အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ထာဝရခရီးပန်းတိုင်သို့ ဝင်ရောက်သည့်အခါ၊ လူသားသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်မည် ဖြစ်လျက်၊ လူသားသည် ကယ်တင်ခြင်းရပြီးကာထာဝရကာလသို့ ဝင်ရောက်ပြီးဖြစ်သဖြင့် လူသားသည် မည်သည့်ရည်မှန်းချက်များကိုမျှဆောင်ရွက်လိမ့်မည် မဟုတ်သည့်အပြင် သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကိုစိုးရိမ်စရာလည်း လိုမည်မဟုတ်ပေ။ ယခုအချိန်တွင် လူသားသည် သူ၏နေရာကိုသိမည်ဖြစ်၍ သူ၏တာဝန်ကို ထမ်းဆောင်ကာ၊ လူပုဂ္ဂိုလ်တစ်ဦးစီသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းခံရမှုမရှိသော်မှ တစ်ဦးစီသည် ၎င်း၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ထိုအချိန်တွင် လူသားသည်၎င်း၏ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် အနေအထားတို့ နှစ်ခုစလုံးတွင် သက်ရှိသတ္တဝါတစ်ဦးဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူတစ်ဦးစီသည် ကွဲပြားသည့် လုပ်ဆောင်ချက်တစ်ရပ်ကိုသာဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသားသည် လူသားမျိုးနွယ်၏ စနစ်ကျ၍ သင့်တော်သော ခရီးပန်းတိုင်တွင် နေဦးမည်ဖြစ်၍၊ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လူသားသည်သူ၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်၏။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည်ထာဝရကာလ၏လူသားမျိုးနွယ်ဖြစ်လိမ့်မည်။ ၎င်းအချိန်တွင် လူသားသည် ဘုရားသခင်က အလင်းပေးသည့် ဘဝ၊ ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက် ရှိသည့်ဘဝနှင့် ဘုရားသခင်နှင့် အတူရှိသည့်ဘဝတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်တွင်ပုံမှန်ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ကာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မှန်ကန်သော လမ်းကြောင်းအတွင်း ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေခဲ့ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှု နောက်ပိုင်း လူသား၏နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည်ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အစအဦး၌ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရမီ ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝဖြင့် အသက်ရှင်နေထိုင်ခဲ့၏။ နောက်ပိုင်းတွင် စာတန်၏ဖျက်ဆီးခြင်းကို ခံရခဲ့ပြီး လူသားသည် သူ၏ပုံမှန်ဘဝကို ဆုံးရှုံးသွားခဲ့သဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် လူသား၏ပုံမှန် ဘဝကို ပြန်လည်ရရှိရန်စာတန်နှင့်တိုက်ပွဲ စတင်ခဲ့၏။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ အမှုပြီးဆုံးသည့်အခါမှသာ လူသားမျိုးနွယ်အားလုံး၏ ဘဝသည်ကမ္ဘာမြေကြီးပေါ်တွင် တရားဝင်စတင်မည်ဖြစ်၍ ထိုအချိန်ကျမှသာလျှင် လူသားသည်အံ့သြဖွယ်ကောင်းသည့် ဘဝကိုရရှိမည်ဖြစ်ကာ ဘုရားသခင်သည် အစအဦး၌လူသားကို ဖန်ဆင်းရခြင်းရည်ရွယ်ချက်နှင့် လူသား၏ နဂိုမူလအသွင်တို့ကို ပြန်လည်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင်လူသား၏သာမန်ဘဝကို ရရှိပြီးသည်နှင့် အောင်နိုင်သူ သို့မဟုတ် ပြည့်စုံစေခြင်းခံရသူဖြစ်လာရန်ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားသည်သန့်ရှင်းနေလိမ့်မည် ဖြစ်၍ဖြစ်သည်။ လူသားပြောသည့် အောင်မြင်ခြင်းနှင့် စုံလင်စေခြင်းတို့သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲကာလအတွင်း လူသားကဆောင်ရွက်ရန် ပေးထားသည့် ရည်ရွယ်ချက်များ ဖြစ်ကာ လူသားသည် ဖျက်ဆီးခြင်းခံရခဲ့သည့်အတွက်ကြောင့်သာ၎င်းတို့ရှိနေခြင်း ဖြစ်သည်။ သင့်ကို ရည်ရွယ်ချက်တစ်ရပ်ပေး၍ သင့်အား ၎င်းရည်ရွယ်ချက်ကို ဆောင်ရွက်စေခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင့်ကို အောင်နိုင်သူတစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန်၊ သို့မဟုတ် အသုံးခံစေရန် တောင်းဆိုခြင်းသည် စာတန်အရှက်ရစေရေးအတွက် သင်သက်သေခံရန် သတ်မှတ်ချက်ဖြစ်၏။ အဆုံးတွင် လူသားသည်ကမ္ဘာမြေကြီးပေါ်ရှိ ပုံမှန်လူသား၏ဘဝတွင်နေထိုင်၍၊ လူသားသည် သန့်ရှင်းမည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ၊ ၎င်းတို့သည်အောင်နိုင်သူများဖြစ်ရန် ဆောင်ရွက်ဦးမည်လော။ ၎င်းတို့အားလုံးသည် သက်ရှိသတ္တဝါများ မဟုတ်လော။ အောင်နိုင်သူတစ်ဦးနှင့်စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ခြင်း နှစ်ခုစလုံးမှာ စာတန်နှင့် လူသား၏ညစ်ညမ်းမှုတို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤ “အောင်နိုင်သူ” မှာ စာတန်နှင့် ရန်လိုသည့်အင်အားစုအပေါ်အောင်နိုင်ခြင်းကို ရည်ညွှန်းထားခြင်း မဟုတ်လော။ သင်သည် စုံလင်စေခြင်း ခံရပြီဟု ဆိုသည့်အခါ သင့်အတွင်းရှိ မည်သည့်အရာသည် စုံလင်စေခြင်းခံခဲ့ရသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အချုပ်အခြာကို ရရှိနိုင်ရေးအတွက် သင်သည် သင်၏စာတန်စိတ်သဘောထားကိုကင်းမဲ့စေခဲ့ပြီး မဟုတ်လော။ ဤကဲ့သို့သောအရာများမှာလူသားအတွင်းရှိ ညစ်ညမ်းသောအရာများနှင့်ဖြစ်စေ၊ စာတန်နှင့် ဆက်စပ်၍ဖြစ်စေ ပြောသည့်အရာများဖြစ်၏။ ၎င်းတို့ကို ဘုရားသခင်နှင့် ဆက်စပ်၍ မပြောပေ။

“လူသား၏သာမန်ဘဝကိုနဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ