အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့် ကမ္ဘာမြေကြီးကိုဖန်ဆင်းခြင်းပြီးနောက် ပညတ်တော်ခတ်၏ အမှုကိုဘုရားသခင်ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥပဒေသကို ပြဋ္ဌာန်းရန် ဘုရားသခင်က မောရှေကို အသုံးပြုခဲ့သည်။ လူသားမျိုးနွယ်အားလုံးကိုရွေးနုတ်ခြင်းအမှုဖြစ်သည့် ဒုတိယအဆင့်ကိုလည်း လူ့ဇာတိခံယူသည့် ဘုရားသခင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်မှလွဲ၍ထိုအမှုပြုရန် မည်သူမျှ အဆင့်မီမည် မဟုတ်ပေ။ တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊ ဘုရားသခင်၏ အမှုခပ်သိမ်း ပြီးဆုံးရေးအတွက် ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။ ဘုရားသခင်ကိုယ်တိုင်မှလူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှု အားလုံးကို ကိုယ်တိုင်အကောင်အထည်ဖော်ခြင်းဖြစ်၏။ သူကိုယ်တိုင် ဤအမှုကို မပြုလုပ်ပါက သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာကိုလူသားမှ ကိုယ်စားပြုနိုင်မည် မဟုတ်ပေ။ သို့မဟုတ် သူ၏အမှုကို လူသားမှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စာတန်ရှုံးနိမ့်စေရေးအတွက်၊ လူသားမျိုးနွယ်ကို ရရှိရေးအတွက်နှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခု ပေးရေးအတွက် သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။ သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်နှင့်သူ၏အမှု အားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။ ဘုရားသခင်သည် သူမြင်တွေ့ရန်နှင့် သူပျော်ရွှင်စေရန် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်လျှင်၊ ထိုကဲ့သို့သော ယုံကြည်မှုများတွင်တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိပေ။ လူသား၏အသိဉာဏ်သည် အပေါ်ယံသာဖြစ်လွန်း၏။ သူကိုယ်တိုင် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ဘုရားသခင်သည် ဤအမှုကိုသေချာစွာ အပြည့်အဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုယ်စား ဤသည်ကို လုပ်နိုင်စွမ်း မရှိပေ။ သူသည် ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ မရှိသကဲ့သို့၊သူ၏အနှစ်သာရလည်း မရှိပေ။ သူ၏အမှုကို လုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထို့အပြင် လူသားတွင် လုပ်ကိုင်ခဲ့လျှင်သော်မှ မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် ဇာတိပကတိခံယူခဲ့သော အခါသည် ရွေးနုတ်ခြင်းအတွက်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခြင်းနှင့် သူ၏အပြစ်များအတွက် အပြစ်လွှတ်ခြင်း ခံနိုင်စွမ်းရှိစေရေး ဆောင်ရွက်ရန် ဖြစ်၏။ သိမ်းပိုက်ခြင်းအမှုသည်လည်း လူသားများအကြားဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်၏။ အကယ်၍ ဤအဆင့်အတွင်းဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောကြားရန်သာဖြစ်ပါက သူ့နေရာယူရန် ပရောဖက်တစ်ဦးသို့မဟုတ် ပါရမီရှင်တစ်ဦး ရှာတွေ့နိုင်ပါသည်။ ပရောဖက်ပြုချက်ကိုသာ ပြောကြားပါက၊ ဘုရားသခင်ကိုယ်စား လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည်ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်၍ လူသား၏ဘဝအပေါ် အမှုဆောင်ရမည်ဆိုပါက၊ ဤအမှုကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်မှကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမည် ဖြစ်၏၊ ဤအမှုကို လုပ်ကိုင်ရန် ဘုရားသခင်ကိုယ်တိုင်ဇာတိပကတိ ခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာပြောကြားခဲ့သည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ကိုင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်မှ ဤအမှုကိုကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။ ဤအဆင့်တွင် လုပ်ကိုင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမကသည့်အတွက်နှင့်၊ လူသားကို သိမ်းပိုက်ရန်နှင့် စာတန်အားရှုံးနိမ့်စေရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသဖြင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် ဘုရားသခင်၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏။ ၎င်းနောက် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆို၍ ပရောဖက်များအားဖြင့် အမှုအချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ လူသားသည်ယေဟောဝါ၏အမှုအတွက် အစားဝင်ပေးနိုင်၍ဖြစ်ကာ ပရောဖက်တို့သည် ဖြစ်မည့်အရာများကို ကြိုတင်ပြောနိုင်၍ သူ၏ကိုယ်စား အိပ်မက်အချို့ကိုအနက်အဓိပ္ပာယ် ပြန်ဆိုနိုင်၍ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲရန် အမှုမဟုတ်ပေ။ ထို့အပြင် လူသား၏အပြစ်နှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် ဇာတိပကတိခံယူခြင်းမရှိဘဲ လူသားကို သူ့ကိုယ်သူ ထုတ်ဖော်ခြင်းလည်း မရှိပေ။ ထိုသို့ပြုမည့်အစား သူသည် မောရှေနှင့်အခြားသူများကို တိုက်ရိုက်စကားပြော၏။ သူ့ကိုယ်စား ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းများပြုစေ၍ လူသားမျိုးနွယ်အကြား တိုက်ရိုက်အမှုဆောင်စေ၏။ ဘုရားသခင်အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်၏။ ၎င်းမှာ စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း ဤတိုက်ပွဲမှာ တရားဝင် မစတင်ရသေးပါ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်းဖြင့် စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ ဤစစ်ပွဲပထမဖြစ်သည့်အချိန်မှာ လူ့ဇာတိခံယူသောဘုရားသခင်လက်ဝါးကပ်တိုင်တွင် အရိုက်ခံရသည့်အခါ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခဲ့ပြီး ဤစစ်ပွဲတွင် ပထမ အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံယူသောဘုရားသခင်ကလူသား၏ဘဝအပေါ် တိုက်ရိုက်လုပ်ဆောင်သည့်အခါ ဤသည်မှာ လူသားကို ပြန်လည်ရယူသည့်အမှု၏ တရားဝင် အစဖြစ်၍ ဤသည်မှာ လူသား၏စိတ်သဘောထားအဟောင်းကိုပြောင်းလဲသည့်အမှုဖြစ်သောကြောင့် ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သည့်အမှု ဖြစ်၏။ အစအဦး၌ ယေဟောဝါက ဆောင်ရွက်ခဲ့သော အမှုအဆင့်သည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ဘဝအပေါ် ဦးဆောင်လမ်းပြမှုသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု အစဖြစ်၍ တိုက်ပွဲတစ်ရပ်ရပ် သို့မဟုတ် အဓိကအမှု တစ်ရပ်ရပ်အဖြစ်ပြောင်းလဲခြင်း မရှိသေးသော်လည်း လာမည့်တိုက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်း အမှု၏ဒုတိယအဆင့်သည် လူသား၏စိတ်သဘောထား အဟောင်းကို ပြောင်းလဲခြင်းနှင့် ပတ်သက်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင် လူသား၏ဘဝအပေါ် လုပ်ကိုင်၏။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ရ၏၊ ၎င်းသည် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူရန် လိုအပ်ခဲ့ကာ၊ သူဇာတိပကတိမခံယူပါက၊ အမှု၏ဤအဆင့်တွင် အခြားမည်သူမျှသူ့ကို အစားထိုးနိုင်ခဲ့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်၎င်းသည် စာတန်နှင့် တိုက်ရိုက်ဆန့်ကျင်တိုက်ပွဲဝင်သည့် အမှုကို ကိုယ်စားပြုခဲ့ခြင်းအတွက်ဖြစ်၏။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ကိုယ်စား လူသားက ဆောင်ရွက်ခဲ့ပါက၊ စာတန်ရှေ့မှောက် လူသားမတ်တပ်ရပ်သည့်အခါ စာတန်သည် အညံ့ခံ အရှုံးပေးခဲ့မည် မဟုတ်ဘဲ ၎င်းကို ရှုံးနိမ့်စေရန်လည်း ဖြစ်နိုင်ခဲ့မည် မဟုတ်ပါ။ ၎င်းကို ရှုံးနိမ့်စေခဲ့ရသူမှာလူ့ဇာတိခံယူရန်ကြွလာသော ဘုရားသခင် ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည်ဘုရားသဘောသဘာဝပင် ဖြစ်ဆဲဖြစ်၍၊ သူယူတင်ဝတ်ဆင်ထားသော ဇာတိခန္ဓာသည်လူသားအသက်တာကို ပိုင်ဆိုင်ကာ ဤသည်မှာ ဖန်ဆင်းရှင်၏ ပုံပန်းသဏ္ဌာန်ဖြစ်ဆဲဖြစ်သောကြောင့်တည်း။ မည်သည့်အရာပင်ဖြစ်စေ၊သူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝနာခံစေရေးအတွက် သူသည် ဇာတိပကတိကို ယူတင်ဝတ်ဆောင်၍ အမှုကို ဆောင်ရွက်၏။ နောက်ဆုံးသောကာလအမှု၏ အဆင့်အတွင်း၊ လူသားသည် ဤအမှုကို ဆောင်ရွက်၍ နှုတ်ကပတ်တော်တို့ကို တိုက်ရိုက်ပြောဆိုရမည်ဆိုပါက သူသည် ၎င်းတို့ကို ပြောဆိုနိုင်မည်မဟုတ်ပေ။ ထို့အပြင် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်ရှိသော်၊ ၎င်းသည် လူသားကို သိမ်းပိုက်ရန်စွမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဇာတိပကတိ ခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို ရှုံးနိမ့်စေရန် ကြွလာ၍၎င်းကို လုံးဝအညံ့ခံစေ၏။ သူသည်စာတန်ကို လုံးဝရှုံးနိမ့်စေ၏၊ လူသားကို အပြည့်အဝသိမ်းပိုက်ကာ၊ လူသားကို အလျဉ်းရယူပြီးနောက် အမှု၏ဤအဆင့် ပြီးဆုံး၍ အောင်မြင်မှု ရရှိ၏။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အစား မဝင်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်းအမှုနှင့် အမှုသစ်စတင်ခြင်းတို့သည် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေရန် သာ၍ပင်လိုအပ်၏။ လူသားကို ဗျာဒိတ်တော်ပေးခြင်းနှင့် ဟောကိန်းပေးခြင်းများကို လူသားက ပြုလုပ်နိုင်၏။ သို့ရာတွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်အကြားတိုက်ပွဲအမှု ဖြစ်ပါက ဤအမှုကို လူသားက မဆောင်ရွက်နိုင်ပေ။

“လူသား၏သာမန်ဘဝကိုနဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ