ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၈

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သော အမှုသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်၏ မြေကြီးပေါ်ရှိ မူလနေရာကို အခြေခိုင်စေခဲ့ပြီး ယင်းနေရာသည် သူရှိနေခဲ့သည့် လေးမြတ်သော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက်သာ သတ်မှတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြည်ပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သူ့အမြင်တွင် သင့်လျော်သည့်လူမျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာ ဖြစ်ပြီး၊ ထိုနေရာရှိ မြေမှုန့်ဖြင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှု အခြေပြုရာနေရာ ဖြစ်သွားသည်။ နောဧ၏ သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များလည်း ဖြစ်ကြသော ဣသရေလ လူမျိုးများသည် ကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူ့အခြေခံအုတ်မြစ် ဖြစ်ခဲ့သည်။

ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များသည် ကမ္ဘာတစ်ခွင်လုံးရှိ သူ၏အမှုကို ဣသရေလပြည်၌ ဗဟိုပြု၍ အစပျိုးနိုင်ရန် ဖြစ်ပြီး၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဆီသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေရန် ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူလုပ်ဆောင်သည့် အခြေခံသဘောတရား ဖြစ်ပြီး၊ စံပုံစံတစ်ခုကို အခြေချ၍ စကြဝဠာရှိ လူအားလုံးသည် သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန် ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလ လူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ထိုသူတို့သည် ယေဟောဝါ၏ ဇီဝအသက်သာ ပေးအပ်ခြင်းခံခဲ့ရပြီး၊ ဘဝ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နားလည်ရုံမျှသာ ရှိခဲ့သည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင် ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အလိုတော်မှာ အဘယ်အရာ ဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင်ကို ၎င်းတို့ မည်သို့ ချစ်ကြောက်သင့်သည်ကို သာ၍ပင် မသိပေ။ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများနှင့် ပညတ်တော်များ ရှိမရှိ သို့မဟုတ် ဖန်ဆင်းခံသတ္တဝါများသည် ဖန်ဆင်းရှင်အတွက် ဆောင်ရွက်ပေးသင့်သည့် တာဝန် ရှိမရှိ တို့အတွက်မူ အာဒံ၏ သားစဉ်မြေးဆက်များသည် ဤအရာများနှင့်ပတ်သက်၍ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကို ထောက်ပံ့ရန် ချွေးကျအောင် အလုပ် လုပ်သင့်သည်၊ ပြီးလျှင် ဇနီးသည်က သူမ၏ခင်ပွန်းကို ကျိုးနွံနာခံသင့်ပြီး ယေဟောဝါ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက် တည်တံ့အောင် လုပ်ဆောင်သင့်သည် ဆိုသည်သာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည် သို့မဟုတ် ဖန်ဆင်းခြင်း အားလုံးတို့၏ အရှင်သခင်ကို မည်သို့ ကျေနပ်စေရမည်ကို ဘာမျှ မသိနားမလည်ခဲ့ကြပေ။ ထိုသူတို့၏ နားလည်ခြင်းသည် နည်းပါးလွန်းလှသည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားထဲ၌ ကောက်ကျစ်စဉ်းလဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖြားမှု ဘာမျှမရှိဘဲ၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အတိုက်အခံဖြစ်မှုတို့ ဖြစ်ခဲသော်ငြားလည်း၊ ယေဟောဝါတည်းဟူသော ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် နားလည်မှု ၎င်းတို့တွင် မရှိခဲ့ကြပေ။ လူတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏အရာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများ၌ မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ သို့သော် ယေဟောဝါကို မည်သို့ချစ်ကြောက်ရမည်ကို ထိုသူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် ၎င်းတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်သင့်သူ တစ်ဦး ဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ ဖြစ်နေပါလျှင်၊ “ယေဟောဝါသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်။” နှင့် “လူသားသည် သူ့ကို ထင်ရှားနိုင်စေရန်၊ သူ၏ဘုန်းတော်ကို ထင်ရှားနိုင်စေရန်နှင့် သူ့ကို ကိုယ်စားပြုနိုင်ရန်အလို့ငှာ လူသားကို သူ ဖန်ဆင်းခဲ့သည်။” ဟူသည့် နှုတ်ကပတ်တော်များမှာ အချည်းနှီး ပြောကြားခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ချစ်ကြောက်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက် တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ၎င်းတို့သည် ဘုရား ဘုန်းအသရေ၏ သရုပ်သကန်များ မည်သို့ ဖြစ်လာနိုင်ကြမည်နည်း။ သို့ဖြစ်လျှင် “ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားကို ငါဖန်ဆင်းခဲ့၏။” ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သူ စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ သို့ဖြစ်လျှင် ဤနှုတ်ကပတ်တော်တို့မှာ လူသားကို ယေဟောဝါ၏ဖန်ဆင်းခြင်းအား အရှက်ရစေသည့် အမှတ်လက္ခဏာ တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧ လက်ထက်တိုင်အောင် လူတို့ကို လမ်းမညွှန်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ ထို့ထက် ရေလွှမ်းမိုးခြင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန် နောက်ပိုင်းမှသာ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံတို့ သားစဉ် မြေးဆက်များလည်း ဖြစ်သည့် ဣသရေလလူမျိုးတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။ ဣသရေလပြည်၌ သူ၏ အမှုတော်နှင့် မိန့်မြွက်ချက်များက ဣသရေလပြည် တစ်ဝန်းတွင် ဣသရေလပြည်သူ အားလုံးတို့ကို ၎င်းတို့ အသက်ရှင်နေထိုင်သည်နှင့်အမျှ လမ်းညွှန်ပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားသည် သူ့ထံမှ အသက်ကိုရရှိနိုင်ပြီး မြေမှုန့်ထဲမှ ဖန်ဆင်းခံလူသတ္တဝါအဖြစ် ထလာနိုင်ရန် ယေဟောဝါသည် လူသားအထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ၊ လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ လူသားမျိုးနွယ်ကို ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံတော်ကို အသုံးပြုနိုင်သည့်အကြောင်းလည်း ပြသခဲ့သည်။ ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းပြပေးနိုင်သည်သာမက၊ နေ့ညအချိန်နာရီအတိုင်း လူသားတို့ အကြားတွင် စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့မြင်ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်မှ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် လူသားအား သူဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိနိုင်စေရန်အလို့ငှာသာ ထိုအမှုကိုပြုခဲ့ခြင်း ဖြစ်သည်။ ဤမျှသာမက (အမှန်တွင် ဣသရေလပြည်မှ သီးခြားမဟုတ်ဘဲ၊ ထို့ထက် ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာခဲ့သူများပင် ဖြစ်သော) အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများသည် ယေဟောဝါ၏ ဣသရေလပြည်မှ ဧဝံဂေလိတရားကို လက်ခံရရှိစေနိုင်ရန် အတွက်၊ စကြဝဠာအတွင်းရှိ ဖန်ဆင်းခံအားလုံးက ယေဟောဝါကို ချစ်ကြောက်နိုင်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံနိုင်ကြစေရန်အတွက် သူသည် သူ၏အမှုတော်ကို ဣသရေလပြည်၌ အရင်ပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို မစတင်ခဲ့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူတို့ကို ကမ္ဘာမြေပေါ်တွင် ပူပင်ကြောင့်ကြမဲ့စွာ အသက်ရှင်နေထိုင်ခွင့် ပြုခဲ့မည်ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် (သဘာဝမှာ လူသည် သူမမြင်နိုင်သည့် အရာများကို ဘယ်သောအခါမျှ မသိနိုင်ပေ၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို ဖန်ဆင်းသူသည် ယေဟောဝါ ဖြစ်ကြောင်းကို လူက သိမည် မဟုတ်ဘဲ၊ လူသားအား အဘယ်ကြောင့် ဖန်ဆင်းခဲ့ကြောင်းကို သာ၍ မသိနိုင်ကြောင်းကို ဆိုလိုသည်။) လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါ ဖြစ်သည်ကိုလည်းကောင်း၊ သူသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်ကိုလည်းကောင်း လူသားသည် ဘယ်သောအခါမျှ သိမည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ ထားခဲ့ကာ အချိန်ကာလတစ်ခုကြာ လူသားမျိုးနွယ်ကြား၌ ဆက်လက် ရှိနေ၍ သူတို့ကို လမ်းညွှန်ပေးမည့်အစား စွန့်ပစ်၍ထွက်ခွာသွားခဲ့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် သုညဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာအားလုံးနှင့် လူသားမျိုးနွယ် အားလုံးတို့သည်လည်း သုညဘဝသို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် “သူ၏ဖန်ဆင်းခံတို့၏အလယ်ဟု ဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခု ရှိသင့်သည်။” ဟူသည့် ယေဟောဝါ၏ ဆန္ဒမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့၏ အသက်တာများတွင် ၎င်းတို့ကို လမ်းပြဖို့နှင့် ၎င်းတို့၏ အထဲမှ ၎င်းတို့ကို စကားပြောဖို့ ၎င်းတို့အလယ်၌ ဆက်လက် ရှိနေနိုင်ခဲ့သည်- ဤသည်အားလုံးတို့မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန်အတွက် ဖြစ်သည်။ ဣသရေလပြည်၌ သူပြုခဲ့သည့်အမှုမှာ သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း မတိုင်မီ သူချမှတ်ထားခဲ့သည့် အစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက်သာ ရည်ရွယ်ခဲ့သည်၊ ထို့ကြောင့် ဣသရေလလူမျိုးအထဲ၌ ပထမဦးဆုံး သူလုပ်ဆောင်ခဲ့ခြင်းနှင့် အရာအားလုံးကို သူဖန်ဆင်းခြင်းတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ နှစ်မျိုးလုံးမှာ သူ၏စီမံခန့်ခွဲမှု၊ သူ၏အမှုနှင့် သူ၏ဘုန်းတော်တို့အတွက်ရော လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပို၍ နက်နဲစေရန်အတွက်ပါ ဖြစ်သည်။ နောဧခေတ်ပြီးနောက် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်၏ဘဝကို နှစ်ပေါင်းနှစ်ထောင်တိုင် သူလမ်းပြပေးခဲ့သည်၊ ထိုအချိန်တောအတွင်း ယေဟောဝါတည်းဟူသော ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ချစ်ကြောက်ရမည်၊ မိမိတို့အသက်တာကို မည်သို့ နေထိုင်ရမည်၊ မည်ကဲ့သို့ ဆက်လက်၍ နေထိုင်အသက်ရှင်သွားရမည် စသည်တို့အပြင် အရေးကြီးဆုံးမှာ ယေဟောဝါအတွက် သက်သေတစ်ဦးအဖြစ် မည်သို့ ပြုမူရမည်၊ သူ့ကို မည်ကဲ့သို့ နာခံရမည်နှင့် သူ့ကို မည်ကဲ့သို့ ချစ်ကြောက်ရမည်တို့အပြင် ဒါဝိဒ်နှင့် သူ၏ယဇ်ပုရောဟိတ်များ ပြုခဲ့ကြသကဲ့သို့ သူ့ကို ဂီတဖြင့် မည်သို့ ချီးမွမ်းရမည် စသည်တို့ကို နားလည်ဖို့ လူတို့အား ယေဟောဝါက သွန်သင်ပေးခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၁

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၂

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၉

ပေါလု လုပ်ဆောင်ခဲ့သည့် အလုပ်ကို လူ၏ရှေ့တွင် ထုတ်ဖော်ပြသခံခဲ့ရသော်လည်း၊ သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်ခဲ့ပြီး သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၃

သင်တို့အပေါ်၌ လုပ်ပေးသော ဤ အလုပ်သည် လုပ်ရန် လိုအပ်သော အလုပ် နှင့်အညီ သင်တို့ အကြားထဲ လုပ်ပေးနေခြင်း ဖြစ်သည်။ အဆိုပါ လူပုဂ္ဂိုလ်များကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။