ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၇)

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့်တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့်လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကိုလက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့်ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ်လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကိုဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကိုလုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါသူ့နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို နောက်ထပ် ပြုတော့မည် မဟုတ်ပေ။ မရေရာသော ဘုရားသခင်၏ အလိုတော်ကိုခန့်မှန်းခြင်းကိုလည်း ရပ်တန့်ပေလိမ့်မည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏ အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဂိုဏ်းဂဏများနှင့် ဘာသာတရားအားလုံးသို့ လက်ဆင့်ကမ်းပြောကြားကာ၊ သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ထွက်စကားများကို ဆက်သွယ်ပြောကြားလိမ့်မည်။ သူ၏ ဧဝံဂေလိကို လက်ခံရရှိသောသူတို့မှကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမှ ကိုယ်တိုင်တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟသများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်မှ သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိဘဲ သူ၏ဧဝံဂေလိသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ မပြန့်နိုင်ပေ။ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် လူသားအတွက် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက် ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ မတည်ရှိ၊ မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ မတွေ့ရသလို ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်အထိ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ခဲ့ရာတွင် သူ၏အမှုသည် အမြင့်ဆုံးရလဒ်ကို ရရှိခဲ့ပြီးဖြစ်ကာ၊ ပြည့်စုံသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်အမှုသည် ဘုရားသခင့် အလုံးစုံစီမံခန့်ခွဲခြင်း အမှု၏ကိုးဆယ်ရာခိုင်နှုန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ ဤဇာတိခန္ဓာသည် သူ၏အမှုအားလုံးအတွက်ပို၍ကောင်းသော အစတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ထောက်ပံ့ပေးကာ သူ၏အမှုအားလုံးကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့အမှုအားလုံးအတွက် နှံ့စပ်သောနောက်ဆုံးအားဖြည့်မှုကို့ကို လုပ်ဆောင်ခဲ့သည်။ ယခုမှစကာ ဘုရားသခင့်အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်မည့် လူ့ဇာတိခံယူသည့် နောက်ထပ် ဘုရားသခင် ရှိလိမ့်မည် မဟုတ်ပေ။ တတိယမြောက် လူ့ဇာတိခံယူသော ဘုရားသခင်၏ အံသြဖွယ်သောအမှုလည်း နောက်ထပ်ရှိတော့မည် မဟုတ်ပေ။

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည်လူ့ဇာတိခံ ဘုရားသခင်၏ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၁၀၈” | ကောက်နုတ်ချက် ၂၂၃

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်” | ကောက်နုတ်ချက် ၄၂၈

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ကျမ်းဦးစကား” | ကောက်နုတ်ချက် ၇၄

ဘုရားသခင်နှင့် လူတို့ကို တန်းတူ ပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၅၄၁

အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ...