ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂) အပိုင်း လေး၏ အဆက်

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှုလွဲမှားခြင်းများ

ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏ လုပ်ရပ်ကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်အားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏ အဆင့်မှာ အလွန်ကြီးမားခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ် သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ဆောင်လာခဲ့ခြင်း မရှိပါက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ယောဘ ပြောသည့်အခါ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူ တစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာကို ပေးခဲ့ခြင်းကြောင့် သူသည် ယေဟောဝါ၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာခဏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရခြင်းကြောင့် ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်ခဲ့လိမ့်မည် ဖြစ်သည်ဟု သင်ဆိုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိသော၊ သို့မဟုတ် မမြင်လိုသော၊ သို့မဟုတ် ၎င်းတို့အပေါ် မကျရောက်စေလိုသော၊ မိမိတို့အပေါ် ကျရောက်မည်ကို လူအများ စိုးရိမ်သော အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများထဲ၌ ရောက်ရှိနေခဲ့ကြောင်း သိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏” ထို့အပြင် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ယောဘ၏ပြုမူပုံနှင့် ရင်ဆိုင်ခဲ့ရပါက ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စာလုံးများနှင့် အယူဝါဒများ ဟောပြောရသည်ကို နှစ်ခြိုက်သောသူများသည် နှုတ်ဆိတ်ကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သောသူများသည် ယောဘ မြဲမြံစွာ စွဲကိုင်ခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ လမ်းခရီးကို မြဲမြံစွာ စွဲကိုင်နိုင်မည် မဟုတ်ဟူ၍ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ ပြုမူပုံနှင့် သူပြောခဲ့သော စကားများကို ရင်ဆိုင်ခဲ့ရပါက လူအချို့တို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလိုဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည် ဖြစ်ပြီး အချို့တို့သည် စိတ်မဝင်စားပုံပေါ်ကာ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နှာခေါင်းများကို ရှုံ့ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စမ်းသပ်မှုများ အတောအတွင်း ယောဘအပေါ် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုကို မြင်ရပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည် သာမက မိမိအပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” မြင်ကြရခြင်းကြောင့် ဖြစ်သည်။ ယောဘ၏ စုံလင်ခြင်းထဲတွင် မစုံလင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” ဖြစ်သည့် လူသားတစ်ဦး၏ အမည်းစက်မှာ ဘုရားသခင်၏အမြင်တွင် စုံလင်ခဲ့သည်။ တစ်နည်းအားဖြင့် ဆိုသော် စုံလင်သောသူများမှာ အပြစ်အနာအဆာကင်းသော၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိသော၊ အားနည်းချက်များ မရှိသော၊ နာကျင်မှုဝေဒနာအကြောင်း မသိသော၊ မပျော်မရွှင် ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ ခံစားရခြင်း မရှိသော၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်း အစွန်းရောက်သော အပြုအမူ တစ်စုံတစ်ရာ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်၊ ရလဒ်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့ကြောင်းကို လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာ ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူ၏မိသားစုအတွက် သူ၌ မျက်ရည်များ သို့မဟုတ် ချစ်ခြင်း မရှိခဲ့သည့်အတွက် သူ၏ “ဖြစ်ရိုးဖြစ်စဉ်နှင့် မကိုက်ညီမှု” သည် လူတို့က သူ့အား အေးစက်သောသူ ဖြစ်သည်ဟု ထင်စေသည်။ ဤအရာမှာ ယောဘသည် လူတို့အား ပထမဦးဆုံး ပေးသော မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့က သူ၏အပြုအမူသည် ပို၍ပင် ဦးနှောက်ခြောက် စေသည်ဟု မြင်ကြသည်၊ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် ဘုရားသခင်အား မရိုသေခြင်း ဖြစ်သည်ဟူ၍ လူတို့က အဓိပ္ပာယ်ကောက်ခဲ့ကြပြီး “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ ယောဘသည် ဘုရားသခင်အား စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုကြောင်း တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသော ယောဘ၏ စကားများမှလွဲ၍ လူတို့က ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မမြင်ကြသဖြင့် ယောဘအပေါ် အများစုဖြစ်သော ၎င်းတို့၏ အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အယူအဆအားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သောသူတစ်ဦး ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်၏ စကားများကို ၎င်းတို့ တစ်ဦးတစ်ယောက်မျှ စစ်မှန်စွာ နားလည်နိုင်ခြင်းနှင့် အသိအမှတ်ပြုနိုင်ခြင်း မရှိကြပေ။

ယောဘအပေါ် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံပြီး လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး ဆက်လက်၍ သံသယများ ရှိကြသည်၊ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သော ယောဘ၏ လုပ်ဆောင်ချက်များနှင့် ပြုမူပုံတို့မှာ လူတို့ စိတ်ကူးထားသကဲ့သို့ ကမ္ဘာတုန်လောက်အောင် ထိမိခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် ကြီးမားသော စွမ်းဆောင်မှုများကို လုပ်ဆောင်ခြင်း မရှိခဲ့သည့်အပြင် သူသည် ပြာကြားတွင် ထိုင်နေစဉ် သူ့ကိုယ်သူ ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့ပြန်သည်။ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေသည့်အပြင် ပို၍ပင် ငြင်းပယ်စေသည်၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်အား ကတိပေးခဲ့ခြင်း မရှိခဲ့၊ ထိုမျှမက သူသည် နာကျင်မှု မျက်ရည်များဝိုင်း၍ ငိုကြွေးသည်ကို မမြင်ခဲ့ရပေ။ ယနေ့အချိန်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားအရာ တစ်စုံတစ်ခုကိုမျှ မမြင်ကြသောကြောင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားသော်လည်း ၎င်းတို့သည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိဘဲ ယောဘ၏ စကားများထဲမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိသေးပေ။ စမ်းသပ်မှုများကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းကို သူခံရစဉ်အတောအတွင်း လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကပ်ဖားရပ်ဖားလည်း မလုပ်၊ မာနလည်း မကြီးသောသူ ဖြစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းခန်းများထဲ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ ဇာတ်လမ်းကို မမြင်ကြသည် သာမက သူ၏စိတ်နှလုံးအတွင်းမှ ဘုရားသခင်ကို ကြောက်ရွံခြင်း သို့မဟုတ် မကောင်းမှု ရှောင်သည့် လမ်းခရီး၏ နိယာမကို စောင့်ထိန်းခြင်းကို မမြင်ကြပေ။ သူ၏ တုန်လှုပ်မှုကင်းခြင်းသည် လူတို့အား သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အဓိပ္ပာယ်မရှိသော စကားများဖြစ်ကြောင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်ကြောင်း ထင်စေသည်၊ ထိုစဉ် သူအပြင်ပန်းတွင် ထုတ်ဖော်ခဲ့သော “အားနည်ချက်” သည် ၎င်းတို့အပေါ် အလွန်ကြီးသော ထင်မြင်ချက်ကို ကျန်ရစ်စေပြီး ဘုရားသခင်က စုံလင်ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် “အမြင်သစ်” တစ်ခုနှင့် “နားလည်မှုအသစ်” တစ်ခုကိုပင် ပေးခဲ့သည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည့်အခါ ယင်းကဲ့သို့ “အမြင်သစ်” နှင့် “နားလည်မှုအသစ်” များမှာ သက်သေပြပြီး ဖြစ်ခဲ့သည်။

သူခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှု အတိုင်းအတာမှာ မည်သည့်လူသားမျှ စိတ်ကူး၍ မရဘဲ နားမလည်နိုင်သော်လည်း သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ပါ၊ သို့သော်လည်း သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာစေခဲ့ခြင်းသာ ဖြစ်သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ” (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူတစ်ဦးတစ်ယောက်က တစ်ခါမျှ မထင်မှတ်ခြင်းဖြစ်နိုင်ပြီး ၎င်းတို့အား အာရုံစိုက်ခဲ့ပြီးသော လူများလည်း ရှိကောင်းရှိနိုင်ပါသည်။ သင်တို့၏ အမြင်တွင် ယောဘသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ညည်းညူမှုတစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ ထိုသို့သေ အတွေးအခေါ်များ ရှိကြပြီး အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်ဘဲ ယင်းအစား စာတန်ထံမှ တိုက်ခိုက်မှု တစ်စုံတစ်ရာကို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရသော်လည်း ပြုံး၍ပင် နေခဲ့သင့်သည်ဟု ယုံကြည်ကြကြောင်းကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်၌ ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု တစ်စုံတစ်ရာအပေါ် အနည်းငယ်မျှသော တုံ့ပြန်မှု မရှိသင့်သည့်အပြင် သူ၏ စိတ်နှလုံးအတွင်းမှ စိတ်ခံစားချက် တစ်စုံတစ်ရာအပေါ် သစ္စာဖောက်ခြင်း မပြုခဲ့သင့်ပေ။ ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်သည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦး၌ ရှိသင့်ပြီး လက်တွေ့ပြသင့်သောအရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤနှိပ်စက်ညှဉ်းပန်းမှုကြားတွင် ယောဘသည် သူမွေးဖွားသော နေ့ရက်ကို အမှန်ပင် ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ညည်းညူခြင်း မပြုခဲ့ပေ၊ ဘုရားသခင်ကို ဆန့်ကျင်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ သူ၌ ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ပေ။ ဤအရာသည် အလုပ်ထက် အပြောက ပို၍ လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ရှေးယခင် ခေတ်များကတည်းက ယနေ့အထိ ယောဘပေါ် ကျရောက်ခဲ့သော ယင်းကဲ့သို့ စုံစမ်းနှောင့်ယှက်မှုများကို တွေ့ကြုံဖူးသော သို့မဟုတ် ခံစားဖူးသောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ ယောဘ ခံစားခဲ့ရသော တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ အဘယ်ကြောင့် မခံစားခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သည်နှင့်အညီ မည်သူမျှ ယင်းကဲ့သို့ တာဝန် သို့မဟုတ် တာဝန်ပေးစေခိုင်းချက် တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘပြုခဲ့သည့်နည်းတူ မည်သူမျှ မပြုနိုင်ခဲ့ခြင်းနှင့် ထိုမျှမက မည်သူမျှ ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ယောဘအပေါ် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှု ကျရောက်စဉ် သူပြုခဲ့သည်နည်းတူ ဘုရားသခင်၏နာမကို မစွန့်ပယ်ခဲ့ဘဲ ယောဟောဝါဘုရားသခင်၏ နာမကို ဆက်၍ကောင်းချီးပေးခြင်းကို မပြုနိုင်သေးခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသောသူသည် ဤအရာကို ပြုနိုင်ခဲ့သလော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်ကို ယင်းကဲ့သို့ သက်သေခံနိုင်ခဲ့သည့်အပြင် စာတန်အား ၎င်း၏ဦးခေါင်းကို လက်ထဲ၌ ကိုင်ကာ ထွက်ပြေးစေရန် ပြုနိုင်စွမ်းရှိသဖြင့် ၎င်းသည် နောက်တစ်ဖန် ဘုရားသခင် ရှေ့သို့ လာပြီး သူ့ကို မည်သည့်အခါမျှ စွပ်စွဲခြင်း ပြုနိုင်တော့မည် မဟုတ်၊ ထို့ကြောင့် သူ့ကို ချီးကျူးခြင်းမှာ အဘယ် အမှားရှိသနည်း။ သင်တို့၌ ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သလော။ သင်တို့အပေါ်၌ စမ်းသပ်မှုများ ရောက်လာခဲ့သည့်အခါ သင်တို့သည် ယောဘထက် ပို၍ ကောင်းစွာ ပြုမူနိုင်မည် ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ယောဘသည် ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်၊ သင်တို့၌ အဘယ် ကန့်ကွက်ချက်များ ရှိနိုင်သနည်း။

ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသဖြင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည်

ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်ကြောင်းနှင့် လူတို့သည် လူတို့၏ အပြင်ပန်းများကို ကြည့်ကြောင်း ငါမကြာခဏ ပြောသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သောကြောင့် သူသည် ၎င်းတို့၏ အနှစ်သာရကို နားလည်သော်လည်း လူတို့သည် အခြားလူတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းကို အခြေခံကာ သတ်မှတ်ကြခြင်း ဖြစ်သည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည့်အခါ ဤလုပ်ရပ်သည် ယောဘ၏ မိတ်ဆွေသုံးဦးအပါအဝင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ် အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူသားသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် သူ့အပေါ် ပေးအပ်ခဲ့သော အသက်နှင့် ဇာတိပကတိကိုသာမက သူမွေးဖွားခဲ့သော နေ့ရက်အတွက် ကျေးဇူးတော်ချီးမွမ်းသင့်ပြီး သူသည် ၎င်းတို့ကို မကျိန်ဆဲသင့်ပေ။ ဤသည်မှာ လူအများစုအတွက် နားလည်နိုင်ပြီး ယုံကြည်လက်ခံနိုင်ပေသည်။ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ မည်သူအတွက်မဆို ဤအသိအမြင်မှာ အထွတ်အမြတ်ဖြစ်ပြီး မချိုးဖောက်အပ်ပေ၊ ၎င်းသည် မည်သည့်အခါမျှ ပြောင်းလဲနိုင်ခြင်း မရှိသော သမ္မာတရားတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း ယောဘသည် စည်းမျဉ်းများကို ဖောက်ခဲ့သည်၊ သူသည် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည်။ ဤသည်မှာ တားမြစ်တားသော နယ်မြေထဲသို့ ကူးဝင်ခြင်း ဖြစ်သည်ဟု လူအများစုတို့က သတ်မှတ်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ သူသည် လူတို့၏ နားလည်ခြင်းနှင့် သနားခြင်းကို မခံထိုက်သည့်အပြင် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုလည်း မခံထိုက်ပေ။ တစ်ချိန်တည်းတွင် လူတို့သည် ယောဘ၏ ဖြောင့်မတ်ခြင်းအပေါ် ပို၍ပင် သံသယ ဖြစ်လာကြသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ့အပေါ် ဘုရားသခင်၏ မျက်နှာသာသည် မိမိကိုယ်ကို အလိုလိုက်စေပြီး၊ ၎င်းသည် သူ့အား အလွန် ရဲတင်းစေပြီး မဆင်မခြင် ဖြစ်စေခဲ့သဖြင့် သူသည် သူ၏ဘဝတစ်လျှောက် သူ့အား ကောင်းချီးပေးပြီး စောင့်ရှောက်သည့်အတွက် ဘုရားသခင်အား ကျေးဇူးမတင်ခဲ့သည့်အပြင် သူမွေးဖွားခဲ့သော နေ့ရက်ကို ပျက်စီးခြင်းသို့ ရှုတ်ချခဲ့ခြင်း ဖြစ်သည်ဟု ထင်ရသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မဟုတ်ပါက အဘယ်အရာ ဖြစ်သနည်း။ ယင်းကဲ့သို့ ပေါ့ပြက်မှုများသည် ယောဘ၏ ဤလုပ်ရပ်ကို ပြစ်တင်ဝေဖန်ရန်အတွက် လူတို့အား အထောက်အထားကို ပေးသော်လည်း ထိုအချိန်က ယောဘသည် မည်သည့်အရာကို အမှန်တကယ် တွေးနေခဲ့ကြောင်းကို မည်သူ သိနိုင်သနည်း။ ထို့အပြင် ယောဘသည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့ရသည့် အကြောင်းရင်းကို မည်သူသိနိုင်သနည်း။ ဘုရားသခင်နှင့် ယောဘ ကိုယ်တိုင်သာလျှင် အတွင်းထဲမှ အဖြစ်အပျက်နှင့် ဤနေရာမှ အကြောင်းရင်းကို သိနိုင်သည်။

စာတန်သည် ၎င်း၏လက်ကိုဆန့်ကာ ယောဘ၏ အရိုးများကို နှိပ်စက်ခဲ့သည့်အခါ ယောဘသည် ၎င်း၏ လက်ခုပ်တွင်းသို့ ကျဆင်းခဲ့ပြီး လွတ်မြောက်ရန် နည်းလမ်းများ သို့မဟုတ် ခုခံရန်ခွန်အား မရှိဖြစ်ခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အလွန်ကြီးစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဤနာကျင်မှုသည် သူ့အား ဇာတိပကတိထဲ၌ အသက်ရှင်သော လူသား၏ မရေရာခြင်း၊ အားနည်းခြင်းနှင့် တန်ခိုးကင်းမဲ့ခြင်းတို့ကို နက်ရှိုင်းစွာ သတိပြုမိစေခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်ရန် စိတ်ရှိကြောင်း အလွန်လေးနက်သော အသိတစ်ခုကိုလည်း သူရခဲ့သည်။ အသွေးအသားရှိသော လူသားမှာ စာတန်၏ လက်ခုပ်ထဲ၌ အမှန်တကယ်ပင် အလွန်တန်ခိုးမရှိဘဲ အားနည်းကြောင်းကို ယောဘသဘောပေါက်ခဲ့သည်။ သူဒူးထောက်၍ ဘုရားသခင်ထံ ဆုတောင်းခဲ့သည့်အခါ ဘုရားသခင်သည် သူ့အား စာတန်၏ လက်ထဲသို့ လုံးလုံးလျားလျား အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးထားပြီး ပုန်းကွယ်နေသကဲ့သို့ သူခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည်လည်း သူ့အတွက် ငိုကြွေးခဲ့သည် သာမက သူ့အတွက် စိတ်ထိခိုက်ခဲ့ရသည်၊ ဘုရားသခင်သည် သူ၏နာကျင်မှုကြောင့် နာကျင်ခဲ့ရပြီး သူ၏အနာတရဖြစ်ခြင်းကြောင့် အနာတရဖြစ်ခဲ့ရသည်...ယောဘသည် ဘုရားသခင်၏ နာကျင်မှုကို ခံစားမိခဲ့သည့်အပြင် ဘုရားသခင်အတွက် ၎င်းမှာ မည်မျှပင် မခံမရပ်နိုင်ဖွယ် ဖြစ်ကြောင်းကိုလည်း ခံစားမိခဲ့သည်...ယောဘသည် ဘုရားသခင်အပေါ် နောက်ထပ် ပူဆွေးမှု တစ်စုံတစ်ရာကို ဆောင်ယူလိုခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် သူ့အတွက် ငိုကြွေးမည်ကိုလည်း သူ အလိုမရှိခဲ့ပေ၊ သူ့ကြောင့် ဘုရားသခင် နာကျင်ရမည်ကို သူပို၍ပင် မမြင်လိုခဲ့ပေ။ ဤအခိုက်အတန့်တွင် ယောဘသည် ဤခန္ဓာကိုယ်အားဖြင့် သူ့အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို ဆက်၍ မသည်းခံရစေရန် သူ့ကိုယ်သူ သူ၏ ခန္ဓာကိုယ်ကို အာရုံထဲမှ ဖျောက်ပစ်ရန်သာ အလိုရှိခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူ၏ နာကျင်မှုကြောင့် ဘုရားသခင် စိတ်ဆင်းရဲရခြင်းကို ရပ်တန့်စေနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်၊ သို့သော်လည်း သူမဖျောက်ပစ်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံခဲ့ရသည် သာမက ဘုရားသခင်အား မစိုးရိမ်စေလိုသည့် ဆန္ဒ၏ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသည်။ ခန္ဓာကိုယ်မှ လာသော နာကျင်မှုနှင့် ဝိညာဉ်မှလာသော နာကျင်မှုဖြစ်သည့် ဤနာကျင်မှုနှစ်မျိုးသည် ယောဘအပေါ် စိတ်နှလုံးကွဲလုမတတ်၊ အူကလီစာများ ဆောင့်ဆွဲခံရသကဲ့သို့ နာကျင်မှုကို ဆောင်ယူလာခဲ့ပြီး အသွေးအသား ရှိသော လူသား၏ အားနည်းချက်များသည် တစ်စုံတစ်ဦးအား မည်ကဲ့သို့ အနှောင့်အယှက်ဖြစ်စေပြီး ခိုကိုးရာမဲ့စေကြောင်း သူ့အား ခံစားရစေခဲ့သည်။ ဤအခြေအနေများအောက်တွင် ဘုရားသခင်အပေါ် သူ၏ တမ်းတခြင်းသည် ကြီးထွားပြင်းထန်လာခဲ့ပြီး စာတန်အား သူ၏စက်ဆုပ်ရွံ့ရှာခြင်းမှာ ပို၍ ပြင်းပြလာခဲ့သည်။ ဤအချိန်တွင် ယောဘသည် သူ့အတွက်ကြောင့် ဘုရားသခင် မျက်ရည်ကျခြင်း သို့မဟုတ် နာကျင်ခြင်းကို မြင်ရသည်ထက် လူ့လောကထဲ၌ မည်သည့်အခါကမျှ သူမမွေးဖွားလာခဲ့ရန်၊ သူရှင်သန်ဖြစ်တည်ခဲ့ခြင်း မရှိခဲ့ရန် ပို၍ပင် ဆန္ဒရှိခဲ့သည်။ သူသည် သူ၏ ဇာတိပကတိကို စတင်၍ လွန်စွာ စက်ဆုပ်ရွံ့ရှာလာသည်၊ သူ့ကိုယ်သူ၊ သူမွေးဖွားခဲ့သော နေ့ရက်နှင့် သူနှင့်သက်ဆိုင်သမျှ အားလုံးကိုပင် ငြီးငွေ့ပြီး စိတ်ကုန်လာခဲ့သည်။ သူမွေးဖွားခဲ့သော နေ့ရက် သို့မဟုတ် ၎င်းနှင့် သက်ဆိုင်သောအရာ တစ်စုံတစ်ခု အကြောင်းကို ဆက်၍ ဖော်ပြရန် သူအလိုမရှိခဲ့သဖြင့် သူသည် သူ၏နှုတ်ကိုဖွင့်ကာ သူ၏မွေးဖွားရာနေ့ရက်ကို ဤသို့ကျိန်ဆဲခဲ့သည်- “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်။” (ယောဘ ၃:၃-၄) ယောဘ၏ စကားများသည် သူ့ကိုယ်သူ စက်ဆုပ်ရွံရှာကြောင်း၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ” ဟူ၍ လည်းကောင်း သူ့ကိုယ်သူ ပြစ်တင်ရှုတ်ချကြောင်းနှင့် ဘုရားသခင်ကို နာကျင်စေသည့်အတွက် အကြွေးတင်ရှိကြောင်း၊ “ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်၊” ဟူ၍ လည်းကောင်း ပြလျက်ရှိသည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ထိုစဉ်က ယောဘ မည်ကဲ့သို့ ခံစားခဲ့ရကြောင်းကို အဆုံးစွန်ဖော်ပြပြီး အယောက်တိုင်းအား သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ တစ်ချိန်တည်းတွင် ယောဘ ဆန္ဒရှိခဲ့သည့်နည်းတူ၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်း သာမက ဘုရားသခင်ကို ကြောက်ရွံခြင်းတို့မှာ အမှန်ပင် တိုးမြှင့်ခြင်းကို ခံခဲ့ရသည်။ ဤတိုးမြှင့်ခြင်းမှာ ဘုရားသခင် မျှော်လင့်ခဲ့ပြီးသော အကျိုးဆက် ဧကန်ပင် ဖြစ်သည်။

ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည်

ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို နှိပ်စက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနှုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ခံရပြီးနောက်တွင် ယောဘထဲ၌ ပို၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု မွေးဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို ပို၍ ရင့်ကျက်ပြီး ဝါရင့်စေခဲ့သည်၊ သူ့ကို ပို၍ သန်စွမ်းစေခဲ့ပြီး သာ၍ ခံယူချက် ကြီးမားစေခဲ့ပြီး သူစွဲမြဲစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ မှန်ကန်ခြင်းနှင့် အဖိုးထိုက်တန်ခြင်းအပေါ် သူ့အား ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။ ယောဘအပေါ် ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအပေါ် ဘုရားသခင်၏ စိုးရိမ်မှုအကြောင်း နက်နဲသော နားလည်ခြင်းနှင့် အသိကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အဖိုးထိုက်ခြင်းကို သတိပြုမိစေရန် အခွင့်ပေးခဲ့ပြီး ထိုမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းထဲသို့ ဖြည့်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား သူ့ထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင် အနီးသို့ ဆောင်ယူခဲ့သည်။ ယောဘသည်းခံခဲ့သော ဇာတိပကတိ နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အခါ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား ရွေးချယ်စရာ မပေးခဲ့ဘဲ သူ၏ မွေးဖွာရာနေ့ရက်ကိုသာ ကျိန်ဆဲစေခဲ့သည်။ ယင်းကဲ့သို့ ပြုမူပုံမှာ ယခင်ကတည်းက ကြံစည်ထားခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အရေးထားခြင်းနှင့် ချစ်ခြင်း၏ သဘာဝအလျောက် ထုတ်ဖော်ခြင်း တစ်ခုပင် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် အလေးထားခြင်းမှ လာသည့် သဘာဝအလျောက် ဖော်ထုတ်ခြင်းတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာခဲ့ပြီး ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းရန် ဆန္ဒမရှိသည့်အပြင် ခံရပ်နိုင်ခြင်းလည်း မရှိသောကြောင့် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အပေါ်၌ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်းတို့ကို သာမက ဘုရားသခင်အား ဆက်ကပ်ခြင်းကို အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဤအချိန်တွင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို သာမက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုလည်း အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုကိုမျှပြုရန် သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း၊ ဘုရားသခင်ကို နာကျင်စေမည့် ပြုမူပုံ တစ်စုံတစ်ခုကိုမျှ သူ့ကိုယ်သူ ခွင့်ပြုခဲ့ခြင်းနှင့် သူ၏ ကိုယ်ပိုင် အကြောင်းရင်းများကြောင့် ဘုရားသခင်အပေါ် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းပင်လျှင် ယူဆောင်လာခြင်းကို သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်ခဲ့သော်လည်း ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ယူလာခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်သည် ယောဘအား ရစေရန် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို သူရရှိခဲ့ပြီး သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းကို အမှန်တကယ် ခံထိုက်သောသူ တစ်စုံတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်မြင်စေရန်နှင့် ဘုရားသခင်အား သူ၏သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်စေရန် အခွင့်ပေးခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် သူ့အား အမှန်တကယ် စုံလင်စေပြီး သူ၏ ဘဝတန်ဖိုးကို မြှင့်တက်စေသည့်အပြင် ဖြစ်ဖူးသမျှထက် ကျော်လွန်စေပြီး စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဆက်၍ မခံရတော့သည့် ပထမဦးဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်စေသည်။ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်၏ စွပ်စွဲခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်၊ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်လက်သို့ အပ်နှံခြင်းကို ခံခဲ့ရပြီး ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် သူသည် စာတန်ကို အောင်မြင်ပြီး ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ဤအချိန်မှစ၍ ယောဘသည် စာတန်လက်ထဲသို့ အပ်နှံခြင်းကို မည်သည့်အခါမျှ ထပ်မံ၍ မခံရမည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပါဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲ၌ အသက်ရှင်ခဲ့ရသည်...သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီး သူသည် လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည်…

Some of Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။