အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

လူသားစိတ်၏အလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းတွင် သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်များအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်လိုက်သော သူများသည် သူတို့၏ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သူတို့သည် သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်း၍ မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးရန်၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည် သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့် လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ သို့မဟုတ် ပျက်စီးမှုများကို ပြုပြင်ရန်မဆိုထားနှင့် လူသား၏ အယူအဆများကို တွေ့ကြုံခြင်း သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ သဘာဝပါရမီများဖြင့် အစေခံပြီး သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေးသမ္မာတရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့ကို အသက်တာအပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင်ကျော် အလုပ်နှင့်အတူ နည်းဥပဒေသတစ်စုံတစ်ရာကို သင်ရှာဖွေတွေ့ရှိနိုင်ပါသလော။ လူလုပ်သောအလုပ်တွင် စည်းမျဉ်းများနှင့် အတားအဆီးများစွာရှိပြီး လူသားဦးနှောက်သည် အလွန်တယူသန်ဆန်သည်။ ထို့ကြောင့် လူသားဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ အားလုံးအတွင်းမှ အသိပညာအချို့နှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသားသည် ယင်းအရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ ဖော်ပြနိုင်ခြင်းမရှိပေ။ လူသား၏ အတွေ့အကြုံ သို့မဟုတ် အသိတရားသည် သူ၏မွေးရာပါ ပါရမီများ သို့မဟုတ် သူ၏ပင်ကိုစိတ်မှ ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့ပေါ်လာခြင်းမှာ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ တိုက်ရိုက်လမ်းပြမှုတို့ကြောင့် ဖြစ်သည်။ လူသားသည် ဤလမ်းညွှန်မှုကို လက်ခံရသည့် အင်္ဂါသာရှိပြီး ဘုရားသဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အင်္ဂါမရှိပေ။ လူသားသည် အရင်းအမြစ်မဖြစ်နိုင်ဘဲ အရင်းအမြစ်မှ ရေကိုလက်ခံသော အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ယင်းသည် လူသား၏ပင်ကိုအသိစိတ်ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အင်္ဂါလည်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် အင်္ဂါကိုဆုံးရှုံး၍ လူသား၏ ပင်ကိုအသိစိတ်ကို ဆုံးရှုံးပါက ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံရသော လူသား၏ တာဝန်ကို ဆုံးရှုံးသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အလုပ်နှင့် ပတ်သက်သော အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိပါက ထိုလူသည် သူ၏တာဝန်ကို ဆုံးရှုံးကာ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော သူ၏တာဝန်ကို ဆုံးရှုံး၍ ဖန်ဆင်းခံ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးမည်ဖြစ်သည်။ ဘုရားသဘောသဘာဝမှာ မည်သည်ဖြစ်သည်ကို ဖော်ပြရန်၊ ယင်းကို လူ့ဇာတိဖြင့် သို့မဟုတ် ဝိညာဉ်တော်က တိုက်ရိုက်ဖော်ပြခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုအသိဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အလုပ်အတွင်း သို့မဟုတ် အလုပ်ပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် အသိပညာ (သူ့ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်) ကိုဖော်ပြသည်။ ယင်းသည် လူသား၏ ပင်ကိုစိတ်နှင့် လူသား၏တာဝန်ဖြစ်သည်။ ယင်းသည် လူသားက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူသား၏ ဖော်ပြချက်သည် ဘုရားသခင်၏ ဖော်ပြချက်နောက်ကောက်ကျန်ခဲ့သော်လည်း လူသားဖော်ပြသည့်အရာတွင် စည်းမျဉ်းများစွာပါရှိပြီး၊ လူသားသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းကာ သူလုပ်သင့်သည့် အရာကိုလုပ်ရပါမည်။ လူသားသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် လူသားအနေဖြင့် လုပ်နိုင်သမျှသော အရာအားလုံးကို လုပ်သင့်ပြီး ယင်းအတွက် အနည်းငယ် ထိန်ချန်သိုမှီးထားခြင်းပင် မရှိသင့်ပေ။

နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင် လူသားသည် ဤနှစ်ပေါင်းများစွာ၏ အတွေ့အကြုံ အချို့တို့နှင့်အတူ စုဆောင်းထားခဲ့သော ဉာဏ်ပညာနှင့် စည်းမျဉ်းတို့ကို အကျဉ်းချုံးလိမ့်မည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်သောသူသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ လှုပ်ရှားမှုအား မည်သို့ ခံစားရမည်ကိုသိပြီး မည်သည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်နှင့် မည်သည့်အချိန်တွင် အလုပ်မလုပ်သည်ကို သိလေသည်။ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်စဉ်တွင် မည်သို့မိတ်သဟာရ ပြုရမည်ကို သူသိပြီး သူသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ သာမန်အခြေအနေကို သတိပြုမိကာ အသက်တာတွင် လူသားကြီးထွားမှု၏ ပုံမှန်အခြေအနေကို သတိပြုမိသည်။ ယင်းသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သိသောသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောသူသည် ခိုင်ခိုင်မာမာနှင့် စိတ်အေးလက်အေး စကားပြောသည်။ သူတို့စကားပြောစရာ မရှိသည့်အချိန်တွင်ပင် သူတို့သည် တည်ငြိမ်မှုရှိကြသည်။ အတွင်း၌ သူတို့သည် စိတ်မတည်ငြိမ်မှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ရှာဖွေရန် အမြဲတမ်း ဆုတောင်းနိုင်ကြသည်။ သူတို့သည် အလုပ်လုပ်ရာတွင် အတွေ့အကြုံရှိကြသည်။ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး သင်ခန်းစာနှင့် အတွေ့အကြုံများစွာ ရှိသောသူတစ်ဦးသည် အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို တားဆီးနှောင့်ယှက်သော အရာများစွာရှိသည်။ ယင်းသည် သူ့ရေရှည်အလုပ်၏ ချွတ်ယွင်းချက်တစ်ခုဖြစ်သည်။ ယခုမှ အလုပ်စလုပ်သော သူတစ်ဦးသည် လူသား၏ သင်ခန်းစာများ သို့မဟုတ် အတွေ့အကြုံများကို ယူဆောင်လာခြင်းမရှိပေ။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို မသိပေ။ သို့သော် အလုပ်လုပ်ဆောင်နေစဉ်တွင် သူသည် တဖြည်းဖြည်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်သည်ကို ခံစားနိုင်ရန် သင်ယူလာပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုရရန် မည်သည့်အရာကို လုပ်ရမည်သတိပြုလာကာ အခြားသူတို့၏ အလွန်အရေးပါသော နေရာများကို မည်ကဲ့သို့ ထိတွေ့ရမည်ကို သတိထားမိလာကြသည်။ သူသည် အလုပ်လုပ်သူများ ပိုင်ဆိုင်ထားသင့်သည့် ထိုသို့သော သာမန်အသိပညာမျိုးကို သိလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ထိုသို့သော ဉာဏ်ပညာနှင့် သာမန်အသိပညာတို့ကို သူ၏လက်ဖမိုးကဲ့သို့ပင် သိလာပြီး အလုပ်လုပ်ချိန်တွင် သူတို့ကို လွယ်ကူစွာ အသုံးပြုပုံပေါ်လာပါလိမ့်မည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲချိန်တွင် သူသည် သူ၏အလုပ်လုပ်ခြင်း အသိပညာဟောင်းနှင့် အလုပ်လုပ်ခြင်း စည်းမျဉ်းဟောင်းများကို ဖက်တွယ်ဆဲဖြစ်ပြီး၊ အလုပ်လုပ်နေသည့် လှုပ်ရှားမှုအသစ်နှင့် ပတ်သက်၍ အလွန်နည်းကျဉ်းစွာသာ သိသည်။ နှစ်ချီသော အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်နှင့် လမ်းညွှန်မှုပြည့်နေခြင်းသည် သူ့အား အလုပ်လုပ်သည့် သင်ခန်းစာများနှင့် အတွေ့အကြုံများကို ပို၍ပို၍ပေးလေသည်။ ထိုသို့သောအရာများသည် သူ့ကို မာနမဟုတ်သည့် မိမိကိုယ်ကို ယုံကြည်မှုဖြင့် ပြည့်စေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်ပိုင်အလုပ်အတွက် အတော်ကျေနပ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့်ပတ်သက်၍ သူရရှိခဲ့သော သာမန်အသိပညာကို အလွန်ကျေနပ်လေသည်။ အထူးသဖြင့် အခြားသူများမရှိခဲ့သော သို့မဟုတ် မသိခဲ့သော အရာများသည် သူ့ကို ပို၍မိမိကိုယ်ကိုယုံကြည်မှုကို ပေးအပ်လေသည်။ သူ့အတွင်းမှ သန့်ရှင်းသောဝိညာဉ်တော် အလုပ်သည် မည်သည့်အခါမျှ ငြိမ်းသတ်ခြင်းမရှိသည့်ပုံပေါက်ပြီး အခြားသူများသည် ဤအထူးဆက်ဆံရေးအတွက် အရည်အချင်းမရှိသည့်ပုံပေါက်နေသည်။ သူကဲ့သို့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး များစွာအသုံးကျသည့် တန်ဖိုးရှိသူများသာလျှင် ယင်းကို ခံစားရန် အရည်အချင်းပြည့်လေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်အပေါ် သူ၏လက်ခံမှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာသည်။ သူသည်အလုပ်အသစ်ကို လက်ခံနိုင်လျှင်ပင် ယင်းသည် တစ်ညတည်းဖြင့် ဖြစ်ပေါ်လာသည့်အရာမဟုတ်ပေ။ သူသည် ယင်းကို လက်မခံခင်ကပင်လျှင် အတန်ငယ်သော အကွေ့အကောက်များနှင့် အလှည့်အပြောင်းများကို ဖြတ်ကျော်ရမည်မှာ သေချာလှပါသည်။ သူ၏ အယူအဆဟောင်းများကို ဖြေရှင်းပြီး သူတို့၏စိတ်သဘောထားဟောင်းများသည် တရားစီရင်ခြင်းခံရပြီး နောက်တွင်သာ တဖြည်းဖြည်းနှင့် ဤအခြေအနေသို့ ပြန်လှည့်လာနိုင်မည်ဖြစ်သည်။ ဤအဆင့်များကို ဖြတ်သန်းပြီးခြင်းမရှိဘဲ သူ၏အယူအဆဟောင်းများနှင့် မကိုက်ညီသော သင်ယူမှုအသစ်များနှင့် အလုပ်တို့ကို လက်လွတ်လိုက်ပြီး လွယ်ကူစွာ လက်ခံခြင်းမရှိပေ။ ယင်းသည် လူနှင့် ဆက်နွှယ်ရန် အခက်ခဲဆုံးသော အရာဖြစ်ပြီး ယင်းကို ပြောင်းလဲရန် မလွယ်ကူပေ။ အကယ်၍ လုပ်သားတစ်ဦးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အား နားလည်မှုကိုရရှိရန်နှင့် ယင်း၏လှုပ်ရှားမှုကို အကျဉ်းချုပ်ပြောရန် နှစ်ခုလုံး ရရှိနိုင်သည့်အပြင် သူ၏အလုပ်လုပ်သည့်အတွေ့အကြုံမှ တားမြစ်ခြင်းကို မခံရနိုင်ဘဲ အလုပ်ဟောင်းကို ထောက်ရှု၍ အလုပ်သစ်ကို လက်ခံနိုင်ပါက သူသည် ပညာရှိသောသူနှင့် အရည်အချင်းရှိသော လုပ်သားတစ်ဦး ဖြစ်လေသည်။ လူသားများသည် သူတို့၏အလုပ်အတွေ့အကြုံများကို အကျဉ်းချုံးနိုင်ခြင်းမရှိပဲ၊ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ အလုပ်လုပ်ကြသည်၊ သို့မဟုတ် သူ၏အလုပ်လုပ်သည့် အတွေ့အကြုံနှင့် ဉာဏ်ပညာကို အကျဉ်းချုံးပြီးနောက် အလုပ်သစ်ကိုလက်ခံရန် အခက်အခဲဖြစ်လာကာ၊ အလုပ်သစ်ကို အလုပ်ဟောင်းကဲ့သို့ ကောင်းမွန်စွာ နားလည်နိုင်ခြင်း သို့မဟုတ် မှန်ကန်စွာ ဆက်ဆံနိုင်ခြင်းမရှိပေ။ လူသားတို့သည် ကိုင်တွယ်ရန် အမှန်ပင်ခက်ခဲလှပါသည်။ သင်တို့အများစုသည် ထိုသို့ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသော သူတို့သည် အလုပ်အသစ်ကို လက်ခံရန်ခက်ခဲကြပြီး သူတို့ လက်လွှတ်လိုက်ရန် ခက်ခဲသောအယူအဆများဖြင့် အမြဲပြည့်နေကာ တစ်ဖက်တွင် ယခုမှ အလုပ်စတင်လုပ်သော သူတစ်ဦးသည် အလုပ်လုပ်ခြင်းတွင် သာမန်အသိပညာ ကင်းမဲ့နေကာ အရိုးရှင်းဆုံး ကိစ္စအချို့တို့ကိုပင် မည်ကဲ့သို့ကိုင်တွယ်ရမည်ဆိုသည်ကို မသိကြပေ။ သင်တို့လူသားများသည် အလွန်ပင် ခက်ခဲလှသည်။ အချို့သော အတွေ့အကြုံရင့်သူများသည် အလွန်မာနကြီးကြပြီး သူတို့မည်သည့်နေရာမှ လာခဲ့သည်ကို မေ့လျော့ကာ စိတ်ကြီးဝင်နေကြသည်။ သူတို့သည် ပိုငယ်သောသူများကို အမြဲတမ်း အထင်သေးကြသော်လည်း သူတို့သည် အလုပ်သစ်ကို လက်ခံနိုင်ခြင်းမရှိဘဲ သူတို့နှစ်ပေါင်းများစွာ စုဆောင်းပြီး ထားသိုခဲ့သော အယူအဆများကို လက်လွှတ်နိုင်ခြင်းမရှိကြပေ။ ထိုငယ်ရွယ်ပြီး ပညာမဲ့သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ် အနည်းငယ်ကို လက်ခံနိုင်ပြီး သူတို့သည် အတော်ပင် စိတ်အားထက်သန်ကြသော်လည်း ပြဿနာများကြုံတွေ့ရချိန်တွင် အမြဲတမ်း စိတ်ရှုပ်ထွေးလာကြကာ အဘယ်အရာလုပ်ရမည်ကို မသိကြပေ။ စိတ်တက်ကြွမှုရှိသော်လည်း သူတို့သည် အလွန်ပင် ပညာမဲ့ကြသည်။ သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့်ပတ်သက်သော အသိပညာသည် အနည်းငယ်သာရှိပြီး သူတို့အသက်တာများတွင် အသုံးပြုရန်မဖြစ်နိုင်ပေ။ ထိုအရာသည် လုံးဝအသုံးမကျသော အယူဝါဒသက်သက်သာ ဖြစ်သည်။ သင်တို့ကဲ့သို့သော လူများစွာရှိသည်။ မည်မျှသော လူတို့သည် အသုံးပြုရန် သင့်တော်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်အတွက် သင့်တော်သောအလုပ်ကို ပြုနိုင်သောသူ မည်မျှရှိသနည်း။ သင်တို့သည် ယခုထက်ထိတိုင်အောင် အလွန်နာခံမှုရှိသည့်ပုံပေါ်သည်။ သို့ရာတွင် သင်တို့သည် သင်တို့အယူအဆများကို လက်လွှတ်လိုက်ခြင်းမရှိသေးဘဲ သမ္မာကျမ်းထဲတွင် ရှာဖွေနေဆဲ၊ ဝေဝါးမှုများဖြင့် ယုံကြည်နေဆဲ သို့မဟုတ် အယူအဆများထဲတွင် သွားလာနေဆဲဖြစ်သည်။ ယနေ့ စစ်မှန်သော အလုပ်ကို သေချာစွာစုံစမ်းနေသောသူ သို့မဟုတ် ထိုအလုပ်ကို အလေးအနက်ထားသောသူ မရှိပေ။ သင်တို့သည် ယနေ့လမ်းကို သင်တို့၏ အယူအဆဟောင်းများဖြင့်သာ လက်ခံနေဆဲဖြစ်သည်။ ထိုသို့သော ယုံကြည်ချက်ဖြင့် သင်တို့သည် မည်သည့်အရာကို ရနိုင်သနည်း။ သင်တို့အတွင်းတွင် ဖော်ပြခြင်းမရှိသော အယူအဆများစွာ ပုန်းကွယ်နေပြီး သင်တို့သည် ထိုအရာတို့ကို ကွယ်နေအောင် အန္တိမကြိုးစားမှုတစ်ခုကို ပြုလုပ်နေကာ သူတို့ကိုလွယ်ကူစွာ ဖော်ပြခြင်းမပြုသည်ဟု ပြောနိုင်ပါသည်။ သင်သည် အလုပ်သစ်ကို စိတ်ရင်းအမှန်နှင့် လက်ခံခြင်းမရှိ၊ သင်တို့၏ အယူအဆဟောင်းများကို စွန့်လွှတ်ရန် စီစဉ်ထားခြင်းမရှိပေ။ သင်တို့ထံတွင် အလွန်များပြားသော အလွန်ဆိုးရွားသည့် ဘဝအတွေးအခေါ် များစွာရှိသည်။ သင်တို့သည် သင်တို့၏ အတွေးအခေါ်ဟောင်းများကို မစွန့်လွှတ်ဘဲ အလုပ်သစ်နှင့် စိတ်မပါဘဲ လုပ်နေရသည်။ သင်တို့၏ နှလုံးသားများသည် အလွန်ဆိုးယုတ်လှပြီး သင်တို့သည် အလုပ်သစ်၏ အဆင့်များကို နှလုံးသားထဲထိတိုင်အောင် ရိုးရှင်းစွာ ယူဆောင်ခြင်းမရှိပေ။ သင်တို့ကဲ့သို့သော ဖြုန်းတီးသူများသည် ဧဝံဂေလိကို ပြန့်ပွားသော အလုပ်ကို လုပ်နိုင်ပါမည်လော။ ယင်းကို စကြဝဠာ တစ်ခုလုံးဆီသို့ ပြန့်ပွားသော အလုပ်ကို သင်တို့လုပ်ဆောင်နိုင်သလော။ သင်တို့၏ ဤသို့သော ကျင့်ဆောင်မှုများသည် သင်တို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့မှ ရပ်တန့်စေသည်။ အကယ်၍ သင်တို့သည် ဤသို့ရှေ့ဆက်နေပါက နောက်ဆုံးတွင် ပယ်ရှားခံရမည်မှာ သေချာပေ၏။

သင်တို့သည် ဘုရားသခင်၏အလုပ်ကို လူသား၏အလုပ်နှင့် မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူသား၏အလုပ်မှ မည်သည့်အရာကို သင်မြင်နိုင်သနည်း။ လူသား၏အလုပ်တွင် လူသား အတွေ့အကြုံ၏ လိုအပ်ချက်များစွာရှိသည်။ လူသားဖော်ပြသည့်အရာသည် မိမိ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း မိမိ၏ဖြစ်ခြင်းကိုသာ ဖော်ပြသည်။ သို့ရာတွင် ဘုရားသခင်၏ ဖြစ်ခြင်းသည် လူသား၏ဖြစ်ခြင်းမှ ကွာခြားသည်။ လူသား၏ ဖြစ်ခြင်းသည် လူသားအတွေ့အကြုံနှင့် အသက်တာ (လူသား၏ အသက်တာတွင် လူသားတွေ့ကြုံသည့်အရာ သို့မဟုတ် ကြုံဆုံသည့်အရာ သို့မဟုတ် သူ့တွင်ရှိသော အသက်တာ ဒဿနိကများ) တို့၏ ကိုယ်စားပြုဖြစ်ပြီး ကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် သူများသည် ကွဲပြားသော ဖြစ်ခြင်းများကို ဖော်ပြသည်။ သင့်ထံတွင် လူမှုရေးအတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေနှင့် သင်သည် သင့်မိသားစုအတွင်းတွင် မည်သို့အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံသည်ကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်ပြီး တစ်ဖက်တွင် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကို ဘုရားသခင်ထံတွင် လူမှုရေးအတွေ့အကြုံများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည်မမြင်နိုင်ပေ။ သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး သူသည် လူအမျိုးအစားအားလုံးထံသို့ စပ်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို ဖော်ပြနိုင်သည်။ သူသည် လူသား၏ ပျက်စီးသော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည်လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ။ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ပျက်စီးမှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် ကမ္ဘာကြီးနှင့် ဆက်ဆံမှုမရှိသော်လည်း သူသည် ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သိသည်။ အကြောင်းမှာ သူသည် လူ့သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင်ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့ နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်တည်း။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း ထိုအရာအားလုံးကိုသိသည်။ သူသည် အသိတရား သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူနှင့်ဆင်သည့်အရာများ”ကိုဆက်သွယ်သော်လည်း သူသည် အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိဘဲ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးနှင့်အသားရှိသည့် လူသား၏ ဖြစ်ခြင်းထက်မြင့်မားလေသည်။ သူ့အတွက် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ပျက်စီးမှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး လူသားကို ကမ္ဘာမြေနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်တာဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူမှု အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခုမဟုတ်။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ ပျက်စီးမှုအား စက်ဆုပ်ရွံရှာခြင်းကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန် ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ သူ့အလုပ်နှင့် ပတ်သက်လာလျှင် လူသားအနေဖြင့် ဘုရားသခင်သည် မည်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မပြောနိုင်ကြပေ။ ဖန်ဆင်းခံလူသားတစ်ဦး အနေဖြင့် လူသားသည် ဘုရားသခင်၏ အလုပ်ပေါ်တွင်အခြေခံကာ ဘုရားသခင်ကို အတန်းအစား ပိုင်းခြားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ဖြစ်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းခံ လူသားတစ်ဦးကဲ့သို့ ပိုင်းခြားသတ်မှတ်နိုင်ခြင်း မပြုနိုင်မှုကိုလည်း ဖြစ်ပေါ်စေသည်။ လူသားသည် ဘုရားသခင်ကို လူသားမဟုတ်သည့်အရာတစ်ခုဟုသာ စဉ်းစားနိုင်ပြီး ဘုရားသခင်အား မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို မသိကြပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ဘုရားအမျိုးအစားထဲတွင် ထည့်သွင်းထားရန် တွန်းအားပေးခြင်း ခံရလေသည်။ ထိုသို့ပြုရန်လူသားအတွက် မတရားရာကျနေပေသည်။ အကြောင်းမှာ ဘုရားသခင်သည် လူသားများကြားတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့် မြောက်မြားစွာသော အမှုတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဘုရားသခင်လုပ်သော အလုပ်သည် ဘုရားသခင်၏ လူ့ဇာတိ၏အတွေ့အကြုံကို ကိုယ်စားမပြုပေ။ လူသားလုပ်သောအလုပ်မှာမူ လူသား၏အတွေ့အကြုံကို ကိုယ်စားပြုသည်။ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့်ပတ်သက်၍ ပြောဆိုကြသည်။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက် ဖော်ပြနိုင်ချိန်တွင် လူသားသည် သမ္မာတရားကို တွေ့ကြုံပြီးနောက် သက်ဆိုင်သော အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အလုပ်သည် စည်းမျဉ်းများမရှိပေ။ ထိုအလုပ်ကို အချိန် သို့မဟုတ် တည်နေရာနယ်နိမိတ်များဖြင့် ပိုင်းခြားခြင်းမရှိပေ။ ဘုရားသခင်သည် သူမည်သူဖြစ်သည်ကို အချိန်မရွေး၊ နေရာမရွေးတွင် ဖော်ပြနိုင်သည်။ သူစိတ်ရှိသည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူသား၏အလုပ်သည် အခြေအနေများနှင့် နောက်ခံအကြောင်းအရာများရှိသည်။ သို့မဟုတ်လျှင် သူ၏အလုပ်ကို လုပ်နိုင်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာကို ဖော်ပြနိုင်ခြင်း သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သော သူ၏အတွေ့အကြုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သင့်အနေဖြင့် ထိုအလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်လော သို့မဟုတ် လူသား၏အလုပ်လောဆိုသည်ကို ပြောရန် သူတို့ကြားမှာ မတူညီသည့်အရာများကို နှိုင်းယှဉ်ရုံသာ ပြုနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင်ပြုသော အလုပ်မရှိဘဲ လူသား၏အလုပ်သာရှိလျှင် လူသားတို့၏ သွန်သင်ချက်များသည် အဆင့်မြင့်ကာ လူတိုင်း၏ တတ်ကျွမ်းမှုစွမ်းရည်ထက် ကျော်လွန်နေသည်ကို သင်သိလိမ့်မည်။ သူတို့၏ စကားပြောသည့် အသံနေအသံထား၊ သူတို့၏ အရာရာတို့ကို ကိုင်တွယ်သည့် နိယာမများနှင့် အလုပ်လုပ်ခြင်းတွင် သူတို့၏ အတွေ့အကြုံများနှင့် တည်ငြိမ်သည့်ပုံစံများသည် အခြားသူတို့ လက်လှမ်းနိုင်သည်ထက် ကျော်လွန်နေမည်။ သင်တို့အားလုံးသည် မြင့်မားသော လူ့သဘာဝနှင့် ဤသို့သောသူများကို အားကျနှစ်ခြိုက်ကြသည်။ သို့ရာတွင် ဘုရားသခင်၏အလုပ်နှင့် နှုတ်ကပတ်တော်များထံမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား သူသည် ရိုးရိုးသာဖြစ်ပြီး သူအလုပ်လုပ်ချိန်တွင် သူသည်သာမန်ဖြစ်၍ စစ်မှန်မှုရှိသော်လည်း သေမျိုးသေနွယ်များအနေဖြင့် တိုင်းတာ၍မရနိုင်ပေ။ ထို့ကြောင့် လူသားတို့အား သူ့ကို ရိုသေလေးမြတ်ခြင်း တစ်မျိုးကို ခံစားရစေသည်။ လူသားတစ်ဦး၏အလုပ်မှ အတွေ့အကြုံသည် မြင့်မားကောင်း မြင့်မားနေမည် သို့မဟုတ် သူ၏အတွေးအထင်နှင့် ဆင်ခြင်နိုင်စွမ်းတို့သည် အထူးသဖြင့် မြင့်မားနေပြီး သူ၏ လူ့သဘောသဘာဝသည် အထူးသဖြင့် ကောင်းမွန်နေမည်။ ဤအရာအားလုံးသည် လူသား၏ ချစ်ခင်မြတ်နိုးမှုကိုသာ ရရှိစေနိုင်သော်လည်း သူတို့၏ လေးစားမှုနှင့် ကြောက်ရွံ့မှုကို မထွက်ပေါ်လာစေနိုင်ပေ။ လူတို့သည် အလုပ်လုပ်နိုင်သော စွမ်းရည်ရှိသူများ၊ အထူးသဖြင့် လေးနက်သော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို ကျင့်ကြံနိုင်သောသူများကို အားလုံးလေးစားကြသော်လည်း သူတို့သည် လေးစားခြင်းနှင့် မနာလိုမှုမျှသာဖြစ်ပြီး၊ အံ့သြမှုကို သူတို့သည် မည်သည့်အခါမျှ မထုတ်ဖော်နိုင်ကြပေ။ သို့ရာတွင် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ရသောလူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အလုပ်သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်သည်၊ လူသားတို့နားမလည်နိုင်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဖွယ်ဖြစ်သည်ဟု ခံစားကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ရချိန်တွင် သူနှင့်ပတ်သက်သော သူတို့၏ ပထမအသိပညာမှာ ဘုရားသခင်သည် နားလည်ရန် ခက်ခဲလှသည်၊ ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် မသိလိုက်ဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်နေပြီး သူပြုသောအလုပ်သည် လူသားတို့စိတ်က လက်လှမ်းမမီနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ဖြစ်သည်ဟု ခံစားရသည်။ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင်၊ ဘုရားသခင် စိတ်ကျေနပ်မှုရှိအောင်သာ အလိုရှိပြီး၊ ဘုရားသခင်ထက် ကျော်လွန်လိုသော ဆန္ဒမရှိပေ။ အကြောင်းမှာ ဘုရားသခင်ပြုသောအမှုသည် လူသားတို့ တွေးထင်ထားမှုနှင့် စိတ်ကူးတို့ထက်ကျော်လွန်ပြီး လူသားက အစားထိုးမလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ လူသားကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ။ တစ်ဖက်တွင် ဘုရားသခင်သည် လမ်းအသစ်တစ်ခုကို ဖွင့်ထားပြီး လူသားတို့ကို ပို၍သစ်သော ပို၍လှပသော ကမ္ဘာတစ်ခုသို့ ယူဆောင်ရန် လာလေသည်။ သို့မှသာ လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုလုပ်နိုင်ကာ အသစ်သော စတင်မှုရှိပေမည်။ ဘုရားသခင်အပေါ် လူသားခံစားသည့်အရာသည် လေးစားမှုမဟုတ်ပေ။ လေးစားမှုတစ်ခုတည်းလည်း မဟုတ်ပေ။ သူတို့၏အလေးနက်ဆုံး အတွေ့အကြုံသည် ရိုသေခံ့ညားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဆိုခြင်းတည်း။ ဘုရားသခင်သည် လူသားတို့ မလုပ်နိုင်သောအရာကို လုပ်သည်၊ မပြောနိုင်သောအရာကို ပြောသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံဖူးသောသူများသည် အမြဲတမ်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ကြုံတွေ့ရသည်။ ပို၍လေးနက်သော အတွေ့အကြုံနှင့်လူများသည် အထူးသဖြင့် ဘုရားသခင်ကို ချစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို အမြဲတမ်းခံစားရပြီး ဘုရားသခင်၏အလုပ်သည် အလွန်ပင် ဉာဏ်ပညာရှိသည်၊ အလွန်ပင် အံ့ဖွယ်ဖြစ်သည်ဟု ခံစားမိကာ၊ ထို့ကြောင့် ယင်းသည် သူတို့ကြားတွင် အဆုံးမရှိသောစွမ်းအင်ကို ထုတ်ပေးသည်ဟု ခံစားမိကြသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုမဟုတ်ဘဲ ဘုရားသခင်၏ လူသားအပေါ်ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုကို နက်နဲစွာခံစားခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခဲ့ရသောသူများက ဘုရားသခင်သည် ဘုန်းအာနုဘော်ကြီးပြီး အစဉ်လေးစားအပ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်၏အလုပ်များစွာကို ကြုံတွေ့ခဲ့ရသော လူများပင်လျှင် ဘုရားသခင်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အလုပ်သည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ အမြဲတမ်းပင် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေကြောင်းကို ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်သော သူအားလုံးတို့သည် သိကြသည်။ ဘုရားသခင်သည် လူတို့အား လေးစားမှုအပြည့်ရှိရန် သို့မဟုတ် သူ့ကို ဆပ်ကပ်မှုပုံစံကိုပေးရန် မလိုအပ်ဘဲ စစ်မှန်သော ရိုသေလေးမြတ်မှုနှင့် စစ်မှန်သော ဆပ်ကပ်မှုရှိရန်သာ လိုလေသည်။ ဘုရားသခင်၏ များစွာသော အလုပ်တို့ထဲတွင် စစ်မှန်သောအတွေ့အကြုံနှင့် သူတို့သည် ဘုရားသခင်ကို လေးစားမှုထက် ပို၍မြင့်သော ရိုသေလေးမြတ်မှုကို ခံစားရသည်။ လူသားတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ခဲ့ပြီး သူတို့သည် ထို့ကြောင့် ဘုရားသခင်ကို သူတို့၏နှလုံးသားများထဲတွင် ရိုသေလေးမြတ်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ရန်နှင့် နာခံရန်ဖြစ်သည်။ အကြောင်းမှာ သူ၏ဖြစ်ခြင်းနှင့် သူ၏စိတ်သဘောထားသည် ဖန်ဆင်းခံတစ်ဦးနှင့် အတူတူမဟုတ်ဘဲ ဖန်ဆင်းခံတစ်ဦး၏အထက်၌ ရှိလေသည်။ ဘုရားသခင်သည် ဖန်ဆင်းခံတစ်ဦးမဟုတ်၊ သူသာလျှင် ရိုသေလေးမြတ်မှုနှင့် ဆပ်ကပ်မှုကို ခံရရန် ထိုက်တန်သည်။ လူသားသည် ဤအခြင်းအရာ အတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခဲ့သော ဘုရားသခင်ကို စစ်မှန်စွာသိသောသူအားလုံးသည် ဘုရားသခင်အား ရိုသေလေးမြတ်မှုကို ခံစားကြရသည်။ သို့ရာတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို လက်မလွှတ်သောသူများ၊ ဆိုလိုသည်မှာ ဘုရားသခင်ကို ဘုရားသခင်ဟု မသတ်မှတ်နိုင်ကြသူများသည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု မရှိသူများဖြစ်သည်။ သူတို့သည် ဘုရားသခင်နောက်သို့ လိုက်ကြသော်လည်း သူတို့သည် သိမ်းပိုက်ခြင်းကို မခံရပေ။ သူတို့သည် သဘာဝအရ မနာခံတတ်သူများဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကိုပြုရခြင်းမှာ ဖန်ဆင်းခံသော အရာများအားလုံး ဖန်ဆင်းရှင်ကို ရိုသေလေးမြတ်ရန်၊ ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ လုံးလုံးလျားလျား ဆပ်ကပ်အပ်နှံရန် အစရှိသည့်ရလဒ်တို့ကို ရရှိရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အားလုံးသောအလုပ်မှ ရယူလိုသော နောက်ဆုံးရလဒ်ဖြစ်သည်။ ထိုသို့သောအလုပ်ကို တွေ့ကြုံခဲ့သော လူတို့သည် ဘုရားသခင်ကို အနည်းငယ်လေးပင် ရိုသေလေးမြတ်မှု မရှိပါက၊ အကယ်၍ သူတို့၏ယခင်က မနာခံမှုသည် ပြောင်းလဲခြင်းလုံးဝမရှိပါက ထိုသို့သောသူတို့သည် အမှန်ပင်ပယ်ရှားခြင်း ခံရလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော လူတစ်ယောက်၏ သဘောထားသည် အကွာအဝေးတစ်ခုမှ လေးစားရန် သို့မဟုတ် ရိုသေမှုကိုပြသရန်သာဖြစ်ပြီး အနည်းငယ်ပင် ချစ်ခင်ရန်မဟုတ်ပါက ယင်းသည် ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောသူတစ်ဦးမှ လက်လှမ်းမီသည့်အရာဖြစ်ပြီး ထိုသူသည် စုံလင်ခြင်းခံရမည့် အခြေအနေများ ကင်းမဲ့လေသည်။ အကယ်၍ များစွာသော အလုပ်တို့သည် လူတစ်ဦး၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ရယူရန်မဖြစ်နိုင်ပါက ယင်း၏အဓိပ္ပာယ်မှာ လူတစ်ဦးသည် ဘုရားသခင်ကို မရရှိသေးခြင်း၊ သမ္မာတရားကို စစ်မှန်စွာ မလိုက်လျှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို မချစ်သော သူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ။ သို့ဖြစ်ရာ သူသည် ဘုရားသခင်ကို ရရန်မဆိုထားနှင့် ဘုရားသခင်၏ နှစ်သက်မှုကိုပင် မရနိုင်ပေ။ ထိုသို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို သူတို့သည် မည်သို့တွေ့ကြုံခဲ့သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု မရှိဆဲပင်ဖြစ်သည်။ ဤသို့သောသူများသည် သဘာဝအရ ပြောင်းလဲခြင်းမပြုနိုင်သော၊ အလွန်ပင် ကောက်ကျစ်သော စိတ်သဘောထားရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို မရိုသေမလေးမြတ်သောသူအားလုံးတို့သည် ပယ်ရှားခြင်းခံရမည်။ မဖြောင့်မတ်သောအရာများကို ပြုလုပ်ခဲ့သောသူတို့ထက် နာကျင်ခံစားရကာ အပြစ်ဒဏ်ခံရသည့်အရာအဖြစ် မကောင်းမှုပြုသော သူတို့နည်းတူ အပြစ်ပေးခြင်းခံရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇

0ရှာဖွေခြင်း ရလဒ်များ