ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၁)

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသောဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သောတစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကိုလုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင်သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည်လူ့ဇာတိခံ ဘုရားသခင်၏ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ကိုယ်ကျင့်တရားပျက်စီးသော လူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ ကယ်တင်ခြင်း လိုအပ်

ဘုရားအမှုတော်၏ ရည်ရွယ်ချက်မှာ စာတန်၏ဝိညာဉ်လည်းမဟုတ်၊ အသွေးအသားနဲ့ဆိုင်သော အို အရာလည်းမဟုတ်၊ လူသားသာဖြစ်သောကြောင့် အို...ဘုရားလူ့အဖြစ်ခံယူခဲ့သည် လူ့အသွေးအသားကို စာတန်ဖျက်စီးခဲ့ပြီး၊ လူသည် ဘုရားအမှုတော်၏ ရည်ရွယ်ချက် ဖြစ်လာခဲ့သည် အို… ဘုရားကယ်တင်သောသူသည် လူသာလျှင်ဖြစ်သည် လူသည် အနိစ္စသဘော၊ အသွေးအသားသာဖြစ်ပြီး ထိုလူကို ဘုရားတစ်ပါးတည်းသာ ကယ်တင်နိုင်သည်… ဘုရားသည် လူ့ခန္ဓာနှင့် လူ့ဖြစ်တည်မှုအားလုံး ခံယူခဲ့ရ အမှုတော်ဆောင်ရွက်ဖို့ရန်၊ အကောင်းဆုံးရလဒ်ရရှိဖို့ရန် လူသည် အပြစ်ကို မလွန်မြောက်နိုင်သော ဇာတိအသွေးအသားဖြစ်သောကြောင့် ဘုရားလူ့ဖြစ်ခံယူရသည်၊ ဘုရား လူ့အဖြစ်ခံယူရသည် အကြောင်းမူကား လူသည် အသွေးအသား၏နှောင်ဖွဲ့ခြင်းမှ ကိုယ်တိုင် မလွတ်မြောက်နိုင်သော အသွေးအသားဖြစ်သည်

စာတန်သည် လူ့အသွေးအသားကို ဖျက်ဆီးခဲ့ပြီ လူဟာ ပြင်းထန်စွာ ထိခိုက်နာကျင်ပြီး အမြင်ကန်းသွားသည် ဘုရားသခင် ကြွလာခြင်း အကြောင်းအရင်း၊ လူ့ဇာတိဖြင့် လာရောက်ခြင်း အကြောင်းအရင်းမှာ လူသည် ဘုရားကယ်တင်ခြင်း၏ရည်ရွယ်ချက်ဖြစ်ပြီး စာတန်သည် လူ့အသွေးအသားအသုံးပြုပြီး ဘုရား၏အမှုတော်မြတ်ကို နှောင့်ယှက်ခြင်းကြောင့်ဖြစ်သည် လူသားကို သိမ်းယူကာ ဘုရားသခင် စာတန်ကို ရင်ဆိုင်တိုက်ခိုက်၊ ထိုစဉ်၌ပင် လူကို ကယ်တင် ထိုသို့ အမှုတော်ဆောင်ရွက်ရန် ဘုရားလူ့ဇာတိခံယူရသည်။ အသွေးအသားကို စာတန်ဖျက်ဆီးခဲ့ပြီ လူသားထဲတွင် စာတန်၏ပြယုဂ်အဖြစ်နေထိုင်ပြီး ဘုရား အနိုင်ယူဖို့အရာဝတ္ထုဖြစ်သည် စာတန်နဲ့ရင်ဆိုင်တိုက်ခိုက်၍ လူသားကို ကယ်တင်ဖို့ ဘုရား လောကကို ဆင်းကြွပြီး လူ့ဖြစ်ခံယူရသည်၊ ဒါဟာ စစ်မှန်သော အမှုတော်ဖြစ်သည်

လူ့ဇာတိဖြင့် ဘုရားသခင် အမှုတော်ဆောင်ရွက်ချိန် သူ စာတန်ကို အမှန်တကယ် တိုက်ခိုက်လို့နေ ဝိညာဉ်တော်လောက၌ ဘုရား၏အမှုတော် လက်တွေ့ဖြစ်လာကာ လူ့လောကတွင် ဧကန်စင်စစ်ဖြစ်သည် မနာခံသောလူသားတို့ကို ဘုရားသိမ်းယူသည် လူသားထဲတွင် စာတန်၏ပြယုဂ် ကျရှုံးပြီး နောက်ဆုံး ကယ်တင်ခြင်းခံရသူဟာ အို...လူသားဖြစ်သည်၊ အို...လူသားဖြစ်သည် ဖန်ဆင်းခံသတ္တဝါ၏အသွင်သဏ္ဍာန်၌ ပုန်ကန်တတ်သော လူသားကို သိမ်းယူရန်နှင့် စာတန်ကို တိုက်ခိုက်ရန် အို… ဘုရားလူ့ဇာတိခံယူ၍ ဖန်ဆင်းခံအသွင်ဆောင်ရန် လိုသည် စာတန် အန္တရာယ်ပြုခဲ့သော၊ ဖန်ဆင်းခံ အခွံကိုဝတ်ဆင်ထားသော လူသားကို ကယ်တင်ရန် ဘုရားသည် လူ့အဖြစ်ခံယူ၍ ထိုဖန်ဆင်းခံအခွံကို ဆင်မြန်းရန် လိုသည် လူသည် ဘုရား၏ ရန်ဘက်ဖြစ်၍၊ ထိုလူကို ဘုရား သိမ်းယူရလိမ့်မည် လူသည်ဘုရားကယ်တင်ခြင်း၏ရည်ရွယ်ချက်၊ ဘုရား လူ့ဖြစ်ခံယူ၍လူသားဖြစ်လာသည် ထိုသို့ဖြင့် ဘုရား၏အမှုတော်ကို ပိုမိုလွယ်ကူစေသည် ဘုရားသည် စာတန်ကို အနိုင်ယူနိုင်၊ လူသားကို သိမ်းယူနိုင်၊ လူသားကို ကယ်တင်နိုင်သည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၈” | ကောက်နုတ်ချက် ၅၈၀

လျှပ်တပြက် လျှပ်စီးလက်ခြင်းအတွင်း တိရစ္ဆာန်တိုင်းသည် ၎င်း၏စစ်မှန်သောအသွင်ဖြင့် ဖော်ထုတ်ခြင်းခံရ၏။ ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၅” | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” | ကောက်နုတ်ချက် ၆၀၁

ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့ သူဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင်...