အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အသက်၏ လမ်းခရီးသည် မည်သူမဆိုပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည်ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာအသက်၏ အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင် ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏ အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေ ဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့်အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားက အသက်ရရှိစေရန်ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင် ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့်လမ်းခရီးလည်း ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှမည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက်ကြွယ်ဝသောသိုက် ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏ အခန်းကဏ္ဍတိုင်းတွင်ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့်သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့ နေထိုင်စဉ် ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့် သာမန် လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည်မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ၎င်းအပြင် မည်သည့် တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါသို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန် သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍၎င်း၏ တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီးကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်းဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့ တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့် ဖြစ်၏။ လူသား၏ အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိ၍ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည်ဘုရားသခင်၏ အသက်တန်ခိုးကြောင့် ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာ ပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေလူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အရ အသက်ရှင် နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏လမ်းခရီးကို ပေးနိုင်သည်” မှ ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း” ၏အလုပ်ကိုပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီးလူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့်စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည်အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်ကသင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။ အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များရှိသည်။ ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။ သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့် တစ်ပြိုင်နက်သင်လုံးဝ ခံနိုင်မည် မဟုတ်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ အစေကျွန်ခံသူတို့၏ ခေတ်အချိန်အခါက ဘုရားသခင်သည် လူသားကို အောက်ခြေ မရှိသော တွင်းနက်ထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အမှန်တကယ်ပင်အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်နေသလော။ ဘုရားသခင်သည် လူသားကို စစ်ဆေးဖို့အတွက် ရိုးရိုးလေးပင် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ အကျိုးဆက်အနေနှင့် လူသည်အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက်နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကိုလူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သောအလုပ်အများစုသည် ပံ့ပိုးကူညီခြင်း၊ ဗျာဒိတ်ပေးခြင်းနှင့် ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မကျိန်ပေ၊ ကျိန်ခဲ့လျှင်ပင် နှုတ်ကပတ်တော်ကို သုံးပြီးကျိန်သည်။ ထို့ကြောင့် ဘုရားသခင် လူဇာတိခံသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင် ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများ မြင်ရဖို့လည်း အမြဲတမ်း ကြိုးစား မနေပါနှင့်၊ ထိုသို့ ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိပေ။ နိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် ပြုလုပ်မပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည်နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကိုသင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့သင့်အတွက် ခက်ပေလိမ့်မည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံမစိုက်ဘဲ သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အချက်အလက်များကိုအသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ စကားများမှ အသက်ကိုရစေသည်၊ ထိုသို့ ရစေခြင်းသည် ရှိရှိသမျှနိမိတ်လက္ခဏာ အားလုံးထက် ကောင်းမွန်သည့်အပြင် ထိုအချက်သည် အငြင်းပွားစရာ အကြောင်းမရှိသော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင်သာ၍ကောင်းသော နိမိတ် လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ပြောသည့် စကားများသာလျှင် လူကို စုံလင်စေနိုင်သည်။

“အရာအားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်းရှိ ဘုရားသခင်သာ အသက်၏မူလအစ အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ချိန်မှ လူသားတို့ကို အသက်ပေးသော ဘဝအားအင် အပါအဝင် အမှုတော်များစွာ ဘုရားသခင် ပြုခဲ့ လူသားများ အသက်ရဖို့ ကြီးမားသော အဖိုးအခ သူပေးခဲ့ ဘုရားရှင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်ပေမို့ ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ်သည် ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ် ဘုရားသခင် လူသား၏နှလုံးသားနဲ့ဘယ်တော့အခါမှ မဝေးကွာ လူသားတို့ကြားမှာ သူအမြဲတမ်းရှိနေသည် သူဟာ လူသားတို့ ရှင်သန်ရန် တွန်းအား လူသားတို့ဖြစ်တည်မှုအုတ်မြစ်နှင့် ရှင်သန်ရန် လုံခြုံသော အာမခံချက် လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ လူသားတို့ကို အမျိုးမျိုး ကြံ့ခိုင်စွာ ရှင်သန်စေ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်းရှိ ဘုရားသခင်၌သာ အသက်၏အရင်းအမြစ် အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ် ဘုရား၏တန်ခိုးနဲ့ အစဉ်တည်မြဲသော သူ၏ဘဝခွန်အားကြောင့် ခေတ်တွေဆက်ဆက် လူသားတို့ အသက်ရှင်ခဲ့သည် ဘုရား၏အသက်စွမ်းအားသည် လူကို အစဉ်မပြတ်ပံ့ပိုး သာမန်လူသားများ မပေးဆပ်ဖူးသော အဖိုးအခကို သူသည်ပေးဆပ်ခဲ့သည်

၂ ဘုရား၏အသက်စွမ်းအားသည် တန်ခိုးထက်တွင် ရှိ တန်ခိုးထက် သာလွန် ဘုရား၏အသက်စွမ်းအားသည် တန်ခိုးအားလုံးအထက်တွင် ရှိ တန်ခိုးထက် သာလွန် ဘုရား၏အသက်သည် ထာဝရ၊ သူ့တန်ခိုးတော် အံ့မခန်း မည်သည့် ဖန်ဆင်းခံလူသား၊ ရန်သူမဆို အချိန်တိုင်း နေရာတိုင်း တောက်ပသောရောင်ခြည် ဝင်းဖြာသော ဘုရား၏အသက်စွမ်းအားကို မအောင်နိုင်ရာ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်း ရှိ ဘုရားသခင်သာ အသက်၏မူလအစ အစဉ်စီးဆင်းသော အသက်စမ်းရေ ဇာစ်မြစ် ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ဘုရား၏အသက် အစဉ်တည် ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ဘုရား၏အသက် အစဉ်တည် ခပ်သိမ်းသောအရာများ ကွယ်ပျောက်လည်း ဘုရား၏အသက်တည် ဘုရားသည် ခပ်သိမ်းသောအရာများ၏ဖြစ်တည်မှု အရင်းအမြစ် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်သည် သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည်အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်ကသင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။ အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များရှိသည်။ ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။ သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့် တစ်ပြိုင်နက်သင်လုံးဝ ခံနိုင်မည် မဟုတ်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ အစေကျွန်ခံသူတို့၏ ခေတ်အချိန်အခါက ဘုရားသခင်သည် လူသားကို အောက်ခြေ မရှိသော တွင်းနက်ထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အမှန်တကယ်ပင်အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်နေသလော။ ဘုရားသခင်သည် လူသားကို စစ်ဆေးဖို့အတွက် ရိုးရိုးလေးပင် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ အကျိုးဆက်အနေနှင့် လူသည်အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက်နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကိုလူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သောအလုပ်အများစုသည် ပံ့ပိုးကူညီခြင်း၊ ဗျာဒိတ်ပေးခြင်းနှင့် ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မကျိန်ပေ၊ ကျိန်ခဲ့လျှင်ပင် နှုတ်ကပတ်တော်ကို သုံးပြီးကျိန်သည်။ ထို့ကြောင့် ဘုရားသခင် လူဇာတိခံသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင် ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများ မြင်ရဖို့လည်း အမြဲတမ်း ကြိုးစား မနေပါနှင့်၊ ထိုသို့ ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိပေ။ နိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် ပြုလုပ်မပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည်နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကိုသင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့သင့်အတွက် ခက်ပေလိမ့်မည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံမစိုက်ဘဲ သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အချက်အလက်များကိုအသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ စကားများမှ အသက်ကိုရစေသည်၊ ထိုသို့ ရစေခြင်းသည် ရှိရှိသမျှနိမိတ်လက္ခဏာ အားလုံးထက် ကောင်းမွန်သည့်အပြင် ထိုအချက်သည် အငြင်းပွားစရာ အကြောင်းမရှိသော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင်သာ၍ကောင်းသော နိမိတ် လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ပြောသည့် စကားများသာလျှင် လူကို စုံလင်စေနိုင်သည်။

“အရာအားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ