ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၅

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် သူတို့၏ ဖောက်ပြန်သော စိတ်သဘောထားမှ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲနေထိုင်သော်လည်း ဘုရားသခင်ကို သိရန်နှင့် အလိုကို ပြည့်စုံစေမည့် အသက်လမ်းကို မရရှိပါက သူတို့သည် သူ့ကို ယုံကြည်သော်လည်း သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခွင့်ကို ဘယ်သောအခါမျှ ရကြမည်မဟုတ်ပါ။ မည်မျှ သနားစရာကောင်းသော ယုံကြည်မှုမျိုးတည်း။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် လူ့ဇာတိအဖြစ် ကြွပြီး လုပ်ဆောင်သော အမှုအဆင့်တိုင်းကို သင်တွေ့ကြုံပြီးချိန်တွင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသော မျှော်လင့်ချက်များသည် နောက်ဆုံးတွင် တကယ် ဖြစ်ပေါ်လာကြောင်း သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်တွေ့ရပြီ၊ ယခုမှသာ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ရပြီ၊ ဘုရားသခင်၏ အသံကို ကိုယ်တိုင်ကြားရပြီ၊ ဘုရားသခင့် အမှု၏ ဉာဏ်ပညာကို တွေ့ကြုံခံစားရပြီ၊ ဘုရားသခင်သည် မည်မျှစစ်မှန်ပြီး အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံကြောင်းကို အမှန်သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်ကလူများ မမြင်ခဲ့ဖူး သို့မဟုတ် မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင်ပိုင်ဆိုင်ရပြီဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်မှုအကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပါသည်၊ အတိတ်၏ မြင်ကွင်းများကို သင်တွယ်ဖက်ထားပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသည့်အချက်ကို သင်ပစ်ပယ်လျှင် သို့မဟုတ် ငြင်းပယ်လျှင်၊ သင်သည် လက်ဗလာဖြင့် ဘာမျှမရရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ် ရှိပေမည်။ သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကို ရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့် ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံမှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကို မိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန် တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏ သစ္စာရှိသော မျက်နှာပင် ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုကို လက်မခံသော သူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆို နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက် မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကို ကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုအဆင့်ဆင့်ကို တွေ့ကြုံပြီးသည်နှင့် မီးတိုင်များအကြားရှိ လူသားတော်ဟု ပြောသည့်အခါတွင် ယောဟန် စကားများ၏ ဆိုလိုရင်း အစစ်အမှန်ကို သူသိပေလိမ့်မည်၊ “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော် သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော် ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင် စကားများစွာ မိန့်ခဲ့သော ဤသာမန်လူသားသည် လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာသော ဘုရားသခင် အမှန်ပင် ဖြစ်ကြောင်းကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင် သင်မည်မျှ ကောင်းချီးခံရကြောင်း ခံစားရလိမ့်မည်ဖြစ်ပြီး ကံအကောင်းဆုံးသော သူဖြစ်သည်ဟု သင့်ကိုယ်သင် ခံစားရလိမ့်မည်။ ဤကောင်းချီးကို သင်လက်မခံလိုဘဲ ရှိလိမ့်မည်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၈

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၆

ဘုရားသခင်၏ အမှုကို သိရှိခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ သင်၏ လိုက်စားခြင်း၌ သင်သည် စံချိန်စံညွှန်းများရှိသင့်ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၅

နိုင်ငံတော်အား ဆောက်လုပ်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သော်ငြားလည်း နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် ယခုတိုင် တရားဝင် ထွက်ပေါ်လာရန် လိုသေးသည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၄

ဘုရားသခင် စကားပြောသောအခါ၌ ဘုရားသခင်၏ စကားများကို စားသုံးရန်အတွက် သင်သည် ချက်ချင်း လက်ခံသင့်သည်။ မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင့်အတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။