အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

အာဒံနှင့် ဧဝတို့သည့် မူလအစက ဖန်ဆင်းခံခဲ့ရခြင်းဖြစ်သည်၊ လူသားသည် မူလအစက အရာအားလုံး၏ အရှင်သခင်ဖြစ်ခဲ့သည်။ ယေဟောဝါ၏ လူသားကို ဖန်ဆင်းရခြင်း ရည်ရွယ်ချက်မှာလူသားကို ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခွင့်ပြုပြီး၊ ယင်းပေါ်တွင်ရှိသည့် အရာအားလုံးကိုလည်းကြည့်ရှုစောင့်ရှောက်စေရန်ဖြစ်သည်၊ အကြောင်းမှာ မူလအစတွင်လူသားသည် ဖောက်ပြန်ပျက်စီးခြင်းမရှိခဲ့သေးဘဲ လူသားသည် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကိုကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် သို့သော် လူသားသည် အကျင့်ပျက်လာပြီးနောက်တွင်သူသည် အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်သူ မဟုတ်တော့ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာလူသား၏ ဤတာဝန်ကို မူလအတိုင်းပြန်ဖြစ်စေရန်၊ လူသား၏ မူလအသိစိတ်နှင့် သူ၏မူလနာခံမှုကိုမူလကအတိုင်းပြန်ဖြစ်စေရန်ဖြစ်သည်၊ အနားယူလျက်ရှိသည့် လူသားသည်ဘုရားသခင်၏ ကယ်တင်ခြင်းအမှုမှ ရရှိရန်မျှော်လင့်သည့် ရလဒ်၏ ပြယုဂ်ပင်ဖြစ်ပါလိမ့်မည်။ ယင်းမှာ ဧဒင်ဥယျာဉ်ထဲမှ အသက်တာတစ်ခုကဲ့သို့သောအသက်တာဖြစ်တော့မည် မဟုတ်သော်လည်း၊ ယင်း၏အနှစ်သာရက အတူတူပင် ဖြစ်လိမ့်မည်၊ လူသားတို့သည် အစောပိုင်း မဖောက်ပြန်မပျက်စီးသည့်ကိုယ်မျိုးရှိတော့မည်မဟုတ်ဘဲ၊ ထိုအစား ဖျက်ဆီးခံရပြီးနောက်တွင်ကယ်တင်ခြင်းခံရသော လူသားများဖြစ်လိမ့်မည်။ ကယ်တင်ခြင်းရရှိသည့် ဤလူသားများသည် နောက်ဆုံးတွင် (ဘုရားသခင်၏အမှု ပြီးဆုံးပြီးနောက်တွင်ဟုဆိုလိုသည်)အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ထိုနည်းတူစွာပင် အပြစ်ဒဏ်ပေးခြင်းခံရသူများ၏ရလဒ်များသည်လည်း အဆုံးတွင် လုံးဝထုတ်ဖော်ခြင်းခံရမည်၊ ထို့ပြင် ဘုရားသခင်၏အမှု ပြီးဆုံးသွားပြီးမှထိုသူတို့သည် ဖျက်ဆီးခံရလိမ့်မည်။ ဆိုလိုသည်မှာ သူ၏အမှု ပြီးဆုံးသွားပြီးမှ မကောင်းမှုပြုသူများနှင့် ကယ်တင်ခြင်းခံရသည့်လူများအားလုံးတို့သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်၊ အကြောင်းမှာ လူအမျိုးအစားအားလုံးအား (သူတို့သည် မကောင်းမှုပြုသူများဖြစ်စေသို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ) ထုတ်ဖော်ခြင်းအမှုကို လူသားအားလုံးအပေါ်တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့်တည်း။ မကောင်းမှုပြုသူများသည် ပယ်ရှားခြင်းခံရမည်ဖြစ်ပြီး၊ ကျန်ရှိနေနိုင်မည့် လူများသည်တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် လူအမျိုးအစားအားလုံး၏ ရလဒ်များသည်တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ မကောင်းမှုပြုသူများကို တစ်ကြိမ်လျှင်အနည်းငယ်စီမျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ခတ်ခြင်းတို့ကို မပြုလုပ်မီတွင်၊ သူသည် ကယ်တင်ခြင်းခံထားရသော လူတစ်စုကိုအနားယူခြင်းထဲသို့ ဝင်ရောက်ရန် ဦးစွာခွင့်ပြုမည်မဟုတ်ပေ၊ အမှန်တရားက အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပေ။ မကောင်းမှုပြုသူများ ဖျက်ဆီးခြင်းခံရပြီး အသက်ရှင်သန်နိုင်သူတို့သည်အနားယူခြင်းထဲသို့ ဝင်ရောက်ကြချိန်တွင် စကြဝဠာတစ်ခုလုံးရှိ သူ၏အမှုသည် ပြီးမြောက်သွားလိမ့်မည်။ ကောင်းချီးရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများအကြားတွင် ဦးစားပေး အစီအစဉ်မရှိပေ၊ ကောင်းချီးရရှိသူများက ထာဝရအသက်ရှင်မည်ဖြစ်ပြီး ကံဆိုးမှုကို ခံစားရသူများက ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့်သည်တစ်ပြိုင်နက်တည်း ပြီးမြောက်လိမ့်သည်။ နာခံခြင်းမရှိသောသူများ ရှိခြင်းကြောင့် နာခံသော သူတို့၏ဖြောင့်မတ်ခြင်းသည်ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်၊ ကောင်းချီးများရရှိသော သူတို့ရှိသောကြောင့် မိမိတို့၏ ကောက်ကျစ်စဉ်းလဲသော အပြုအမူအတွက်မကောင်းမှုလုပ်သူတို့ ခံစားကြရမည့် ကံဆိုးခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်။ မကောင်းမှုလုပ်သူတို့ကို ဘုရားသခင် မဖော်ထုတ်ခဲ့ပါက ဘုရားသခင်ကို ရိုးသားစွာ နာခံသောသူတို့သည်မည်သည့်အခါမျှ နေကို မြင်ကြရမည်မဟုတ်ပေ၊ ဘုရားသခင်သည် သူ့ကို နာခံသူတို့ကိုသင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်ထဲသို့ မဆောင်ယူခဲ့ပါက ဘုရားသခင်ကို နာခံခြင်းမရှိသူတို့သည် မိမိတို့ရသင့်သော အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းသည် သူ့အမှု၏လုပ်ငန်းစဉ်ပင်ဖြစ်သည်။ အကယ်၍ သူသည် မကောင်းသောသူများကို အပြစ်ဒဏ်ပေးပြီးကောင်းသောသူများကို ဆုလာဘ်ပေးသည့် အမှုကို မလုပ်ဆောင်ခဲ့ပါက သူ၏ဖန်ဆင်းခံသတ္တဝါများသည်သူတို့၏ သက်ဆိုင်သော ခရီးပန်းတိုင်များသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားမျိုးနွယ်တို့ အနားယူခြင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်မကောင်းမှု ပြုသူတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်၊ လူသားအားလုံးသည် မှန်ကန်သော လမ်းကြောင်းထဲသို့ဝင်ရောက်လိမ့်မည် ဖြစ်ပြီး လူပုဂ္ဂိုလ်အမျိုးအစားတိုင်းသည်သူတို့လုပ်ဆောင်သင့်သော တာဝန်များနှင့်အညီ မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ယင်းသည်သာလျှင် လူသားတို့၏ အနားယူရာနေ့ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားတို့၏ ဖြစ်ပေါ်တိုးတက်မှုအတွက်မလွှဲမရှောင်သာသော လားရာဖြစ်လိမ့်မည်၊ ထို့ပြင် လူသားတို့ အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော ဖြစ်ထွန်းမှုတို့သည်ပြီးဆုံးခြင်းသို့ ရောက်လိမ့်မည်၊ ယင်းသည် သူ့အလုပ်၏ နိဂုံးဖြစ်လိမ့်မည်။ ဤအမှုသည် လူသားအားလုံးတို့၏ယိုယွင်းသောရုပ်ပိုင်းဆိုင်ရာ အသက်တာကို အဆုံးသတ်ပေးလိမ့်မည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာကိုအဆုံးသတ်ပေးလိမ့်မည်။ ဤနေရာမှစ၍ လူသားတို့သည်နယ်ပယ်သစ်တစ်ခုထဲသို့ ဝင်ရောက်လိမ့်မည်။ လူသားသည် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကို ဦးဆောင်သော်လည်း သူ့အသက်တာ၏ အနှစ်သာရနှင့်ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာ အနှစ်သာရအကြားတွင် ထင်ရှားသော ခြားနားချက်များရှိသည်။ သူ့တည်ရှိမှု၏ အဓိပ္ပာယ်နှင့် ဖောက်ပြန်ပျက်စီးသော လူသားတို့ တည်ရှိမှု၏အဓိပ္ပာယ်များသည်လည်း ခြားနားကြသည်။ ယင်းသည် လူပုဂ္ဂိုလ်အမျိုးအစားသစ်၏အသက်တာ မဟုတ်သော်လည်း ကယ်တင်ခြင်းရရှိသော လူသား၏ အသက်တာ၊ လူ့သဘာဝနှင့် အသိစိတ်တို့ပြန်လည်ရရှိထားသော အသက်တာဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုသူတို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သူများဖြစ်ကြပြီး၊ တစ်ချိန်တွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီးနောက်သူ၏ကယ်တင်ခြင်းကိုခံခဲ့ရသည်၊ ထိုသူတို့သည် ဘုရားသခင်ကို စော်ကားခဲ့သူများဖြစ်ကြပြီးနောက်ပိုင်းတွင် သူ့ကို သက်သေခံခဲ့သူများဖြစ်ကြသည်။ ဘုရားသခင်၏ စမ်းသပ်ခြင်းကို တွေ့ကြုံကာလွန်မြောက်ပြီးနောက်တွင် သူတို့၏တည်ရှိမှုသည် အဓိပ္ပာယ်အရှိဆုံးသော တည်ရှိမှုဖြစ်သည်၊ သူတို့သည် စာတန်၏ ရှေ့မှောက်တွင်ဘုရားသခင်ကို သက်သေခံသူများဖြစ်ကြသည်၊ သူတို့သည် အသက်ရှင်ရန် သင့်တော်သူများဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်အတွက် သက်သေခံရပ်တည်ခြင်း မပြုနိုင်သူများဖြစ်ပြီး၊အသက်ရှင်ရန် မသင့်လျော်သူများဖြစ်သည်။ သူတို့၏ ပျက်စီးခြင်းသည် သူတို့၏ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကြောင့် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပျက်စီးခြင်းသည် သူတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ လူသားသည် နောက်ပိုင်းတွင်ကောင်းသောနယ်ပယ်ထဲသို့ ဝင်ရောက်သောအခါ သူ့အနေဖြင့် တွေ့ရှိမည်ဟု တွေးထင်ထားသော ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများသည်လည်းတစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားသည်သူ၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်လိမ့်မည်ဖြစ်ပြီး မိသားစုသည် အစိတ်စိတ်အမွှာမွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ အလုံးစုံကျဆုံးသွားသဖြင့် စာတန်သည်လူသားကို မည်သည့်အခါမျှ ထပ်မံနှောင့်ယှက်တော့မည်မဟုတ်ဘဲ လူသား၌ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့်စိတ်သဘောထား ရှိတော့မည်မဟုတ်ပေ။ နာခံခြင်းမရှိသော သူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ပြင် နာခံသူများသည်သာ အသက်ရှင်လိမ့်မည်။ သို့ဖြစ်ရာ မိသားစု အနည်းငယ်သာလျှင် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည်မည်သို့လျှင်ဆက်လက်တည်ရှိနေနိုင်ဦးမည်နည်း။ လူသား၏ အတိတ်က ရုပ်ပိုင်းဆိုင်ရာ အသက်တာသည်လုံးဝတားမြစ်ခံရလိမ့်မည်။ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည်မည်သို့လျှင် တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားမရှိဘဲ လူများ၏ အသက်တာသည်အတိတ်က အသက်တာဟောင်းဖြစ်တော့မည် မဟုတ်ဘဲ အသစ်သောအသက်တာ ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီးသားသမီးများသည်လည်း မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီးဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ ယခုအခါ လူများသည် တစ်ဦးနှင့်တစ်ဦးအကြားရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည်။ သူတို့အားလုံး အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ထိုသို့သော လူသားတို့၌သာ ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုသို့သော လူသားတို့သည်သာဘုရားသခင်ကို ကိုးကွယ်သောသူများ ဖြစ်ကြလိမ့်မည်။

“ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ