၍ ကယ်တင်ချင်လေ ဖြစ်သည်။ အဆုံးတွင်၊ ၎င်းတို့သည် လူတို့ကို ကယ်တင်ဖို့ ကြိုးစားရင်း အစဉ်ထာဝရ အချိန်ကုန်ဆုံးကြပြီးဖြစ်သော်လည်း မည်သူကိုမျှ မကယ်တင်ရသေးချေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခြင်းဖြင့် အဆုံးသတ်ကြရပြီး၊ သမ္မာတရားကို အမှန်တကယ် လိုက်စားသော ညီအစ်ကို မောင်နှမများသည် ရေလောင်းဖို့ မည်သူမျှ မရှိကြသေးသကဲ့သို့ ၎င်းတို့၏ အသက်တာ ကြီးထွားမှု နှေးကွေးလေသည်။ ဤသည်မှာ လေးနက်သော အလုပ်ကို နှောင့်နှေးစေခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်ကို မည်သည့်လူများတွင် အာရုံစိုက်သည်ကို သင် ကြည့်ရမည်။ ဘုရားသခင်သည် သမ္မာတရား အားမထုတ်သော ထိုလူများကို စုံလင်စေသလော။ သန့်ရှင်းသော ဝိညာဉ်တော်ကပင် ထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်ပါက၊ လူတို့သည် ထိုအရာအပေါ် အဘယ်ကြောင့် ၎င်းတို့၏ အချိန်ကို မိုက်မဲစွာ ဖြုန်းသင့်ပါသနည်း။ ဤသည်မှာ လူသာ မသိနားမလည်မှု ဥပမာတစ်ရပ် ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ သင်သည် သမ္မာတရားကို စစ်မှန်စွာ အားထုတ်သော ညီအစ်ကို မောင်နှမများကို သာ၍ ထောက်ပံ့မှု ပေးရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ခြင်းခံရသော သူများဖြစ်ပြီး၊ သူ ကယ်တင်မည့်သူများ ဖြစ်သောကြောင့် ဖြစ်သည်။ အချင်းချင်း စိတ်နှင့် နှလုံးနှစ်ခုလုံး ထပ်တူကျလျက်၊ အချင်းချင်း အားပေးကာ ထောက်ပံ့လျက်၊ သင်သည် ဤလူများနှင့်အတူ သမ္မာတရားအပေါ် မကြာခဏ မိတ်သဟာယပြုပါက၊ နောက်ဆုံးတွင် ကယ်တင်ခြင်းကို သင်တို့အားလုံး ရယူနိုင်လိမ့်မည်ဖြစ်သည်။ ဤလူများနှင့် သင် အဆင်မပြေနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို သင် ကျောခိုင်းမိပြီ ဖြစ်သည်။ အသင်းတော်တိုင်းတွင် သမ္မာတရားကို လိုက်စားနေသည့် လက်တစ်ဆုပ်စာ လူအနည်းငယ် ရှိကြသည်။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အာရုံစိုက်ထားသော သူများ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အချက်အချာ ဖြစ်သည်။ အသင်းတော်၏ အချက်အချာသည် အဘယ်သို့ ဖြစ်တည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော် အာရုံစိုက်သည့် မည်သည့် လူများမဆိုသည် အသင်းတော်၏ အချက်အချာ ဖြစ်လာသူများ ဖြစ်သည်။ ဤလူများကို သင် ရေလောင်းပေးနိုင်ပါက၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများကို ရင့်ကျက်စေနိုင်ပြီး၊ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ် ခြေချစေနိုင်ပါက၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းခြင်းသည် လုံလောက်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ ဤလူများကို ရေလောင်းခြင်းအပေါ် သင် အာရုံမစိုက်သကဲ့သို့ ၎င်းတို့အား တစ်ဖက်တွင် ဖယ်ထားရုံဖယ်ထားပြီး မသိကျိုးကျွန်ပြုပြီးနောက်၊ စာတန်နှင့် သက်ဆိုင်သည့် ဝိညာဉ်မဲ့ လူသေများနှင့် ဘုရားသခင်က စီမံထားခြင်းနှင့် ရွေးချယ်ထားခြင်း မရှိခဲ့သည့်သူများ၊ အစေခံသူများကို ကယ်တင်ခြင်းအပေါ် အဓိက အာရုံစိုက်ပါက၊ ဤအရာက သင်သည် ဘုရားသခင်နှင့် မတူကွဲပြားသော အယူအဆတစ်ခု ရှိနေသည်ကို သက်သေပြပေသည်။ သင်သည် သူ၏ အမှုတော်ကို နောင့်ယှက်နေခြင်း ဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသကဲ့သို့ သင်၏ အလုပ်တွင် အလွန်အရေးပါသည့် အချက်များကို စွမ်းဆောင်မရရှိသေးပေ။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၈၁) ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၃) ဘုရားသခင်၏ ရွေးချယ်ခံ လူတို့ကို လက်ခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်