အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅) ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) အပိုင်း သုံး

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စပ်လျဉ်း၍၊ ရင်းနှီးသော ခေါင်းစဉ်တစ်ခုဖြစ်နိုင်သော်လည်း ဆွေးနွေးပြောဆိုသည့်အခါ အချို့ လူတို့အတွက် စိတ်ကူးသက်သက် အနည်းငယ် ဖြစ်ကောင်းဖြစ်လာနိုင်ပြီး အနည်းငယ် နက်နဲကာ ၎င်းတို့ အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့ရာတွင် စိုးရိမ်ပူပန်စရာမလိုပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်စေရန် ငါကူညီမည်။ လူတစ်ဦးသည် မည်သို့သော လူအမျိုးအစား ဖြစ်ကြောင်း နားလည်ဖို့ရန်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ လုပ်ရပ်များ၏ ရလဒ်တို့ကို ကြည့်လော့၊ ထို့နောက် ထိုလူ၏ အနှစ်သာရကို သင်မြင်နိုင်လိမ့်မည် ဖြစ်သည်။ ဤနည်းအတိုင်း ဆို၍ရနိုင်ပါသလော။ (ဆိုနိုင်ပါသည်။)

ထိုသို့ဖြစ်လျှင် ပထမဦးစွာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ဤရှုထောင့်မှ မိတ်သဟာယပြုကြစို့။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်၊ ထို့ကြောင့် စာတန်၏ လူသားအပေါ် လုပ်ဆောင်ချက်များသည် ၎င်းတို့ကို မရပ်မနား ဖောက်ပြန်ပျက်စီးစေရန် ဖြစ်သည်။ စာတန်သည် ဆိုးယုတ်သည်၊ ထို့ကြောင့် ၎င်းဖျက်ဆီးထားသော လူများသည်လည်း ဧကန်မုချ ဆိုးယုတ်၏၊ ဟုတ်ပါသလော။ “စာတန်က ဆိုးယုတ်သော်လည်း ၎င်းဖျက်ဆီးထားသော တစ်စုံတစ်ယောက်သည် သန့်ရှင်းကောင်း သန့်ရှင်းလိမ့်မည်” ဟု တစ်ဦးတစ်လေက ပြောမည်လော။ ယင်းသည် ရယ်စရာတစ်ခု ဖြစ်လိမ့်မည်၊ မဟုတ်လော။ ထိုသို့သောအရာသည် ဖြစ်နိုင်မည်လော။ (မဖြစ်နိုင်ပါ။) စာတန်သည် ဆိုးယုတ်သည်၊ ၎င်းတွင် ဆိုးယုတ်မှုတွင် ပဓာနကျသည့်အရာတစ်ခုနှင့် လက်တွေ့ကျသည့်ဖက် နှစ်ခုလုံးရှိသည်။ ဤသည်မှာ အချည်းနှီး စကားမျှသာ မဟုတ်။ ငါတို့သည် စာတန်ကို သွားပုပ်လေလွင့် ပြောဆိုရန် ကြိုးပမ်းနေခြင်း မဟုတ်ပေ။ ငါတို့သည် သမ္မာတရားနှင့် လက်တွေ့အရှိတရားအကြောင်းကို မိတ်သဟာယ ပြုနေခြင်းသာ ဖြစ်သည်။ ဤအကြောင်းအရာ၏ လက်တွေ့ အရှိတရားအပေါ် မိတ်သဟာယပြုခြင်းသည် လူအချို့ သို့မဟုတ် အချို့သော လူအုပ်စုများကို ထိခိုက်ကောင်း ထိခိုက်မိလိမ့်မည်၊ သို့ရာတွင် မလိုမုန်းထားသော ရည်ရွယ်ချက်မရှိပေ။ သင်တို့သည် ယနေ့တွင် ဤအရာကို ကြားကြရပြီး အနည်းငယ် မသက်မသာ ဖြစ်နိုင်ကောင်းဖြစ်နိုင်သည်၊ သို့သော် မကြာမီ တစ်နေ့နေ့တွင် ထိုအရာကို သင်တို့ အသိအမှတ် ပြုလာနိုင်သောအခါ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ရွံရှာကြလိမ့်မည်ဖြစ်ပြီး ယနေ့ ငါတို့ပြောဆိုသည့်အရာသည် သင်တို့အဖို့ အလွန်အသုံးဝင်ပြီး အလွန်တန်ဖိုးရှိသည်ဟု သင်တို့ခံစား ကြရလိမ့်မည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်။ ထို့ကြောင့် စာတန် လုပ်ရပ်များ၏ အကျိုးဆက်များသည် မလွဲဧကန် ဆိုးယုတ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် ဆိုးယုတ်မှုနှင့် ဆက်နွှယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သို့ဖြစ်လျှင် စာတန်သည် လူကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ လောကထဲနှင့် လူသားမျိုးနွယ်များကြား စာတန် လုပ်ဆောင်သည့် ဆိုးယုတ်မှုထဲမှ၊ မည်သည့် တိကျသော ရှုထောင့်များသည် လူတို့အဖို့ မြင်သာပြီး သတိထားမိ လောက်စရာ ဖြစ်သနည်း။ ဤအရာကို သင်တို့ ယခင်က စဉ်းစားဖူးသလော။ သင်တို့သည် ထိုကိစ္စကို သိပ်ထည့်စဉ်းစားကောင်း စဉ်းစားမည်မဟုတ်၊ ထို့ကြောင့် အဓိကကျသော အချက်အချို့ကို ငါတင်ပြပါရစေ။ စာတန်အဆိုပြုသည့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို လူတိုင်း သိကြသည်၊ ဟုတ်ပါ၏လော။ ဤသည်မှာ လူက လေ့လာသင်ကြားသည့် အသိပညာနယ်ပယ်တစ်ခု ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်ရာ၊ စာတန်သည် ပထမဦးစွာ လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုပြီး ၎င်းတို့အား အသိပညာ ပေးဖို့ရန် မိမိကိုယ်တိုင်၏ ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုလေသည်။ ထို့နောက် ၎င်းသည် အသိပညာ၊ သိပ္ပံနှင့် နက်နဲသော အရာများ သို့မဟုတ် လူအများ လေ့လာစူးစမ်းလိုစိတ်ရှိသော ကိစ္စရပ်များတွင် သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးရင်း လူကို ဖောက်ပြန်ပျက်စီးစေဖို့ သိပ္ပံပညာကို အသုံးပြုလေသည်။ လူကို ဖျက်ဆီးရန် စာတန် နောက်ထပ်သုံးသော အရာများမှာ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးခြင်းတို့ဖြစ်ပြီး ယင်းနောက်တွင် လူမှုရေး ရေပန်းစားမှုများ ဖြစ်သည်။ ဤအရာများအားလုံးသည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် ကြုံရသည့် အရာများဖြစ်ပြီး အားလုံးသည် လူတို့နှင့် ကပ်လျက် တည်ရှိကြလေသည်။ ထိုအရာများအားလုံးသည် ၎င်းတို့ မြင်သောအရာ၊ ၎င်းတို့ကြားသောအရာ၊ ၎င်းတို့ ထိတွေ့သောအရာနှင့် ၎င်းတို့ တွေ့ကြုံသော အရာများနှင့် ဆက်နွှယ်နေသည်။ လူသားအယောက်စီတိုင်းသည် ၎င်းတို့ ဖြစ်ချင်လျှင်ပင် ထိုအရာများမှ မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင် သို့မဟုတ် မလွတ်ကင်းစေနိုင်ဘဲ ၎င်းတို့၏ အသက်တာများကို ဤအရာများ ဝန်းရံလျက် အသက်ရှင်ကြလေသည်။ ဤအရာများနှင့် ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အကူအညီမဲ့ပြီး၊ လူသား လုပ်နိုင်သမျှမှာ အလွှမ်းမိုးခံရဖို့၊ ကူးစက်ခံရဖို့၊ ထိန်းချုပ်ခံရဖို့နှင့် ထိုအရာများဖြင့် ချုပ်နှောင် ခံရဖို့သာ ဖြစ်သည်။ လူသားသည် ထိုအရာများမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ အစွမ်းတန်ခိုး ကင်းမဲ့လေသည်။

၁။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ

ပထမဦးစွာ၊ အသိပညာအကြောင်း ငါတို့ပြောကြမည်။ အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) လုံးဝမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ အသိပညာကို သင်ပိုမိုသင်ယူလေ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက၊ ယင်းအထဲက မည်သည့်အရာ အမျိုးအစားသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များ ပြောသော စကားလုံးများကိုယ်၌က လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာမျိုးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေလိမ့်မည်နည်း။ ယင်းသည် ဒါရိုက်တာ၏ အမြင်များကို ကိုယ်စားပြုသည့် အစီအစဉ်၏ အဓိက စိတ်ကူးများနှင့် အကြောင်းအရာများဖြစ်ပေမည်။ ယင်းအမြင်များကို သယ်ဆောင် လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ထိုသို့မဟုတ်လော။ လူများကို ဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်း အကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်း နေကြောင်း ယခု သင်တို့သိကြပြီ။ သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တစ်ခါ ဝတ္ထု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဖတ်သည့်အခါ ရေးသားထားသည့် စကားများတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်း ရှိမရှိ သို့မဟုတ် လူသားမျိုးနွယ်ကို ဖြည့်ဆည်း ပေးခြင်း ရှိမရှိ ဆိုသည်ကို သင်သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အတိုင်းအတာ အနည်းငယ် လုပ်နိုင်ပါသည်။) ဤသည်မှာ တဖြည်းဖြည်းချင်း လေ့လာပြီး တွေ့ကြုံရမည့် တစ်စုံတစ်ရာမျိုးဖြစ်ပြီး ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်ရသည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘောဆောင်သော ရှုထောင့်များသည် ယင်းနယ်ပယ် အကြောင်းနှင့်ဆိုင်သည့် ယေဘူယျ အသိပညာကို သင် နားလည်စေရန် ကူညီကောင်း ကူညီနိုင်သော်လည်း၊ လူတို့သည် မည်သည့်အရာကို ရှောင်ရှားသင့်သည်ကိုလည်း သိစေနိုင်သည်။ ဥပမာအားဖြင့်၊ “လျှပ်စစ်” ကိုကြည့်ပါ- ဤသည်မှာ အသိပညာနယ်ပယ် တစ်ခုဖြစ်သည် မဟုတ်လော။ လျှပ်စစ်က လူကို ဓာတ်လိုက်ပြီး ထိခိုက်နိုင်သည်ကို သင်မသိခဲ့ပါက၊ သင်သည် အလွန်မသိ နားမလည်ဖြစ်လိမ့်မည် မဟုတ်လော။ သို့သော် ဤအသိပညာ နယ်ပယ်ကို သင်နားလည်လာသည်နှင့်တစ်ပြိုင်နက်၊ လျှပ်စစ် ပစ္စည်းများကို ထိကိုင်ခြင်းနှင့်ပတ်သက်၍ သင်သည် သတိမမူဘဲ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလိမ့်မည်။ ဤအရာများသည် နှစ်ခုစလုံး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။ အသိပညာက လူတို့ကို ပျက်စီးစေပုံအရ၊ ငါတို့ ဆွေးနွေးနေခဲ့ပြီး ဖြစ်သည့်အရာနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသလော။ ကမ္ဘာပေါ်တွင် လေ့လာရသည့် အသိပညာ အမျိုးအစားများစွာရှိပြီး ၎င်းတို့ကို မိမိအတွက် ခွဲခြားသိဖို့ရန် သင့်အနေဖြင့် အချိန်ယူရမည်ဖြစ်သည်။

၂။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ

သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည် သိက္ခာ မြင့်မြင့်မားမား စွဲကိုင်ထားပြီး နက်နဲ သိမ်မွေ့လှသည်ဟု ယူဆခံထားရသည် မဟုတ်လော။ သိပ္ပံပညာကို ဖော်ပြသည့်အခါ၊ “ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် အရာဖြစ်သည်၊ သိပ္ပံဆိုင်ရာ သုတေသနပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများ ကသာ မီနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ကဲ့သို့သော သာမန်လူတို့နှင့် ဘာမျှသက်ဆိုင်ခြင်း မရှိပါ” ဟု လူတို့ မခံစားရသလော။ ယင်းသည် သာမန်လူတို့နှင့် ဆက်စပ်မှု တစ်ခုတစ်လေ ရှိပါသလော။ (ရှိပါသည်။) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို မည်သို့ အသုံးပြုသနည်း။ ဤတွင် ကျွန်ုပ်တို့၏ ဆွေးနွေးချက်ထဲတွင်၊ မိမိတို့၏ကိုယ်ပိုင် အသက်တာများထဲ၌ လူတို့ မကြာခဏ ကြုံတွေ့ရသည့် အရာများအကြောင်းသာ ငါတို့ ဆွေးနွေးပြောဆို ကြမည်ဖြစ်ပြီး အခြားကိစ္စရပ်များကို လျစ်လျူရှုကြမည်ဖြစ်သည်။ “ဗီဇ” ဟူသည့် စကားလုံးတစ်လုံး ရှိ၏။ ယင်းကို သင်ကြား ဖူးပါသလော။ သင်တို့အားလုံးသည် ဤဝေါဟာရနှင့် အကျွမ်းတဝင် ရှိကြသည်၊ မဟုတ်လော။ မျိုးစေ့ဗီဇများကို သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်လော။ လူတို့အဖို့ ဗီဇများသည် အတိအကျ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုဖြစ်သည်ဟု လူတို့ကို ခံစားစေသည် မဟုတ်လော။ လူတို့ကို ဤအကြောင်းအရာ အစပျိုး လိုက်သည့်အချိန်တွင်၊ အသေးစိတ်များကို ပိုသိလိုပြီး ပိုလိုချင်ကြမည့် အထူးသဖြင့် စူးစမ်းချင်စိတ်ပြင်းပြသည့် လူအချို့ ရှိကြမည်မဟုတ်လော။ ဤစူးစမ်းချင်စိတ် ပြင်းပြသည့် လူတို့သည် ဤအကြောင်းအရာအပေါ် မိမိတို့၏အင်အားကို ဗဟိုပြုထားလိမ့်မည်ဖြစ်ပြီး၊ လုပ်စရာ အခြားအရာများ မရှိသည့်အခါ ထိုအရာနှင့်ပတ်သက်၍ အသေးစိတ် ပိုမို လေ့လာသင်ယူဖို့ရန် စာအုပ်များထဲနှင့် အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ရှာဖွေကြလိမ့်မည်ဖြစ်သည်။ သိပ္ပံပညာ ဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာ ဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးများ နှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ လူတို့ မသိရှိသည့်အရာနှင့် ဘုရားသခင်က ၎င်းတို့ကို ပြောပြမထားသည့် အရာများ ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲမှုများအကြောင်း အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်သည်။ သိပ္ပံပညာ၏ နယ်ပယ်ကား အဘယ်နည်း။ ယင်းက တော်တော်ကျယ်ပြန့်သည်ဟု သင် ဆိုနိုင်သည်။ လူသားသည် မိမိ စိတ်ဝင်စားသောအရာတိုင်းကို သုတေသနပြုပြီး လေ့လာကြသည်။ သိပ္ပံပညာတွင် ဤအရာများ နှင့်ဆိုင်သော အသေးစိတ်အချက်များနှင့် ဥပဒေသများကို သုတေသနပြုခြင်း ပါဝင်ပြီးနောက်၊ လူတိုင်းကို “ဤသိပ္ပံပညာရှင်များသည် တကယ်ကို အံ့ဩချီးမွမ်းဖွယ် ဖြစ်သည်။ ဤအရာများကို နားလည်လောက်သည့် များလှစွာသော အရာများကို ၎င်းတို့ သိရှိကြသည်။” ဟု စဉ်းစားစေဖို့ ဖြစ်စေသည့် ယုတ္တိရှိသော သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အလွန် လေးစားကြည်ညိုမှု ရှိကြသည်၊ မဟုတ်လော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူတို့သည် မည်သည့် အမြင်မျိုးကို သင်စွဲကိုင်သနည်း။ ၎င်းတို့သည် စကြဝဠာကို သုတေသန ပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်တွင်ရှိသော နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော သိပ္ပံပညာရပ်များ၌၊ လူတို့သည် ထင်မြင်ချက်ဖြင့် ၎င်းတို့၏ ကောက်ချက်များချတတ်ကြပြီး အခြားအရာများ၌မူ လူတို့သည် ကောက်ချက်များချရန် လူသား၏ အတွေ့အကြုံအပေါ် အမှီပြု ကြသည်။ သို့တိုင် အခြားသိပ္ပံပညာနယ်ပယ်များ၌၊ လူတို့သည် သမိုင်းနှင့် နောက်ခံအကြောင်းတို့ လေ့လာခြင်းများအပေါ် အခြေခံ၍ ၎င်းတို့၏ ကောက်ချက်များ ချလာတတ်ကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် မည်သည့်အရာ လုပ်ဆောင် ပေးသနည်း။ သိပ္ပံညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ပိုင်ဆိုင်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသော စိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်းခြင်းခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးဖြစ်သည့် လူအချို့ပင်လျှင် ပေါက်ပေါက်ရှာရှာ စိတ်ကူးဖြင့် သွား၍ ဗက်တီးရီးယားပိုးကို သုတေသနပြုကြလိမ့်မည် သို့မဟုတ် အကြောင်းကိစ္စတစ်ခုအဖို့ အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြလိမ့်မည်။ ထိုသို့သော လူတို့သည် အကြောင်းကိစ္စများကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မကြည့်သကဲ့သို့၊ များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာ အမြင်များ၊ သို့မဟုတ် အသိပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ ဖြေရှင်းချက်များကို အားထား လိုကြသည်။ ဘုရားသခင်ကို ၎င်းတို့ အားမကိုးကြသကဲ့သို့ ဘုရားသခင်ကို မရှာဖွေကြပေ။ ဤသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သိပ္ပံပညာကို ၎င်းတို့ လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသန ပြုလိုသည့် လူအချို့ပင် ရှိသည်။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယ ဝင်စေသည် မဟုတ်လော။ (ဝင်စေပါသည်။) ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို မည်သို့ အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်ချမှုများကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ (အသုံးပြုချင်ပါသည်။) ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။