အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

လူသားတို့ အနားယူခြင်းထဲသို့ မဝင်ရောက်မီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးသည် အပြစ်ဒဏ်ပေးခံရမည်သို့မဟုတ် ဆုလာဘ်ရရှိမည်ဆိုသည်ကို သူတို့သည် သမ္မာတရားကို ရှာဖွေသလော၊ သူတို့သည် ဘုရားသခင်ကို သိသလော၊သူတို့မြင်တွေ့နိုင်သော ဘုရားသခင်ကို နာခံနိုင်သလော ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံခဲ့သော်လည်း သူ့ကိုမသိသေးသောသူများ၌သို့မဟုတ် မနာခံသေးသောသူများ၌ သမ္မာတရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည်ဧကန်အမှန်ပင် အပြစ်ဒဏ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်အတိုင်းအပြစ်ဒဏ်ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်အရာဖြစ်သည်၊ထို့ပြင် သူသည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ထိုသူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်သေးပါက၊ ထို့ပြင် လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ထိုမရေရာသောသူများသည် ဖျက်ဆီးခံကြရမည်မှာယုံမှားဖွယ်ရာမရှိပေ။ သင်တို့အကြားတွင် လက်ရှိအခြေအနေအတိုင်းသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကိုနှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကိုလက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကိုနှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့်သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့်ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကိုလက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန်ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင့်တွင် သမ္မာတရား ရှိမရှိနှင့်သင်သည် ဘုရားသခင်ကို ခုခံခြင်းရှိမရှိတို့ကို သင်၏သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာပြောဆိုပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည်မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့်သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီးတူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့်သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့်မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှုသို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှမှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင် လူသားတို့၏ အနာဂတ် ခရီးပန်းတိုင်ကိုသိမြင်နိုင်ခြင်းမရှိသော လူများစွာရှိနေပြီး ငါပြောသော နှုတ်ကပတ်တော်များကိုလည်း မယုံကြည်ကြသောသူ များစွာရှိနေ၏။ မယုံကြည်သော လူအားလုံးတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိသော သူတို့နှင့်အတူနတ်ဆိုးများ ဖြစ်ကြသည်။

“ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ