ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏ နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူ၊ အဆုံးတိုင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင် ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူခဲ့၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ ခေတ်သို့ ရောက်လာသည့်တိုင် ဘုရားသခင် ပြုမည့်အမှုသည်လူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူ၏ အသက်တာထဲသို့ဝင်ရောက်၍ စုံစမ်းမှုပြုရန် မဟုတ်ပေ။ သို့သော် သူ၏ ပုန်ကန်မှုကို တရားစီရင်ရန် ဖြစ်ရာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ရောက်လာသူတိုင်းအား သန့်စင်ပေးလိမ့်မည်။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူတိုင်းသည် ဘုရားသခင်၏ သန့်စင်ပေးမှုကို ခံရာဝတ္ထုများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင် တရားစီရင်ခြင်း ခံရာဝတ္ထုများဖြစ်၏။ ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ “တရားစီရင်ခြင်း” ဟူသည့်စကားလုံးသည် “တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်” နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်။ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကိုဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အားမည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည်စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ လူသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အထူးပင် ထူးဆန်းလှသည်ဟု တွေးထင်လေ၏။ သူသည် ဘုရားသခင်ကိုယ်တိုင် တရားစီရင်ခြင်းအမှုကို ပြုနေကတည်းက အလွန်မှ အံ့မခန်းသော အတိုင်းအတာ ဖြစ်ရမည်၊ သေမျိုးများအတွက် နားမလည်နိုင်သောအရာ ဖြစ်ရမည်၊ ယင်းကိစ္စသည် ကောင်းကင်ဘုံကို ပဲ့တင်ရိုက်လျက် မြေကြီးကိုလည်း တုန်လှုပ်စေရမည်ဟု ယုံကြည်ကာ၊ သို့မဟုတ်လျှင် ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးထင်သည်။ သူသည် ယင်းမှာ တရားစီရင်ခြင်းအမှု ဖြစ်သည့်အတိုင်း ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင်အထူးသဖြင့် ပြစ်ဒဏ်စီရင်လျက် သူသည် ဘုန်းတန်ခိုး အာနုဘော် ပြည့်ဝလိမ့်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း ခံရလျက်ရှိသော ထိုသူတို့သည် သည်းထန်စွာ မျက်ရည်များနှင့် ငိုကြွေးလျက်ရှိကာ ကရုဏာတရားကို ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်သည်။ ထိုမြင်ကွင်းမျိုးသည် ကြီးကျယ်ခမ်းနားမှုရှိပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားစေရပေမည်…။ လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကိုနားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ကရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကိုသင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။

“ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၂) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာလူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၃) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၁) အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၃) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၈) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၂) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၃)

0ရှာဖွေခြင်း ရလဒ်များ