အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၁၃ လူတို့၌ ရှိသင့်သော ဆင်ခြင်တုံတရားကျူး

၁ သင်သည် ငါ၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသော ဖန်ဆင်းခံတစ်ဦး ဖြစ်ကြောင်း၊ ငါ၏ သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကို ခံရသောသူ ဖြစ်ကြောင်း မမေ့လေနှင့်။ သင့်အထဲ၌ ငါ တမ်းတစရာ တစ်စုံတစ်ခုမျှ မရှိပေ။ မည်သည့် အချိန်၌ ငါ အမှုပြုသည်ဖြစ်စေ၊ လူတစ်ဦးဦး၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများ၏ ကြိုးကိုင်ခြင်းကို ငါ မခံ။ လူသားမျိုးနွယ်အပေါ် ငါ၏ သဘောထားနှင့် အမြင်သည် အမြဲတစေ တူညီစွာ ရှိနေသည်ဟု ဆိုနိုင်သည်။ သင့်အပေါ် ငါ မျက်နှာသာ တစ်စုံတစ်ရာ မရှိ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ငါ၏ စီမံခန့်ခွဲရေး၌ အဖြည့်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်၊ သင်၌ အခြားအရာများထက် ပို၍ ကြီးမားသော ခွန်အားများ မရှိသည်မှာ ကျိန်းသေသည်၊ဤ ဝမ်းမြောက်ဖွယ်ရာ အချိန်ကာလများအလယ်၌ သင် ရှိနေစဉ်၊ ကြုံတောင့်ကြုံခဲသော အခွင့်အရေး ရှိနေစဉ်၊ တစ်စုံတစ်ခုကို လေ့လာသင်ယူရန် နှင့် ငါ့ကို အရူးလုပ်ဖို့ မကြိုးစားရန် သင့်ကို ငါ အကြံပြုသည်။ ငါ့ကို လိမ်လည်ရန် မြှောက်လုံးပင့်လုံးများကို အသုံးပြုရန် မလိုပေ။ သင် ငါ့ကို ရှာဖွေခြင်းမှာ လုံးဝ ငါ့အတွက်ချည်း မဟုတ်၊ ၎င်းမှာ သင့်အတွက်ပင် ဖြစ်သည်။

2 သင်သည် ဖန်ဆင်းခံတစ်ဦးမျှသာ ဖြစ်ကြောင်း အမြဲ မှတ်မိရန် သင့်ကို ငါ အကြံပြုသည်။ သင်သည် ငါနှင့်အတူ နေသော်လည်း သင်သည် သင်၏ အဆင့်အတန်းကို သိသင့်ပြီး သင့်ကိုယ်သင် အလွန်အဆင့်အမြင့်သကဲ့သို့ မြင်စေသင့်။ သင့်ကို ငါ ပြစ်တင်ဝေဖန်ခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မပြုသည့်အပြင် သင့်ကို အပြုံးတစ်ချက်ဖြင့် မျက်နှာချင်းဆိုင်သော်လည်း ငါ နှင့် သင်သည် အမျိုးအစားတစ်မျိုးတည်း ဖြစ်ကြောင်း သက်သေပြနိုင်ခြင်း မရှိပေ။ သင်သည် သမ္မာတရားကို ရှာနေကြောင်း၊ သင် ကိုယ်တိုင်မှာ သမ္မာတရား မဟုတ်ကြောင်း သိသင့်သည်။ သင်သည် ငါ၏ နှုတ်ကပတ်တော်များအရ မည်သည့်အချိန်တွင်မဆို ပြောင်းလဲရမည်၊ ဤအရာမှ သင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဤ ဝမ်းမြောက်ဖွယ်ရာ အချိန်ကာလများအလယ်၌ သင် ရှိနေစဉ်၊ ကြုံတောင့်ကြုံခဲသော အခွင့်အရေး ရှိနေစဉ်၊ တစ်စုံတစ်ခုကို လေ့လာသင်ယူရန် နှင့် ငါ့ကို အရူးလုပ်ဖို့ မကြိုးစားရန် သင့်ကို ငါ အကြံပြုသည်။ ငါ့ကို လိမ်လည်ရန် မြှောက်လုံးပင့်လုံးများကို အသုံးပြုရန် မလိုပေ။ သင် ငါ့ကို ရှာဖွေခြင်းမှာ လုံးဝ ငါ့အတွက်ချည်း မဟုတ်၊ ၎င်းမှာ သင့်အတွက်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လေ့လာသင်ယူခြင်း မရှိသောသူများ နှင့် မည်သည့်အရာကိုမျှ မသိသောသူများ- ထိုသူတို့သည် သားရဲများပင် ဖြစ်သည် မဟုတ်လော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏အမျက်ဒေါသနေ့ကို မည်သူမျှ မလွတ်မြောက်နိုင်ကျူး

နောက်တစ်ခုသို့:လူသားကို ဘုရား၏ဆိုဆုံးမချက် သုံးခု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ