အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၇။ သမ္မာတရား၏ လက်တွေ့ကျခြင်းနှင့် ဓမ္မပညာဆိုင်ရာ အသိပညာတို့ကို ပိုင်းခြားသိမြင်ပုံ

၃) နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြခဲ့သည့် သမ္မာတရားက အဘယ်ကြောင့် လူသားကို သန့်စင်စေနိုင်ပြီး စုံလင်စေကာ လူသား၏အသက် ဖြစ်လာနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

နူတ်ကပတ်တော်ဖတ်ရူ့ခြင်း

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

“နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာမဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသသခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦးဖြစ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနုတ်ခြင်းခံရသည့်အခါ၊ ယင်းမှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တစ်ဖန်ပြန်လာခြင်းကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲစေခြင်းကို မခံရသေးလျှင် လူသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိနေသည်၊ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်၊ သို့သော် လူ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာမရှိဘဲ ဘုရားသခင်ကို ခုခံပြီး ပုန်ကန်နေဆဲဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ အကြွင်းမဲ့ပင် တုံဏှိဘာဝေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင် ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ စစ်ဆေးမှု မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ်ခဲ့ဘူးလား။ “နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။” အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက “ကျွန်ုပ် ဖြစ်လိုသည်” ဟု ပြောသည်။ ထို့နောက် သူသည် “သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း” ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။ သူ၏ဖြစ်ခြင်းကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင်ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ အခြားအမှုကို သူမလုပ်ဘဲ နှုတ်ကပတ်တော်များကိုသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပါ၊ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ အဘယ်ကြောင့်ဆိုသော် သူကြွလာသည်မှာ အဓိကအားဖြင့် ထိုအမှုကိုလုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ဖုံးကွယ်ထားကြောင်းကို သူ့နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့၊ သူ၏အလုံးစုံကို သူ့နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ဖြစ်သောကြောင့်ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိပြီး သူ၏ဉာဏ်ပညာနှင့် သူ၏အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သော အမှုအများစုသည် လူသားကို ပံ့ပိုးကူညီခြင်း၊ ထုတ်ဖော်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို ပေါ့ပေါ့တန်တန် မကျိန်ဆဲပေ၊ သူကျိန်ဆဲလျှင်ပင် နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင်ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများကို မြင်ရဖို့လည်း အမြဲတမ်း မကြိုးစားပါနှင့်၊ ထိုအရာသည် အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် မပြုလုပ်ပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဇာတိခန္ဓာရှိသော ဘုရားသခင်ကိုယ်တိုင်စင်စစ်သည် ယနေ့ခေတ်တွင် စကားသာပြောပြီး၊ ပြုမူဆောင်ရွက်ခြင်း မရှိပေ။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်အောင်ပြုရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အမှုပြုရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏စစ်မှန်မှုကို သင်သိစေဖို့ရန်အတွက်လည်း အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုသည်။ ဘုရားသခင်၏ ဤအမှုမျိုးကို သင်နားလည်နိုင်စွမ်းရှိလျှင် တုံဏှိဘာဝေနေဖို့ရန်မှာ ခက်ခဲပေ၏။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏နှုတ်ကပတ်တော်များမှ အသက်ကိုရစေသည်၊ ဤသည်မှာ ရှိရှိသမျှသော နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်သည့်အပြင် မငြင်းနိုင်သော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေဖြစ်ပြီး နိမိတ်လက္ခဏာများထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်အောင်ပြုနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်တုံးခြောက်တစ်ခု- “မကူညီနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ခ။ မူရင်းစာတွင် “၏ စမ်းဆေးမှု” ဟူသော စကားရပ်မပါရှိပါ။

ယခင်က:လူတစ်ဦးသည် သမ္မာကျမ်းစာထဲမှ ဓမ္မအသိပညာကို တည်မှီပြီး ဘုရားသခင်ကို ယုံကြည်ပါက မည်သည့်အကျိုးဆက်များ ရှိမည်နည်း။

နောက်တစ်ခုသို့:ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းက အဘယ်နည်း။ လူတစ်ဦးသည် သခင်အတွက် တရားသာဟော၍ အလုပ်ကိုသာ လုပ်ဆောင်ပါက ယင်းသည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းလော။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ