အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကိုအနည်းအကျဉ်းသာနားလည်၏။သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့်ခရီးပန်းတိုင်ကို နားမလည်ပါ။သတ္တဝါတစ်ဦးအနေဖြင့် လူသားသည်သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်ကာ၊သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။သင်သည် သင်ကိုယ်တိုင်အတွက် အစီအစဉ်များလုပ်ရန်နည်းလမ်းလုံးဝမရှိသည့်အပြင်သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်းလည်း မရှိပေ။အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊အရာခပ်သိမ်းသည် သူ့လက်များ၏ ချုပ်ကိုင်ခြင်းကို ခံရ၏။ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာသူ့နောက်သို့ လိုက်စေပါက၊သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ်လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍လူသား၏နှလုံးသားကို ရယူရန်၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါကထိုသို့ပြုခြင်းဖြင့် သူသည်လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန်အသုံးပြုနေခြင်းဖြစ်လိမ့်မည်။လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့်မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခုရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ်လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့်သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊လူသားအပေါ်သိမ်းပိုက်ခြင်းသည်၎င်း၏သက်ရောက်မှုကို မရသည်သာမကသိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်းလွှမ်းမိုးခံရမည်ဖြစ်သည်။ဆိုလိုသည်မှာ လူသား၏ကံကြမ္မာနှင့်အလားအလာများကို ယူပစ်လိုက်ကာ၊လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့်ကျေးဇူးတော်များပေးခြင်းဖြင့်၊ ရရှိသည်မဟုတ်ပေ။သို့သော် လူသား၏ လွတ်လပ်မှုကို လုံးဝဖယ်ရှား၍သူ၏အလားအလာများကို ပပျောက်စေခြင်းအားဖြင့်၎င်း၏သစ္စာရှိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ပြစ်တင်ဆုံးမခြင်းနှင့်တရားစီရင်ခြင်းအမှုတို့ကို ၎င်းနောက်မှ ပြုလုပ်ပါက၊လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့်ဤပြစ်တင်ဆုံးမခြင်းနှင့်တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊အဆုံးတွင်ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသောနာခံမှုနှင့် ကိုးကွယ်မှုတို့ကိုရရှိခဲ့လိမ့်မည် မဟုတ်ပေ။မျက်ကန်းတောတိုး၊အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်။သို့မဟုတ်ပါက လူသားသည်ဘုရားသခင်အပေါ် အသိတရားကင်းမဲ့သည့်တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်သောကြောင့်လူသား၏နှလုံးသားကိုအပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။အကျိုးသက်ရောက်မှုအနေဖြင့်၊ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည်လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ။ထို့အပြင် ဘုရားသခင်အပေါ်သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည်၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာလုပ်ဆောင်မည်ဖြစ်သည်။ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲသနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာသူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့်၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။လူသားသည် သူ၏ကံကြမ္မာနှင့်အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ဘုရားသခင်ကိုချစ်၍ သူ့ကို ယုံကြည်ကိုးကွယ်ခြင်း မဟုတ်ပေ။ထို့ကြောင့်၊ လူသားကိုသိမ်းပိုက်ရာတွင်လူသား၏အတ္တဆန်မှု၊ လောဘနှင့်ဘုရားသခင်ကို ကိုးကွယ်ရာတွင်အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကိုဖယ်ရှားရမည်ဖြစ်သည်။ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏သက်ရောက်မှုများကို ရလိမ့်မည်။ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင်ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့်လူသား၏အဆိုးရွားဆုံးသော အားနည်းချက်တို့ကိုဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ဤနည်းအားဖြင့် ဘုရားသခင်အပေါ်လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသ၍လူ့ဘဝအကြောင်း ၎င်း၏အသိကို ပြောင်းလဲရန်၊ဘုရားသခင်အပေါ် ၎င်း၏အမြင်နှင့်၎င်း၏ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ဤနည်းအားဖြင့်ဘုရားသခင်အပေါ်လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင်ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာသိမ်းပိုက်သည်မဟုတ်ဘဲသူ၏ဘုန်းတော်အတွက်နှင့်ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက်သိမ်းပိုက်ခြင်းဖြစ်၏။သူသည် သိမ်းပိုက်ခြင်းသက်သက် အတွက်သာ သိမ်းပိုက်ပါကသိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ဆိုလိုသည်မှာ လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည်လူသားကို စွန့်လွှတ်၍ ၎င်း၏သေခြင်း၊ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ဤသည်မှာ လူသားမျိုးနွယ်ကိုစီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။လူသားကို သိမ်းပိုက်ခြင်းသည်လည်းသူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။လူသား၏ သိမ်းပိုက်မှုနောက်ပိုင်းတွင် သူ့ကိုရရှိခြင်းနှင့်အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌သူရောက်ရှိခြင်းသည်သာလျှင်ကယ်တင်ခြင်းအမှု၏ အချက်အချာတွင်ရှိကာ၊ဤသည်သာလျှင် လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်ကိုရရှိနိုင်မည်ဖြစ်သည်။တစ်နည်းအားဖြင့်ဆိုလျှင်လှပသည့်ခရီးပန်းတိုင်တွင် လူသားရောက်ရှိခြင်းနှင့်နားနေခြင်းသို့ သူ၏ ဝင်ရောက်ခြင်းသည်သာလျှင်သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများနှင့်ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။အကယ်၍လူသားမှ ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊အကန့်အသတ်များလွန်းပါမည်၊လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်းလူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ထို့အပြင် သူသည် လူသား၏ အလားအလာများနှင့်အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။သို့ရာတွင် ဘုရားသခင်ကဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။သူသည် လူသားကိုကယ်တင်သဖြင့်လူသားကို သေချာစွာကယ်တင်၍ လုံးဝရယူလိမ့်မည်။သူသည် လူသားကိုလမ်းပြသဖြင့်လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်လိမ့်မည်။ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့်လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက်တာဝန်ယူရမည် ဖြစ်သည်။ဤသည်မှာ ဖန်ဆင်းရှင်မှ ဆောင်ရွက်သည့်အမှုဖြစ်သည်။လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့်သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်းအဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့်သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။အတိအကျအားဖြင့် ဘုရားသခင်သည်လူသားအပေါ် အမှုဆောင်သည့်အတွက်လူသားတွင် ခရီးပန်းတိုင်ရှိ၍၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည်အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့်အလားအလာများ မဟုတ်ပါ။၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည်ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ်တမ်းတခြင်းများဖြစ်ကာလူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ထိုအတောအတွင်း လူသားအတွက်ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာလူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့်ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက်လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများသို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်ပြင်ဆင်ထားခြင်းမဟုတ်ဘဲလူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက်အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။

“လူသား၏သာမန်ဘဝကိုနဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ