အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုးဖြစ်ကြပြီး သူတို့သည် မတူညီသော ခရီးပန်းတိုင်များနှင့်လူနှစ်မျိုးနှစ်စားဖြစ်ကြသည်။ သမ္မာတရား၏ အသိပညာကို ရှာဖွေပြီးသမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သည် ဘုရားသခင်ကယ်တင်မည့်သူများ ဖြစ်ကြသည်။ မှန်သောလမ်းကို မသိသောသူတို့သည်နတ်ဆိုးများနှင့် ရန်သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီးဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ မရေရာသော ဘုရားသခင်၏ ဘာသာတရားကိုင်းရှိုင်းသောယုံကြည်သူတို့ အားလုံးသည်ပင်လျှင် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ ကောင်းသော အသိစိတ်တို့ကို ပိုင်ဆိုင်သော်လည်းမှန်သောလမ်းကို လက်မခံသူတို့သည် နတ်ဆိုးများဖြစ်ကြသည်။ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံသော အနှစ်သာရဖြစ်သည်။ မှန်သောလမ်းကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသူတို့သည် ဒုက္ခဆင်းရဲ အများအပြားကို ကြံ့ကြံ့ခံခဲ့သည့်တိုင် သူတို့သည် ဖျက်ဆီးခံရဆဲပင် ဖြစ်လိမ့်မည်။ လောကကို စွန့်ခွာခြင်းမပြုလိုသူ၊ မိမိတို့၏ မိဘများနှင့် ခွဲခွာခြင်းကို မခံစားနိုင်သူ၊ သူတို့၏ ကိုယ်ပိုင်အသွေးအသားပျော်ပါးမှုများကို ဖယ်ရှားရန်မဆောင်ရွက်နိုင်သူအားလုံးသည် ဘုရားသခင်ကို မနာခံသူများဖြစ်ကြပြီး၊သူတို့အားလုံးသည် ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည်နတ်ဆိုးနှင့်ဆိုင်ကြပြီး ထို့ထက်ပို၍ ထိုသူတို့သည် ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မကျင့်သူများ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်သူ အားလုံးသည်ဖျက်ဆီးခြင်းခံကြရမည်။ ကျန်ရစ်နိုင်သည့် လူမှန်သမျှသည် စစ်ဆေးခြင်း၏ ခါးသည်းမှုကို ခံခဲ့ကြရပြီးခိုင်မာစွာ ရပ်တည်သောသူများဖြစ်သည်၊ ထိုသူသည် စမ်းသပ်ခြင်းများကိုအမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ်မပြုသူမှန်သမျှသည် ရန်သူဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုသော ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပမှ မည်သူမဆိုသည်အန္တိခရစ်ပင် ဖြစ်တော့သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိသော ခုခံသူများ မဟုတ်ပါကစာတန်မှာ မည်သူဖြစ်သနည်း၊ နတ်ဆိုးများမှာ မည်သူတို့ဖြစ်သနည်း၊ ထို့ပြင် ဘုရားသခင်၏ ရန်သူများမှာ မည်သူတို့ဖြစ်သနည်း။ ထိုသူတို့သည် ဘုရားသခင်ကို မနာခံသောသူများ မဟုတ်သလော။ သူတို့သည် နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာဆိုကြသော်လည်းသမ္မာတရား ကင်းမဲ့သောသူများ မဟုတ်သလော။ သူတို့သည် ကောင်းချီးမင်္ဂလာများ ရရန်သာ ကြိုးပမ်းကြပြီး ဘုရားသခင်ကို သက်သေမခံနိုင်သူများ မဟုတ်သလော။ သင်သည် ထိုနတ်ဆိုးများနှင့် ယနေ့တွင် တရင်းတနှီးနေနိုင်ဆဲ ဖြစ်ပြီး ဤနတ်ဆိုးများအပေါ် အသိစိတ်နှင့်ချစ်ခြင်းမေတ္တာကို ဇောင်းပေးနေနိုင်ဆဲဖြစ်သည်၊ ယင်းကို စာတန်ထံ ကောင်းသောရည်ရွယ်ချက်များအားလက်ကမ်းပေးနေခြင်းဟု မှတ်ယူထားသည် မဟုတ်လော။ ယင်းကို နတ်ဆိုးများနှင့် ပေါင်းဖော်ခြင်းဟုမှတ်ယူထားသည် မဟုတ်လော။ အကယ်၍ လူများသည် ယနေ့တွင် အကောင်းနှင့် အဆိုးကိုခွဲခြားနိုင်ခြင်း မရှိသေးဘဲ ဘုရားသခင်၏အလိုကို ရှာဖွေရန် မျှော်လင့်ခြင်း တစ်စုံတစ်ခုမရှိဘဲ မျက်စိမှိတ်ကာ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကိုဇောင်းပေးနေဆဲဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးကို သူတို့ကိုယ်ပိုင်အဖြစ်မည်သည့်နည်းနှင့်မျှ မရှိနိုင်ပါက သူတို့၏အဆုံးသတ်များသည် အားလုံးထက်ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ရှိသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည်ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ရန်သူထံ အသိစိတ်နှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနိုင်ပါက သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါစက်ဆုပ်ရွံရှာပြီး သဘောမတူသူတို့နှင့် သင်သည် သဟဇာတဖြစ်နေပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာနှင့်ပုဂ္ဂိုလ်ရေး ခံစားချက်များကို ဇောင်းပေးနေပါက သင်သည် မနာခံသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူများသည် ရန်သူများအပေါ် အသိစိတ်ကို ဇောင်းပေးပြီးမကောင်းဆိုးဝါးများအပေါ် ချစ်ခြင်းမေတ္တာကို ဇောင်းပေးကာ စာတန်ကို သနားနေပါက ထိုသူတို့သည် ဘုရားသခင်၏အမှုကိုတမင်တကာ နှောင့်ယှက်နေကြသည်ပင် မဟုတ်လော။ ဘုရားသခင်ကို မယုံကြည်သူများကိုမဆိုထားနှင့် သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယုံကြည်ခြင်းမရှိသော သူများနှင့် လူ့ဇာတိခံယူသော ဘုရားသခင်ကိုနှုတ်အားဖြင့် ယုံကြည်သည်ဟု ပြောဆိုသော်လည်း မကောင်းမှုကို လုပ်ဆောင်သူအားလုံးတို့သည်အန္တိခရစ်များဖြစ်ကြသည်။ ထိုသူတို့အားလုံးသည် ဖျက်ဆီးခြင်း ခံရကြလိမ့်မည်။ လူသားက လူသားကို စီရင်ဆုံးဖြတ်ခြင်း၏ စံချိန်စံညွှန်းမှာသူ၏ အပြုအမူပေါ်တွင် အခြေခံသည်၊ အပြုအမူကောင်းသောလူသည် ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး အပြုအမူ စက်ဆုပ်ဖွယ်ကောင်းသူသည် ကောက်ကျစ်စဉ်းလဲသူဖြစ်၏။ လူသားကို ဘုရားသခင် တရားစီရင်သော စံချိန်စံညွှန်းမှာ တစ်စုံတစ်ယောက်၏ အနှစ်သာရသည်သူ့ကိုနာခံမှု ရှိမရှိအပေါ် အခြေခံသည်၊ ဘုရားသခင်ကို နာခံသောသူသည် ဖြောင့်မတ်သူဖြစ်သည်၊ ဘုရားသခင်ကို မနာခံသောသူသည် ရန်သူဖြစ်ပြီးကောက်ကျစ်စဉ်းလဲသူတစ်ဦး ဖြစ်သည်၊ ထိုပုဂ္ဂိုလ်၏ အမူအကျင့်တို့ ကောင်းသည်သို့မဟုတ် ဆိုးသည်နှင့် မသက်ဆိုင်ပေ။ ထိုသူပြောသော စကားမှန်သည် သို့မဟုတ် မှားသည်နှင့် မသက်ဆိုင်ပေ။ အချို့သော သူများသည် အနာဂတ်တွင်ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုလိုပြီး၊ အချို့သူများသည် ကောင်းသော ခရီးပန်းတိုင်ကို ဝယ်ယူရန်ကောင်းသော စကားများကို အသုံးပြုလိုကြသည်။ ဘုရားသခင်သည် လူသား၏ ရလဒ်ကို ဆုံးဖြတ်ရာတွင် သူ၏အပြုအမူ သို့မဟုတ် ပြောစကားတို့အရ ဆုံးဖြတ်သည်ဟုလူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်၊ ထို့ကြောင့်ပင် လူအများအပြားသည် လှည့်ဖြားမှုမှတစ်ဆင့်ယာယီမျက်နှာသာပေးခြင်းကို ရရှိစိမ့်သောငှာ ယင်းကို အသုံးပြုရန် ကြိုးပမ်းကြလိမ့်မည်။ အနားယူခြင်းအားဖြင့် နောက်ပိုင်းရှင်သန်မည့် သူအားလုံးတို့သည် ကြီးစွာဆင်းရဲဒုက္ခခံရမည့်နေ့ကို သည်းခံပြီး ဘုရားသခင်အတွက် သက်သေခံကြသည်၊ သူတို့အားလုံးသည် သူတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဘုရားသခင်ကို နာခံလိုသူများဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုအား ရှောင်ရှားရန် အစေခံခြင်း အခွင့်အရေးကို အသုံးပြုရုံမျှသာ ပြုလိုသူတို့သည် ကျန်ရစ်နိုင်ကြမည်မဟုတ်ပေ။ ဘုရားသခင်၌ လူအားလုံးတို့၏ ရလဒ်များအပေါ် စီမံခန့်ခွဲမှုအတွက်သင့်လျော်သော စံချိန်စံညွှန်းများရှိသည်။ သူသည် လူတစ်ဦးတစ်ယောက်၏ စကားလုံးများနှင့်လုပ်ဆောင်မှုအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်သကဲ့သို့ အချိန်တစ်ခုအတောအတွင်းရှိ သူတို့၏ အပြုအမူအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်လည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဘုရားသခင်အတွက်အတိတ်တွင် တစ်ကြိမ်တစ်ခါ အစေခံခဲ့သောကြောင့် သူ၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုအားလုံးကိုဘုရားသခင်အနေဖြင့် သက်ညှာပေးမည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါ အသုံးခံခဲ့မှုအတွက်လည်းသူသည် တစ်စုံတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ မိမိတို့၏ စဉ်းလဲခြင်းအတွက်မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို ရှောင်လွဲနိုင်မည်မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်မျှလည်းသူတို့၏ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို ဖုံးကွယ်၍ မထားနိုင်သောကြောင့် ဖျက်ဆီးခံရခြင်း၏ အကြီးအကျယ်ဒုက္ခရောက်ရခြင်းကိုရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန်ကိုအမှန်တကယ် လုပ်ဆောင်နိုင်ပါက ဤသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာ ရရှိသည်ဖြစ်စေသို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ ဘုရားသခင်ကို အဆုံးအစမရှိ သစ္စာရှိပြီး ဆုလာဘ်များကို မမျှော်ကိုးဟု အဓိပ္ပာယ်ရသည်။ လူများသည် ကောင်းချီးမင်္ဂလာကို တွေ့ရသောအခါဘုရားသခင်ကို သစ္စာရှိသော်လည်း သူတို့သည် ကောင်းချီးမင်္ဂလာကို မတွေ့မြင်ရသည့်အခါသူတို့၏ သစ္စာရှိမှု လျော့နည်းပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက်သက်သေခံခြင်းကို မထမ်းဆောင်နိုင်သေးပါက၊ သူတို့ထမ်းဆောင်သင့်သည့် တာဝန်များကို မထမ်းဆောင်နိုင်ပါက၊ တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိစွာ အစေခံခဲ့သော ထိုသူတို့သည် ဖျက်ဆီးခြင်းကို ခံကြရဆဲဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ကောက်ကျစ်စဉ်းလဲသူတို့သည်အစဉ်ထာဝရ ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့ အနားယူခြင်းထဲသို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ ဖြောင့်မတ်သော သူတို့သည်သာအနားယူခြင်း၏ အရှင်သခင်များဖြစ်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းထဲသို့ဝင်ရောက်ပြီးသောအခါ၊ လူများသည် ပုံမှန်လူသားဘဝများကို ရကြလိမ့်မည်။ သူတို့အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာတာဝန်ကို ထမ်းရွက်ကြပြီး ဘုရားသခင်ကို အကြွင်းမဲ့သစ္စာရှိကြလိမ့်မည်။ သူတို့သည် သူတို့၏ မနာခံမှုနှင့်သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလုံးစုံပစ်ပယ်ကြမည်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက်၊ဘုရားသခင်ကြောင့် အသက်ရှင်ကြလိမ့်မည်။ သူတို့၌ မနာခံမှုနှင့် ခုခံမှုတို့ ရှိမည်မဟုတ်။ သူတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ နာခံနိုင်ကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်နှင့် လူသား၏ အသက်တာဖြစ်ပြီးနိုင်ငံတော်၏ အသက်တာဖြစ်ကာ အနားယူခြင်း၏ အသက်တာဖြစ်သည်။

“ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ