အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ရှေ့ဆက်သွားသည့်ခရီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း ပြောဆိုခြင်းသည် သင်စကားပြောသောအခါ၌ ကျင့်သုံးသည့် မူဖြစ်လိမ့်မည်။ သင်တို့ စုဝေးသောအခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း သင်တို့မိတ်သဟာရဖွဲ့ကာ ပြောဆိုသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ စကားဝိုင်း၏ခေါင်းစဉ် ဖြစ်စေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ သင်တို့သိသော အကြောင်းအရာများကို ပြောဆိုသင့်သည်၊ သူ၏နှုတ်ကပတ်တော်ကို သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် မည်သို့ အလုပ်လုပ်ကြောင်း ပြောဆိုသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ကာ ပြောဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဤကမ္ဘာကို ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာဖြစ်စေလိုလျှင် လူသည်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင် ဘုရားသခင်သည် သူ့အလုပ်ကို မလုပ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို သင်မပြောလျှင်၊ ဘုရားသခင်က သင့်ကို အလင်းမပေးနိုင်ပေ။ သင်အားလပ်သည့် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို ပြောပါ။ စကားကို အကြောင်းမဲ့သက်သက်မပြောနှင့်။ သင့်အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်နေပါစေ၊ ထိုအခါ သင်သည် ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်၏ မိတ်သဟာရသည် အပေါ်ယံဖြစ်လျှင်ပင် တော်သေးသည်။ အကြောင်းမှာ အပေါ်ယံမရှိလျှင် နက်ရှိုင်းမှုလည်း ရှိမည်မဟုတ်ပေ။ သင်ဖြတ်သန်းသွားရမည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သင်၏ လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလင်းပေးမှုကိုသာမက ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ကို သင်ထိုးထွင်းသိမြင်လိမ့်မည်။ ထိုသို့ စူးစမ်းလေ့လာသည့် အချိန်ကာလလွန်လျှင် သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည်။ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် သင့်မှာ ရှိမှသာ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံရရှိလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအတွက် အခြေခံသဘောတရားနှင့်ဆိုင်သည့် အချက်နှစ်ချက်ရှိသည်။ ပထမတစ်ချက်သည် ဉာဏ်ပညာနှင့်ဆိုင်ပြီး ဒုတိယတစ်ချက်သည် ဝင်ရောက်ခြင်းနှင့် ဆိုင်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိသင့်သနည်း။ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို သင်သိသင့်သည် (ဆိုလိုသည်မှာ ဘုရားသခင်သည် ယနေ့ မည်သည့်ခေတ်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သနည်း၊ ဘုရားသခင်သည် ယနေ့ မည်သည့်အရာကို အထမြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒရှိသနည်း၊ လူဇာတိခံယူခြင်း ဆိုသည်မှာ အဘယ်နည်း စသည်တို့နှင့်ဆိုင်သော စကားများဖြစ်သည်။ ၎င်းတို့အားလုံးသည် ရူပါရုံနှင့်ဆိုင်သောအရာများဖြစ်သည်)။ လူသည် မည်သည့် နည်းလမ်းဖြင့် နှုတ်ကပတ်တော်ခေတ်ကို ဝင်ရောက်သင့်သနည်း။ ထိုနည်းလမ်းသည် လူက လက်တွေ့ လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့်ဆိုင်သော အချက်နှစ်ချက်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုနည်းလမ်းဖြင့် စားသောက်ပါ။ ရူပါရုံနှင့် ပတ်သက်သော နှုတ်ကပတ်တော်များကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်လျှင်၊ နှုတ်ကပတ်တော်ကို ထပ်ဖတ်ဖို့ မလိုတော့ပါ။ အရေးအကြီးဆုံးမှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်၊ လူဇာတိကို မည်သို့ စွန့်လွှတ်ရမည် စသည့် ဝင်ရောက်ခြင်း အပေါ်၌ နှုတ်ကပတ်တော်များကို စားသောက်ဖို့ ဖြစ်သည်။ ထိုအရာသည် သင်လက်တွေ့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို မသိလျှင်၊ စစ်မှန်သော မိတ်သဟာရဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်သိပြီး အဓိကအချက်ကို နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် မိတ်သဟာရသည် လွတ်လပ်လာလိမ့်မည်။ မည်သည့်အရေးကိစ္စ ပေါ်လာသည်ဖြစ်စေ သင်သည် မိတ်သဟာရဖွဲ့ပြီး ထိုအကြောင်းအရာကို ပြောဆိုနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး စစ်မှန်မှုကို နားလည်နိုင်လိမ့်မည်။ စစ်မှန်မှု မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ပြောဆိုခြင်းမှာ ဘယ်အရာက အဓိကဖြစ်သည်ကို သင်နားမလည်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိကြောင်းကို ဖော်ပြနေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၌ ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ ထိုသို့သော အခြေအနေသည် ပုံမှန် မဟုတ်ပေ။ ပုံမှန်အခြေအနေဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သောအခါ၌ မည်သည့်အခါမျှ မပင်ပန်းခြင်း ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲဆာငတ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကောင်းသည်ဟု အမြဲတွေးခြင်း ဖြစ်သည်။ အမှန်တကယ် ဝင်ရောက်ပြီးသောသူသည် နှုတ်ကပတ်တော်ကို ထိုသို့ စားသောက်လေ့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်တကယ် လက်တွေ့ကျပြီး လူက ဝင်ရောက်သင့်သောအရာပင် ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကြီးမားသော အထောက်အကူဖြစ်သည်၊ လူအတွက် အလွန်အကျိုးရှိသည်၊ လူ့အသက်ကို ထောက်ပံ့သောအရာ ဖြစ်သည်ဟု သင်ခံစားရလျှင်၊ ထိုခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကိုပေးသော ခံစားချက်ဖြစ်သည်။ ထိုသို့သော ခံစားချက်ရှိခြင်းက သန့်ရှင်းသော ဝိညာဉ်တော် သင့်အထဲ၌ အလုပ်လုပ်နေကြောင်း၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားကြောင်းကို သက်သေပြနေသည်။ အချို့က ဘုရားသခင် အမြဲစကားပြောနေကြောင်းကို မြင်သောအခါ ဘုရားသခင်၏ စကားများကို ငြီးငွေ့လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်ဘဲနေသည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ ရှိလိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ထိုသို့ထင်ခြင်းသည် ပုံမှန်အခြေအနေ မဟုတ်ပေ။ သူတို့၏ နှလုံးသားသည် စစ်မှန်မှုကို ဝင်ရောက်ရန် ဆာငတ်တောင့်တခြင်း မရှိပေ။ ထိုသို့သောသူတို့သည် စုံလင်မှုကိုလည်း မဆာငတ်ကြ၊ စုံလင်ခံရခြင်းသည် အရေးကြီးသည်ဟုလည်း မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်သည် ဆာငတ်ခြင်းမရှိဟု ရှာဖွေတွေ့ရှိသောအခါတိုင်း ယင်းသည် သင်၏ အခြေအနေမှာ ပုံမှန် မဟုတ်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ အတိတ်တွင် သင့်ကို ဘုရားသခင် စွန့်ခွာသလား၊ မစွန့်ခွာဘူးလားဟူသည့် အချက်သည် သင်၏အထဲ၌ ငြိမ်သက်ခြင်း ရှိ၊ မရှိနှင့် ဝမ်းမြောက်မှုကို ခံစားရခြင်း ရှိ၊ မရှိတို့အပေါ် မူတည်သည်။ ယခုအချိန်၌ အဓိကအချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်သလား၊ မဆာငတ်ဘူးလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏အသက်တာထဲရှိ လက်တွေ့အရှိတရား ဟုတ်၊ မဟုတ်၊ သင်သည် သစ္စာရှိသောသူ ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်အတွက် သင်လုပ်နိုင်သောအရာကို လုပ်နိုင်စွမ်း သင့်မှာ ရှိ၊ မရှိဟူသည့် အချက်များဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုအားဖြင့် တရားစီရင်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးထံသို့ ဦးတည်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုလိုလားလားဖတ်လိုလျှင် ဘုရားသခင်က သင့်ကို အသိဉာဏ် ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က လိုလိုလားလား ဖတ်လိုစိတ်မရှိလျှင်မူ ဘုရားသခင်က သင့်ကို အသိဉာဏ်ပွင့်လင်းစေမည် မဟုတ်။ ဖြောင့်မတ်ခြင်းကို ဆာငတ်၊ မွတ်သိပ်သောသူတို့ကို ဘုရားသခင်သည် အသိဉာဏ်ပွင့်လင်းစေသည်၊ သူ့ကို ရှာသောသူတို့ကိုလည်း အသိဉာဏ်ပွင့်လင်းစေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်ရှုပြီးသည့်တိုင်အောင် ဘုရားသခင်သည် သူတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ နှုတ်ကပတ်တော်များကို မည်သို့ ဖတ်ကြသနည်း။ မြင်းပေါ်ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ကြည့်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်လျှင်၊ ဘုရားသခင် ပြောသည့် စစ်မှန်မှုကို အရေးကြီးသည်ဟု သဘောမထားလျှင်၊ ဘုရားသခင်က သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့လျှင် ခံရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးမထားလျှင် သင့်မှာ သမ္မာတရား သော်လည်းကောင်း၊ စစ်မှန်မှုသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်၊ ထိုအခါ သင်သည် စစ်မှန်မှုကို ရရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အခြေအနေ၌မဆို သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင်ပင်ပန်းနေသည်ဖြစ်စေ၊ မပင်ပန်းသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ရမည်။ အားလုံးကို ခြုံပြီးသုံးသပ်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်နေ့ အစာ သုံးကြိမ် စားသကဲ့သို့ စားရမည်။ ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးသည်ကို ခံရဖို့နှင့် ရယူခြင်းကို ခံရဖို့သည် ရိုးရှင်းသော အရာတစ်ခု ဖြစ်နိုင်ပါသလား။ လက်ရှိအချိန်၌ သင်နားလည်လည်၊ မလည်လည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိရှိ၊ မရှိရှိ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုပြီး စားသောက်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဝင်ရောက်ရန်အတွက် ကိုယ်တိုင်စလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပါ၊ သင်မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားပါ။ အစပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သင်နားမလည်နိုင်သောအရာများစွာ ရှိနိုင်သည်၊ သို့သော် နှစ်လ၊ သုံးလကြာလျှင်သော်လည်းကောင်း၊ တစ်နှစ်ခန့် ကြာသွားလျှင်သော် လည်းကောင်း သင်နားလည်လာလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်နှင့် စုံလင်အောင် ပြုလုပ်မပေးနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်သောအခါ၊ များသောအားဖြင့် ဖတ်နေချိန်တွင် သင်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုသို့ဖြစ်နေသောအချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စာသက်သက်သာဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သည်၊ အချိန်အတိုင်း အတာတစ်ခုအထိ အတွေ့အကြုံ ရရှိပြီးမှသာ သင့်မှာ နားလည်နိုင်စွမ်းရှိလိမ့်မည်။ ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သင်သည် သူ့နှုတ်ကပတ်တော်ကို စားသောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်သည်။ ထိုသို့ပြုလျှင် သင့်ကိုယ်သင် သတိမထားမိဘဲ နားလည်လာမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါ၌ အများအားဖြင့် လူသည် သူ့ကိုယ်သူ သတိ မထားမိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်၊ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် မူသည် သင်စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌ ဗဟိုပြုထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အရေးကြီးသည်ဟု မသတ်မှတ်ဘဲ နှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် အခြားသော သဘောထားရှိသော သူများအားလုံး၊ နှုတ်ကပတ်တော်ကို အရေးမထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖတ်၊ မဖတ်ဖတ် ဘာမျှထူးမည် မဟုတ်ဟု ယုံကြည်သောသူများ အားလုံးသည် စစ်မှန်မှုမရှိသူများ ဖြစ်သည်။ ထိုသို့သော သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေမှုကိုသော်လည်းကောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အားမစိုက်ဘဲ လုပ်ဆောင်နေသူများဖြစ်သည်၊ ဦးနန်ဂုအို အကြောင်း ပြောထားသည့် ပုံဥပမာ[က] ကဲ့သို့ပင် အရည်အချင်းစစ်မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏စစ်မှန်မှုအဖြစ် မရှိလျှင် သင့်မှာ စစ်မှန်သော ဝိညာဉ်အသက်တာ မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်သောအခါ၌ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်၊ ထိုအခါ သင်၏ ဝိညာဉ်အသက်တာအစစ်သည် ပေါ်လာလိမ့်မည်။ သို့သော်လည်း ထိုအချိန်၌ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားရှာဖွေသော သူများသည် ဘုရားသခင်လုပ်သော အလုပ်၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရားကို ပိုင်ဆိုင်သောသူ၊ ဘုရားသခင်ကို ငတ်မွတ်သောသူသည် ဘုရားသခင်၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့လုပ်ဆောင်သင့်သည်။ စစ်မှန်မှုမရှိသော သူများသည် အသေးအမွှား ကိစ္စလေးများကို ကြုံသောအခါ၌ပင် ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်စွမ်း မရှိကြပေ။ ဝိညာဉ်အသက်တာအစစ်ရှိသောသူများနှင့် ဝိညာဉ်အသက်တာအစစ် မရှိသောသူများ ရိုးရှင်းစွာ ကွာခြားသည့်အရာတစ်ခု ရှိသည်။ နှစ်ဖွဲ့စလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကြသော်လည်း စမ်းသပ်မှုနှင့် ကြုံသောအခါ၌ အဘယ်ကြောင့် အချို့က ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်သော်လည်း အချို့ကမူ ထွက်ပြေးကြသနည်း။ ထင်ရှားသော ခြားနားမှုမှာ ထွက်ပြေးသောသူများ၌ ဝိညာဉ်အသက်တာအစစ် မရှိခြင်းဖြစ်သည်၊ သူတို့၌ ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု မရှိပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့အထဲ၌ အမြစ်မတွယ်သေးပေ။ စမ်းသပ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြ။ သို့ဖြစ်လျှင် အချို့က အလားတူ အခြေအနေမျိုးနှင့် ကြုံသော်လည်း အဘယ်ကြောင့် ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၌ ရူပါရုံ ကြီးကြီးမားမား ရှိသောကြောင့်ဖြစ်သည် သို့မဟုတ် သူတို့၏အထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကိုယ်တိုင် ကြုံတွေ့ခံစားရသည့်အရာဖြစ်လာပြီး သူတို့ လက်တွေ့မြင်သော အရာသည် သူတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ် ဖြစ်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် စမ်းသပ်မှုများနှင့် ကြုံသောအခါ၌ ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ ထိုသို့သော အသက်တာသည် ဝိညာဉ်အသက်တာအစစ် ဖြစ်သည်၊ ထိုသို့ဖြစ်ခြင်းသည်လည်း ဘဝပင်ဖြစ်သည်။ အချို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ကောင်းဖတ်လိမ့်မည်၊ သို့သော် တစ်ကြိမ်တစ်ခါမျှ လက်တွေ့လုပ်ဆောင်ခဲ့ခြင်း မရှိပေ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် စိတ်အားထက်သန်ခြင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ စိတ်အားထက်သန်ခြင်း မရှိသောသူများသည် လက်တွေ့လုပ်ဆောင်ခြင်းက အရေးကြီးသည်ဟုလည်း မသတ်မှတ်ပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု မရှိသောသူများသည် ဝိညာဉ်အသက်တာအစစ် မရှိသော သူများဖြစ်သည်။ ထိုသို့သောသူများသည် စမ်းသပ်မှုများကို ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်စွမ်း မရှိကြပေ။

ဘုရားသခင် စကားပြောသောအခါ၌ ဘုရားသခင်၏ စကားများကို စားသုံးရန်အတွက် သင်သည် ချက်ချင်း လက်ခံသင့်သည်။ မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးဖို့၊ နားလည်ဖို့၊ လက်တွေ့လုပ်ဆောင်ဖို့ကသာ အဓိကဖြစ်သည်ဟူသည့် အမြင်ကို စွဲကိုင်ထားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်လုပ်သင့်သောအရာဖြစ်သည်။ သင်၏ ဝိညာဉ်အသက်တာ မည်မျှကြီးထွားလာမည်နည်းဟူသည့် အချက်နှင့်ပတ်သက်၍ စိတ်မပူနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးဖို့ကိုသာ အာရုံစိုက်ပါ။ လူသည် ထိုသို့ ပူးပေါင်းလုပ်ဆောင်သင့်သည်။ သင်၏ ဝိညာဉ်အသက်တာဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကာ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။ အခြားဘယ်အရာကိုမှ သင်အာရုံမစိုက်သင့်။ အသင်းတော်မှခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို ညီအစ်ကိုမောင်နှမများအားလုံး သိအောင် ဦးဆောင်လမ်းပြ နိုင်စွမ်း ရှိသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းတော်မှခေါင်းဆောင်များအားလုံး၏ တာဝန်ဖြစ်သည်။ အသက်ကြီးကြီး ငယ်ငယ် သူတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းကို အရေးကြီးသည့် ကိစ္စတစ်ခုအဖြစ်မြင်ပြီး သူတို့၏ နှလုံးသားထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်ကို သိမ်းထားသင့်သည်။ သင်သည် ဤစစ်မှန်မှုထဲသို့ ဝင်ရောက်လျှင် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ယနေ့ ခေတ်၌ လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ အသက်ရှင်နိုင်စွမ်းမရှိဟု ခံစားရပြီး မည်သည့်အချိန်မှာဘဲဖြစ်ဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဆန်းသစ်သည်ဟု ခံစားရသည်။ ထိုသို့ခံစားရလျှင် လူသည် လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်ရန်နှင့် လူကို ကူညီထောက်ပံ့ရန်အတွက် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တ၊ ဆာငတ်သောအခါ ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာလောကသို့ ဝင်ရောက်ကြလိမ့်မည်။

ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သင်မည်မျှ သိသနည်း။ သင်သည် မည်မျှ ဝင်ရောက်ပြီး ဖြစ်သနည်း။ အသင်းတော်မှခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဦးဆောင်လမ်းပြခြင်း မပြုရသေးလျှင် သူတို့သည် တာဝန် မကျေသေးပေ၊ သူတို့၏တာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ သုံးဆောင်ခြင်းသည် မည်မျှနက်ရှိုင်းသည်ဖြစ်စေ သို့မဟုတ် မည်မျှ သင်လက်ခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့စားသောက်ရမည်ကို သင်သိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရေးကြီးသည်ဟု သင်မှတ်ယူရမည်၊ ထိုသို့စားသောက်ခြင်း၏ အရေးကြီးပုံနှင့် လိုအပ်မှုကို သင်နားလည်ရမည်။ ဘုရားသခင်သည် များစွာပြောခဲ့ပြီးပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း မပြုလျှင် သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မရှာဖွေလျှင် သို့မဟုတ် နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်လျှင် ဘုရားသခင်ကို သင်ယုံကြည်သည်ဟု မသတ်မှတ်နိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသည့်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောသော်လည်း သူ၏ မည်သည့်နှုတ်ကပတ်တော်ကိုမျှ သင်သည် အများရှေ့တွင် မပြောနိုင်လျှင် သို့မဟုတ် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်ကို သင်မယုံဟု သတ်မှတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် "အဆာပြေဖို့အတွက် အစာရှာခြင်း"ဖြစ်သည်။ အရေးမပါသော သက်သေခံချက်၊ အသုံးမဝင်သောကိစ္စများနှင့် အပေါ်ယံကိစ္စများကိုသာ ပြောဆိုခြင်းနှင့် စစ်မှန်မှု နည်းနည်း လေးမျှ မရှိခြင်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အပြုအမူများ၌ မပါဝင်ပေ။ ဘုရားသခင်ကို မှန်ကန်သည့်နည်းလမ်းဖြင့် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုလည်း သင်နားမလည်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် သင်ပိုပြီး စားသောက်ရမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုဘဲ၊ ကောင်းကင်နိုင်ငံသို့ရောက်ဖို့သာ ကြိုးစားနေလျှင် ထိုအရာကို ယုံကြည်ခြင်းဟု သတ်မှတ်ပါသလား။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့် အဆင့်ဖြစ်သနည်း။ ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်သော သင့်ကို ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ပကတိအရှိတရားအဖြစ် မသတ်မှတ်လျှင် သင့်ကို နိုင်ငံတော်နှင့်ဆိုင်သော သူတစ်ဦးဟု သတ်မှတ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေနှင့် ပြင်ပန်းသဏ္ဌာန်အားဖြင့် ကောင်းသောအကျင့်စရိုက်များကို ပိုင်ဆိုင်သူဖြစ်သင့်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိသူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ မစွန့်ပစ်ရ။ ဘုရားသခင်ကိုသိသော သင်၏အသိနှင့် ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ခြင်း အားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ အနာဂတ်တွင် နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို နှုတ်ကပတ်တော်အားဖြင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက်စကားပြောလိမ့်မည်၊ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည်၊ ထိုအခြင်းအရာအားဖြင့် လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နေရာအနှံ့အပြား ပျံ့နှံ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းပြောကြသည်၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ လုပ်ဆောင်ကြသည်၊ နှလုံးသားထဲ၌ သိမ်းဆည်းထားကြသည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်၊ အတွင်းကော အပြင်ပါ လူတို့သည် ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း တည်နေကြသည်၊ ထို့ကြောင့် သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ပြီး ဘုရားသခင်၏အကြောင်း သက်သေခံနိုင်သောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု ရှိသောသူများဖြစ်သည်။

နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ခြင်း၊ တစ်နည်းအားဖြင့် အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခြင်းသည် လက်ရှိအချိန်၌ လုပ်ဆောင်ပြီးပြီဖြစ်သော အလုပ်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ကာ ပြောဆိုခြင်းကို လက်တွေ့လုပ်ဆောင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သဘာဝအလျောက် အသက်ရှင်နေထိုင်နိုင်သည်။ အခြားသူများ ယုံကြည်လက်ခံလာစေရန်အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို သင်ထုတ်လုပ်ရပေမည်။ အကယ်၍ သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို အသက်မရှင်မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသော သူများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခြင်း၏ လက်တွေ့အရှိတရား ရှိသောသူများဖြစ်သည်။အကယ်၍ သင်သည် ဤလက်တွေ့အရှိတရားကို မထုတ်လုပ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးကြောင်း၊ သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်း မခံရသေးကြောင်းကို ထိုအရာက ပြသပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ အရေးပါမှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောနှလုံးသား သင့်မှာ ရှိပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်သူများဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင် ကောင်းချီးပေးသည်ကို ခံစားရသည်။ အနာဂတ်တွင် ဂိုဏ်းဂဏများအားလုံး၊ ဂိုဏ်းစွယ်များအားလုံးကို ပြောမည့် နှုတ်ကပတ်တော်များ ဘုရားသခင်၌ များစွာရှိသေးသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကို ပြောဆိုပြီး သူ၏အသံတော်ဖြင့် မိန့်မြွက်ကာ ၎င်းတို့ကို သိမ်းပိုက်ခြင်းကို ဆက်လက်မလုပ်ဆောင်မီ ပထမဦးဆုံးအနေနှင့် သင်တို့အကြား၌ ပြောဆို၍ သူ၏အသံတော်ကို မြွက်ကြားကာ သင်တို့ကို ပြီးပြည့်စုံလင်စေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် အားလုံးသည် စိတ်ရင်းနှင့် အကြွင်းမဲ့ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဗျာဒိတ်တော်များကြောင့် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားပြီဖြစ်သည်။ အားလုံး၌ လူ၏ အသွင်သဏ္ဌာန် ရှိနေပြီး လူ၏ပုန်ကန်တတ်သော စိတ်သဘောထားသည်လည်း လျော့နည်းသွားပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ၌ အာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်း အတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်မည့် အလုပ်နှင့် သူ၏အလုပ်၌ အပြောင်းအလဲများ ဖြစ်စေမည့်အရာများအားလုံးကို သူ၏ နှုတ်ကပတ်တော်၌ ရှာဖွေတွေ့ရှိနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မဖတ်လျှင် သင်ဘာမျှနားလည်မည် မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကိုယ်တိုင် စားသောက်ခြင်းအားဖြင့်၊ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာရဖွဲ့ခြင်းအားဖြင့်၊ သင်၏ အတွေ့အကြုံအစစ်များအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းသိသော သင်၏အသိသည် တိုးပွားလာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ သင်သည် စစ်မှန်မှုအထဲ၌ လက်တွေ့အသက်ရှင် နေထိုင်နိုင်သည်။

အောက်ခြေမှတ်စုများ-

က။ မူရင်းစာ၌ "ပုံဥပမာ"ဟူသည့် စကားလုံးကို ချန်လှပ်ထားသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

0ရှာဖွေခြင်း ရလဒ်များ