ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁)

ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ရေးရာ ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ သာမန် ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ရုံသာမက ဘုရားသခင် ပြန်ကြွလာသည့် ခန္ဓာကိုယ်ထဲ၌လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ သိပ်ကို သာမည ဇာတိခန္ဓာပါ။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာ တစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားခဲ့ဘူးသည့် သမ္မာတရားများကို သင်ကြားရနိုင်ပါသည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များ အားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို ထမ်းဆောင်လျက် လူသားများ သိရှိလာရန် ရှိနေသေးသည့် လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြမှုလည်း ဖြစ်ပါသည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြင်ရဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သင်သည် လူသားမျိုးနွယ် သွားရမည့် ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်း မရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အား ပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အား ပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့် နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝ ဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကို လမ်းပြမည့်သူ ဖြစ်ပါသည်။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် နက်နဲမှုများ ကိုစွဲကိုင်ထားပါသည်။ သူ၏ အမှုများကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားများ ယုံကြည်ကြသလို သာမည လူ့ဇာတိ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ အလိုကို လည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသော ကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကို လည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသည့် နှုတ်ကပတ်တော်များကို မကြားနိုင်ရဘဲ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏ မျက်လုံးများကို မမြင်နိုင်ရဘဲ သူ၏ သံတုတ်ချောင်းဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏ နှုတ်ကပတ်တော် များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသထွက်မှုကို ကြားနိုင်ရပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာ ထားရှိကြောင်းကို သင်သိနိုင်ပါသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်အမြော်အမြင်ကို မြင်တွေ့နိုင်သည့်အပြင်၊ သင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ စေတနာနှင့် စောင်မမှုကို နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြားမှာ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားကို ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် ဖြစ်သည်။ သို့ဖြစ်၍ သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ သာမန် ဘုရားသခင် ဖြစ်သည်မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြပါမည်၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်၊ မြေကြီးသည် ကမောက်ကမ ဖြစ်လာလျက် လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်လျက် ကပ်ဘေး ဆိုက်လာမည်ကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီး ဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွှဲမရှောင် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့ သိသင့်ပါသည်။ ယင်းသာမည ဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့ အားလုံးသည် သင်တို့ မည်သို့ပင် ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင် ကြရပါမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားအား ရယူနိုင်မည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်မလာနိုင်ကြပါ။ ယင်းအစား သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် ပြစ်မှုများကြောင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကိုခံကြရပါမည်။ သင်တို့ သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်မလာခဲ့လျှင်၊ မည်သူမှာမှ ကယ်တင်ခံရမည့် အခွင့်အလမ်း ရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ယင်းကဲ့သို့ လူ့ဇာတိ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့မှာ ကြာလှပါပြီ။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်း ပင်လော။ သင်တို့သည် ယင်းသာမည လူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်မည် ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။

“ဘုရားသခင်သည် လူသားများအကြား၌@ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၂

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယုံကြည်ခြင်း၌ လူတစ်ဦးသည် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်ရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်ပတ်သက်ခြင်းသည် ယုံကြည်ခြင်းမဟုတ်” | ကောက်နုတ်ချက် ၄၃၅

မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကောင်းကင်နိုင်ငံတော်သီချင်း” | ကောက်နုတ်ချက် ၅၉

လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၈၈

လူသား၏ ရှေးရိုးစွဲအယူအဆများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ၏ကျေးဇူးတော်၊ သနားကရုဏာနှင့် လူသား၏ အားနည်းချက်ကို ညှာတာမှုဖြစ်သည်ဟု...