အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ထာဝရအသက်လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုကာ ပြင်းပြစွာရှာဖွေပါက ဤမေးခွန်းကို အရင်ဖြေဆိုပါ။ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသခင် ကောင်းကင်တွင် နေသည်ဟု သင်ဖြေကောင်းဖြေလိမ့်မည်။ ဟုတ်ပေသည်၊ သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။ ဘုရားသခင်သည် အရာခပ်သိမ်းအကြားတွင် နေသည်မှာထင်ရှား၏ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ သို့မဟုတ် ဘုရားသခင်သည် လူတိုင်း၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟုသင်ဆိုကောင်းဆိုလိမ့်မည်။ ဤသည်တို့ကို ငါမငြင်းဆိုပါ။ သို့သော် ဤကိစ္စကို ငါရှင်းပြရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာလုံးဝ မှန်ကန်သည် မဟုတ်ပါ။ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အကြားတွင် ယုံကြည်မှု စစ်မှန်သူများနှင့်ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏။ ဘုရားသခင် သဘောကျသူများနှင့် သဘောမကျသူများ ရှိ၏။ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ၏စုံလင်စေခြင်း ခံရသူများနှင့်သူ၏ဖယ်ရှားခြင်း ခံရသူများရှိ၏။ ထို့ကြောင့် ဘုရားသခင်သည်လူအနည်းငယ်၏ နှလုံးသားတွင်သာ နေသည်ဟု ငါဆို၍ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောကျသူများ၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူ၏စုံလင်စေခြင်းခံရသူများ ဖြစ်သည်ကို သံသယမရှိကြောင်း ငါဆို၏။ ထိုသူတို့သည် ဘုရားသခင်၏ လမ်းပြခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့ကို ဘုရားသခင်က လမ်းပြသည်ဖြစ်၍ ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးအကြောင်းကိုကြား၍မြင်ပြီးသူများ ဖြစ်ကြ၏။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောမကျသူများ၊ ဘုရားသခင်က လွန်စွာမုန်းတီးသူများ၊ ဘုရားသခင်က ဖယ်ရှားသူများ၊ ထိုသူတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရမည်မှာ သေချာ၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရမည်မှာ သေချာ၏။ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် နေထိုင်သူများမှာမူ ထိုသို့မဟုတ်ဘဲ သူမည်သည့်နေရာတွင် ရှိကြောင်းကို သိ၏။ ထိုသူတို့သည် ဘုရားသခင်၏ ထာဝရအသက်လမ်းခရီးကို အပ်နှင်းခြင်း ခံရသူများဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် ယခုသိပြီလား။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့လူသား၏ ဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကတွင် ရှိသည်သာမကခပ်သိမ်းသော အမှုအရာအထက် လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်သာ၍ရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက် အတွင်းသို့ ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ်အချုပ်အခြာ အာဏာ ရရှိထား၍ သူသည် လူသား၏ နှလုံးသားတွင် အဓိကဖြစ်သည့်အပြင် လူသားတို့ အကြားတွင် ရှိနေ၏။ ဤနည်းဖြင့်သာ သူသည် လူသားမျိုးနွယ်အတွက်အသက်၏ လမ်းခရီးကို ယူဆောင်လာနိုင်၍ အသက်၏ လမ်းခရီးအတွင်း လူသားကို ခေါ်ဆောင်လာနိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားဖြစ်တည်နေရန် ဘုရားသခင်သည်မြေကြီးပေါ် ကြွလာခဲ့ပြီးဖြစ်၍ လူသားတို့အကြား နေထိုင်၏။ တစ်ချိန်တည်းတွင် လူသားတို့အကြား သူ၏ စီမံခန့်ခွဲမှုတွင် ထိုသူတို့ ပူးပေါင်း ဆောင်ရွက်စေရန် ဘုရားသခင်သည်စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ပညတ်လေ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင်ရှိသည်ဟူသော အယူဝါဒကိုသာသင်အသိအမှတ်ပြု၍ လူသားတို့အကြားတွင် ဘုရားသခင် တည်ရှိခြင်း၏ သမ္မာတရားကို အသိအမှတ်မပြုပါက သင်သည် မည်သည့်အခါမျှအသက်ကိုရရှိလိမ့်မည် မဟုတ်ဘဲ သမ္မာတရား၏ လမ်းခရီးကိုလည်း မည်သည့်အခါမျှရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျှက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည်မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် စာများ၊ အယူဝါဒများအပြင်သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများ နှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ်တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ်ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့်သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟုအကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင်ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့်သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့်စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အားသမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့် ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည်လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာ ဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆိုအစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကိုလုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ မကြာမီ ထိုခရစ်တော် အတုအယောင် အားလုံးသည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကိုလူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင် ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။ ဤနည်းဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက သူသည် ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြင့်လူသားတို့ကို အသက်၏ လမ်းခရီးပေးကြောင်းကို သင်က ပထမဦးစွာ အသိအမှတ် ပြုရမည်ဖြစ်၍ နောက်ဆုံးသော ကာလတွင် သူသည်လူသားကို အသက်၏ လမ်းခရီးပေးရန် လာရောက်ကြောင်းကို သင်က အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်ကာလက မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

“နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ