ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ ရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူတို့သည် ရုပ်ဝတ္ထုကမ္ဘာကြီးအပေါ်တွင် စတင်မျက်စိကျပြီးသည့်အချိန်မှစကာ သူတို့သည် ဘုရားသခင် အပ်နှင်းထားသည့် အရာအတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရပါသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတို့အား အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် ပံ့ပိုးပေးသည့်အရာဖြစ်သည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားတို့သည် ဘုရားသခင်၏ ဂရုဏာအောက်၌ အသက်ရှင် ကြီးထွားနေသည်ကို မည်သူမှ ယုံကြည်ခြင်း မရှိကြပေ။ ထိုအစား သူတို့သည် သူတို့မိဘများ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အောက်တွင် ကြီးထွားလာပြီး၊ ထိုကြီးထွားမှုကို ပင်ကိုယ်ဗီဇသဘာဝတို့က ထိန်းချုပ်ထားသည်ဟု မှတ်ယူကြပါသည်။ အကြောင်းရင်းမှာ လူသားသည် သူတို့အား ဘဝကိုအပ်နှင်းထားသောသူကို မသိခြင်း သို့မဟုတ် မည်သည့်အရပ်မှ ဘဝလာသည်ကို မသိခြင်းကြောင့်ဖြစ်သည်။ ပင်ကိုယ်ဗီဇသဘာဝက အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို ပို၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် ဘဝတည်မြဲမှု၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် စိတ်ထဲတွင် ယုံကြည်မှုသည် အသက်ရှင်ရပ်တည်နိုင်မှု၏ အကြောင်းရင်းဖြစ်သည်ဟုသာ သိရှိကြသည်။ လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ထောက်မမှုတို့ကို မခံစားကြရပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင် အပ်နှင်းသော အသက်တာကိုဖြုန်းတီးပစ်ကြသည်။ နေ့နှင့်ည ကြည့်ရှု စောင့်ရှောက်ထားသော ဘုရားသခင်အား တစ်ဦးတစ်ယောက်မျှ မိမိအသိနှင့်မိမိဝတ်ပြုကိုးကွယ်လိုခြင်း မရှိကြပေ။ ဘုရားသခင်သည် သူတစ်စုံတစ်ခုပြန်ရရန် မျှော်လင့်ထားခြင်းမရှိသော သူ၏လူသားအတွက် သူစီစဉ်ထားသည့်အတိုင်းဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် အိပ်မက်မှ နိုးထကာ ရုတ်တရက် ဘဝ၏တန်ဖိုးနှင့် ရည်ရွယ်ချက်ကို နားလည်ပြီး၊ ဘုရားသခင်က လူသားအား ပေးထားသည့် အရာအားလုံး၏ အဖိုးအခကို နားလည်လာကာ ဘုရားသခင်သည် လူသား သူ့ထံ ပြန်လှည့်လာစေရန်မည်မျှမျှော်လင့်နေသည်ကို သိရှိရန် မျှော်လင့်နေသောကြောင့်ဖြစ်ပါသည်။ မည်သူမှ လူသား၏ မူလဘဝနှင့် ရှေ့ဆက်ဘဝတို့အတွက် လျှို့ဝှက်ချက်များကို စဉ်းစားခြင်းမရှိပေ။ ထိုသို့ဖြစ်လင့်ကစား အရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည် အရာအားလုံးကို သူ့ထံမှ အလကား ရယူနေသော်လည်း ကျေးဇူးတင်ခြင်းမရှိသောလူသားထံမှ နာကျင်စေမှုနှင့် ပစ်ပယ်မှုတို့ကို ငြိမ်သက်စွာ သည်းခံလျက်ရှိပါသည်။ လူသားတို့သည် ဘဝမှပေးသောအရာ အားလုံးကို အလိုအလျောက် ရယူနေပြီး၊ “လုပ်ရိုးလုပ်စဉ်အနေဖြင့်” လူသားတို့သည်ဘုရားသခင်အား သစ္စာဖောက်၍ မေ့လျော့ကြကာခြိမ်းခြောက်တောင်းယူလျက်ရှိသည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ လက်တော်မှလာသော သက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ အကြံအစည်သည် လုံးဝအရေးကြီးပါသည်။ သို့ရာတွင် ဘုရားသခင်၏ လက်တော်ဖြင့်ဖန်ဆင်းခဲ့သော သက်ရှိများသည် သူ၏အကြံအစည်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အကြံအစည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏ အကြံအစည်နှင့် သူ့ဇီဝအသက် မှုတ်သွင်းထားခဲ့သည့်အတွက်သာ နာကျင်မှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသားတို့၏ အသွေးအသားအတွက် မဟုတ်ဘဲ လူသားတို့၏ဘဝအတွက် ဖြစ်ပါသည်။ သူသည် လူသားတို့၏ အသွေးအသားကို ပြန်ရယူလိုခြင်းမဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်လည်ရယူလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ သူ၏အကြံအစည် ဖြစ်ပါသည်။ ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့် တဖန်ပြန်လည် မွေးဖွားခြင်းစက်ဝန်းကို ကြုံတွေ့ကြရသည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူသည် မကြာမီ ပြန်လာရပြန်သည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤဘဝလမ်းကြောင်းနှင့် စက်ဝန်းသည် အမှန်တရားတစ်ခုဖြစ်ပြီး၊ ဘုရားသခင်မှ လူတို့ကိုအပ်နှင်းထားသော ဘဝသည် အဆုံးမရှိခြင်းနှင့် အသွေးအသား၊ အချိန် သို့မဟုတ် နေရာတို့မှ ဖျက်ဆီးမရနိုင်ကြောင်းကို မြင်တွေ့စေလို၍ ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်မှလူတို့ထံ အပ်နှင်းထားသော အသက်၏ နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်လည်း၊ ဘုရား၏ တည်ရှိမှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာများကို ယူငင်ခံစား ပျော်ရွင်နေသည်မှာ မလွဲမသွေပင်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သော အသက်များကို ပြန်လည် ယူဆောင်ရန် ဆန္ဒဖြစ်လာပါက အရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် အာဏာတို့ဖြင့် အရာအားလုံးကို အစီအစဉ်ကျနစွာ ယူဆောင်လာခြင်းဖြင့်သက်ရှိ သက်မဲ့ အရာအားလုံးကို သူ၏အသက်တာဖြင့် ထောက်ပံ့လျက်ရှိပါသည်။ ဤသည်မှာ မည်သူမှ လွယ်ကူစွာ တွေ့မြင် နားလည်နိုင်မည် မဟုတ်သည့် သမ္မာတရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော သမ္မာတရားများသည် ဘုရားသခင်၏ အသက်တာသရုပ်နှင့် တည်ရှိမှု၏ အထောက်အထားဖြစ်ပါသည်။ ယခုသင့်အား လျှို့ဝှက်ချက်တစ်ခု ပြောပြပါမည်။ ဘုရားသခင်၏ ကြီးမားမှုနှင့် စွမ်းအားကို မည်သည့်ဖန်ဆင်းမှုကမှ လိုက်မမီနိုင်ပါ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ မည်သို့ပင် ပုံစံ၊ တည်ဆောက်ပုံ ကွာဟနေစေကာမူ ဖန်ဆင်းမှု အားလုံးအတွက် အသက်တာ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာပါသည်။ သင်သည် မည်သည့် သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ မည်သည့် အခြေအနေတွင်မဆို လူသားကို နားလည်စေလိုသည့် အချက်မှာ လူသားများသည် ဘုရားသခင်ထံမှကရုဏာ၊ အကာအကွယ်နှင့် အကူအညီမရှိပါက မည်မျှပင် အားကြီးနေ၊ ရုန်းကန်ကြိုးစားနေစေကာမူ ရသင့်ရထိုက်သလောက် ရနိုင်မည်မဟုတ် ဆိုခြင်းပင် ဖြစ်သည်။ ဘုရားသခင်မှ ဘဝ အသက်တာကို ထောက်ပံ့ပေးမှု မရှိပါက လူတို့သည် ဘဝတွင် အသက်ရှင်ခြင်း အနှစ်သာရနှင့် ဘဝ၏ ရည်ရွယ်ချက်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဘဝအသက်တာ တန်ဖိုးကို တန်ဖိုးမထားပဲ ဖြုန်းပေးသောသူကို မည်မျှလောက်အထိ ခွင့်လွှတ်ထားနိုင်မည်နည်း။ ထို့အတူ ဘုရားသခင်သည် သင့်အသက်တာ၏ အရင်းအမြစ်ဖြစ်သည်ကို မမေ့ပါနှင့်။ အကယ်၍ လူသည် ဘုရားသခင် အပ်နှံထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိပါက၊ ဘုရားသခင်သည် သူပေးထားသည့် အရာများကို ပြန်ယူမည်သာမက ထိုထက်ပို၍ လူသားသည် ဘုရားသခင် အသုံးပြုခဲ့ရသည့် အရာအားလုံးအတွက် လျော်ကြေးအဖြစ် နှစ်ဆ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

“ဘုရားသခင်သည် လူ့အသက်၏အရင်းအမြစ်ဖြစ်သည်” မှ

လူသားကို ကယ်တင်ဖို့ ဘုရားရဲ့ပြင်းပြဆန္ဒကို ဘယ်သူမှ နားမလည်


ဘုရားသခင် ဖန်ဆင်းခဲ့သော ဒီကမ္ဘာကြီးမှာ လူသားကို ဘုရားသခင် ပုံဖော်ကာ အသက်သွင်းခဲ့တယ်။ ထို့နောက် လူသားမှာ မိဘဆွေမျိုးများရှိလာ၍ တစ်ဦးတည်းမဟုတ်တော့ပေ၊ ဘုရားရဲ့ပညတ်ချက်အတိုင်း အသက်ရှင်ရ။ ဒါဟာ သက်ရှိတစ်ဦးစီအား အရွယ်ရောက် ကြီးထွားဖို့က ပံ့ပိုးပေးတဲ့ ဘုရားသခင်ဆီက ဇီဝအသစ်ဖြစ်တယ် ဒီဖြစ်စဉ်အားလုံး၌ သူတို့အားလုံးယုံကြည်…သူတို့မိဘများရဲ့ချစ်ခြင်းမေတ္တာနှင့် အို ဂရုစိုက်မှုကြောင့် ကြီးပြင်းတယ်လို့ ဘုရားသခင် နေ့နှင့်ည ကြည့်ရှုစောင့်ရှောက်ထားတဲ့ ဘယ်သူမှ မိမိအသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။ မျှော်လင့်ချက်မဲ့နေသော လူသားပေါ် စီမံထားသည့်အတိုင်း ဘုရား ဆက်လက်လုပ်ဆောင်၊ သူမျှော်လင့်တာက…တစ်နေ့ လူဟာ အိပ်မက်က နိုးထပြီး၊ ဘဝရဲ့အဓိပ္ပာယ် နှင့်ရည်ရွယ်ချက်ကို သိရှိကာ၊ ဘုရားသခင် လူသားအပေါ် ပေးခဲ့ရသမျှ အဖိုးအခ လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်တနေတာကို နားလည်လာမယ်။ ဟုတ်တယ်၊ လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်တ။


လူသားဟာ ဘုရားရဲ့စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာတယ်လို့ ဘယ်သူမှ မယုံကြည်။ လူသားတို့ကြီးထွားမှုမှာ ပင်ကိုယ်သဘာဝအလျောက်လို့ သူတို့ ယူဆကြတယ်။ အသက်ပေးသူ၊ ထိုအသက် လာသည့်နေရာ၊ ပင်ကိုယ်သဘာဝမှ အံ့ဖွယ်အမှုများ ဖန်တီးပုံကို သူတို့မသိကြသောကြောင့်ပင်။ အို၊ သူတို့ ယူဆကြတယ်… သူတို့စားသည့် အစားအစာက အသက်ကို ပေးတာလို့၊ လူဟာ ဇွဲရှိလို့ အသက်ရှင်နေတာလို့၊ လူဟာ ယုံကြည်မှုများနဲ့ အသက်ဆက်တာလို့။ ဘုရားသခင်ရဲ့စောင့်ရှောက်မှုကို သူတို့ မမြင်ရကြပီ ဘုရားသခင် အပ်နှင်းသောအသက်ကို အချည်းနှီးဖြစ်စေကြတယ်။ ဘုရားသခင် နေ့နှင့်ည ကြည့်ရှုစောင့်ရှောက်ထားတဲ့ ဘယ်သူမှ မိမိအသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။ မျှော်လင့်ချက်မဲ့နေသော လူသားပေါ် စီမံထားသည့်အတိုင်း ဘုရား ဆက်လက်လုပ်ဆောင်… သူမျှော်လင့်တာက… တစ်နေ့ လူဟာ အိပ်မက်က နိုးထပြီး၊ ဘဝရဲ့အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကို သိရှိကာ၊ ဘုရားသခင် လူသားအပေါ် ပေးခဲ့သမျှ အဖိုးအခ၊ လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်နေတာကို နားလည်လာမယ်။ ဟုတ်တယ်၊ လူသားတို့ သူဆီပြန်လာဖို့ သူတောင့်တ။ သူတောင့်တ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၂) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာလူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၃) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၁) အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၃) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၈) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၂) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၃)

0ရှာဖွေခြင်း ရလဒ်များ